အရှက်ကင်းမဲ့မှု
Vol. 3 Ch. 37
ကျောက်ချန်နဲ့ လီဖန်းတို့သည် တစ်ဦးနဲ့တစ်ဦး ကြည့်လိုက်သည်။
“နောက်ဆုံးတော့”
အရာအားလုံးသည် သူတို့စီစဉ်ထားသည့် အတိုင်း ပြန်ဖြစ်လာပြန်သည်။
ပိုင်ကျီဟန်ကို အလောင်းအစားထဲ အောင်မြင်စွာ ပါဝင်စေခဲ့ပြီး ယခု လီဖန်းအနေနဲ့ သူ့ကို လူသိရှင်ကြား အရှက်ခွဲရုံသာ ကျန်တော့သည်။
ဒါသာ ဖြစ်လာလျှင် ပိုင်နဲ့ချူမျိုးနွယ်၏ စေ့စပ်ပွဲကို ဖျက်နိုင်ရုံသာမက ပိုင်ကျီဟန်သည် အင်ပါယာတွင် အရှက်ရဆုံးလူ ဖြစ်လာမည်ပင်
လီဖန်းသည် ရယ်လိုက်ပြီး ယုံကြည်မှုအပြည့်နဲ့ပင်
သူသည် ရှေ့တိုးလာပြီး ခန်းမတစ်ခုလုံးကို ကြည့်လိုက်သည်။
“အလောင်းအစားအဆင်ပြေပြီဆိုတော့ ၊ စကြရအောင်” ဟု ကြေညာလိုက်သည်။
သူ၏ အရောင်အဝါများ မြင့်တက်လာပြီး ဖိအားများ ပျံ့နှံသွားသည်။ သူ၏ တိုက်ခိုက်ချင်စိတ်သည် မီးတောက်လို ပြန့်ကျဲသွားသည်။
“ပိုင်ကျီဟန်— စရအောင်”
သို့သော် ပိုင်ကျီဟန်သည် သူ့လက်ကိုချကာ ပျင်းရိနေသလိုမျိုး အေးဆေးထိုင်နေသည်။
လီဖန်း မျက်မှောင်ကျုံ့သွားသည်။
“ဘာဖြစ်တာလဲ? သူစိတ်ပြောင်းသွားပြီလား?
သူ့သည် လှောင်ပြောင်လိုက်သည်။
“မင်းကြောက်နေတယ်လို့တော့ မပြောနဲ့နော်”
ပိုင်ကျီဟန်သည် တခစ်ခစ်ရယ်လေ၏
ကြောက်တာလား
သူ့ခေါင်းကိုစောင်းကာ နှုတ်ခမ်းကို သပ်လိုက်၏
“မင်းလိုလူကို ကြောက်ရဖို့လား?” ဟု ပြန်ဖြေလိုက်သည်။
လီဖန်းမျက်နှာ မဲမှောင်သွားသည်။
ပိုင်ကျီဟန်ရှေ့တွင် သူ့ဂုဏ်သိက္ခာသည် အသုံးမဝင်သလိုပင်။ ပိုင်ကျီဟန်သည် သူ့ကို အစကတည်းက အလေးအနက်မထားပေ။
အမှိုက်တစ်ခု၏ လျစ်လျူရှုခြင်းကို မကြိုက်သည့်တိုင် ခံနိုင်ရည်ရှိခဲ့သည်။
မကြာခင်မှာ ပိုင်ကျီဟန်သည် ထိုအခိုက်အတန့်ကို နောင်တရပြီး သူဘယ်သူလဲဆိုတာကို သူ့မှတ်ဥာဏ်ထဲမှာ ထည့်သွင်းစဉ်းစားမိတော့မှာပင်။
“အဲဒီလိုဆို မင်းဘာလို့ မလာတာလဲ?”
ပိုင်ကျီဟန်သည် အရူးတစ်သိုက်နဲ့ဆက်ဆံရသလို သက်ပြင်းချလိုက်သည်။ ထို့နောက်သူသည် လက်ကိုဆန့်ကာ ထိုင်ခုံကိုမှီလိုက်သည်။
“မစခင် မေးစရာ တစ်ခုရှိတယ်” ဟု အေးဆေးစွာ ပြောလိုက်သည်။
သူ့အသံသည် ငြိမ်သက်ပြီး ပျင်းရိနေသည့်တိုင် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားစေသည်။
“ ဆုက ဘယ်မှာလဲ"
လီဖန်း မျက်တောင်ခတ်လိုက်သည်။
"ဘာလဲ?"
"ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်း။"
ပိုင်ကျီဟန်သည် ကုလားထိုင်၏ လက်မောင်းကို လက်နဲ့ ပုတ်လိုက်သည်။
"အဲ့တာ ဘယ်မှာလဲ?"
မထီမဲ့မြင်မပြုမီ လီဖန်းအမူအရာမှာ အနည်းငယ် တင်းမာသွားသည်။
"မင်းအနိုင်ရပြီးရင် ငါပေးမယ်။"
ပိုင်ကျီဟန် မျက်ခုံးပင့်လိုက်သည်။
"အိုး..ဒါဆို ငါက အရင်တိုက်ရမယ်၊ နိုင်ပြီးရင် မင်းလက်ထဲအပ်မယ်ဆို မင်းယုံမလား"
သူက ရယ်မောလိုက်သည်။
"ငါက ဒီလောက် လိမ်ရလွယ်တယ်လို့ မြင်တာလား"
ပိုင်ကျီဟန် စကားလုံးတွေက အဓိပ္ပါယ်ရှိသည်။
ဆုရှိကြောင်း သက်သေမပြဘဲ ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းလို အဖိုးတန်သည့်အရာကို မည်သည့်စိတ်ကောင်းရှိတဲ့သူမျှလောင်းမည် မဟုတ်ပေ။
သို့သော် ဤသည်မှာ ဂုဏ်သိက္ခာကြီးသော လီမျိုးနွယ်မှ လီဖန်းဖြစ်သည်—၎င်းသည် ဆိတ်ငြိမ်သော ကောင်းကင်အင်ပါယာရှိ ထိပ်တန်းမျိုးနွယ်စု ခေါင်းဆောင်များအပါအဝင် ဤလူများအားလုံးရှေ့တွင် အလောင်းအစားပြုလုပ်ခဲ့သည်။
လီဖန်းသည် လိမ်လည်ခြင်း သို့မဟုတ် လီမျိုးနွယ်၏ ဂုဏ်သတင်းကို ကျဆင်းစေလိုခြင်းမရှိပါက သူသည် ကတိကို ချိုးဖောက်မည် မဟုတ်ပေ။
သို့တိုင် ပိုင်ကျီဟန်သည် ၎င်းကို ထည့်မစဉ်းစားပေ။
သူငည် လီဖန်းကို လိမ်လည်သူလို ဆက်ဆံနေသည်။
လီဖန်းသည် မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ငါ့စကားတွေကို သံသယဝင်နေတာလား။"
ပိုင်ကျီဟန် ပြုံးလိုက်သည်။
"ဟုတ်တယ်”
တိတ်ဆိတ်နေ၏
အမှန်တော့ ပိုင်ကျီဟန်သည် လီဖန်း၏အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လုံးဝဂရုမစိုက်ပေ။ သူ့မျက်နှာကိုလည်း လုံးဝ အလေးမထားပေ။
"သတိထားပြီးပြောစမ်းပါ.. စကားချည်းပဲ ပြောလို့ မရဘူး။ ငါသိတာက မင်းကတိတွေချည်းပေးနေတာ။ ဒါကြောင့် တိုက်ပွဲမစခင် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းကို ဖွင့်မပြရင်…"
သူက အေးစက်စွာ ပြုံးလိုက်သည်။
"မင်း လိမ်နေတယ် ထင်မိမှာပဲ”
လီဖန်းသည် ပိုင်ကျီဟန် မျက်နှာကို ပြုံးကြည့်ရုံကလွဲလျှင် ဘာမှ မတတ်နိုင်ပေ။
ထို့အပြင် သူရှုံးရန် မတွေးမိသည့်အတွက် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းကို ထုတ်ယူရန် မလိုအပ်တော့ဟု သူထင်ခဲ့သည်။
ဒါပေမယ့် အခု…
ထိုအရာ မရှိလျှင် ပိုင်ကျီဟန် တိုက်ပွဲဝင်မှာမဟုတ်ဘူးဆိုတာ သိသာသည်။
သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။
သူသည် ကျောက်ချန်ကို စိုက်ကြည့်ကာ သူ့ရည်ရွယ်ချက်ကို အချက်ပြလိုက်သည်။
ကျောက်ချန်သည် ကောင်းကင်အဆင့်ပစ္စည်းကို ပံ့ပိုးပေးမည်ဟု ကတိပြုထားသောကြောင့် ယခုအချိန်တွင် သူဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အခုအချိန်မှာတော့ ကျောက်ချန်သည် ဒေါသတွေထွက်နေပြီး ခံစားချက်တွေကို သူ့အပြောအဆိုနောက်တွင် ဖုံးကွယ်ထားခဲ့ရသည်။
ပိုင်ကျီဟန်ကို မယုံနိုင်လောက်အောင် စိတ်ဆိုးနေခဲ့သည်။
အားနည်းသောကောင်သည် သူ့ကို ဤအခြေအနေသို့ တွန်းပို့နိုင်သည်ကို တွေးလိုက်မိသည်။
ကျောက်ချန်မှာ ရွေးချယ်စရာမရှိပေ။
သူသည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ နှိုက်ပြီး ရှေးဟောင်းပစ္စည်းတစ်ခုကို မကျေမနပ် ဆွဲထုတ်လိုက်သည်။
သူပြန်ရမည်ဆိုတာ သိသည့်တိုင် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းကို သူ့ထုတ်လိုက်ရသည့်အတွက် တွန့်ဆုတ်မှုတစ်ခု ခံစားနေရဆဲပင်
ကျောက်ချန်သည် ရှေးဟောင်းပစ္စည်းကို လီဖန်းအား ပေးအပ်လိုက်သည့်အခိုက်တွင် ပြင်းထန်သော စွမ်းအင်အတက်အကျသည် ခန်းမအတွင်း လှိုင်းလုံးကြီး တစ်ခုကို ထွက်ပေါ်လာစေသည်။
လူအုပ်ကြီး၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားသည်။
"အဲဒါ...”
တိတ်တိတ်ဆိတ်ဆိတ် ပေါက်ကွဲသံများက တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။
ယခု လီဖန်း ကိုင်ဆောင်ထားသော အရာ သည် ကောင်းကင်အဆင့် အမွေးယပ်တောင် ဖြစ်သည်—ဒဏ္ဍာရီဆန်ဆန် ကောင်းကင်
အဆင့် ရတနာဖြစ်ပြီး ကျောက်ချန်၏ တန်ဖိုးအရှိဆုံး အမွေအနှစ်များထဲမှ တစ်ခုဖြစ်သည်။
ခန်းမထဲရှိ သက်တမ်းအရင့်ဆုံး ကျင့်ကြံသူတောင်မှ သူတို့ အံ့သြမှုကို မထိန်းနိုင်ခဲ့ပေ။
"ကောင်းကင်ယံ အမွေးယပ်တောင်..ဒါ ကျောက်ချန်ရဲ့ အစွမ်းထက်ဆုံး ရတနာတွေထဲက တစ်ခုလေ”
"ကောင်းကင်ယံ နတ်ဘုရား ဂဠုန်ရဲ့ အမွေးအမျှင်တွေကို အသုံးပြုပြီး သန့်စင်ထားတယ် ပြောကြတယ် ။ ဒါက လေကိုအခြေခံတဲ့ စွမ်းရည်..မုန်တိုင်းကိုတောင်ဆင့်ခေါ်နိုင်တယ်”
"ဒါက သူတို့ ဘယ်လောက်ယုံကြည်မှု ရှိတယ်ဆိုတာ သက်သေပြနေတာ။ ပိုင်ကျီဟန် ရှုံးမှာ သေချာပါတယ်၊ ဒါမှမဟုတ်ရင် သူဘယ်တော့မှ စွန့်စားမှာ မဟုတ်ပါဘူး။"
သူတို့၏ အသံများသည် အံ့ဩနေသည်။
ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းတစ်ခုသည် အစွမ်းထက်ရုံမျှမက မည်သည့်အခြေအနေမျိုးတွင်မဆို မျိုးနွယ် အများစု မရနိုင်သည့် အမွေဆက်ခံအဆင့် ရတနာတစ်ခုဖြစ်သည်။
မျိုးနွယ်စုကြီးများ၏ အဆင့်အတန်းမြင့်သော အကြီးအကဲများပင်လျှင် မပိုင်ဆိုင်နိုင်သော်လည်း
ကျောက်ချန်သည် လောင်းကြေးအဖြစ် အမှန်တကယ် ထုတ်ပြသွားခဲ့သည်။
ထို့အပြင် ပါရမီရှင်ဖြစ်သော်လည်း ဂျူနီယာတစ်ဦးသည် ကောင်းကင်အဆင့် ရှေးဟောင်းပစ္စည်းတစ်ခုကို ရရှိခဲ့သည်မှာ အံ့သြစရာပင်။
၎င်းသည် ကျောက်မျိုးနွယ်အတွက ကျောက်ချန်၏ မယုံနိုင်လောက်သောအောင်မြင်မှုများနှင့် ပံ့ပိုးမှုများကို ပြသခဲ့သည်။
ပိုင်ကျီဟန် အမူအရာ မပြောင်းလဲပေမယ့် သူ့လက်ချောင်းတွေက လက်ဖဝါးပေါ်ကို ပျင်းရိစွာ ပုတ်လိုက်သည် ။
ကျောက်ချန်သည် သူ့လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး သူ့ဘာသာတည်ငြိမ်အောင် ထိန်းထားလိုက်သည်။
သူ့အမူအရာသည် မည်းမှောင်နေသည့်တိုင် အပြုံးကို ထိန်းထားဆဲပင်
"ဒီမှာ ကောင်းကင်အဆင့် ယပ်တောင်ကို တွေ့ပြီမလား။"
လီဖန်းသည် အေးစက်သော အပြုံးဖြင့် ကောင်းကင်ယံ အမွေးယပ်တောင်ကို မြှောက်ပြလိုက်သည်။
"ကဲ၊ မင်း နောက်ဆုံးတော့ ရှေ့ဆက်မှာလား"
သူ့အသံသည် ရလဒ်ကို ကြိုတင်သတ်မှတ်ထားသလိုပင် မာနကြီးလှ၏
ပိုင်ကျီဟန်သည် ယပ်တောင်ကိုကြည့်ပြီး လီဖန်းကို ပြန်ကြည့်သည်။
သူ့နှုတ်ခမ်းများသည် တွန့်လိမ်ကာ ပြုံးနေသည်။
"ငါ့ကိုပေး”
လီဖန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဘာလဲ?"
ပိုင်ကျီဟန်၏အမူအရာသည် လုံးဝအရှက်မရှိလှပေ။
"ကြိုတင် ပေးမှုလို့ တွေးကြည့်ပါ။ မင်းအနိုင်ရရင် ငါပြန်ပေးမယ်။"
"မင်း”
ကျောက်ချန်သည် ပိုင်ကျီဟန်၏ ရဲစွမ်းသတ္တိကို ဒေါသထွက်ရမည်လား လေးစားရမည်လား မဆုံးဖြတ်နိုင်ပေ။
သူ့တစ်သက်တွင် ထိုသို့ ဖိအားပေးတာ မခံရဖူးပေ။
သူသည် သူ၏ တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုများထဲမှ တစ်ခုကို လောင်းကြေးထပ်ရရုံသာမက ယခု ပိုင်ကျီဟန်သည် တိုက်ပွဲမစမီ ကောင်းကင်ယံအမွေးယပ်တောင်ကို သူ့လက်ထဲတွင် လိုချင်နေသည်။
ဘယ်လောက်အရှက်ကင်းလိုက်လဲ ။
လီဖန်း ဘာလုပ်ရမှန်းမသိချေ။ ထိုပစ္စည်းသည် သူ့ဟာ မဟုတ်သောကြောင့် သူ့ဆုံးဖြတ်ချက် ချလို့ မရပေ။ ကျောက်ချန်၏ တုံ့ပြန်မှုကို ရိုးရှင်းစွာ စောင့်ဆိုင်းခဲ့သည်။
ကျောက်ချန်သည် အသက်ရှူသွင်းလိုက်သည်။ သူ့သည် လိုက်လျောမှုတွေ အများကြီး လုပ်ထားပြီးသားပင် ။ ယပ်တောင်ကို ပိုင်ကျီဟန်အား မိနစ်အနည်းငယ်လောက် ကိုင်ထားစေခြင်းသည် ထူးထူးခြားခြား မဖြစ်စေပေ။
"သူ့ကို ပေးလိုက်"ကျောက်ချန်သည် အံကြိတ်လျက် ပြောလိုက်သည်။
လီဖန်းသည် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ပိုင်ကျီဟန်ဆီ လျှောက်လာပြီး ကောင်းကင်ယံအမွေးယပ်တောင်ကို ပေးအပ်လိုက်သည်။
"ဒီမှာ”
မထီမဲ့မြင်ပြုပြီး ပြောလေ၏။
ပိုင်ကျီဟန်သည် ပြုံးလိုက်သည်။
"ကောင်းပြီ”
ထို့နောက် လူတိုင်း၏ရှေ့တွင် သူသည် ၎င်း၏သိုလှောင်လက်စွပ်အတွင်းသို့ ကောင်းကင်ယံအမွေးယပ်တောင်ကို ပေါ့ပေါ့တန်တန်ထည့်ကာ ၎င်းသည် သူ့ဘဝတစ်လျှောက်လုံးပိုင်ဆိုင်ထားသကဲ့သို့ပင်
လီဖန်း၏ အမူအရာ တုန်လှုပ်သွားသည်။
"အခု ငါတို့ တိုက်လို့ရပြီလား"
ဒေါသကို ဖုံးကွယ်ရင်း မေးလေ၏
ပိုင်ကျီဟန်သည် သူ့ခြေထောက်မကြွခင် ပျင်းရိစွာ ဆန့်ထုတ်လိုက်သည်။
"ရပြီ။"
သူ့နှုတ်ခမ်းများသည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြလိုက်သည်။
"အမှိုက်ဖြစ်ဖို့ ပြင်ထားတော့”