တခြားကမ္ဘာမှ အရသာ
Vol. 3 Ch. 31
အရာအားလုံးကို သေချာစွာ စီမံပြီးမှသာ ပိုင်ကျီဟန်သည် သူ့စိတ်ကြိုက်လုပ်ရန် အခွင့်အရေး ရလာခဲ့သည်။
သိုသော်လည်း ဒါက သူ့စေ့စပ်ပွဲ မတိုင်မီ အထိသာ ဖြစ်သည်။
ပိုင်ကျန့်နဲ့ အခြားသူတွေကို ဖြေရှင်းပြီးနောက်တွင်
အစာစားချင်စိတ် ပေါ်ထွက်လာခဲ့သည်။
“လောင်ချင်း၊ စားဖိုမှူးဆီ သွားပြီး ငါ့အတွက် ကြက်ကြော် လုပ်ခိုင်းလိုက်။”
ပိုင်ကျီဟန်သည် ပြောလိုက်သည်။
လောင်ချင်းသည် ချက်ချင်း တုံ့ပြန်ပြီး မီးဖိုခန်းဆီ ပိုင်ကျီဟန်တောင်းဆိုသည့်အရာအား သွားပြောလိုက်သည်။
ပိုင်ကျီဟန်၏ သင်ကြားပေးမှုနဲ့ အတူ မီးဖိုချောင် အမှူထမ်းများသည်လည်း ချက်ပြုတ်နည်းစုံကို ပြန်လည် ဖန်တီးနိုင်နေကြပြီပင်
“ကြက်ကြော်? အဲ့တာက ဘာလဲ?”
ပိုင်ကျီဟန် စွမ်းအားတိုးတက်လာပုံကို စဉ်းစားနေလျက်ရှိသည့် ချူကျီယန်သည် မရင်းနှီးသော စကားလုံးကြောင့် ကြားဖြတ် မေးလာခဲ့သည်။
သူမသည် အခြားအများစု၏ စွမ်းအားကို စပ်စုတတ်သူ မဟုတ်သည့်တိုင် ပိုင်ကျီဟန်၏ တိုးတက်လာမှုကိုတော့ စိတ်ဝင်စားနေသည်။
မဟုတ်တောင် သူမစွမ်းအားနဲ့ ဂိုဏ်းမှာရှိနေစဉ်ကလို နေ့ညမပြတ် ကျင့်ကြံနေမည်ဆိုလျှင် ယခုထက် အောင်မြင်ပြီးသား ဖြစ်လိမ့်မည်ပင်။
သို့သော် ကြက်ကြော်ဆိုသည့် မကြားစဖူး အမည်ကို ကြားလိုက်သည့်အခါ သူမ၏ စိတ်ဝင်စားမှုကို လှုံ့ဆော်သွားခဲ့သည်။
ပိုင်မျိုးနွယ်၏ သခင်လေး လိုချင်သည့် အရာက ဘယ်လို အစားအသောက်မျိုးလဲ
၎င်းသည် ငှက်အမျိုးအစား သားရဲတစ်ကောင်၏ အသား သို့မဟုတ် ဆင်တူသည့် စိတ်ကူးယဉ်အမည်တစ်မျိုးဖြစ်မည်ဟု သူမယူဆခဲ့သည်။
“ဟေဟေ… ငါနဲ့အတူ လာစားကြည့်ပါလား။ မင်းလည်း သေချာပေါက် ကြိုက်မယ်ထင်တယ်”
ပိုင်ကျီဟန်သည် ပြုံးပြီး ပြန်ဖြေလိုက်သည်။
ချူကျီယန် စားဖူးသည့် ဟင်းပွဲမဟုတ်ဘူးဆိုတာ သူသိနေသည်။
“အင်း… ကောင်းပါပြီလေ”
ချူကျီယန်က လက်ခံလိုက်သည်။
အနားတွင် ဝဲလည်လည်လုပ်နေသည့်လူများအား ဖြေရှင်းလိုက်ပြီးသူမတွင် လုပ်စရာ များများစားစား မရှိတော့တာကြောင့် စိတ်ဝင်စားစွာ သဘောတူလိုက်ခြင်း ဖြစ်သည်။
မကြာခင်မှာပဲ လောင်ချင်း ပြန်ရောက်လာပြီး စားဖိုးမှူးသည် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်းပေးလေသည်။
“သခင်လေး မကြာခင် အစားအသောက်တွေ ရပါတော့မယ်”ဟု အသံတိုးတိုးနဲ့ ခေါင်းအနည်းငယ် ငုံ့ကာ ပြောလေသည်။
ပိုင်ကျီဟန်သည် စိတ်ကျေနပ်မူဖြင့် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ အစားအသောက် အခန်းထဲကို သွားကြစို့”
ထိုနောက် သူသည် ချူကျီယန်ကို လက်ပြပြီး သူ့နောက်လိုက်ခိုင်းလိုက်ရာ သူမသည်လည်း နှောင့်နှေးမှုမရှိဘဲ စိတ်ဝင်တစားနဲ့ လိုက်ခဲ့သည်။
လောင်ချင်းသည် ခါတိုင်းလို တိတ်တဆိတ်ဖြင့် နောက်မှလိုက်နေခဲ့သည်။
ပိုင်မျိုးနွယ်၏ ထမင်းစားခန်းမသည် ခမ်းနားကြီးကျယ်ပြီး အခန်းတစ်ဝိုက်တွင် သစ်သားတိုင်များနှင့် လင်းလက်နေသည့် ရွှေမီးအိမ်များဖြင့် ထွင်းထုထားသည်။
ထမင်းစားပွဲ အရှည်ကြီး ခင်းထားပြီး မကြာခင်မှာဘဲ အစေခံတွေ ရောက်လာကာ ရွှေရောင် ကြွပ်ရွနေသည့် ကြက်သားကြော် ပန်းကန်ပြားများကို ဂရုတစိုက် ချထားကြသည်။
မရင်းနှီးသည့် အနံ့အသက်ကို ခံစားရသည့်အခါ ချူကျီယန်၏ နှာခေါင်းပေါက်သည် တဖြည်းဖြည်း လှုပ်ခတ်လာသည်။
အရသာရှိပြီး မွှေးပျံ့သောရနံ့သည် လေထဲတွင် ပျံ့နှံ့ပြီး ကြွပ်ကြွပ်လေးနှင့် ရောစပ်နေတာကြောင့် သူမကို ဗိုက်ဆာစေခဲ့သည်။
သူမ နည်းနည်း ရှက်ကိုးရှက်ကန်းဖြစ်နေချိန်တွင် ပိုင်ကျီဟန်သည် ပြုံးလိုက်သည်။
"ဟေး ထိန်းထားမနေနဲ့။ အခု မစားရင် နောင်တရလိမ့်မယ်"
သူမ အဖြေကို မစောင့်ဘဲ ဘေးနားရှိ တူများကို လျစ်လျူရှုကာ လက်ဖြင့် အပိုင်းတစ်ပိုင်းကို ကောက်ကိုင်လိုက်ပြီး ကိုက်လိုက်သည်။
အတွင်း၌ နူးညံ့ပြီး အရည်ရွှမ်းနေသော အသားများကို ကြွတ်ကြွတ်ရွရွ ကိုက်လိုက်ချိန်တွင် ခန်းမထဲ၌ ကျယ်လောင်သော ကျွတ်ခနဲ အသံတစ်ခု ပဲ့တင်ထပ်သွားသည်။
(ဟမ် အနံ့တစ်ခုတည်းက ငါ့ကို ဘာလို့ဆာလောင်စေတာလဲ။)
ချုကျီယန် တွေးလိုက်သည်။
ကြက်ကြော်သည် သာမာန်ဟင်းမျှသာဖြစ်သည်ဟု သူမ မထင်ခဲ့ပေ။ ထိုရိုးရိုးအစားအစာများသည် ဆင်းရဲနွမ်းပါးသူများ အတွက်သာ ရည်ရွယ်သည်။
ပိုင်မျိုးနွယ် အဖွဲ့ဝင်များနှင့် ချူမျိုးနွယ် အဖွဲ့ဝင်များ အဖို့တော့ ဝိဉာဉ်သားရဲအသားများနှင့် ဉာဏ်အလင်းရခြင်း လက်ဖက်ရည် ကဲ့သို့သော ရှားပါးစားဖွယ်ကောင်းများသာလျှင် ၎င်းတို့၏အဆင့်အတန်းနှင့် ထိုက်တန်ချေသည်။
သူမသည် တစ်ပိုင်းကို လှမ်းယူလိုက်ပြီး အနည်းငယ် သံသယဝင်နေသေးသော်လည်း ကိုက်လိုက်သည်နှင့်
သူမ မျက်လုံးများ ပြူးကျယ်သွားသည်။
"အမ်…"
အပြင်ဘက်အလွှာသည် ကြွပ်ရွပြီး အရသာရှိသည့်အပြင် သူ မမှတ်မိနိုင်သော ဟင်းခတ်အမွှေးအကြိုင်များနှင့် ရောစပ်ထားကာ အတွင်းပိုင်းသည် နူးညံ့ပြီး အရည်ရွှမ်းလှသည်။
ချို၊ ချဉ် စပ်အရသာ ပေါင်းစပ်မှုနှင့်အတူ အသွင်အပြင်၏ ခြားနားမှုသည် သူမကို အံ့အားသင့်စေခဲ့သည်။
"ဒီ…"
သူမသည် စကားပင် မဆုံးသေးမီ နောက်တစ်ကြိမ် ကိုက်လိုက်သည် ။
ပိုင်ကျီဟန်သည် ရယ်လိုက်သည်။
"ကောင်းတယ် မလား?"
(ဒီကမ္ဘာပေါ်က အရသာရှိတဲ့ အစားအစာတွေနဲ့ ယှဉ်ရင် ရိုးရိုးကြက်ကြော်က ဆယ်ဆ ပိုကောင်းပါတယ်)။
ပိုင်ကျီဟန် တွေးလိုက်သည်။
ချူကျီယန်ကတော့ စားရင်း အလွန်အလုပ်များနေသောကြောင့် ပြန်မဖြေတော့ပေ။
ပိုင်ကျီဟန်သည် အေးအေးဆေးဆေး စားသောက်နေပြီး ချူကျီယန်ကတော့ သူမ၏ ကျက်သရေရှိမှုကို ထိန်းသိမ်းရန် ကြိုးစားသော်လည်း လှမ်းမမှီနိုင်သည်မှာ သိသာသည်။
စားပြီးသွားသည်နှင့် ချူကျီယန်သည် ပါးစပ်ကို သုတ်လိုက်ပြီး နောက်ဆုံးတွင် ကျေနပ်စွာ သက်ပြင်းချကာ နောက်သို့ လှဲချလိုက်သည်။
"ငါဝန်ခံပါတယ်၊ ဒါက အတော်ကောင်းတယ်။ အရင်က တစ်ခါမှ မစားဖူးဘူး။"
ချုကျီယန်သည် ကြက်ကြော်ကို စိတ်အားထက်သန်စွာ ကိုက်စားနေတာကြောင့် သူမ၏ကျက်သရေရှိမှုကို ပြန်လည်ရရှိဖို့ ကြိုးစားနေသော်လည်း နောက်ကျသွားချေပြီ
"ဟုတ်တယ်" ပိုင်ကျီဟန်သည် ရှက်ရွံ့စွာ ပြောလိုက်သည်။
(ဒါက ကမ္ဘာမြေရဲ့ ဟင်းလျာလေ။ မင်း ဘယ်လိုလုပ် စားခဲ့ဖူးမလဲ။)
ချူကျီယန်သည် သာမာန်အားဖြင့် ပိုင်ကျီဟန် ၏ ဘဝင်မြင့်တတ်သောမျက်နှာနှင့် ပတ်သက်၍ တစ်ခုခုလုပ်လေ့ ရှိသော်လည်း ယနေ့တွင် သူမသည် သူ့အား လွှတ်ထားလိုက်သည်။ ဒါက ဒီကမ္ဘာတွေရှိနေသည့်အရာများထက် ကျော်လွန်သွားချေပြီ။
ကြက်ကြော်သည် ဝိညာဉ်သားရဲ၏အသားမှ ပြုလုပ်ထားခြင်း မဟုတ်သည်ကိုလည်း သူမသဘောပေါက်ခဲ့သည်။
အမှန်ဆိုလျှင် သူမ၏ ကျင့်ကြံမှုသည် အနည်းငယ် တိုးတက်လာပေလိမ့်မည်။
ဒါကတော့ သာမန်လူတွေစားသည့် သာမန်ကြက်သားပင်။
သို့သော် အရသာသည် ကောင်းကင်ဘုံလိုပင် ။ထို့ကြောင့် သူမပို၍တောင့်တလာသည်။
"ဒီလိုမျိုးကို ဘယ်လိုတောင် ကွယ်ဝှက်ထားတာလဲ"
ချူကျီယန်သည် ပိုင်ကျီဟန်ကို စိုက်ကြည့်ပြီး အဖြေတစ်ခုတောင်းလေ၏
"အဟမ်း၊ ဒါပေါ့၊ ဒါက ဒီသခင်ငယ်လေးရဲ့ ဖန်တီးမှုပဲလေ”
(တောင်းပန်ပါတယ် ကမ္ဘာပေါ်မှာ ကြက်ကြော်ကို တီထွင်ခဲ့သူရေ)
ပိုင်ကျီဟန်သည် အနည်းငယ် အပြစ်ရှိသည်ဟု ခံစားမိသော်လည်း အရှက်မရှိ ကြွေးကြော်လိုက်သည်။
သို့သော် ဤကမ္ဘာတွင် သူသည် ၎င်းကို ပထမဆုံးမိတ်ဆက်ပေးသူဖြစ်သောကြောင့် ဒါက လိမ်ညာခြင်း မဟုတ်ပေ။
"တကယ် နင်လား?"
ချူကျီယန်သည် သံသယစိတ်ဖြင့် မေးလိုက်သည်။
တကယ်တော့ ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်၏ ပျင်းရိသော သခင်လေးတစ်ယောက်ပင်
အတော်လေး အရသာရှိသည့် တစ်ခုခုကို ဖန်တီးဖို့ သူတွင် မည်သို့ အချိန်ရှိမည်နည်း
"ဟုတ်တယ်လေ”
ပိုင်ကျီဟန်သည် အခိုင်အမာပြောသည်။
"ဟမ်... သူပြောတာ အမှန်လား"
ချူကျီယန်သည် သံသယရှိနေသေးတာကြောင့် လောင်ချင်းကို သွားမေးလိုက်သည်။
“ဟုတ်ပါတယ် ချူမိန်းကလေး၊ သခင်လေးက စားဖိုမှူးတွေကို ဒီကြက်ကြော်နည်းကို သင်ပေးခဲ့တာပါ”
လောင်ချင်းသည် အတည်ပြုပြောလိုက်သည်။
“ဒီတစ်မျိုးပဲမဟုတ်ပါဘူး— အမဲသားကင် နဲ့ နောက်ထပ် အရသာရှိတဲ့ အစားအသောက်တွေကိုလည်း သခင်လေးက စားဖိုမှူးတွေကို သင်ပြပေးထားပါတယ်”
လောင်ချင်းသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ တက်တက်ကြွကြွ ပြောဆိုခဲ့သည်။
သူမ၏ချီးမွမ်းမှုသည် စစ်မှန်နေ၏ ယနေ့သူမ၏ အပျော်ဆုံးအချိန်သည်လည်း ဤဟင်းလျာများကို စားရချိန်ဖြစ်သည်။
ချူကျီယန်သည် လောင်ချင်း၏အမူအရာကို ဂရုတစိုက် ကြည့်သည်။
သူမ၏ အသံသည် စစ်မှန်သော ချီးမွမ်းခြင်းဖြစ်ပြီး သူမ လိမ်ညာနေခြင်းမျိုး မဟုတ်ပေ။
ပိုင်ကျီဟန်သည် ဤကမ္ဘာ၌ မရနိုင်သည့် အရသာပေါင်းစုံကို ဖန်တီးနိုင်ခြင်းသည် ယုံဖို့ခက်သော်လည်း သူမ စိတ်ဝင်တစား ရှိလာချေပြီ။
“တခြားဟင်းတွေလည်း ရှိတာလား? ဒီကြက်ကြော်လို အရသာရှိတာလား?”
“ဟုတ်ပါတယ်”
“အင်း… ဒါဆို ငါလည်း စားကြည့်ရမယ်”
“ဟုတ်ကဲ့ပါ ချူမိန်းကလေး”
လောင်ချင်းသည် အမြန်ဆုံး မီးဖိုခန်းသို့ သတင်းပို့သွားသည်။
ပိုင်ကျီဟန်သည် ချူကျီယန်ကို စိုက်ကြည့်ရင်း သူမ ကြက်ကြော် အများကြီးစားပြီးသည့်တိုင် မကျေနပ်သေးသည်ကို အံ့ဩမိသည်။
သို့သော် အစာစားချင်စိတ်ဖြစ်နေသည့် မိန်းမတစ်ယောက်ကို သူ မေးခွန်းထုတ်မည် မဟုတ်ပေ။
မကြာခင်မှာပဲ ပိုင်ကျီဟန် စားဖိုမှူးများကို သင်ပေးခဲ့သည့် ဟင်းမျိုးစုံသည် စားပွဲပေါ် ရောက်လာကြသည်။
ချူကျီယန်သည် တုံ့ဆိုင်းမနေဘဲ ကြက်ကြော် စားသလို တော်တော်ကို စားပစ်လိုက်သည်။
ချူကျီယန်စားပြီးချိန်မှာတော့ စားပွဲပေါ်တွင် ပန်းကန် (၅)ချပ်သာ ကျန်ခဲ့သည်။ အကုန်လုံး သူမစားသွားတာဖြစ်သည်။
(ဟေ့… သူမက ငါထက်တောင် အစားကြီးတာပဲ)
အစားအသောက်ကို နှစ်သက်သူ ပိုင်ကျီဟန်ပင် ချူကျီယန်ကဲ့သို့ ပိန်လှီသော လူတစ်ယောက် ငါးပန်းကန် စားပြီးသွားသည်ကို အံ့သြမိသည်။
"အရသာရှိလိုက်တာ၊ အစားအသောက်က ဒီလောက်ကောင်းမယ်လို့ မထင်ထားဘူး။ ပိုင်ကျီဟန် နင့် စားဖိုမှူးတစ်ယောက်ကို ငါ့ကို ပေးရမယ်”
ချူကျီယန်မှ ကြေငြာခဲ့သည်။
ထိုသို့သော အရသာများကို ခံစားပြီးနောက် ကျင့်ကြံရေးဆေးများနှင့် အရသာမရှိသော အစားအစာများကို စားဖို့ စိတ်ကူးသည် မဖြစ်နိုင်တော့ပေ။
"ဟုတ်ပါပြီ ကြိုက်သလောက် ယူလို့ရတယ်"ပိုင်ကျီဟန်သည် ရိုးရိုးသားသားဖြေသည်။
ဤဟင်းလျာများကို ချက်ပြုတ်နည်းကို သိသော စားဖိုမှူးများစွာ ရှိသောကြောင့် တစ်ယောက်ကို ပေးရခြင်းသည် သူ့အတွက် များစွာ ကွာခြားမှု မရှိပေ။
လစာ ကောင်းကောင်း ပေးသရွေ့ စားဖိုမှူး အများစုသည် သူ့နောက်ကို လိုက်လိုစိတ် များနေပေလိမ့်မည်။
"နင့်ကိုလက်ထပ်ရတာက ဒီလောက်ဆိုးတဲ့အကြံမဟုတ်ပါဘူး"
ချူကျီယန် ပြုံးလိုက်သည်။
ပိုင်ကျီဟန်သည် သူ့ဆုံးဖြတ်ချက်ကို ရုတ်တရက် နောင်တရသွားသည်။
သူမပျော်လေလေ၊ စေ့စပ်ပွဲ ဖျက်သိမ်းဖို့ အလားအလာနည်းလေလေပင်
သို့တိုင် အခြားရှုထောင့်မှကြည့်လျှင်အိမ်ထောင်ရေးသည် မလွှဲမရှောင်သာ ဖြစ်တာကြောင့် အနည်းဆုံး သူမကို ပျော်ရွှင်
အောင်ထားပါက သူခံစားရတာ သက်သာမည်ဖြစ်သည်။