နောက်ထပ်တစ်ချက်ရိုက်ဖို့လား
Vol. 3 Ch. 45
ပိုင်ကျီဟန်သည် ရှန်လျန့် အကြံကို ထုတ်ဖော်ပြောလိုက်သည်။
“မင်း”
ရှန်လျန့်သည် ဒေါသထွက်သွားသည်။
သူသည် ပိုင်မျိုးနွယ်တွင် အပြစ်မရှိဘဲ စွပ်စွဲခံရသည့်အပြင် မျှတမှုမရှိဘဲ ပါးရိုက်ခံရကာ အခုလည်း ပိုင်ကျီဟန်ထံမှ သွားပုပ်လေလွင့် ပြောခံနေရသည် ။
သို့တိုင် ဒီတစ်ခါ သူ့အစီအစဉ်များကတော့ အမှန်တကယ်ပင်
ပိုင်ကျီဟန် စွပ်စွဲချက်တွေသည် အနားတွင် စုဝေးနေသည့် ကောင်းကင်ဓားဂိုဏ်းတပည့်တွေကို ဆွဲဆောင်သွားသည်။
“စီနီယာရှန်လျန့်က ပိုင်ကျီဟန်နဲ့ ပြဿနာရှိလို့လား?”
“ပိုင်အိမ်တော်မှာ ပြဿနာတွေ ဖြစ်အောင် ရှန်လျန့်က လုပ်တာလား၊ သူတကယ်လုပ်တာလား ဒါမှမဟုတ် ပိုင်ကျီဟန်က မှားပြီးစွပ်စွဲနေတာလား?”
“ရှန်လျန့်နဲ့ ပိုင်ရွှယ်ချင်းဆက်ဆံရေးက အတော်လေးရင်းနှီးတာ။ သူ ပိုင်ကျီဟန်ကို နှောင့်ယှက်သင့်ဘူး၊ မဟုတ်ရင် သူမက သူ့ကိုမုန်းလိမ့်မယ် ။ သွေးက ရေထက် ပိုပျစ်တယ်”
ပိုင်ကျီဟန်နဲ့ ရှန်လျန့်ကြား အငြင်းပွါးမှုသည် ချူကျီယန်နဲ့ ပိုင်ရွှယ်ချင်းတို့ပါ ရှိနေတာကြောင့် တပည့်အစုအပြုံလိုက်ကို စိတ်ဝင်စားစရာ ဖြစ်စေခဲ့သည်။
ရှန်လျန့်သည် ပိုင်ရွှယ်ချင်းကို လိုက်နေသူမှန်း လူတိုင်းသိကြတာကြောင့် သူမနှလုံးသားကို လိုချင်လျှင် သူမမိသားစုနဲ့ အဆင်မပြေတာမျိုး မဖြစ်ချင်မှာ သေချာတာကြောင့် ထိုအခြေအနေ ဖြစ်လာမည်ဟု မမျှော်လင့်ထားပြပေ။
ပိုင်ကျီဟန်၏ ပထမအကြိမ် စွပ်စွဲချက်သည် မေးခွန်းထုတ်စရာဖြစ်သည့်တိုင် ဒုတိယအကြိမ်ကတော့ ဖြစ်နိုင်သည်။
တကယ်တော့ ဝင်ခွင့်ရုံး၏ အကြီးအကဲသည် ရှန်လျန့်၏ ဦးလေး အကြီးအကဲရှန်ပင်
သူ့ဦးလေး အမည်နဲ့ အကြီးအကဲလုကို အမိန့်ပေးပြီး ပိုင်ကျီဟန်ဝင်ခွင့်မရအောင် လုပ်ဖို့က ခက်ခဲသည့်အရာ မဟုတ်ပေ။
အခြားအချိန်ဖြစ်ခဲ့လျှင် တပည့်တွေသည် ထိုစွပ်စွဲချက်အတွက် ပိုင်ကျီဟန်ကို အပြစ်ပြောနိုင်ပေမဲ့ ဒီတစ်ခါတော့ အားပေးနေကြသည်။ ကောင်းကင်ဘုံဓားဂိုဏ်းကို ပိုင်ကျီဟန် မဝင်နိုင်ခြင်းသည် သူတို့အတွက် အဆင်ပြေသည့်အရာမို့ပင်
“ပိုင်ကျီဟန် မဟုတ်မမှန်တဲ့စွပ်စွဲချက်တွေ ပြောမနေနဲ့။ ငါက တပည့်တွေ အခုလို အများကြီး စုနေတာ ဘာကြောင့်လဲဆိုတာ စူးစမ်းရင်း အမှတ်မထင် မင်းကို တွေ့လိုက်တာပါ”
ရှန်လျန့်သည် အကြောင်းပြချက် ပေးနေ၏
ထို့နောက် ပိုင်ရွှယ်ချင်းဘက် လှည့်ပြီး သူမ အမူအရာမည်သို့ ရှိနေပုံနဲ့ ပိုင်ကျီဟန်စကားကို ယုံကြည်မည့်အခြေအနေ ရှိ၊ မရှိ ကြည့်လိုက်သည်။
သို့တိုင် သူမ မျက်နှာပုံစံသည် ခန့်မှန်းမရဘဲ အနည်းငယ် စိတ်ညစ်နေသည်ကို တွေ့ရသည်။
“ဂျူနီယာညီမ၊ ငါ့ကို ယုံပါ..မင်းမောင်က ဘာလို့ ငါ့ကို အကြောင်းပြချက်မရှိဘဲ မုန်းနေလဲ ငါမသိဘူး၊ ဒါပေမယ့် ပိုင်အိမ်တော်မှာ တွေ့ကတည်းက ငါ့ကို အမြဲပစ်မှတ်ထားနေတာမလို့ မင်းသူ့ကို မယုံသင့်ဘူး”
ထိုအချိန်တွင် ပိုင်ရွှယ်ချင်းသည် ဘာမှမထူးခြားသလိုပင်
သူမသည် လုံးဝစိတ်မ၀င်စားသည့်ပုံပေါက်နေသော ပိုင်ကျီဟန်ကို ငုံ့ကြည့်လိုက်ပြီးနောက် ပျော့ပျောင်းသော လေသံနဲ့အတူ ရှန်လျန့်ဆီသို့ လှည့်ကြည့်လိုက်သည်။
"အကိုကြီး၊ မလိုအပ်တဲ့စကားတွေနဲ့ အချိန်မဖြုန်းမိပါစေနဲ့။ အကိုက ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူးဆိုရင် ဝင်မစွက်ဖက်ပါနဲ့။ သူ့နာမည်ကို ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်အဖြစ် အမြန်စာရင်းသွင်းဖို့ လိုနေလို့ပါ။"
ရှန်လျန့်သည် သူမ၏ ခပ်စိမ်းစိမ်း တုံ့ပြန်မှုကြောင့် အေးစက်သွားသည် ။
ခဏကြာတော့ စိတ်ပျက်လက်ပျက် မျက်လုံးတွေသည် လင်းလက်လာသည်။ သူသည် ပိုင်ရွှယ်ချင်းနှင့် ပိုမိုနီးစပ်ရန် ကြိုးစားအားထုတ်ခဲ့သော်လည်း သူမသည် သူ့အပေါ် အေးစက်နေခဲ့သည်။
စေ့စပ်ပွဲ မဖျက်သိမ်းခင်ကထက်ပင် သူမနဲ့ ပိုဝေးနေခဲ့သည်ဟု ခံစားခဲ့ရသည်။
ရှန်လျန့်သည် သူ့ခံစားချက်တွေကို မျိုသိပ်ရင်း အတင်းရယ်မောလိုက်သည်။
"ဟုတ်ပြီ ဂျူနီယာညီမ။ မင်းကိုကူညီဖို့ ငါလုပ်နိုင်တာတစ်ခုရှိမယ်ထင်တယ်။"
ပိုင်ကျီဟန်သည် မျက်ခုံးပင့်လိုက်သည်။
"အိုး?"
ရှန်လျန့်သည် ခေါင်းညိတ်ပြပြီး သူ့မျက်နှာပေါ်တွင် တွေးတောနေသောပုံနဲ့ပင်။
" အကြီးအကဲလုနဲ့ ဒီအခြေအနေဆိုတော့.. ငါမင်းကို ထောက်ခံပေးရင် သူပြန်စဉ်းစားလောက်တယ်။"
ရှန်လျန့်သည် ဆက်ပြောသည် ။
"ဒါပေမယ့် ဒီလိုဖြစ်ဖို့အတွက် ပိုင်ကျီဟန်.. မင်း သိတတတ်မှုကို ပြသရမယ်။"
ပိုင်ကျီဟန်သည် ပြုံးလိုက်သည်။ ဒါကို သူစောင့်နေခဲ့တာပင်
" ရှန်လျန့် မင်းက ဘယ်လို သိတတ်မှုမျိုးကို တောင်းတာလဲ"
ရှန်လျန့်သည် ပြုံးပြီး မျက်လုံးများ စူးရှလာသည်။
"ဒါက ရိုးရှင်းပါတယ်" သူသည် အနားကို တိုးကပ်သွားသည် ။
"မင်းငါ့ကို ပိုင်မျိုးနွယ်မှာ လိမ်လည်စွပ်စွဲခဲ့တာကို ဝန်ခံဖို့ပဲလိုတယ်၊ မင်းက ငါ့ဂျူနီယာ ညီမတွေကို နှောင့်ယှက်တဲ့သူပဲ"
သူ့အသံသည် ငြိမ်သက်နေသည့်တိုင် သူ့ရည်ရွယ်ချက်က ရှင်းသည်။
"မင်းရဲ့အမှားအတွက် တောင်းပန်ရင် မင်းရဲ့ဝင်ခွင့်ကို ချောမွေ့အောင် ငါကိုယ်တိုင်အာမခံပေးမယ်။"
တိတ်ဆိတ်မှုသည် ခန်းမပေါ် ကျဆင်းသွားသည် ။
ပတ်ဝန်းကျင်မှတပည့်များသည် စေ့စေ့ကြည့်နေကြသည်။ ပိုင်ကျီဟန် ငြင်းမည်ဟု ထင်ကြသော တစ်ချို့ကတော့ တီးတိုးပြောနေသည်။
သူ့ကို မကြိုက်သော တခြားသူတွေသည် ရှန်းလျန့်၏ မကောင်းသောဘက်ကို ရောက်သွားသည့် ပိုင်ကျီဟန်သည် လျူထျန်းလို အရှက်ခွဲခံရဖို့ မျှော်လင့်ပြီး ပြုံးနေကြသည်။
လျူထျန်းနှင့်မတူတာက ရှန်လျန့်သည် ဝိညာဉ်အခြေတည်ကာစ အဆင့်တွင်ရှိနေသည်။ ချူကျီယန် သို့မဟုတ် ပိုင်ရွှယ်ချင်းကိုပင် ကြောက်ရွံ့နေရန် မလိုအပ်ပေ။
ပိုင်ကျီဟန်သည် ရှန်လျန့်ကို ခဏလောက် စိုက်ကြည့်နေ၏
ထို့နောက် ရုတ်တရက်-
"ဖူးး ဟား ဟား”
သူ ရယ်မောလိုက်သည်။
သူ၏ ရယ်မောသံသည် လှောင်ပြောင်သရော်မှုများနှင့်အတူ ခန်းမထဲတွင် ပြည့်နှက်နေသည်။
ကောင်းကင်ဓားဂိုဏ်းရှိ တပည့်များသည် ပိုင်ကျီဟန် လှောင်ပြောင်ရယ်မောနေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်ကြလေသည်။
ရှန်လျန့်၏ အမူအရာ မဲမှောင်သွားသည်။
"ပိုင်ကျီဟန်"
သို့ပေမဲ့ ပိုင်ကျီဟန်သည် လက်ကိုမြှောက်ပြီး စကားကို ကြားဖြတ်လိုက်သည်။
"ရှန်လျန့် ငါ ဒါကို ဒဲ့ပဲ ပြောမယ်။"
သူ့နှုတ်ခမ်းများသည် တွန့်လိမ်ကာ ပြုံးလိုက်သည်။
"မင်းက ငါမလုပ်ခဲ့တာကို ဝန်ခံစေချင်နေတာ... မင်းကို ခေါင်းငုံ့ပေးရင် ငါ့ကို ကူညီမယ်ပေါ့”
ရှန်လျန့်သည် ချက်ချင်း မတုံ့ပြန်သည့်တိုင် သူ့နှုတ်ဆိတ်မှုက အဖြေတစ်ခု ဖြစ်နေချေပြီ
ထို့အပြင် သူသည် ပိုင်ကျီဟန်ကို ကျိန်ဆဲချင်နေသည်။
ပိုင်ကျီဟန်သည် သူတကယ် ဘာမှ မလုပ်ဖူးသလို လုပ်နေ၏ လက်တွေ့မှာတော့ သူ့သည် ရှန့်လျန်ကို အရှက်ခွဲခဲ့သည့်တိုင် ရှန်လျန့်အား အရာအားလုံးကို ဖန်တီးသူဟု ကြိမ်ဖန်များစွာ စွပ်စွဲခဲ့သည်။
ပိုင်ကျီဟန် မျက်လုံးတွေသည် ရွှင်မြူးနေ၏
"ဒီမေးခွန်းကိုပဲ ငါထပ်မေးမယ်။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတလဲ"
သူ့စကားတွေသည် ပေါ့ပါးသည့်တိုင် နောက်ကွယ်က ထက်မြက်မှုသည် ငြင်းလို့မရပေ။
ပိုင်ကျီဟန်၏ မျက်လုံးများသည် သရော်လှောင်ပြောင်ခြင်းမှ အေးစက်ပြီး စူးစူးရှရှ အကြည့်များဆီသို့ ကူးပြောင်းသွားကာ
အရေးမပါသော ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသကဲ့သို့ အကြွင်းမဲ့ အာဏာကို သယ်ဆောင်ထာသည်။
“အားနာပါတယ်၊ ဒါပေမယ့် မင်းအကူအညီ မလိုဘူး”
ရှန်လျန့် မေးရိုးသည် တင်းမာသွားသည်။
ပိုင်ကျီဟန်သည် ရှေ့သို့ အနည်းငယ် တိုးလာပြီး သူ့နဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
“အမှန်တော့” သူက ဆက်ပြောလိုက်သည်။ “မင်းဘာကြောင့် ဒီမှာ ပေါ်လာနေသေးလဲဆိုတာ ငါမသိဘူး။ နောက်တခေါက် အရိုက်ခံချင်သေးလို့လား?”
ရှန်လျန့် လက်တွေ တုန်ယင်သွားသည်။
(ဒီခွေးကောင်)
“ရှန်လျန့်က အရိုက်ခံခဲ့ရတာလား?”
“ငါကြားဖူးပေမယ့် အဲ့တာကို အမှန်လို့ မထင်ခဲ့ဘူး”
“ပိုင်ကျီဟန်ကို အခုလို ပြသနာရှာတာက အံ့ဩစရာမဟုတ်ပါဘူး။ သူက အရိုက်ခံခဲ့ရတာကို”
…
ရှန်လျန့်ဆီ အားလုံးအကြည့်တွေ ကျရောက်လာသည်ကို ခံစားရသည်။
ပိုင်ကျီဟန် ပြောသည့်စကားကြောင့် အံ့ဩနေချိန်မှာ အချို့သည် ရယ်မောနေကြသည်။ တကယ်တော့ သူတို့ လေးစားရသည့် စီနီယာအကိုသည် ပိုင်မျိုးနွယ်၏ အမှိုက်ဟုခေါ်သည့်သူဆီမှ အရိုက်ခံခဲ့ရသည်။
ဒါက ရယ်စရာလား
ရှန်လျန့်သည် ပိုင်ကျီဟန်ပါးစပ်ကို ပိတ်ချင်တာကလွဲလို့ ဘာမှမလုပ်ချင်တော့ပေ။ သို့ပေမဲ့ ပိုင်ရွှယ်ချင်းက ကြည့်နေ၏
ရှန်လျန့်သည် သွားများကိုသာ အံ့ကြိတ်ထားနိုင်၏
(မင်း ဒါကို ပြောရဲတာလား)
တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သော အကြီးအကဲလုသည် ရှေ့သို့ တိုးလာကာ သူ့အသံမှာ အေးစက်နေသည်။
"ပိုင်ကျီဟန်က သိတတ်မှုကို ပြဖို့ ငြင်းဆိုတဲ့အတွက် ဆွေးနွေးစရာမရှိတော့ပါဘူး"
သူသည် ပိုင်ကျီဟန်ကို အထင်အမြင်သေးစွာ ကြည့်နေသည် ။
"ကောင်းကင်ဓားဂိုဏ်းက မာနကြီးပြီး ဂုဏ်သိက္ခာမဲ့တဲ့ ပုဂ္ဂိုလ်တွေကို လက်မခံပါဘူး”
ပိုင်ကျီဟန်သည် ရယ်မောလိုက်သည်။
"အား အခုဆို တစ်စုံတစ်ယောက်ရဲ့ အတ္တအတွက် သူ့ကို ဦးညွှတ်ဖို့ ငြင်းဆန်လိုက်တာနဲ့ ဂုဏ်သိက္ခာမဲ့သူ ဖြစ်နေပြီလား။ ရှန်လျန့်က ခင်ဗျားကို အမိန့်ပေးတာကို ဖုံးကွယ်ထားပုံမပေါ်ဘူးပဲ..အခု ဘယ်သူက သိက္ခာမဲ့တဲ့သူလဲ"
အကြီးအကဲလု မျက်နှာသည် ဒေါသများဖြင့် တွန့်လိမ်သွားသည်။
ရှန်လျန့်သည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်သည်ဟု ခံစားမိကာ စကားပြန်ပြောသည်။
" ပိုင်ကျီဟန် ၊ ဒါ မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ"
သို့တိုင် ပိုင်ကျီဟန်သည် ရိုးရိုးရှင်းရှင်း ပြုံးပြလိုက်သည်
"ဟား ဟား ! ငါက အရှုံးသမားတွေဆီမှာအမိန့်မနာခံတတ်ဘူး။"