( ပျော်ရည်ပြာနယ်မြေနဲ့ ဆက်စပ်တဲ့ စီးပွားရေးအခွင့်အလမ်း!)
Vol. 11 Ch. 148
ဝိညာဥ်မီးတောက်မြို့တော်…
ပျော်ရည်ပြာနယ်မြေကြီး…
စွန့်ပစ်အိမ်ရဲ့ တံခါးအိုတစ်ခု…
“ ငါက တံခါးကနေပဲဝင်ရသေးတယ်.. ဒီကို ရောက်လာတာပဲ”
နားထောင်ကြည့်ရင် မဖြစ်နိုင်စရာ ကိစ္စဆိုပေမဲ့…
အဖြေနှစ်ခုက ကိုက်ညီမှုရှိသည်။
ထို့ကြောင့် အကုန်လုံး တိတ်ဆိတ်သွားလေ၏။
ဒီအရွယ်ရနေတဲ့ အဖိုးကြီးနဲ့ ဂုဏ်သိက္ခာပျက်ဆီးမတတ် ဖြစ်ခဲ့ရတယ်ဆိုတဲ့ လူငယ်လေးသာ အမှန်အတိုင်းပြောနေတာ ဆိုရင်..
ဝိညာဥ်မီးတောက်မြို့တော်က တစ်ကယ်ရှိတာပဲ။
ပျော်ရည်ပြာနယ်မြေကလဲ အစစ်ပဲ။
ပြီးတော့ အဲ့ဒီဆန်းကြယ်ပြီး လောင်ကျွမ်းနေတဲ့ နယ်မြေတစ်ခုရဲ့ အိမ်သာမှာ ဆိုင်တံခါးပွင့်လာတာပေါ့။
ဒါဆို စပ်စုစရာကိစ္စပဲမဟုတ်တော့ဘူး။
ဒါက အခွင့်အရေးတစ်ခုပဲ။
ပထမဆုံးအကြိမ်အဖြစ် အဘိုးကြီးတွေသည် ဆိုင်ထဲကိုလေးစားမှုမပါတဲ့ တွက်ချက်မှုတွေဖြင့် ဝှေ့ကြည့်လိုက်လေရဲ့။
နောက်ထပ်နယ်မြေကြီးတစ်ခုကို တိုက်ရိုက် ဆက်သွယ်ပေးနိုင်မဲ့ တံခါးပေါက်ပဲ။
တစ်ခါမှတောင် မကြားဖူးတဲ့ နယ်မြေကြီးကနေ ဘာအစီအရင်မှမသုံးဘဲ ဆိုင်ထဲကို လူနှစ်ယောက် ဝင်လာပြီးပြီ။
ဒါဆို အရာအားလုံး ပြောင်းလဲသွားပြီပေါ့။
သဘာဝဆန်ဆန်နဲ့ပဲ အတွေးများတဲ့ အချိန်ကို ရောက်ရှိလာသည်။
အဖိုးကြီးတွေအားလုံးရဲ့ အာရုံက ပြောင်းသွားပြီ။ စပ်စုချင်စိတ်နည်းသွားသည်နှင့်အမျှ ရည်မှန်းချက်တွေ မြင့်လာတော့၏။ ဆိုင်ထဲကို ဘယ်လိုရောက်လာလဲဆိုတဲ့ အတွေးကနေ ဒီလူတွေဆီကနေ ဘာတွေရနိုင်မလဲဆိုတဲ့အတွေးဘက်ကို ပြောင်းကုန်လေ၏။
“ မင်းတို့နယ်မြေမှာ ဘယ်လိုပစ္စည်းတွေ ရှိလဲ?”
“ ဘယ်လိုပစ္စည်းတွေ အထွက်များလဲ?”
“ ပန်းပဲသမားတွေကကော ဘယ်လို လက်နက်လုပ်လဲ?”
ဒီအချိန်မှာ ရတနာသိုက်တစ်ခု ပွင့်သွားခဲ့လေပြီ…။
ကျောက်မီးသွေးကြော…
အဲ့ဒါက ပူနွေးတဲ့ကျောက်တုံးတွေရဲ့ ပတ်ပတ်လည်မှာ တည်ရှိပြီး လျင်မြန်စွာ ကြီးထွားတတ်သည်။ အဲ့ဒီကျောက်တုံးက အပူကိုစုပ်ယူပြီး ဖြည်းဖြည်းချင်း လောင်ကျွမ်းသည်။ ဒါပေမဲ့ မီးခိုးငွေ့ မထွက်စေဘူး။
အဲ့ဒီကျောက်တုံးကို မီးနဲ့ဆိုင်တဲ့ အဆောင်စာရွက်လုပ်တဲ့နေရာ၊ အပူဒဏ်ခံနိုင်တဲ့ ဝတ်ရုံဖန်တီးတဲ့နေရာနဲ့ မီးခိုးတိတ်ဟင်းချက်ရချိန်မျိုးမှာ သုံးနိုင်သည်။
ဒါပေမဲ့ တိမ်တိုက်ဝန်းရံ နယ်မြေကြီးမှာတော့ ပျောက်ကွယ်သွားတာ ကြာခဲ့ပြီး အလွန်ရှားပါးသည်။ ဒဏ္ဍာရီလာကျောက်တုံးလို့ကို ပြောနိုင်သည်။
ဒါပေမဲ့ပျော်ရည်ပြာ နယ်မြေမှာလား?
တောင်ကုန်းတိုင်းမှာ အစုလိုက်ရှိနေတတ်ပြီး အလေ့ကျအပင်ပေါက်သလိုကို များပြားသည်!
ပြီးနောက်တစ်ခုက တေဇောအပ်ချည်..
အလွန်ပူပြင်းတဲ့ နေရာမှာသာ ပေါက်ဖွားတတ်တဲ့ မီးပိုးဖလံကနေ ရက်လုပ်ထားတဲ့ အပ်ချည်မျှင်ပဲ။ မီးဒဏ်ခံနိုင်စွမ်း မြင့်တာမို့.. စာလိပ်ဖန်တီးတဲ့အချိန်၊ အစီအရင်အခြေခံ ပစ္စည်းဖန်တီးချိန်နဲ့ ကာကွယ်ရေးဝတ်ရုံမျိုး ဖန်တီးချိန်မှာ အသုံးပြုသည်။
ဝိညာဥ်မီးတောက်မြို့တော်မှာ အဲ့ဒီ အပ်ချည်မျှင်နဲ့ ရက်လုပ်တဲ့ပစ္စည်းကို ပုံမှန်လို ဝတ်ဆင်ကြသည်။ ထိုအရာကိုကြည့်ရုံနဲ့တင် အပူချိန် ဘယ်လောက်ပြင်းမှန်း သိရနိုင်သည်။
တိမ်တိုက်ဝန်းရံ နယ်မြေကြီးမှာတော့ အလွန်အထက်တန်းကျတဲ့သခင်လေးများနဲ့ ဂိုဏ်းကြီးတွေရဲ့အထက်ပုဂ္ဂိုလ်တွေသာ ဝတ်နိုင်သည်။
တိမ်တိုက်ဝန်းရံ နယ်မြေကြီးမှာ အဲ့ဒီအဝတ်အစားမျိုးက ဇိမ်ခံပစ္စည်းပဲ။ ရှားပါးပြီး ဈေးကြီးတာမို့ ထိပ်သီးဂိုဏ်းတွေနဲ့ နန်းခန်းမဆောင်မှာပဲ တွေ့နိုင်သည်။
ဘာလို့ဆို ဒီနေရာမှာ မီးပိုးဖလံကောင် ပေါက်ဖွားနိုင်ချေနည်းသည်။ အလွန်ပူပြင်းလှပါတယ်ဆိုတဲ့ ဒေသမျိုးမှာတောင် ထိုအပ်ချည်မျှင်ကို မထိန်းသိမ်းနိုင်ကြဘူး။ ဒါကြောင့် ရလဒ်အနေနဲ့ အလွန်ရှားပါးတဲ့ ပစ္စည်းတစ်ခု ဖြစ်လာတော့သည်။
အဖိုးကြီးတွေ စိတ်ထဲမှ စကားပြောနေကြသည်။ ထို့နောက်မှာ တစ်စုံတစ်ခုကို တွေးမိသွားတာမို့ သူတို့ရဲ့ မျက်လုံးတွေ ချက်ချင်းပဲ တောက်သွားကြလေရဲ့။
ဝိညာဥ်ဆက်နွယ်ဖန်ပြား…
ကျွတ်ဆတ်ပြီး ချော်ရည်ပေါများတဲ့ နေရာမှာပဲ တွေ့ရတတ်သည်။ မီးဓာတ်ပါဝင်တဲ့ စိတ်ဝိညာဥ်ဓာတ်အကျွင်းအကျန်ကို အပူနဲ့ ရာစုနှစ်တစ်ချို့ကြာသည်အထိ အပူပေးထားမှ ဖြစ်ပေါ်တဲ့ အစိုင်အခဲပဲ။ အဲ့ဒါက စိတ်ဝိညာဥ်ဆိုင်ရာ သဘာဝအားတိုးဆေးပဲ။
အဲ့ဒါကို မီးရှို့လိုက်ရင် လူတစ်ယောက်ရဲ့ စိတ်ဝိညာဥ်အတွေးကို ပိုပြီးတိကျစေသည်။
အစီအရင်တီထွင်သူဆိုလျှင် အကွက်တွေကို ပိုကောင်းအောင်မြင်နိုင်မည်။ ပိုကောင်းအောင် မြင်နိုင်ပြီးသားသူဆိုရင် ပိုနက်ရှိုင်းစွာ မြင်နိုင်လာမည်။
သားရဲယဥ်ပါးသူ ဆိုရင် ပိုကောင်းတဲ့အချိန်ကိုက်မှာ ဘယ်လိုလုပ်ရမယ်ကို.အလိုလို သိလာမည်။
တိမ်တိုက်ဝန်းရံနယ်မြေကြီးမှာ ဒါတွေလုံးဝ မရှိဘူး။ ပြောရရင် တိမ်တိုက်ဝန်းရံ နယ်မြေကြီးက ယင်ဓာတ်အားသန်သည်။ ပိုအေးသည်။
“ ဒါဆိုမင်းတို့နယ်မြေမှာ အဲ့ဒါတွေက ပုံမှန်ပဲပေါ့?”
ကျားအိုကြီးကျောင်းက ပုံမှန်လို ခေါင်းညိတ်လိုက်ကာ
“ အင်း ငါတို့လိုတဲ့အချိန် တူးလိုက်ရုံပဲ။ စောင့်နေတဲ့သူတောင် မရှိဘူး”
ဖြစ်ပေါ်လာတဲ့ တိတ်ဆိတ်မှုထဲမှာ သန့်စင် တောက်လောင်နေတဲ့ မနာလိုမှုတွေ ပါသည်။
ထို့နောက်မှာ အကြီးဆုံးအပိုင်းဖြစ်တဲ့ ပန်းပဲဆိုင်ရာပညာရပ်ကို ရောက်ရှိလာလေပြီ။
နဂါးမှန်ချပ်..
ကြေးနီရောင်ရှိပြီး ချောမွေ့တဲ့မျက်နှာပြင်ကနေ အအေးဓာတ်ကို ခံစားနိုင်သည်။ ဒါပေမဲ့ ချီစွမ်းအင် ပို့လိုက်တာနဲ့အသက်ဝင်လာသည်။
ပန်းပဲသမားတွေက လက်နက်ပြုလုပ်ရာမှာ.. လက်နက်ရဲ့ပင်မအူတိုင်ထဲကို အဲဲ့ဒီအပြားတွေ ထည့်ပြီးဖန်တီးသည်။ ဒါကြောင့် မီးစွမ်းအင်ပါတဲ့ချီ ထည့်လိုက်တာနဲ့ လက်နက်တွေဆီက တုံ့ပြန်မှုရလိမ့်မည်။
လက်နက်တွေက ပိုကြီးလာမည်။ ဒိုင်းကာတွေဆို မီးထတောက်နိုင်သည်။ စိတ်ဝိညာဥ်ပါဝင်တဲ့ လက်နက်မျိုးဆိုရင် တုံ့ပြန်မှုပိုမြန်ပြီး ပိုသန်မာလာနိုင်သည်။
ပျော်ရည်ပြာနယ်မြေအတွင်းမှာ အဲ့ဒီအချပ်တွေက ချော်ရည်အိုင်တွေထဲက ရယူနိုင်သည်။ တစ်ခါတစ်လေ လမ်းဘေးရှိ အမှိုက်ပုံထဲမှာတောင် ရှိနေတတ်သည်။
ဒါပေမဲ့ တိမ်တိုက်ဝန်းရံ နယ်မြေကြီးမှာလား?
ဘာမှမရှိဘူး။မီးစွမ်းအင်ဓာတ် ပါတဲ့မြေကြီးလဲ မရှိဘူး။
ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားတဲ့တော်ဝင် ပန်းပဲသမားတွေတောင် လက်နက်တွေကနေ တုံ့ပြန်မှုရဖို့အရေး အပူနဲ့အတင်းဖိအားပေးရင်း ကြိုးစားပမ်းစား ဖန်တီးနေရသည်။
ဖန်နဂါးမီးချပ်တွေသာ ရရင်တော့လား?
လက်နက်ဖန်တီးခြင်း ဖြစ်စဥ်တစ်ခုလုံ အစအဆုံး ပြောင်းလဲသွားမှာပင်။
လက်နက်အမျိုးအစားအသစ် များစွာ ထွက်ပေါ်လာနိုင်သည်။
အဖိုးကြီးတွေအားလုံး သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့နဲ့ ဧကရာဇ်ဟုန်းရန် တို့နှစ်ယောက် အနာဂတ် အစီအစဥ်တွေကို ချက်ချင်းထုတ်ပြောမိမတတ် ဖြစ်သွားတော့၏။
ဒါနဲ့ဆိုရင် အင်ပါယာရဲ့ တော်ဝင်လက်နက်သိုက်ကို ကွဲပြားတိုးတက်အောင် ပြုလုပ်နိုင်မည်။
အင်ပါယာရဲ့ အစီအရင်လေ့လာရေးလဲ တိုးတက်လာမည်။
အင်ပါယာရဲ့ ဆေးဝါးဖန်တီးမှုပိုင်းအတွက်လဲ ကောင်းမွန်တဲ့အထောက်အပံ့တွေ ပံ့ပိုးနိုင်လိမ့်မည်။
အင်ပါယာရဲ့စစ်သားတွေကို မီးတောက်ဒိုင်းကားတွေနဲ့ အဆင့်မြင့်ပေးနိုင်တော့မည်။
ဒီအပြိုင်ကမ္ဘာကုန်စုံဆိုင်က အံ့ဖွယ်နေရာတစ်ခု ဖြစ်ခဲ့ပြီးသားပင်။ ဒါပေမဲ့ အခုတော့လား?
ဒါက ဝင်ပေါက်တစ်ခုပဲ…
အစွမ်းအတွက်.. အသိပညာအတွက်.. ရောင်းဝယ်မှုအတွက်.. ဝင်ပေါက်ပဲ!
ဒီအရာတွေအားလုံးကို ရူးနေတဲ့ အဖိုးကြီးတစ်ယောက်နဲ့ အိမ်သာလာတက်တဲ့ လူငယ်တစ်ယောက်က ယူဆောင်လာပေးတာ!..
ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့နဲ့ ဂိုဏ်းခေါင်းဆောင် ပျန်းရှန့်တို့ အကြည့်ချင်း ဖလှယ်လိုက်သည်။ အလယ်မှ ဧကရာဇ်ဟုန်းရန်က ခေါင်းညိတ်ပြသည်။
သူတို့အားလုံးရဲ့ အတွေးတွေ တူညီသည်။
သူတို့ရဲ့ အစီအစဥ်ကြီးကို ခဏရပ်ထားဖို့ လိုသေးသည်။.နယ်မြေကြီးတွေကြားမှာ ရောင်းဝယ်ရေး လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ဘူး။
သူတို့ကျားအိုကြီးကျောင်းကို ကောင်းမွန်စွာ ဆွေးနွေးဖို့ လိုသေးသည်။
အရှေ့က သူတောင်းစားနဲ့တူတဲ့ အဖိုးကြီးက ကြီးမားတဲ့ကြွက်သားရှိပေမဲ့ ကြွက်သားတွေရဲ့အလေးချိန်ကြောင့် ဦးနှောက်ဆဲလ်တွေ ဖိခံထားရသလိုမျိုး ဘယ်လောက်ပဲ တူနေပါစေ…
အဲ့ဒီအဖိုးကြီးက ပျော်ရည်ပြာနယ်မြေကြီးနဲ့ သူတို့ကြား ဆက်သွယ်ပေးနိုင်မဲ့ တစ်ခုတည်းသော တံခါးပဲ။
ပြီးတော့ ကျားအိုကြီးကျောင်းဆီက ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ သူရဲကောင်းဆန်တဲ့အရှိန်အဝါမျိုး တစ်ကြိမ် ထွက်ခဲ့ပြီးသွားပြီ။
ဒီလူက အခုအချိန်မှာ အရေးကြီးပုဂ္ဂိုလ်ပဲ။
အရေးကြီးပုဂ္ဂိုလ်ကို အပြစ်ပြုမိလို့ မဖြစ်ဘူး။
ဒါက လိုက်လျောညီထွေဖြစ်မှု တစ်ခုနဲ့ပဲ ဆိုင်နေတာမဟုတ်ဘူး။ ဒီဖြစ်စဥ်က အရေးကြီးသည်။ အောင်မြင်ချင်တယ်ဆိုရင် ခိုင်မာတဲ့ နည်းစနစ်မျိုးလိုအပ်သည်။.နှာချေလိုက်တာနဲ့ ပျက်ဆီးနိုင်တဲ့ နည်းစနစ်မျိုးမဟုတ်ဘူး။
ဆိုလိုတာက အစီအစဥ်.. အရင်းအမြစ်.. ပိုက်ဆံ.. အကုန်လိုအပ်သည်။
ရှားပါးပစ္စည်းတွေကို.ယူမယ်ဆိုမှတော့ လက်ဗလာနဲ့ ယူလို့မရဘူး။ ရောင်းဝယ်မှု လုပ်နိုင်ဖို့အတွက်က ကိုယ့်ဘက်ကနေလဲ တန်ဖိုးကြီးပစ္စည်းရှိမှ ရမည်။
သန့်စင်ထားတဲ့ စိတ်ဝိညာဥ်သံထည်၊ အဆင့်မြင့်ဆေးလုံး၊ တိုက်ပွဲဆိုင်ရာ တိုးမြှင့်ပေးနိုင်တဲ့ အဆောင်စာရွက်.. ပျော်ရည်ပြာနယ်မြေအတွက် ရှားပါးနိုင်တဲ့ပစ္စည်း မှန်သမျှ လိုအပ်သည်။
ဒါပေမဲ့ ဘယ်လောက်ပဲ ပစ္စည်းတွေ ရှိနေပါစေ ကျားအိုကြီးကျောင်း မရှိရင် အကုန် အရေးမပါတော့ဘူး။
ဒီအချိန်မှာ ကျားအိုကြီးကျောင်း တစ်ယောက်ကပဲ သံတမန်အနေနဲ့ ဆက်သွယ်ပေးနိုင်မှာ။ ကမ္ဘာသစ်တစ်ခုဆီကို ကြားခံအနေနဲ့ ဆောင်ရွက်ပေးနိုင်မှာ။
ဆိုလိုတာက သူတို့တွေ ကျားအိုကြီးကျောင်းကို အပိုင်ပေါင်းထားဖို့ လိုနေပြီ။
ထိုအဖိုးကြီးကို အပိုင်ပေါင်းဖို့လား?
ရိုးရှင်းပါတယ်။ လာဘ်ထိုးလိုက်လေ.. မှားလို့.. မုန့်ဝယ်ကျွေးလိုက်ပေါ့!
အကျိုးအမြတ်တစ်ချို့ ပေးရမည်။ ဥပမာပြောရလျှင် ဒီဆိုင်နဲ့ပတ်သတ်တဲ့ အခွင့်အရေးတစ်ချို့ပေါ့။
ပြီးတော့ ကျေးဇူးတင်ဖို့ကောင်းသည်မှာ ကျားအိုကြီးကျောင်းရဲ့ စရိုက်ကတည့်တိုးဆန်သည်။ အကြံအစည် မများဘူး။ ထို့ကြောင့် လိုချင်တာကို တိုက်ရိုက်ပြောနိုင်သည်။
တစ်ကယ်လို့ သူ့ဘက်က ကြိုက်ရင် လက်ခံလိမ့်မည်။
ဒါပေမဲ့လဲ ပျော်ရည်ပြာနယ်မြေက ကုန်သည်တွေနဲ့ပစ္စည်းစုဆောင်းသူတွေထံ သူတို့ရဲ့နာမည်တွေ အရောက်ခံတော့မယ် ဆိုရင် ဒီအလုပ်ကို ဘေးအလုပ်တစ်ခုလို သတ်မှတ်လို့ မရတော့ဘူး။
သဘောတူညီမှုထက် ပိုပြီးနက်ရှိုင်းတဲ့ အရာတစ်ခု လိုအပ်သည်။
အချင်းချင်း ပေါင်းစပ်ပေးနိုင်မဲ့ ဆက်ဆံရေးတစ်ခုပေါ့။
ကောင်းမွန်တဲ့ စိတ်ထားနဲ့ အချင်းချင်း ယုံကြည်မှုကို အခြေခံတဲ့ နှစ်ဦးနှစ်ဖက် အကျိုးရစေနိုင်မဲ့ ပေါင်းစည်းမှုမျိုး လိုအပ်သည်။
ထို့နောက်မှာ အကုန်လုံး စဥ်းစားနေပေမဲ့ ထုတ်မပြောရဲတဲ့ စကားလုံးကို ဧကရာဇ်က ပြောလိုက်တော့သည်။
………………