( ငါ ဧကရာဇ်ဆီမှာ ရောင်းစားခံလိုက်ရတယ်)
Vol. 11 Ch. 143
ဧကရာဇ် ဟုန်းရန်က ခပ်ဖျော့ဖျော့ အပြုံးတစ်ခုနဲ့ ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်မှာ ကျားအိုကြီးကျောင်းရဲ့ မျက်လုံးမှာ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး..
“ဟ! ငါတို့အခု စကားပြောနေပြီပဲ!”
မိတ်ဆွေဟောင်း တစ်ယောက်လို ဧကရာဇ်ရဲ့ နောက်ကျောကို အသာပုတ်လိုက်သေးကာ
“ ဒီတော့ မင်း ဦးဆောင်သင့်တာပေါ့ အဖိုးကြီး!”
ဧကရာဇ်ရဲ့ နောက်လိုက်တွေ ချက်ချင်း သတိကပ်သွားသည်။ သိုလှောင်လက်စွပ်ကို လက်လှမ်းထားရင်း ချွန်ထက်တဲ့ တစ်စုံတစ်ခုကို ဖွက်လိုက်တာမို့ အင်္ကျီ လက်စက အနည်းငယ်.တွန့်သွားလေရဲ့။
သူတို့ရဲ့အကြည့်တွေက ကျားအိုကြီးကျောင်းဆီမှာ ရှိနေဆဲပဲ။ ထိုအချိန်မှာသာ အပေါ့ပါးဆုံးလေပြေ.တစ်ချက်လို မှားယွင်းမှုတစ်ခု ရှိတာနဲ့ အပြုံလိုက် သတ်ဖြတ်မှုကို.ဖြစ်သွားစေနိုင်သည်။
ဧကရာဇ် ဆိုင်ကိုလာတိုင်း အမြဲလိုက်ပေးခဲ့တဲ့ ကျောင်းဟွမ်နဲ့ ရှဲ့ဖေးယန်ကတော့ တည်ငြိမ်သည်။ ဒါပေမဲ့ လူသစ်ဖြစ်တဲ့ တတိယမြှောက်တစ်ယောက်က ရည်ရွယ်ချက်ကို ပြမိသွားသည်။
အရှိန်အဝါက မပြင်းထန်သော်ငြား သတ်ဖြတ်လိုတဲ့ အရှိန်အဝါ နည်းနည်းလေးလောက်ကို ဖော်ပြမိသွားသည်။
ဒီလောက်နဲ့တင် ဒိုရှင်းရှီကို ကျားအိုကြီးကျောင်းရဲ့ အနောက်မှာ ပုန်းစေဖို့လုံလောက်နေပြီ။
ထို တတိယမြှောက်သူရဲ့ ရှည်လျားတဲ့အရပ်က ကျန်တဲ့သူတွေကို ခိုင်ခံ့တဲ့ အဆောက်အဦး ကြီးလို လွှမ်းမိုးထားသည်။
သူ့ရဲ့ကြွက်သားတွေ ပုံမှန်ဆန်တဲ့ နည်းလမ်းနဲ့ တောင့်တင်းတာမဟုတ်ချေ။ မသိလျှင် ဆူမိုအားကစားအတွက် သီးသန့် ဖန်တီးထားသလိုမျိုး ဖွံ့ဖြိုးလှတဲ့ခန္ဓာကိုယ်က ရန်သူကိုတစ်ချက်ရိုက်လိုက်တာနဲ့ ပြန်ထစေမှာ မဟုတ်ဘူး။
သူ့ရဲ့ ကြီးမားတဲ့ လက်တွေက လူတွေရဲ့မျက်နှာကို အသီးအရည်ညှစ်သလိုမျိုး အလွယ်တကူ ညှစ်နိုင်ဟန်ရှိသည်။
မျက်နှာပေါက်က လွယ်လွယ်မေ့စေလောက်တဲ့ သာမာန်မျက်နှာပင်။ အများနည်းတူ လယ်သမားဦးထုပ် ဆောင်းထားသော်ငြား ဆံပင်တိုတွေက ဟိုတစ်စ.ဒီတစ်စ ထိုးထောင် ထွက်နေ၏။
ဒါပေမဲ့ ဒီလယ်သမားပုံ အသွင်အပြင်က ထိုသူနဲ့ လိုက်ဖက်တဲ့ပုံစံဆိုတာ ဘယ်ကျွမ်းကျင်မဆို မြင်တာနဲ့ ယုံကြည်မှာ မဟုတ်ပေ။
ထိုသူက ဖန်းဝူကျင်း ပင်။
တိမ်မိုးဓားသွားဂိုဏ်းက ပင်မလုပ်ကြံသူ တစ်ယောက်ဖြစ်သည်။
ထီးနန်းနောက်ကွယ်က ဖုံးကွယ်ထားတဲ့ လက်များစွာထဲက တစ်လက်ဖြစ်သည်။
သူတို့ရဲ့ အရှိန်အဝါတွေ မမြင့်တက်လာခင်မှာပဲ ဧကရာဇ်က လှုပ်ရှားလိုက်သည်။
လက်ချောင်းများကို အနည်းငယ်လှုပ်ရှားတဲ့..
သေးငယ်တဲ့ အချက်ပြမှု ဆိုရင်တောင်မှ
ချက်ချင်းပဲ အကျိုးသက်ရောက်သွားသည်။
သုံးယောက်လုံး နေမြဲအတိုင်း.ဖြစ်သွားသည်။ သူတို့ဖန်တီးခဲ့တဲ့ အရှိန်အဝါက ရေကန်ထဲကျောက်တုံး ပစ်ချလိုက်သလိုမျိုး ချောမွေ့စွာ ပျောက်ကွယ်သွားလေ၏။
ကျားအိုကြီးကျောင်း.မျက်တောင်ခတ်လိုက် ကာ ဧကရာဇ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာ ပြုံးလိုက်ကာ
“ အာ ငါမှားတာ ငါမှားတာ”
ထိုသုံးယောက်ကို သူ လှမ်းတောင် မကြည့်သလို လေသံလဲ တစ်ချက်မမာဘူး။
သူတို့က မောက်မာခဲ့တာ မဟုတ်ဘူး။
သူ နားလည်ပေးလို့ရသည်။
ထိုသုံးယောက်က သူ့ရဲ့လက်ကြောင့်ပဲ လှုပ်ရှားလာတာမို့ သူ့အနေနဲ့ အပြစ်တင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ ထိုသုံးယောက် တစ်ကယ် လှုပ်ရှားလာရင်တော့လား?
သူက ငြိမ်ခံနေမဲ့သူမဟုတ်ဘူး။
ထို့နောက်မှာ ကျားအိုကြီးကျောင်းက ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့ဆီကို လတ်ဆတ်တဲ့အပြုံးတစ်ခုနဲ့ လှည့်ကြည့်လိုက်သည်။ ငါတို့ အခု အလုပ်စလို့ ရပြီဆိုတဲ့ အပြုံးမျိုးဖြင့်ပင်။
လူတစ်ယောက်ရဲ့ ဆန်တစ်အိတ်ကမ်းလှမ်းမှုကြောင့် ကျားအိုကြီးကျောင်းက ဒိုရှင်းရှီကို အင်္ကျီကော်လံမှ ဆွဲမလိုက်သည်။
“အမ်?”
ခြေထောက်နဲ့မြေကြီးနဲ့ ရုတ်တရက် လွတ်သွားတာမို့ ဒိုရှင်းရှီ ရှုတ်ထွေးစွာ ရေရွတ်မိရင်း ခြေထောက်တွေကို အနည်းငယ် လေထဲမှာ ကန်လိုက်သည်။
ကျားအိုကြီးကျောင်းရဲ့ ငြင်သာတဲ့ ပွေ့ယူမှုကြောင့် သူ့ရဲ့လက်နှစ်ဖက်ပင် အရုပ်ကြိုးပျက် လှုပ်ယမ်းသွားသည်။ ကျားအိုကြီးကျောင်းက ဒိုရှင်းရှီကို ကျန်းရှန်ဝေ့ အရှေ့မှာ ချပေးလိုက်သည်။
“ မင်းတို့တွေ ဒီကောင်လေးကို ကြိုက်တာ မေးကြတော့”
ပျော်ရွှင်စွာပြောလိုက်ရင်း ဒိုရှင်းရှီကို လက်မ ထောင်ပြလိုက်သေးရဲ့။
“ သူကဒီမှာ တစ်နေကုန်နီးနီး ရှိနေတာ။ ငါ့ထက်ပိုသိမှာပဲ”
ထို့နောက်မှာ လူငယ်လေးကို ပုခုံးတစ်ချက် ပုတ်လိုက်ရင်း
“ တစ်ကယ် ပေါင်းလို့ကောင်းတဲ့ကောင်ပါ။ ယဥ်လဲယဥ်ကျေးတယ်။မင်းတို့ သဘောကျသွားမှာ”
ဒိုရှင်းရှီကတော့ နေရာမှာရပ်နေရင်း တောင့်တင်းနေလေရဲ့။
တစ်ဖြတ်ဖြတ်ခတ်နေတဲ့ မျက်လုံးများနဲ့ နှုတ်ခမ်းတွေလဲ တင်းတင်းစေ့နေသည်။
နေအုံး..နေအုံး..နေအုံး! ငါအခု ရောင်းစားခံလိုက်ရလား?!
သူ့ရဲ့မျက်စံတွေ ကျူံ့သွားသည်။
ဒီ.. ဒီသစ္စာဖောက်ကတော့!
ဒီနောက်ကျောဓားထိုးတဲ့ အဖိုးကြီးစုတ်ကတော့!
ကျားအိုကြီးကျောင်းက ဒိုရှင်းရှီကို လှမ်းကြည့်လိုက်ပြီး
“ မင်း လူကြီးတွေကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံနော် ကောင်လေး”
အစောပိုင်းကမှ ဒိုရှင်းရှီရဲ့ ဝိညာဥ်က ခန္ဓာမှထွက်ပြီ ကောင်းကင်ဘုံကို တက်လှမ်းနိုင်ခဲ့သည်။
အခုတော့ သူ့ကို ကမ္ဘာမြေအောက်ထိ ဆွဲချခံလိုက်ရလေပြီ။
နေပါအုံး ငါတို့ရဲ့ ခေါက်ဆွဲညီကို ဆက်ဆံရေးက ဝိညာဥ်ကျောက်တုံးတစ်တုံး.လောက်ပဲ တန်တာလား?! ခင်ဗျားငါ့ကို မုန့်အတွက်နဲ့ရောင်းစား လိုက်တာလား?!
ငါက အဲ့လောက်ပဲ တန်တာလား!
တစ်ကယ်တော့..နေပါအုံး။
ငါက အနည်းဆုံး အသင့်စားခေါက်ဆွဲ ငါးပွဲလောက် တန်တယ်မလား?
ဒါမှ ထိုက်တန်တဲ့ ရောင်းစားမှု ဖြစ်မှာလေ။
နေအုံး..မဟုတ်သေးဘူး!
ဒါလဲ မမှန်သေးဘူး!
ကျားအိုကြီးကျောင်းရဲ့ လျင်မြန်တဲ့ မျက်နှာပြောင်း ပြဇာတ်က အကုန်လုံးကို အံ့အားသင့်သွားစေခဲ့သည်။
လွန်ခဲ့တဲ့ တစ်စက္ကန့်ကမှ ထိုသူက အရမ်းကာကွယ်ပေးတဲ့ နံရံတစ်ခုလို ပြုမူနေခဲ့သည်။
နောက်တစ်စက္ကန့်လဲကြာရော ဂုဏ်ယူစွာနဲ့ ပစ္စည်းပြနေတဲ့ ကုန်သည်အသွင် ပြောင်းသွားတာလား?
ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့ အော်ရယ်ချင်သွားသည်။ ဒါပေမဲ့ ဖျော့တော့တဲ့ ရယ်သံတစ်ချက် ထွက်မိရင်တောင် အခြေအနေ ပိုဆိုးစေနိုင်တာမို့ သူ ထိန်းချုပ် လိုက်ရသည်။
ကောင်တာအနောက်ကနေ ဟောင် သက်ပြင်းတစ်ချက်ချကာ ခေါင်းအသာရမ်းလိုက်တော့၏။
‘ဒီအဖိုးကြီးကတော့’
ထိုအချိန်မှာ ဒိုရှင်းရှီရဲ့ပုံစံက အရန်ဇာတ်ကောင်တစ်ကောင်ရဲ့ ပံ့ပိုးမှုကြောင့် ပိုကောင်းတဲ့ ဇာတ်ဝင်ခန်း.ရသွားတဲ့ တတိယအဆင့် ဇာတ်ကောင်ပုံပေါက်နေလေ၏။
အစောပိုင်းက ဒိုရှင်းရှီသည် ကမ္ဘာမြေကြီးနဲ့ ကောင်းကင်ရဲ့ ဗဟိုချက်လို အလေးပေးခံခဲ့ရသည်။
နောက်တစ်စက္ကန့်လဲ ကြာရော ကြိုက်ရာမေးနိုင်ဖို့ ရောင်းစားခံလိုက်ရလေရဲ့။
မဟာမြို့တော်က သူတွေ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့ရဲ့ ဟိတ်ကြီးဟန်ကြီး မျက်နှာရဲ့အောက်မှာတော့ အတွေးတွေ ဆူပွက်နေလေ၏။
သူတို့ ဝေဖန်နေတာ မဟုတ်ဘူး။
ဒါပေမဲ့ သူတို့ရဲ့ ခေါင်းထဲမှာ တူညီတဲ့အတွေးတစ်ခု ဖြစ်ပေါ်နေသည်။
ဒီလူ.ဘယ်လောက်တောင်မှ မွဲနေလို့ ကိုယ့်သူငယ်ချင်းကို ဒီလောက်အမြန်ကြီး ရောင်းထုတ်လိုက်တာများလဲ?
ဒီလူရဲ့ပုံစံက ကြည့်လိုက်တာနဲ့ရုပ်ပိုင်းဆိုင်ရာ အားကောင်းမဲ့ပုံပဲ။ ပုံမှန်လို ရပ်နေတာတောင်မှ ဖိအားကို ပေးစွမ်းနိုင်သည်။
သူတို့ထင်ခဲ့မိတာ ဒီလူကြီးတွင် အနည်းဆုံးတော့ ကိုယ်ပိုင် ရတနာများ လက်ထဲ ရှိမည်ဟူ၍ပင်။
ဖြစ်နိုင်တာ ဒီလူရဲ့ အကျင့်စရိုက်က အများနဲ့မတူတာလား?
ဖြစ်နိုင်တာ အရှေ့ကကောင်လေးကို စမ်းသပ်နေတာများလား?
တစ်ကယ်တော့ ကျားအိုကြီးကျောင်း ရဲ့ပုံစံက မြင်ရသလိုမျိုး အမဲလိုက်ရတာ ကြိုက်သူ မဟုတ်ပေ။
သေချာပေါက် သူ့ရဲ့ အနေအထားက အမဲလိုက်နိုင်သည်။ သားရဲတွေကို အလွယ်လေး ရိုက်ချပစ်ပြီး တောင်တန်းတွေကိုပါ နေရာ ပြောင်းရွှေ့နိုင်ဟန် ရှိသည်။
ဒါပေမဲ့ သူ့ရဲ့အချိန်အများစုကို အိမ်ခေါင်မိုးပေါ်မှာ အိပ်ရင်း ကုန်ဆုံးတတ်သည်။.တစ်ခါတစ်လေ လမ်းဘေးက ကျောက်တုံးတွေနဲ့ လေ့ကျင့် တတ်သည်။ တစ်ခါတစ်လေ အဝတ်လျှော်ချင်ဟန်ဆောင်ပြီး မြစ်ထဲမှာ ရေစိမ်နေလိမ့်မည်။
သူ ရှာသမျှ ဝိညာဥ်ကျောက်တုံးတွေလား?
အများစုက ဖြုန်းတီးခံလိုက်ရတယ် ပြောရမည်။
သူက ဆေးဝါးသုံးရင်လဲ သာမာန်ဆေးဝါးဆို မသုံးတတ်ဘူး။ ကောင်းမွန်လှတဲ့ ရှေးဟောင်း ထိုင်ခုံတွေဆိုလဲ သုံးရက်လောက်နဲ့ ချိုးပစ်တတ်သည်။ သစ်သားဇွန်းတွေ အစုံလိုက်အများကြီးဝယ်ပြီး သားရဲရုပ်ထု ဆောက်ပစ်သည်။
ပြီးတော့ သူ့ရဲ့ ပါးလွှာလှတဲ့ ဆံပင်များကို ဖြီးဖို့ရန် ကျောက်စိမ်းအစစ်နဲ့ လုပ်တဲ့ ခေါင်းဘီးဝယ်ထားသေးသည်။
သူ့မှာ မယ်မယ်ရရ အကြောင်းအရင်း မရှိပါချေ။
ဒါပေမဲ့ သူ့ရဲ့ ကုန်ဆုံးနေတဲ့ ပိုက်ဆံအိတ်ရဲ့ လက်သည်တရားခံအစစ်ကလား?
အဲ့ဒါက အပြိုင်ကမ္ဘာကုန်စုံဆိုင်လေ။
ဒီဆိုင်မှာ သူနေ့တိုင်း ဈေးဝယ်ထွက်နေရတာ။
ဒီအချိန်မှာ အမဲလိုက်ချင်ရင်တောင် ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ ထုတ်ပေးမဲ့အစား ရေခဲမုန့်ကိုပဲ တမ်းတနေလိမ့်မည်။
ဒါကြောင့် လာရောက်တံခါးခေါက်နေတဲ့ အလကားစားရမဲ့ အခွင့်အရေးကို.လက်လွှတ်ခံ စရာလား?
ကျားအိုကြီးကျောင်း တစ်ချိန်က ပြောခဲ့ဖူးသည်။
“ ဝိညာဥ်ကျောက်တုံးလား သွားစမ်းပါ”
“ သေရင် အုတ်ဂူထဲ ယူသွားလို့ရမှာ ကျလို့”
“ အလကားစားသောက်ရတာကသာ ကောင်းချီးပဲ”
ကျားအိုကြီးက အရေထူစွာ ဘေးတိုးလိုက်ပြီး ဧကရာဇ်ရဲ့ရှေ့ကို ကျယ်ပြန့်လှတဲ့ အပြုံးတစ်ခုနဲ့ သွားလိုက်သည်။
“ ဒီတော့ ငါသွားယူလို့ရပြီလား?”
ကျားအိုကြီးကျောင်းက ဒိုရှင်းရှီကို လက်တစ်ဖက် ယမ်းပြလိုက်ပြီး
“ အဲ့ကောင်လေးနဲ့ အချိန်ကုန်လိုက်ကြအုံး ဟုတ်ပြီလား?”
“ အဲ့ကောင်လေးက ထွက်မပြေးပါဘူး။ ပါးစပ်ပိတ်နေလဲ အချိန်ခဏလောက် ပေးလိုက်ပေါ့”
ဒိုရှင်းရှီ, “......”
စိုက်ကြည့်နေရင်း သူ့ရဲ့နှုတ်ခမ်းတွေ တင်းတင်းစေ့လာသည်။
“ခင်ဗျား မိစ္ဆာကောင်!”
သူ စိတ်ထဲမှ ဆဲရေးလိုက်၏။
……………..