← Chapters

(မသေချင်ရင် ငါ့ကိုမထိနဲ့)

Vol. 11 Ch. 147

(မသေချင်ရင် ငါ့ကိုမထိနဲ့)

Vol. 11 Ch. 147

ဒီလိုနဲ့ပဲ အခန်းထဲမှာရှိခဲ့တဲ့ ဖိအားက တစ်ဖြည်းဖြည်း ပျောက်ကွယ်ကာ မှတ်ဉာဏ်ထဲမှာပဲ ကျန်ရစ်တော့သည်။

ကျားအိုကြီးကျောင်းက ဘာမှမဖြစ်ခဲ့သလို ပြုံးလိုက်ကာ ဧကရာဇ်ရဲ့ နောက်ကျောကို ပုတ်လိုက်ရင်း

“ ဒါဆို ဖျော်ရည်သွားယူကြတာပေါ့ အဖိုးကြီး!”

ဒီလိုနဲ့ နှစ်ယောက်သားသည် ပျောက်ဆုံးသွားတဲ့ ညီကိုရင်းတွေ ပြန်တွေ့ရသည့်နှယ် ပုခုံးဖက်ကာ ဖျော်ရည် သွားယူကြလေ၏။

ကောင်တာ အနောက်က ဟောင် တစ်ယောက် မနေနိုင်စွာ မျက်လုံးနှစ်ဖက်အား ပွတ်သပ်လိုက်သည်။

ဒီ ရူးနေတဲ့အဖိုးကြီးက ဧကရာဇ်ကို ပုခုံးဖက်နေတာလား?

ဧကရာဇ်ကိုလေ?

ဒီလိုနေ့မျိုး ကြုံရမယ်လို့ ဘယ်သူထင်ခဲ့မိမှာလဲ?

ကျားအိုကြီးကျောင်းက ရတနာတစ်ပါးလို ဖျော်ရည်ဗူးကို ကိုင်ကာ ဧကရာဇ်ကို ပြနေသည်။ ဧကရာဇ်ကလဲ ဘေးမှ ခေါင်းညိတ်လေ၏။

ဟောင် ခေါင်းရမ်းကာသာ ပြုံးမိတော့သည်။

‘ဟား တစ်ကယ့်အဖိုး​ကြီးကွာ’

‘ဒါလဲကောင်းတယ်။ မင်းတို့ဧကရာဇ်ကို မွဲသွားတဲ့အထိ ဂုန်းဆင်းပြီး မစ်ရှင်တွေ မြန်မြန်ပြီးအောင်.ကူညီကြပေါ့!’

ဒီအခြေအနေကနေ သူ့အတွက် ပိုရောင်းရလို့ ဝိညာဥ်ကျောက်တုံးတွေ ပိုရရင်လဲ.. ဘယ်ဆိုးလို့လဲလေ။ မဟုတ်ဘူးလား?

အရှေ့က ဈေးဝယ်က သူ့ရဲ့ဈေးဝယ်အားလုံးထဲက ပိုက်ဆံအရှိဆုံး ဈေးဝယ်ပဲ!

အမှန်ပြောရရင် ဟောင့်ကို စိတ်ပျော်စေတာက အခုလိုမျိုး ပေါများတဲ့ဝယ်ယူမှု တစ်ခုထဲ မဟုတ်ဘူး။

တစ်ကယ့် အကြောင်းအရာက အစောပိုင်း​က ကောင်းမွန်လှတဲ့ အခိုက်အတန့်ပဲ။

ကျင့်ကြံရေးစာစဥ်တိုင်းမှာ ပါနေကျ ဒဏ္ဍာရီလာ ဇာတ်လမ်းမျိုးလေ။

အကောင်ကြီးကြီး အမြှီးရှည်ရှည် တစ်ကောင်ကို ထူးဆန်းပြီး ဖုံးကွယ်ထားတဲ့ အရည်အချင်းတွေရှိတဲ့ ကျွမ်းကျင်ဆရာ​ကြီး တစ်ယောက်က မျက်နှာဖြတ်ရိုက်တဲ့ မြင်ကွင်းမျိုးလေ။

ဒါပေမဲ့ဒါကတော့ ဝတ္ထု မဟုတ်ခဲ့ဘူး။ မျက်စိရှေ့မှာ ဖြစ်ခဲ့တဲ့ မြင်ကွင်းပဲ။

ဒါ့အပြင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာက အရင်က ဝတ္ထုထဲကထက် ပိုကောင်းသည်။

မျက်လုံးနဲ့ ကိုယ်တိုင်တွေ့ရချိန်မှာ ရင်ထဲမှာ ကျေနပ်သွားတာမျိုးပေါ့။ အနေခက်နေတဲ့.. လေထုကြောင့် တိတ်ဆိတ်မှုကြီးစိုးလာပြီး ကြောက်ရွံ့စိတ်ဝင်လာစေတာမျိုးပေါ့..။

ဆိုင်ထောင့်မှာ ထိုင်နေတဲ့ ချွေးနံ့ပြင်းပြင်းနဲ့ သူတောင်းစားယောင်ယောင် ဘာယောင်ယောင် အဖိုးကြီး တစ်ယောက်​က လက်သီးတစ်ချက်နဲ့တင် ဘဝဆုံးအောင်လုပ်ပေးနိုင်တဲ့ အစွမ်းရှိမှန်း သဘောပေါက်သွားချိန်မှာ ဖြစ်သွားတဲ့ ကြောက်ရွံ့မှုကို live ကြည့်လိုက်ရတာလေ။

သောက်ကျိုးနည်း ကောင်းလွန်းတယ်!

ပြောရရင် သူတို့ ရန်မဖြစ်တာတောင်အနည်းငယ် စိတ်ပျက်မိသားပဲ။

နည်းနည်းပေါ့။

ဟောင် ကောင်တာမှာမှီကာ သက်ပြင်းချလိုက်သည်။

‘ငါပြောချင်တာကကွာ.. ငါကသူတို့ကို ရန်ဖြစ်စေချင်တာလဲ မဟုတ်ဘူး။ ဒါပေမဲ့ ဆိုင်ကပစ္စည်းတွေကို မထိခိုက်စေသရွေ့ ရန်ဖြစ်လဲ ဘာမှမဖြစ်ဘူးမလား?’

မှန်တာပဲမလား?

ဒီလိုနဲ့ ကျားအိုကြီးကျောင်းနဲ့ ဧကရာဇ်တို့ အနားရောက်လာပြီး စောင့်နေချိန်မှာ ဟောင်က သူတို့ဝယ်ယူလာတဲ့ပစ္စည်းတွေကို စကန်ဖတ်လိုက်သည်။

ဝယ်ယူမှု ပြီးသွားသည်နှင့် ထိုနှစ်ယောက်က စားပွဲဝိုင်းဆီကို ပြန်သွားလိုက်ကြသည်။

ဧကရာဇ်က ခုံမှာဝင်ထိုင်လိုက်၏။ တစ်ဖက်က ကျားအိုကြီးကျောင်းကတော့ မထိုင်သေးဘဲ ဖန်းဝူကျင်းဆီ အရင်သွားကာ ထိုလူငယ်ရဲ့ နောက်ကျောကို ရင်းနီးစွာတစ်ချက် ရိုက်လေ၏။

ရန်လိုလောက်တဲ့ အနေအထားလို့ ပြောရအောင်လဲ အရမ်းမပြင်းဘူး။ ဒါပေမဲ့ ကျောရိုးတစ်လျှောက်လုံး အနည်းငယ် တုန်ယင်စေတဲ့အထိ လုံလောက်အောင် အားပြင်းသည်။

“ မင်း နောက်ဒါမျိုးမလုပ်နဲ့ပေါ့ ကောင်လေး”

ကျားအိုကြီးကျောင်းက ပြုံးကာ ပြောသည်။

“ အကြီးတွေကို လေးစားရမယ်လေ”

ထို့နောက်မှာ လက်နှစ်ဖက်ကို ပျင်းရိစွာ အကြောဆန့်လိုက်သည်။

“ မဟုတ်ရင် တစ်ရက်ကျ မသိလိုက်ဘဲ မင်းရဲ့လက်တွေ အထက်အောက် ပြောင်းပြန် ဖြစ်သွားလိမ့်မယ်”

ပြောပြီးတာနဲ့ ကျားအိုကြီးကျောင်းက ဘာမှမဟုတ်သလို ရယ်လိုက်သည်။

ဖန်းဝူကျင်း တစ်ချက် တုန်သွား၏။ သူ့ရဲ့ နောက်ကျောက ဖြောင့်တန်းသွားကာ မျက်နှာဘေးမှ ချွေးအေးတစ်ကြောင်း စီးကျသွားလေရဲ့။

“ဟုတ်.. ဟုတ်ကဲ့ပါ အကြီးအကဲ!”

ဖန်းဝူကျင်းက တောင့်တင်းစွာ အရိုအသေ ပေးလိုက်သည်။

“အစောပိုင်းက ကျွန်တော့်ရဲ့ မသင့်တော်တဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်ဗျ!”

ကျားအိုကြီးကျောင်းက လက်တစ်ဖက် ယမ်းပြပြီးနောက်မှာ ခုံဆွဲယူပြီး ထိုင်လေ၏။

ထို့နောက်မှာ မက်မွန်လက်ဖက်ရည်ဗူးကို ဖွင့်ပြီး မော့တော့သည်။

ဂလု ဂလု ဂလု။

“အာ..”

မသိရင် ကြော်ငြာရိုက်နေသလိုမျိုး ကျားအိုကြီးကျောင်းထံမှ ကျေနပ်လှတဲ့ ညည်းသံကြီး ထွက်လာလေ၏။

ကောင်တာနောက်မှ ကြည့်နေရင်း ဟောင် ရယ်ချင်သွားသည်။

တစ်ကယ် ဒီအဖိုးကြီးက အပြုအမူကို မရှိတာပဲ။

​မြင့်မြတ်တဲ့ အပြုအမူလဲ မရှိဘူး။ တင့်တယ်မှုလဲမရှိဘူး။လက်ရွေးစင်အကြီးအကဲတွေ၊ ဂိုဏ်းခေါင်းဆောင်တွေနဲ့သာမက ဧကရာဇ်နဲ့ တစ်ဝိုင်းထဲ အတူထိုင်နေတာတောင် လိုက်ဖက်မှုမရှိဘူး။

ဒါပေမဲ့ တစ်နည်းနည်းနဲ့ သူက အဆင်ပြေနေတာပဲ။

ဧကရာဇ်ကလား?

သူကလဲ လက်ခံပေးထားသည်။ သူ့အတွက်တော့ ကျားအိုကြီးကျောင်းရဲ့ အပြုအမူက အရမ်းမဆိုးဝါးပေ။

အကယ်၍ ဒီနေရာမှာ တစ်ခြားမြင့်မြတ်တဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲမျိုးဆိုရင် ချက်ချင်း ဒေါသထွက်သွားနိုင်သည်။ ချက်ချင်းထရပ်ပြီး ပြဿနာရှာရင်း နေရာမှာတင် စိန်ခေါ်မှုလုပ်ပစ်ကြလောက်မည်။

ဒါပေမဲ့ ဧကရာဇ်ကတော့ စိတ်မဆိုးခဲ့ဘူး။

ဘာလို့လဲ?

ဘာလို့ဆို ဖန်းဝူကျင်းက လိုအပ်နေလို့လေ။

ကျားအိုကြီးကျောင်းက ဖန်းဝူကျင်းကို ထိခိုက်အောင် လုပ်ခဲ့တာမဟုတ်ဘူး။ အရှက်ခွဲခဲ့တာလဲ မဟုတ်ဘူး။

သင်ပြပေးခဲ့ရုံတင်။

ထိုအခိုက်အတန့်က ယောက်ျား တစ်ယောက်ရဲ့ မာနမှာ အနည်းငယ် ပွန်းရာထင်စေရုံကလွဲရင် ဘာမှဖြစ်စေခဲ့တာမဟုတ်ဘူး။ အဲ့ဒီလို ပွန်းရာမျိုးကလဲ လွယ်ကူစွာပျောက်ကင်း နိုင်ပြီး အနာဂတ်မှာ အကာအကွယ်တောင် ဖြစ်လာနိုင်သည်။

ဧကရာဇ်က ဖန်းဝူကျင်း နားလည်နိုင်မယ်လို့ ယုံကြည်ခဲ့သည်။

ပြောရလျှင် ထိုအချိန်က ဧကရာဇ်က အချက်မပြသေးဘဲ ဖန်းဝူကျင်းက လှုပ်ရှားခဲ့တာပင်။.ပုံမှန် ထိုသို့လုပ်တတ်သူ မဟုတ်သော်ငြား အဲ့ဒီတုန်းက သူကအရင် စည်းကျော်ခဲ့မိတာပဲ။ ဒီတော့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ပြီးရလာတဲ့ အကျိုးဆက်ကို သူကိုယ်တိုင် ခံစားရသင့်သည်။

ပြီးတော့ပညာပြသွားပေးတဲ့ သူကလား?

ကျားအိုကြီးကျောင်းက သူ့ရဲ့ပင်ကိုယ်ဗီဇ အတိုင်းပြုမူခဲ့တာပဲ။

ရိုးရှင်းပြီး တည့်တိုးဆန်တယ်။ သင့်တော်မှုမရှိဘူး။

ဒါပေမဲ့ စစ်မှန်မှုရှိတယ်။

တော်ဝင်ခုံရုံးနဲ့ ဂိုဏ်းကြီးတွေက လူတွေလိုမျိုး အပြောချိုပြီးလိမ်ညာတတ်တဲ့ နောက်ကျောဓားထိုးတဲ့ သူတွေနဲ့မတူဘူး။ အဲ့လိုလူတွေနဲ့ ရင်ဆိုင်ရရင် အမြဲတမ်းကိုယ်က ခြေလှမ်းငါးလှမ်းစာလောက် ကြိုတွေးရတယ်။ စကားတစ်ခွန်းဆီကို တွက်ချက်ရတယ်။ အမြဲတမ်း အတုအယောင် အပြုံးကို ဆင်မြန်းရတယ်။

အဲ့ဒါက ပင်ပန်းဖို့ကောင်းလွန်းတယ်။

ဒါပေမဲ့ ဒီအဖိုးကြီးနဲ့လား?

သူလိုအပ်တာဆိုလို့ အစားအသောက်နဲ့ အလေးပေးမှုတစ်ချို့ပဲ။ ပြီးရင် အကုန် ချောမွေ့သွားမည်။

ပိုပြီး ကိုင်တွယ်ရလွယ်ကူသည်။

ပိုပြီး ယုံကြည်လို့ရသည်။

ဒါ့အပြင်…

မက်မွန်လက်ဖက်ရည်ကို စွဲလန်းစွာသောက်နေတဲ့သူ မလား? ဆိုးရွားတဲ့ စရို​က်ရှိစရာ အကြောင်းအရင်းမရှိဘူး။

…….

နေရာမှာထိုင်နေရင်း ဒိုရှီရှီ တစ်ယောက် အေးခဲနေလေရဲ့။

ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ လှုပ်ရှားလာတဲ့ စိတ်အဟုန်ကြောင့် ရင်ဘတ်ကြီးပင် ပေါက်ထွက်တော့မည်။

အဖိုးကြီးက…

သောက်ရမ်းမိုက်တယ်ကွာ!

ပုံစံကြည့်ရင်တော့ ညစ်ပတ်နေပြီး လမ်းဘေးမှာ အိပ်လိုက်စားလိုက်လုပ်တဲ့ သူတောင်းစားနဲ့တူတယ်။ဒါပေမဲ့ အရေးကြုံလာတဲ့အချိန်မျိုးမှာ ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ ဒဏ္ဍာရီလာ သူရဲကောင်းအသွင် ပြောင်းသွားတာပဲ။

ဧကရာဇ်ရဲ့ ကိုယ်ရံတော်ကို စကားတစ်ခွန်းနဲ့ တုန်ယင်သွားစေတဲ့ အစောပိုင်းက အော်ရာ ကြီးက သေလောက်တယ်!

ဒိုရှင်းရှီ အတွက်တော့ အစောပိုင်းက အပြုအမူက သာမာန်မဟုတ်ဘူး။

ပြီးပြည့်စုံလွန်းတဲ့ယောက်ျားဆန်မှုကို ဖော်ကျူးနိုင်တဲ့ မြင်ကွင်းမျိုးပဲ။

ဆန်းကြယ်လှတဲ့ မြင်ကွင်းကောင်းတစ်ခုပဲ!

‘ဒါပဲလေ!’ ဒိုရှင်းရှီ စိတ်ထဲမှ အော်ဟစ်လိုက်သည်။

'ဒါကမှ ငါဖြစ်ချင်တဲ့သူမျိုး!’

‘ ကြောက်ရွံ့မှုမရှိဘူး.. အထာကျတယ်.. စွမ်းအာကြီးတဲ့သူတစ်ယောက်ရဲ့ နောက်ကျောကို ရိုက်ချပြီးတာတောင်မှ ဘာမှ မဖြစ်သလိုမျိုး အခါးရည်အတူသောက်နိုင်တဲ့ အထာမိုက်တဲ့ဘဲမျိုး ငါဖြစ်လာရမယ်!’

ဒီလိုနဲ့ ဒိုရှင်းရှီရဲ့ နှလုံးသားထဲမှာ စွဲလန်းမှုအသစ် တစ်ခု ဖြစ်ပေါ်လာတော့သည်။

တစ်နေ့မှာ သူလဲ ကျားအိုကြီးကျောင်းလို ဖြစ်လာရမည်။

သေချာပေါက် ဖက်ရှင်ပိုင်းတော့မဟုတ်ဘူး!

သူ့ရဲ့ ဒီဘဝမှာ မိန်းမတော့လိုချင်းသေးသည်။ ဒီတော့ လျော့ရဲနေတဲ့ဘောင်းဘီအမဲရောင်နဲ့ ညစ်ပတ်တဲ့ခန္ဓာကိုယ်ရှိတဲ့ အဖိုးကြီးတစ်ယောက်ရဲ့ ဒီဇိုင်းက မွေးခွန်းထုတ်စရာကို လိုမနေဘူး။

အပေါ်ပိုင်း အဝတ်မပါဘဲ ဗိုက်ရွှဲကြီးကို ထုတ်ပြနေတာလား? တော်ပြီကျေးဇူးပဲ။ အကယ်လို့ ငါ အပေါ်ပိုင်း အင်္ကျီ မဝတ်ခဲ့ရင်တောင် ငါ့ရဲ့ ကြွက်သားခြောက်ဖုက အလင်းရောင်အောက်မှာ တောက်ပနေစေရမယ်! ယုံလိုက်တော့!

ဒါပေမဲ့ စိတ်နေစိတ်ထားပိုင်းလား?

အစောပိုင်းက မရိုက်ချနိုင်တဲ့ အရှိန်အဝါ…

အန္တရာယ်ကြုံရင်တောင် အဖက်မလုပ်တဲ့ အဲ့ဒီရယ်သံ..

ကျွမ်းကျင် ကျင့်ကြံသူတွေကိုတောင် အေးခဲသွားစေတဲ့ ဖိအားမျိုးတဲ့လား?

သေချာပေါက် သူ ရအောင်လုပ်မည်!

… ဒါပေမဲ့ သေချာပေါက် အချိန်အရမ်းကြာပြီးမှပေါ့။

အခုချိန်မှာ ငါက ကလဲ့စားချေဖို့ လိုအပ်သေးတယ်။.ဘာမှမရှိတဲ့ကောင်ကနေ တစ်ဖြည်းဖြည်း တိုးတက်လာပြီး ကမ္ဘာကြီးကို တုန်လှုပ်အောင်လုပ်ရအုံးမယ်။

ဒီလိုနဲ့ အဆုံးမှာ ဘာကိုမှ ဂရုမစိုက်တဲ့ အထာကျတဲ့အသက်ကြီးကြီး ဘဲတစ်ကောင် ဖြစ်လာရမယ်!

ဒီလိုနဲ့ ဒိုရှီရှီတစ်ယောက် ကြွက်သားခြောက်ခု ပိုင်ဆိုင်ပြီး အာဏာလဲပြင်းတဲ့ အကောင်ကြီးကြီး အမြှီးရှည်ရှည် ဘဲကြီးအဖြစ် အနာဂတ်ကို ပုံဖော်စိတ်ကူးယဥ် နေတုန်းမှာပဲ ကျန်တဲ့သူတွေက ဆက်လက် ဆွေးနွေးနေလေရဲ့။

ပြောရရင် ကျားအိုကြီးကျောင်းကို မေးခွန်းထုတ်နေတာပဲ။

ကျားအိုကြီးကျောင်းက ခံစားချက်ကောင်းနေသည်။ အလွန် ကောင်းနေတာပင်။ စားပွဲအောက်မှာ ခြေထောက်ဆန့်ထားပြီး တစ်ဝက်ဖွင့် တစ်ဝက်ပိတ် မျက်လုံးတွေနဲ့ အချိုရည်ကို ဇိမ်ခံသောက်နေသည်။

သူ ပေးသမျှ အဖြေတိုင်းကတော့လား?

ဒိုရှင်းရှီရဲ့ အစောပိုင်းက စကားလုံးတွေနဲ့ တစ်ပုံစံထဲပဲ။

ဒိုရှင်းရှီရဲ့ အပိုစာသား စကားကြီးစကားကျယ်တွေ မပါတဲ့ ပိုရိုးရှင်းသွားတာကလွဲရင် အကုန် အတူတူပင်။

……………

All Chapters