← Chapters

ဓားမကို သွေးမည်

Vol. 129 Ch. 1670

ဓားမကို သွေးမည်

Vol. 129 Ch. 1670

ရှန့်ပင်းယင်သည် လုံရှန်းဆန်းရန်ကို နောက်တစ်ကြိမ် တွေ့လိုက်ရသည့်အခါ သူ၏ တာအိုနှလုံးသားမှာ ချက်ချင်း ပြိုလဲတော့မလို ဖြစ်သွားသည်။ မြောက်ကောင်းကင်နတ်မြစ်မှ လိပ်နက်ကောင်းကင်နန်းဆောင် တိုက်ပွဲကို ယခုအချိန်အထိ မှတ်မိနေသေး၏။

၎င်းက သူ၏ တစ်ဘဝလုံးတွင် အကြီးမားဆုံးသော ရှုံးနိမ့်မှုကြီး ဖြစ်လေသည်။

သူသည် ကောင်းကင်နတ်မြစ်ရေတပ်၊ နန်းစောင့်တပ်ဖွဲ့များ၊ မြောက်ပိုင်းဂိုဏ်းစစ်တပ်တို့ကို ဦးဆောင်တိုက်ခိုက်ခဲ့သော်လည်း ထို လုံရှန်းဆန်းရန် ဟူသော သိုင်းပညာရှင်၏ ဖန်သားကောင်းကင်စေတီ ၀င်္ကပါထဲတွင် ကျဆုံးခဲ့ရ၏။ ကျဆုံးမှု များပြားလွန်းသဖြင့် ထိုကောင်းကင်နတ်ဘုံ၏ အင်အားစုလေးစုလုံး မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ရပြီး သူသည်လည်း နှစ်ထောင်သောင်းပေါင်းများစွာ ကြာသည်အထိ နလန်မထူနိုင်ခဲ့ပေ။

သူ၏လက်များ တဆတ်ဆတ် တုန်ရီနေသည်။ လုံရှန်းဆန်းရန် ထိုအချိန်က အသုံးပြုခဲ့သည့် ၀င်္ကပါမှာ မနုမစိတ်ခဲ့သေးချေ။ နှစ်ခြောက်သိန်းကြာ ပြုပြင်တိုးတက်ခဲ့ပြီးနောက် မန္တန်အရေအတွက်နှင့် ၀င်္ကပါမှာ တိုးတက်လာခဲ့ချေပြီ။ လက်ရှိရှန့်ပင်းယင်အနေဖြင့် ထိုအချိန်က ၀င်္ကပါကို ချိုးဖျက်နိုင်နေပြီ ဖြစ်သည်။

သို့သော် လုံရှန်းဆန်းရန်ကရော မတိုးတက်ဘဲ နေမည်လော။

ထိုသို့ ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦးသည် လွန်ခဲ့သော နှစ်ခြောက်သိန်းအတွင်း မည်မျှအတိုင်းအတာအထိ တိုးတက်ခဲ့ပါသနည်း။

မုန့်ယွင်ကွေ့က ‌ခေါင်းမော့၍ ကောင်းကင်ဘုံ ၂၈ ဘုံ အထက်တွင် ရပ်နေ‌သော နဂါးချီလင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ကောင်းကင်ဆရာသခင် မည်သူ ဖြစ်သည်ကို ကောက်ချက်ချနိုင်ခြင်း မရှိခဲ့ပေ။ အချို့သူများက ရှန့်ပင်းယင်သည် ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ကောင်းကင်ဆရာသခင် ဖြစ်သည်ဟု ပြောကြသည်။ တချို့သူများ ယွဲ့ထင်းကဲက အလွန်တရာ ပါရမီထူးကဲပြီး သူ၏ ဉာဏ်ပညာက ရှန့်ပင်းယင်ထက် သာလွန်သည်ဟု ဆိုကြ၏။ မုန့်ယွင်ကွေ့၏ ပါရမီက ရှန့်ပင်းယင်ထက် သာလွန်သည်ဟု ပြောကြသူများလည်း ရှိသည်။

သို့သော် တစ်လောကလုံး၏ နံပါတ်တစ်ကောင်းကင်ဆရာသခင်က မည်သူ ဖြစ်သည်ကိုလဲတော့ ငြင်းခုန်နေရန် မလိုအပ်။

တစ်လောကလုံးတွင် နံပါတ်တစ်ကောင်းကင်ဆရာသခင် တစ်ယောက်တည်းသာ ရှိသည်။ ထိုသူက နဂါးဟန်ခေတ်တွင် တစ်လောကလုံးကို တုန်လှုပ်စေခဲ့ပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည့် လုံရှန်းဆန်းရန်ပင် ဖြစ်၏။

လုံရှန်းဆန်းရန်သည် သမိုင်းတလျှောက် ကောင်းကင်ဆရာသခင် အားလုံး၏ စိတ်နှလုံးသားထဲမှ နတ်ဘုရားဟုပင် ပြော၍ရနိုင်သည်။

သူ၏ နာမည်ကပင် ပြိုင်ဘက်ကင်းမှုကို ကိုယ်စားပြုသည်။

မင်းသားယိုမင်းမှာ အနည်းငယ် စိုးရိမ်ပူပန်နေသည်။ ရှန့်ပင်းယင်နှင့် မုန့်ယွင်ကွေ့သည် ထိုအချိန်တုန်းက တိုက်ပွဲ၏ လှည့်ကွက်များကို မသိကြသော်လည်း သူကတော့ ကောင်းကောင်း သိရှိထား၏။

ထိုအချိန်တုန်းက နဂါးချီလင်ကို အသုံးပြု၍ ရှန့်ပင်းယင်ကို တိုက်ခိုက်ခဲ့သူမှာ ချင်မူ ဖြစ်သည်။ သူသည် ရှန့်ပင်ယင်းသာမက နန်းစောင့်တပ်ဖွဲ့များ၊ ကောင်းကင်နတ်မြစ်ရေတပ်နှင့် မြောက်ပိုင်းဂိုဏ်းစစ်တပ်တို့ကိုပါ အနိုင်ယူ၍ နဂါးချီလင်အား နာမည်ကျော်ကြားစေခဲ့သည်။

ယခုတွင် ရောက်ရှိလာခဲ့သူမှတော့ နမော်နမဲ့ဆန် နဂါးချီလင်သာ ဖြစ်၏။ သူ့မှာ ချင်မူ့အယောင်ဆောင်သာ ဖြစ်သည်။ နဂါးချီလင်အနေဖြင့် ရှန့်ပင်းယင်အား အနိုင်ယူကာ သူ၏ ပြိုင်ဖက်ကင်းဒဏ္ဍာရီကို ထိန်းသိမ်းထားနိုင်ပါမည်လော။

သူ၏နှလုံးသားထဲတွင် ယုံကြည်ချက် ရှိမနေချေ။

နဂါးချီလင်သည်လည်း ယုံကြည်ချက် များများစားစား မရှိ။

သူသည် ဤနှစ်များအတွင်း သင်္ချာနှင့် ၀င်္ကပါလမ်းစဉ်များ သင်ယူထားခဲ့ပြီး သူ၏ အောင်မြင်မှုများက ထိုအချိန်တုန်းကနေယှဉ်လျှင် များစွာ မြင့်မားနေပြီဖြစ်သော်လည်း ရှန့်ပင်းယင်ကဲ့သို့ အချိန်အတော်ကြာ စစ်ပွဲများ ဆင်နွှဲလာခဲ့သည့် ကောင်းကင်ဆရာသခင်တစ်ဦးကို ရင်ဆိုင်ရမည်ကိုတော့ အနည်းငယ် တုံ့ဆိုင်းမိနေသေးသည်။

“ငါ နာမည်ပျက်လို့ မဖြစ်ဘူး”

နဂါးချီလင်က သူ့ကိုယ်သူ အားပေးလိုက်သည်။ “ငါ ဂိုဏ်းသခင်ကို‌တော့ ၀င်္ကပါလမ်းစဉ်မှာ မယှဉ်နိုင်ပေမယ့် ဒီနှစ်တွေအတွင်း လေ့လာထားတာပဲဟာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ၀င်္ကပါလမ်းစဉ်ကလည်း ကောင်းကင်နတ်ဘုံက ငနူတွေကထက် အများကြီး သာတယ်… ပိုပြီး အရေးကြီးတာက ဖန်သားကောင်းကင်စေတီကို ဘိုးဘိုးမျက်ကန်းနဲ့ ဘိုးဘိုးရွှေအက သန့်စင် သွန်းလုပ်ပေးထားတဲ့အတွက် အရင်ကထက် ပိုကောင်းနေပြီ… ငါ ဒီတိုက်ပွဲကို အနိုင်ယူနိုင်လိမ့်မယ်…”

သူက အတွေးတစ်ချက်ဖြင့် ဖန်သားကောင်းကင်စေတီကို ချက်ချင်း အသက်သွင်းလိုက်သည်။

ဖန်သားကောင်းကင်စေတီထဲတွင် ရှိနေကြသည့် ယွီဟွာကောင်းကင်ဘုံစစ်တပ် စစ်သည်တော်များမှာ ကောင်းကင်ဘုံ ၂၈ ဘုံထဲရှိ ၀င်္ကပါများ ပြောင်းလဲသွားမှုကို ရုတ်ခြည်း ခံစားလိုက်ရသည်။ သူတို့သည် ဝင်္ကပါများကြောင့် မြောက်တက်သွားကြပြီး မှော်စွမ်းအင်များ စီးဆင်းလျက် ၀င်္ကပါများနှင့် ဆက်နွယ်ကာ ၀င်္ကပါပြောင်းလဲမှုများနှင့်အတူ လိုက်လံပြောင်းလဲနေ၏။

တစ်ချိန်တည်းမှာပင် သူတို့သည် ရတနာတစ်ခုပြီးတစ်ခုနှင့် ဆက်နွယ်နေပြီး မဟာစွမ်းအားတစ်ရပ်ကို ထိန်းချုပ်နိုင်နေသည့်အလား ခံစားနေကြရသည်။ သူတို့မှာ အံ့သြဝမ်းသာလာကြ၏။

သို့သော် ကောင်းကင်ဘုံ ၂၈ ဘုံထဲတွင် ရှိနေသည့် မုန့်ယွင်ကွေ့ကတော့ အနည်းငယ် တုံ့ဆိုင်းနေသည်။ ယွီဟွာကောင်းကင်ဘုံစစ်တပ်၏ စစ်သည်တော်များ မမြင်နိုင်သော်လည်း ဤလုံရှန်းဆန်းရန်သည် ၀င်္ကပါပြောင်းလဲမှုများတွင် အနည်းငယ် လိုအပ်ချက်များ ရှိနေသည်ကို သူ တွေ့မြင်နေရ၏။

“လုံရှန်းဆန်းရန် ပေါ်မလာခဲ့တာ နှစ်ထောင်သောင်းပေါင်းများစွာကြာခဲ့ပြီဆိုတော့ အသားမကျသေးတာ ဖြစ်ပါလိမ့်မယ်…”

မုန့်ယွင်ကွေ့၏ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ “သူ ၀င်္ကပါအခင်းအကျင်းထဲက ပြောင်းလဲမှုတွေနဲ့ အရင်ဆုံး ရင်းနှီးအောင် ငါ ကူညီပေးမယ်… သူ အသားကျသွားအောင် ငါ ကူညီပေးနိုင်မှာပါ”

သူ၏ အသိစိတ်အလျဉ်က လှိုင်းထသွားပြီး နဂါးချီလင်၏ စိတ်ထဲတွင် အသံတစ်သံအဖြစ် ထွက်ပေါ်လာသည်။ သူက နဂါးချီလင်အား ၀င်္ကပါကို မည်သို့ပြောင်းလဲရမည်လဲ ညွှန်ကြားပြောပြပေးနေ၏။ မုန့်ယွင်ကွေ့၏ သင်ကြားပေးမှုကြောင့် နဂါးချီလင်မှာ တဖြည်းဖြည်း နေသားကျလာပြီး ၀င်္ကပါအခင်းအကျင်း ထိန်းချုပ်ဆောင်ရွက်မှုများ သွက်လက်လျင်မြန်လာသည်။

ကောင်းကင်နတ်ဘုံစစ်တပ်သည် ကမ္ဘာဦးဘုံသို့ ရောက်လာခဲ့ချေပြီ။ ပထမဆုံး တပ်ဖွဲ့လှိုင်းက ကမ္ဘာဦးဘုံထဲသို့ ဝင်ရောက်၍ ခံစစ်အားနည်းချက်များကို သိရှိရန် စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။

ကမ္ဘာဦးဘုံ၏ ပိုင်နက်မှာ ကျယ်ပြောပြီး အနီးအနားတွင် မရေမတွက်နိုင်သော ကောင်းကင်ဘုံကမ္ဘာလောကများ တည်ရှိသည်။ ယခင်တုန်းက ကမ္ဘာဦးဘုံသည် နဂါးဟန်ကောင်းကင်ဘုံ၊ ကောင်းကင်ဟန်ကောင်းကင်ဘုံနှင့် ကောင်းကင်နဂါးကောင်းကင်ဘုံ စသည့် ဘုံသုံးဘုံအား ဖွဲ့တည်ထားပေးနိုင်၏။ ကောင်းကင်နတ်ဘုံ၏ စစ်တပ်အင်အားမှာ ကမ္ဘာဦးဘုံသို့ ရောက်လျှင် သမုဒ္ဒရာထဲမှ ရေစက်လေးတစ်စက်အလားပင်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ ခံစစ်ကတော့ နေရာအားလုံးကို ကာကွယ်ပေးနိုင်မည် မဟုတ်သောကြောင့် အားအနည်းဆုံးနေရာမှ စတင်တိုက်ခိုက်ခြင်းက လူအင်အားအသက်သာဆုံး နည်းလမ်း ဖြစ်လေသည်။

ကမ္ဘာဦးဘုံဆီသို့ ဦးတည်ကျူးကျော်လာသော နတ်ဘုရားမိစ္ဆာစစ်တပ်က ဟိုဟိုသည်သည် ကျူးကျော်ဝင်ရောက်၍ သတ်ဖြတ်ချေမှုန်း မီးလောင်တိုက်သွင်းနေ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ကမ္ဘာဦးဘုံတစ်ခုလုံးကို သိမ်းပိုက်နေရာယူထားခြင်း မဟုတ်သဖြင့် အရွယ်အစားမျိုးစုံ ဖြစ်သည့် တိုင်းပြည်များစွာလည်း ရှိနေသေးသည်။ ထိုနတ်ဘုရားတိုင်းပြည်များမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပိုင်နက်မဟုတ်သည့်အပြင် တချို့တိုင်းပြည်များမှာ ရန်သူများပင် ဖြစ်ကြသောကြောင့် ကောင်းကင်နတ်ဘုံ၏ စစ်တပ်များအောက်တွင် အလျင်အမြန်ပင် အညံ့ခံခဲ့ကြသည်။

၎င်းတို့ထဲမှ တချို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လက်အောက်ခံတိုင်းပြည်များ ဖြစ်ကြသည်။ သူတို့က အစွမ်းကုန် ခုခံ၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာထံမှ စစ်ကူတောင်းနေကြသည်။ သတင်းကြားသည်နှင့် မည်သည့်ခုခံခြင်းမှ မပြုဘဲ ချက်ချင်း အညံ့ခံကြသော တိုင်းပြည်ငယ်အချို့လည်း ရှိလေသည်။

ကောင်းကင်နတ်ဘုံ၏ ပင်မအင်အားစု ကမ္ဘာဦးဘုံသို့ ရောက်မလာခင်မှာပင် ကမ္ဘာဦးဘုံ၏ သုံးပုံတစ်ပုံသည် ကောင်းကင်နတ်ဘုံလက်ထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်နတ်ဘုံ၏ ပင်မစစ်တပ် ကမ္ဘာဦးဘုံအထက်ကောင်းကင်၌ ပေါ်လာသည့်အချိန်တွင် ကမ္ဘာဦးဘုံ၏ အတားအဆီးအကာအရံမှာ ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။ ၎င်းမှာ အဖောက်ခံလိုက်ရသော ကြက်ဥအကာတစ်ခုအလား ကောင်းကင်နတ်ဘုံရှေ့မှောက်တွင် အတိုင်းသား လစ်ဟာနေတော့သည်။

ခမ်းနားတင့်တယ်သည့် ကောင်းကင်နန်းဆောင်အမျိုးမျိုး ကောင်းကင်ထဲတွင် မြောလွင့်နေကြသည်။ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများက တိမ်တိုက်များပေါ်တွင် ရပ်နေကြသည်။ နတ်ဘုရားမိစ္ဆာ ဆယ်နှစ်ကျော် ခရီးနှင်လာခဲ့ရသည့် မကျေမနပ်ချက်များကို ထုတ်ဖော်နေကြ၏။ မိုးကြိုးများ၊ လျှပ်စီးများက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး အောက်ရှိ မြေပြင်အား လောင်ကျွမ်းပြာကျနေစေသည်။

ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်သည် လမ်းတလျှောက် နတ်ဘုရားတိုင်းပြည်အမျိုးမျိုးကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိုနတ်ဘုရားတိုင်းပြည်အမျိုးမျိုးမှာ ချက်ချင်းပင် ဘေးဒုက္ခရောက်ကြရ၏။ ကောင်းကင်နတ်ဘုံစစ်တပ်သည် ခရီးကွာဝေးစွာ ချီတက်ခဲ့ရသောကြောင့် ဒေါသဖြေဖျောက်နိုင်မည့် နည်းလမ်း မရှိခဲ့ပေ။ ကမ္ဘာဦးဘုံတွင် ဒေါသဖြေဖျောက်နိုင်မည့် နည်းလမ်းကို တွေ့သည်နှင့် မောက်မာရမ်းကားကြပြီး မီးလောင်ကျွမ်းမှုများ၊ သတ်ဖြတ်မှုများ၊ လုယက်မှုများနှင့် အနိုင်ကျင့်စော်ကားမှုများက နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေတော့သည်။

အချို့သော စစ်သည်တော်များဆိုလျှင် အဖွဲ့တစ်ဖွဲ့ချင်းစီ ဦးဆောင်၍ မြို့များအား ဝင်ရောက်ဖျက်ဆီး ဓားပြတိုက်ကြသည်။ တိုင်းပြည်များ၏ ပြည်သူပြည်သားများကို သတ်ဖြတ်ကာ ဦးခေါင်းများအား တိုက်ပွဲဆုတံဆိပ်များအဖြစ် ကြွားဝါကြ၏။

အချို့က ကမ္ဘာဦးဘုံ နတ်ဘုရားတိုင်းပြည်များ၏ ဘဏ္ဍတိုက်များကိုပင် ဖောက်ထွင်းကြသည်။ နတ်ဘုရားတိုင်းပြည်၏ မိဖုရားဆောင်များသို့ပင် ဝင်ရောက်ကာ ဧကရာဇ်ကို သတ်ဖြတ်၍ မိဖုရားများအား နေ့ညမရွေး အနိုင်ကျင့်စော်ကားကြသည်။

ကောင်းကင်နတ်ဘုံ၏ တပ်မှူးများစွာသည် ဤကိစ္စများကို မသိချင်ယောင်ဆောင်ထားကြသည်။ ကမ္ဘာဦးဘုံသို့ စစ်ချီရာတွင် စစ်သည်တော်များအနေဖြင့် ဒေါသဖြေဖျောက်ရန် လိုအပ်သည်။ ထိုသို့မဟုတ်လျှင် ကိစ္စများ ပြောင်းလဲသွားနိုင်၏။ ထို့ကြောင့် သူတို့အား စိတ်ရှိလက်ရှိ ပြုမူခွင့်ပေးထားသည်။

ကောင်းကင်နတ်ဘုံ စစ်တပ် စိတ်တိုင်းကျ သောင်းကျန်းနေပြီးနောက် ဆယ်ရက် ကြာသည့်အခါတွင် ကောင်းကင်နတ်ကရာဇ်ဟောင်က အမိန့်ပေးသည်။ “သိပ်ပြီး လွန်လွန်ကျူးကျူး မလုပ်စေနဲ့”

တပ်မှူးများ စစ်သည်တော်များအား ပြန်လည်စုစည်းရန် အမိန့်ပေးလိုက်ပြီး ထိုအချိန်ကျမှ အားလုံးငြိမ်ကျသွားတော့သည်။

လုယက်ဓားပြတိုက်မှုကြီးပြီးနောက် စစ်တပ် အရာရှိကြီးများနှင့် တပ်မှူးများသည် ကြွယ်ဝမှုများစွာ ရရှိခဲ့၏။ ကုန်ကြမ်းရိက္ခာများရော ကျွန်များပါ ရရှိခဲ့သောကြောင့် အတော်လေး ဝမ်းမြောက်နေကြ၏။ သို့သော် ကောင်းကင်နတ်ဘုံကို အညံ့ခံခဲ့ကြသည့် တိုင်းပြည်များမှာတော့ ဒုက္ခရောက်နေကြသည်။ ၎င်းတို့အားလုံး ပျက်စီးသွားသည်နှင့် မခြားလှပေ။

အင်အားပြန်လည်စုစည်း၍ ရက်အနည်းငယ်ကြာပြီးနောက် ကောင်းကင်နတ်ဧကရာဇ်ဟောင်က အမိန့်ထုတ်ပြန်သည်။ “‌မြောက်ကောင်းကင် မဟူရာနတ်မင်း၊ မြောက်ကောင်းကင်ရဲ့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး ကမ္ဘာဦးဘုံရဲ့ မြောက်ပိုင်းနယ်စပ်ဆီ ချီတက်ပါ”

မူလမြောက်ကောင်းကင် မဟူရာနတ်မင်း ဖြစ်သည့် ကောင်းကင်ယင်သားတော်မှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဧကရာဇ်ငါးပါးမှ တစ်ပါးဖြစ်သည့် နျန့်ကွမ်းဟယ်က မဟူရာနတ်မင်းရာထူးကို ရယူခဲ့လေသည်။ သူက မြောက်ကောင်းကင်နန်းဆောင်သုံးဆောင်အပါအဝင် စစ်သည်တပ်ဖွဲ့ပေါင်း လေးဆယ်အား ဦးဆောင်ကာ ချီတက်သွားတော့သည်။

မိစ္ဆာဘိုးဘေးကြီး မဟာကာလသည် အဆိုပါ သတင်းကို သူ၏ မိစ္ဆာစစ်တပ်ကို စုစည်း၍ ချက်ချင်းပင် နျန့်ကွမ်းဟယ်ထံ သွားရောက်ပူးပေါင်းထောက်ပံ့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က နောက်ထပ်အမိန့်ပေးလိုက်ပြန်သည်။ “တောင်ကောင်းကင်ရဲ့ ဇာမဏီနတ်မင်း၊ တောင်ကောင်းကင်ရဲ့ တပ်ဖွဲ့ ၃၉ ဖွဲ့ကို ဦးဆောင်ပြီး တောင်ပင်လယ်ကို တိုက်ခိုက်ပါ”

ဇာမဏီနတ်မင်းချီရှားယွီက အမိန့်ကို လက်ခံရရှိသည်နှင့် နယ်စားမင်းငါးပါး ပါဝင်သည့် တပ်ဖွဲ့ ၃၉ ဖွဲ့ကို ဦးဆောင်ကာ တောင်ပင်လယ်အား သွားရောက်တိုက်ခိုက်သည်။

ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့က ချက်ချင်းပင် သူတို့၏ တပ်ဖွဲ့များကို စေလွှတ်၍ ချီရှားယွီအား ခုခံတိုက်ခိုက်၏။ နှစ်ဖက်လုံးက တောင်ပင်လယ်ထက်တွင် စစ်တပ်များ နေရာယူထားကြသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အမိန့်ပေးပြန်၏။ “အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်း၊ အရှေ့ပင်လယ်က တပ်ဖွဲ့ ၆၀ ကို ဦးဆောင်ပြီး အရှေ့ပင်လယ်ကိုတိုက်ခိုက်ပါ”

အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းသည် အရှေ့ပင်လယ်တွင် တပ်ဖွဲ့များနေရာချ၍ တပ်ဖွဲ့ ၆၀ ကို ဦးဆောင်ကာ အရှေ့ပင်လယ်တွင် ၀င်္ကပါများ ခင်းကျင်းနေသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အမိန့်ပေး၏။ “အနောက်ကောင်းကင် အဖြူရောင်နတ်မင်း၊ တပ်ဖွဲ့ ၂၇ ဖွဲ့ကို ဦးဆောင်ပြီး အနောက်ဘက်ကို တိုက်ခိုက်ပါ”

အနောက်ကောင်းကင် အဖြူရောင်နတ်မင်းက ချက်ချင်းပင် အထက်ကောင်းကင်ဘုံထံသို့ သွားရောက်၍ တပ်ဖွဲ့ ၂၇ ဖွဲ့ ကို ဦးဆောင်ကာ အနောက်ဘက်အား အထက်ကောင်းကင်ဘုံမှ တိုက်ခိုက်သည်။

ကောင်းကင်နတ်မင်းသုံးပါး၊ ကောင်းကင်ဆရာသခင်နှစ်ပါး၊ နန်းစောင့်တပ်ဖွဲ့ ရှစ်ဖွဲ့၊ သတ္တမနယ်စားမင်း၊ စတုတ္ထဝန်ကြီးချုပ်၊ တတိယအအရှင်သခင်၊ ဒုတိယအကြံပေး၊ ပဉ္စမနန်းရင်းဝန်နှင့် ပဉ္စမအတွင်းရေးဝန်တို့က ကောင်းကင်နတ်ဘုံ၏ တပ်ဖွဲ့များကို ဦးဆောင်ကာ အလယ်မှ တိုက်ခိုက်ကြသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကိုယ်တိုင် ဦးဆောင်၏။

ကောင်းကင်နတ်မြစ်စစ်တပ်က ကောင်းကင်နတ်မြစ်တွင် နေရာယူထားပြီး ရွှင်ပျော်ပျော်ကျေးရွာသို့ စတင်ဦးဆောင်တိုက်ခိုက်၏။ ၎င်းက ကမ္ဘာဦးဘုံ အလယ်ကမ္ဘာမြေ၏ မြောက်ဘက်တွင် တည်ရှိသည်။

ထိုအချိန်တွင် ချင်မူက ဘိုးဘေးနန်းတော်၏ အနက်ရောင်တောင်တန်းဆီသို့ ပြန်လည်ရောက်လာကာ ဤစကြ၀ဠာ၏ လောကသစ်ပင်တည်နေရာကို အတည်ပြုမှတ်သားသည်။ ထို့နောက် ယိုတုသို့ ခိုးဝင်ရောက်၍ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ဆီသို့ ချက်ချင်း ဦးတည်သွားတော့သည်။

သူ၏အရိပ်ထဲတွင် ပုန်းနေသော ရှန့်ကျွင်းက မေး၏။ “သခင်လေးခုနစ်၊ လောကသစ်ပင်အောက်က အဲဒီပုဂ္ဂိုလ်က ဘယ်သူများလဲ”

“သူ့နာမည်က ရှုရှန်းဟွာတဲ့”

ချင်မူက ပြုံးလိုက်သည်။ “သူ့ရဲ့စွမ်းဆောင်ရည်တွေက သိပ်ကို သန်မာတယ်မလား”

ရှန့်ကျွင်းက ဖြေ၏။ “သူ့ရဲ့ လက်ရှိစွမ်းဆောင်ရည်တွေကို ပြောဖို့ ခက်ပေမယ့် တာအို ရသွားရင်တော့ သူ့ရဲ့စွမ်းဆောင်ရည်က ပိုပြီးတော့တောင် မသေမချာ ဖြစ်သွားတော့မယ်… သူ ကျင့်ကြံနေတဲ့ ကျင့်စဉ်က အရင်ကျင့်စဉ်တွေနဲ့ မတူတာကို တွေ့ရတယ်… သူက လောကသစ်ပင်ကို စစ်ဆေးအဖြေရှာနေပြီး ကိုယ်ပိုင်လောကသစ်ပင်ကို တည်ဆောက်ဖို့ စီစဉ်နေသလိုပဲ… အဲဒါဆိုရင် ဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်စရာ မလိုတော့ဘူး”

ချင်မူ ခေါင်းညိတ်မိသည်။ “နောင်တော်ရှုနဲ့ လန်ယွီတျန်းတို့က တာအိုရဖို့ ကိုယ်ပိုင်လမ်းစဉ်ကို ဖန်တီးနေကြတာပဲ….”

ရှန့်ကျွင်းသည် တိတ်ဆိတ်နေပြီးနောက် မနေနိုင်သဖြင့် မေးလိုက်ပြန်၏။ “သူတို့ တာအို ဖြစ်လာပြီး အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်စရာ မလိုတော့ရင် တာအိုသိုင်းပညာရှင်တွေ များလွန်းတဲ့အတွက် အန္တိမဟင်းလင်းပြင် ပြိုလဲမှာကို ကာကွယ်နိုင်မှာလား…”

ချင်မူက ပြုံးသည်။ “သူတို့ အဲဒီလိုတော့ စီစဉ်ထားတာပဲလေ… ဒါပေမဲ့ အန္တိမဟင်းလင်းပြင် ပြိုလဲမှာကို ရှောင်တိမ်းနိုင်ခြင်းရှိ၊ မရှိကတော့ ငါတို့ မသေချာသေးဘူး”

ရှန့်ကျွင်း နောက်တစ်ခါ တိတ်ဆိတ်သွားပြန်သည်။ အချိန်အတော်ကြာပြီးနောက် သူက ပြော၏။ “သူတို့ လျှောက်နေတဲ့လမ်းစဉ်က မှန်ကန်တဲ့ လမ်းစဉ်လို့ ခံစားရတယ်”

ချင်မူလည်း ပြန်လှည့်၍ သူ၏ အရိပ်ထဲတွင် တောက်ပနေသော ရှန့်ကျွင်း၏ မျက်လုံးများကို ကြည့်လိုက်သည်။ ဤသူသည် သူ တာအိုရရှိခဲ့၍ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ ပျက်စီးခဲ့သည့် ဖြစ်စဥ်ကို ပြန်လည်တွေးတောနေသည်မှာ သိသာ၏။

သတ်ဖြတ်ခြင်းဖြင့် တာအိုရရှိခဲ့သော ရှန့်ကျွင်းမှာ အတိတ်၌ အရာအားလုံးကို သတ်ဖြတ်ခဲ့စဉ်တုန်းကလို ခက်ထန်သွက်လက်နေခြင်း မရှိတော့ပေ။

ရှုရှန်းဟွာ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို တွေ့မြင်ခဲ့ရပြီးနောက် သူ၏နှလုံးသားထဲရှိ အံ့ဩမှင်သက်မှုမှာ ပို၍ပင် ကြီးထွားလာပြီး သူကိုယ်တိုင်နှင့် သူ၏ကျင့်စဉ်အပေါ် ပို၍သံသယဝင်လာမိစေသည်။

မိမိကိုယ်ကို သံသယဝင်ခြင်းက တာအိုနှလုံးသားထဲတွင် ယုံကြည်ချက်ကင်းမဲ့စေ၍ တာအိုအဆင့်အပေါ် များစွာသက်ရောက်မှု ရှိစေနိုင်သည်။ သူ၏ကျင့်ကြံအဆင့်သည် တိုးတက်လာရမည့်အစား ဆုတ်လျော့သွားခြင်းပင် ဖြစ်နိုင်၏။

“လောကသစ်ပင်နဲ့ တာအို ဖွဲ့တည်တာက သူ့ကိုယ်သူ ထိန်းသိမ်းထားနိုင်တဲ့ မဟာတာအိုတစ်မျိုးပဲ”

ချင်မူက ရှေ့သို့ ဆက်လျှောက်သွားသည်။ “တာအိုကျင့်စဉ်စနစ်နဲ့ တာအို ဖွဲ့တည်တာက ဟင်းလင်းပြင်ကို ထိန်းသိမ်းပေးထားတဲ့ မဟာတာအိုတစ်မျိုးပဲ” သူက မှင်သေသေ ပြောသည်။ “လမ်းစဉ်နှစ်ခု ကြားမှာ ကွာခြားချက်တွေ ရှိပေမယ့် တခြားလမ်းစဉ်က မှားတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး… ရှန့်ကျွင်း၊ မင်း မင်းရဲ့လမ်းစဉ်အပေါ် ဆက်ပြီး သံသယဝင်နေမယ်ဆိုရင် ကျင့်ကြံခြင်းအခြေခံ အားနည်းလာပြီး နောက်ဆုံး အသုံးမကျတဲ့သူ ဖြစ်လာလိမ့်မယ်…. ဒီစကြ၀ဠာအတွက် ရှုရှန်းဟွာဟာ သူ့တာအိုသူ ထိန်းသိမ်းနိုင်ဖို့ လိုအပ်သလို မင်းအတွက်လည်း အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်ဖို့ လိုအပ်ခဲ့တယ်”

ရှန့်ကျွင်း၏ တာအိုနှလုံးသားမှာ ပြိုလဲနေခြင်း ရပ်တန့်သွားပြီး သူက ချင်မူ့အနောက်မှ တိတ်ဆိတ်စွာ ဆက်လက်လိုက်ပါလာသည်။

သူတို့ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်သို့ ရောက်သည့်အချိန်တွင် ချင်မူက အသူရာချောက်နက်၏ တည်နေရာကို အတိအကျမှတ်သားပြီး ပျံတက်၍ ရှန့်ကျွင်းအား အသူရာချောက်နက်ထဲသို့ ခေါ်ဆောင်သွားသည်။

ယခုတွင် သူသည် လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်တို့၏ တည်နေရာကို မှတ်သားပြီးဖြစ်လေရာ ထိုက်ယီ၏ မြေပုံတွင် မှတ်ထားသည့် တာအိုသစ်ပင်အားလုံး၏ နေရာများကို ရှာဖွေနိုင်ပြီဖြစ်သည်။

သူက ထိုက်ယီ၏ မြေပုံကို ဖြန့်၍ လောကသစ်ပင်နှင့် အသူရာချောက်နက်တို့၏ နေရာအသီးသီးကို မှတ်သားလိုက်၏။ ထို့နောက် မျက်လုံးများ ပိတ်လိုက်ရာ သူ၏စိတ်ထဲတွင် ထိုက်ယီ၏ မြေပုံက အဆုံးမရှိ ပြန့်ကားထွက်ပေါ်လာ၍ အန္တိမဟင်းလင်းပြင်နှင့် ချိတ်ဆက်သွားသည်။

မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် တာအိုသစ်ပင်များမှာ သူ့စိတ်ထဲရှိ အန္တိမဟင်းလင်းပြင်ထဲတွင် တစ်ခုပြီးတစ်ခု ခတ်နှိပ်ဖွဲ့တည်လာပြီး လမ်းကြောင်းတစ်ခုက ရှင်းလင်းပြတ်သားစွာ ပေါ်ထွက်လာသည်။

ထိုက်ယီ၏ မြေပုံတွင် ထိုက်ယီ၏ တည်နေရာမှာ တံဆိပ်ခတ်နှိပ်ခံထားရပြီး ထိုက်ယီ ချုပ်နှောင်ခံထားရသောနေရာကို နောက်ဆုံးတော့ ရှာတွေ့သွားလေပြီ။

“သခင်လေး၊ အာရုံခံမိပြီလား”

ရှန့်ကျွင်းက ရုတ်တရက် ပြောသည်။ “တစ်ယောက်ယောက် အန္တိမဟင်းလင်းပြင်မှာ တာအို တည်ဆောက်နေတယ်”

ချင်မူလည်း အံ့အားသင့်သွားပြီး မျက်လုံးများကို အလောတကြီး ဖွင့်လိုက်သည်။ “တစ်ယောက်ယောက် အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်နေတယ်တဲ့လား … မဖြစ်နိုင်တာ…”

သူက အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ “ဒီကမ္ဘာလောကမှာ တာအိုအဆင့်ရဲ့ ကောင်းကင်ဘုံ ၃၆ ဘုံနဲ့ နီးကပ်နေတဲ့သူဆိုလို့ ငါက လွဲပြီး ဘယ်သူမှမရှိဘူး…. နောက်တာအိုသိုင်းပညာရှင်က သေချာပေါက် ငါဖြစ်လာမှာ… ဒါပေမဲ့ ငါ့အနေနဲ့ အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်မယ့် လမ်းစဉ်ကို လျှောက်လှမ်းဖို့က မဖြစ်နိုင်ဘူး”

“ဒီပုဂ္ဂိုလ်က ဒီစကြ၀ဠာက မဟုတ်ဘူးဆိုရင်ရော”

ရှန့်ကျွင်းက တည်ကြည်လေးနက်စွာ ပြောသည်။ “ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာက အရှိန်အဝါကို ငါ အာရုံခံမိနေတယ်… မဟာတာအို တံဆိပ်ခတ်နှိပ်နေတဲ့ ဒီပုဂ္ဂိုလ်က ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာရဲ့ တာအိုသိုင်းပညာရှင်ပဲ”

ချင်မူမျက်နှာအမူအရာက တည်သွားသည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ခင်ဗျားကို ကျုပ် စိတ်ပျက်မိတယ်… ခင်ဗျားက သခင်လေးသုံးနဲ့ သခင်လေးလေးတို့ရဲ့ စွမ်းအားကို ငှားယူခဲ့သေးတယ်ပေါ့လေ… ရှန့်ကျွင်း၊ မင်းက ဒီတာအိုသိုင်းပညာရှင်ကို အာရုံခံနိုင်တယ်ဆိုတော့ ဘယ်နေရာမှာလဲ အာရုံခံနိုင်လား”

ရှန့်ကျွင်းက ခေါင်းညိတ်သည်။ “သခင်လေး ပြောချင်တာက…”

“မင်းရဲ့ ဓားက တုံးနေပြီ… မင်း ချွန်ထက်တောက်ပလာအောင် ငါ သွေးပေးဖို့ လိုအပ်တယ်”

ချင်မူ ပြုံးလိုက်၏။ “အရင်စကြ၀ဠာက ဒီဧည့်သည်ကို သတ်နိုင်မယ့် ယုံကြည်ချက်ရှိလား”

All Chapters