← Chapters

တာအိုခန္ဓာအား သတ်ခြင်း၊ တာအိုသစ်ပင်အား ဖျက်စီးခြင်း

Vol. 129 Ch. 1672

တာအိုခန္ဓာအား သတ်ခြင်း၊ တာအိုသစ်ပင်အား ဖျက်စီးခြင်း

Vol. 129 Ch. 1672

ရှန့်ကျွင်းက သူ၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားသည်။ ရှိပင် မရှိသကဲ့သို့ ချင်မူ့အရိပ်ထဲတွင် ရပ်နေ၏။

သို့သော် သူ ဓားထုတ်လိုက်သည်နှင့် လင်းကွမ်ခန်းမအရှင်သခင်၏ ပလ္လင်ခန်းမက မြည်ဟီးကာ မဟာခြုံလွှမ်းကောင်းကင်ဘုံ ပြိုလဲသွားသည်။ ပလ္လင်ခန်းမက တာအိုသစ်သီးသုံးလုံးနှင့် တာအိုပန်းပွင့်တစ်ပွင့်ကို သယ်ဆောင်ရင်း အန္တိမဟင်းလင်းပြင်ထဲမှ ကမ္ဘာဦးဘုံဆီသို့ လဲပြို ပြုတ်ကျသွားတော့သည်။

ပလ္လင်ခန်းမအောက်တွင် လင်းကွမ်ခန်းမအရှင်သခင်၏ ပျက်စီးသွားသော အသွေးသားတို့က တယွယွ လှုပ်ရှားလျက် ပြန်လည် ဖွဲ့တည်နေကြသည်။

“ရှန့်ကျွင်း၊ မင်း ငါ့တာအိုကို ဖျက်ဆီးပြီး ငါ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးလိုက်တယ်ပေါ့… ဒီကိစ္စအတွက် အနာဂတ်မှာ သေချာပေါက် ကလဲ့စားပြန်ချေပြမယ်”

လင်းကွမ်ခန်းမအရှင်သခင်၏ အသံက ဟိန်းထွက်လာသည်။ သူ၏ရုပ်ခန္ဓာက ယွစိယွစိလှုပ်ရှားပြီးနောက် ရုတ်တရက် လေးပိုင်း ကွဲထွက်သွား၍ တာအိုသစ်သီးများနှင့် တာအိုပန်းပွင့်များကို သယ်ဆောင်ကာ အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားတော့သည်။

ရှန့်ကျွင်းက ချင်မူ့အရိပ်ထဲမှ ပျံထွက်သွားပြီး လင်းကွမ်ခန်းမအရှင်သခင်၏ ဦးခေါင်းမှ အသွင်ပြောင်းသွားသော ရှေးဟောင်းနတ်ဘုရားကို လိုက်ဖမ်းသည်။

တစ်ချိန်တည်းမှာပင် လင်းကွမ်ခန်းမအရှင်သခင် ခုတ်ပိုင်းခဲ့သည့် တာအိုသစ်ပင်ကလည်း ပျံတက်၍ ပလ္လင်ခန်းမနောက်မှ အမှီလိုက်ရန် ကြိုးစားနေသည်။

ချင်မူ့ခြေလှမ်းများက လှုပ်ရှားသွား၍ တာအိုသစ်ပင်တစ်ခြမ်းအပေါ်သို့ တက်ကာ နင်းထားလိုက်သည်။ ထို့နောက် ဖရိုဖရဲခန်းမက သူ့အနောက်မှ ထွက်ပေါ်လာပြီး ကျန်သစ်ပင်တစ်ခြမ်းကို ဖိနှိပ်ထားလိုက်၏။

တာအိုသစ်ပင်၏ အခြမ်းနှစ်ခြမ်းက တုန်ခါသွားပြီး မဟာတာအိုထွက်ပေါ်လာကာ ချင်မူ့ကို အတူတကွ တိုက်ခိုက်ကြတော့သည်။

“သခင်လေးခုနစ်၊ ငါ့တာအိုသစ်ပင်ကို လုယူချင်တယ်ပေါ့လေ… အိပ်မက်ထဲမှာပဲ ရမယ်…”

လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုသံက တာအိုသစ်ပင်ထဲမှ ဆူညံလာသည်။ တာအိုသစ်ပင်သည် အသက်ရှိသော မဟာတာအိုတစ်ခုကဲ့သို့ တိုက်ကွက်များက အလွန်တရာ ပြင်းထန်သည်။ သစ်ကိုင်းများနှင့် သစ်ရွက်များက လှုပ်ခါသွားကြပြီး ကောင်းကင်နတ်သိုင်း၊ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် မန္တန်မျိုးစုံက တိုက်ခိုက်လာကြ၏။

လင်းကွမ်ခန်းမအရှင်သခင်၏ ရုပ်ခန္ဓာမှာ ဖျက်ဆီးခံလိုက်ရပြီး တာအိုသစ်သီးနှင့် တာအိုပန်းပွင့်များက သူ၏ ပျက်စီးနေသောခန္ဓာကိုယ်ကို ကာကွယ်ရန် အဝေးသိူ့ ပျံသန်းသွားကြသော်လည်း တာအိုသစ်ပင်သည် အဆုံးမရှိသော စွမ်းအားကို ပိုင်ဆိုင်ထားသေးသည်။ သစ်ကိုင်းများနှင့် သစ်ရွက်များမှ ပေါက်ကွဲထွက်လာသည့် ကောင်းကင်နတ်သိုင်းများကပင် ကောင်းကင်နတ်အရှင်များကို တအံ့တဩ ငေးမောသွားရစေရန် လုံလောက်၏။

ချင်မူက ဓားကို လက်တစ်ဖက်တွင် ကိုင်လျက် အလျားလိုက် ခုတ်ပိုင်းလိုက်သည်။ ဓားရောင် ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ တာအိုသစ်ပင်မှ ကောင်းကင်နတ်သိုင်းအားလုံးမှာ နှစ်ခြမ်းပိုင်းဖြတ်ခံလိုက်ရချေပြီ။

တာအိုကျင့်စဉ်စနစ်၏ ၃၃ ဘုံမြောက် ကောင်းကင်ဘုံ … လောကဖန်ဆင်းဓား။

ရွှပ် …

ဤဓား တာအိုသစ်ပင်သို့ ခုတ်ပိုင်းလိုက်သည့်အချိန်တွင် လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုသစ်ပင်တစ်ခြမ်း ချက်ချင်း ပြိုကွဲသွားတော့သည်။ တခဏအတွင်း တာအိုသစ်ပင်မှာ ဖရိုဖရဲဖြစ်သွားပြီး ထိုက်ယီဖြစ်စဉ်မှ ထိုက်ကျိအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် တာအိုသစ်ပင်က လုံးဝပျက်စီးကာ အန္တိမဟင်းလင်းပြင်တွင် ကောင်းကင်နှင့် မြေကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

ထို့နောက် ကောင်းကင်နှင့် မြေကြီး၏ ကြယ်တာရာကောင်းကင်က အန္တိမဟင်းလင်းပြင်၏ သက်ရောက်မှုအောက်တွင် အလျင်အမြန် ဖြာဆင်းလာ၏။ ၎င်းမှာလည်း ဖျက်ဆီးခံရတော့ပေမည်။

ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက ပြန့်ကားလာကာ ကောင်းကင်နှင့် မြေကြီးကို ငုံသွားသည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်သည် အလိုအလျောက် ပြိုကျသွားပြီး ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနှင့်အတူ တာအိုသစ်ပင်မှ ပြောင်းလဲသွားသည့် ကောင်းကင်နှင့် မြေကြီးအား လျင်မြန်စွာ ဝါးမြိုလိုက်ချေပြီ။

ဝုန်း

ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက ကောင်းကင်နှင့် မြေကြီးအား ပြန်လည်ဖွင့်လှစ်ပေးပြီး နောက်တစ်ဖန် ဆင့်ကဲပြောင်းလဲလာသည်။

ချင်မူ ခေါင်းမော့လိုက်သည့်အခါ သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲ၌ ကမ္ဘာဦးအစ ဖရိုဖရဲ ခရမ်းရောင်ချီများ ပြည့်နှက်နေ၏။

သူ၏ မူလဝိညာဉ်နှင့် ရုပ်ခန္ဓာက လင်းကွမ်ခန်းမအရှင်သခင်မှ ပြောင်းလဲသွားသည့် ကမ္ဘာဦးအစ ဖရိုဖရဲ ခရမ်းရောင်ချီကို စုပ်ယူပြီး ဆက်လက်ကြီးထွားလာသည်။ သူ၏ ပိန်ချုံးချုံး ခြေထောက်များလည်း တစတစ အသားပြန်တက်လာပြီး မူလဝိညာဉ်ကမူ နဂါးသွဲ့ရေကန်အဆင့်အထိ ပြန်လည်ရောက်ရှိသွားသည်။

လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုသစ်ပင်တစ်ခြမ်းက ဖရိုဖရဲခန်းမကို အတတ်နိုင်ဆုံး တွန်းလှန်လျက် ထွက်ပြေးရန် ကြိုးစားနေသည်။ သို့သော် ဖရိုဖရဲခန်းမ၏ ဖိနှိပ်မှုအောက်၌ မည်သို့မျှ မလွတ်နိုင်ပေ။

ချင်မူက ရှေ့သို့ လျှောက်သွားရင်း တူညီသော နည်းလမ်းကို ထုတ်လွှတ်လိုက်သည်။ သူက ဓားဖြင့် နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်ပြီး လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုသစ်ပင်တစ်ခြမ်းအား ဖျက်စီးလိုက်၏။ ထို့နောက် ကောင်းကင်နှင့် မြေကြီးကို ဖွင့်လှစ်၍ ဖျက်စီးကာ ကမ္ဘာဦးအစ ဖရိုဖရဲ ခရမ်းရောင်ချီ ထွက်ပေါ်လာစေသည်။

တာအိုသစ်ပင်၏ နောက်တစ်ခြမ်းကို စုပ်ယူပြီးနောက် သူ၏ မူလဝိညာဉ်မှာ ထပ်မံ၍ ကြီးထွားလာတော့သည်။

တခဏအတွင်း သူ၏ မူလဝိညာဉ်ကား ကောင်းကင်ပင်လယ်အဆင့်သို့ ပြန်လည် ရောက်ရှိသွားချေပြီ။

ရှန့်ကျွင်းက လင်းကွမ်ခန်းမအရှင်သခင်၏ ခေါင်းကို သယ်လျက် ပြန်လာသည်။ လင်းကွမ်ခန်းမအရှင်သခင်၏ နားထင်‌မွှေးများသည် တောင်ပံများကဲ့သို့ အပေါ်သို့ မြောက်တက်နေသည်ကို သူ သတိထားမိလိုက်သည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် တတိယမျက်လုံးတစ်လုံး ရှိနေပြီး မျက်လုံးထဲတွင် လူသေးသေးလေးတစ်ယောက် ရှိနေသည်။ ၎င်းက ငှက်ဦးခေါင်းနှင့် လူသားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ရွှေကျီးကန်းတစ်ကောင်အလားပင်။ ရှေးဟောင်းနတ်ဘုရား မဟာနေဧကရာဇ်နှင့်ပင် ဆင်တူ၏။

သူ့တွင် သွားစွယ်များလည်း ရှိသည်။ ထိုအစွယ်များက ရှေးဟောင်းနတ်ဘုရားများအဖြစ် ပုံစံပြောင်းနေ၏။ အလွန်တရာ ထူးဆန်းပေသည်။

ချင်မူမှာ အံ့သြမှင်သက်နေမိသည်။ ဤမျှ ထူးဆန်းသည့် ရုပ်ခန္ဓာတစ်မျိုးကို ပထမဦးဆုံးမြင်တွေ့ဖူးခြင်း ဖြစ်လေသည်။

လင်းကွမ်ခန်းမအရှင်သခင်သည် စကြ၀ဠာရှိ ရှေးဟောင်းနတ်ဘုရားများကို ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် ပေါင်းစည်းထားသည့်အလားပင်။ သူ၏ရုပ်ခန္ဓာက ရှေးဟောင်းနတ်ဘုရားများအဖြစ် အချိန်မရွေး ခွဲထွက်နိုင်ပုံပေါက်၏။

သို့သော် လင်းကွမ်ခန်းမအရှင်သခင်၏ ဦးခေါင်းကို ရှန့်ကျွင်းက သတ်ဖြတ်ခဲ့ပြီးဖြစ်ရာ ရှေးဟောင်းနတ်ဘုရားအားလုံး သေဆုံးသွားကြချေပြီ။

“ရှန့်ကျွင်းရဲ့ ဓားမက တကယ်ကို ထက်ပါပေတယ်” ချင်မူ ချီးကျူးလိုက်သည်။

ရှန့်ကျွင်း၏ တာအိုသည် သတ်ဖြတ်ရန် တည်ရှိနေခြင်း ဖြစ်သည်။ သူ၏ သိုင်းကွက်များနှင့် တိုက်ကွက်အားလုံးက ရန်သူကို အမြန် ဆုံးရှင်းလင်းနိုင်ရန် ရည်ရွယ်၏။ မလိုအပ်သော လှုပ်ရှားမှုမျိုး မရှိသလို စွမ်းအားဖြုန်းတီးခြင်းလည်း မရှိပေ။

ဤသည်က အခြားတာအိုသိုင်းကွက်များ၊ ကောင်းကင်နတ်သိုင်းများနှင့် ကွဲပြားလေသည်။

တစ်လောကလုံးတွင် သတ်ဖြတ်ခြင်း၌ အထူးပြုသည့် တာအိုသိုင်းကွက်များ ဟူ၍ အလွန်ရှားပါးသည်။ ၎င်းတို့ထဲမှ အများစုက တာအိုအနှစ်သာရကို ဆည်းပူးအောင်မြင်နိုင်ရန်သာ ဖြစ်၏။ ကောင်းကင်နတ်သိုင်းများ၏ စွမ်းအားများကတော့ သေးငယ်သော သက်ရောက်မှုများသာ ဖြစ်သည်။

ကောင်းကင်နတ်သိုင်းများကို သင်ယူအသုံးချခြင်းက တာအိုကို အသုံးပြုခြင်းဟုပင် ဆိုရမည်။

ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုကတော့ သတ်ဖြတ်ရန်အတွက် တည်ရှိနေခြင်းသာ ဖြစ်သည်။ သူ၏ တာအိုသိုင်းကွက်အားလုံးနှင့် ကောင်းကင်နတ်သိုင်းအားလုံးက ရန်သူကို အချိန်တိုအတွင်း စွမ်းအားအနည်းဆုံး သုံး၍ သတ်ဖြတ်နိုင်ရန် ရည်ရွယ်သည်။

အခြားသူများ၏ အမြင်တွင် ဤသည်က အရေးမပါသော အရာများကို ရှင်းလင်းရန်အတွက် အရေးအကြီးဆုံးအရာကို လျစ်လျူရှုထားခြင်း ဖြစ်သည်။ သို့သော် အမှန်တကယ်တွင် သူတို့၏ တာအိုကျင့်စဉ်များနှင့် တာအိုအဆင့်က သူ့ထက် မြင့်မားလျှင်တောင်မှ သူ၏လက်ထဲတွင် သေဆုံးရနိုင်၏။

ရှန့်ကျွင်းမှာ ချင်မူ လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုသစ်ပင်အား အချိန်တိုအတွင်း လုံးဝဖျက်ဆီးနိုင်ခဲ့သဖြင့် အံ့အားသင့်နေသည်။ သို့သော် အံ့အားသင့်နေသည့်တိုင် မည်သည့်အမူအရာမှ ထုတ်မပြပေ။

လင်းကွမ်ခန်းမအရှင်သခင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးအား သတ်ဖြတ်နိုင်ရန် အလွန်တရာ ခက်ခဲသည်။ စောစောက သူ အလစ်တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ ချင်မူသည် ခန်းမအရှင်သခင်၏ တာအိုနှလုံးသားကို ယိမ်းယိုင်အောင် လုပ်ခဲ့ပြီး သူ၏သတ်ဖြတ်ခြင်းတာအို ခန်းမအရှင်သခင်၏ စိတ်ထဲ ထိုးဖောက်ဝင်ရောက်နိုင်အောင် ဖန်တီးပေးခဲ့သည့်အတွက်ကြောင့် ဖြစ်၏။

လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုနှလုံးသားသာ ယိမ်းယိုင်မသွားခဲ့လျှင် သူ အလစ်တိုက်နိုင်ခဲ့လျှင်တောင်မှ သူ၏အသက်ကိုပါ ပေးဆပ်၍ သတ်ဖြတ်ရလိမ့်မည်။

ထိုမျှသာမက သူ သေဆုံးသွားလျှင်တောင်မှ လင်းကွမ်ခန်းမအရှင်သခင်သည် သူ့ကြောင့် သေလိမ့်မည်မဟုတ်ပေ။

လင်းကွမ်ခန်းမအရှင်သခင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် စကြ၀ဠာပျက်စီးခြင်းကပ်ဘေး ဖြစ်ပွားလျှင်တောင်မှ လုံးလုံးလျားလျား သေဆုံးသွားစေရန် ခက်ခဲသည်။ သူ၏ တာအိုသစ်ပင်နှင့် တာအိုသစ်သီးတို့က ကပ်ဘေးကြီးထဲ၌ ဖျက်ဆီးမခံရဘဲ ဆက်လက်ရှင်သန်နိုင်၏။

အန္တရာယ်ဟူ၍ စကြ၀ဠာမွေးဖွားခြင်းကပ်ဘေးကြီးသာ ရှိသည်။

“ဘယ်လိုလုပ် ဒီလောက်ထူးဆန်းတဲ့ ရုပ်ခန္ဓာမျိုး ရှိနေနိုင်တာလဲ…”

ချင်မူက လင်းကွမ်ခန်းမအရှင်သခင်၏ ဦးခေါင်းကို စစ်ဆေးအကဲခတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ ရုပ်ခန္ဓာက ကောင်းကင်နတ်ဘုံနဲ့ စစ်ပွဲမှာ ပြိုကွဲသွားပြီး စစ်မြေပြင်ထဲ ဝင်ရောက်နိုင်တဲ့ ရှေးဟောင်းနတ်ဘုရားတွေအဖြစ် ပြောင်းလဲသွားမယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သိသိသာသာ အရေးနိမ့်စေလိမ့်မယ်…”

သူ့ကို ပို၍ပင် ပူပန်နေသည်မှာ ကျန်ခန်းမသခင်များ၏ ရုပ်ခန္ဓာများလည်း ဤမျှသန်မာနေလျှင် မီလော့နန်းတော်၏ သခင်လေးများ လွှတ်လိုက်သည့် ခန်းမသခင်တို့အား မည်သူ ခုခံတွန်းလှန်နိုင်တော့မည်နည်း။

လင်းကွမ်ခန်းမအရှင်သခင်အား ခြုံခို၍ အလစ်တိုက်ခိုက်နိုင်ခဲ့သော်လည်း ထိုသူသာ သတိရှိခဲ့လျှင် ချင်မူ မည်သို့မျှ တတ်နိုင်မည်မဟုတ်ပေ။

“သခင်လေး ဒါက သူ့တာအိုသစ်သီးပဲ”

ရှန့်ကျွင်း လက်မြှောက်လိုက်သည့်အခါ တာအိုသစ်သီးက ပျံတက်သွားသည်။ ၎င်းမှာ ထွက်ပြေးချင်သော်လည်း ရှန့်ကျွင်း၏ လက်ဝါးထက်၌ အသတ်အဖြတ်တာအိုလှောင်အိမ်တစ်ခု ဖွဲ့တည်လာကာ သစ်သီးကို ပိတ်လှောင်ထားလိုက်သည်။

“သခင်လေး ဒီတာအိုသစ်သီးရဲ့ စွမ်းအားက ပြင်းထန်လွန်းတယ်... ငါ ဖျက်စီးလို့မရဘူး” ရှန့်ကျွင်းက ပြောသည်။

“ရှန့်ကျွင်း၊ ငါ့ကို ကောင်းကင်နတ်အရှင်မူလို့ ခေါ်ပါလား... ၁၇ ခေတ်မြောက် စကြဝဠာခေတ်မှာ ငါက သခင်လေးမဟုတ်ဘူး.. ကောင်းကင်နတ်အရှင်တစ်ယောက်ပဲ”

ချင်မူက တခဏကြာ လေ့လာနေရင်း လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုသစ်သီးအတွင်းရှိ မဟာတာအိုကို ဂရုတစိုက် ဆန်းစစ်နေသည်။ သူက ချီးကျူးလိုက်သည်။ “ခန်းမအရှင်သခင်အဆင့် ဆိုတဲ့အတိုင်းပဲ... သူက ကျန်တဲ့ တာအိုသိုင်းပညာရှင်တွေထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုအစွမ်းထက်တယ်”

သူ ကပ်ဘေးဓားကို ထုတ်ကာ တာအိုသစ်သီးအား တစ်ချက်ပြီးတစ်ချက် ထိုးကြည့်သည်။ သို့သော် ဓားထိပ်သည် သစ်သီးကို ထိသည့်အခါ နစ်ဝင်မသွားဘဲ ပြန်ဆုတ်လာ၏။

ချင်မူ ဓားပြန်သိမ်းလိုက်သည်။ “တာအိုသစ်သီးကို လွှတ်ပေးပြီး အဲဒီခန်းမသခင်ဘက်ဆီ ပြန်ခွင့်ပေးလိုက်”

ရှန့်ကျွင်းသည် ချင်မူ့စကားအတိုင်း တာအိုသစ်သီးကို လွှတ်ပေးလိုက်ရာ တာအိုသစ်သီးမှာ အန္တိမဟင်းလင်းပြင်အပြင် ပျံထွက်သွားကာ အစအနပင် မကျန်အောင် ပျောက်သွားတော့သည်။

‘ငါ့ဓားတာအိုကို တာအိုသစ်သီးထဲ ဝှက်ထားတယ် ... အဲဒီခန်းမသခင် တာအိုသစ်သီးကို အတင်းပြန်ယူလိုက်ရင် သေချာ‌ပေါက် ဘေးဖြစ်လိမ့်မယ်’

ချင်မူသည် ထိုက်ယီ၏ မြေပြင်၌ မှတ်ထားသော နေရာကို ပြန်လည်ရှာဖွေနေ၏။၊ “ဟုတ်သား ... အဲဒီခန်းမသခင်က ဘယ်သူလဲ”

ရှန့်ကျွင်းက ခေါင်းခါသည်။ “ငါလည်း မသိဘူး”

ချင်မူ သက်ပြင်းချမိသည်။ “ရုပ်ခန္ဓာမှာ သူ့အောင်မြင်မှုက သိပ်မြင့်တယ်... ရုပ်ခန္ဓာကျင့်စဉ်တွေကလည်း သိပ်ထူးဆန်းတယ်... သူ့နာမည် ဘာလဲ မသိရသေးဘူး”

ရှန့်ကျွင်းသည် သူ့အရိပ်ထဲတွင် လမ်းလျှောက်နေရင်း ပြန်ပြော၏။ “နောက်တစ်ခါ သတ်ရင် ကောင်းကင်နတ်အရှင်အတွက် သူ့နာမည် မေးပေးပါ့မယ်”

ချင်မူလည်း ခေါင်းညိတ်ကာ မေးလိုက်သည်။ “မီလော့နန်းတော်က တခြားခန်းမသခင်တွေမှာလည်း ဒီလို ထူးဆန်းပြီး သန်မာတဲ့ ရုပ်ခန္ဓာ ရှိကြတာလား”

“မသိဘူး.. သူတို့ကို မသတ်ဖူးဘူး”

“ရှန့်ကျွင်း... ငါတို့ တခြားခန်းမသခင်တွေနဲ့ တွေ့ရင် သူ့နာမည် အရင် မေးကြည့်ရအောင်”

“မဖြစ်ဘူး... သူ ပြင်ဆင်ထားရင် သတ်ဖို့ မလွယ်ဘဲ နေမယ်”

“အဲဒါလည်း ဟုတ်တာပဲ”

ကောင်းကင်နတ်ဘုံ၏ စစ်တပ်ထဲတွင်

ကောင်းကင်နန်းဆောင်များ မားမားမတ်မတ် တည်ရှိနေကြသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကောင်းကင်နန်းဆောင်က ဤနေရာတွင် တည်ဆောက်ပြီးချေပြီ။ အရံနန်းဆောင်က ကောင်းကင်နတ်ဘုံစစ်တပ်နှင့်အတူ ချီတက်လာခဲ့ပြီး တာအိုသစ်ပင်နှစ်ပင်က အရံနန်းဆောင် ဘေးတွင် ခမ်းနားမြင့်မြတ်စွာဖြင့် ရပ်တည်နေကြသည်။

ထိုတာအိုသစ်ပင်နှစ်ပင်မှာ ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိုက်ချူတို့၏ တာအိုသစ်ပင်များ ဖြစ်ကြသည်။ ၎င်းတို့က ကမ္ဘာဦးဘုံ၏ ကံကြမ္မာအပေါ် ဖိနှိပ်ထားကြ၏။ အဝေးမှ ကြည့်လိုက်ရင် မဟာတာအိုတို့ ယိမ်းနွဲ့လှုပ်ရှားကာ မြင့်မြတ်ခမ်းနားသော တာအိုအလင်းတန်းများ ရောယှက်ပေါ်ထွက်နေသည်ကို တွေ့မြင်ရနိုင်၏။

မိုင်ထောင်သောင်းပေါင်းများစွာ ကွာဝေးသော်လည်း တာအိုသစ်ပင်များမှ ပေါ်ထွက်လာနေသည့် တာအိုသံများနှင့် တာအိုစည်းချက်များကို ကြားရနိုင်သေးသည်။

အရံနန်းဆောင်၏ နတ်ကောင်းကင်ခန်းမထဲတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်က ထူးဆန်းသော မျက်နှာအမူအရာများ ပိုင်ဆိုင်ထားကြသည့် ရှေးဟောင်းနတ်ဘုရားသုံးပါးကို တည်ကြည်လေးနက်စွာ ကြည့်နေ၏။

ရှေးဟောင်းနတ်ဘုရားသုံးပါးအနက် တစ်ပါးတွင် နဂါးဦးခေါင်းနှင့် လူခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ တာအိုသစ်သီးတစ်လုံးက သူ၏ ဦးခေါင်းအနောက်တွင် လှည့်ပတ်နေသည်။ နောက်တစ်ပါးက မြွေဦးခေါင်း၊ လူသားခန္ဓာကိုယ်နှင့် လူအမြှီးတို့ကို ပိုင်ဆိုင်ထားသည်။ တာအိုပန်းပွင့်က သူ၏ ဦးခေါင်းအနောက်တွင် တဖျတ်ဖျတ် လှုပ်ရှားနေပြီး နောက်ဆုံးတစ်ယောက်ကတော့ ကျွဲဦးခေါင်းနှင့် လူခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ သူ၏ဦးခေါင်းအနောက်တွင်လည်း တာအိုသစ်သီးတစ်လုံး ပျံဝဲနေသည်။

“ကောင်းကင်နတ်ဧကရာဇ်၊ ငါ သခင်လေးခုနစ် အလစ်တိုက်တာ ခံခဲ့ရတယ်… သခင်လေးခုနစ်က ရှန့်ကျွင်းကို ရှာတွေ့သွားခဲ့ပြီ… တာအိုရဖို့အတွက် သတ်ဖြတ်ခြင်းတာအိုကို လျှောက်လှမ်းခဲ့တဲ့သူပေါ့… သူတို့က ငါ အန္တိမဟင်းလင်းပြင်မှာ ပိတ်မိပြီး ဖိနှိပ်ခံနေရတာကို အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့ကြတာ… ငါ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးခဲ့ကြတယ်”

နဂါးဦးခေါင်း၊ လူသားခန္ဓာကိုယ်ဖြင့် ရှေးဟောင်းနတ်ဘုရားမှာ လင်းကွမ်ခန်းမအရှင်သခင်၏ အသည်းနှင့် အူများ ဖြစ်ကြသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှေးဟောင်းနတ်ဘုရားအရွယ်အစားမျိုးစုံက ရပ်နေကြ၏။ သူက ဆက်ပြောသည်။ “ငါ သတိမထားမိဘဲ အလစ်တိုက်ခံခဲ့ရတာပဲ…ရှန့်ကျွင်းက ငါ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးပြီး သခင်လေးခုနစ်က တာအိုသစ်ပင်ကို ဖျက်ဆီးပစ်ခဲ့တယ်… ရှန့်ကျွင်းက ငါ့ရဲ့တာအိုသစ်သီးတစ်လုံးကိုတောင် ယူသွားခဲ့သေးတယ်… ဒီလို ရန်စတာမျိုးကို ကြေအေးပေးလို့ မရနိုင်ဘူး… သူတို့ မသေမချင်း ငါ အနားမယူဘူး”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ၏မျက်ခုံးများကို ဖြေလျော့လျက် နူးညံ့‌သိမ်မွေ့သော မျက်နှာအမူအရာဖြင့် ပြောသည်။ “ကျုပ် မေးလို့ရမလား ခန်းမအရှင်သခင်…. ရုပ်ခန္ဓာနဲ့ တာအိုသစ်ပင် ပျက်စီးသွားတာက အရှင့်ရဲ့ ခွန်အားပေါ် ဘယ်လောက် သက်ရောက်မှု ရှိပါသလဲ..”

မြွေဦးခေါင်းဖြင့် ရှေးဟောင်းနတ်ဘုရားက ပြောသည်။ “ဒီရှုံးနိမ့်သွားတာက ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို ၇၀ ရာခိုင်နှုန်းလောက် လျော့သွားစေတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်လုံးထောင့်များ တွန့်သွားပြီး သူက ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို တစ်ချက်လှမ်းကြည့်လိုက်၏။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားက နားလည်သဘောပေါက်စွာဖြင့် စိတ်ထဲမှ တွေးနေသည်။ “အရှင်မင်းကြီးက ဒီလင်းကွမ်ခန်းမအရှင်သခင်ကို သတ်ပြီး သူ့တာအိုသစ်သီးကို သန့်စင်လို့ ကျင့်ကြံခြင်းအခြေခံကို ခိုးယူချင်နေတာပဲ…”

ကျွဲဦးခေါင်းဖြင့် ရှေးဟောင်းနတ်ဘုရားက သတ်ပြင်းချလိုက်သည်။ “အခုအချိန်မှာ ငါ့ရဲ့ခွန်အားက သာမန်တာအိုသိုင်းပညာရှင်သုံးဦးနဲ့ တန်းတူညီမျှပဲ ရှိတော့တယ်…. ဒီတစ်ခါ ရှုံးနိမ့်သွားတာကြောင့် အထွတ်အထိပ်အခြေအနေအထိ ပြန်ရောက်ဖို့ နှစ်သန်းပေါင်းများစွာ ပြန်ကျင့်ကြံရလိမ့်မယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် နှလုံးသား တုန်ရီသွားပြီး ထိုက်ကျိရှေးဟောင်းနတ်ဘုရားဆီသို့ နောက်တစ်ချက် လှမ်းကြည့်လိုက်၏။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက အသတ်အဖြတ်စိတ်ဆန္ဒများကို ထုတ်လွှတ်ကာ လင်းကွမ်ခန်းမအရှင်သခင်ထံသို့ လျှောက်သွားတော့သည်။

ဤအခိုက်အတန့်တွင် တာအိုအလင်းရောင်တစ်ခုက ကောင်းကင်ထက်တွင် ထွန်းလင်းတောက်ပသွားပြီး တာအိုသစ်သီးတစ်လုံး ပျံသန်းလာသည်။

လင်းကွမ်ခန်းမအရှင်သခင်ဖြစ်သည့် ရှေးဟောင်းနတ်ဘုရားသုံးဦးက ရုတ်တရက် အော်ဟစ်လိုက်ကြ၏။ သူတို့သုံးယောက်သား ခေါင်းပြတ်ခန္ဓာကိုယ်တစ်ခုအဖြစ် ပေါင်းစည်းသွားကြပြီး ဗိုက်ရှိ ချက်ကြိုးမှ နဂါးဦးခေါင်းတစ်လုံး ထွက်ပေါ်လာသည်။ ပခုံးမှ ကျွဲဦးချိုတစ်စုံ ပေါက်ထွက်လာပြီး ရင်ဘတ်တွင် ကျွဲမျက်လုံးသုံးလုံး ပေါ်လာ၏။ ဧရာမ မြွေကြီးက သူ၏နောက်ကျောတွင် ရစ်ပတ်နေလေရာ အင်မတန် ထူးဆန်းနေတော့သည်။

နဂါးဦးခေါင်းက ပါးစပ်ဟ၍ အော်ဟစ်လိုက်သည်။ “သခင်လေးခုနစ်က ငါ့တာအိုသစ်သီးထဲမှာ ဓားသိုင်းကွက် ၁၃ ကွက်ထားခဲ့ပြီး ငါ့တာအိုသစ်သီးနဲ့ ငါ့ကို ပြန်အကောက်ကြံဖို့ ကြံစည်ခဲ့တာပဲ… သူ ငါ့ကို အကောက်ကြံတာ သိခဲ့ပေမယ့် ဖျက်ဆီးဖို့ အခွင့်အရေးမရခဲ့ဘူး… ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ သူ့ဓားသိုင်းကွက်တွေကို ဖျက်စီးဖို့အတွက် မဟာခြုံလွှမ်းကောင်းကင်ဘုံအခမ်းအနားတစ်ခု စီစဉ်ပြီး သက်ရှိအားလုံးရဲ့ သွေးနဲ့ ငါ့ကို ယဇ်ပူဇော်ပေး..”

All Chapters