← Chapters

စေ့စပ်ပွဲပြီးဆုံးသည်

Vol. 3 Ch. 40

စေ့စပ်ပွဲပြီးဆုံးသည်

Vol. 3 Ch. 40

ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီး လေထဲတွင် တင်းမာမှုများ အလွန်ကြီးမားနေဆဲ ဖြစ်သည်။

တိုက်ပွဲပြီးသွားသော်ငြားလည်း ပိုင်ကျီဟန်အနိုင်ရသည့် အချက်သည် အားလုံးထဲတွင် လှိုင်းအလုံးစုံ ပြန့်ကျဲသွားသည်။

“ပိုင်ကျီဟန်က ဒီလောက်အစွမ်းထက်တဲ့သူ ဖြစ်ပါ့မလား?”

ပိုင်ကျီဟန်ကို အမြဲ အားနည်းသူတွေအပေါ်သာ အနိုင်ကျင့်တတ်သည့် သခင်လေးဟု ထင်နေကြသည့် ပိုင်မျိုးနွယ် များပင် တံတွေးမျိုချကြရသည်။

လီဖန်းကို ရိုက်ခဲ့သည့်ပုံစံသည် သူတို့ကို ဆက်ဆံသည်ထက် ပိုဆိုးခဲ့သည်။

အနည်းဆုံးတော့ လီမျိုးနွယ်၏ သခင်လေးဟု လူသိများသော လီဖန်းပင် သူတို့ထက် ပိုခံစားခဲ့ရသည်။

အမြဲတမ်း ပိုင်ကျီဟန်ကို အထင်သေးသည့် ပိုင်မျိုးနွယ် အကြီးအကဲ ပိုင်ဖန်းပင် မယုံနိုင်သည့် မျက်နှာဖြင့်ပင်။

တချို့ ပိုင်ဖန်းဘက်မပါသည့် ပိုင်မျိုးနွယ် အကြီးအကဲများသည် ၎င်းတို့၏ ဆက်ခံသူ သန်မာနေသောကြောင့် ဝမ်းမြောက်ကြသည်။

သို့တိုင် အများစုကတော့ အခြားဘက်က ဖြစ်နေသည်။

ပိုင်ကျီဟန် အားမနည်းဘဲ အစွမ်းထက်နေသည့်အပြင် ချီကျီယန်နှင့် လက်ထပ်ပါက အမွေဆက်ခံသူရာဖူးမှ ဖယ်ထုတ်ရန် အခက်အခဲများ ရှိလာမည်ပင်

“အဲဒီကောင် ဘယ်လိုဖြစ်နိုင်မလဲ?”

ပိုင်ဖန်းသည် သဘောမကျစွာ ပြောလိုက်သည်။

သူ့မျက်စိထဲတွင် ပိုင်ကျီဟန်သည် အမွေဆက်ခံသူနေရာနဲ့ မထိုက်တန်သည့် ဘာမှမဟုတ်သော ပြသနာရှာတတ်သူသာ ဖြစ်ခဲ့သည်။

သို့သော် ယခုတွင် အင်ပါယာရှိ အထင်ကြီးခံရသော လူငယ် တစ်ဦးဖြစ်သည့် လီဖန်းကို အလွယ်တကူ အနိုင်ရခဲ့သည်။

အထူးသဖြင့် လီဖန်းသည် ပိုင်ကျီဟန်ကျင့်ကြံမှုအဆင့်နဲ့ ကိုက်ညီအောင် စွမ်းအားချထားပေမယ့် လုံးဝ လွှမ်းမိုးနိုင်မည့် အချက်ကို

မပြောင်းလဲနိုင်ပေ။

ပိုင်ထျန်းဟမ် အတွက်တော့ မျှော်လင့်မထားသည့် ဂုဏ်ယူမှုဖြစ်သည်။

ပထမတော့ လက်ထက်ပွဲပျက်ဆီးစေရန် အရှုံးခံည်ဟု ထင်နေခဲ့သော်လည်း အမှန်တကယ်တော့ လီဖန်းကို လုံးဝ အနိုင်ရသွားသည်။

ဒါက သူ့ကို ဂုဏ်ယူစေခဲ့သည်။

သို့သော် တစ်ခု မေးစရာရှိသည်။ ပိုင်ကျီဟန်သည် သာမန်ခန္ဓာကိုယ်သာရှိပြီး အားအနည်းဆုံးဖြစ်ကာ ကျင့်ကြံတာလည်းရှားသည်။

တဖက်မှာတော့ ပိုင်ရွှယ်ချင်းသည် မျက်လုံးပြူးသွားသည်။

သူမ အမြဲ ထင်နေခဲ့တာက ပိုင်ကျီဟန်သည် သူ့အရည်အချင်းထက် မိဘအဆင့်တန်းကိုသာ အားကိုးခဲ့သည်။

သို့သော် ယခုသူမ ရှေ့မှ ဖြစ်ရပ်မှန်ကို ငြင်းမရပေ။

“သူ ဘယ်လို အစွမ်းထက်နေရတာလဲ? ဒါမှမဟုတ် သူတစ်ချိန်လုံး ကွယ်ဝှက်ထားတာလား?”

ပိုင်ကျီဟန်မွေးကတည်းက သူ့အကြောင်းသိပြီးသား ဖြစ်သော်လည်း ယခုပြသသော ရုတ်တရက် ခွန်အားသည် မဖြစ်နိုင်တာ သေချာသည်။

သူ့စွမ်းအားကို တလျှောက်လုံး ဖုံးကွယ်ထားလျှင် ငယ်စဉ်ကတည်းက ဖုံးကွယ်ထားရလိမ့်မည်ပင်။

သို့သော် သူမရှေ့ရှိ အဖြစ်မှန်သည် မတူညီသော ဇာတ်လမ်းတစ်ခုကို ပြောပြသည်။ သူ၏ ခွန်အားသည် ငြင်းမရနိုင်ပေ။ အဓိက ဖွဲ့စည်းပုံ အဆင့်ရှိ တစ်စုံတစ်ဦး၏ ပုံမှန်အခြေအနေထက် ကျော်လွန်သွားသည် ။

တူညီသော ကျင့်ကြံမှုနယ်ပယ်တွင်ပင် သူသည် သာမန်ထက် များစွာ သန်မာခဲ့သည်။

ပိုင်မျိုးနွယ်၏ အကြီးမြတ်ဆုံး ပါရမီရှင်ဖြစ်သည့် သူမပင် လီဖန်းနဲ့အတူတူ ကျင့်ကြံရေး အဆင့်ကို နိမ့်ချလျှင်ပင် ပိုင်ကျီဟန်လိုပဲ လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်မည် မဟုတ်ပေ

သို့တိုင် လေ့ကျင့်ရေးတွင် အမြဲပျင်းရိပြီး နှစ်ပေါင်းများစွာ တိုးတက်မှုမရှိသော သူမ၏မောင်သည် ထိုကဲ့သို့ အောင်မြင်ခဲ့သည်။

ပိုင်ကျီဟန်နဲ့ပတ်သတ်ပြီး သူမယုံကြည်ခဲ့သမျှသည် ပြောင်းပြန်

ဖြစ်သွားပြီဟု သူမ ခံစားမိသည်။

ပြီးတော့ ချူကျီယန်

သူမ၏ သံသယများသည် မှန်ကန်ခဲ့သည်။

ပိုင်ကျီဟန်နဲ့ ပိုင်ကျန့် ထိပ်တိုက်တွေ့ပြီးကတည်းက သူ့စွမ်းအားအစစ်အမှန်ကို လျှို့ဝှက်စွာ ဖုံးကွယ်ထားလားဟု တွေးနေခဲ့မိသည်။ တကယ်တမ်းတော့ သူ့စွမ်းအားသည် လူတိုင်း ထင်ထားတာထက် အများကြီး ပိုသန်မာသည်။

အခုတော့ အမှန်တရားကို အားလုံးမြင်အောင် ထုတ်ပြလိုက်ချေပြီ။

"ဒါဆို နင်က တကယ် ဝှက်ထားတာပဲ ပိုကျီဟန်"

သူမ၏ နှုတ်ခမ်းပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ မျက်လုံးများသည် အမည်မသိ ခံစားချက်များဖြင့် လင်းလက်နေသည်။

ထို့နောက်

"စေ့စပ်ပွဲ ဆက်လုပ်ကြရအောင်။"

ပိုင်ထျန်းဟမ်၏ ခိုင်လုံသောအသံသည် ညည်းညူသံများကို ဖြတ်တောက်လိုက်သည်။

ပိုင်ကျီဟန်နဲ့ ချူကျီယန်တို့၏ စေ့စပ်ပွဲ တရားဝင်ကျင်းပတော့မည့် ပင်မစင်မြင့်ဆီသို့ အားလုံးက မျက်လုံးများ လှည့်သွားကြသည်။

ခန်းမထဲတွင် တင်းမာမှုများ ရွေ့လျားသွားသည်။ တိုက်ပွဲပြီးဆုံးသွားသော်လည်း စေ့စပ်ပွဲသည် ရိုးရှင်းသောပုံစံတော့ မဟုတ်တော့ပေ

ယခုအခါ ဧည့်သည်တိုင်းသည် ပိုင်ကျီဟန်ကို ပုံစံအသစ်ဖြင့် ကြည့်နေကြသည် ။

တစ်ချိန်က အပယ်ခံ ဖြစ်ခဲ့ရသော သခင်လေးသည် သူ့ကိုယ်သူ အလွန်ကြောက်စရာကောင်းလောက်အောင် သန်မာကြောင်း သက်သေပြခဲ့သည်။

သူ့အဆင့်အတန်းသည် ပါရမီရှင်အဆင့်အထိ ရုတ်တရက် တက်သွားသည်ဟု မဆိုလိုပေ။ သူ့ ကျင့်ကြံမှုသည် အတော်လေးနိမ့်ကျနေသေးသည်။

ပိုင်ကျီဟန်အဖို့ ဘယ်လောက်ပဲ ရုပ်ပိုင်းဆိုင်ရာ သန်မာနေပါစေ ၊ ကျင့်ကြံမှူမှု စွမ်းရည်မရှိပါက ရေရှည်မှာ အားနည်းနေအုံးမည်ပင်။

လီမျိုးနွယ်သည် ၎င်းတို့၏ အရှက်ရစရာ ဆုံးရှုံးမှုကြောင့် ဒေါသထွက်နေသည့်တိုင် သွားများကိုသာ အံကြိတ်နိုင်ခဲ့သည်။

စေ့စပ်ပွဲကို ဖျက်ဆီးရန် ၎င်းတို့၏ အစီအစဉ် မအောင်မြင်ရုံသာမက ကြီးမားသော အရှက်ကွဲမှုကို ခံစားခဲ့ရသည်။

အထူးသဖြင့် ကျောက်မျိုးနွယ်မှ ကျောက်ချန်သည် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး ၎င်းတို့ စီစဉ်ထားသည့်ရလဒ်နှင့် ဝေးကွာခဲ့သည်။

ထို့အပြင် ၎င်းတို့၏ ကောင်းကင်အဆင့် ကောင်းကင်ယံအမွေးယပ်တောင်ကိုလည်း ပိုင်ကျီဟန်မှ လုယူသွားခဲ့သည်။

သို့တိုင် မည်သူက မည်သို့ ထင်မြင် နေပါစေ၊ စေ့စပ်ပွဲ အခမ်းအနားကို ဆက်လုပ်ခဲ့သည်။

ခန်းမအလယ်ရှိ ခမ်းနားသောစင်မြင့်အား လျှင်မြန်စွာ ပြန်လည်ပြင်ဆင်ခဲ့သည်။

ရွှေမီးအိမ်များ ထွန်းညှိထားပြီး အနုစိတ်သော အလှဆင်မှုများအပေါ် အလင်းပေးထားသည်။

ပိုင်မျိုးနွယ် အမှတ်တံဆိပ်ကို ထောင်ထားသည် စင်မြင့်တွင် ကျောက်စိမ်းတိုင်များကို စီတန်းထားပြီး အမွှေးနံ့သာတွေက မွှေးကြိုင်နေကာ အခိုးအငွေ့တွေ ထွက်လာသည်။

ဧည့်သည်များသည် အချင်းချင်း တီးတိုးပြောနေရင်း စင်မြင့်ဆီသို့ အာရုံစိုက်လာကြသည်။

ပိုင်ကျီဟန်သည် သူ့ရှေ့တွင် ပေါ်ပေါက်လာမည့် ခမ်းနားသော အဖြစ်အပျက်ကို ဂရုမစိုက်သလို ပျင်းရိစွာ ရှေ့ကို တိုးလာသည်။

မရေမတွက်နိုင်သော အကြည့်များကြားတွင် အပြုံးဖြင့် သူ့အင်္ကျီလက်များကို ခါကာ သက်တောင့်သက်သာ နေလိုက်သည်။

ချူကျီယန်သည် ခြေလှမ်းများဖြင့် စင်မြင့်ဆီသို့ လျှောက်သွားသည်။

သူမ၏အလှသည် ကြော့ရှင်းပြီး ပြင်းထန်သည့်အပြင် သန့်စင်လှသည်။

သူမ အကြည့်တွေသည် ပိုင်ကျီဟန်ကို စူးစူးရဲရဲနဲ့ ကြည့်နေသည်။

ဒီလူ…

ထိုအခိုက်အတန့်ကစပြီး သူမ၏ စေ့စပ်ထားသူဖြစ်မှာပင်။ နောင်တစ်ချိန်မှာ သူနဲ့လက်ထပ်ရတော့မှာပါလား။

သူတို့နှစ်ယောက် ဘေးချင်းကပ်ရပ်နေချိန်တွင် ပိုင်မျိုးနွယ်၏ အကြီးအကဲတစ်ဦးဖြစ်သူ သည် ရှေ့သို့ တိုးလာသည်။

သူ့အသံသည် ခန်းမတစ်ခုလုံးတွင်ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။

"ဒီနေ့ ကောင်းကင်ဘုံနဲ့ ချစ်ခင်လေးစားရတဲ့ ဧည့်သည်တော်အားလုံးရှေ့မှာ ပိုင်မျိုးနွယ်ရဲ့ အမွေဆက်ခံသူ ပိုင်မျိုးနွယ်နဲ့ ချူကျီယန်၏ ချစ်လှစွာသော သမီး ချူကျီယန် တို့ရဲ့ ပေါင်းစည်းမှုကို သက်သေပြုလိုက်ပါပြီ။"

"ဒီစေ့စပ်ပွဲက ကြီးပွားချမ်းသာမှုနှင့် ခွန်အားကို ပေါင်းစည်းဖို့ မျိုးနွယ်စုကြီးနှစ်ခုရဲ့ နှောင်ကြိုးကို အမှတ်အသားပြုတာပါ”

ပိုင်ကျီဟန်သည် သမ်းလိုက်သည်။

"ဒါကို စလိုက်ရအောင်”

စေ့စပ်ထားသူသည် လူဆိတ်ငြိမ်ရာ၏ ကောင်းကင်ဘုံအင်ပါယာ အလှတရားများထဲမှ တစ်ဦးဖြစ်လင့်ကစား-သူ၏ စိတ်ဝင်စားမှု ကင်းမဲ့နေသည်မှာ ထင်ရှားသည်။

အခြားမည်သူမဆို ဝမ်းမြောက်ဝမ်းသာဖြစ်မည်ပင်။ ချူကျီယန်ကို လက်ထပ်ခြင်းသည် အလှအပအတွက်သာမက သြဇာအာဏာ၊ လွှမ်းမိုးမှု၊ ဂုဏ်သိက္ခာနှင့်ပါ ပတ်သက်နေသည်။

အရာရှိက ဆက်ပြောသည်။

"ဒီအိမ်ထောင်ဖက်ဆိုင်ရာ တိုကင်တွေကို လဲလှယ်ပြီး စေ့စပ်ကြောင်းလမ်းမှုကို အတည်ပြုရပါမယ်။"

အစေခံတစ်ဦးသည် ကျောက်စိမ်းဆွဲသီးနှစ်ခုကို ကိုင်ဆောင်ကာ ရှေ့တိုးလာပြီး တစ်ခုသည် ပိုင်မျိုးနွယ်၏ အဆောင်အယောင်နှင့် ရေးထွင်းထားသော ကျောက်စိမ်းဆွဲသီးဖြစ်ပြီး နောက်တစ်ခုသည် ချူမျိုးနွယ်၏ သင်္ကေတဖြစ်သည်။

ချူကျီယန်၏ လက်ချောင်းများသည် ကျောက်စိမ်းပေါ် ပွတ်တိုက်သွားသည်။ အေးနေပေမယ့် ထူးထူးခြားခြား လေးလံနေ၏

မဆိုင်းမတွဘဲ သူမသည် ပိုင်ကျီဟန်၏ဆွဲသီးကိုယူကာ သူမ၏ခါးပန်းတွင် ချိတ်ထားသည်။

ပိုင်ကျီဟန်သည် ယခင်အတိုင်းပင် ပျင်းရိဆဲဖြစ်ပြီး ချူကျီယန် ဆွဲသီးကို ပေါ့ပေါ့ပါးပါးဖြင့် ဆွဲယူကာ ဝတ်ရုံအိတ်ထဲသို့ ထည့်လိုက်သည်။

အရာရှိ၏ ပါးစပ် လှုပ်ယမ်းသွားသည်။

"အဟမ်း”

(အနည်းဆုံးတော့ တရားဝင်ဟန်ဆောင်ရမှာကို)

အကြီးအကဲသည် စဉ်းစားလေ၏ တော်တော်များများသည် ပိုင်ကျီဟန်ကို

အာရုံစိုက်မနေလို့သာ တော်သေးသည်။ သူ့၏ နာမည်ဆိုးကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တခြားသူတွေလည်း မမျှော်လင့်ထားပေ။

ချူကျီယန်သည် ပိုင်ကျီဟန်ကို

လေ့လာသလို ကြည့်နေသည်။

“နင် ခွန်အားကို လျှို့ဝှက်ထားတဲ့ နေရာမှာ တော်တော် တော်တယ်နော်။”

“ဟာ? လျှို့ဝှက်တာလား.. ငါ့ခွန်အားကိုဘယ်တော့မှ မဖုံးထားသလို ပြသတာလည်း မရှိဘူး။”

ပိုင်ကျီဟန်သည် ပျင်းပျင်းရိရိနဲ့ ဖြေလိုက်သည်။

အမှန်တကယ်တော့ သူ့စွမ်းအားအသစ်သည် မနေ့တနေ့ကမှ ရလာသည်ကို မည်သူယုံနိုင်မည်နည်း

ခွန်အားကို လျှို့ဝှက်ထားလျှင်တောင် တစ်ခုခုဆို ထုတ်မကြွားတာက အံ့ဩဖွယ်ကောင်းသည်။

“ဟမ်”

ချူကျီယန်သည်လည်း သူပြောတာ အမှန်လား အမှားလား တွေဝေနေမိသည်။

သို့သော် ဒါက သူမ သိနိုင်သည့် အရာ မဟုတ်ပေ။

“ဒီစေ့စပ်ပွဲ အပေါ် နင်ဘယ်လိုထင်လဲ”

သူမသည် မေးလိုက်၏

“ဘာမှ မထင်ဘူး၊ငါတတ်နိုင်တဲ့ အရာမဟုတ်

ဘူး။”

ပိုင်ကျီဟန်သည် ပျင်းရိရိနဲ့ ဖြေသွားသည်။ သူ့အတွက် တုံ့ပြန်စရာမရှိပေ။ သူဝင်ပါလို့မရပေ။ ထို့ကြောင့် သူ့အနေနဲ့ ငြိမ်ငြိမ်လေးသာ စီးမျောရုံပင်

“အဲဒါပဲလား? ငါတို့ လက်ထပ်ပြီးတဲ့နောက်မှာလည်း ဒီစိတ်ထားရှိမလားလို့ စဉ်းစားမိတယ်။”

ပထမဆုံးအကြိမ် ပိုင်ကျီဟန်၏ အပြုံးသည် စက္ကန့်လောက် ရပ်တန့်သွားသည်။

လက်ထပ်ရင်လား

ယခုက စေ့စပ်တာသည် ပထမခြေလှမ်းပင်

နောင်မှာတော့ သူမနဲ့ လက်ထပ်ရမည်။

ထိုအကြောင်း စဉ်းစားလိုက်တော့ သူ့ခေါင်း နောက်သွားသည်။

သူ့ပုံစံကိုမြင်တော့ ချူကျီယန်သည် နူးနူးညံ့ညံ့ ရယ်လိုက်သည်။

ထိုအချိန်တွင် အခမ်းအနားမှူး ပုဂ္ဂိုလ်သည် ဘာကိုမှ သတိမထားမိဘဲ လက်မြှောက်လိုက်သည်။

“ဒါဆို စေ့စပ်ကြောင်းလမ်းတာ အတည်ပြုပြီးပါပြီ။”

လက်ခုပ်သံများ ထွက်ပေါ်ခဲ့သည်။

သို့တိုင် အပေါ်ယံအောက်တွင် မမြင်ရသည့် ဖိအားတွေ အဆက်မပြတ် တည်ရှိနေဆဲပင်

ပိုင်ကျီဟန်သည် အားလုံးကို အံ့သြစေသည့် စွမ်းအားကြီးမားမှုနဲ့ ထွက်ပေါ်လာခဲ့တာကြောင့် ယခုအချိန်တွင် အားလုံး မျက်လုံးတွေသည် သူ့အပေါ်ရောက်နေသည်။

ပိုင်မျိုးနွယ်မိသားစုအတွင်းရေး

လီမိသားစု၏ အမုန်းတရား။

ကျောက်မိသားစု၏ အကြံအစည်များ။

နောက်ပြီး သူ့အသက်ကို ယူဖို့ စောင့်နေသူများ။

စေ့စပ်ကြောင်းလမ်းမှု ပြီးသွားချေပြီ။

ဒါပေမယ့် ပိုင်ကျီဟန်အတွက်တော့

ဒါက စတင်မှု တစ်ခု ဖြစ်သည်။

All Chapters