← Chapters

( ရှားပါးပစ္စည်းလား? မြင့်မြတ်လှတဲ့ ဂုဏ်သတင်းက ငြင်းပယ်ပေးသွားပြီ)

Vol. 11 Ch. 141

( ရှားပါးပစ္စည်းလား? မြင့်မြတ်လှတဲ့ ဂုဏ်သတင်းက ငြင်းပယ်ပေးသွားပြီ)

Vol. 11 Ch. 141

တစ်ကယ်ပဲ ကျေးဇူးတင်ချင်တယ်ဆိုရင်..

သူတို့ပြောသင့်တဲ့သူက စနစ်ကိုပဲ။

ဒီဆိုင်ကို ဖန်တီးခဲ့တဲ့သူက စနစ်လေ။

ဒီ ဆန်းကြယ်တဲ့ ရောင်းကုန်အားလုံးရဲ့ နောက်ကွယ်ကသူ…

တစ်ကယ့်ဖန်တီးသူ…

စစ်မှန်တဲ့နာမည်ခံထိုက်သူက…

ဟောင်ရဲ့ ခေါင်းထဲသို့ ရင်းနီးတဲ့ အသံတစ်ခု ဝင်ရော​က်လာကာ

(မှန်တယ်ပိုင်ရှင်).

ဟောင် မျက်မှောင်ကြုတ်သွားသည်။

‘ အို စနစ်ရေ နည်းနည်းလောက်လေး ငြင်းချင်ယောင် ဆောင်ပါအုံးလား?’

(ဘာကိစ္စဆောင်ရမှာလဲ? အသိအမှတ်ပြုခြင်းကလဲ တစ်စိတ်တစ်ပိုင်းပဲ​လေ)

‘မင်းက ထပ်ပြီး ကိုယ့်ဘက်ကိုယပ်နေတာပဲ’

( စနစ်က အမှန်တရားကို ရိုးရိုးသားသား ထုတ်ဖော်နေတာပါ။ အမှန်တရားကိုက တစ်စုံတစ်ပိုင်ရှင်နဲ့ မတူဘဲ အထင်ကြီးစရာဖြစ်နေတာ စနစ် အမှားမဟုတ်ဘူးလေ)

ဟောင် ရုန်းကန်ရလို့ အားပျက်စွာနဲ့ မျက်နှာကြက်ကိုသာ ကြည့်လိုက်တော့သည်။

‘ တစ်နေ့မှာ…ငါမင်းကို ဒီအတွက်ပြန်ပေးဆပ် ခိုင်းမယ်’

( အသိအမှတ်ပြုတာမို့.. လက်စားချေမှုကို ထည့်သွင်းကြည့်လိုက်သည်။ အောင်မြင်နိုင်ချေ..0.0002%)

‘ မင်း သက်သက်မဲ့ ငါ့ဒေါသလာဆွနေတာလား?!!’

ကောင်တာနောက်မှာ နေရင်း ဟောင် အရင်လို ဟန်မပျက် ထိန်းထားဆဲပဲ။

သေချာပေါက် သူကောင်းကောင်းသိသည်။ ဒါသူတို့ရဲ့ ပုံမှန်စကားဝိုင်းပဲ။

စနစ်က ဒီကမ္ဘာကိုရောက်လာတဲ့ ပထမနေ့တည်းက သူနဲ့အတူရှိခဲ့တာ။

ဒီကမ္ဘာကြီးထဲကနေ ကြိုဆိုပေးခဲ့တဲ့ ပထမဆုံး အသံပဲ။

အခုတော့လား? ဆိုင်ကို ကူညီပေးနေတဲ့ နှုတ်သီးကောင်းလျှာပါး အခန်းဖော်တစ်ကောင်နဲ့ နေထိုင်နေရသလိုပဲ။

ဒါပေမဲ့ ဟောင် စိတ်ထဲ မထားပါချေ။

စနစ်ရဲ့ ဒီပုံစံကို သူကြိုက်သည်။

အနည်းဆုံးတော့ ပျင်းဖို့ကောင်းတဲ့ AI နဲ့ တူမနေဘူး။ နံပါတ်နဲ့ တိုးတက်မှုကိုပဲတစ်ချိန်လုံး ရွတ်နေတဲ့AI မျိုးဆို သူ ပင်ပန်းပြီးသေမှာ။

ဒီစနစ်ရဲ့ ဗားရှင်းက လန်းတယ်ပြောရမှာပေါ့။

ဒါပေမဲ့ တစ်ခါတစ်လေကျ ကမ္ဘာကြီးထဲ ဘယ်လိုရှင်သန်ရမယ်လမ်းညွှန်ပေးတဲ့အရာ​က ငယ်ပေါင်းတွေလို အမှိုက်စကားတွေ ပြောတတ်နေတာက မတူညီတဲ့ခံစားချက်ပဲ။

စနစ်ကို လူသားဆန်တယ်လို့ ခံစားမိသည်။

တစ်ခါတစ်လေ အဲ့လူသားဆန်တဲ့ကောင်က အိပ်ယာနိုးဖို့ အတွက်နဲ့ ကောင်းကင်မိုးကြိုးကို အလကားသုံးခွင့်ပေးတတ်ပေမဲ့ပေါ့။

ဒါပေမဲ့ ရောင်းသူဝယ်သူ အသံတူလို့လဲ ပြောရမည်။

ပြောရရင် ဟောင်ကလဲ ငြိမ်ခံတတ်တဲ့သူမျိုး မဟုတ်နေဘူး။

စနစ်က မီးခိုးငွေ့လိုချင်နေမှတော့ ဟောင်က တစ်နေရာလုံး အကင်ဖိုပြောင်းပေးလိမ့်မည်။

အခုချိန်မှာတော့ ကောင်တာနောက်ရှိ စစ်နတ်ဘုရားတိုက်ပွဲမီးက ငြိမ်သက်သွားပြီ။

ဧကရီက သူမရဲ့ရင်ဘတ်မှာ လက်တစ်ဖက်တင်လိုက်ပြီး

“ ထပ်ပြီးကျေးဇူးတင်ပါတယ် သခင်လေးဟောင်”

“ ကျွန်မသမီးလေးကို လုပ်ပေးတဲ့အရာအားလုံး အတွက်”

သူမ ကျက်သရေရှိစွာ အရိုအသေပေးလိုက်ပြီး ယောက်ျားဖြစ်သူဘေးကို ပြန်သွားရပ်လိုက်သည်။

သူမ ဟန်ဆောင်ပြောဆိုခြင်း မဟုတ်ပါချေ။

ရင်ထဲကလာတဲ့ကျေးဇူးတင်မှုများ ဖြစ်သည်။

ဆိုင်ကိုမလာခင်က ဧကရာဇ်က ဧကရီကို အကုန်လုံးအတိအကျ ရှင်းပြပေးထားသည်။

သူတို့ရဲ့ သမီးကို ကူညီပေးခဲ့တဲ့ သူအကြောင်းကို။

မဟာမြို့တော်ရဲ့ လမ်းကြားထဲမှာရှိတဲ့ ပုန်းကွယ်နေတဲ့ အရောင်းဆိုင်တစ်ခုအကြောင်းကို။

သူမ ဒီနေရာကို လာချင်နေခဲ့တာကြာပြီ။

ဒါပေမဲ့ ထိုအချိန်က ဖြစ်ပေါ်ခဲ့တဲ့ အထူးအခြေအနေကြောင့် မလာနိုင်ခဲ့ပေ။

ဒါပေမဲ့ အခု သူမ ရောက်လာပြီပဲလေ။

ပြီးတော့ သူမ ယောက်ျားပြောပြခဲ့သည့်အတိုင်း..

သခင်လေးဟောင်က တစ်ကယ် နှိမ့်ချတဲ့သူပဲ။

အခုတောင်မှ သူမသာ စကားထပ်ပြောရင် စကားလုံးတွေနဲ့ ကိုယ့်နှလုံးသားကိုယ် လေးလံအောင်လုပ်မိမလို ခံစားရတာမို့ ရပ်လိုက်တော့သည်။

သူမရဲ့ ယောက်ျားကလဲ သတိပေးထားသည်။

သခင်လေးဟောင်က ကျေးဇူးတင်တာတွေ စိတ်မဝင်စားဘူး။ အရမ်းပြောလို​က်ရင် သူ့ကို စိတ်ပျက်စေလိမ့်မည်တဲ့။

ထိုသူ့ကို စိတ်တိုအောင်လုပ်ဖို့ မဖြစ်နိုင်ဘူး။

သူမတို့ ဆွေးနွေးပြီးသွားပြီ။

ဒီဆိုင်ရှင်မှာ သူမတို့ ကျေးဇူးပြန်ဆပ်ဖို့ ပေးစရာလဲ လိုအပ်ချက်မတွေ့ခဲ့ဘူး။

ရတနာပေးဖို့လား? ဆိုင်ရှင်က သူမတို့တောင် တစ်ခါမှမမြင်ဖူးတဲ့ အရာတွေ ရောင်းနေတာလေ။

ဆေးလုံးလား? သူ့ရဲ့အချိုရည်က အဆတစ်ရာမက ပိုကောင်းသည်။

သိုင်းကျင့်စဥ်လား? သူ့မှာ သန်းချီပြီးတောင် ရှိနေနိုင်သည်။

ဒါကြောင့် သူမတို့ လက်လျော့လိုက်တာပင်။

ဒါပေမဲ့.. ဟောင်သာ ကြားမိရင်တော့လား?

သူ့ရဲ့လက်နှစ်ဖက်လုံး ဆန်တန်းလိုက်ကာ

“ ငါ လက်ဆောင်လက်မခံဘူးလို့ ဘယ်သူပြောလဲ?”

“ ငါ အဲ့ဒီပစ္စည်းတွေ မလိုဘူးလို့ ဘယ်သူပြောလဲ?!”

“ မဟုတ်ဘူး! မင်းတို့မှားနေပြီ! ဒီကိုပေး”

ကံဆိုးစွာနဲ့ ဟောင် မသိခဲ့ချေ။

ဒီလိုနဲ့ ဟောင် သိတောင်မသိလိုက်ပဲ ဆုံးဖြတ်ချက် ချခံလိုက်ရသည်။

ရှားပါး ပစ္စည်းတွေကို လက်ဆောင်အဖြစ် ဆက်သခံရမဲ့ အခွင့်အရေးကို သူ့ရဲ့ ဂုဏ်သတင်းက ပိတ်ပင်နိုင်မှန်း ဟောင် မသိခဲ့ပါပေ။

ဧကရီရဲ့ စိတ်ထဲမှာတော့ အ​ဖြေတစ်ခုသာ ရှိတော့သည်။

သခင်လေးဟောင်ကို လေးစားရမည်။

သူ့ကိုဆိုင်ကို ကူညီပေးရမည်။

ဒါကြောင့် လူတွေသိအောင် လုံးဝ ပြောပြလို့ မဖြစ်ဘူး။

ဒီလိုဆို တစ်မြို့လုံးက သူတွေကို တိုက်ရိုက် ဖိတ်ခေါ်သလို ဖြစ်သွားမည်။

ဒါပေမဲ့ သူမတို့ အမြဲလာပြီး အားပေးလို့ရသည်လေ။

ဆိုင်ရဲ့ အသန်မာဆုံးသော ဈေးဝယ်တွေ ဖြစ်လာပေးမည်!

ဒါက တိုက်ဆိုင်မှုပဲ မဟုတ်ဘူး။

သူမတို့ သုံးအုပ်စုလုံးအချိန်ကိုက် ကြိုစီစဥ်ပြီး.လာခဲ့ကြတာပဲ။

ဒီမှာလာဆုံပြီး တွေ့ဆုံပွဲလုပ်တာ မဟုတ်ဘူး။ ရေလှိုင်းသံစဥ်ဓားဘုရင်ဂိုဏ်းနဲ့ နှင်းပွင့်လွှာဂိုဏ်းက တပည့်တွေရဲ့ တင်ပြချက်အရ ဆိုင်က တစ်နေရာထဲနဲ့ ဆက်သွယ်တာ မဟုတ်တော့ဘူးတဲ့။

ဆိုင်ရဲ့တံခါးပေါက်က မဟာမြို့တော်မှာတင် မဟုတ်တော့ပဲ…

နောက်ထပ် ပိုဝေးတဲ့..နယ်မြေရဲ့..

နေရာသစ်တစ်ခုမှာ.. ဖွင့်ထားသည်ဆိုပဲ။

ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့ ကိုယ်တိုင် အတည်ပြုခဲ့သည်။

သူမနေ့က ဆိုင်ထဲ လာစဥ်က ကြည့်လိုက်တာနဲ့ မေးခွန်းထုတ်စရာမလိုအောင် မဟာမြို့တော်က မဟုတ်မှန်းသိသာလှတဲ့ လူတွေကို မြင်ခဲ့သည်!

အဝတ်အစား..ပြောဆိုပုံ..အရှိန်အဝါ.. အကုန်လုံးက လုံးဝကွဲပြားသည်။

ဒါက အချိန်ဆွဲလို့မရဘူး။

သူတို့ကိုယ်တိုင် သွားကြည့်မှဖြစ်မည်။

တပည့်တွေအကုန် စင်တွေဘက် လှည့်ပတ်သွားနေချိန်မှာ သူမကြိုက်တဲ့ပစ္စည်းတွေကို ကြည့်နေတဲ့ သမီးဖြစ်သူနားကို ဧကရီရှန်ချန်ရို့ ကပ်သွားလိုက်သည်။

မင်းသမီးရဲ့ဘေးရှိ သူငယ်ချင်းဖြစ်သူ လီမေ့ရဲ့လက်နှစ်ဖက်လုံးမှာ ခေါက်ဆွဲဗူးတွေနဲ့ အာလူးကြော်တစ်ထုပ်ရယ်အပြင် ဖျော်ရည်ဗူးအစုံပါ ပြည့်နှက်နေလေ၏။

ထိုအချိန်မှာ ကျန်တဲ့သူတွေကတော့ စားပွဲခုံတွေနားကို သွားလိုက်ကြသည်။

ထိုနေရာမှာ ဘယ်အချိန်တည်းက ထိုင်နေမှန်းမသိတဲ့ ကျားအိုကြီးကျောင်းနဲ့ ဒိုရှင်းရှီတို့ ရှိနေသည်။

အစောပိုင်းတည်းက ဆွေးနွေးနေကြတဲ့ ဘာမှန်းရေရေရာရာ မပြောနိုင်တဲ့ အကြောင်းအရာရဲ့ တစ်ဝက်မှာပေါ့။

တစ်ချက်ကြည့်လိုက်တာနဲ့ကို ဈေးဝယ်တွေကို ထိုနှစ်ယောက်က အဖက်မလုပ်ချေ။

မနှုတ်ဆက်ဘူး။ အရိုအသေမပေးဘူး။ ခေါင်းတစ်ချက်တောင်ညိတ်မပြဘူး။ မော့တောင် မကြည့်လာတာပင်။

ဒါပေမဲ့ သေချာပေါက်…

သူတို့ သတိထားမိတာပေါ့။

သူတို့က အဖက်မလုပ်ဖို့ ဆုံးဖြတ်ထားကြတာပဲ။

သူစိမ်းတွေနဲ့ မိတ်ဆက်ရမှာထက် ဆိုင်ရဲ့ရောင်းကုန်တွေအကြောင်း ဆွေးနွေးရတာကမှ ပိုအရေးကြီးအုံးမယ်။

အမှန်တော့ ‘ သူတို့’ ဆိုတာ မှန်ကန်တဲ့ စကားလုံးမဟုတ်ပေ။

တစ်ကယ်တော့ အဖက်မလုပ်တဲ့သူက ကျားအိုကြီးကျောင်းပင်။

သူက လက်ရှိမှာ ကြက်သားအရသာအစပ်က ကြက်သားအရသာအချိုထက် ဘာလို့သာလွန်ကြောင်းကို တူတစ်ချောင်းနဲ့ စားပွဲပေါ်ကို ဟိုထောက်သည်ထောက်ဖြင့် အပီအပြင်ရှင်းပြနေလေရဲ့။

ထိုအချိန်မှာ ဒိုရှင်းရှီကတော့လား?

သူလဲပဲ အရှေ့ကလူတွေကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုတာ မဟုတ်ချေ။

အရှေ့က စကားဝိုင်းထဲကို ဦးနှောက်အလုပ် မလုပ်တော့သည်အထိ မြောပါနေလို့ပဲ ဖြစ်သည်။.

အသိစိတ်က စကားဝိုင်းကနေ မရုန်းထွက်နိုင်တော့ချေ။

ကျားအိုကြီးကျောင်းရဲ့ ခေါက်ဆွဲသီအိုရီမှာ လုံးဝပိတ်မိနေသည်။

ဝင်လာတဲ့သူတွေကို သူသာ ​မြင်ခဲ့ရင် နေရာမှာတင် ဖင်မီးလောင်သလိုမျိုး ထပြီး လေးစားမှုပြပေလိမ့်မည်။

ဒါက သာမာန်အကြီးအကဲတွေ ဂိုဏ်းခေါင်းဆောင်တွေမှ မဟုတ်တာ။ သူတို့က ပထမဆုံးလှိုင်းလုံးတွေ…

ပထမဆုံးမျိုးဆက်… မူရင်း ဈေးဝယ်တွေပဲ။

ဒီဆိုင်ရဲ့ သန့်စင်မွန်မြတ်တဲ့ အကိုကြီးတွေနဲ့ အကြီးအကဲတွေ!

မြင့်မြတ်နယ်မြေကို ရှာဖွေတွေ့ရှိသူတွေ!

လာနေတဲ့ အုပ်စုမှ လူသုံးယောက် အရှေ့တိုးလာခဲ့သည်။

ဧကရာဇ်ဟုန်းရန်။

ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့။

ဂိုဏ်းခေါင်းဆောင် ပျန်းရှန့်။

သူတို့က အလောတကြီး မသွားသလို အသံလဲ မမြှင့်ပေ။ ဒါပေမဲ့ စကားမပြောခင် သူတို့တစ်ခု လုပ်ခဲ့သည်။

…………..

All Chapters