ရန်သူဟောင်းနဲ့တွေ့ခြင်း
Vol. 3 Ch. 44
ပိုင်ကျီဟန်သည် ချူကျီယန်နောက် လိုက်ရင်း စိတ်အနည်းငယ် ရှုပ်နေ၏
(ငါ အရမ်းကစားသွားမိတာလား?)
လျူထျန်းနဲ့ ချူကျီယန်အား သဘောကျနေသည့်သူတွေကို ဒေါသထွက်စေရန် သူပြောခဲ့သည့် စကားတွေသည် သူမကိုပါ ဒေါသထွက်စေမည်ဟု သူတွေးမိသည်။
သူ့ခန္ဓာကိုယ်အသစ်ကို တွေးမိတော့ ချူကျီယန် သူ့ကိုရိုက်ခဲ့လျှင်ပင် နာမည် မဟုတ်တော့ပေ။
သို့တိုင် သူမ၏ ဝိညာဉ်အခြေတည်ကာစအဆင့်နဲ့ တကယ်တိုက်ရင်တော့ အခြေအနေကွာခြားသွားမည်ဆိုတာ သိနေသည်။
“တောင်းပန်ပါတယ်”
မျှော်လင့်မထားဘဲ ချူကျီယန်သည် ခေါင်းကို နှိမ့်ချကာ တောင်းပန်၏
“ဒါ အားလုံးက ငါကြောင့်ပဲ”
ချူကျီယန် တောင်းပန်မှုသည် ပိုင်ကျီဟန်ကို အံ့အားသင့်စေသည်။ သူမတစ်ခုခုကို ကြံစည်နေသည်ဟု သူခံစားမိပြီး လန့်နေခဲ့သည်။
သို့သော် အချိန်ကြာကြာ ငြိမ်သက်ပြီး သူမက တောင်းပန်ခဲ့သည်။
“ဘာမှ မဖြစ်ပါဘူး၊ အဲ့ဒါက ငါ့အတွက် အရေးမကြီးဘူး”
တောင်းပန်နေသော ချူကျီယန်ကို ဘာပြန်ပြောရမှန်း မသိတာကြောင့် ပိုင်ကျီဟန်သည် သူ့စိတ်ထဲက အမှန်တရားကိုသာ ပြောလိုက်သည်။
ဖြစ်ပျက်ခဲ့သည့် အရာတွေကို တကယ့်တော့ အလေးအနက်သိပ်မထားပေ
ချူကျီယန်နဲ့ စေ့စပ်မထားဘဲ ကောင်းကင်ဓားဂိုဏ်းကို လာမည်ဆိုလျှင်ပင် ထိုတပည့်တွေသည် သူ့ကို ဘာနေနေ ပြသနာရှာမည်ပင်။
ထိုသို့လုပ်ရသည့် အကြောင်းကလည်း သူသည် ကောင်းကင်ဓားဂိုဏ်းသို့ ဝင်ရောက်ရန် မထိုက်တန်သည့်အပြင် ချူကျီယန်၏ အိမ်ထောင်ဖက်အဖြစ် မထိုက်တန်ဘူးဟု တွေးကြတာကြောင့်ပင်။
သူကတော့ ထိုအရာတွေကို လုံးဝ စိတ်မဝင်စားပေ။
ထိုအရာတွေထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတာက သူ့အတွက် ပျော်စရာကောင်းနေတာပင်။ ပိုင်မျိုးနွယ်မှ အများစုသည် သူ့ကို ကြောက်ပြီး မတုံ့ပြန်ရဲကြပေ။
ကောင်းကင် ဓားဂိုဏ်း တပည့်တွေကို နှိမ့်ချတာသည် သူ့အတွက် ပျော်စရာအသစ်တစ်ခု ဖြစ်နိုင်သည်။ အနည်းဆုံးတော့ ဒါက ပိုင်ကျီဟန် ခံစားနိုင်သည့် အရာပင်
(နောက်ဆုံးတော့ ငါက ဗီလိန်ပဲ။)
ပိုင်ကျီဟန်သည် သူ့အမြင်ကို တွေးနေ၏
သူသည် ထိုလူများနှင့် ခင်မင်ရင်းနှီးရန် မစဉ်းစားခဲ့ပေ။
သူ့ ပင်ကို ဗီဇအရ သူတို့နဲ့ ကစားရတာ ပျော်မွေ့ပြီး ဘယ်သူနဲ့ လာရှုပ်နေလဲဆိုတာ သိအောင်လုပ်ပေးချင်တာပင်
"ဟာဟား...တကယ်တော့ ဒီလိုအရာမျိုးက နေရာတိုင်းမှာ ပြသနာရှာတတ်တဲ့ နာမည်ကြီး သခင်လေးပိုင်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။"
ချူကျီယန်သည် ရယ်မောလိုက်သည်။
"ဟေး”
(ဟူး တောင်းပန်ချင်ယောင်ဆောင်နေတဲ့ အခိုက်အတန့်ပဲ ။ နောက်ပြီး မင်းက ငါ့ကို လှောင်ပြောင်တယ်။)
ပိုင်ကျီဟန် တွေးလိုက်သည်။
"ဒါဆို ဝင်ခွင့်ရုံးခန်းကို သွားကြရအောင်။ နင့်ကို ကောင်းကင်ဓားဂိုဏ်းရဲ့ အတွင်းတပည့်အဖြစ် စာရင်းသွင်းရမယ်။ ရွှယ်ချင်းက ငါတို့ကို စောင့်နေလောက်ပြီ”
ထို့ကြောင့် သူတို့နှစ်ဦးသည် ဝင်ခွင့်ရုံးသို့ လျှောက်သွားကြသည်။
ထိုအချိန်တွင် လူများစွာသည် ၎င်းတို့ကို ကြည့်နေကြပြီး ချူကျီယန်ဆီ အကြည့်များရောက်သွားကြသည်။
သို့တိုင် ချူကျီယန်ကို လေးစားစွာကြည့်နေသည့် အကြည့်တွှေင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သော အမူအရာတွေနဲ့သာ ပိုင်ကျီဟန်အား စိုက်ကြည့်နေသူတွေလည်း ရှိခဲ့သည်။
ပိုင်ကျီဟန်အနေနဲ့ သူ့အား ကောင်းကင်ဓားဂိုဏ်းမှ တပည့်များက ကြိုဆိုခြင်း မပြုကြောင်း အမှန်တကယ် ခံစားနိုင်သည်။
မကြာမီတွင် သူတို့သည် ဝင်ခွင့်ရုံးခန်းသို့ ရောက်ရှိလာကြပြီး ချူကျီယန်သည် ပိုင်ရွှယ်ချင်းကို မြင်တာကြောင့် သူမဆီသို့ ချက်ချင်းသွားခဲ့သည်။
ကောင်းကင်ဓားဂိုဏ်း၏ ဝင်ခွင့်ရုံးခန်းသည် ခမ်းနားကြီးကျယ်သော ခန်းမတစ်ခုအတွင်းတွင် တည်ရှိပြီး ၎င်း၏ဗိသုကာပညာသည် ဂုဏ်သိက္ခာနှင့် အခွင့်အာဏာကို ပြသထားသည်။
ပိုင်ကျီဟန်နဲ့ ချူကျီယန်ဝင်လာသောအခါ လေထုသည် တင်းမာလာသည်။ အနီးအနားရှိ တပည့်များသည် ချက်ချင်းပင် သတိထားမိကာ အချင်းချင်း တီးတိုးပြောကြသည်။
ခန်းမရှေ့တွင် ပိုင်ရွှယ်ချင်းသည် လက်ပိုက်ကာ စောင့်ဆိုင်းနေပြီး
သူမ၏မျက်နှာသည် စိတ်အနှောက်အယှက်ဖြစ်နေသော အရိပ်အယောင်များနဲ့ပင်
သူမသည် ပိုင်ကျီဟန်၏ ဝင်ခွင့်လုပ်ငန်းစဉ်ကို ကိုင်တွယ်ဆောင်ရွက်နေရင်း သူရောက်ရှိလာရန် စောင့်ဆိုင်းနေခဲ့သည်။
သို့သော် သူမ၏ စိတ်တိုနေသော အကြည့်များအရ ကိစ္စများသည် ချောမွေ့နေတာမျိုး မဟုတ်ပေ။
ချူကျီယန် ချဉ်းကပ်လာသည်နှင့်အမျှ ပိုင်ရွှယ်ချင်းသည် သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“သူတို့က သူ့ဝင်ခွင့်ကို ငြင်းဆန်နေကြတယ်” ဟု ပြတ်ပြတ်သားသားပြောသည်။
ပိုင်ကျီဟန်သည် မျက်ခုံးပင့်ကာ ရွှင်မြူးလာသည် ။
"အိုး? ဘာလို့လဲ၊ ပိုင်ကျီဟန်ကို တပည့်အဖြစ် လက်ခံဖို့ သဘောတူပြီးသား မဟုတ်ဘူးလား"
ပိုင်ရွှယ်ချင်းသည် စားပွဲခုံကြီးတစ်ခုနောက်တွင် ထိုင်နေသော သဘောမကျသည့် အမူအရာနဲ့ အကြီးအကဲတစ်ဦးဆီသို့ လက်ဟန်ပြလိုက်သည်။
သူသည် ဂိုဏ်း၏ ကိစ္စရေးရာတာဝန်ခံ အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်သည့် အကြီးအကဲလု ဖြစ်သည်။ ပိုင်ကျီဟန်ကို ကြည့်သည့်ပုံစံက သူနဲ့ ဘာမှ မပတ်သက်ချင်တာ ထင်ရှားလေ၏
"ပိုင်မျိုးနွယ်က အင်အားကြီးနိုင်ပေမယ့် အဲဒါက ဘယ်သူကိုမဆို အတွင်းတပည့်အဖြစ် မျက်စိကန်းပြီး လက်ခံမယ်လို့ မဆိုလိုပါဘူး”
"ကောင်းကင်ဓားဂိုဏ်းမှာ သူ့စံနှုန်းတွေနဲ့ သူရှိတယ်။"
ချူကျီယန် မျက်မှောင်ကြုတ်လိုက်သည်။
"အကြီးအကဲလု ပိုင်ကျီဟန်ရဲ့ ဝင်ခွင့်ကို ကျွန်မသခင်နဲ့ ဂိုဏ်းရဲ့ အထက်အရာရှိတွေက သဘောတူပြီးသားပါ။ အခုဘာလို့ ခက်ခဲအောင် လုပ်နေတာလဲ။"
အကြီးအကဲလုသည် လှောင်ပြောင်လိုက်သည်။
"ခွင့်ပြုချက်ရခဲ့ရင်တောင် နောက်ဆုံးဝင်ခွင့်လုပ်ငန်းစဉ်မှာ တာဝန်ခံအကြီးအကဲရဲ့ အသိအမှတ်ပြုမှုကို လိုအပ်ပါတယ်။ အကြီးအကဲတစ်ယောက်အနေနဲ့ ငါတို့ဂိုဏ်းရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့သူကို ငြင်းပယ်နိုင်တဲ့ အခွင့်အာဏာရှိတယ်။"
ပိုင်ကျီဟန်သည် ရယ်မောလိုက်သည်။
"စိတ်ဝင်စားဖို့ကောင်းသားပဲ။ အထက်ကလူတွေက ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒါကို ခင်ဗျားက ပြောင်းပြန်လှန်ဖို့ အခွင့်အာဏာရှိတယ်လို့ ထင်နေတာလား။ တကယ် ဂုဏ်မောက်နေတာပဲ”
အကြီးအကဲလု၏ မျက်နှာ မည်းမှောင်သွားသည်။
"မင်း”
"ပိုင်ကျီဟန် နင့်ပါးစပ်ကို ခဏပိတ်ထားလို့ မရဘူးလား"
ပိုင်ရွှယ်ချင်းသည် သူ့ကို အပြစ်တင်လေသည်
အကြီးအကဲလုသည် ကိစ္စတွေ ခက်ခဲအောင် လုပ်ဆောင်နေသော်လည်း သူသည် ကောင်းကင်ဓားဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ပြီး လေးစားမှု ရှိရမည်ပင်။
သို့တိုင် ပိုင်ကျီဟန်သည် မျှော်လင့်ထားသလိုပဲ ဘာမှ ဂရုမစိုက်သလို အကြီးအကဲကို ဂုဏ်မောက်နေသူဟုပင် ပြောလေ၏
အကြီးအကဲလု ဆက်မပြောနိုင်ခင်မှာ အသံတစ်ခုသည် ခန်းမထဲကို ရုတ်တရက် ဖြတ်သွားသည်။
"ဒါက သခင်လေးပိုင်မှ ဟုတ်ပါလေစ”
အရပ်ရှည်သော အသွင်အပြင်သည် အနားသို့ ချဉ်းကပ်လာသောအခါတွင် သူ့ခြေလှမ်းများသည် ယုံကြည်မှု အပြည့်နဲ့ပင်
သူကတော့ ရှန်လျန့်ပင်
ပိုင်ကျီဟန်ကို ကြည့်ပြီး ရွှင်မြူးနေကာ ထိုအခြေအနေကို ကျေနပ်နေတာ သိသာသည်
"အံ့သြစရာပဲ၊ မင်း ကောင်းကင်ဓားဂိုဏ်းထဲ ကို ဝင်တယ်လို့ ငါကြားထားတယ်" စီနီယာ ရှန်လျန့်သည် ပြုံးပြီး ပြောလိုက်သည်။
ပိုင်ကျီဟန်သည် ရှန်လျန့်ကို တစ်စက္ကန့်လောက် ကြည့်ပြီး မေးသည် ။
"ဘယ်သူလဲ?"
ပိုင်ကျီဟန်သည် ရည်ရွယ်ချက်ရှိရှိ မေးလိုက်တာပင်။ လျူထျန်းသည် မည်သူဖြစ်သည်ကို အမှန်တကယ်မသိခဲ့ချိန်နှင့်မတူချေ ။ မကြာသေးမီက သူအရှက်ခွဲခဲ့သော ရှန်လျန့်ကို သူ မည်သို့ မမှတ်မိနိုင်စရာ ရှိမည်နည်း။
သို့သော် တစ်ဖက်အား သတိရထိုက်သည်ဟူသော ကျေနပ်မှုကို မပေးချင်ပေ။
ထို့ပြင် သူ့၏ အချိန်ကိုက် ရောက်လာမှုသည် ပိုင်ကျီဟန်၏ဝင်ခွင့်ကို အနှောင့်အယှက်ပေးဖို့ဆိုတာ သိပြီးသားပင်
ရှန်လျန့်သည် မေးခွန်းကြောင့် အံ့အားသင့်သွားသော်လည်း စိတ်တည်ငြိမ်မှု အမြန်ပြန်ရလာသည်။
"ဟာဟား... သခင်လေးပိုင်မှာ မှတ်ဉာဏ်ပြဿနာရှိပုံရတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ပိုင်မျိုးနွယ်မှာရှိခဲ့ပြီး မင်းနဲ့တောင် စကားစမြည်ပြောဖူးတယ်လေ”
ရှန်လျန့်သည် ထေ့ငေါ့စွာ ပြောသည်။
"အိုး”
ပိုင်ကျီဟန်သည် သတိရသွားသလိုမျိုး သူ့လက်ဖဝါးကို တခြားလက်နဲ့ တစ်ချက်ရိုက်လိုက်သည်။
"မင်းက ပိုင်မျိုးနွယ်မှာ ပြသနာတစ်ခုကို ဖန်တီးပြီး မင်းမှားသွားရင်တောင် တောင်းပန်ဖို့ ငြင်းခဲ့သူလေ”
ပိုင်ကျီဟန်သည် သူ့လုပ်ရပ်ကို ဆက်
ပြောလေသည်။
"ငါသိပြီ မင်းငါ့ကိုဒုက္ခပေးဖို့အတွက် ဒီလူကြီးနဲ့ပူးပေါင်းတာ ဖြစ်မယ်"