ကျောက်ချန်၏ နှုတ်ထောင်ချောက်
Vol. 3 Ch. 34
အခန်းအတွင်း လေထုသည် ငြိမ်သက်သွားကာ လူအများ၏ မျက်လုံးအားလုံးသည် ပိုင်ကျီဟန်ဆီ စုဝေးလာသည်။
စိန်ခေါ်ချက်ကို ကြေငြာပြီးဖြစ်သဖြင့် ပြန်လှည့်ရန် နေရာမရှိတော့ပေ။
လူစုအတွင်း ဆူညံသွားကာ ပိုင်ကျီဟန် မည်သို့တုံ့ပြန်မည်ကို စောင့်ကြည့်နေကြသည်။
လက်ခံမလား၊ ဒါမှမဟုတ် မျက်နှာအပျက်ခံ ထွက်သွားမလား
ပိုင်ကျီဟန် အင်အားကို သိသူများအနေဖြင့် သူ မနိုင်နိုင်သည့် တိုက်ပွဲကို တိမ်းရှောင်သွားမည်ဟု စဉ်းစားကြသည်။
ထိုအချိန်တွင် ပိုင်ကျီဟန်သည် စားပွဲအောက်တွင် လက်သီးပို တင်းမာစွာ ဆုတ်ထားသည်။
လီဖန်း၏ စိန်ခေါ်မှုသည် လုံးဝ အံ့ဩစရာ မဟုတ်သော်လည်း လူအများ၏ စွပ်စွဲမှုသည် သူ့ကို ထိခိုက်စေသည်။
လီဖန်းသည် သူ့ကို အရှက်ရစေသည်ဟု ထင်မိသော်လည်း ပိုင်ကျီဟန်အနေနှင့် အလွယ်တကူ ခွင့်မပြုနိုင်ဟု ဆုံးဖြတ်ထားသည်။
“လီဖန်း နင့်ကိုနင် ဘယ်သူထင်လို့ ပိုင်မိသားစုအတွင်း လာစွက်ဖက်နေတာလဲ”
ပိုင်ရွှယ်ချင်းအသံသည် မောက်မာမှုနဲ့ အာဏာအပြည့်ဖြင့် ထွက်ပေါ်လာသည်။
“ဒီနေရာမှာ နင့်အမြင်က ဘာမှ အဓိပ္ပာယ်မရှိဘူး ။ နင်စိန်ခေါ်ချင်တယ်ဆိုရင် ငါဆိုရင်ရော ဘယ်လိုလဲ”
ပိုင်ရွှယ်ချင်းက ပြောလိုက်သည်။
လီဖန်း၏ မျက်နှာသည် ပြာယာခတ်သွားသည်။
ပိုင်ကျီဟန်လို အမှိုက်အတွက် စေ့စပ်ပွဲဖျက်သိမ်းမှုအပေါ် ချူကျီယန်တင်မကဘဲ ပိုင်ရွှယ်ချင်းပါ ပါလာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ့အစီအစဉ်အရ ပိုင်ကျီဟန်နဲ့ တိုက်ပွဲဝင်ရန် သာဖြစ်ပြီး ပိုင်ကျီဟန်၏ စိတ်တိုလွယ်မှုကြောင့် အလွယ်တကူ အောင်မြင်မယ်ဟု ယုံကြည်သည်။
သို့သော် ပိုင်ကျီဟန် စကားတစ်လုံးမပြောခင် ချူကျီယန်နဲ့ ပိုင်ရွှယ်ချင်းကသည် ထိုစိန်ခေါ်ချက်ကို တားဆီးလိုက်မည်ဟု မမျှော်လင့်ထားပေ
ယခု သူ့က ပိုင်ရွှယ်ချင်းနဲ့ တိုက်ရမှာလား
အဲဒါက သတ်သေတာ ဘာကွာလို့လဲ
သူ့မာနနဲ့တောင်မှ သူတို့မျိုးဆက်တွင် အင်အားအကောင်းဆုံးဟု သိထားသည့် ပိုင်ရွှယ်ချင်းကို စိန်ခေါ်လျှင် ဘာဖြစ်မည်ကို သူသိသည်။
လီဖန်းသည် ခဏတာမျှ သတိလက်လွတ် ဖြစ်သွားသော်လည်း ကျောက်ချန်ထံ အမြန်လှည့်ကာ အကူအညီတောင်းခံနေ၏
ကျောက်မျိုးနွယ်သည် များသောအားဖြင့် အရိပ်ထဲမှ လုပ်ဆောင်ရတာကို နှစ်သက်သော်လည်း ဤကိစ္စတွင်တော့ ထိုသို့လုပ်ဖို့ မလိုအပ်ပေ။
ကျောက်နဲ့လီမိသားစုများ၏ မဟာမိတ်များအကြောင်းကို လူတိုင်းသိကြပြီး ပိုင်နဲ့ ချူမျိုးနွယ်တို့၏ စေ့စပ်မှုကို ဆန့်ကျင်ကြသည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။
တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေသော ကျောက်ချန်သည် နောက်ဆုံးတွင် စကားပြောခဲ့ပြီး သူ၏အသံမှာ တည်ငြိမ်အေးဆေးနေသည်။
"ပိုင်မိန်းကလေး ၊ ဒီကိစ္စက ကြီးကြီးမားမားလုပ်ဖို့ မလိုပါဘူး။"
သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ့လေသံသည် ယုတ္တိဆန်လွန်းပေသည်။
"လီဖန်းက သူစိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်ရုံပါပဲ။ သူ့မှာ ချူမိန်းကလေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ ရှိပါတယ်။ အထူးသဖြင့် မထိုက်တန်ဘူးလို့ ထင်ရသူနဲ့ စေ့စပ်ထားတဲ့ သူလေစားရတဲ့ အမျိုးသမီးကို ကြည့်ရတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။"
သူ့စကားတွေသည် ချောမွေ့ပြီး ရန်လိုမှုကင်းလေ၏
သူတို့သည် လီဖန်းအား မောက်မာသော ဒုက္ခပေးသူထက် မျှော်လင့်ချက်မဲ့စွာ ချစ်မြတ်နိုးသော အမျိုးသားတစ်ဦးအဖြစ် ပုံသွင်းခဲ့သည်။
"သူက အခွင့်အရေးပဲ တောင်းတာပါ။ ဒါကလည်း တိုက်ပွဲ။ အဲ့တာထက် မပိုပါဘူး" ကျောက်ချန်လေသံသည် နူးညံ့သိမ်မွေ့သော်လည်း ခိုင်မြဲသည်။
"တကယ်လို့ ပိုင်ကျီဟန်သာ အနိုင်ရခဲ့ရင် လီဖန်းက အဖြစ်မှန်ကို လက်ခံပြီး ရှေ့ဆက်ဖို့ ရွေးချယ်စရာ မရှိတော့ပါဘူး၊ ပိုင်မျိုးနွယ်က ဟာ လူငယ်တစ်ယောက်ကို ပိတ်ပင်တာကတော့ မကောင်းပါဘူး။"
သူပြောပုံသည့် ပိုင်မျိုးနွယ်ကို အဆင်မပြေစေသည့် အနေအထားမှာ ရောက်စေသည်။ ငြင်းဆိုပါက တရားမျှတသော စိန်ခေါ်မှုကို လက်ခံရန် အလွန်ကြောက်ရွံ့နေပုံရသည်။
ကျောက်ချန်၏ စကားကြောင့် ညည်းညူသံများက လူအုပ်ကြားတွင် လှိုင်းထလာခဲ့သည်။ တချို့လူတွေသည် ခေါင်းညိတ်ပြီး သဘောတူကြသည်။
သို့သော် ပိုင်ရွှယ်ချင်းသည် ရင်တထိတ်ထိတ်နှင့် သူမ၏ အေးစက်သော မျက်လုံးများသည် ကျောက်ချန်ကို စိုက်ကြည့်နေသည်။
"နူးနူးညံ့ညံ့လို စကားတွေပြောတုန်းပဲနော်။ ဒါကလည်း သူ့ကို အနိုင်ကျင့်ချင်လို့ ဒီလို ပြောတာပါ။"
ပိုင်ရွှယ်ချင်းသည် စကားလုံးတွေကို ကနွဲ့ကလျ ပြောတတ်သူ မဟုတ်ပေ
သူမ၏စူးစူးရှရှအကြည့်များသည် ကျောက်ချန်ပေါ်တွင် ရှိနေခဲ့သည်။
"ငါက ရူးနေတယ်ထင်လား"
ကျောက်ချန်သည် တခစ်ခစ်ရယ်လိုက်ပြီး
"အဲ့လို မဟုတ်ပါဘူး ပိုင်မိန်းကလေး"
ဆက်မပြောခင် သူ့အပြုံးသည် အနည်းငယ်ကျယ်ပြန့်လာပြီး သူ့အသံက အရင် အတိုင်း ချောမွေ့နေဆဲပင်
"ဒါပေမယ့် ဒီမှာ အနိုင်ကျင့်တာတော့ မရှိပါဘူး။လီဖန်းက ပိုင်ကျီဟန် နယ်ပယ်နဲ့ ကိုက်ညီအောင် သူ့ရဲ့ ကျင့်ကြံမှုကို လျှော့ချမှာ သေချာပါတယ်။လီဖန်း မဟုတ်ဘူးလား”
ကျောက်ချန်သည် မေးလိုက်သည်။
"ဟုတ်ပါတယ်၊ တစ်စုံတစ်ယောက်နဲ့မတူတာက ကျွန်တော်က တခြားသူတွေကို အနိုင်ကျင့်ရတာကို နှစ်သက်တာမျိုး မရှိပါဘူး" လီဖန်းသည် ပြန်ဖြေသည်
ထိုစကားကြောင့် ခန်းမအတွင်း ကျယ်လောင်စွာ ညည်းညူသံများ ထွက်ပေါ်လာသည်။
"ကျောက်ချန်ပြောတာ မှန်တယ်! အချစ်က တောင်ထက် ပိုလေးတယ်။ ပိုင်မျိုးနွယ်က ယောက်ျားတစ်ယောက်ကို တိုက်ခိုက်ဖို့ အခွင့်အရေးမပေးလောက်တဲ့အထိ ဘယ်လိုလုပ် အသဲမာနိုင်ရတာလဲ"
"ဟူး ပိုင်ကျီဟန်က တကယ်ကို ထိုက်တန်တယ်ဆိုရင် ဘာလို့ သက်သေမပြတာလဲ။ ပြိုင်ဆိုင်မှုက ဒါကို တရားမျှတစွာ ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းပဲ”
"လီဖန်းက ရိုးသားတာကို ပြနေတာဘဲ။ပိုင်ကျီဟန် ငြင်းရင် အဲဒါက ချူမိန်းကလေးနဲ့ မထိုက်တန်ဘူးဆိုတာ သူကိုယ်တိုင် သိနေလို့မလား?"
"ဟုတ်ပါတယ် လီဖန်းက သခင်လေးပိုင်နဲ့ ကိုက်ညီအောင် သူ့ရဲ့ ကျင့်ကြံမှုကို လျှော့ချဖို့ ဆန္ဒရှိနေတယ်။"
အားလုံး မျက်လုံးတွေသည် ပိုင်ကျီဟန် ဘက်ကို လှည့်သွားသည်။
လီဖန်းသည် သူ၏ ကျင့်ကြံမှုကို လျှော့ချရန် ဆန္ဒရှိသဖြင့် ပိုင်ရွှယ်ချင်းပင် စကားများစွာ မပြောနိုင်ပေ။
လီဖန်းကျင့်ကြံမှုသည် ပိုင်ကျီဟန်နှင့် အတူတူဖြစ်တောင် ပိုင်ကျီဟန်သည် အခွင့်အရေးမရှိမှန်း သူမသိသည်။
ခန္ဓာကိုယ် သန့်စင်ခြင်း သို့မဟုတ် နည်းစနစ်ကျွမ်းကျင်မှုအရ ပိုင်ကျီဟန်သည် လီဖန်းနဲ့ အလှမ်းကွာသည်။
သို့သော် သူမ ဝင်ရောက်စွက်ဖက်ပါက ပိုင်မျိုးနွယ်သည် လီဖန်းကို ကြောက်ပြီး လူအများ၏ ဝေဖန်မှုကို ခံရသည့်ပုံပေါ်စေမည်ဖြစ်သည်။
အခု သူတို့လုပ်နိုင်တာက ပိုင်ကျီဟန်၏ တုံ့ပြန်မှုကို စောင့်နေတာပင်
ပိုင်ကျီဟန်သည် ဤပဋိပက္ခတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လင့်ကစား သူနှင့်ဘာမှမဆိုင်သလို ရုန်းရင်းဆန်ခတ်တစ်ခုလုံးကို ရိုးရှင်းစွာကြည့်နေသည်။
လူတိုင်း သူ့ဆီ အာရုံပြောင်းသွားတဲ့အခါ သူသည် သူတို့ကို ပျင်းရိစွာ ကြည့်ပြီး စိတ်တိုနေသည့် အသံနဲ့ မေးလိုက်သည်။
"ဘာလဲ?"
ပိုင်ကျီဟန်သည် သူ့ကို ဘာကြောင့် ထိုလူတွေ ကြည့်နေမှန်း မသိသလို ပြောလိုက်သည် ။
ကျောက်ချန်၏ အပြုံးသည် မယိမ်းယိုင်ဘဲ ပျင်းရိပြီး ဘာမှမထူးခြားသလို ပိုင်ကျီဟန်အမူအရာကို သတိပြုမိသဖြင့် သူ့မျက်လုံးများတွင် ကြည်နူးမှု အရိပ်အယောင်များ ရှိနေသည်။
ပိုင်ကျီဟန်၏ မသိနားမလည်မှုကို သနားသလိုလိုပင် ပေါ့ပေါ့ပါးပါး ရယ်မောရင်း ခေါင်းယမ်းလိုက်သည်။
"သခင်လေးပိုင်"ကျောက်ချန်၏လေသံမှာ ငြိမ်သက်နေသော်လည်း သရော်လှောင်ပြောင်မှုဖြင့် "သခင်လေးက ဂရုမစိုက်ဘူးထင်တယ် ဒါပေမယ့် အဲဒါကို မျှော်လင့်ထားမယ်ထင်တယ်"
ဆက်မပြောခင် လူအုပ်သည် သူတို့ကို အာရုံစိုက်နေသေးကြောင်း သေချာအောင် လှည့်ပတ်ကြည့်လိုက်၏
"ဒါကို နားလည်အောင် ထပ်ရှင်းပြခွင့်ပြုပါ-၊ဒါမှ နားလည်နိုင်မှာပါ"ဟု ကျောက်ခန်က ရှုံ့ချသလိုပြောလေသည်။
"လီဖန်က တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဒါက တရားမျှတပါတယ်။သခင်လေးနဲ့ ကိုက်ညီအောင် သူ့ရဲ့ လေ့ကျင့်မှုကို လျှော့ချပါလိမ့်မယ်၊ ဒါကြောင့် တရားမျှတမှုမရှိဘူးလို့ ဆင်ခြေပေးစရာ မလိုပါဘူး။ အနိုင်ရရင် စေ့စပ်ပွဲက ဒီအတိုင်းရှိနေပြီး လီဖန်းက ချောမောစွာ ထွက်သွားပါလိမ့်မယ်။"
ကျောက်ချန်သည် ဆက်ပြောသည် ။
"ဒါပေမယ့် ရှုံးရင်...ချူမိန်းကလေးက သူ့ဂုဏ်သိက္ခာကိုတောင် မကာကွယ်နိုင်တဲ့ လူတစ်ယောက်ဆီမှာ ချည်နှောင်ခံရတာထက် သာလွန်ထိုက်တန်တာကို ရဖို့ သေချာပေါက် သဘောတူရပါမယ်။"
ကျောက်ချန်၏ စကားကြောင့် လူအုပ်ထဲမှ ညည်းညူသံများ ထပ်မံထွက်ပေါ်လာသည်။
"ဒါက မှန်တယ်! တရားမမျှတတွေ မရှိတော့ဘူး။ ပိုင်ကျီဟန်မှာ ဘာအကြောင်းပြချက်တွေ ရှိနေမလဲ"
"သူငြင်းရင် အဲ့ဒါကြောက်နေတာ မဟုတ်ဘူးလား"
"သူ့အစ်မတောင်မှ သူ့ကို ထာဝရမကာကွယ်
နိုင်ဘူး။ မကြာခင်မှာဘဲ သူ့ဘာသာ ရပ်တည်ရမှာ”
ကျောက်ချန်သည် တုံ့ပြန်မှုကြောင့် ပြုံးသွားပြီး ပိုင်ကျီဟန်ဘက် လှည့်လိုက်သည်။
"ကောင်းပြီ သခင်လေးပိုင်က ဒါကို လက်ခံလား"
သူ့စကားသည် ထက်မြက်ပြီး ပိုင်ကျီဟန်ကို ထောင့်တစ်နေရာသို့ တွန်းပို့လိုက်သည်။
ခန်းမတစ်ခုလုံးသည် သူ့အဖြေကို စောင့်နေသည်။
"ဖူးး ဟား ဟား.. မင်းတို့ရဲ့စိန်ခေါ်မှုကို ငါတကယ်ဂရုစိုက်တယ်လို့ ထင်နေတာလား။"