လီဖန်း၏ အရှက်ကွဲမှု
Vol. 3 Ch. 39
“ဘုန်း ဘုန်း”
ဘယ်အရာမျှ မထောက်ဘဲ ပိုင်ကျီဟန်သည် လီဖန်းကို ဆက်တိုက် ရိုက်နှက်နေသည်။
လီမျိုးနွယ်မျက်နှာတွေသည် မိုးကြိုးပစ်ခံရသလို အလျင်အမြန် ပြောင်းသွားကြသည်။
ပထမက ပြုံးနေသော မျက်နှာတွေသည် မဲမှောင်သွားကြသည်။
ကျောက်မျိုးနွယ်သည် မကျေနပ်သော်လည်း အနည်းဆုံးတော့ သူတို့မျိုးနွယ် အရှက်ကွဲတာ မဟုတ်သည့်အတွက် သက်သာရာရကြသည်။
ပိုင်ကျီဟန်သည် လီဖန်းကိုတစ်ချက်ထိုးပြီးအနိုင်ရသွားသည့်အထိ အစွမ်းထက်မည်ဟု မည်သူကထင်မည်နည်း
ကလေးတစ်ယောက်လို ရိုက်နှက်ခံနေရသည့် လီဖန်းကို မြင်တော့ ကျောက်ချန် မျက်နှာဖြူဖျော့သွားသည်။
သွားများကိုစိရင်း ဝင်ပါရန် ရှေ့တိုးလာသည်။ သို့သော် ထိုအချိန်မှာဝင်ပါလျှင် သူတို့အစီအစဉ် ပျက်စီးသွားမည်ကို သိနေသည်။
ယခု သူလုပ်နိုင်သမျှသည် အခြေအနေကို ကယ်တင်ပြီး လီဖန်းကို သက်သာရာရစေဖို့ပင် သို့မဟုတ်ပါက လီဖန်းအရှက်ရနေချိန်တွင် မကူညီခြင်းကြောင့် လီမျိုးနွယ်သည် သူ့ကို မုန်းတီးသွားတာမျိုး ဖြစ်နိုင်သည်။
“ရပြီ ပိုင်ကျီဟန်”
သူ့အရောင်အဝါထွက်ပေါ်လာပြီး ရှေ့သို့လှမ်းလာသည်။
“မင်းအနိုင်ရပြီ၊ ဆက်မလိုတော့ဘူး—”
“ဟင်?”
ပိုင်ကျီဟန်သည် ခေါင်းလှည့်ကာ ကြားဖြတ်လိုက်သည်။
ပြုံးကာ မျက်လုံးသည် တောက်ပစွာ ကြည့်သည်။
“ကျောက်ချန် မင်းခုနကပြောတော့ ချူကျီယန်ကို တအား ချစ်နေတာလို့ မပြောခဲ့ဘူးလား? ဒီချစ်ခြင်းအတွက် ဒီနာကျင်မှုကို မခံနိုင်ဘူးလို့ ပြောချင်တာလား?”
ကျောက်ချန်မျက်နှာသည် မဲမှောင်သွားသည်
ပိုင်ကျီဟန်က လှောင်ပြောင်လိုက်သည်။
“သူက လွယ်လွယ်နဲ့ အရှုံးမပေးနိုင်ဘူးထင်တယ်။ ချစ်သူအတွက် နောက်ထပ် နာကျင်မှုတွေကိုလည်း ခံနိုင်ရမယ်”
သူသည် မျက်နှာများ ရောင်ရမ်းနေပြီး မြေပြင်တွင်ညည်းနေသည့် လီဖန်းဘက်လှည့်လိုက်သည်။
“ ဒါက တစ်ဖက်သတ်အချစ်ကြောင့် နာကျင်မှူနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးပါဘူး”
ပိုင်ကျီဟန်သည် ခြေထောက်ကို မြှောက်
လိုက်ပြီး
ပြင်းပြင်ထန်ထန် ဖိချလိုက်သည်။
“အားးးးး”
လီဖန်းအော်သံသည် အခန်းတစ်ခန်းလုံးကို လွှမ်းမိုးသွားသည်။
“မိန်းမလို အော်နေတာကို ရပ်ပြီး ယောကျာ်းလို လုပ်စမ်းပါ ။ အခုလိုဆို ချူကျီယန်ရှေ့မှာ မင်း ကြည့်မကောင်းနိုင်ဘူးလေ”
“ဘုန်း”
လီဖန်း၏အခြေအနေမှာ ပြန်လည်ခုခံနိုင်စွမ်းမရှိသည့်အပြင် ဒဏ်ရာများပါရှိနေသော်လည်း ပိုင်ကျီဟန်သည် သူ့ကိုလွှတ်ပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
လီဖန်းသည် အရှုံးပေးချင်သည့်တိုင် သူကြိုးစားတိုင်း ပိုင်ကျီဟန်သည် သူ့ကို မခံမရပ်နိုင်အောင် မျက်နှာနဲ့ ထုရိုက်ခဲ့သည်။
ပိုင်ကျီဟန် နောက်ထပ် ထိုးခါနီးမှာ
ဘုန်း
လီမျိုးနွယ်ဘက်ခြမ်းမှ ချီပြင်းထန်သောလှိုင်းများ ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး တုန်ခါသွားသည်။
"တော်ပြီ”
မိုးခြိမ်းသံတစ်ခုသည် အခန်းတွင်းကို မုန်တိုင်းဝင်သွားသလိုမျိုး ပဲ့တင်ထပ်သွားသည်။
ဧည့်သည်များသည် သူတို့အပေါ်သို့ ဆင်းသက်လာသဖြင့် တုန်လှုပ်ခြောက်ခြားသွားကြသည်။ အားနည်းသော ကျင့်ကြံသူများသည်ပင် ၎င်း၏ ကြီးမားသောဖိအားအောက်တွင် အသက်ရှူကြပ်ခြင်းကို ခံစားခဲ့ရသည်။
ဥက္ကာပျံကဲ့သို့ ရှေ့သို့ရောက်လာသူသည် လီမျိုးနွယ်စု၏ ဘိုးဘေး လီဖန်း၏ ဖခင် လီကျန်းဟုန်ပင်။
သူ့အမူအရာသည် မည်းမှောင်နေပြီး မျက်လုံးများက ဒေါသနှင့် ပြည့်နေသည်။
သူ့သား၏ အရှက်ကွဲမှုကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သော်လည်း ပိုင်ကျီဟန်၏ မညှာမတာ ရိုက်နှက်မှုသည် နောက်ဆုံး ကောက်ရိုးတစ်မျှင်လို ဖြစ်နေသည်။
မဆိုင်းမတွဘဲ လီကျန်းဟုန်သည် သူ၏လက်ဖဝါးကို မြှောက်လိုက်ပြီး သူ၏ ချီသည် ပြင်းထန်စွာ တဟုန်ထိုး ခုန်တက်လာကာ ပိုင်ကျီဟန်ဆီသို့ အင်အားအပြည့်ဖြင့် ရိုက်လိုက်သည်။
ပိုင်ကျီဟန်ကို ချက်ချင်းချေမှုန်းဖို့ ရည်ရွယ်သည့် တိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်ပြီး လျင်မြန်သည့်အပြင် ပြင်းထန်သည်။
ဧည့်သည်များ ရင်မောသွားကြသည်။
"လီကျန်းဟုန်က လှုပ်ရှားနေတယ်”
"သူဟာ လူတိုင်းရှေ့မှာ ဂျူနီယာကို တိုက်ခိုက်နေတာလား။ သူ့ဂုဏ်သိက္ခာကျဆင်းမှာကို မကြောက်ဘူးလား"
"အဓိက ဖွဲ့စည်းပုံ ကျင့်ကြံသူက အာကာသသန့်စင်ခြင်း
အဆင့်ကျွမ်းကျင်သူရဲ့ တိုက်ခိုက်မှုမှာ မရှင်သန်နိုင်ဘူး”
ဧည့်သည်တော်တော်များများသည် လီကျန်းဟုန်၏အပြုအမူကို မျက်မှောင်ကြုတ်ကြသော်လည်း မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုဝံ့ကြပေ။ ဤသည်မှာ ပိုင်နဲ့လီမျိုးနွယ်စုများကြား တိုက်ပွဲဖြစ်သည်။
သို့သော်-ဘုန်း!
လီကျန်းဟုန်၏တိုက်ခိုက်မှုသည် ပိုင်ကျီဟန်ဆီ သို့မရောက်ရှိမီတွင် ကြောက်မက်ဖွယ်ကောင်းသော ချီပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။
ပိုင်ကျီဟန်ရှေ့မှာ ရုပ်လုံးပေါ်လာသည်။
သူက ပိုင်ထျန်းဟမ်ပင်
ပိုင်မျိုးနွယ်၏ဘိုးဘေး၊ ပိုင်ထျန်းဟမ်၏ဖခင်သည် နောက်ဆုံးတွင် လှုပ်ရှားသွားခဲ့သည်။
ကလန်!
လီကျန်းဟုန်၏ လက်ဖဝါး ကျလာသည်နှင့်အမျှ ပိုင်ထျန်းဟမ်၏လက်သည် ရှေ့သို့ လှမ်းကာ လွယ်ကူစွာ ကြားဖြတ်လိုက်လေသည်။
ခန်းမအတွင်း ကျယ်လောင်သော လှိုင်းလုံးကြီးသည် လက်ဖက်ရည်ခွက်များကို ကွဲအက်သွားစေကာ အားနည်းသော ကျင့်ကြံသူများအား နောက်ပြန် ယိမ်းထိုးသွားစေသည်။
ဘိုးဘေးနှစ်ဦးသည် နေရာတွင် ရပ်နေကာ ၎င်းတို့၏ ချီသည် တိတ်ဆိတ်သော တိုက်ပွဲတွင် တိုက်မိသွားသည်။
အာကာသသန့်စင်ခြင်းအဆင့်ကျွ မ်းကျင်သူနှစ်ဦးကြား
တိုက်ခိုက်မှု ဆိုသည့်အတိုင်း တင်းမာမှုသည် အသက်ရှူကြပ်စေသည်။
ဤသည်မှာ ကောင်းကင် အင်ပါယာရှိ အပြင်းထန်ဆုံးသော ပုဂ္ဂိုလ်များအကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်သည်။
ပိုင်ထျန်းဟမ် အကြည့်တွေသည် တည်ငြိမ်ပေမယ့် လီကျန်းဟုန်ကို စူးစူးရှရှ စိုက်ကြည့်နေသည်။
"ဘိုးဘေးလီ" ဟု ဖြည်းညှင်းစွာပြောကာ သူ့အသံမှာ သြဇာအာဏာရှိနေသည်။
"ဒီလိုလေးစားရတဲ့ ဧည့်သည်တွေရှေ့မှာ ဂျူနီယာကို တိုက်ခိုက်တာလား။"
လီကျန်းဟုန်၏ မျက်နှာသည် အေးစက်နေပြီး သူ့ဒေါသကို မထိန်းနိုင်ပေ
" ပိုင်ထျန်းဟမ် ၊ မင်းရဲ့သားက အရမ်းများသွားပြီ။ အရာအားလုံးမှာ ကန့်သတ်ချက်ရှိတယ်။ ငါ ထိုင်ကြည့်နေဖို့ မင်း မျှော်လင့်ထားတာလား။"
ပိုင်ထျန်းဟမ်သည် တုပ်တုပ်မျှ မလှုပ်ပေ ။
လီကျန်းဟုန်၏ လက်ဖဝါးကို တင်းတင်းဆုပ်ကိုင်ထား၏။
"မင်းရဲ့သားကရော ဘာလဲ"
ပိုင်ထျန်းဟမ်သည် အေးဆေးစွာ မေးလိုက်သည်။
"ငါ့ရဲ့ ကျီဟန်ကိုစိန်ခေါ်တဲ့သူ မဟုတ်ဘူးလား။ မင်းဘာလို့မတားတာလဲ။"
သူက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါမှမဟုတ် လီမျိုးနွယ်က စိန်ခေါ်မှုတွေကို ရှင်းနိုင်ပေမယ့် အကျိုးဆက်တွေကို လက်မခံနိုင်ဘူးလို့ပြောနေတာလား။"
လီကျန်းဟုန်၏ အမူအရာ တုန်လှုပ်သွားသည်။
"မင်း”
ပိုင်ထျန်းဟမ်၏ ချီသည် မသိမသာ တောက်ပလာပြီး မမြင်နိုင်သော ဖိအားကို ပေးလိုက်သည်။
“မင်း ငါ့သားကို တိုက်ခိုက်ဖို့ တွန်းအားပေးရင်” သူ့အသံက အေးစက်သွားကာ “သနားညှာတာတာမျိုး မရှိလို့ ငါ့ကို အပြစ်မတင်ပါနဲ့”ဟု ပြောလိုက်သည်။
အဓိပ္ပါယ်က ရှင်းသည်။
လီကျန်းဟုန်သည် ပိုင်ကျီဟန်ကို တိုက်ခိုက်ခဲ့ပါက ပိုင်ထျန်းဟမ်သည် သည်းခံနေမည် မဟုတ်ပေ။ မျိုးနွယ်စုနှစ်ခုကြား စစ်ပွဲ၏အစဖြစ်နိုင်သည်။
ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည် ။
လွန်ခဲ့သည့်အခိုက်အတန့်တွင်ကြည့်ရှုခံစားခဲ့သော ကျောက်မျိုးနွယ်သည် ယခုအခါ စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။
၎င်းသည် အစီအစဉ်၏ အစိတ်အပိုင်းမဟုတ်ပေ။ လီဖန်းသည် ပိုင်ကျီဟန်ကို အရှက်ရစေခဲ့လျှင်ပင် ၎င်းသည် အကြီးအကဲများ၏ ဝင်ရောက်စွက်ဖက်မှု လိုအပ်သည့် အရာမဟုတ်ဘဲ ငယ်ရွယ်သူများကြား ရန်ပွဲဖြစ်သင့်သည်။
သို့သော်လည်း လီကျန်းဟုန်လုပ်နေသည်မှာ ပဋိပက္ခကို ကြီးထွားစေပြီး ကျောက်မျိုးနွယ်မှ မလိုလားသည့် အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျောက်ချန်သည် လက်သီးများကို ဆုပ်ထားသည်။ မျိုးနွယ်စုခေါင်းဆောင်များ၏ ပါဝင်ပတ်သက်မှုနှင့်အတူ သူ့လို ဂျူနီယာအတွက် နေရာမရှိပေ။
ထိုအတောအတွင်း ပိုင်ကျီဟန်သည် သူ့အင်္ကျီလက်များကို ဖုန်ခါကာ လုံးဝစိတ်မ၀င်စားသလို နေနေသည်။
ကြမ်းပြင်ပေါ်တွင် ညည်းတွားဆဲဖြစ်သော လီဖန်းကို ငုံ့ကြည့်ကာ ပြုံးပြသည်။
"ဘိုးဘေး လီ" ဟု ပျင်းရိစွာပြောသည်။
"ဝင်ရောက်စွက်ဖက်ချင်တာ သေချာလား ။အကြီးအကဲ သားရဲ့အချစ်ကို ဖျက်စီးချင်တဲ့သူတကယ်ဖြစ်ချင်တာလား။"
လီကျန်းဟုန်၏လက်ချောင်းများသည် ဒေါသနှင့်တုန်နေသည်။
ထိုအချစ်ဇာတ်လမ်းသည် စေ့စပ်ရေးတွင် အနှောင့်အယှက်ဖြစ်စေရန် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သော်လည်း ပိုင်ကျီဟန်သည် ၎င်း၏သားကို ဆက်လက်တိုက်ခိုက်ရန် သူ့အကျိုးအတွက် ထိုဇာတ်လမ်းကို အသုံးပြုခဲ့သည်။
မာနကြီးသည့် ထိုကောင်လေးကို ချေမှုန်းဖို့ကလွဲလို့ ဘာကိုမှ မလိုချင်ပေမယ့် ပိုင်ထျန်ဟမ်သည် လွယ်သော ပြိုင်ဘက်မဟုတ်မှန်း သူသိသည်။
ထို့အပြင် ၎င်းတို့တွင် အလားတူ ကျင့်ကြံမှုအဆင့်များ ရှိသော်လည်း ပိုင်ထျန်းဟမ်သည် အမြဲတမ်း ပိုမိုအားကောင်းနေပြီး အစောပိုင်း ထိပ်တိုက်ရင်ဆိုင်မှုများကပင် သာလွန်နေသေးကြောင်း သက်သေပြခဲ့သည်။
"ဟူး”
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် လီကျန်းဟုန်သည် သူ့လက်ကို နောက်ဆုတ်လိုက်သည်။
"ဟမ်”
ပိုင်ထျန်းဟမ်သည် သူ့လက်ကို လွှတ်လိုက်သည့်တိုင် သူ့အကြည့်တွေက စူးရှဆဲပင်
"ကောင်လေး ..ဘယ်အချိန်မှာ ရပ်ရမလဲ မင်းသိသင့်တယ်။ လီဖန်းက ရှုံးနေပြီ”
လီကျန်းဟုန်သည် ဒေါသတကြီး ပြောလိုက်သည် ။
"အိုး? ဒါဆိုထားပါလေ ။ ကျွန်တော်လည်း အားနည်းသူတွေကို ရိုက်နှက်ဖို့ စိတ်မဝင်စားဘူး"
ပိုင်ကျီဟန်သည် ပေါ့ပေါ့တန်တန်ပြောကာ လီကျန်းဟုန်ကို ပိုဒေါသဖြစ်သွားစေသည်။
လီကျန်းဟုန်သည် သူ့သားဘက်မလှည့်မီ နောက်ဆုံး ပိုင်ကျီဟန်ကို ကြည့်လိုက်သည်
"လီဖန်း" ဟု အေးစက်စွာပြောသည်။
"မတ်တတ်ထ”
လီဖန်းသည် နာကျင်နေဆဲဖြစ်ပြီး တုန်တုန်ယင်ယင်နဲ့ ကြိုးစားထနေသည်။
သူ့ခြေထောက်တွေသည် အားနည်းနေပြီး အမြင်အာရုံ ဝေ့ဝါးသွားပေမဲ့ သွားတွေ အံကြိတ်ကာ မတ်တပ်ထလိုက်သည်။
လီမျိုးနွယ်၏ တစ်ချိန်က မာနကြီးသော ပါရမီရှင်သည် ယခင်ကနှင့်မတူတော့ပေ။
ရှုံးနှိမ့်ခဲ့သည်
အရှက်ရခဲ့သည်။
ကျိုးပဲ့နေခဲ့သည်။
ဧည့်သည်များ အချင်းချင်း တိုးတိုးပြောကြသည်။
"လီဖန်းက စိတ်မကောင်းစရာ အခြေအနေနဲ့ကို ရှုံးတာ။"
"ပိုင်ကျီဟန်က ဒီလောက်သန်မာလာမယ်လို့ ဘယ်သူထင်မှာလဲ။"
“ဘယ်လို အဖြစ်အပျက်တွေလဲ…”
ပိုင်ကျီဟန်သည် သမ်းပြီး လက်နှစ်ဖက်ကို ပျင်းရိစွာ ဆန့်တန်းလိုက်သည်။
လီဖန်းသည် လက်သီးများကို ကြပ်ကြပ်ဆုပ်ထားရင်း လက်သည်းများသည် သူ့လက်ဖဝါးထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သူ့အရှက်သည် သူ့ဒဏ်ရာတွေထက် ပိုပူလောင်သည်။
ပိုင်ကျီဟန်ကို နောက်ဆုံးတစ်ချက် စူးစူးစိုက်စိုက်ကြည့်ရင်း လှည့်ထွက်သွားကာ သူ့ခြေလှမ်းတွေက မတည်ငြိမ်တော့ပေ
တိုက်ပွဲက ပြီးသွားချေပြီ
အောင်ပွဲခံသူမှာ ပိုင်ကျီဟန် ဖြစ်သည်။