← Chapters

ပိုင်ကျီဟန်နဲ့ လီဖန်း

Vol. 3 Ch. 38

ပိုင်ကျီဟန်နဲ့ လီဖန်း

Vol. 3 Ch. 38

စောင့်မျှော်နေသော တိုက်ပွဲသည် နောက်ဆုံးတွင် စတင်ခဲ့ချေပြီ။

ဇာတ်လမ်းကို ဧည့်သည်တိုင်း စိတ်အားထက်သန်စွာ အာရုံစိုက်နေကြသည့်အတွက် စိတ်လှုပ်ရှားမှုများနဲ့ ပြည့်နှက်နေသည်။

သို့ပေမဲ့ ပိုင်မျိုးနွယ်ဘက်ကတော့ သိပ်စိတ်မ၀င်စားပေ

နောက်ဆုံးတွင် သူတို့အားလုံးသည် ပြသနာသာ ဖန်တီးတတ်သော သူတို့၏အကျိုးမရှိသည့် အမွေဆက်ခံသူ၏ စွမ်းရည်များကို သိကြသည်။

ပိုင်ကျီဟန်သည် လီဖန်း၏သုံးကြိမ်တိုင်တိုင် လှုပ်ရှားမှုကိုပင် ခံနိုင်မည်မဟုတ်ဟု အားလုံးက ထင်ခဲ့ကြသည်။

အစိုးရိမ်ဆုံးမှာ ပိုင်ကျီဟန်၏ ဖခင် ပိုင်ထျန်းဟမ်ဖြစ်သည်။

(ဒီမိုက်မဲတဲ့သား..သူက တိုက်ပွဲကို အရှက်မဲ့စွာ ငြင်းဆန်လို့ရတာကို)

အစကတော့ ပိုင်ကျီဟန်သည် အကြောင်းပြချက်တွေပေးပြီး

မြေကမ္ဘာအဆင့်ပစ္စည်းထက် ပိုကောင်းသော တစ်ခုခုကို လောင်းကြေးထပ်ခိုင်းသည့်အခါ လီဖန်းနဲ့ မတိုက်ခိုက်ရဖို့ အစွမ်းကုန်ကြိုးစားနေသည်ဟု သူထင်ခဲ့သည်။

သိုသော် နောက်ဆုံးမှာတော့ ပိုင်ကျီဟန်သည် ပိုင်ထျန်းဟမ်ကို ပိုစိတ်ရှုပ်စေပြီး စိတ်ပူသွားအောင် စိန်ခေါ်မှုကို လက်ခံလိုက်သည်။

ပိုင်ကျီဟန်သည် စေ့စပ်ပွဲကို ရှောင်ဖို့ ရည်ရွယ်ချက်ရှိရှိ လှည့်ပတ်နေသလားဟုတောင် မှန်းဆမိတော့သည်။ ဒါက ပိုင်ကျီဟန် အရိုက်ခံရချင်သည်ဟု ဆိုလိုတာပင်။

သူ့အနေနဲ့ ဧည့်သည်တွေ အများကြီးရှေ့မှာ ရှိနေသည့်အတွက် တခြားသူတွေကို ကြားဖြတ်လို့မရပေ။

ဂျူနီယာများ အချင်းချင်း ပြိုင်ဆိုင်နေချိန်၌ သူ ဝင်ရောက်စွက်ဖက်ပါက ပိုင်မျိုးနွယ်၏ ရပ်တည်မှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်နိုင်သည်။

ထို့ကြောင့် လီနဲ့ကျောက် ခေါင်းဆောင်များကဲ့သို့ ပိုင်ထျန်းဟမ်သည်လည်း ရုန်းရင်းဆန်ခတ်ဖြစ်မှုကို စောင့်ကြည့်နေခဲ့ရသည်။

တစ်ဖက်တွင် လီနဲ့ကျောက် မျိုးနွယ်စုများသည် ရွှင်လန်းမှုအပြည့်ရှိကြပြီး အချို့မှာ ပြုံးနေကြပြီဖြစ်သည်။

နှစ်ယောက်လုံး ကျင့်ကြံမှုအဆင့် တူညီနေရင်တောင်မှ လီဖန်းကို တိုက်ခိုက်ဖို့အတွက် ပိုင်ကျီဟန် ဆယ်ယောက်ဆိုလျှင်ပင် အခွင့်အရေး မရှိဘူးဟု ထင်ခဲ့ကြသည်။

စေ့စပ်ပွဲကို ဖျက်သိမ်းရပြီး ပိုင်မျိုးနွယ်ကို အကြီးအကျယ် အရှက်ရစေခဲ့မည်ဟု အားလုံးက ထင်မြင်ကြသည်။

အခြားဧည့်သည်များသည်လည်း ရလဒ်ကို ခန့်မှန်းနိုင်သည့်အလား လီဖန်း အလွယ်တကူအနိုင်ရမည်ဟု ထင်ကြသည်။

သို့တိုင် ပိုင်ကျီဟန်စေ့စပ်ပွဲ ပျက်သွားပြီး ရိုက်နှက်ခံရတာကို ကြည့်ချင်သောကြောင့် သူတို့ ခံစားရမည့် ဖျော်ဖြေမှုတွေကို မလျော့ပါးသွားစေချင်ပေ။

လီဖန်း၏အောင်ပွဲနှင့်ပတ်သက်၍ မသေချာသောသူများမှာ ချူကျီယန်ကဲ့သို့ ပိုင်ကျီဟန်နဲ့ ပိုင်ကျန့်တို့၏ ထိပ်တိုက်ရင်ဆိုင်မှုများကို မျက်မြင်တွေ့ခဲ့ကြသူများဖြစ်သည်။

ပိုင်ကျန့်နှင့် ရင်ဆိုင်စဉ်ကလို တူညီသော ခွန်အားကို ပြသနိုင်လျှင် ပိုင်ကျီဟန် ရှုံးမည်ဟု ချူကျီယန် မထင်ထားပေ။

ပိုင်ကျီဟန် လီဖန်းကို အနိုင်ယူနိုင်မည်လား

သူမ သေချာမသိသည့်တိုင် လွယ်လွယ်နဲ့ ရှုံးမှာမဟုတ်ဘူးဆိုတာ သေချာသည်။

ပိုင်ရွှယ်ချင်းသည်လည်း စိုးရိမ်တကြီး ကြည့်နေပေမဲ့ သူမနဲ့ တခြားလူတွေ ဘာမှ မလုပ်နိုင်ခဲ့ပေ။ ခုတော့ ပိုင်ကျီဟန် လက်ထဲမှာပဲ ရှိတော့သည်။

ပိုင်ကျီဟန်သည် ဆင်းလာပြီး လီဖန်း ရှေ့မှာ ရပ်လိုက်သည်။

ပိုင်မျိုးနွယ်၏အိမ်ကြီးသည် ကြီးမားပြီး လေ့ကျင့်ရန် နေရာများစွာရှိသည်။

ဧည့်သည်များသည် နှစ်ယောက်သား အေးအေးဆေးဆေး တိုက်ပွဲဝင်ရန် နေရာဖယ်ပေးပြီဖြစ်သော်လည်း တိုက်ပွဲသည် ထိုအတိုင်း ပြီးဆုံးသွားမည်ဟု ယူဆသဖြင့် မလိုအပ်ဟု လူအများက ထင်ကြသည်။

“ဒါဆို မင်းရဲ့ ကျင့်ကြံမှု အဆင့်ကို ဘယ်လို လျှော့ချမလဲ။"

ပိုင်ကျီဟန်သည် မေးလိုက်သည်။

"မင်းဘာသာ နှိမ့်ချမယ်လို့ပြောထားတာနော်။ ဒီလိုလုပ်မယ်လို့ ယုံကြည်ပါတယ်"

လီဖန်းသည် ပိုင်ကျီဟန်စကားကြောင့် ပြုံးပြသော်လည်း ထပ်နှိုးဆွခွင့်မပေးပေ

ယင်းအစား သူသည် သိုလှောင်လက်စွပ်ကို နှိုက်လိုက်ပြီး ရှေးဟောင်းပုံစံ ကျောက်စိမ်းဆွဲသီးသေးသေးလေးကို ထုတ်ယူခဲ့သည်။

ဆွဲသီးသည် ဝိညာဉ်ရေးရာ စွမ်းအင် လှုံ့ဆော်ပေးသည့် လျှို့ဝှက်ဆန်းကြယ်သော မှော်စာများဖြင့် ရေးထိုးထားသည် ရွှေရောင်တောက်ပမှုကို ထုတ်လွှတ်နေသည်။

လူအုပ်ကြီးသည် ချက်ချင်းပင် ထိုအရာကို မှတ်မိသည်။

"ဝိညာဉ်ပိတ်ဆို့ခြင်း ဆွဲသီး”

လူအုပ်ထဲက တစ်ယောက်သည် ထအော်လေ၏

“စွမ်းအင်စုရပ်မှာ ဝိညာဉ်စွမ်းအင်စီးဆင်းမှုကို ကန့်သတ်ရင် လူတစ်ဦးရဲ့ ကျင့်ကြံမှုကို ခေတ္တတားစီးနိုင်တယ်လို့ ငါကြားဖူးတယ်”

"ဝိညာဉ်ပိတ်ဆိုခြင်း ဆွဲသီးကို အသက်သွင်းပြီးတာနဲ့ ငါရဲ့ကျင့်ကြံမှုကို အဓိက ဖွဲ့စည်းပုံအဆင့်မှာ တစ်နာရီတိတိ ပိတ်ထားလိမ့်မယ်။ အဲဒီအတောအတွင်းမှာ ငါ့ရဲ့ ရွှေဗဟိုနယ်ပယ် ခွန်အားကို လုံးဝမရရှိနိုင်တော့ဘူး" လီဖန်းသည် ရှင်းပြသည်။

"ဒီပစ္စည်းက မင်းရဲ့စိတ်ကို သက်တောင့်သက်သာဖြစ်စေနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်" လီဖန်းသည် မှတ်ချက်ချခဲ့သည်။

"ဟုတ်မယ် ထင်တာပဲ၊ ဒါဆို စတော့"

ပိုင်ကျီဟန်သည် ထိုရှေးဟောင်းပစ္စည်းအကြောင်းကို သိ၏ တစ်နာရီမတိုင်မီ လီဖန်း နဂိုအခြေအနေရောက်ရန် မဖြစ်နိုင်ကြောင်း နားလည်ခဲ့သည်။

ဆိုလိုသည်မှာ သူသည် ခွေးတစ်ကောင်လို အရိုက်ခံရသော်လည်း ဤဆွဲသီးကို ကိုင်ထားသရွေ့ လက်တုံ့ပြန်ရန် မဖြစ်နိုင်သေးပေ။

လီဖန်း ဆွဲသီးအား အသက်သွင်းလိုက်သည်ကို ပိုင်ကျီဟန် ကြည့်နေသည်။

ရွှေရောင်အလင်းတန်းများသည် လီဖန်း ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် တောက်ပနေခဲ့ပြီး ရှေးဟောင်းပစ္စည်းသည် ၎င်း၏မှော်ပညာအတိုင်း လုပ်ဆောင်ခဲ့သည်။

ရွှေဗဟိုနယ်ပယ် ကျင့်ကြံမှု၏ ကြီးမားသော ဖိအားသည် လျင်မြန်စွာ မှိန်ဖျော့သွားပြီး မကြာမီတွင် သူ့ပတ်ဝန်းကျင်ရှိ အရောင်အဝါသည် အဓိက ဖွဲ့စည်းပုံ အဆင့်တွင် တည်ငြိမ်သွားသည်။

ခဏအကြာတွင် ဆွဲသီးမှ အလင်းသည် မှိန်ဖျော့သွားပြီး ၎င်း၏ မှော်စာများ အနည်းငယ် မှိန်သွားသည်။

"ပြီးပြီ”

လီဖန်းသည် သူ့လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ခွန်အားကို စမ်းသပ်လိုက်သည်။

သူ့အမူအရာက ယုံကြည်မှုရှိနေဆဲပင်

သူ၏ ကျင့်ကြံမှု ခေတ္တ လျော့သွားသော်လည်းသူ၏ တိုက်ခိုက်ရေး နည်းစနစ်များ၊ တိုက်ပွဲ အတွေ့အကြုံနှင့် ကာယဗလသည် ပိုင်ကျီဟန်ထက် သာလွန်နေသေးသည်။ ထို့ကြောင့် သူယုံကြည်သည်။

ပိုင်ကျီဟန်သည် ရိုးရှင်းစွာပြုံးပြီး လီဖန်းကို မီးပုံထဲ တိုးဝင်သည့် ပိုးဖလံတစ်ကောင်လို ကြည့်လိုက်သည်။

"မင်း အခု ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆုံးတော့ ငါတို့ တိုက်လို့ရပြီမလား။"

လီဖန်းသည် မေးလိုက်သည်။

"သေချာတာပေါ့၊ ငါ့အချိန်တွေကို မဖြုန်းတော့ဘူး”

ပိုင်ကျီဟန်သည် တိုက်ပွဲကို တစ်ချိန်လုံး နှောင့်နှေးနေတဲ့သူ မဟုတ်သလိုပင် ပြောနေ၏

တိုက်ခိုက်မည့်သူ နှစ်ဦးစလုံးသည့် သူတို့နေရာတွင် ရပ်နေသည် ။ တိုက်ပွဲစတင်မည့်အချိန်ကို ကြည့်ရင်း လူအုပ်ကြီးသည် အသက်ရှုဖို့ပင် မေ့ကုန်၏ ။

လီဖန်းသည် အရပ်ရှည်ရှည်နဲ့ ရပ်နေပြီး သူ့လက်နှစ်ဖက်သည် သူ့ရင်ဘတ်ကို ဖြတ်ကာ ယုံကြည်မှုအပြည့်ရှိနေသည်။

"ကောင်းပြီ ဘာကိုစောင့်နေတာလဲ။"

ပိုင်ကျီဟန်သည် မေးလိုက်သည်။

"ဟူး ငါ မင်းကို သိပ်အနိုင်ကျင့်ချင်တာ မဟုတ်ဘူး။ မင်း ပထမဆုံးတိုက်လိုက်" လီဖန်းသည် ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

သူသည် မာနကြီးတာ မဟုတ်ပေ။ သို့တိုင် ပိုင်ကျီဟန်သည် သူ့နဲ့ မယှဉ်နိုင်ဘူးဟု ယုံကြည်သည်။

ပထမ လှုပ်ရှားမှုကို အလျင်လုပ်ပြီး အလွယ်တကူ အနိုင်ယူခြင်းသည် သူ့ကို လုံးဝ အရှက်ရစေနိုင်သည်။

ထိုနည်းအားဖြင့် ပိုင်ကျီဟန်သည် ဆင်ခြေပေးနိုင်ဘဲ ပိုင်မျိုးနွယ်သည် အလွန်အရှက်ကွဲ သွားမည်ဖြစ်သည်။

ပိုင်ကျီဟန်၏ နှုတ်ခမ်းများသည် ပြုံးနေသည်။

"ကောင်းပြီ" ဟု ပျင်းရိစွာပြောသည်။ "ငါ လုပ်ပေးပါ့မယ်။"

လူမိုက်တချို့က မြန်မြန်သေချင်တာကို ဘယ်သူက ငြင်းမှာလဲ။

ဝူး

ပိုင်ကျီဟန် ရွေ့လျားမှု သည် အဓိကဖွဲ့စည်းပုံ ကျင့်ကြံသူအဆင့်ဖို့ မြန်လွန်းသည်။

လီဖန်း မတုံ့ပြန်ခင်မှာ ပိုင်ကျီဟန်သည် သူ့ရှေ့မှာ ရှိနေချေပြီ။

လီဖန်းသည် အချိန်မီ မရှောင်နိုင်သဖြင့် ပိုင်ကျီဟန်၏ တိုက်ခိုက်မှုကို တားဆီးရန် သူ့လက်ကို မြှောက်ရင်း ခုခံမှုကိုသာ အားကိုးနိုင်ခဲ့သည်။

ဘုန်း

လီဖန်း၏ မြှောက်ထားသော လက်ကို ဦးတည်၍ ပေါ့ပေါ့ပါးပါး ပုံစံရှိသော လက်သီးတစ်ချက်သည် ရှေ့သို့ထိုးချလိုက်သည်။

မိုးခြိမ်းသံကဲ့သို့ အုန်းကနဲ အသံထွက်လာသည်။

ပိုင်ကျီဟန်၏လက်သီးနဲ့ ထိလိုက်သည့်အခိုက်အတန့် ဂျွတ်ခနဲအသံသည် ခန်းမတခွင် ပဲ့တင်ထပ်ခဲ့သည်။

“ အားးး”

လီဖန်းသည် သနားစရာကောင်းသော စူးစူးရှရှ အော်ဟစ်သံနဲ့အတူ ယခင်က မာနကြီးသော ပါရမီရှင်နှင့် မတူပေ။

သူ၏လက်တစ်ဘက်လုံးသည် ထောင့်တွင် ကွေးသွားကာ လက်သီး၏ပြင်းထန်သောတွန်းအားအောက်တွင် အရိုးများ သိသိသာသာ ကွဲထွက်သွားသည်။

လူအုပ်ကြီးသည် တိတ်ဆိတ်စွာ အံ့အားသင့်သွားသည်။

အခုလေးတင် ဘာဖြစ်သွားတာလဲ။

လက်သီးတစ်ချက်…ပြီးတော့ ဒါက အများကြီး ပျက်စီးသွားတာလား?

လီဖန်းသည် လက်သီးများကို လုံး၀ ပိတ်ဆို့ထားသော်လည်း သူ၏လက်များမှာ ကွဲကြေနေဆဲပင်။

လီဖန်းသည် ကျိုးနေသည့် လက်မောင်းကို ဆုပ်ကိုင်ထားရင်း နောက်ပြန် လဲကျသွားပြီး သူ့မျက်နှာက နာကျင်မှုကြောင့် တွန့်လိမ်သွားသည်။

သူ့ ကျင့်ကြံမှုကို လျော့ချထားသည့်တိုင် ပိုင်ကျီဟန်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်မှု မရှိလောက်ဟု ဘယ်တုန်းကမှ မထင်ခဲ့ချေ။

သို့သော် ၎င်းလက်သီးသည် အလွန်

အစွမ်းထက်မြက်ပြီး ၎င်း၏ ချီကာကွယ်ထားသော လက်ကို ထိုးဖောက်ဝင်ရောက်ကာ အရိုးများကို တိုက်ရိုက်ကျိုးသွားခဲ့သည်။

ထိုခွန်အားအဆင့်သည် ရူးစရာပင်။ ၎င်းသည် သူ့ထက်ပင် လုံးဝကို ကျော်လွန်သွားခဲ့သည်။

လီဖန်း၏ တစ်ချိန်က ယုံကြည်ချက်ရှိသော အမူအရာသည် ပျက်စီးပြီး နဖူးမှချွေးများ စီးကျလာသည်။

သိုတိုင် ပိုင်ကျီဟန်သည် မပြီးသေးပေ။

လီဖန်းသည် သူ့ဘာသာ တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာ ပိုင်ကျီဟန်သည် ရှေ့ကို တိုးလာသည်။

ဘန်း

ဒူးတစ်ချက်သည် လီဖန်းဗိုက်ကို တိုက်သွားသော်လည်း သူသည် နှုတ်ဆိတ်နေခဲ့သည်။ သူ့အဆုတ်မှ လေတွေအားလုံး ထွက်သွားသလိုပင် သူ့အမြင်အာရုံတွေ ဝေဝါးသွားသည်။

သို့တိုင် ပိုင်ကျီဟန်ကတော့ မပြီးသေးချေ။

ဘုန်း!

မျက်နှာကို လက်ဖဝါးဖြင့် ရိုက်ခံလိုက်သော လီဖန်းသည် လေထဲတွင် လှည့်ပတ်ကာ ခွေးရုပ်တစ်ရုပ်လို မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။

"အား!"

တစ်ချိန်က လီမျိုးနွယ်၏ ဂုဏ်ယူဝံ့ကြွားဖွယ် ပါရမီရှင်သည် ယခုအခါ ကြမ်းပြင်ပေါ်တွင် တွန့်လိမ်နေပြီး နာကျင်စွာ တုန်လှုပ်နေကာ ခန်းမအတွင်း သူ့အော်သံများ ပဲ့တင်ထပ်နေသည်။

လူအုပ်ကြီးသည် မယုံကြည်နိုင်စွာ အံ့အားသင့်စွာ ကြည့်နေကြသည်။

"ဒါ...မဖြစ်နိုင်ဘူး”

"ပိုင်ကျီဟန်က ဘယ်လို သန်မာလာတာလဲ?"

"ပိုင်ကျီဟန်က တကယ်ပဲ အစွမ်းထက်တာလား ဒါမှမဟုတ် လီဖန်းက အရမ်းအားနည်းနေတာလား။"

ပိုင်ကျီဟန် ညှဉ်းပန်းနှိပ်စက်ခံရတာကို အံ့သြတုန်လှုပ်စွာ စောင့်ကြည့်နေချိန်မှာ လီဖန်းအော်ဟစ်သံတွေသည် ခန်းမထဲမှာ အပြည့်ပင်။

တစ်ခါထက် တစ်ခါရှင်းနေသည်— လီဖန်း သည် အခွင့်အရေးမရှိခဲ့ပေ။

တိုက်ပွဲက ပြီးသွားချေပြီ။

သို့တိုင် ပိုင်ကျီဟန်သည် ထိုအရာကို မပြီးချင်သေးပေ။

All Chapters