← Chapters

ကောင်းကင်ဓားဂိုဏ်း

Vol. 3 Ch. 42

ကောင်းကင်ဓားဂိုဏ်း

Vol. 3 Ch. 42

ကောင်းကင် အင်ပါယာတဝှမ်းတွင် ပိုင်ကျီဟန်သည် လီဖန်းကို အံ့အားသင့်ဖွယ် အနိုင်ရသွားသည်ဟူသော သတင်းနဲ့ အတူ ချူကျီနှင့်စေ့စပ်ပြီးစီးကြောင်း သတင်းသည် တပြိုင်နက် လေထဲကို ပြန့်နှံ့သွားခဲ့သည်။

ထိုနေ့များတွင် စိန်ခေါ်ပွဲကြီးနဲ့ပတ်သက်ပြီး အမွေဆက်ခံသူနှစ်ဦးကြား တိုက်ပွဲသတင်းသည် နိုင်ငံတဝှမ်း အပြည့်အဝလွှမ်းမိုးနေခဲ့သည်။

လီမျိုးနွယ်၏ ဂုဏ်ယူစရာ လီဖန်းကို တစ်ချိန်က “အမှိုက်”ဟု ခေါ်ခံရသည့် ပိုင်ကျီဟန်အနေနဲ့ အနိုင်ရခဲ့သည်။

“သူတကယ် လီဖန်းကို အနိုင်ရတာလား..လီမျိုးနွယ်ရဲ့ ပါရမီရှင်လေ…?

“ လီဖန်းက တိုက်ခိုက်ဖို့ အခွင့်မရတော့လို့ အသနားခံရတယ်လို့ ကြားတယ် ။ ပိုင်ကျီဟန်အနိုင်ရတာက အံ့သဩစရာပဲ”

“အဲဒီအမှိုက်ကောင်ကတော့.. သူအနိုင်ရတာနဲ့ပဲ ချူကျီယန်က သူလို လူနဲ့လက်မထပ်သင့်ဘူးလေ။ သူ့သတင်းက အလိမ်အညာ

ပဲထင်တယ်”

ပိုင်ကျီဟန်ဆီမှ ရသည့် အရှက်ကွဲမှူနဲ့အတူ ချူကျီယန်အိမ်ထောင်ရေးကို တားဆီးသော်လည်း ကျရှုံးခဲ့တာကြောင့် လူထုသည် လီဖန်းကို ဒေါသထွက်နေကြသည်။

ပိုင်ကျီဟန်သည် ချူကျီိယန်နဲ့ လက်ထပ်ရန် မထိုက်တန်ဘူးဟူသော အမြင်သည်လည်း သူ့အနိုင်ပွဲသတင်းနှင့်ပင် မပြောင်းသွားချေ။

အမှန်တကယ်တော့ ပိုင်ကျီဟန်သည် အခု အဓိက ဖွဲ့စည်းပုံအဆင့်မှာသာ ရှိသေးပြီး သူ့မကောင်းသတင်းတွေကိုလည်း အားလုံးသိကြသည်။

လူတွေအဖို့ ချူကျီယန်လို အမျိုးသမီးသည် ပိုင်ကျီဟန်လက်ထဲတွင် နာကျင်ရမည်ဟု ထင်ကြပေမဲ့ ထိုအယူအဆသည် ဆန်ကျင်ဘက်ဖြစ်ကြောင်း မသိကြသေးပေ။

“ ပိုင်ကျီဟန်က ကောင်းကင်ဓားဂိုဏ်းကို တပည့်အဖြစ် သွားရတော့မယ်လို့ ငါကြားတယ်”

“ ဘာလဲ.. ဘယ်လိုဖြစ်နိုင်မှာလဲ”

“ သူ့အရည်အချင်းနဲ့ ကောင်းကင်ဓားဂိုဏ်းကို ဝင်ဖို့က မဖြစ်နိုင်တာချည်း”

“ အေးး ပိုင်မျိုးနွယ်က ကောင်းကင်ဓားဂိုဏ်း အကြီးအကဲတွေကို လာဘ်ထိုးခဲ့တာ ဖြစ်မယ်”

“ ကောင်းကင်ဓားဂိုဏ်းကတော့ ပရမ်းပတာဖြစ်တော့မယ်။ ဒါကို သူတို့တပည့်တွေက သဘောကျမယ် မထင်ဘူး”

လူအများတွေးထားသကဲ့သို့ပင် သတင်းသည် ကောင်းကင်ဓားဂိုဏ်းသို့လည်း ပျံ့နှံ့သွားခဲ့ပြီး လူအများသည် ၎င်းနှင့်ပတ်သက်၍ မပျော်ရွှင်ခဲ့ကြပေ။

အသိအမှတ်ပြုမှုရရှိရန် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြသော ဂိုဏ်းတပည့်အများစုသည် ပိုင်ကျီဟန်ကို လက်ခံမည်ဟူသော ကြေငြာချက်ကြောင့် ပို၍စိတ်ပျက်သွားကြသည်။

လက်ခံရုံသာမက အပြင်တပည့်အဖြစ် စတင်ရမည့်အစား အတွင်းတပည့်အဖြစ် ချက်ချင်းလက်ခံခဲ့သည်။

"မင်းယုံနိုင်မလား? အဲ့ဒီအမှိုက် ပိုင်ကျီဟန်ကို အတွင်းတပည့်အဖြစ် လက်ခံတာကို ။ ဘာအခြေခံနဲ့လဲ။ အသက် (၁၄) နှစ်သားတောင်မှ သူ့ထက် မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ရှိတယ်။"

"သူက အခုမှ အဓိက ပေါင်းစည်းခြင်း နယ်ပယ်ထဲကို ဝင်သလောက်ပဲရှိသေးတာ၊ ဒါတောင် သူက အတွင်းတပည့်ဖြစ်နေပြီလား။"

"ငါတို့ကျတော့ရော။ အဓိက ပေါင်းစည်းခြင်း နယ်ပယ်ထဲကို ဝင်ပြီး နှစ်ပေါင်းများစွာ ကြာနေပေမဲ့ အပြင်တပည့်ဖြစ်နေတုန်းပဲ၊ အခုတော့ သူ့မှာ နောက်ခံကောင်းရှိလို့ ငါတို့ထက်ကို ခုန်ပျံသွားတာလား ။ ကောင်းကင်ဓားဂိုဏ်းရဲ့ သစ္စာတရားက ဘယ်မှာလဲ၊ ငါတော့ ဆန္ဒပြမယ်။"

ခြံဝင်းထဲတွင် စုဝေးနေသော တပည့်တစ်စုသည် မကျေမနပ် အကြည့်များ ဖလှယ်နေကြသည်။

အများစုသည် ငယ်စဉ်ကတည်းက ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြသည်။ သူတို့အနေနဲ့ တခြားနေရာတွင် ပါရမီရှင်ဟု အလွယ်တကူ ယူဆနိုင်သည့်တိုင် ထိုနေရာမှာတော့ အပြင်တပည့် တွေသာ ဖြစ်သည်။

အတွင်းတပည့်အဖြစ် ပိုင်ကျီဟန် ရုတ်တရက် ဝင်ခွင့်ရသည့်သတင်းသည် သူတို့အတွက် စိတ်ရှုပ်စရာ ဖြစ်သွားသည်။

ထို့ထက်မက အခြားသောအချက်ကိုလည်း ဒေါသထွက်ခဲ့ကြသည်။

"ဒီအမှိုက်က စီနီယာ အစ်မချူနဲ့ စေ့စပ်ဖို့ သတ္တိရှိတယ်”

"စီနီယာအစ်မချူက ပိုင်ကျီဟန်လိုမျိုးနဲ့ စေ့စပ်ဖို့ ဆန္ဒရှိမယ်ဆိုတာ မယုံနိုင်ဘူး။ သူမကို အတင်းအကြပ်ခိုင်းစေခဲ့တာ ဖြစ်မယ်။"

ချူကျီယန်၏ လှပမှုနဲ့ အရည်အချင်းသည် ပိုင်ရွှယ်ချင်းနှင့် တန်းတူနီးပါးရှိကာ ကောင်းကင်ဓားဂိုဏ်းတွင် သူမအား အထင်ကြီးလေးစားသူနှင့် ပိုးပန်းသူများမှာ မနည်းလှပေ။

အမှန်တော့ ထိုတပည့်ယောက်ျားလေးများသည် ချူကျီယန်နှင့် စေ့စပ်ထားသည့် ပိုင်ကျီဟန်ကို မနာလို၍ ဒေါသဖြစ်နေတာပင်။

"စီနီယာအစ်ကို လျူထျန်းက ဒီကိစ္စကို ဒေါသထွက်နေတာ ကြားတယ်။"

"စီနီယာအစ်ကို လျူထျန်း? စီနီယာအမ ချူကို နှစ်အတော်ကြာ လိုက်ခဲ့သူမလား? အဲ့ဒါမှန်တယ်ဆိုရင် ပိုင်ကျီဟန် ဂိုဏ်းထဲကိုဝင်တာနဲ့အေးချမ်းတဲ့နေ့ တစ်နေ့မှ ရှိမှာမဟုတ်ဘူး။"

"ဟမ် ၊ စီနီယာအစ်ကို လျူထျန်းတင်မကဘူး။ ရာနဲ့ချီတဲ့ တပည့်တွေက ဒါကို ဒေါသထွက်နေကြတယ်။ တချို့က သူ့စေ့စပ်တာကြောင့် ..တချို့ကတော့ အတွင်းတပည့်အဖြစ် ရယ်စရာကောင်းတဲ့ လက်ခံမှုကြောင့်လေ”

"စီနီယာအစ်ကို လျူထျန်းက ပိုင်ကျီဟန် ကောင်းကင်ဓားဂိုဏ်းထဲကို ဝင်ပြီးတာနဲ့ စိန်ခေါ်မယ်လို့တောင် ကြေငြာထားတယ်။"

"စိန်ခေါ်ဖို့လား။ သူ့ကို အရှက်ခွဲသလိုပဲ"

"ဒါပေမယ့် သူက စီနီယာအမ ပိုင်ရွှယ်ချင်းမောင်လေ။ ပြီးတော့ ချူကျီယန်ရဲ့ စေ့စပ်ထားသူလေ။ သူတို့ကို တားနိုင်မှာမဟုတ်ဘူး”

“ သူက စိန်ခေါ်မှုကို လက်ခံရမယ်၊ မဟုတ်ရင် လူတိုင်းရှေ့မှာ သူ့ကိုယ်သူ သက်သေမပြဘူးဆိုရင် သူ့ကို အတွင်းတပည့်အဖြစ် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။"

"ငါတို့လည်း သွားသင့်တယ်ကွ၊ ငါတို့က သေချာ ကန့်ကွက်ရင် ဂိုဏ်းအကြီးအကဲတွေ ပြန်စဉ်းစားလိမ့်မယ်။"

တပည့်များကြားတွင် မငြိမ်မသက် စွမ်းအင်များ ပျံ့နှံ့သွားသည်။

ပိုင်ကျီဟန်သည် ကောင်းကင်ဓားဂိုဏ်းသို့ မ၀င်ရောက်ရသေးသည့်တိုင် သူ့ရောက်ချိန်ကို စောင့်မျှော်နေသည့် မုန်တိုင်းတစ်ခု ကျရောက်နေချေပြီ။

တစ်ဖက်တွင် ပိုင်ကျီဟန်သည် ကောင်းကင်ဓားဂိုဏ်းသို့ ဆင်းသက်တော့မည့် ရထားကြီးတွင် သက်တောင့်သက်သာ အနားယူနေသည်။

ပျံသန်းနေသော ရထားကြီးသည် ကောင်းကင်ကို ဖြတ်သန်းကာ တိမ်လိပ်ပင်လယ်ပြင်ကိုကျော်ပြီး ကောင်းကင်ဓားဂိုဏ်းအနီးသို့ ရောက်သွားသည်။

ပိုင်ကျီဟန်သည် ထိုင်ခုံတွင် နောက်သို့ မှီကာ လက်နှစ်ဖက်ကို ပိုက်ရင်း ထုံးစံအတိုင်း ဘာမှဂရုမစိုက်သလို အမူအရာနဲ့ပင်။

သို့တိုင် သူ့မျက်လုံးများသည် ပြတင်းပေါက်ဆီသို့ရောက်သွားပြီး အောက်ရှုခင်းကို ကြည့်လိုက်လေသည်။

သူတို့အောက်က ရှုခင်းတွေသည် ရင်သပ်ရှုမောစရာပင်။

မိုးကုပ်စက်ဝိုင်းသို့ ဆန့်တန်းထားသော တောင်တန်းများ၏ တောင်ထိပ်များသည် မြူခိုးများနဲ့ ထိမိနေသည်။

ချိုင့်ဝှမ်းများတစ်လျှောက် ဖြတ်သွားသော ရေခဲမြစ်များသည် နံနက်နေရောင်၏ ရွှေရောင်အောက်တွင် တောက်ပနေသည်။

စိမ်းလန်းစိုပြေသော သစ်တောများ ထူထပ်နေပြီး ရှေးခေတ်က ကြီးမားသော မြကော်ဇောကဲ့သို့ မြေပြင်အနှံ့ ပြန့်ကျဲနေသည်။

ထို့နောက် မြူခိုးများကြားတွင် ကောင်းကင်ဓားဂိုဏ်းသည် မားမားကြီး ရပ်တည်နေခဲ့သည်။

မြစိမ်းရောင်ကောင်းကင် တောင်တန်း၏ အမြင့်ဆုံးတောင်တန်းများပေါ်တွင် တည်ရှိသော ဂိုဏ်းသည် ကောင်းကင်ခံတပ်တစ်ခုနှင့် ဆင်တူသည်။

ကြီးမားသော ဘုရားပုထိုးများ၏ ဉာဏ်တော်များကို ရွှေကြွေပြားများဖြင့် စီခြယ်ထားကာ နေရောင်အောက်တွင် တောက်ပနေသည်။

ဧရာမကျောက်တံခါးတစ်ခုသည် ဂိုဏ်းဝင်ပေါက်ကို အမှတ်အသားပြုထားပြီး၎င်း၏မျက်နှာပြင်သည် ထင်ထင်ရှားရှားနဲ့ “ကောင်းကင်ဓားဂိုဏ်း" ဟူသော စာလုံးကို ထွင်းထုထားသည်။

ထိုနေရာကို ဝန်းရံထားသော အရောင်အဝါသည် နက်နဲသည်။ ဝိညာဉ်စွမ်းအင်များ အလွန် ထူထပ်နေချေ၏ သန်မာသူများသာ နေနိုင်သည့်မြေ ဖြစ်သည်။

ပိုင်ကျီဟန်ကြည်နေ့စဉ်မှာ ပိုင်ရွှယ်ချင်းသည် ဘေးနားနေ အေးစက်သည့်လေသံဖြင့် သွန်သင်လေသည်။

"နားထောင် ပိုင်ကျီဟန် ၊ မင်းက အတွင်းဂိုဏ်းတပည့်ဖြစ်တော့မှာဆိုတော့ ကောင်းကင်ဓားဂိုဏ်းရဲ့ အခြေခံစည်းမျဉ်းတွေကို အနည်းဆုံး သိထားသင့်တယ်။"

ပိုင်ကျီဟန်သည် ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်ပြီး စိတ်အနှောက်အယှက်ဖြစ်သော အကြည့်ဖြင့် သူမဆီသို့ ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

ပိုင်ရွှယ်ချင်းသည် စည်းမျဉ်းကြီးသည်ဖြစ်စေ သေးငယ်သည် ဖြစ်စေ ဆက်လက်ရှင်းပြသော်လည်း ပိုင်ကျီဟန်သည် လုံးဝနားမထောင်ပေ။

နောက်ဆုံးတွင် ရထားသည် ကောင်းကင်ဓားဂိုဏ်းသို့ ရောက်ရှိခဲ့သည်။

ရထားပေါ်မှဆင်းလာသည်နှင့်အမျှ ပိုင်ကျီဟန် ၏အမူအရာသည် အနည်းငယ်ပြောင်းသွားကာ အောက်ဘက်တွင် စုဝေးနေသော လူထုကြီးကို သတိပြုမိသွားသည်။

ရာနှင့်ချီ—မဟုတ်ပေ၊ ထောင်ပေါင်းများစွာသော လူများသည် ဂိုဏ်း၏အဝင်ဝရှိ ကြီးမားသောဝင်းအတွင်း၌ စုဝေးခဲ့ကြသည်။

သူတို့သည် အစုလိုက်အပြုံလိုက် ရပ်နေကြပြီး အကြည့်များသည် ရထား ဆင်းသက်လာသည်ကို ကြည့်နေကြသည်။ လေထုသည် တင်းမာပြီး တောမီးကဲ့သို့ ညည်းညူသံများ ပျံ့နှံ့နေသည်။

ပိုင်ကျီဟန်သည် ပျင်းရိသော အပြုံးဖြင့် စုဝေးမှုကို ငုံ့ကြည့်ကာ ရှေ့ကို တိုးလာသည်။

"ငါက ကောင်းကင်ဘုံဓားဂိုဏ်းမှာ အရမ်းနာမည်ကြီးနေမယ်လို့ မထင်ခဲ့ဘူး”

All Chapters