( နေလုံးကြီး ရဲရဲတောက်နေတဲ့မြို့တော်)
Vol. 11 Ch. 145
‘ဝိညာဥ်မီးတောက်မြို့တော်’
‘တစ်ခါမှ မကြားဖူးဘူး’
‘ ငါ့အထင်… တစ်နေရာရာမှာ မြင်ဖူးတယ်’
ကျန်းရှန်ဝေ့က ပါးတစ်ဖက်ကိုပွတ်သပ်ရင်း စိတ်ထဲမှ ပြောလိုက်သည်။
‘ စာအုပ်ဟောင်းတစ်ခုထဲမှာလား?’
‘အင်း’
‘ ငါ့အထင်… ငါ တစ်ခါမြင်ဖူးသလားလို့’
‘ ဝိညာဥ်မီးတောက်မြို့တော် အကြောင်း ဖတ်ဖူးတာလား?’
‘ အဲ့လိုလဲမဟုတ်ဘူး။ စာရွက်တစ်ရွက်မှာ ဒီတိုင်း အမှတ်မထင်တွေ့ခဲ့ရုံတင်’
‘ အဲ့စာရွက်ကိုတောင် ဆုံးအောင် မဖတ်လိုက်ရဘူး။ ဒါပေမဲ့ ငါအရင်က မြင်ဖူးတယ်လို့ ထင်နေတယ်’
စကားဝိုင်းက နက်ရှိုင်းလာလေပြီ။
အဆုံးသတ်ဖို့လား? အဝေးကြီးလိုသေးသည်။
ဖြစ်နိုင်တာ ထိုနေရာက လုံးဝ မတူညီတဲ့ နေရာတစ်ခုက ဖြစ်ရမည်။
မတူညီတဲ့ နယ်မြေကြီးတစ်ခုက ဖြစ်နိုင်သည်။
“ ကျေးဇူးပါ” ဧကရာဇ်က ပြောလိုက်သည်။
“ မင်းငါ့ကို ယူလန်လို့ ခေါ်နိုင်တယ်”
“ မင်းရဲ့ မြို့နဲ့ပတ်သတ်ပြီး.. နည်းနည်း ထပ်ပြောပြလို့ရမလား?”
“ အဲ့ဒီမြို့က ဘာကြောင့် နာမည်ကြီးတာလဲ?”
ဒိုရှင်းရှီ နောက်ဆုံးတော့ အမှန်တရားနဲ့ နီးစပ်လာခဲ့ပြီ…
အကြီးအကဲတွေက ပျင်းစရာကောင်းတဲ့ မေးခွန်းတွေ ကြိုက်တာပဲ!
ဘာလို့ ဒီမေးခွန်းတွေ မေးနေမှန်းတော့ သူ မသိဘူး။ ဒါပေမဲ့ ဒီမေးခွန်းတွေ ဖြေပေးလို့ မက်မွန်လက်ဖက်ရည်နဲ့ အာလူးကြော်အနား ကပ်ခွင့်ရမယ်ဆိုရင် သူ လေးလေးစားစား ဖြေပေးမှာပင်။
အနည်းငယ် ကြီးကျယ်တဲ့ မေးခွန်းတွေ ထိုင်ဖြေနေရင်း ဆုလာဘ် ရနိုင်မယ်ဆိုမှတော့ ငါ့ဘဝရဲ့ ပျင်းဖို့အကောင်းဆုံး စကားဝိုင်းကို ဖန်တီးပေးမယ်!
သူ့ရဲ့ ရင်ဘတ်ကို ပုတ်လိုက်ကာ
“ မီးလောင်ဖို့ငြင်းဆိုတဲ့ မြို့လို့ အသိများတယ် အကြီးအကဲ”.
“ မြို့က အချိန်ပြည့် ပူပြင်းနေတာ။ ပူလွန်းလို့ ရေတွေဆို မြေကြီးနဲ့ မထိခင်မှာတင် ရေငွေ့အဖြစ် ပြောင်းသွားတယ်။ ကျွန်တော်တို့ မြို့က နေလုံးကြီးရဲ့ အောက်တည့်တည့်မှာရှိတာ။ နေကိုကာပေးထားတဲ့ တိမ်တွေဘာတွေ မရှိဘူး”
ထို့နောက်မှာ ဒိုရှင်းရှီက ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ အမြဲတမ်း ပူပြင်းပြီး တောက်ပနေတာပဲ။ ညပိုင်းရောက်ရင်တောင်မှ အပူဓာတ်ကြောင့် မြေကြီးက လင်းနေတယ်”
“ တစ်ချို့တောင် ပြောသေးတယ်။ မီးအိမ်မလိုပဲ မြေကြီးနားကပ်ပြီး ညပိုင်း စာဖတ်နိုင်တယ်တဲ့။ ဘယ်ရမလဲ ကျွန်တော်လဲ လိုက်လုပ်ကြည့်တာပေါ့။ တစ်ကယ် အလုပ်ဖြစ်တယ်”
“ ပြီး အိမ်တော်တော်များများဆို ပူလွန်းလို့ အနည်းဆုံးတစ်ကြိမ် မီးထလောင်ဖူးကြတယ်။ ကျွန်တော်တို့ကတော့ ကျင့်သားကို ရနေပါပြီ”
“ အာဟုတ်တယ်။ လူတွေလဲ ခဏခဏ မေ့လဲတတ်သေးတယ်”
“ ဒါပေမဲ့ ကျွန်တော်တို့က မာပါတယ်။ မြို့ကိုက မလောင်ကျွမ်းနိုင်တဲ့ မြို့လို့ နာမည်ကြီးတာလေဗျာ။ စားတဲ့အစားအသောက် ဆိုလဲ ရာသီဥတုနဲ့ကိုက်အောင် အစပ်တွေပဲ စားတယ်”
“ မြို့က အဆောက်အဦးတွေဆိုလဲ တစ်ဖြည်းဖြည်းနဲ့ အပူဒဏ်ခံနိုင်တဲ့ ကျောက်တုံးတွေနဲ့ ပြောင်းဆောက်နေကြပြီ”
“ မီးဖိုတွေမှာ သုံးတဲ့ကျောက်တုံးမျိုးလေ”
“ ဒါပေမဲ့ တစ်ချို့ အဆောက်အဦး ဟောင်းတွေကျ ပျက်ဆီးနေပြီးပြီဆိုတော့ တစ်ချက်လောက် တွန်းလိုက်ရင်တောင် ပြိုသွားနိုင်တာတွေရှိတယ်”
“ အခုဆို ကျွန်တော်တို့ အိမ်ခေါင်မိုးတွေကိုပါ မီးဒဏ်ခံနိုင်အောင် ဆောက်နေကြတယ်။ အရမ်းကြီးမကောင်းသေးဘူး ဆိုပေမဲ့ပေါ့ဗျာ”
“ အပြင်ကိုသာ ဖိနပ်မပါဘဲထွက်ကြည့်…”
သတိပေးမှုတွေ ပြည့်နေတဲ့မျက်နှာဖြင့် လက်ညိုးတစ်ချောင်း ထောင်လိုက်ကာ
“ တစ်ခါထဲ ကျက်ပြီသာမှတ်ပဲ”
ဒိုရှင်းရှီရဲ့ တက်ကြွမှုကို အသိအမှတ်ပြုစွာဖြင့် အကြီးအကဲတွေက ခေါင်းညိတ်ပေးကြသည်။
ဂိုဏ်းခေါင်းဆောင် ပျန်းရှန့် က ပါးစပ်ဖွင့်လိုက်ကာ
“.မင်းငါ့ကို အမျိုးသမီးပျန်းလို့ ခေါ်နိုင်တယ်”
“ ဟုတ်ကဲ့ အမျိုးသမီးပျန်း!”
ဒိုရှင်းရှီ ချက်ချင်းပဲ ကိုယ့်ဖြောင့်ကာ ရေရွတ်လိုက်သည်။
ဂိုဏ်းခေါင်းဆောင် ပျန်းရှန့်က မေးလိုက်သည်။
“ ကောင်လေး… မင်းတို့မြို့မှာ မိုးရွာတာတို့ နှင်းကျတာတို့ရှိလား?”
“မိုး?”
ဒိုရှင်းရှီ ရှုတ်ထွေးစွာ မျက်တောင်တစ်ဖြတ်ဖြတ် ခတ်လိုက်သည်။
ဂိုဏ်းခေါင်းဆောင် ပျန်းရှန့်က ခေါင်းညိတ်ပြသည်။
“ ရှိတယ် အမျိုးသမီးပျန်း… ဒါပေမဲ့ ရှားတယ်။ ကျွန်တော့်အထင် မွေးတည်းကနေ အခုချိန်ထိ မိုးရွာတာ တစ်ကြိမ်ပဲ ကြုံဖူးသေးတယ်”
“ အဲ့တုန်းကတောင် ကျွန်တော်ထင်ခဲ့တာ အထက်ဘုံက တစ်ယောက်ယောက်များ မတော်တဆနဲ့ စိတ်ဝိညာဥ်ရေတွေကို လောင်းချမိတာလားပေါ့?”
“ နောက်တစ်ခုကတော့..”
ဒိုရှင်းရှီရဲ့ မျက်လုံးတွေ မှေးကျဥ်းသွားသည်။
“ နှင်း? အမျိုးသမီးပျန်းပြောတာ အဲ့ဒီဒဏ္ဍာရီလာ ဖြစ်စဥ်ကိုလား?”
“ ဝိညာဥ်မြို့တော်မှာ အဲ့ဒါမျိုး မရှိဘူး”
“ ကျွန်တော်တို့နယ်မြေရဲ့ ဘယ်နားမှာမှ ရှိမယ်မထင်ဘူး”
“ စာထဲမှာပဲတစ်ခါ ဖတ်ဖူးခဲ့တာ။ ပြောတာတော့ အေးပြီးနူးညံ့တယ်ဆိုလားပဲ”
“ ကျားအိုကြီးကျောင်း ပြောတာတော့ အဲ့ဒါက ကလေးတွေကို အိပ်ရာဝင်ပြောပြတဲ့ ပုံပြင်တဲ့။ အေးခဲနေတဲ့ ရေကန်ပေါ်က နတ်သမီးတွေအကြောင်း ပုံပြင်တဲ့”
“ ကျွန်တော် ပြောချင်တာကဗျာ… ကောင်းကင် ပေါ်ကနေ သွန်ကျလာတဲ့ရေက ခန္ဓာကိုယ်ကို မလောင်ကျွမ်းစေဘဲ ဘယ်နေမှာလဲ? ဟုတ်တယ်မလား?”
“ နှင်းတွေသာ တစ်ကယ်ကျလာခဲ့ရင် လူတွေကတော့ ကောင်းကင်က နတ်ဘုရားတွေတိုက်ခိုက်လို့ စစ်ပွဲက ဖုန်တွေကျလာတယ် ထင်နေတော့မှာပဲ”
ဒိုရှင်းရှီရဲ့ မျက်နှာထားက လုံးဝ တည်တံ့နေသည်။
ခိုင်မာပြီး ယုံကြည်ချက် ပြည့်ဝနေမှုက.. မသိလျှင် သူပြောသွားတဲ့ စကားတိုင်းက အစစ်မှန်ဆုံးသော အမှန်တရားသဖွယ်။
အရှေ့က အုပ်စုကတော့ မျက်တောင်ခတ်လိုက်ကြသည်။
ဒိုရှင်းရှီရဲ့ စကားလုံးတွေကနေ အပူတွေကို စုပ်ယူမိသလိုမျိုး ဧကရာဇ်ပင် ခန္ဓာကိုယ် အနောက်ယိမ်းသွားသည်။
ဒါပေမဲ့ ဂိုဏ်းခေါင်းဆောင် ပျန်းရှန့် ကတော့ ပြောစရာပျောက်သွားလေရဲ့။
သူမတို့ နှင်းပွင့်လွှာဂိုဏ်းရဲ့ တည်နေရာက အရမ်းမြင့်တဲ့နေရာမှာ တည်ရှိသည်။ မြင့်လွန်းလို့ တစ်ခါတစ်လေဆို တိမ်တွေပင် အောက်ကဖြတ်သန်းနေသည်။
သူမတို့နေရာတွင် အသက်ရှုသလိုမျိုး နှင်းတွေက ဆက်တိုက်ကျနေသည်။
ချောက်ကမ်းပါးအစွန်းကို လေအေးတွေ ပွတ်သပ်နေသည်။
သားရဲတွေပင် ကြီးလားတာနဲ့အမျှ ရှင်သန်ရေးအတွက် လိုက်လျောညီထွေဖြစ်အောင် ခန္ဓာကိုယ်က အလိုအလျောက် မြူဒဏ်ခံနိုင်တဲ့ ကြေးခွံတွေ ထုတ်ပေးရသည်။
ပြင်းထန်တဲ့ အအေးဓာတ်ကို ခံနိုင်ရည်ရှိအောင် သားရဲတွေပင် ပြောင်းလဲရှင်သန်ရသည်။
ဒါပေမဲ့…အရှေ့ကလူပြောသွားတဲ့ ဝိညာဥ်မီးတောက်မြို့တော်ကလား?
ထိုကောင်လေးရဲ့ ဖော်ပြချက်က သူမတို့ နေရာရှိ ပြင်းထန်လှတဲ့ အအေးဓာတ်နဲ့ မျဥ်းပြိုင်လို အပြိုင်ပြေး နေသည်။ ဒါပေမဲ့ ထိုကောင်လေးရဲ့ ဇာတိက ပိုအခြေအနေ ဆိုးလောက်သည်လို့ ခံစားရသည်။
ရာသီဥတုရဲ့ မကောင်းတဲ့ဘက်ခြမ်းက ညှာတာမှုမရှိဘူး။ နေထိုင်သူတွေကို ထာဝရ ဒုက္ခပေးတတ်သည်။
သူမ ဒိုရှင်းရှီကို အကြာကြီး စိုက်ကြည့်နေရင်း စကားဟဖို့ ပြင်လိုက်စွာ နှုတ်ခမ်းတွေ တင်းသွားသည်။ ဒါပေမဲ့ တစ်ခွန်းမှ ထွက်မလာခဲ့ပေ။
ဆောင်းရာသီမရှိဘူးတဲ့လား?
နှင်းကျတာကို မသိဘူးတဲ့လား?
ကောင်းကင်ကြီးက အေးစက်မဲ့အစား မီးမြိုက်နေတဲ့ နေရာတဲ့လား?
ဘယ်လို ကျင့်ကြံရေးလမ်းကြောင်းမျိုးလဲ? သူမရဲ့ အကြည့်က အနည်းငယ် အံ့သြတဲ့ဘက် ပြောင်းသွားကာ အတွေးများသွားလေ၏။
အဲ့လိုနေရာမှာ ရှင်သန်ရတာက.. ညှင်းပန်း ခံနေရသလိုပဲ။
အဲ့လိုနေရာမှာ လူတစ်ယောက်က ကိုယ့်မျက်နှာကိုယ် ဘယ်လို ဂရုစိုက်နိုင်တော့မလဲ?
အာ?
သူမရဲ့မျက်လုံးတွေ ကျဥ်းမြှောင်းသွားသည်။
ဒိုရှင်းရှီရဲ့ အနည်းငယ် နေလောင်နေတဲ့အသားအရေ ကြမ်းကြမ်းကို ရှုတ်ထွေးစွာ ကြည့်လိုက်သည်။ ထို့နောက်မှာ ကျားအိုကြီးကျောင်းဘက်ကို လှည့်ကြည့်လိုက်သည်။
ထိုအဖိုးကြီးရဲ့ မဲခြောက်နေတဲ့ အသားရေက အဲ့ဒီနေရာမှာ အကြာကြီးရှင်သန်ခဲ့လို့ဆိုတာ သိသာသည်။
ဒါပေမဲ့ ထိုတစ်ချက်ကြောင့်ပဲ မဟုတ်ပါချေ။
ကျားအိုကြီးကျောင်းရဲ့ ပုံစံက ကြည့်လိုက်တာနဲ့ အိမ်ခြေရာမဲ့နဲ့ သေလောက်အောင် တူသည်။
သူ့ရဲ့ ပုံစံကိုက ပျော်ပျော်နေ ပျော်ပျော်စား စရိုက်ရှိသည်။
အရှက်မရှိသလို.. အရမ်းကြိုးစားအားထုတ်မှုမျိုးလဲ မရှိဘူး။
ပုံမှန်လေးအတိုင်း နေထိုင်နေတာပဲ။
ဂိုဏ်းခေါင်းဆောင် ပျန်းရှန့် မျက်မှောင် ကြုတ်သွားသည်။
သူမ ဆိုးဝါးလှတဲ့ရာသီဥတု ဒဏ်ကို ခံနိုင်သည်။ သူမ ပူပြင်းလှတဲ့ အပူဓာတ်ကိုပါ ခံနိုင်သည်။
ဒါပေမဲ့ အဲ့လောက် ချွေးနံ့ပြင်းတဲ့သူနဲ့ သုံးမီတာလောက်အတွင်း နေရရင်တော့လား?
ချက်ချင်းပဲ နယ်မြေကနေ ထွက်သွား ပစ်လိုက်မည်။
ဘာကိုမှ ဂရုမစိုက်ဘဲပေါ့…။
အကြီးအကဲ ကျန်းရှန်ဝေ့က လက်ချောင်းတွေကို ကစားလိုက်ရင်း
“ ဟမ်… ဒါဆို ငါမေးမယ်။ မင်း ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ?”
“ ဒီနေရာကို ရောက်ဖို့ဘယ်လို အဆောက်အဦးမျိုးထဲ ဝင်ခဲ့ရတာလဲ?”
ဒိုရှင်းရှီရဲ့ နောက်ကျောက ဖြောင့်တန်းသွားပြီး ကိုယ်ရေးအထုပ္ပတ္တိကို ဟောပြောတော့မဲ့ သူလိုမျိုး မျက်နှာက လင်းသွားသည်။
“ တစ်ကယ် ကံကြမ္မာပါတဲ့နေ့လို့ ပြောရမှာပေါ့”
သူက တည်ကြည်စွာပြောလိုက်သည်။
“ ကြယ်တွေမှာ ရေးသားထားတဲ့နေ့… အချိန်ရဲ့ ပံ့ပိုးမှုနဲ့ ကံကြမ္မာ အလိုကျ ရောက်လာတဲ့ နေ့လေးတစ်နေ့လို့ ပြောရမှာပေါ့ဗျာ”
ငါ့လူရေ.. စိတ်အေးအေးထားပါဟ။
ငါတို့ ဒီမှာ netflix ဇာတ်ကားရိုက်ဖို့ ပြင်နေတာ မဟုတ်ဘူး!
စကားလုံးတွေ ကြားမှာ နစ်မြောနေတဲ့ ဒိုရှင်းရှီမှလွဲရင် ကျန်တဲ့သူတွေအကုန် မျက်နှာတွေ ရှုံ့မဲ့ကုန်သည်။
ဒိုရှင်းရှီ လက်တစ်ဖက်မြှောက်လိုက်ကာ မျက်လုံးအကြည့်ကို အပေါ်ရွှေ့လိုက်သည်။ သူပဲမြင်နိုင်တဲ့ မြင်ကွင်းတစ်ခုကို ကြည့်နေတဲ့ အတိုင်းပဲ။
“ အခြေအနေအားလုံး… တွေ့ဆုံမှုအားလုံး.. ကျွန်တော့် ရဲ့လျှာဖျားကို ကစားပြီး အစာအိမ်ထဲ ဝင်ရောက်လာတဲ့ အစားအသောက်တွေအားလုံး…”
“ အရာအားလုံးက အချိန်တစ်ခုဆီကို ပြန်ခေါ်ဆောင်သွားတယ်”
ထို့နောက်မှာ အတိတ်ကို ပြန်အမှတ်ရစွာဖြင့် အသက်ရှုသွင်းလိုက်သည်။
“ ကောင်းကင်ဘုံက ကျွန်တော့်ရဲ့ငိုကြွေးမှုကို ကြားသွားတယ်”
“ ကျွန်တော့်ရဲ့ အူတွေက အရိုင်းစိတ်ဝင်လာတဲ့ သားရဲလို နှိပ်စက်နေခဲ့တာ”
“ ကျွန်တော့်ရဲ့ခြေထောက်တွေ… က ချက်ချင်း လှုပ်ရှားလိုက်တယ်။ အလွန် စိတ်ပျက်နေတဲ့ တောင်းခံမှုအောက်မှာ..”
“ လမ်းကြားတွေအားလုံးနဲ့.. ကျိုးပဲ့နေတဲ့ နံရံများစွာကို ကျော်ဖြတ်ပြီးမှ ဒီအိပ်ပျော်နေတဲ့ ကြက်လေးဆီကို ရောက်လာခဲ့ရတာ”
…………….