ပိုင်မျိုးနွယ်မှ ထွက်ခွါခြင်း
Vol. 3 Ch. 41
မနက်ခင်းတွင် နေသည် မိုးကုတ်စက်ပိုင်းမှ ထွက်ပေါ်လာပြီး ပိုင်မျိုးနွယ်၏ စံအိမ်ကြီးပေါ် အရိပ်ကျရောက်နေခဲ့သည်။
သာမန်အားဖြင့် ငြိမ်သက်လှသော အိမ်တော်တွင် ဒီနေ့ မှာတော့ အလုံးစုံ အေးချမ်းနေကြသည်။
ရှေးယခင် အချိန်တွေမှာတော့ ပိုင်မျိုးနွယ်တစ်ခုလုံး သာမန်မဟုတ်သည့် ကိစ္စတွေနဲ့ အလုပ်ရှုပ်နေ၏
အစေခံများသည် အပြေးအလွှားပြေးလာကြပြီး သူတို့၏သခင်လေး ပိုင်ကျီဟန် ထွက်ခွာရန် ပြင်ဆင်နေကြသည်။
စေ့စပ်ပွဲ အခမ်းအနားအပြီးတွင် ကောင်းကင်ဓားဂိုဏ်းသို့ ဝင်ခွင့်ကြေညာခံရပြီး သတ်မှတ်ရက်သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
စိတ်လှုပ်ရှားမှုသည် လေထဲတွင် ပြန့်နေသည်။
သို့သော် ပိုင်မျိုးနွယ်မှ အချို့သူများ အဖို့တော့ ပိုင်ကျီဟန်ထွက်ခွါမည့်သတင်းသည် အလွန်သက်သာရာရသော သတင်းတစ်ခုဖြစ်သည်။
အတိတ်တွင် ပိုင်ကျီဟန်၏ မောက်မာမှုနဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရသော အစေခံများစွာတို့သည် သူတို့၏သခင်လေးအနေနဲ့ သူတို့ကို ညှဉ်းပန်းနှိပ်စက်ရန် အနားတွင် မရှိတော့ကြောင်း အချင်းချင်း တီးတိုး ပြောကြသည်။
“အခုမှ တကယ့်ငြိမ်းချမ်းရေးရတာ”
“ဟုတ်တယ်” နောက်တစ်ယောက်သည်လည်း ချက်ချင်းတုံ့ပြန်လိုက်သည်။
“သခင်လေး ပိုင်ကျီဟန် တခြားသွားတော့ ကြက်ဥပေါ်နင်းသွားရသလို ကိစ္စတွေ မရှိတော့ဘူးလေ။ ပြီးတော့ တစုံတခုကို စိတ်ကွက်မလားဆိုပြီး စိုးရိမ်နေရတဲ့အချိန်တွေလည်း ပြီးသွားပြီ။”
ပိုင်မျိုးနွယ်တွင် အလုပ်လုပ်တာ မကြာသေးသည့် အသက်ငယ်သူ အစေခံတစ်ဦးသည် မသိသေးတာကြောင့် မေးလိုက်သည်။
“ သူက အဲ့လောက်ဆိုးသလား”
အစေခံလူဟောင်းက ပြောလေ၏
“ ဟားဟားး မင်းက မသိပါဘူး။ အရင်က သူက လူတွေကို ပုရွတ်ဆိတ်လေးလို အမိန့်ပေးနေတာ..လက်ဖက်ရည် တစ်စက်ကျမိရင်တောင် ရက်တော်တော်ကြာ ကြောက်ရွံ့နေရမှာ”
“အဖိုးကြီးလျူကို မှတ်မိသေးလား?”
တခြားအလုပ်သမားတစ်ယောက်သည် ထပ်မေးလိုက်သည်။
“ဟင်းရည် အရသာနည်းနည်း ငံသွားတာနဲ့ တစ်နာရီလုံး အဆူခံရပြီး နောက်ဆုံးမှာ အဲဒီအကြောင်းကြောင့် အလုပ်ထုတ်ခံရတဲ့ သနားစရာလူ မလား”
မိန်းကလေး အစေခံတစ်ယောက်သည် မျက်ခုံးကျုံ့ပြီး ပြောလိုက်သည်။ “ဒါပေမယ့် သူ လီဖန်းကို အဲ့လို လုပ်ခဲ့တာပဲ။ မသိတော့ပါဘူး”
“သူ ပြောင်းလဲလာပြီလား?”
“ ပြောင်းလဲတာလား “ အစေခံဟောင်းသည် ရယ်လိုက်သည်။
“အဲဒီလိုလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သူလိုလူတွေက သစ်ရွက်အသစ် တစ်ရွက်လို ပြောင်းသွားတာမျိုး မရှိကြဘူး။ အဲ့အစား ကောင်းကင်ဓားဂိုဏ်းထဲကို သွားပြီး နောက်ထပ် ပြသနာတွေ လုပ်မယ်ဆိုတာ အသေအချာပဲ”
ထိုအုပ်စုမှ ရယ်မောသံတွေ ထွက်ပေါ်လာကြပြီး တချို့ကလည်း ခေါင်းညိတ်သဘောတူကြသည်။
“ထပ်ဖြစ်လာမယ့် ပြဿနာတွေကတော့ ကျွန်တော်တို့ရဲ့ အလုပ် မဟုတ်တော့ဘူးလေ”
အစေခံတစ်ဦးသည် သက်သာရာရသံနဲ့ ပြောဆိုလိုက်သည်။
“ကောင်းကင်ဘုံဓားသိုင်းက ရှင်းပါစေ”
ထိုစကားနဲ့အတူ ပိုင်မျိုးနွယ်တွင် နှစ်ပေါင်းများစွာ စိုက်ထူနေခဲ့သည် ဖိအားတွေပျောက်ကင်းသွားသလို ခံစားရခဲ့ကြသည်။ အထူးသဖြင့် သူတို့အတွက်ပင်
သိူ့သော် လူတိုင်းသည် ထိုခံစားချက်ကိုမမျှဝေကြပေ။
အချက်အပြုတ် နတ်ဘုရားဟုသတ်မှတ်ထားသော ပိုင်ကျီဟန်သည် ဟင်းလျားအသစ်များကို ချက်ပြုတ်တော့မည် မဟုတ်ကြောင်း သိသဖြင့် မီးဖိုချောင်ဝန်ထမ်းများသည်လည်း စိတ်အခြေအနေမကောင်းပေ။
တခြားသူတွေထက် သူ့ကိုယ်ရေးကိုယ်တာ အစေခံ လောင်ချင်းသည် စိတ်မသက်မသာ ခံစားခဲ့ရသည်။
လောင်ချင်းသည် ငယ်စဉ်ကတည်းက ပိုင်ကျီဟန်ထံတွင် အမှုထမ်းခဲ့သည်။
သူမသည် သူနဲ့ သူ၏ မခန့်မှန်းနိုင်သော ခံစားချက်များ ကြောက်ရွံ့နေသော်လည်း သူမသည် အခြားဘဝတစ်ခုကို မလိုချင်ခဲ့ပေ။
သူ့ ထွက်သွားမည့် အတွေးသည် မသေချာမရေရာမှုတွေ ပြည့်နှက်နေသည်။
ပိုင်ကျီဟန်သည် ခြံဝင်းအလယ်တွင် ရပ်ကာ လက်ပိုက်ရင်း သူ့အမူအရာမှာ လုံးဝ ဥပေက္ခာပြုထားသလို ဖြစ်နေသည်။
သူ၏ရှည်လျားနက်မှောင်သော ဆံပင်ကို သပ်သပ်ရပ်ရပ် ပြန်ချည်နှောင်ထားပြီး သူ၏အဖြူရောင်ဝတ်ရုံသည် ပိုင်မျိုးနွယ် ၏အဆောင်အယောင်များဖြင့် ချယ်လှယ်ထားသည်။
အပြင်လူတစ်ဦးအမြင်မှာတော့ သူသည် အေးဆေးတည်ငြိမ် နေပုံရသော်လည်း အမှန်တော့ သူ့စိတ်သည် တွက်ချက်မှုများနှင့် အလုပ်ရှုပ်နေသည်။
ကောင်းကင်ဘုံဓားဂိုဏ်းတွင် သူ့ကို စောင့်မျှော်နေမည့်အရာတွေ အကြောင်း အများကြီးတွေးခဲ့သည်။
သူ၏ ခန့်မှန်းချက်များ မှန်ကန်ပါက သူသည် "ဇာတ်ဆောင်” အနည်းငယ်ဆီသို့ မလွဲမသွေ ပြေးဝင်သွားရမည်ဖြစ်သည်။
ကံကြမ္မာ ကောင်းချီးပေးခံရသည့် ထိုရွေးချယ်ခံရသူတွေသည် အမြဲတမ်း ကံကောင်းမှုတွေ၊ အဆုံးမဲ့ ဝှက်ဖဲတွေနဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်သည့် နားမလည်နိုင်စရာ စွမ်းရည်တွေ ရှိပုံရသည်။
ပိုင်ကျီဟန်သည် တစ်ချိန်က ထိုသို့ဖြစ်ဖူးသူတော့ မဟုတ်တော့ပေ။
အနည်းဆုံးတော့ လိုအပ်လျှင် သူ့လွတ်မြောက်နိုင်မှာ သေချာသည်။
သူသည် ပိုင်မျိုးနွယ်၏ ဘဏ္ဍာတိုက်မှ မြောက်မြားစွာသော ရှေးဟောင်းပစ္စည်းများကို ယူဆောင်သွားခဲ့ပြီး ၎င်းတို့ထဲတွင် ကောင်းကင်အဆင့်ပစ္စည်းတော့ မပါပေ။
ဒါတောင် ၎င်းတို့သည် သင့်တော်သော ကာကွယ်မှုအဆင့်ကို ပေးစွမ်းနိုင်လောက်အောင် တန်ဖိုးရှိသည်။
ပို၍အရေးကြီးသည်မှာ လီဖန်းနှင့် သူ၏မကြာသေးမီက ရန်ပွဲကြောင့် စနစ်မှ မထင်မှတ်ထားသော ဆုလာဘ်များစွာ ရရှိခဲ့သည်။
[မယူထားရသေးသောဆုများ]
လီမျိုးနွယ်၏ အစီအစဉ် ပျက်သွားခြင်း - [၁၀ဆ ကျင့်ကြံမှု အမြန်နှုန်းကတ် (3 ရက်) ] ပျက်စီးသွားသော ကျောက်မျိုးနွယ်၏ အစီအစဉ်- [ ၁၀ဆ ကျင့်ကြံမှု အမြန်နှုန်းကတ် (3 ရက်) ] လီဖန်းကိုအနိုင်ရမှု :၂၀၀၀ မှတ်
ပုံမှန်အားဖြင့် ပိုင်ကျီဟန်သည် ဤဆုလာဘ်များကို အသုံးပြုရန် အချိန်မဖြုန်းခဲ့ပေ။
သူသည် စေ့စပ်ပွဲ အခမ်းအနားအပြီးတွင် လေ့ကျင့်ရေးခန်းအတွင်း၌ သီးသန့်နေထိုင်ခဲ့ပြီး သူ၏ ကျင့်ကြံမှုကို အမြင့်ဆုံးသို့ တွန်းပို့ခဲ့သည်။
သူ့ကြိုးစားမှု အဆင်ပြေသွားချေပြီ။
[အိမ်ရှင်အချက်အလက်]
အိမ်ရှင်-ပိုင်ကျီဟန်
အသက်: ၁၆
ကျင့်ကြံမှုနယ်ပယ်- အဓိက ပေါင်းစပ်ခြင်းအဆင့် (အစောပိုင်း)
ကျင့်ကြံနည်းစနစ် - မရှိပါ
ကိုယ်ခံပညာ- အရိပ်ကိုးခု စီးဆင်းနေသော အလင်းဓား (အသေးစားကျွမ်းကျင်မှု)
၁၀ဆ ကျင့်ကြံမှု အမြန်နှုန်းကတ်နဲ့အတူ မျိုးနွယ်စု အသီးသီးမှ လက်ခံရရှိသော စေ့စပ်ပွဲ လက်ဆောင် တစ်စိတ်တစ်ပိုင်းဖြစ်သည့် အရင်းအမြစ်များနှင့် အနန္တ အသက်ရှုခြင်း နည်းစနစ်၏ ကျွမ်းကျင်မှုတို့ကြောင့် အဓိကပေါင်းစပ်ခြင်းနယ်ပယ်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
ဤသည်မှာ သူ၏ ကျင့်ကြံမှုလမ်းကြောင်းတွင် အဓိကခြေလှမ်းတစ်ခုဖြစ်သော်လည်း မလုံလောက်သေးကြောင်း သူကောင်းစွာသိရှိခဲ့သည်။
ကောင်းကင်ဓားဂိုဏ်း၏ တပည့်တိုင်းသည် အနည်းဆုံး အဓိက ပေါင်းစပ်ခြင်းနယ်ပယ် တွင် ရှိခဲ့သည်။
သူ့ထက်ငယ်သူတွေတောင် ထိုအဆင့်ကိုရောက်ခဲ့ပြီး သူ့အသက်အရွယ်တွင် ရွှေဗဟိုနယ်ပယ်ကို ရောက်တာက ပုံမှန်ပင်။
သူတို့နဲ့ ယှဉ်ရင် သူက နောက်ကျနေသေးသည်။
သို့သော် သူသည် အောက်ခြေတွင် အကြာကြီးနေရန် ရည်ရွယ်ချက်မရှိပေ။ သူ ကြိုးစားပြီး မကြာခင် သူတို့အားလုံးကို ကျော်သွားမည်ပင်
ပိုင်မျိုးနွယ် ဘိုးဘေး ပိုင်ထျန်းဟမ်သည် သူ့ရှေ့တွင် ရပ်နေသည်။
သူ၏ စူးရှသော မျက်လုံးများသည် ပိုင်ကျီဟန်ကို တိတ်တိတ်ဆိတ်ဆိတ် လေ့လာနေသည် ။
အရင်တုန်းကလိုသာဆို ပိုင်ထျန်းဟမ်သည် သူ့သားကို ပြသနာမရှာဖို့နဲ့ ပိုင်မျိုးနွယ်ကို အရှက်မခွဲဖို့ သတိပေးနေမည်ပင်
သို့သော်လည်း စေ့စပ်ပွဲ အခမ်းအနားအတွင်း ပိုင်ကျီဟန်၏ လုပ်ရပ်များအပြီးတွင် ပိုင်ထျန်းဟမ်သည် သူ့သား၏ အလားအလာကို ပြန်လည်အကဲဖြတ်ရန် စတင်ခဲ့သည်။
နောက်ဆုံးတွင် ပိုင်ကျီဟန် ကြီးပြင်းလာခဲ့ချေပြီ
ပိုင်ထျန်းဟမ်သည် သူ့ကို အပြစ်တင်မည့်အစား သူ့ကို အားပေးဖို့ ရွေးချယ်လိုက်သည်။
"မင်းက သူများတွေထင်ထားသလို အသုံးမကျတာ မဟုတ်ဘူးဆိုတာကို သက်သေပြခဲ့” ပိုင်ထျန်းဟမ် လေသံသည် တည်ကြည်နေသည်။
"ဒါပေမယ့် ကောင်းကင်ဓားဂိုဏ်းမှာက မာနကြီးဖို့ နေရာမရှိဘူး။ သူ့ရဲ့ အပြင်ဂိုဏ်ရတပည့်တွေထဲမှာတောင် မင်းအခုထိ တွေ့ကြုံခဲ့ရတဲ့ ထက်မြက်တဲ့ ပါရမီရှင်တွေထက် သာတာတွေကို မင်းတွေ့လိမ့်မယ်။"
ပိုင်ကျီဟန် ပြုံးလိုက်သည်။
"ကျွန်တော်သိပါတယ်”
လောကကြီးသည် ဘယ်လောက်တရားမမျှတနေလဲဆိုတာ အခြားသူများထက် သူကောင်းကောင်း နားလည်သည်။
နည်းစနစ်တစ်ခုတည်းကို ဆုပ်ကိုင်နိုင်ဖို့ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသူတွေရှိခဲ့ပြီးတစ်ချက်ကြည့်လိုက်ရုံနဲ့ ရနိုင်သူတွေရှိ၏
သူတို့ တစ်သက်မှာ ကောင်းကင်အဆင့် ပစ္စည်းကို ဘယ်တော့မှ မမြင်ဖူးသူတွေ ရှိခဲ့သလို ခြေလှမ်းတစ်လှမ်း လှမ်းရုံနဲ့ ရသွားသူများလည်း ရှိချေသည်။
သူက နုံအသူ မဟုတ်ပေ။
ပိုင်ထျမ်းဟမ်သည် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒါဆို မင်းသူတို့ကို ကျော်တက်ဖို့ ငါမျှော်လင့်တယ်။"
သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် သိုလှောင်လက်စွပ်ကို ကိုင်ဆောင်ထားသည့် အစေခံတစ်ဦး ရှေ့သို့ တိုးလာသည်။
"ဒီမှာ မင်းရဲ့ ကျင့်ကြံမှုအတွက် အရင်းအမြစ်တွေ ဖြစ်တဲ့ ဆေး၊ အဆောင်နဲ့ အကာအကွယ် ပစ္စည်း အချို့ ပါ၀င်တယ်။ အဲဒါတွေကို ပညာရှိရှိ သုံးပါ။"
ပိုင်ကျီဟန်သည် လက်စွပ်ကို ကိုင်ဆောင်ကာ ၎င်း၏ ဝိညာဉ်ရေးရာ အသိဖြင့် ပါသည့်အရာများကို ကြည့်ရှုခဲ့သည်။အထဲတွင် ကောင်းကင်အဆင့် သို့မဟုတ် အဆင့် (၆) ဆေးပြားများ မပါဝင်သော်လည်း အဆင့်မြင့် ရတနာအချို့ ပါရှိနေသည်။
"အနည်းဆုံးတော့ ကျွန်တော်ကို ကောင်းကောင်း လွှတ်လိုက်တာပဲ" ပိုင်ကျီဟန်သည် ရေရွတ်လိုက်သည်။
ပိုင်ထျန်းဟမ်သည် ထိုစကားကို လျစ်လျူရှုလိုက်ပြီး အနီးနားတွင် ရပ်နေသော ပိုင်ရွှယ်ချင်းနှင့် ချူကျီယန်ဆီသို့ လှည့်ကြည့်လိုက်သည်။
"ရွှယ်ချင်း၊ ကျီယန် မင်းတို့က ကောင်းကင်ဓားဂိုဏ်းရဲ့ အဓိက တပည့်တွေ.. ကျီယန် ဒုက္ခရောက်ရင် ကူညီပါ"
ပိုင်ရွှယ်ချင်းသည် သူမဖခင်၏ သတိပေးမှုကို လှောင်ပြောင်ခဲ့သည်။
"ဒါဆို သမီးကို ကလေးထိန်းဖို့ မျှော်လင့်နေတာလား"
စေ့စပ်ထားသူ ချူကျီယန်ကတော့ ပြုံးရုံသာပြုံးပြီး "ဦးလေး စိတ်မပူပါနဲ့ ကျီယန်က ကျွန်မနဲ့ဆို အဆင်ပြေမှာပါ"ဟု ပြန်ဖြေလိုက်သည်။
သူတို့ မထွက်ခွာမီတွင် ချီတုံချတုံ အသွင်အပြင်သည် ဘေးမှ ချဉ်းကပ်လာသည်။
ထိုသူကတော့ လောင်ချင်းပင်။
ရှက်ရွံ့သော အိမ်အကူသည် ခြံအစွန်အဖျားနားတွင် ရပ်ကာ သူမဝတ်စုံ၏ ချည်သားကို ဆုပ်ကိုင်ထားသည်။ သူမ တစ်ခုခု ပြောချင်နေပုံရသော်လည်း စကားက ထွက်မလာပေ။
ပိုင်ကျီဟန်သည် သူမကို သတိထားမိပြီး မျက်ခုံးပင့်လိုက်သည်။
"ဘာလဲ?"
လောင်ချင်း တုန်လှုပ်သွားသည်။
"ကျွန်မ-အမ်…"
သူမ ခေါင်းငုံ့လိုက်သည်။
"သခင်လေး... ဂရုစိုက်ပါ"
ဒါက ခေတ္တရပ်တန့်သွားခဲ့သည်။ သူမသည် သူအား ထိုသို့ပြောမည်ဟု မထင်ထားပေ
သူ့လျှာကို ဖိလိုက်သည်။
"ဖူး! ငါဘယ်တော့မှ ပြန်မလာတော့တဲ့ပုံစံ ဘာလို့လုပ်နေတာလဲ။ အရမ်းကြီး ခံစားမနေနဲ”
ပိုင်ကျီဟန်သည် သက်ပြင်းတစ်ချက်ချကာ လက်ဆွဲနှုတ်ဆက်ရင်း ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
“ငါ့ ပြန်လာတာ စောင့်နေ” သူ့လေသံသည် ထူးထူးခြားခြား သိမ်မွေ့နေ၏
"နင်မသိခင် ငါပြန်လာခဲ့မယ်"
လောင်ချင်းသည် မျက်လုံးများ ပြူးကျယ်သွားသည်။ထိုသို့ နူးညံ့သိမ်မွေ့မှုသည် သူအတွက် ရှားရှားပါးပါးဆိုတာထက် ကြားပင် မကြားဖူးပေ။
သူမ ခေါင်းကို အလျင်အမြန် ငုံ့မချမီ ပိုင်ကျီဟန်ကို ခဏလောက် စိုက်ကြည့်ပြီး သူမ၏ ၀တ်စုံကို လက်ချောင်းများက တင်းတင်းကျပ်ကျပ် ဆုပ်ထားသည်။
"ဟုတ်ကဲ့ပါ သခင်လေး”
သူမ အသံသည် တိုးတိုးလေးပင်
ပိုင်ကျီဟန်သည် သူ့လက်ကို ရုတ်လိုက်ပြီး လှည့်ထွက်သွားကာ စကားတစ်ခွန်းမှ မပြောဘဲ ကြီးကျယ်ခမ်းနားသော ရထားပေါ်ကို တက်သွားလိုက်သည်။
"ကောင်းပြီ သွားရအောင်”
သုံးယောက်သား တက်လာပြီး ရထားသည် ကောင်းကင်ကို ပျံတက်သွားလေသည်။
ပိုင်ကျီဟန်သည် သေးသေးလေးကျန်ခဲ့သော ပိုင်မျိုးနွယ် အိမ်တော်ကို စူးစိုက်ကြည့်နေစဉ်တွင် ထူးထူးခြားခြား စိတ်သက်သာရာရမှုနှင့် မျှော်လင့်ချက်များ ရောထွေးနေမှုကို ခံစားရသည်။
ကောင်းကင်ဓားဂိုဏ်းသည် စောင့်ကြိုနေချေပြီ
ပြီးတော့ သူ့နောက်ထပ် ဒုက္ခတွေရော