← Chapters

လီမျိုးနွယ်၏ တမင်တကာ ရန်စမှု

Vol. 3 Ch. 33

လီမျိုးနွယ်၏ တမင်တကာ ရန်စမှု

Vol. 3 Ch. 33

ပိုင်မိသားစု၏ အကြီးဆုံး ပြိုင်ဘက်မိသားစုတွေထဲမှ တစ်ခုဖြစ်သည့် လီမိသားစုသည့် အမူအရာတည်ကြည်ပြီး မျက်နှာထား တင်းတင်းဖြင့် ထိုင်နေကြသည်။ သူတို့၏တုံ့ပြန်မှုသည် ငြိမ်းချမ်းမှုမရှိဘဲ အမုန်းတရားများ ထင်ဟပ်နေသည်။

လီမိသားစု ဘိုးဘေး လီကျန်းဟုန်သည် မျိုးနွယ်၏ အကြီးအကဲများစွာကို ခေါ်ဆောင်လာခဲ့ပြီး တစ်ဦးချင်းစီသည် စွမ်းအား ပြင်းထန်သူတွေဖြစ်သည်။

သူတို့သည် အကြီးကျယ်ဆုံး ပါရမီရှင်များကို ပွဲသို့ခေါ်လာကြသည်။

ထိုအထဲ၌ မိသားစု၏ အမွေဆက်ခံသူလည်းဖြစ်ပြီး အရည်အချင်းအမြင့်ဆုံးထဲမှ တစ်ဦးအနေနဲ့ လူသိများသည့် လီဖန်းလည်း ထိုင်နေသည်။

ပိုင်ကျီဟန်နဲ့မတူတာက လီဖန်းသည် ကောင်းမွန်သောနာမည်နဲ့ အသိအမှတ်ပြုခံရပြီး အင်ပါယာအတွင်း အရည်အချင်းအရှိဆုံး လူငယ်တွေထဲတွင် တစ်ဦးအဖြစ် သတ်မှတ်ကြသည်။

သူ့တွင် အရည်အချင်းရှိနေတာတောင် အသက် (၁၆)နှစ်နဲ့ ဝိညာဉ်အခြေတည်ကာစအဆင့်အထိ ရောက်ရှိထားပြီးသား ပိုင်ရွှယ်ချင်းဘေးတွေင် ရှိနေရသည်။

လီဖန်းမျက်နှာတောင့်တင်းသွားပြီး ပွဲကို အမှန်တကယ် မင်္ဂလာပွဲအဖြစ် မလာခဲ့ဘဲ သဘောမကျမှုနဲ့ လာခဲ့တာ သေချာနေသည်။

သူ့မျက်လုံးတွေသည် ချူကျီယန်ကို စိုက်ကြည့်နေခဲ့ပြီး မသင့်တော်သည့် ဆန္ဒတွေ ထင်ဟပ်နေခဲ့သည်။

ထိုအချိန်မှာပင် သူ့မျက်လုံးတစ်ဖက်သည် ပိုင်ကျီဟန်ဆီကို အထင်အမြင်သေးတဲ့ပုံစံနဲ့ ကြည့်နေပြီး ဘာမှမဖြစ်သလို ဖုံးကွယ်နေခဲ့သည်။

လီမိသားစုနောက်မှာတော့ အင်ပါယာ၏ အင်အားအကြီးဆုံး မိသားစုတွင် နောက်ဆုံးမိသားစုဖြစ်သည့် ကျောက်မိသားစု

ထိုင်နေခဲ့သည်။

လီမိသားစုသည် စစ်ရေးအင်အားကို ကိုယ်စားပြုပြီး ကျောက်မိသားစုကတော့ နိုင်ငံရေးထက်မြက်မှုကို ကိုယ်စားပြုသည်။

သူတို့၏ အကြီးအကဲ ကျောက်ဝူထျန်းသည် ဉာဏ်ပညာကြီးမားပြီး စိတ်ကူးအလွန်နက်နဲသူဖြစ်သည်။

သူမျက်လုံးထဲမှ အပြုံးတွေသည် ပွဲကြီးထဲတွင် ဖြစ်ပေါ်နေသမျှ အကြောင်းအရာတွေကို စိတ်ကူးယဉ်နေသဘို ပျော်ရွှင်စွာ စီးမျောနေသည်။

သူ့အပြင် ကျောက်မျိုးနွယ်၏ အသန်မာဆုံး အကြီးအကဲအချို့နဲ့အတူ ၎င်းတို့၏ ပါရမီရှင်များပါ ထိုင်နေကြသည်။

ကျောက်မျိုးနွယ်သည် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကို လျှို့ဝှက်ခြင်းနှင့် တိတ်တဆိတ် ဖျက်ဆီးခြင်းများမှ တဆင့်ပြုလုပ်ပြီး ပွင့်လင်းမြင်သာစွာ ပြုမူလေ့မရှိပေ။

သို့သော် ရှေ့တန်းမှာ ထိုင်နေသောကျောက်မျိုးနွယ် လူငယ်မျိုးဆက်များထဲမှ တစ်ယောက် ဖြစ်သည့်

ကျောက်မျိုးနွယ်၏ အမွေဆက်ခံသူ ကျောက်ချန်သည် အင်ပါယာတစ်ခွင်တွင် ထက်မြက်ပြီး ရက်စက် ကြမ်းကြုတ်သည်ဟု လူသိများသော လူငယ်လေးဖြစ်ပြီး လီဖန်းဘေးတွင် ထိုင်နေချေသည်။

ငယ်ရွယ်သေးသော်လည်း ကျောက်ချန်သည် ကြောက်စရာ ကောင်းလှသည်။

သူ့မျက်လုံးတွေသည် ထက်မြက်ပြီး တွက်ချက်မှု ရှိကာ နောက်ကွယ်ကနေ ဖေဖေလုပ်ခဲ့သည့် အလားတူ အန္တရာယ်ရှိသော ရည်မှန်းချက်ကို ထုတ်ဖော်ခဲ့သည်။

ကျောက်ချန်သည် လီဖန်းကို ငုံ့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းများက မှုန်ကုပ်ကုပ်နဲ့ ပြုံးနေသည်။

ငုံ့ကြည့်ရင်း “အချိန်တန်ပြီ” ဟု တိုးတိုးလေးပြောသည်။

လီဖန်း၏ မျက်လုံးများသည် နားလည်မှုဖြင့် တောက်ပနေသည်။ သူသည် ခေါင်းညိတ်ပြပြီး အမူအရာက အေးစက်စက်နဲ့ တွက်ချက်နေသည်။

မတ်တပ်ထရပ်ပြီး အားလုံးကြားအောင် အသံလွှင့်လိုက်သည်။

"ဟမ်! ပိုင်မျိုးနွယ်က ချုမိန်းကလေးကို ဖိအားပေးပြီး ပိုင်ကျီဟန်နဲ့ လက်ထပ်ခိုင်းရတဲ့အထိ တကယ်ပဲ ကျဆုံးသွားပြီပေါ့”

လီဖန်းသည် လှောင်ရယ်လိုက်ပြီး သူ့အသံက ရှုတ်ချသံတွေ ထွက်လာသည်။

သူ့စကားများသည် ခန်းမထဲတွင် ပဲ့တင်ထပ်လောက်သည့်အထိ ကျယ်လောင်နေပြီး ရည်ရွယ်ချက် ရှိရှိဖြင့် နှိုးဆော်လိုက်တာပင်။

လီဖန်းသည် လီနဲ့ ကျောက်မျိုးနွယ်စု နှစ်ခုစလုံး၏ ကျောထောက်နောက်ခံဖြင့် သူ၏ ကဲ့ရဲ့ခြင်းသည် အကျိုးသက်ရောက်မှု ရှိမည်ဟု သိသောကြောင့် ယုံကြည်မှုရှိနေခဲ့သည်။

လူအုပ်ကြီးသည် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

အချို့သည် လီဖန်း၏ ရဲစွမ်းသတ္တိကြောင့် အံ့အားသင့်ကြပြီး အချို့မှာ ဤကဲ့သို့ တစ်စုံတစ်ရာ ဖြစ်လာနိုင်သည်ကို မျှော်လင့်ကြောင်း ဖော်ပြကြသည်။

နောက်ဆုံးတွင် ကျောက်နဲ့ လီမျိုးနွယ်တို့သည် ၎င်းတို့၏ ပြိုင်ဘက် အိမ်ထောင်ရေးမှတစ်ဆင့် အင်အားကြီးသော အခြားမဟာမိတ်များ ရရှိလာသည်ကို မည်သို့ တိတ်တဆိတ် စောင့်ကြည့်နိုင်မည်နည်း။

ကျောက်နဲ့ လီမျိုးနွယ်တို့သည် ပိုင်မျိုးနွယ်ကို အရှက်ရစေမည့် ကိုယ်ပိုင် အစီအစဉ်များ ရှိကြသည်ကို လျှို့ဝှက်ထားစရာမလိုပေ။

စေ့စပ်ပွဲကို မရပ်တန့်နိုင်ရင်တောင်မှ ပိုင်ကျီဟန်ကို အရှက်ရစေဖို့ အစွမ်းအစရှိသည့် အရာတိုင်းကို လုပ်ဆောင်မှာ သိသာနေသည်။

ပိုင်ကျီဟန်သည် စားပွဲအောက်တွင် လက်သီးတွေကို ဆုပ်ထားပြီး ချူကျီယန် အမူအရာကတော့ မဲမှောင်သွားသည်။

(ဒီလူယုတ်မာ… ဒီစေ့စပ်ပွဲကို ငါကတောင် မလိုချင်ဘူး! အခု အဲဒါအတွက် အရှက်ကွဲခံရတာလား)

ပိုင်ကျီဟန်အနေနဲ့ သူ့ကို စော်ကားသည့်အပေါ် သိပ်ဂရုမစိုက်သည့်တိုင် လက်တွေ့မှာတော့ တခြားနည်းနဲ့ အိမ်ထောင်ရေး တွန်းအားပေးသူဟု လူအများ ထင်နေကြတာကို ကြားရတော့ စိတ်ပျက်မိသည်။

ပြီးတော့ ပြဿနာရှာသည့် လီဖန်းသည် ဘယ်သူလဲဆိုတာ သူသိသည်။

(ဒီအမှိုက်ကတော့)

လီဖန်းသည် လီမိသားစုမှ အစွမ်းထက်ပြီး ထက်မြက်သော ကျင့်ကြံသူမဟုတ်ပါက

ပိုင်ကျီဟန်အနေနဲ့ မကြောက်ပေ။

ပြိုင်ဘက်သည် အဆင့်နိမ့်ကျင့်ကြံသူဖြစ်ပြီး စေ့စပ်ကြောင်းလမ်းမှုကို ရပ်တန့်ကာ ချူကျီယန်ကို သူ့ကိုယ်ပိုင်အဖြစ် တောင်းဆိုမည်ဆိုပါက သူပိုပြီး စိတ်ဝင်စာစနေမည်ဖြစ်သည်။

နောက်ဆုံးတော့ အဲဒါက ဇာတ်ဆောင်အတွက် ပုံမှန်ပြသနာပင်။

ဒါပေမယ့် လီဖန်က သူ့ကို စော်ကားနေတာမလား။ ဒါသည် ဗီလိန်၏ ဇာတ်ကွက်ဖြစ်ပြီး ပိုင်ကျီဟန်အနေနဲ့ သူ့ကို သင်ခန်းစာတစ်ခု သင်ပေးဖို့ အရည်အချင်းမရှိပေ။

သို့ပေမဲ့ ပိုင်ကျီဟန် မတုံ့ပြန်ခင်မှာ အေးစက်တဲ့အသံသည် ဓားသွားလို လေထဲကို ဖြတ်သွားသည်။

"အိုး? လီမျိုးနွယ်က ငါ့အိမ်ထောင်ရေးမှာ ဘယ်အချိန်ကတည်းက ပြောခွင့်ရှိသွားတာလဲ"

ချူကျီယန်၏ ဖီးနစ်နှင့်တူသော မျက်လုံးများသည် လီဖန်းကို စိုက်ကြည့်ထားသောကြောင့် အခန်းတွင်းရှိ အပူချိန်သည် ကျဆင်းသွားပုံရသည်။

လီဖန်းသည် ခဏမျှ တုန်လှုပ်သွားသော်လည်း လျင်မြန်စွာ တည်ငြိမ်မှု ရလာသည်။

"ကျွန်တော်က အဖြစ်မှန်တွေကို ပြောပြနေတာပါ ချူမိန်းကလေး ၊ ပိုင်ကျီဟန်က အလကားပဲဆိုတာ လူတိုင်းသိပါတယ်။ ဘာလို့နောက်ထပ် သင့်တော်တဲ့တစ်ယောက်ယောက်ကိုမှ မရွေးချယ်ရတာလဲ.”

လီဖန်းသည် သူ့ကိုယ်သူ ပိုမိုကောင်းမွန်သော ရွေးချယ်မှုအဖြစ် ပြတ်ပြတ်သားသား ပြောဆိုခဲ့ပြီး အမှန်တကယ်ပင် ပိုင်ကျီဟန်နှင့် နှိုင်းယှဉ်ကြည့်သောအခါတွင် သူသည် ချူကျီယန်ကို လက်ထပ်ရန် ပို၍ သင့်လျော်သော ကိုယ်စားလှယ်လောင်းတစ်ဦးဟု ယူဆခဲ့သည်။

ပိုင်ကျီဟန် မျက်လုံးပြူးသွားသည်။

(ဒီလူမိုက်က ချူကျီယန် ကိုလက်ထပ်ချင်တာလား။)

ပိုင်ကျီဟန်စိတ်ကူးထဲ ဘယ်လောက်

ရယ်စရာကောင်းလဲဆိုတာ တွေးလိုက်မိသည်။

ချူကျီယန်သာ သဘောတူခဲ့လျှင် ၎င်းသည် သူ့ကို ပျော်ရွှင်စေနိုင်သော်လည်း ထိုသို့ဖြစ်ရန် အခွင့်အလမ်းမရှိသည်ကို သူသိသည်။

အထူးသဖြင့် ပိုင်ရွှယ်ချင်းနဲ့ ဆက်ဆံရေးမပျက်ဖို့ ပိုင်မျိုးနွယ်မှ သူမဟုတ်သည့် တခြားသူနဲ့ လက်ထပ်ဖို့တောင် ငြင်းဆန်ခဲ့သည် ။

လီ သို့မဟုတ် ကျောက်မျိုးနွယ်နဲ့လက်ထပ်ခြင်းသည် ပို၍ဆိုးရွားသောသစ္စာဖောက်မှုတစ်ခုဖြစ်လိမ့်မည်။ သူမအား မိသားစုမှ နှင်ထုတ်ပြီး ပိုင်မျိုးနွယ် အထူးသဖြင့် ပိုင်ရွှယ်ချင်းနဲ့ ရန်သူများဖြစ်လာစေမည့်တစ်ခုဖြစ်သည်။

"အိုး..ဒါဆို ဘယ်သူက ပိုလိုက်ဖက်လဲ"ချူကျီယန်သည် ရယ်မောကာ မေးလိုက်သည်။ သူမ၏ အသံသည် စူးစမ်းလိုစိတ်နှင့် အထင်အမြင်သေးမှု နှစ်မျိုးလုံး ပါ၀င်နေသည်။

လီဖန်းသည် သူ့ကိုယ်သူ ရည်ညွှန်းနေမှန်း သူမသိသည့်တိုင် သူ့ကိုမေးဖို့ ဆုံးဖြတ်လိုက်သည်။

"ဟုတ်ပါတယ်၊ အဲဒါ ငါပဲလေ”

လီဖန်းသည် ပြုံးပြုံးလေး ပြောလိုက်သည် ။

"ချူကျီယန်၊ ငါ မင်းကို နှစ်အတော်ကြာအောင် သဘောကျခဲ့ရတာ။ မင်းအပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို ငါ ဖုံးကွယ်မထားတော့ပါဘူး။ အထူးသဖြင့် ပိုင်ကျီဟန်လို မထိုက်တန်တဲ့သူနဲ့ လက်ထပ်တော့မှာဆိုတော့ပိုဆိုးတယ်။ မင်းက ငါနဲ့ ပဲ ပိုထိုက်တန်တယ်။"

သူ့ခံစားချက်တွေသည် စစ်မှန်သည်ဖြစ်စေ မစစ်မှန်သည်ဖြစ်စေ၊ သူ့ရည်ရွယ်ချက်ကတော့ ရှင်းသည်။ သူ့အနေနဲ့ စေ့စပ်ပွဲကို နှောင့်ယှက်ဖို့ မျှော်လင့်နေတာပင်

ပြဿနာဖြစ်လာပါက လီမျိုးနွယ်သည် လူငယ်များ၏ စိတ်အားထက်သန်မှုကြောင့် ။ဆုံးဖြတ်ချက်များ မှားယွင်းသည့် အပေါ် သက်ဆိုင်သူကို အပြစ်တင်ရင်း ခွင့်လွှတ်ဖို့ ဆင်ခြေပေးနိုင်ပေမည်။

"ဟူး”

ချူကျီယန်သည် အေးစက်စွာ တုံ့ပြန်လိုက်သည်။

"သခင်လေးလီ ရှင်က ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတယ်။ ရှင်သာ ကျွန်မအရည်အချင်းနဲ့ လိုက်ဖက်တယ်ထင်ရင် ကျွန်မ မငြင်းပါဘူး ဒါပေမဲ့ တောင်းပန်ပါတယ် ရှင့်မှာ ချို့တဲ့နေတုန်းပဲ။"

သူမ မဆိုင်းမတွဘဲ ပြန်ပြောသည်။

လီဖန်းသည် အခြေအနေအရ သူ့အတွက် ပိုမိုကောင်းမွန်သော အဆင့်အတန်းတစ်ခုဟု ထင်ရသော်လည်း ကျင့်ကြံမှုတွင် နောက်ကျကျန်နေသေးသည်။

ချူကျီယန်သည် ၎င်းကို သကြားဖြူးရန် မလိုအပ်ကြောင်း မြင်သည်။

နောက်ဆုံးတွင် လီမျိုးနွယ်သည် ချူမျိူးနွယ် ၏အကျိုးစီးပွားအတွက် အတားအဆီးဖြစ်နေပြီး လီဖန်းသည် ၎င်း၏ရိုင်းစိုင်းမှုကို ပြသနေပြီဖြစ်သည်။

သူမ စိတ်ထိန်းထားဖို့ အကြောင်းပြချက် မရှိတော့ပေ။

ချူကျီယန်၏ စကားများကြောင့် လီဖန်း၏ မျက်နှာသည် ရှက်ရွံ့မှုနဲ့အတူ နီမြန်းသွားသည်။

သူ့မာနကို ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ပေမယ့် လွယ်လွယ်နဲ့ ကျောခိုင်းမည့်သူတော့ မဟုတ်ပေ။ ချူကျီယန်ကို စိုက်ကြည့်နေရင်း သူ့အပြုံးက တုန်လှုပ်သွားကာ ပါးလွှာသော ဒေါသဖြင့် အစားထိုးလိုက်သည်။

"ဟူး”

လီဖန်းသည် တည်ငြိမ်သောပုံစံကို ပြန်လည်ရရှိရန် ကြိုးစားရင်း လှောင်ပြောင်ခဲ့သည်။

"ငါ့မှာ ချို့တဲ့နေတယ်လို့ မင်းထင်ကောင်းထင်နိုင်ပေမယ့် မင်းကို သတိပေးပါရစေ။ ပိုင်ကျီဟန်နဲ့ ယှဉ်ရင် ငါက သူထက် ဆယ်ဆ အင်အားရှိနေပါသေးတယ်။"

သူ့အသံသည် ယခုအချိန်တွင် ပိုကျယ်လောင်လာကာ မောက်မာမှုနှင့် ပျက်ဆီးစေလိုမှုတို့ဖြင့် ရောယှက်နေကာ အားလုံးကြားရအောင် ပြောလေသည်။

သူသည် ချူကျီယန်ကို စိန်မခေါ်နိုင်မှန်း သိသော်လည်း ပိုင်ကျီဟန်ကိုတော့ အနိုင်ရနိုင်သည် ၊ ဒါက သူ့အစီအစဉ်အတိုင်းပင်။

သို့သော် ချူကျီယန်သည် စေ့စပ်ပွဲကို ကာကွယ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

သူမ၏ စကားများနှင့် အပြုအမူများသည် သူ၏ ကနဦးတွက်ချက်မှု၏ တစ်စိတ်တစ်ပိုင်းမဟုတ်သော်လည်း ယခုတော့ နောက်ဆုတ်မည် မဟုတ်ပေ။

သူသည် သူ၏အစီအစဉ်ကို ရှေ့တိုးကာ ပိုင်ကျီဟန်ကို နှိုးဆော်ရန် အခြားနည်းလမ်းကို ရှာဖွေမည်ဖြစ်သည်။

သူသည် ပိုင်ကျီဟန်ကို ကြည့်လိုက်၏

သူ့မျက်လုံးတွေက အထင်အမြင်သေးမှုတွေနဲ့ ပြည့်နေသည်။

"ပိုင်ကျီဟန်က စိတ်ပျက်စရာတစ်ခုထက်မပိုပါဘူး၊ စစ်မှန်တဲ့ ကျင့်ကြံသူတွေရဲ့ အသိုင်းအဝိုင်းမှာ နေရာမရှိသူတစ်ယောက်ပါ။ ချူမိန်းကလေး ၊ မင်းက ဒီ့ထက် ပိုကောင်းတဲ့သူနဲ့ ထိုက်တန်ပါတယ်။ သူနဲ့လက်ထပ်လိုက်တာက မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်"

လီဖန်းသည် ခေတ္တရပ်လိုက်ပြီး သူ့စကားများကို လေထုထဲသို့ စိမ့်ဝင်သွားစေခဲ့သည်။

သူက မပြီးသေးချေ။ ပိုင်ကျီဟန်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ရင်း နောက်ထပ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

"ငါမင်းကိုစိန်ခေါ်ပါတယ် ပိုင်ကျီဟန်။ မင်းအရမ်းထိုက်တန်တယ်လို့ထင်ရင် သက်သေပြလိုက်ပါ။ ဒါကို တစ်ခါတည်းဖြေရှင်းလိုက်ကြရအောင်။ ပြိုင်ဆိုင်မှုတစ်ခုပဲလေ။ မင်းအနိုင်ရရင် ချုမိန်းကလေးနဲ့ မင်းထိုက်တန်တာကို ငါလက်ခံမှာပါ၊ ဒါပေမယ့် ငါအနိုင်ရရင် စေ့စပ်ပွဲရပ်လိုက်။ ဒါဆို ချုမိန်းကလေးက ပိုထိုက်တန်တဲ့သူကို လွတ်လပ်စွာ ရွေးချယ်နိုင်မှာပါ"

All Chapters