← Chapters

ကောင်းကင်ဓားဂိုဏ်းမှ မကြိုဆိုမှု

Vol. 3 Ch. 43

ကောင်းကင်ဓားဂိုဏ်းမှ မကြိုဆိုမှု

Vol. 3 Ch. 43

ပိုင်ကျီဟန်သည် မောက်မာစွာ မှတ်ချက်ချလိုက်ပြီး သူ့အသံသည် ပျော်နေပုံပု်

ဤတပည့်များသည် သူကိုကြိုဆိုရန်ရောက်နေတာမဟုတ်ကြောင်း သူတို့ အမူအရာအရ အလွယ်တကူပြောနိုင်သည်။

သို့တိုင် တခြားသူတွေ သူ့ကို မည်သို့ထင်မြင်သည်ကို သူ ဂရုစိုက်ရမည်လား

ဘာပဲဖြစ်ဖြစ် သူ့ကြောင့် စုစည်းမိခဲ့တာဆိုတော့ သူ့ကိုယ်သူ "နာမည်ကြီး"သည်ဟု ပြောခြင်းသည် အပြုသဘောဆောင်သော သဘောမဟုတ်ရင်တောင် မှားတာတော့ မဟုတ်ပေ။

ပိုင်ရွှယ်ချင်းသည် သက်ပြင်းချလိုက်ပြီး သူ့ပုခုံးတွေကို ပွတ်သပ်လိုက်သည်။

"နာမည်ကြီးတာလား? သူတို့က နင့်ကို မုန်းတာပါ" ဟု ပြတ်ပြတ်သားသားပြောသည်။

"အရူးလုပ်မနေနဲ့။ သူတို့က နင့်ကို ကြိုဆိုဖို့ ဒီမှာ ရောက်နေတာ မဟုတ်ဘူး။"

အမှန်စင်စစ်တော့ တပည့်များကြားတွင် အမူအရာများသည် ကွဲပြားသည်။ အချို့သည် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေပြီး အချို့မှာ ဒေါသအမျက်မထွက်အောင် ဖုံးကွယ်ထားကြသည်။

လူတော်တော်များများကတော့ ပိုင်ကျီဟန်ကို ဖယ်ရှားပစ်ရမည့် ပိုးမွှားတစ်ကောင်လို စိုက်ကြည့်နေကြသည်။

ပိုင်ကျီဟန်သည် တခစ်ခစ်ရယ်လေ၏

"အမုန်းနဲ့ လေးစားမှုက သိပ်တော့မကွာခြားပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က ငါ့ကြောင့် ရောက်လာတာပဲဟာ”

ရထားသည် ချောချောမွေ့မွေ့ ဆင်းသက်လာပြီး ဂိုဏ်း၏ တပည့်များသည် အထင်အမြင်သေးမှုကစပြီး ပြင်းထန်စွာ ရန်ငြိုးဖွဲ့ခြင်းအထိ အမူအရာ အမျိုးမျိုးဖြင့် စောင့်ကြည့်နေကြသည်။

ပိုင်ကျီဟန် ထွက်လာသည့်အခိုက်တွင် တောမီးကဲ့သို့ လူအုပ်ကြားတွင် ညည်းညူသံများ ပျံ့နှံ့သွားသည်။

"အဲဒီမှာ သူလေ”

"အတွင်းတပည့် ဆိုတာလား”

"သူလို အမှိုက်က ဒီမှာ မရှိသင့်ပါဘူး”

အဆိပ်သင့်သော စကားလုံးများကြားတွင် ပိုင်ကျီဟန်သည် မျက်နှာမပျက်ဘဲ ပြုံးနေခဲ့သည်။

အရေးမပါသော အင်းဆက်အုပ်စုတစ်စုကို အကဲဖြတ်သကဲ့သို့ လူအစုအဝေးကို အေးအေးဆေးဆေး ကြည့်လိုက်သည်။

ထို့နောက် လူအုပ်အလယ်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။

"ပိုင်ကျီဟန်”

အရပ်ရှည်သော အသွင်သဏ္ဍာန်သည် ရှေ့သို့ တိုးလာသည်၊

ဒါက လျူထျန်းပင်

ကောင်းကင်ဓားဂိုဏ်း၏ ဝတ်စုံဖြစ်သော အဖြူနှင့် အပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ ၎င်း၏လမ်းကြောင်းတွင် မည်သည့်အရာကိုမဆို ခုတ်လှဲရန် အသင့်ဖြစ်နေသော ဓားကဲ့သို့ ချွန်ထက်သော အရောင်အဝါကို ထုတ်လွှတ်ထားသည်။

သူ့အကြည့်တွေသည် စူးရှနေပြီး သူ့အမူအရာသည် ဘာမှမဟုတ်သည့်လူကိူ ကြိုဆိုဆနသလိုပင်။

"မင်း အရှက်မရှိဘဲ ကောင်းကင်ဓားဂိုဏ်းထဲကို ဝင်ရဲတာလား”

လျူထန်းအသံသည် အာဏာနဲ့ပြည့်နေပြီး သူ့အေးစက်စက် မျက်လုံးများသည် ပိုင်ကျီဟန်ဆီ စိုက်ကြည့်နေသည်။

“အတွင်းဂိုဏ်းတပည့်လား ။ အဲ့တာကမင်းနဲ့ မထိုက်တန်ဘူး။ ပိုဆိုးတာက ချူကျီယန်ကို စေ့စပ်ဖို့ ဖိအားပေးတာပဲ”

သဘောတူညီသည့် အသံများသည် လူအုပ်ကြားထဲ ပျံ့နှံ့သွားသည်။

ပိုင်ကျီဟန်သည် သူ့ခေါင်းကိုငုံ့ကာ ရယ်လိုက်သည်။

“အို”

သူ့ မေးစေ့ကို လက်ပေါ်တင်လိုက်သည်။

လျူထျန်းသည် ပိုင်ကျီဟန်ကို ဆန့်ကျင်ရန် အစီအစဉ်ရှိပြီး ပိုင်ကျီဟန်သည်လည်း သူဘာပြောချင်သည်ကို သိသည်။

(ဒီကောင်လေးက ချူကျီယန်ကို လိုက်နေတဲ့ထဲကတစ်ယောက်ပဲပေါ့)

ပိုင်ကျီဟန် တွေးလိုက်သည်။

သူ့ကို ဒုက္ခပေးမည့် အချစ်အတွက် ရူးရူးမိုက်မိုက်လူ တချို့ ရှိလာမည်ဟု မျှော်လင့်ထားပြီးသားပင်။ သို့တိုင် ကောင်းကင်ဓားဂိုဏ်းကို သူရောက်လာချိန်မှာပဲ ထိုသို့ဖြစ်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။

ထိုအပြင် ပိုင်မျိုးနွယ် ကျောထောက်နောက်ခံရှိသည့်သူ့ကို လူထျန်းအနေနဲ့ ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ဖို့ မည်သည့်အရာက သတ္တိတွေ ပေးခဲ့တာလဲ။

လိုချင်လျှင် သူ့ကို ပွင့်ပွင့်လင်းလင်း စိန်ခေါ်မည့်သူ အများကြီးရှိသည်။

“ မင်းက ဘယ်သူလဲ”

ပိုင်ကျီဟန်သည် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ ဟမ် ငါက လျူထျန်း”

လျူထျန်းသည် မာနကြီးစွာပြောလေ၏ ။သူ့နာမည်ကို လူသိများတာကြောင့် နာမည်ပြောရုံနဲ့ ပိုင်ကျီဟန်သိမည်ဟု မျှော်လင့်ခဲ့သည်။

“ ဘယ်သူလဲ”

သို့သော် ပိုင်မျိုးနွယ်၏ မာနကြီးသော သခင်

လေး ပိုင်ကျီဟန်သည် လျူထျန်ကဲ့သို့ တစ်ယောက်ယောက်ကို မည်သို့ မသိနိုင်ရတာလဲ

ဤလူသည် မည်သူဖြစ်သည်ကို သူ အမှန်တကယ် မသိခဲ့ပေ

"မင်း”

လျူထျန်း၏ အရောင်အဝါများ တောက်ပလာပြီး သူ့မျက်လုံးများသည် အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားသည်။

ပိုင်ထျန်းဟန်သည် သူ့ကို တမင် မသိဟန်ဆောင်နေသည်ဟု သူထင်ခဲ့သည်။

အမှန်တော့ လျူထျန်းသည် ဘေးမှ ပွဲကြည့်ပရိသတ် သက်သက်မဟုတ်ပေ။

သူ၏ လျူမျိုးနွယ်သည် ပိုင်မျိုးနွယ်လောက် အစွမ်းထက်မည် မဟုတ်သော်လည်း ချူမျိုးနွယ်နှင့် နှိုင်းယှဉ်နိုင်သည်။

ထို့အပြင် သူကိုယ်တိုင်သည် ကောင်းကင်ဓားဂိုဏ်းမှ အသိအမှတ်ပြုထားသော ပါရမီရှင်တစ်ဦးဖြစ်သည်။

သူ၏ ကျင့်ကြံမှုစွမ်းရည်သည် ချူကျီယန် သို့မဟုတ် ပိုင်ရွှယ်ချင်းလောက် မမြင့်မားသော်ငြားလည်း သူသည် ဓားခန္ဓာကိုယ်ဟုခေါ်သော ရှားပါးသည့် ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားကာ ဓားရည်ရွယ်ချက်နှင့် ထူးထူးခြားခြား ရင်းနှီးမှုရပြီး ဓားနည်းစနစ်များကို မယုံနိုင်လောက်အောင် နားလည်နိုင်ခဲ့သည်။

ကောင်းကင်ဓားဂိုဏ်းအတွင်း လျူထျန်းသည် သူ့မျိုးဆက်၏ ထိပ်တန်းဓားသိုင်းသမားတစ်ဦးအဖြစ် သတ်မှတ်ခံရသည်။

ဂိုဏ်းအတွင်းသာမက ကောင်းကင်ဘုံအင်ပါယာတစ်လျှောက်လုံးတွင် သူ၏ဓားပညာသည် ကျော်ကြားခဲ့သည်။

သူ၏အောင်မြင်မှုများနဲ့ပင် နှစ်ပေါင်းများစွာ လိုက်ယူခဲ့သည့် ချူကျီယန်သည် သူ့အား စိတ်ဝင်စားမှု မရှိခဲ့ဘဲ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငြင်းဆန်ခဲ့သည်။

ယခုမူ သူကဲ့သို့ ပါရမီရှင်တစ်ယောက်အစား သူမသည် ပိုင်ကျီဟန်ကဲ့သို့ အမှိုက်နှင့် စေ့စပ်ထားသည်။

ပြင်းထန်သော မတရားမှုတို့သည် သူ့အတွင်း၌ လောင်ကျွမ်းနေ၏။

ထို့အပြင် မာနကြီးသော ခွေးကောင်သည် သူဘယ်သူလဲဆိုတာတောင် မသိသလို ဟန်ဆောင်နေ၏

လျူထျန်းသည် သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း သူ့၏ အရောင်အဝါသည် ပိုပိုပြီး တောက်လောင်လာတာကြောင့် သူ့၏ဓားသည် တုန်လှုပ်နေသည်။

ကြည့်ရှုနေသော တပည့်များသည် မမြင်နိုင်သော ဓားမှ ရထွက်လာသည့် ထက်မြက်မှုနဲ့ ဖြတ်တောက်မှု ဖိအားကို ခံစားနိုင်သည်။

"ပိုင်ကျီဟန်”

လူထျန်းအသံသည် ဒေါသစိတ်နဲ့ ပြည့်နှက်နေသည်။

"မင်း မောက်မာနေတာ တော်လောက်ပြီ။ မင်းမှာ သိက္ခာရှိတယ်ဆိုရင် ငါ့ကို အခုချက်ချင်း တိုက်ခိုက်လိုက်။ အဲ့တာဆို မင်းရဲ့သတ္တိကို ငါ အသိအမှတ်ပြုမှာပါ"

ပိုင်ကျီဟန်သည် လျူထျန်း၏စိန်ခေါ်မှုကြောင့် အဆင်မပြေမှု အနည်းငယ်မျှသာ ရှိသကဲ့သို့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်၏

"မင်း ဆူညံနေတာပဲ " ပိုင်ကျီဟန်သည် ခေါင်းယမ်းရင်း ရေရွတ်လိုက်သည်။

"ပထမတော့ မင်းငါ့ရဲ့စေ့စပ်ကြောင်းလမ်းမဗုအတွက် မကျေမနပ်ဖြစ်ရနေတာပေါ့။ အခုကျ မင်းငါ့ကိုတိုက်ချင်တာလား။ နောက်တစ်ခုကဘာလဲ။ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ မင်းငါ့ကိုတောင်းပန်မှာလား။"

လျူထျန်း၏အမူအရာမှာ ဒေါသအမျက်ထွက်နေသည်။

သူ၏ဓားသည် နောက်ဆုံးတွင်ဓားအိမ်ကို ချန်ထားခဲ့ကာ နေရောင်အောက်တွင် တောက်ပနေသည်။

ဆွဲထုတ်လိုက်သည့်အခိုက်တွင် အေးစိမ့်နေသည့် ဓားရောင်ဝါသည် ခြံဝင်းအတွင်းသို့ ပျံ့နှံ့သွားကာ အားနည်းသောတပည့်များစွာကို အလိုလို နောက်ပြန်ဆုတ်သွားစေသည်။

"မင်းမှာ ကျင့်ကြံသူတစ်ယောက်အနေနဲ့ မာနရှိရင် ငါ့ကို တိုက်ခိုက်စမ်း။ ဒါမှမဟုတ်ရင် မင်းမျိုးရိုးရဲ့ နာမည်နောက်မှာ ပုန်းအောင်းနေတဲ့ အမှိုက်ကလွဲလို့ ဘာမှမဟုတ်တာကို သိမှာစိုးလို့ ကြောက်ရွံ့နေတာလား”

လျူထျန်းသည် အော်ပြောလိုက်သည်။

ပိုင်ထျန်းဟန်က ရယ်မောလိုက်သည်။

"ဒါဆို ငါပြောပါရစေအုံး။ မင်းပြဿနာက ဘာလဲ"

ပိုင်ကျီဟန်သည် မေးလေ၏။

သူသည် ကျော်ကြားမှု သို့မဟုတ် မျက်နှာသာရဖို့အတွက် အရာရာကို လုပ်ဆောင်နေသော အရူးမဟုတ်ပေ။

နောက်ဆုံးတော့ ထိုအရာတွေက သိပ်အရေးမကြီးပေ။

ဆိုရိုးစကားအတိုင်းပြောရလျှင် ဆင်းရဲသောသူသာလျှင် အကျင့်စာရိတ္တကောင်းမွန်ကြောင်းကို သက်သေပြကြသည် ။ ဒါကလည်း သူတို့တွင် အခြားအရာမရှိသောကြောင့်ပင်

ဒီမှာလည်း ထိုနည်း၎င်းပင်

လျူထျန်းသည် သူ၏ဒေါသအတွက် မှန်ကန်သော အကြောင်းပြချက်မရှိဘဲ ပိုင်ကျီဟန်ကို စိန်ခေါ်ရန် အကြောင်းပြချက်အဖြစ် ဆဲဆိုခြင်းသာ ပြုလုပ်နိုင်ခဲ့သည်။

"မင်း”

လျူထျန်း၏ စိတ်ရှည်သည်းခံမှု ရပ်တန့်သွားသည်။

သူ၏ဂုဏ်သိက္ခာကို လုံးဝဂရုမစိုက်သော ပိုင်ကျီဟန်ကို ဆန့်ကျင်သည့်အနေဖြင့် လျူထျန်းသည် ပထမဦးစွာတိုက်ခိုက်ပြီး တိုက်ခိုက်ဖို့ ဖိအားပေးတာသာ လုပ်နိုင်ပေသည်။

သို့တိုင် ထိုအရာသည် ပိုင်မျိူးနွယ်၏ရန်သူဖြစ်အောင် ဖန်တီးတာဖြစ်ပြီး သူ့မိသားစုကို ဘယ်လိုဒုက္ခမျိုး ရှိလာစေမည်ကို

ဘယ်သူ သိမည်နည်း

ထို့အပြင် ပိုင်ရွှယ်ချင်းရှိနေသရွေ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုတိုင်းသည် အချည်းနှီးဖြစ်လိမ့်မည်။ သူမသည် သူ့ကို အားမစိုက်ဘဲ ကြားဖြတ်ကာ အေးဆေး အနိုင်ယူသွားနိုင်ဖွယ်ရှိသည်။

"ဒါက လုံလောက်ပြီ”

ချူကျီယန်သည် ရှေ့သို့ တိုးလာကာ ပဋိပက္ခများ ပိုမိုကြီးထွားလာမှုကို ရပ်တန့်ခဲ့သည်။

"လျူထျန်း နင့်မှာ ပိုင်ကျီဟန်ကို စိန်ခေါ်ပိုင်ခွင့်မရှိဘူး"

ချူကျီယန်မှ ကြေငြာခဲ့သည်။

အံ့အားသင့်စရာ တိတ်ဆိတ်မှုတစ်ခုသည် ခြံဝင်းပေါ်ကို ကျဆင်းသွားသည်။

ပိုင်ကျီဟန်သည် မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးပြသည်။

"အင်း၊ ကြည့်ရတာ ငါ့ရည်းစားက ငါ့ကို အကာအကွယ်ပေးနေသလိုပဲ။"

ပိုင်ကျီဟန်သည် လျူထျန်းနဲ့ ချူကျီယန်ကိုလိုက်နေသည် တခြားကောင်လေးတွေကို ဒေါသတကြီးဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ပြောလိုက်တာပင်

လျူထျန်း မေးရိုးသည် တင်းသွားသည်။ သူ့၏ တစ်ဖက်သတ်ချစ်ရသူသည် တခြားကောင်လေးကို အကာအကွယ်ပေးရင်း သူ့ရှေ့မှာ ရှိနေ၏ ဒါက သူအား ဘယ်လိုမှ မထိခိုက်

ပဲ မနေပေ။

" ဂျူနီယာ ညီမချူ၊ မင်း”

ချူကျီယန်၏ အကြည့်များ စူးရှလာသည်။

"ကျွန်မ ထပ်ပြောဖို့ လိုသေးလား"

လျူထျန်းသည် စိတ်ပျက်လက်ပျက် ဖြစ်သွားသော်လည်း သူမကို မလွန်ဆန်နိုင်မှန်း သိလိုက်သည်။

အသက်ပြင်းပြင်းရှူရင်း ဓားကိုသိမ်းကာ ခြေတစ်လှမ်းဆုတ် လိုက်သည်။

“ဒါက မပြီးသေးဘူး” ဟု ရေရွတ်လိုက်သည်။

ချူကျီယန်သည် သူ့ကို လျစ်လျူရှုပြီး ပိုင်ကျီဟန်ဘက်ကို လှည့်လိုက်သည်။

"နင် ငါနဲ့လိုက်ခဲ့”

ပိုင်ကျီဟန် အပြုံးသည် ပိုကျယ်လာသည်။

"ငါနဲ့ နှစ်ယောက်တည်း ရှိနေဖို့ စိတ်ထက်သန်နေတာလား”

ချူကျီယန် မျက်လုံးပြူးသွားသည်။

"ပါးစပ်ပိတ်ပြီးလိုက်ခဲ့”

နှစ်ယောက်သား ဝေးရာသို့ ထွက်ခွာသွားသောအခါတွင် လူအုပ်ကြီးမှာ ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။

All Chapters