( ဝူကျင်းရဲ့ ကြိုးစားမှုကို ကျားအိုကြီးကျောင်း တုံ့ပြန်ခြင်း!)
Vol. 11 Ch. 146
“....ဘာရယ်?”
အကြီးအကဲ ကျန်းရှန့်က အံ့အားသင့်စွာ ပြောလိုက်သည်။
“ ကျွန်တော် ထွက်ပြေးလာတဲ့အချိန်.. လမ်းကြားရဲ့ တစ်ဖက်မှာပေါ့ဗျာ.. ကျွန်တော် မြင်လိုက်ရတယ်”
“ သစ်သားအိုတွေနဲ့ ယိုင်နဲ့နေတဲ့ အိမ်ခေါင်မိုးတွေပဲ။ သန့်ရှင်းရေးမလုပ်ထားတာ နှစ်တော်တော် ကြာပြီမှန်းသိနိုင်တယ်”
“ အိမ်က တစ်အိမ်ထဲ မဟုတ်ဘူးနော်။ အဲ့နားမှာ အိမ်စုတ်တွေ အများကြီး အတန်းလိုက် ရှိနေတာ”
“ ဒါပေမဲ့.. အဲဲ့ဒီအိမ်… အဲ့ဒီတံခါးပေါက်..”
“ အဲ့ဒါက မတူညီနေဘူး”
“ ကျွန်တော် ဘယ်လိုရှင်းပြရမယ် မသိဘူးဗျာ အကြီးအကဲရယ်… အဲ့ဒီဆန်းကြယ်တဲ့ တံခါးချပ်က ကျွန်တော့်ကို ခေါ်နေသလိုပဲ”
“ ကျွန်တော့်ရဲ့ နာမည်ကို ရေရွတ်ရင်း.. ဖွင့်ပေးဖို့ တောင်းဆိုနေသလိုပဲဗျာ”
“ ကျွန်တော်ဝင်ခဲ့တယ်”
“ မဟုတ်ဘူး ဝင်ကိုဝင်ခဲ့ရတာ!”
“ ဘယ်လိုမျိုးလဲဆိုရင်ဗျာ။ အဲ့ဒီအချိန် အဲ့ဒီတံခါးရှေ့မှာ နတ်ဆိုးသားရဲတစ်ထောင်လောက် ရှိရင်တောင် မရရအောင်ဝင်သွားမဲ့ ခံစားချက်မျိုးပဲ”
ထို့နောက်မှာ ဒိုရှင်းရှီက အကြီးအကဲတွေရဲ့ မျက်လုံးသေများကို ကြည့်လိုက်သည်။
“ ကျွန်တော် ဝင်ခဲ့တဲ့ အဲ့ဒီနေရာက အပြင်ပန်းက စွန့်ပစ်အိမ်တစ်ခုပဲ”
နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ရှုတ်ထွေးမှု၊ မယုံနိုင်မှုနဲ့ ဒုတိယသူအစား ရှက်ရွံ့ပေးမှုတို့ ပေါင်းစပ်ပြီး.ဖြစ်ပေါ်လာတဲ့ တိတ်ဆိတ်မှုပင်။
ဒိုရှင်းရှီက ခေါင်းညိတ်ရင်း လက်နှစ်ဖက် ရိုက်လိုက်သည်။
“ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒါက လူတွေ ချီးပါတဲ့နေရာပေါ့ဗျာ။ ဒါပေမဲ့ အဲ့ဒီအိမ်က သာမာန်ချီးပါတဲ့နေရာ မဟုတ်ဘူး”
“ အဲ့ဒါက ဝင်ပေါက်ပဲ။ နတ်နေမြေကို ကူးပြောင်းနိုင်တဲ့ ဝင်ပေါက်… ဆန်းကြယ်မှုနဲ့ ကောင်းမွန်တဲ့အရသာဆီ ပို့ဆောင်ပေးမဲ့ ဖြတ်လမ်းပဲ”
အကြီးအကဲ ပျန်းရှန့် က မျက်နှာကို လက်တစ်ဖက်နဲ့ ကာလိုက်သည်။ သူမရဲ့ မျက်နှာထက်မှာ အဖြူရောင် ဇာပါးလေး ခြုံထားပေမဲ့ပေါ့။
အကြီးအကဲ ကျန်းရှန်ဝေ့ထံကနေလဲ ရယ်သံလား ချောင်းဆိုသံလား မသဲကွဲတဲ့ အသံထွက်လာသည်။
ဧကရာဇ်ဟုန်းရန်လဲ ပြတင်းပေါက်ဘက် မျက်နှာလှည့်လိုက်သည်။ သူ့ရဲ့ ပုခုံးတွေကတော့ အနည်းငယ်.တုန်နေလေရဲ့။
“ တစ်ကယ်ကို”
ဒိုရှင်းရှီ ဆက်ပြောသည်။
“ ကံကြမ္မာဆိုတာ အချိန်ကိုက်ရောက်လာတတ်တဲ့ အရာပဲ”
သူတို့ရဲ့စကားဝိုင်းက သတင်းအချက်အလက် စုဆောင်းဖို့ ရည်ရွယ်ချက်နှင့်ပင်။
အခုတော့ မဟုတ်တော့ဘူး။
အစောပိုင်းကတော့ နေလုံးနဲ့နီးကပ်လှတဲ့ ဝိညာဥ်မီးတောက်မြို့တော်နဲ့ ပတ်သတ်တဲ့ အသုံးဝင်တဲ့အချက်အလက်များကို သိခဲ့ရသည်။
ထို့နောက်မှာတော့ ဒိုရှင်းရှီရဲ့ စိတ်အားထက်သန်လှတဲ့ ပုံပြင်ပြော စကေးထဲ ပိတ်မိသွားရတော့တာပင်။
ပြောရရင် ဒါကလဲ ဒိုရှင်းရှီရဲ့ အမှားမဟုတ်ပေ။ သူ့ရဲ့စိတ်က ဒီတိုင်း လွှမ်းမိုခံနေရပုံပဲ။
ဒီဆိုင်နဲ့ ပတ်သတ်ပြီး…
အတွေ့အကြုံတွေနဲ့ ပတ်သတ်ပြီး…
အထူးသဖြင့် ဆိုင်ထဲက လူတွေနဲ့ ပတ်သတ်ပြီးတော့ပေါ့။
ဒိုရှင်းရှီက ဒီနေရာကို ဘယ်လို ကံကြမ္မာဆန်စွာ ရောက်လာလဲ ပြောနေရင်းနဲ့ ဆိုင်ရှင်ကိုလဲ ဘယ်လိုမြင့်မြတ်လှတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကြောင်း ပြောဆိုဖို့ မမေ့ခဲ့ပါချေ။
အဆိုးဆုံးက မိုရှီရှီအပေါ်ကို ထားရှိတဲ့ အစွဲအလန်းပင်။
သူက မိုရှီရှီကို သူတော်စင်မလို့ ခေါ်နေ၏။
သူတော်စင်မ?
သားကြီးရေ…
သူမက ကျဆုံးသွားတဲ့ ကျိန်စာဖြူ မိစ္ဆာဂိုဏ်းရဲ့ ဆက်ခံသူနော်။ မိစ္ဆာဂိုဏ်းကိုမှ စကားတစ်ခွန်းမှားတာနဲ့ တစ်မြို့လုံးကိုပါ ဖျက်ဆီးနိုင်လောက်အောင် ကြောက်ဖို့ ကောင်းတဲ့ မိစ္ဆာဂိုဏ်း!
ဂိုဏ်းသားသစ် ခေါ်ပြီးရင်တောင် သွေးဖောက် ထုတ်ခိုင်းပြီး ကျိန်စာတွေ အလကားသုံးပေးတဲ့ မိစ္ဆာဂိုဏ်းမျိုး။
မင်း ခေါ်နေတဲ့ သူတော်စင်မက အရမ်းကောင်းမွန်နေတဲ့ မြင့်မြတ်ကြင်နာသူ ဟုတ်မနေဘူး။ ကြောက်ဖို့ကောင်းလှတဲ့ အမှောင်အဖွဲ့အစည်းရဲ့ အနာဂတ်ဆက်ခံသူ တစ်ယောက်နော်။
ထိုကောင်လေးရဲ့ ဖော်ပြချက်အရတော့ သူ့ရဲ့ ပျက်ဆီးကိန်းဆိုက်ခါနီးမှာ မိုရှီရှီက မြင့်မြတ်လှတဲ့ စိတ်ထားနဲ့ ညှာတာမှုပြရင်း ကူညီပေးကာ အနုပညာတစ်ရပ်ကို ပြသခဲ့သည်တဲ့။
နားထောင်ကြည့်ရင်တော့ အရမ်း ဒရာမာဆန်ပြီး သေရေးရှင်ရေး ကြုံနေရသလို အခိုက်အတန့်မျိုးပဲ။ ‘နဂါးနက်ကြီး ပေါက်ထွက်တော့မဲ့အချိန်မှာ သူမက ကူညီပေးခဲ့တာ' ဆိုတဲ့ အလွန်အမင်း ဖော်ကျူးချက်ကို ကြည့်တာနဲ့ သာမာန်ဆန်လှတဲ့ အခြေအနေတစ်ရပ်ကို ထိပ်တန်းဂန္တဝင်လက်ရာအဖြစ် ပြောင်းပေးနိုင်တဲ့ အံ့သြဖွယ် အရည်အချင်းကို မြင်တွေ့ရမှာပင်။
အန္တရာယ်များလှတဲ့ အခိုက်အတန့်ကနေ ကံကောင်းပြီး ကယ်တင်ခံရပုံကို သူက
‘ ကံကြမ္မာလေပြေကြားမှာ ပျောက်ဆုံးတော့မဲ့ ဂုဏ်သိက္ခာကို သူတော်စင်မလေး ကယ်ပေးခဲ့တာ’ ….လို့ ပြောခဲ့သည်။
ကျိန်စာဖြူမိစ္ဆာဂိုဏ်းသာ သူတို့ရဲ့ ဆက်ခံသူကို အခုလို ချီးပါခံနီး ဖင်ပိတ်ပေးတဲ့ ကိစ္စတစ်ခုအတွက်နဲ့ မြင့်မြတ်လှတဲ့ သူတော်စင်အဖြစ် ကဗျာစပ်နေတာတွေ့ရင် အုတ်ဂူထဲတင် နောက်တစ်ကြိမ်သွေးအန်ပြီး သေသွားနိုင်သည်။
ဒါပေမဲ့ ဒိုရှင်းရှီကတော့ စကားလုံးတိုင်းကို ယုံကြည်မှုအပြည့်ဖြင့် ပြောနေလေရဲ့။
“ဒီဆိုင်က သာမာန်ဆိုင်မဟုတ်ဘူး။ ဒီဆိုင်က မြင့်မြတ်နယ်မြေတစ်ခုပဲ”
“ ဆန်းကြယ်တဲ့ကမ္ဘာတစ်ခု..”
ထို့နောက်မှာ ဒိုရှင်းရှီက ဆက်လက်ပြီး ဆိုင်ထဲဝင်ချိန်မှာ ကြုံခဲ့ရတဲ့ လေပြေအေးလေးရယ်… ထိလိုက်တာနဲ့ မလောင်ကျွမ်းသွားတဲ့ ကြမ်းခင်းရယ် အကြောင်း ဆက်လက်ကဗျာဖွဲ့သည်။
အကြီးအကဲ တစ်အုပ် နားလည် သွားလေ၏။
ဒီကောင်လေးက သာမာန်ဈေးဝယ်မဟုတ်ဘူး။
ဒီကောင်လေးက အများနဲ့မတူတဲ့သူ…
အထူးသဖြင့် အများနဲ့မတူဘဲ တစ်ကြိုးလွတ်နေတဲ့ကောင်!
ဆိုင်ရဲ့ တစ်ခြားဘက်ခြမ်းတွင်…
ရေခဲသေတ္တာရှေ့၌ ကျားအိုကြီးကျောင်း ထိုင်ကာ မေးစေ့ပွတ်နေသည်။
ရေခဲသေတ္တာထဲက ဖျော်ရည်ဗူးတွေကို မျက်လုံးများမှေးကာ ကြည့်နေ၏။ တစ်ခုကိုကိုင်သည်။ ပြန်ချသည်။ ပြန်ကိုင်လိုက်ပြန်သည်။
တော်တော်လေး အချိန်ယူပြီးနောက်မှာ…
သူ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။
နေအုံး.. ဒီလောက် စဥ်းစားနေဖို့မှမလိုတာပဲ။
ငါ ဒီနေ့မဝယ်ရသေးတဲဘ ဘယ်ဗူးမဆို ယူလို့ရတယ်လေ။
ဖြတ်လမ်းတွေ့သွားသူ တစ်ယောက်ရဲ့ ယုံကြည်မှုများဖြင့် လက်အပြည့် ဖျော်ရည်တွေ ယူလိုက်သည်။
ပိုက်ဆံနဲ့ပတ်သတ်ပြီး သူ စိတ်မပူဘူး။ ဘယ်လိုနေနေ သူ ရှင်းရမှာမှ မဟုတ်တာ။
ကျားအိုကြီးကျောင်းရဲ့ပုံစံက သကြားလုံးဆိုင်ထဲ ရောက်လာတဲ့ ကလေးတစ်ယောက်လိုမျိုးပင်။
လူတွေအားလုံး ဒိုရှင်းရှီရဲ့ အိမ်သာဇာတ်ကြောင်း အကြောင်း.နားဆင် နေစဥ်မှာ ကျားအိုကြီးကျောင်းက ဆိုင်ထဲ ဖြတ်လျှောက်လာသည်။
“ အဖိုးကြီး” ကျားအိုကြီးကျောင်းက ဂရုမစိုက်စွာ ခေါ်လိုက်သည်။
“ လိုချင်တာယူပြီးပြီ။ ငါတို့ရှင်းလို့ရပြီ”
မသိရင် မီးခြစ်ငှားနေကျ ဘော်ဒါတစ်ယောက်လိုမျိုး ဧကရာဇ်ရဲ့ ပုခုံးကို ပုတ်ဖို့ လက်လှမ်းလိုက်၏။
ဖတ်!
လေးလံတဲ့ လက်တစ်ဖက်က ကျားအိုကြီးကျောင်းရဲ့လက်ကို တားလိုက်သည်။
ဖန်းဝူကျင်းပင်။
စူးရှတဲ့မျက်လုံးများနဲ့ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ စကားတစ်ခွန်းမှ မပြောချေ။
ကျားအိုကြီးကျောင်းက ကြည့်တောင်မလာဘူး။
သူ မော့ကြည့်ဖို့ မလိုအပ်ဘူးလေ။
သူ တစ်ချက်ပြုံးသွားပြီးနောက်မှာ အေးစက်ကာ တည်ငြိမ်တဲ့အသံ ထွက်လာသည်။
“ နောက်ဆုတ်လိုက်ကောင်လေး။ မဟုတ်ရင် ဒီဦးလေး အတည်အတံ့ လုပ်ရလိမ့်မယ်”
တည်ငြိမ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဖန်းဝူကျင်းရဲ့ မျက်လုံးတွေ တွန့်သွားပြီး လက်သည်လဲ အားလျော့သွားလေ၏။
သူ့ရဲ့ ပင်ကိုယ်ဗီဇက အချက်ပြနေပြီ။
တစ်ပတ်လုံးလုံး အလုပ်မရှိဘဲ အိပ်နေတဲ့ပုံ ပေါက်တဲ့ ဒီအဖိုးကြီးက…
တစ်ကယ်တော့ ငါ့ကို လုံးဝ အနိုင်ပိုင်းပစ်နိုင်တယ်!
အိမ်ခြေရာမဲ့ ဦးလေးကြီးတစ်ယောက်ရဲ့ အရှိန်အဝါက ချက်ချင်းဆိုသလို စစ်နတ်ဘုရား အသွင်ယူလိုက်သည်။
ဖန်းဝူကျင်း ဘယ်လောက်ပဲ သန်မာပါစေ.. သူ မစမ်းသပ်ရဲဘူး။
ပင်ကိုယ်ဗီဇရဲ့ အချက်ပြမှုက ကျယ်သထက် ကျယ်လာရပြီ။
သူသာ ရဲတင်းပြီး အရှေ့တိုးကာ တားလိုက်မိရင်… သူ့ရဲ့ ကျင့်ကြံစဥ်တစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ လေးလံတဲ့လက်သီးကို ရင်ဆိုင်ရလိမ့်မည်။
ဂန္တဝင်ဆန်တဲ့ နည်းဗျူဟာမျိုးလဲမဟုတ်… ထူးချွန်ပြောင်မြှောက်တဲ့ သိုင်းပညာလဲမဟုတ်..
ရက်စက်တဲ့ လက်သီးတစ်ချက်နဲ့ သူ့ဘဝ ဇာတ်သိမ်းသွားရမှာ။
သူ့ရဲ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ အခန်းထဲက လေထုပင် ပြောင်းလဲလာရ၏။
ဘယ်သူမှ ဒါကို မမျှော်လင့်ထားမိပေ။
ဧကရာဇ်ဟုန်းရန်က နေရာမှထလိုက်သည်။
နွေးထွေးပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ခု ဖန်တီးလိုက်ကာ..
ကျားအိုကြီးကျောင်းကို ပုခုံးပုတ်လိုက်သည်။ မသိလျှင် အချိန်အကြာကြီးမတွေ့ခဲ့ရတဲ့ သောက်ဖော်သောက်ဖက် သူငယ်ချင်းကို ပြန်တွေ့လိုက်ရသည့်နှယ်။
“ ငါ့အမှားပါ”
“ ငါ့ရဲ့အစောင့်က တစ်ခါတစ်လေ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ ကောင်လေးကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်ကွာ”
ထို့နောက်မှာ ဖန်းဝူကျင်းကို တစ်ဆက်ထဲ အနောက်ဆုတ်ဖို့ အချက်ပြလိုက်လေ၏။
“ ဒါနဲ့အဖိုးကြီး ငါ ငွေမရှင်းခင်..”
ဧကရာဇ်က ပြုံးကာ ရေခဲသေတ္တာဘက်တစ်ချက် ကြည့်လိုက်သည်။
“ ငါ မက်မွန်လက်ဖက်ရည် တစ်ဗူးသောက်လို့ ရမလား?”
“ တစ်နေကုန် အဲ့ဒါပဲ ခေါင်းထဲရောက်နေတာလေ”
ဧကရာဇ်ရဲ့ လေသံမှာ အန္တရာယ်အငွေ့အသက်တွေ မပါဘူး။
ဒါပေမဲ့ ထိုဖော်ရွေတဲ့မျက်လုံးနဲ့ ပေါ့ပါးတဲ့ ရယ်သံအောက်မှာ အရာအားလုံးကို တွက်ချက်နေတာပဲ။
သူက သာမာန် ဧကရာဇ်တစ်ပါးမှ မဟုတ်တာပဲ။ ရန်သူကိုပါ ချက်ချင်း လေးစားမှုကြောင့် ဦးညွတ်လာအောင် လုပ်နိုင်တဲ့ အရည်အချင်းရှိသူ တစ်ယောက်လေ။
ကျားအိုကြီးကျောင်းက ဧကရာဇ်ကို ကြည့်ရင်း မျက်တောင်ခတ်လိုက်သည်။
ထို့နောက်မှာ ပြုံးလိုက်ပြီး
“ ငါမင်းကို သဘောကျတယ် အဖိုးကြီး”
“ ကောင်းသားပဲ မက်မွန်လက်ဖက်ရည် သောက်လေ!”
………………