← Chapters

( ပုတ်သင်ညိုလေးက ဧကရီကို စိုက်ကြည့်နေတယ်)

Vol. 11 Ch. 150

( ပုတ်သင်ညိုလေးက ဧကရီကို စိုက်ကြည့်နေတယ်)

Vol. 11 Ch. 150

ဒီကိစ္စမှာ ဟောင်ရဲ့ အမြင်ကလား?

သူ့ရဲ့ အမြင်က ငါးဆယ်ငါးဆယ်ပဲ။

သူ့ကို သတ္တိမရှိတဲ့ ကြားနေလို့ပဲ ခေါ်ပါစေ၊ ဘာမှဝင်မ​ပြောတဲ့သူလို့ပဲ ပြောကြပါစေ သူ ဂရုမစိုက်ဘူး။

တစ်ချို့ရက်တွေမှာ ထိုပေါင်းစပ်မှုက လူတစ်ယောက်ရဲ့ ရင်ကိုရိုက်ခတ်နိုင်သည်။ ဒါပေမဲ့ တစ်ချို့ရက်ကျရင်လား? လူမှုနေထိုင်မှုအပေါ်မှာ မေးခွန်းပြန်ထုတ်စေဖို့ အထိ ဖြစ်စေနိုင်သည်။

အကြော်နဲ့ ရေခဲမုန့်ကို တွဲစားမယ်ဆိုရင်… အကြော်က ကျွတ်နေဖို့လိုသည်။ ကျွတ်ရွပြီး ရွှေရောင်သန်းနေသင့်သည်။ ကိုက်လိုက်တိုင်း တစ်ကျွတ်ကျွတ် မြည်သံကိုပါ ကြားဖို့လိုသည်။

ပျော့ဖတ်နေတဲ့ အကြော်နဲ့ဆိုရင်လား?

နိုးပဲ။ လုံးဝ အလုပ်ဖြစ်မှာ မဟုတ်ဘူး။

ပျော့ဖတ်နေတဲ့ အကြော်ကို ရေခဲမုန့်ထဲ နှစ်စားတာက ရေခဲမုန့်ကိုကော အကြော်ကိုကော စော်ကားလိုက်တာပင်။

ရေစိုနေတဲ့ ခြေအိတ်ကို ဝါးစားနေရသလို ခံစားရမည်။ မင်းရဲ့ မီးဖိုချောင်မှာ တစ်စုံတစ်ခုက စိုစွတ်နေပြီး ဘာက စိုစွတ်နေမှန်း အတိအကျ မသိရတဲ့ ခံစားချက်မျိုးပေါ့။

အိပ်ယာကနေ ထလိုက်ချိန်မှာ အေးခဲနေတဲ့ကြမ်းပြင်နဲ့ ခြေဗလာနဲ့ ထိမိသွားတဲ့ ခံစားချက်ပဲ။

အဲ့လိုစားလိုက်တာက လူတစ်ယောက်ရဲ့ အခြေခံအာရုံခံမှုကို စော်ကားလိုက်တာလို့ ပြောလို့ရသည်။

လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုင်ရာ လမ်းစဥ်ကို ဆန့်ကျင်လိုက်တာပဲ။

အဆုံးမှာတော့ ဒါတွေအားလုံးက တစ်ခုသာ အရေးပါသည်။

လူတစ်ယောက်ရဲ့ အကြိုက်ပင်။

တစ်ချို့က အချိုကြိုက်သည်။ တစ်ချို့က အငန်ကြိုက်သည်။ တစ်ချို့ကကျတော့ အုတ်ဂူထဲရောက်ပြီးသား ဘိုးဘေးတွေကို အုတ်ဂူထဲလူးလိမ့်စေလောက်တဲ့ အချိုနဲ့အငန် ပေါင်းစပ်မှုကို ကြိုက်ကြသည်။

ဘယ်သူတွေ ဘယ်လောက်ပဲ သာမာန်ဆန်စွာ ငြင်းခုန်မှုပြုနေပါစေ..

စနစ်က ဂရုစိုက်မှာမဟုတ်ဘူး။

ဒါပေမဲ့ ချောကလတ်အရသာနဲ့ နို့ရေခဲမုန့်မှာ ဘယ်တစ်ခုပိုကောင်းတယ်နဲ့ ပတ်သတ်ပြီး ချီစွမ်းအင်သုံးကာ တိုက်ခိုက်လာရင်လား?

အဲ့ဒါက ဟောင်ရဲ့ စည်းကမ်းကို ကျော်လိုက်တာပဲ။

ဒါပေမဲ့ ထိုအရာ​က မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ဟောင် ကမ္ဘာမှာ ရှိနေစဥ်က မြောက်များစွာတဲ့ ဝတ္ထုတွေ ဖတ်ဖူးသည်။ ထိုထဲမှ အပြိုင်ကမ္ဘာကြားက အကြောင်းအရာတွေ၊ ကျင့်ကြံရေးပိုင်းတွေ၊ ဒိုင်မန်းရှင်းပိုင်းတွေ၊ လူတစ်ယောက်ရဲ့ အကြိုက်နဲ့ဆိုင်တဲ့ ဇာတ်ကြောင်းတွေ အစုံပါသည်။

ထိုဝတ္ထုတွေအားလုံးထဲမှာ အပြည်ပြည်ဆိုင်ရာ စစ်မှန်မှုတစ်ခုရှိသည်။

ဉာဏ်ရည်မြင့်တဲ့သူတိုင်းက ဘယ်လောက်ပဲ ထူးချွန်နေပါစေ.. သူတို့မှာ ရူးသွပ်မှုတစ်ခု ရှိကြသည်။

တစ်ခါတစ်လေ လုတွေစုပြီး ကတ်ဂိမ်း ကစားချိန်မှာ စိတ်တိုလာပြီး စားပွဲကို ပြောင်းပြန်လှန်ပစ်တာမျိုး…။

နောက်ဆုံးလက်ကျန် စိတ်ဝိညာဥ်ဘဲကင် တစ်ပိုင်းကို စားရဖို့အရေး ချီစွမ်းအင်ပါသုံးပြီး တိုက်ခိုက်တာမျိုးပေါ့။

ဟောင် သက်ပြင်းချလိုက်သည်။

ဒီကျင့်ကြံသူတွေသာ ရောင်းကုန်တွေနဲ့ ပတ်သတ်ပြီးရန်ဖြစ်ကျရင် သူတို့ကို ဆိုင်ပြင်ထုတ်ပစ်ရလိမ့်မည်။

အ​ပြင်ကိုမှ အလွန့်အလွန်ဝေးတဲ့ အပြင်ပင်။

ဖြစ်နိုင်တာတော့ တောင်တစ်ချို့ရဲ့ အလွန်မှာရှိတဲ့ အုံ့မှိုင်းနေတဲ့ နယ်မြေကြီးတွေထဲ ပို့ရလိမ့်မည်။

ဘာလို့ဆို သူတို့တွေ ဆိုင်ထဲမှာ ရန်ဖြစ်ကျရင် စနစ်က အကုန်လုံးကို ရာသက်ပန် ပိတ်ပင်ပစ်မှာလေ။

ဒါဆို သူတို့ ထပ်လာဝယ်လို့မရတော့ဘူး။

ဟောင် ထုတ်မပြောပေမဲ့ သူ့ရဲ့ရှင်သန်မှုအတွက် ဈေးဝယ်တော့ လိုသေးသည်။

အနည်းဆုံးတော့ သူတို့တွေ ပိုက်ဆံမချေရသေးခင်ထိပေါ့။

ကျိုးပဲ့သွားရင်တောင် ရသည်။ စင်တွေထိ တရွတ်တိုက်ပြီးပဲလာလာ အဆုံးမှာ ပစ္စည်းယူပြီး ကောင်တာမှာငွေရှင်းသွားရင် အဆင်ပြေသည်လေ။

ဒါပေမဲ့ သေသွားရင်လား?

ဒါတော့မကြိုက်ဘူး။

ရန်ဖြစ်ရင်တောင်မှ သစ်သားဓားလေးတွေနဲ့ ဖြစ်ကြပေါ့။ မသေစေနဲ့…။

ဟောင် ကမ္ဘာကြီးရဲ့ အဆုံးသတ်ထိ ကြိုတွေးလိုက်သည်။

ထိုအချိန်မှာ တံခါးပြန်ပွင့်သွားပြီး.ယို့ရှုယွဲ့အာ ဝင်လာလေ၏။

ပုံစံကြည့်လျှင် ဆယ်ကျော်သက် ကလေးမလေးပုံဆိုပေမဲ့ တစ်ကယ်တော့ နှစ်ရာချီကြာ နေထိုင်ပြီးသွားတဲ့ သားရဲယဥ်ပါးသူပင်။

သူမက ဆိုင်ထဲဝင်လိုက်သည်နှင့် တံခါးပေါက်နားကနေ အထဲက များစွာတဲ့ လူအုပ်ကို ရှုတ်ထွေးစွာကြည့်လိုက်သည်။

‘ဘာလား..?’သူမ ရေရွတ်လိုက်သည်။

သူမရဲ့ အိမ်မွေးတရိစ္ဆာန်ပင် ခေါင်းမော့ရင်း.ရှုတ်ထွေးစွာ မြည်သံပေးလာလေရဲ့။

ဒီနေ့ဆိုင်က ကွဲပြားနေသည်။

ဆူညံနေတာမျိုးတော့ မဟုတ်ပေမဲ့ လူတွေနဲ့ အသက်ဝင်နေသည်။

‘အော်’

ယို့ရှုယွဲ့အာက စိတ်ပူမှုနဲ့ သစ္စာဖောက်မှုကြားမှာ ခံစားချက်တွေ ကူးပြောင်းနေကာ သူမရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားသည်။

ဒါပေမဲ့ ရှုတ်ထွေးနေတဲ့ တစ်ဦးတည်းသောသူက သူမ မဟုတ်ပေ။

သူမ ဝင်လာတာနဲ့ ဆိုင်ထဲက သူတိုင်းလဲ သူမကို ကြည့်လာကြသည်။ အထူးသဖြင့် သူမရဲ့ သားရဲကို ကြည့်နေတာပင်။

နေအုံး… ဒါက စိတ်ဝိညာဥ်သားရဲလား?

ဆိုင်ထဲကိုလေ?

ဝင်ခွင့်ပြုတယ်ပေါ့လေ?

အကယ်လို့ဘေးမှာ ယဥ်ပါးသူပါရင် ဝင်ခွင့်ပြုတာမျိုးလား?

ဒါမှမဟုတ် ဒီတိုင်း ဝင်ချင်ဝင်ဆိုပြီး ခွင့်ပြုထားတာလား?

မဟာမြို့တော်ရဲ့ ထိပ်သီးသုံးယောက်ဖြစ်တဲ့ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့၊ ဂိုဏ်းခေါင်းဆောင် ပျန်းရှန့်နဲ့ ကျောင်းဟွမ်တို့ သားရဲကောင်နဲ့ အကြည့်ချင်း ဆုံလိုက်ကြသည်။

သူတို့ရဲ့ အကြည့်ထဲမှာ စူးရှမှုမပါဘူး။ ဒါပေမဲ့ တွေးဆမှုရှိသည်။

ဒီသားရဲနဲ့ပတ်သတ်ပြီး တစ်ခုခုက ထူးခြားနေသည်။ သူတို့တွေ အတိအကျ မပြောနိုင်ဘူး။ ဒါပေမဲ့ ဝန်ခံလာစေတဲ့အထိ တစ်စုံတစ်ခုက သူတို့ရဲ့စိတ်ကို အနှောက်အယှက် ပေးနေသည်။

ထိုအချိန်မှာ ယို့ရှုယွဲ့အာကတော့ စင်တွေနား လျှောက်သွားလိုက်သည်။

‘အင်း ပုတ်သင်ညိုလေးအတွက် အာလူးကြော်တစ်ထုပ် ယူရမယ်’

သူမက တွေးလိုက်ရင်း အာလူးကြော်တစ်ထုပ်ကို လက်မောင်းကြား.ညှပ်လိုက်သည်။

ထို့နောက်မှာ သူမက ကောင်တာရှိရာ လျှောက်သွားလိုက်တော့၏။

အသိအသာကို ရေခဲမုန့်ဝယ်ဖို့ပင်။

ဒါပေမဲ့ ကောင်တာကိုရောက်တာနဲ့ အနောက်က မျက်နှာပြင်ကြောင့် သူမ မျက်တောင်ခတ်သွားသည်။

နေပါအုံး။

အရသာအသစ်လား?

သူမ သံသယမျက်လုံးများနဲ့ အနောက်က ရေခဲမုန့်စက်ကို မျက်လုံးမှေးကာ ကြည့်လိုက်လေ၏။

စမ်းကြည့်သင့်လား?

‘ဘယ်လိုနေနေ ငါ့မှာဝိညာဥ်ကျောက်တုံး ရှိနေတာပဲ’

‘တစ်ကယ်လို့ အရသာက အမှိုက်ဖြစ်နေရင်တောင် ငါ့ရဲ့နဂိုရတနာလေးကို ထပ်စားလို့ရတာပဲ’

အရင်ကတော့ သူမအခုလို မဖြုန်းတီးရဲပေ။

အရင်က သူမရဲ့ ပိုက်ဆံအိတ်က ပျော်ရည်ပြာနယ်မြေက ပိုက်ဆံအိတ်ထက်ပင် ခြောက်ကပ်ခဲ့သည်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အရာအားလုံး ပြောင်းလဲလာ၏။

ပုတ်သင်ညိုလေးက အမဲလိုက်မုဒ် ဝင်ပြီဆိုတာနဲ့ သူမတို့ ဝိညာဥ်ကျောက်တုံးတွေ အပုံလိုက်ရပြီပဲ။

ပိုများတဲ့သားရဲကိုမှ အရင်ထက်သန်မာတဲ့ သားရဲတွေကို မိတာပင်။ ပုတ်သင်ညိုလေးရဲ့ လှုပ်ရှားမှုကလဲ အရမ်းမြန်နေပြီး လုံးဝ စိတ်လွတ်သွားတဲ့ ပုံစံမျိုးပဲ။

ဘာကြောင့် ပုတ်သင်ညိုလေး အခုလို ဖြစ်သွားလဲ သူမ မသိပါချေ။

တစ်ကြိမ်က သူမမေးခဲ့သေးသည်။ ဒါပေမဲ့ ရှည်လျားတဲ့ညည်းသံသာ ထုတ်ပေးပြီး ပုတ်သင်ညိုက အမြှီးယမ်းပြလေ၏။

သူမမှာ သံသယတော့ရှိသည်။ သူမရဲ့ မျက်လုံးတွေက အာလူးကြော်ကို ကြည့်လိုက်သည်။

တစ်ရာ ရာခိုင်နှုန်း မသေချာပေမဲ့ ပုတ်သင်ညိုလေးကို.အာလူးကြော် ဝယ်ပေးတိုင်း သူက ပိုသန်မာလာသလိုပဲ။

ပိုတည်ငြိမ်ပြီး ပိုဆာလောင်လာသည်။

ပြောရမယ်ဆိုရင် ဒါက နှစ်ယောက်လုံးအတွက် အကျိုးရှိသည်။

ပုတ်သင်ညိုလေးလဲ သူကြိုက်တဲ့ အာလူးကြော်ကို စားရသည်။ သူမလဲ သူမရဲ့ အသဲစွဲ ရေခဲမုန့်စားရသည်။

အထူးသဖြင့် ငရဲလိုပူလောင်တဲ့ ဝိညာဥ်မီးတောက်မြို့တော်ရဲ့ နေ့ခင်းပိုင်းမှာ…

ရေခဲမုန့်က နာရီပေါင်းများစွာ အေးခဲတဲ့ ခံစားချက်ကို ပေးစွမ်းပေးသည်။

ရေခဲမုန့်ရဲ့ အစွမ်းကလား?

လုံးဝ နတ်အစွမ်းပဲ။

ဒီပျော်ရည်ပြာနယ်မြေကြီးမှာ အေးမြတဲ့ လေပြေကို ခံစားနိုင်တဲ့အထိ သူမ ရှင်သန်ရမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ပျော်ရည်ပြာနယ်မြေရဲ့အပူဓာတ်က အဆုတ်ကို လောင်ကျွမ်းစေပြီး ခြေဖဝါးကိုပါ အပူငွေ့တွေ လာရိုက်ခတ်သလို ခံစားရသည်

အဲ့ဒီလိုနယ်မြေမျိုးမှာ သူမအခု အအေးဓာတ်ကို ခံစားနိုင်နေပြီ။

‘အနည်းဆုံးတော့ ဒါ ရေခဲမုန့်ပဲလေ’

ယို့ရှုယွဲ့အာ ပြုံးကာ တွေးလိုက်သည်။

‘ ဘယ်လောက် ဆိုးဝါးနိုင်မှာမလို့လဲ?’

‘အရသာ မကောင်းရင်တောင်မှ ဝိညာဥ်ကျောက်တုံး ကုန်သွားတယ်ပေါ့။ ဘယ်လိုဆိုဆို ငါက စားပြီးရင် အအေးဓာတ်ကို ခံစားရမှာပဲ’

‘ အရသာမကြိုက်ရင် နောက်မစားလို့ရတယ်’

‘မကြိုက် ငိုရုံပေါ့’

သူမ အသက်ဝဝ ရှုလိုက်သည်။

“ သူဋ္ဌေး ငါရေခဲမုန့် အရသာသစ်စားမယ်!”

အဆုံးမှာ ဘဝရွေးချယ်မှုကို လုပ်လိုက်တဲ့ သူတစ်ယောက်နှယ် စိတ်အားထက်သန်စွာ အော်ဟစ်လိုက်သည်။

ဘာလို့ဆို ကျိန်စာတိုက်ခံရသလို ပူလောင်နေတဲ့ နယ်မြေမှာ နေရတာမလား?

ရေခဲမုန့်အတွက် မြုပ်နှံလိုက်တာက ထိုက်တန်တဲ့ မြုပ်နှံမှုပဲ။

ဟောင် ခေါင်းညိတ်ပြလိုက်ကာ ငွေပေးချေမှုကို စကန်ဖတ်လိုက်သည်။

ယို့ရှုယွဲ့အာက သူမရဲ့ ကတော့ကို သွားယူနေချိန်မှာ ပုတ်သင်ညိုလေးက ဆိုင်ထဲ လှည့်ပတ်သွားလေ၏။

ထို့နောက်မှာ ဧကရီ ရှန်ချန်ရို့ရဲ့အ​ရှေ့မှာ ရပ်လိုက်လေသည်။

ဒီတိုင်းစိုက်ကြည့်နေတာပင်။

တိတ်ဆိတ်ပြီး မလှုပ်ရှားဘူး။

တစ်ဖြတ်ဖြတ်ခတ်နေတဲ့ မျက်လုံးများနဲ့ စပ်စုစွာ ကြည့်နေလေရဲ့။

ဧကရီက ခေါင်းစောင်းကာနူးညံ့တဲ့ မျက်လုံးများနဲ့ ကြည့်လိုက်သည်။

“ အိုး မင်းလေးက ချစ်ဖို့ကောင်းတဲ့ ပုတ်သင်ညိုလေးပဲ မလား?”

ဧကရီက နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။

သူမ လက်လှမ်းကာ ပုတ်သင်ညိုလေးရဲ့ ခေါင်းလေးကို ပုတ်လိုက်တော့သည်။

…………….

All Chapters