← Chapters

မြေကမ္ဘာအဆင့် ပစ္စည်း ? ငါ့ကို လှောင်ပြောင်နေတာလား ?

Vol. 3 Ch. 36

မြေကမ္ဘာအဆင့် ပစ္စည်း ? ငါ့ကို လှောင်ပြောင်နေတာလား ?

Vol. 3 Ch. 36

အမြဲတမ်းတည်ငြိမ်စွာနေတတ်သူ ကျောက်ချန်သည် အရူးဟု စော်ကားခံရသည့်အခါ ဒေါသထွက်ပေါ်လာမိသည်။

မျိုးဆက်သစ်ထဲတွင် ဉာဏ်အကောင်းဆုံးထဲမှ တစ်ယောက်ဖြစ်သည့် သူသည် ကောင်းကင် အင်ပါယာ၏ အထင်ကြီးရဆုံး ပညာရှင်တစ်ဦးဖြစ်လာရန် ရည်မှန်းထားသည့်တိုင် ပိုင်ကျီဟန်သည် သူ့ကို အရူးလူတစ်

ယောက်လိုသာ ဆက်ဆံနေခြင်းသည်။

သို့ရာတွင် သူ့ဘာသာ တည်ငြိမ်အောင် လုပ်ပြီး ပိုင်ကျီဟန်ပြောတာ မှားကြောင်း ကျောက်ချန် ဝန်ခံရမည်။

ဂုဏ်ကျက်သရေသည်လည်း ပိုင်ကျီဟန်အတွက် တန်ဖိုးတောင် မရှိတော့ပေ။ သူ့၏ ကံကြမ္မာလည်း အောက်ဆုံးအဆင့်အထိ ကျနေပြီး ပြန်လည်ပြောင်းလဲဖို့ မရှိတော့သည်ကို တိကျစွာမြင်တွေ့ရသည်။

သူ့ကို “ကြောက်တတ်တဲ့သူ၊ မထိုက်တန်သူ”ဟု ခေါ်ဆိုကြသည့်တိုင် ပိုင်ကျီဟန်သည် ဘယ်တော့မှ မဂရုစိုက်ပေ။

သူတို့၏ ဂုဏ်ကျက်သရေကို ကာကွယ်ရသည့်

သူနဲ့ အခြား မိသားစုမှ ပါရမီရှင်တွေနဲ့ မတူပေ။

(ဟူး ပိုင်ကျီဟန် လက်ခံမဲ့အထိ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုကို ပေးရမယ်…)

ကျောက်ချန် စဉ်းစားနေသည်။

ပိုင်ကျီဟန် ခန့်မှန်းထားသလိုပဲ ကျောက်ချန်သည် လီဖန်း ရှုံးနိုင်သည့် အလားအလာကို တစ်ခါလေးတောင် မတွေးပေ။

ထိုကြောင့် တန်ဖိုးကြီးမားသည့် အကျိုးခံစားခွင့်တစ်ခုကို ပေးဖို့လည်း အဆင်သင့်ဖြစ်နေသည်။

နူးညံ့သည့် အမူအရာနဲ့ ကျောက်ချန်သည် ဘာလုပ်ရမည်ကို တမ်းနားလည်သည့် လီဖန်းဆီ လက်ပြလိုက်သည်။

“ပိုင်ကျီဟန် မင်းရနိုင်မဲ့ အကျိုးကျေးဇူးမရှိဘူးလို့ ထင်နေတာကြောင့်ဆိုတော့ဒီလိုလုပ်ရအောင်။ မင်းအနိုင်ရသွားမယ်ဆိုရင် ငါတို့ လီမိသားစုက မြေကမ္ဘာအဆင့် ပစ္စည်းတစ်ခုကို ပေးမယ်”

လီဖန်းအသံသည် တန်ဖိုးကြီးပစ္စည်းကို

ကမ်းလှမ်းသလို ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်သည်။

ပရိသတ်ထဲရှိ လူအများသည် အံ့ဩသွားသည်။

မြေကမ္ဘာအဆင့်ပစ္စည်းသည် သာမန် ကျင့်ကြံသူအချို့ အိပ်မက်ထဲမှာတောင် မတွေ့နိုင်သည့် ရှားပါး ပစ္စည်း ဖြစ်သည်။

အဝါရောင်အဆင့် ပစ္စည်းတစ်ခုသည်ပင် လူတစ်ဦး ဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်မည့်စွမ်းအားရှိသည်။

အထူးအဆင့် ပစ္စည်းသည် အလယ်အလတ် မိသားစုအများစုအတွက် အမြင့်ဆုံး တန်ဖိုးရှိပစ္စည်းဖြစ်သည်။

သို့တိုင် မြေကမ္ဘာအဆင့်သည် အင်အားကြီးမားသော မိသားစုတွေမှာသာ ရှိနိုင်ကြသည်။

တချို့ ဝိညာဉ်အခြတည်ကာစအဆင့် သာမန်ကျင့်ကြံသူအချို့တောင် မြေကမ္ဘာအဆင့် ပစ္စည်းမရှိပေ။ ထိုအရာသည် ရှားပါးပြီး တန်ဖိုးကြီးကြောင်း သက်သေပြနေသည်။

ထို့ကြောင့် ပိုင်မျိုးနွယ်မှ ဧည့်သည်များအဖို့ လီဖန်းသည် ပိုင်ကျီဟန်ကို ထိုရတနာတစ်ခုနဲ့ လောင်းဝံ့သောကြောင့် အံ့သြသွားကြသည်။

သို့သော် ခဏမျှစဉ်းစားပြီးနောက် လီဖန်းသည် နိုင်နိုင်ဖွယ်ရှိသောကြောင့် သူလောင်းမည့်အရာက အရေးမကြီးတာဟု အကြောင်းပြချက်ပေးခဲ့သည်။

သို့သော်လည်း ပိုင်ကျီဟန်သည် မရယ်မောမီ မျက်ခုံးပင့်လိုက်သည်။

"မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းလား။"

ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံးအရာတစ်ခုကို သူကြားလိုက်ရသလိုပင် သူ့အသံမှာ ရှုံ့ချသံများဖြင့် ပြည့်နှက်နေသည်။

"လီဖန်း ၊ မင်း ငါ့ကို သူတောင်းစားလို့ ထင်နေတာလား"

ခန်းမသည် တိတ်ဆိတ်သွားသည်။

ပိုင်ကျီဟန်သည် လှောင်ပြောင်ပြီး ပျင်းရိစွာ သူ့ပါးကို လက်ဖဝါးနဲ့ ပွတ်လိုက်သည်။

"ဒါကို တည့်တည့်ပြောရရင် မင်းက ငါ့ကို တခြားသူတွေနဲ့တိုက်စေချင်တယ် ..ဒါမှ ငါရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ထိန်းထားနိုင်မယ်။ ငါရသမျှကတော့ မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခုပဲ။ ငါ့ရဲ့အချိန်က အရမ်းပေါတယ်လို့ မင်းတကယ်ထင်နေတာလား။"

ပိုင်ကျီဟန်သည် မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်း မည်မျှ အဖိုးတန်သည်ကို သိသော်လည်း သူ၏ ပြိုင်ဘက်များသည် လီနဲ့ကျောက်မျိုးနွယ်များမှ ဖြစ်တာကြောင့် ၎င်းတို့အနေနဲ့ ပိုကောင်းသောအရာကို ပေးမည်မှာ သေချာသည်။

လီဖန်း၏ခွန်အားအပေါ် ယုံကြည်မှုလွန်ကဲခြင်းသည် ပိုတန်ဖိုးကြီးသည့် အရာတစ်ခုကို ပေးဖို့ တွန့်ဆုတ်မနေမှာ သေချာသည်။

ကျောက်ချန်၏ အပြုံးသည် အနည်းငယ် တင်းမာသွားသည်။

တစ်ဖက်တွင် လီဖန်းသည် ရှုံ့မဲ့နေသည်။

"ပိုင်ကျီဟန်၊ မာနမကြီးနေပါနဲ့၊ မြေကမ္ဘာအဆင့်ရှိတဲ့ ပစ္စည်းတစ်ခုက စေတနာထက်တောင် ပိုနေပြီ၊ ဘယ်လောက်တန်ဖိုးကြီးတယ်ဆိုတာ မင်းတောင် နားလည်လား”

ပိုင်ကျီဟန်သည် သူ့ကို ပြုံးစိစိနဲ့ စကားစဖြတ်လိုက်သည်။

"အိုး? အဲဒါ အဖိုးတန်တယ်လို့ မင်းပြောတယ်ဆိုတော့ ငါ မင်းကို တစ်ခုမေးပါရစေ။"

သူ၏ စူးရှသော အကြည့်များသည် လီဖန်းဆီသို့ ရောက်သွားပြီး သူ့မျက်လုံးများက ရွှင်မြူးနေသည်။

"ချူကျီယန်ကိုချစ်တဲ့စိတ်ကြောင့် ငါ့ကို စိန်ခေါ်ချင်တဲ့စိတ်က အရမ်းပြင်းထန်နေတာဆို.. ဘာလို့ မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းက သက်သေပြဖို့လုံလောက်တာလဲ။"

လီဖန်း အမူအရာ မဲမှောင်သွားသည်။

ပိုင်ကျီဟန်သည် လှောင်ပြောင်ရယ်မောလိုက်သည်။

"ချူကျီယန်အပေါ် မင်းရဲ့အချစ်က မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခုပဲ တန်သလား။ အချစ်ဇာတ်လမ်းက သိပ်မရှိသလိုပါလား”

ပိုင်ကျီဟန်သည် ရှေ့သို့ အနည်းငယ် ငုံ့ကာ သူ့အသံက လှောင်ပြောင်သရော်နေသလိုပင်

"ငါပြောချင်တာကို စဉ်းစားကြည့်ပါ။ မင်း ရောက်လာပြီး စေ့စပ်ပွဲကို နှောင့်ယှက်လိုက်တာ၊ ပြီးတော့ အမျိုးသမီးတစ်

ယောက်အတွက် စိန်ခေါ်မှုတစ်ခုလို့ လူတိုင်းရှေ့မှာ ကြေညာခဲ့တယ်။ ပြီးတော့ မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခုနဲ့ပဲ အလောင်းအစားလုပ်မယ်လို့ ပြောတာလား။"

ပိုင်ကျီဟန်၏ နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ဒါဆို ငါ့ကိုပြောပါ လီဖန်း၊ ချူကျီယန်က အဲ့ထက် ပိုမတန်ဘူးလား? သူမက မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခုစာပဲ ထိုက်တန်သလား။ ဒီလိုဆိုရင် ဘယ်လိုလဲ။ မင်းကို မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခု ပေးလိုက်မယ်၊ မင်း ငါ့မျက်စိရှေ့က ထွက်သွားပေးမလား”

လီဖန်း၏ မျက်နှာ နီရဲလာသည်။

ပိုင်ကျီဟန်သည် သူ့ကို သူတောင်းစားလို သဘောထားပြီး လုံးဝ နှိမ့်ချခဲ့သည်။

မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခုသည် မယုံနိုင်လောက်အောင် အစွမ်းထက်သော်လည်း ပိုင်ကျီဟန်စကားအရ ၎င်းသည် သူ့ဆန္ဒအလျောက် လွှင့်ပစ်နိုင်သော ကြိုးမျှင်တစ်ခုလို ဖြစ်နေသည်။

ပိုင်ကျီဟန်စကားတွေသည် သူ့ကို ထောင့်တစ်နေရာမှာ ကပ်ခိုင်းသွားစေသည်။

သူငြင်းလျှင် ချူကျီယန်အား လုံလောက်စွာ မတန်ဖိုးထားဘူးဟု ဆိုလိုတာမလား။

ထို့အပြင် လီမျိုးနွယ်သည် ပိုင်မျိုးနွယ်ကို လောင်းကြေးထပ်ရန်ပင် မတတ်နိုင်ဟု ထင်ရလိမ့်မည်။

သို့သော် မြေကမ္ဘာအဆင့် ရှေးဟောင်းပစ္စည်းတစ်ခုက မလုံလောက်ပါက သူသည် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းကို အမှန်တကယ် လောင်းကြေးထပ်ရမည်လား။

ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်း။

ဆိတ်ငြိမ်ရာ ကောင်းကင် အင်ပါယာရှိ အကြီးမြတ်ဆုံး မျိုးနွယ်စုများပင်လျှင် အဖိုးမဖြတ်နိုင်သော အမွေအနှစ်များအဖြစ် ခံယူထားကြသည်။

လီနဲ့ ကျောက်မျိုးနွယ်စုတွင် အနည်းငယ်မျှသာ ရှိကြပြီး မျိုးနွယ်စုအတွက် ကြီးမားသော ပါဝင်မှု လုပ်ကြသူများသာ ရရှိနိုင်မည်ဖြစ်သည်။

သူ့စိတ်တွေ ကမောက်ကမ ဖြစ်နေ၏

လီဖန်း တုံ့ဆိုင်းနေတာကိုမြင်တော့ ကျောက်ချန်သည် ရှေ့ကို တိုးတိုးလာပြီး သူ့ပုခုံးပေါ် လက်

တစ်ဖက်တင်လိုက်သည်။

"သခင်လေးလီ" ဟု တိုးတိုးလေးပြောကာ သူ့အသံမှာ တည်ငြိမ်ပြီး စိတ်ချလက်ချနဲ့ "တုံ့ဆိုင်းနေစရာ မလိုပါဘူး"

လီဖန်းသည် သူ့ဘက်ကို လှည့်ကြည့်လိုက်တော့ သူ့အမူအရာက ဒေါသထွက်နေသည်။

ကျောက်ချန်သည် သူ့ကို အလိုက်မသိစွာ ပြုံးပြလိုက်သည်။

"မမေ့ပါနဲ့၊ မင်း ဆုံးရှုံးရမယ့်လမ်း မရှိဘူး။"

သူ့စကားသည် ယုံကြည်မှုအပြည့်နဲ့ပင်

တိုးတိုးတိတ်တိတ်အသံနဲ့ ကျောက်ချန်သည် ခေါင်းငုံ့ကာ ပြောလိုက်သည်။

“ငါ့ ကျောက်မျိုးနွယ်က ကောင်းကင်အဆင့် ပစ္စည်းတစ်ခုကို ကိုယ်တိုင် ထောက်ပံ့ပေးပါ့မယ်။ ဒါအတွက် မင်းစိုးရိမ်စရာ မလိုပါဘူး”

ဤစကားကို ကြားလိုက်သော လီဖန်းသည် အံ့သြမိသွားသည်။

သူ့လို မျိုးဆက်သစ်လူငယ်တစ်ဦးသာဖြစ်

သည့် ကျောက်ချန်အဖို့ အဘယ်ကြောင့် ကောင်းကင်အဆင့် ပစ္စည်းကိုပေးနိုင်သည်ဟု ယုံကြည်စွာ ပြောနိုင်သလဲ သူမသိချေ။

သို့တိုင် ကျောက်ချန်သည် အာမခံချက်ပေးပြီးသားဖြစ်ရာ သူ့အနေနှင့် တုံ့ဆိုင်းမနေတော့ပေ

ဘာဖြစ်ဖြစ် သူသည် ပိုင်ကျီဟန်နဲ့တိုက်ရမည်ပင်။

စိုးရိမ်စရာ မရှိပေ- သူ့အနေနဲ့ မရှုံးနိုင်ပေ။

ပိုင်မျိုးနွယ်၏ အမှိုက်သည် မျိုးဆက်သစ် ပါရမီရှင်များထဲမှ အသန်မာဆုံးတစ်ယောက်ကို ဆန့်ကျင်နိုင်မည်လား

ဒါက ရယ်စရာပင်။

ပိုင်ကျီဟန်ကို မကြည့်မီ လီဖန်းသည် သက်ပြင်းချလိုက်သည်။

“ကောင်းပြီ” လီဖန်းသည် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“ကောင်းကင်အဆင့် ပစ္စည်းတစ်ခု မင်းနဲ့ ငါအလောင်းအစားလုပ်မယ်။”

ခန်းမတစ်ခုလုံး တုန်လှုပ်သွားသည်။

“ဟေ့ ကောင်းကင်အဆင့် ပစ္စည်းလား? လီဖန်းက အဲဒီအထိ လုပ်ဖို့လား?”

“ချူကျီယန်ကို လီဖန်းက အတော်ချစ်တာပဲ။ သူ့အတွက်မဟုတ်ရင် ဘယ်သူက အဲဒီအတိုင်း စွန့်လွှတ်မလဲ”

“ဘာပဲဖြစ်ဖြစ် လီဖန်း အနိုင်ရတာက မပြောင်းလဲနိုင်ဘူး”

ဘေးကနေကြည့်နေသည့် ပိုင်ရွှယ်ချင်းပင် မျက်မှောင်ကျုံ့လိုက်သည်။

ကောင်းကင်အဆင့်ပစ္စည်း..အားကြီးသော လီမိသားစုဖို့ပင် တန်ကြေးမနည်းသော ပစ္စည်းဖြစ်သည်။

ပိုင်ကျီဟန်အနိုင်ရလျှင် လီနဲ့ ကျောက်မိသားစု အဖို့ ကြီးကြီးမားမား ခံစားရမည် ဖြစ်သော်လည်း သူတို့တွင် ယုံကြည်ချက် တစ်ခုရှိသည်။

သေချာတာက လီဖန်း အနိုင်ရမည်ပင်

ပိုင်ရွှယ်ချင်းသည် ပိုင်ကျီဟန်ကို ကြည့်လိုက်၏

ပိုင်ကျီဟန်သည် နောက်ကိုမှီရင်း ပြုံးမိသည်။

“အဲဒီလိုမှပေါ့” အပေါ်ယံရယ်သံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ၊ လီဖန်း ဒီစိန်ခေါ်မှုကို ငါ လက်ခံမယ်။”

All Chapters