← Chapters

ပြိုင်ဆိုင်မှု တန်ကြေး

Vol. 3 Ch. 35

ပြိုင်ဆိုင်မှု တန်ကြေး

Vol. 3 Ch. 35

ပိုင်ကျီဟန် နှုတ်ခမ်းမှ ထွက်ပေါက်လာသည့် ခပ်ပြေးပြေးရယ်သံသည် ကျယ်သည်လည်းမဟုတ် အပိုလုပ်သည်လည်း မဟုတ်ပေ။ သို့သော် ခန်းမတစ်ခုလုံးကို မွန်းကြပ်သွားစေသည်။

သူ့အသံထဲတွင် အပြစ်တင်သံ ပါဝင်နေခဲ့ပြီး ထိုင်ခုံ နောက်ကျောကိုမှီရင်း အမူအရာက အထင်အမြင်သေးနေပုံပင်

ထိုသဘောထားသည် လူအများမဆိုထားနဲ့

ကျောက်ချန်နဲ့ လီဖန်းကိုပါ အံ့သြသွားစေခဲ့သည်။

သူတို့ထင်ထားသည်က ပိုင်ကျီဟန်သည် အနည်းဆုံး မကျေနပ်ဘဲ စိတ်ဆိုးသွားမည်ဟုပင် ။ သို့သော် ယင်းအစား သူက အရူးတစ်ယောက်လို ရယ်ရင်း ထိုင်နေသည်။

“ဟာဟာ…”

ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသလို ပြန်ရယ်မောကာ ခေါင်းညိမ့်နေ၏

သူ၏ စူးစူးရှရှမျက်လုံးတွေသည် တစ်ခန်းလုံးကို ပတ်ကြည့်ပြီး နောက်ဆုံးကျောက်ချန်ဆီ ရောက်သွားသည် ။

“မင်းက ဘယ်သူမလို့ ငါ့ကို အမိန့်ပေးဖို့ အခွင့်အရေးရှိတယ်ထင်နေတာလဲ?”

စကား ဆုံးသွားတော့ အခန်းတစ်ခုလုံး ရပ်နေသလို တိတ်ဆိတ်သွားသည်။

ကျောက်ချန်အနေဖြင့် လုံးဝမမြင်နိုင်သည့် အခြေအနေထဲသို့ ကျရောက်သွားသော်ငြားလည်း ဂုဏ်သိက္ခာကို ပြန်ထိန်းပေးလိုက်သည်။

ကျောက်ချန်သည် ကျောက်မိသားစု၏ ဂုဏ်ယူစရာ ပါရမီရှင်ဖြစ်ပြီး သူ့ကို မသိသူမရှိသလို ပိုင်ကျီဟန်လို မလေးမစားလုပ်ဝံ့သူ တစ်ဦးတစ်ယောက်လည်း မရှိခဲ့ပေ။

ထို့အပြင် ကျောက်ချန်သည် စိန်ခေါ်မှုကို လက်ခံရန် ဖိအားပေးရင်း စကားဝိုင်းကို ဂရုတစိုက် ကိုင်တွယ်ခဲ့ပြီး ပိုင်ကျီဟန်သည် ဤကဲ့သို့ သူ့ဘက် လှည့်လာမည်ဟု မမျှော်လင့်ထားပေ။

ပိုင်ရွှယ်ချင်းသည် ကျောက်ချန်၏ ထက်မြက်သော စကားကို တန်ပြန်ရန် ရုန်းကန်နေရသော်လည်း ပိုင်ကျီဟန်သည် ၎င်းကို ဂရုမစိုက်နိုင်ပေ။

ယင်းအစား ကျောက်ချန် စကားကို ပြတ်ပြတ်သားသား တုံပြန်ပြီး ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ဆက်ဆံခဲ့သည်။

"ဟီးဟီး... စိန်ခေါ်မှုကို လက်ခံသင့်တယ်လို့ ပြောတဲ့သူတွေကတော့ ရှေ့ကို တိုးခဲ့။ မင်းတို့ရဲ့ မျိုးနွယ်ကို မဖျက်ဆီးပါဘူးလို့ ကတိပေးပါတယ်။"

ပိုင်ကျီဟန်လေသံမှာ မမှားနိုင်သော ခြိမ်းခြောက်မှုကို သယ်ဆောင်လာသည်ဟု ဆိုသည်။

ကျောက်ချန်နှင့် သူ၏အကြံဥာဏ်များကို ထောက်ခံဝံ့သူများကို မနှစ်သက်ကြောင်း သိသာသည်။

ထိုစကားများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် တပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အခု ဘယ်သူက ရှေ့ကို လှမ်းဝံ့မလဲ။ ပိုင်ကျီဟန်က သူ့ရဲ့ခြိမ်းခြောက်မှုအတိုင်း မလုပ်နိုင်ဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။

ပိုင်ကျီဟန်သည် အခြေအနေကို ထိန်းချုပ်ပြီး သူ့လွှမ်းမိုးမှုကို အခိုင်အမာ ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရတော့ ကျောက်ချန်သည် ရှေ့ကို တိုးလာပြီး စကားစမြည်ပြောဖို့ ကြိုးစားခဲ့သည်။

"သခင်လေးပိုင် ၊ သူတို့ထင်မြင်ချက်တွေကို မကြိုက်တာနဲ့ တခြားသူတွေကို ခြိမ်းခြောက်တာက မသင့်တော်ဘူးမလား၊ အဲဒါ အာဏာရှင်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ မဟုတ်ဘူးလား"

ကျောက်ချန်၏ အသံသည် တည်ငြိမ်နေပြီး သူ့အမူအရာသည် ခန့်မှန်း၍မရပေ။

ပိုင်ကျီဟန်သည် သူ့ပါးပြင်ကို လက်ဖဝါးပေါ်တင်လိုက်သည်။

"ကျောက်ချန် ၊ မင်းရဲ့လုပ်ရပ်ကို ငါမမြင်ဘူးလို့ တကယ်ထင်နေတာလား။ ငါမင်းနဲ့တွဲကစားမယ်လို့ ယုံကြည်နေတာကတော့ မင်းက ငါထင်တာထက်တောင် ပိုမိုက်မဲနေတာပဲ”

ကျောက်ချန်အမူအရာသည် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

"သခင်လေး ပိုင်ကျီဟန်၊ အဲဒါ ဘာကိုဆိုလိုတာလဲ။"

ကျောက်ချန်သည် မသိနားမလည်သလိုဟန်ဆောင်ရန် ကြိုးစားသည်။

ပိုင်ကျီဟန်သည် လှောင်ပြောင်လိုက်သည်။

"မင်းက စကားလုံးချိုချိုတွေကို နောက်ကွယ်မှာ ဖုံးကွယ်ပြီး ယဉ်ကျေးဟန်ဆောင်နေပေမယ့် မင်းလုပ်နေသမျှက ဒီလူမိုက်စိန်ခေါ်မှုကို လက်ခံဖို့ ငါ့ကို ဖိအားပေးဖို့ ကြိုးစားနေတာ"

ကျောင်ချန်၏အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ့မျက်လုံးများက အန္တရာယ်များလှသည်။

"သခင်လေးပိုင် ၊ ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး။ ဒါက တရားမျှတမှုတစ်ခုပါပဲ"

"တရားမျှတတဲ့ စိန်ခေါ်မှုလား?"

ပိုင်ကျီဟန်သည် ကြားဖြတ်ပြီး ရယ်မောလိုက်သည်။

"ငါ့ကို အဓိပ္ပါယ်မရှိတာကို ပြောမနေနဲ့။ လူမိုက်တစ်ယောက်ရဲ့ လှည့်စားမှုကို ဖျော်ဖြေဖို့ ငါ့တာဝန်က ဘယ်အချိန်ကတည်းက ရှိနေတာလဲ။"

သူသည် ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး အခြေအနေတစ်ခုလုံး သူ့ကို ငြီးငွေ့သွားပုံပေါ်သည်။

"လီဖန်းက ငါ့ကို တိုက်စေချင်တာလား၊ ဘာအတွက်လဲ၊ သူနဲ့မသက်ဆိုင်တဲ့စေ့စပ်ပွဲတစ်ခုအပေါ်မှာ အလိုမကျနေတာကြောင့်လား။ သူ့စိတ်ဆန္ဒတွေကို ငါက ဘာလို့ ဖျော်ဖြေရမှာလဲ"

ညည်းညူသံက လူအုပ်ကြားထဲ လှိုင်းထလာပြန်သည်။

ပိုင်ကျီဟန် ပြုံးလိုက်သည်။

"အိုး လီဖန်း၊ မင်းက ဝမ်းနည်းစရာကောင်းတဲ့ အချစ်ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်လို့ တကယ်ထင်နေတာမလား 'အို ချစ်လေး’ မင်းကို တခြားယောက်ျားနဲ့ မြင်ရတာ သည်းမခံနိုင်ဘူး! ငါ့ခံစားချက်တွေကို သက်သေပြဖို့ သူ့ကို စိန်ခေါ်ရမယ်”

ပိုင်ကျီဟန်သည် လှောင်ပြောင်မှုဖြင့် သူ့ရင်ဘတ်ပေါ် လက်တစ်ဖက်ကို တင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။

"ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ”

တင်းမာမှု၏ အလေးချိန်အောက်တွင် လျင်မြန်စွာ ငြိမ်သက်သွားသော်လည်း လူအုပ်ထဲရှိ အနည်းငယ်ဆီမှ ရယ်မောသံများ ထွက်ပေါ်လာသည်။

လီဖန်း မျက်နှာသည် ဒေါသကြောင့် နီရဲလာသည်။

"မင်း-"

လှောင်ပြောင်ခံရခြင်းကြောင့် လီဖန်းသည် သူ့ဒေါသကို မထိန်းနိုင်ပေ။

ပိုင်ကျီဟန်ကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေသည်။

"ပိုင်ကျီဟန် ..အဲ့လောက် ဆိုးဝါးမနေနဲ့”

လီဖန်းသည် တံတွေးထွေးလိုက်သည်။

"ဟာဟား... ဆိုးဝါးနေတာလား၊ ဒါဆို မင်းငါ့ စေ့စပ်ကြောင်းလမ်းမှုမှာ စိန်ခေါ်နေတာကကျ မဆိုးဝါးဖူးပေါ့”

ပိုင်ကျီဟန်သည် နောက်ပြန်ဆုတ်လိုက်ပြီး သူ့လေသံက ရွဲ့စောင်းနေတဲ့ပုံပင်

"ပိုင်ကျီဟန် ချူကျီယန်ရဲ့ ချစ်ခြင်းမေတ္တာကို ငါလိုချင်တယ်လေ မင်း ငါနဲ့တိုက်ရမှာ ကြောက်နေတာလား "

လီဖန်းသည်လည်း နှိုးဆော်လိုက်ပြီး သူ့စိတ်ပျက်မှုသည် အထွတ်အထိပ်သို့ ရောက်သွားသည်။

ယခင်က သူသည် မျိုးရိုး၏အမိန့်ကြောင့် ပိုင်ကျီဟန်ကို တိုက်ခိုက်ချင်ခဲ့သော်လည်း ယခုအခါတွင် သူ့ကို အနိုင်ယူရန် အမှန်တကယ် မစောင့်နိုင်တော့ပေ။

"ဟာဟား... အရှုံးသမားလက်ကို တိုက်ခိုက်ဖို့အတွက် ဘာလို့ ငါက ညစ်ပတ်ခံရမှာလဲ၊ အဲ့လောက် သက်သေပြချင်ရင် မှန်တစ်ချပ်ကို သွားရှာပြီး ကိုယ့်ကိုကိုယ် တိုက်ခိုက်နေပါလား။"

ခန်းမကြီးသည် ထိတ်လန့်တုန်လှုပ်သွားလေသည်။

အထူးသဖြင့် ပိုင်မျိုးနွယ်၏ အကြီးမားဆုံး အမှိုက်ဟု သတ်မှတ်ခံရသူ ပိုင်ကျီဟန်သည် လီနဲ့ကျောက်မျိုးနွယ်နှစ်ခုစလုံး၏ ထူးချွန်ထက်မြက်သူတွေကို နှိမ့်ချဖို့ သတ္တိရှိသည့်အထိ ဘယ်လိုဆေးမျိုး သောက်ခဲ့သည်နည်း။

ပိုင်ကျီဟန်သည် သူတို့ကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုထားရုံသာမက အကြိမ်ကြိမ် စော်ကားခဲ့သည်။

ချူကျီယန်ပင် ပိုင်ကျီဟန်၏ရဲရင့်မှုကြောင့် အံ့အားသင့်သွားသည်။

အမှန်တော့ သူမသည် သူတို့နှင့်စကားပြောသောအခါတွင်ပင် စကားများကို သတိထားနေရသော်လည်း ပိုင်ကျီဟန်ကတော့ စိစစ်ခြင်း မရှိပေ

(အနည်းဆုံးတော့သူက သတ္တိရှိတယ်။)

ချူကျီယန်သည် သူ့ဘာသာ တွေးနေမိသည်။ သူမ၏ မျက်လုံးများတွင် ပိုင်ကျီဟန်သည် မောက်မာသော သခင်ငယ်တစ်ဦး ဖြစ်နေဆဲဖြစ်သော်ငြားလည်း ပိုင်ကျီဟန်အပေါ် သူမ၏ အထင်အမြင်မှာ အနည်းငယ် တိုးတက်လာသည်။

သူ၏ မာနသည် ဆိတ်ကွယ်ရာ ကောင်းကင်အင်ပါယာ၏ အာဏာရှင်များရှေ့တွင်ပင် မယိမ်းယိုင်ပေ။

ကမောက်ကမဖြစ်စေခဲ့သည်။

ပိုင်ကျီဟန်သည် အစေခံများနှင့် ပျော့ညံ့သူများကို တူညီသောသဘောထားဖြင့် ဆက်ဆံသောအခါ သူ့ကို အနိုင်ကျင့်သူအဖြစ် မြင်ကြသည်။

သို့သော် သူသည် အသန်မာဆုံး မျိုးနွယ်စုနှစ်ခုနှင့် ၎င်းတို့၏ အရည်အချင်းအရှိဆုံး သားစဉ်မြေးဆက်များအပေါ် တူညီသော မောက်မာမှုကို ပြသသည့်အခါ ရုတ်တရက် သူသည် အာဏာရှင်မဟုတ်တော့ဘဲ ရဲရင့်သူဖြစ်လာသည်။

တူညီသောအမူအကျင့်၊ မတူညီသောပရိသတ်.. သူသည် လူတိုင်းကို တူညီစွာဆက်ဆံသည်ဟူ သူ့အပေါ် အများမြင်ပုံက လုံးဝပြောင်းလဲသွားသည်။

ပိုင်ကျီဟန်သည် ပျင်းရိစွာပင် နောက်သို့ မှီကာ သူ့အကြည့်က ဘာမှမထူးခြားသလိုပင်

"ဒီတိုက်ပွဲအတွက်ရော ဘာဆုကြေးလဲ? ငါရှုံးရင် စေ့စပ်ပွဲကို ဖျက်ရမယ်... ဒါပေမယ့် ငါအနိုင်ရရင် ဒီအတိုင်းနေရမှာပေါ့"

သူက မထီမဲ့မြင်ပြုလေ၏။

"မင်း ငါ့ကို နောက်နေတာလား? ဒါက ငါ့အတွက် လုံးဝ ဆုံးရှုံးမှု အခြေအနေ မဟုတ်ဘူးလား ကျောက်ချန်၊ ဒါက တရားမျှတတဲ့ စိန်ခေါ်မှုလို့ မင်းထင်ရလောက်အောင် မမိုက်မဲဘူး မလား။"

ပြောရလျှင် သူ့စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တာဟာ သူ့အတွက် ဆိုးရွားတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပေ။

သို့တိုင် ထိုအခြေအနေမျိုးသည် သူ့မျိုးရိုးအတွက် ပြဿနာတွေဖြစ်လာနိုင်သည်။ ပိုင်ကျီဟန်အဖို့ သူ့မျိုးရိုး၏ ပြသနာတွေကို သိပ်ဂရုမစိုက်ပေမယ့် သူ့ဘဝအပေါ် ဘယ်လိုသက်ရောက်မှုရှိမည်ကို သူဂရုစိုက်ခဲ့သည်။

ဖခင်ဖြစ်သူ ဆုံးရှုံးလိုက်ရသည့် ဝေဒနာကို သူကုသပေးရပေမည်။

ထို့အပြင် လီနဲ့ကျောက်မျိုးနွယ်စုများကို သူတို့လိုချင်သည့်ပုံစံအတိုင်း အလွယ်တကူရရှိအောင် မလုပ်နိုင်ပေ။

လီဖန်းအနေနဲ့ ပိုင်ကျီဟန်နှင့် ကိုက်ညီအောင် သူ့ကျင့်ကြံမှုကို နှိမ့်ချရင်တောင် သူရှုံးဖို့ နည်းလမ်းမရှိဘူးဆိုတာ သိသာနေသည်။

သို့တိုင် စိန်ခေါ်မှုကို လက်ခံလိုက် သင့်လား။

ထိုသို့ မဟုတ်ပေ။

သူသည် လီဖန်းနဲ့ကျောက်ချန်ထံမှ နောက်ဆုံးတန်ဖိုးအားလုံးကို ညှစ်ထုတ်ရမည်ဖြစ်သည်။

လီဖန်း အနိုင်ယူနိုင်မည်ဟု သူတို့ယုံကြည်မှုနှင့်အတူ စိန်ခေါ်မှုကို လက်ခံရန် အတင်းအကြပ် တွန်းအားပေးနေတာကြောင့် ပိုင်ကျီဟန် သဘောတူစေရန် ထိုက်တန်သောဆုလာဘ်ကို ပေးမည်မှာသေချာပါသည်။

(ငါ မင်းတို့ ဂိမ်းတွေကို အတူကစားမယ်ဆိုပေမယ့် အလကားတော့ မရဘူး ။)

All Chapters