← Chapters

(ပုတ်သင်ညိုက မျက်လုံးတွေပိတ်ကာ ဇိမ်ခံနေသည်)

Vol. 11 Ch. 151

(ပုတ်သင်ညိုက မျက်လုံးတွေပိတ်ကာ ဇိမ်ခံနေသည်)

Vol. 11 Ch. 151

အကုန်လုံး.အံ့သြတကြီး ကြည့်နေစဥ်မှာ…

ပုတ်သင်ညိုလေးရဲ့ မျက်လုံးတွေ မှိတ်သွားသည်။ သူ့ရဲ့မေးစေ့ကလဲ ပိုမော့လိုက်သည်။ ​ကြောင်ပေါက်တစ်ကောင်လို ပွတ်သပ်မှုကို တိုးခွေ့လိုက်လေ၏။

သူမ ပိုပြီးလိုချင်သည်။

သူမပိုပြီး တောင်းဆိုနေသည်!

‘ပုတ်သင်ညိုလေးတဲ့လား? အဲ့ဒီအကောင်ကြီးသာ လက်မောင်းကို ကိုက်ချလိုက်ရင် တစ်ခါထဲနဲ့ အဆာပြေမုန့်အဖြစ် ပြောင်းသွားရမှာနော် ဧကရီ!’

ကျန်တဲ့သူတွေ စိတ်ထဲမှ အော်ဟစ်လိုက်ကြသည်။

ဒါပေမဲ့ ဒါတွေ အရေးမပါတော့ပါဘူး။

သူတို့တွေ ဧကရီရဲ့ မျက်နှာရှေ့ သွားပြောရင်တောင်မှ ဧကရီက နားထောင်မှာ မဟုတ်ဘူး။

“မယ်တော်”

မင်းသမီးချင်းယီရဲ့ မျက်လုံးတွေ တောက်ပကာ ခေါင်းထောင်လာသည်။

“ သမီးလဲ ပုတ်ပေးလို့ရမလား?”

ဧကရီ ရှန်ချန်ရို့ ပြုံးလိုက်ကာ

“ ကိုယ်တိုင် မေးလိုက်ပါ ယီယီ”

မင်းသမီး ချင်းယီက သားရဲရဲ့အရှေ့ကို သွားကာ လက်နှစ်ဖက်ယှက်ပြီး နှုတ်ဆက်လိုက်သည်။

“ ပုတ်သင်ညိုမလေးရေ ငါနင့်ကို ပွတ်ပေးလို့ရမလား?”

ဧကရီရဲ့ နူးညံ့တဲ့အထိအတွေ့မှာ ပျော်ဝင်နေဆဲဖြစ်တဲ့ ပုတ်သင်ညိုလေးက သူမရဲ့ ကြေးခွံခေါင်းကို အနည်းငယ်စောင်းကြည့်လာသည်။ ထို့နောက်မှာ ခေါင်းညိတ်သည်လို့ ယူဆရတဲ့ လှုပ်ရှားမှုပြလိုက်သည်။

ခွင့်ပြုချက်ရလိုက်လေပြီ။

မင်းသမီးချင်းယီက နူးညံ့စွာ တစ်ချက်ရယ်လိုက်ပြီး အရှေ့တိုးလိုက်သည်။ ပုတ်သင်ညိုလေးရဲ့ ခေါင်းကို နူးညံ့စွာ ပွတ်ပေးလိုက်သည်။

‘သူမက အရမ်းချောမွေ့နေတာပဲ။ ပြီးတော့ နွေးနွေးလေး!’

အနားကနေ ဟွာဖေးရှု ကြည့်နေရင်း မထိန်းနိုင်တော့ပေ။ သူမ တိတ်ဆိတ်တဲ့ ခြေလှမ်းများနဲ့ မင်းသမီးဆီ သွားလိုက်ပြီး ဒူးထောက်ချကာ သေးငယ်တဲ့အပြုံးလေး ပြလိုက်သည်။

“ ငါကော ပုတ်လို့ရလား?”

ပုတ်သင်ညိုလေးက ထပ်ခေါင်းညိတ်လိုက်သည်။

ပိုများတဲ့ပုတ်ပေးမှုတွေကြားမှာ ပိုများတဲ့ တိုးခွေ့မှုတွေနဲ့ မျက်လုံးလေးတွေ တောက်ပနေကြသည်။

အချိန်တွေကုန်သွားပြီး ခေါင်းပုတ်ပေးတဲ့ ပွဲတော်တစ်ခု ဖြစ်လာခဲ့သည်။

တစ်နည်းနည်းနဲ့ ပုတ်သင်ညိုလေးက မနက်ခင်းရဲ့ ကြယ်ပွင့်လေးဖြစ်လာသည်။ အနည်းဆုံးတော့ မိန်းကလေးတွေ အတွက်ပေါ့။ ယောက်ျားတစ်ယောက်ပင် စပ်စုတဲ့ မျက်လုံးများဖြင့် သူတို့ကော ပုတ်ပေးခွင့်ရမလား ကြည့်နေကြသည်။

ထို့နောက်မှာ သူတို့မမျှော်လင့်ထားတဲ့ ဒုတိယ အကြောင်းအရာကို ရင်ဆိုင်လိုက်ရသည်။ ဆိုင်ရဲ့ရောင်းကုန်တွေကို မင်းနဲ့စာချုပ် ချုပ်ထားတဲ့ သားရဲ ဒါမှမဟုတ် အဖော်နဲ့ မျှဝေလို့ရသည်။

လှည့်စားမှုမပါဘဲ အတင်းအကျပ်လုပ်တာလဲ မရှိဘဲ ကောင်းမွန်တဲ့ စာချုပ်ဖြစ်နေသရွေ့ ခွင့်ပြုထားတဲ့အချက်ပဲ။

အကိုကြီးဟောင် ကိုယ်တိုင် အတည်ပြုပေးခဲ့သည်။

ပြီးတော့ စနစ်ကို လှည့်စားဖို့ ကြိုးစားရင်လား? မိုးကြိုးကို လျှာနဲ့ယပ်ဖို့ ကြိုးစားနေတာနဲ့ ဘာမှမထူးဘူး။

အကုန်လုံးကလဲ သဘောတူပါသည်။ ဒီဆန်းကြယ်တဲ့ ဆိုင်ရှင်ရဲ့ စွမ်းဆောင်ရည်ကို ဘယ်သူကများ စမ်းသပ်ရဲမှာလဲ?

ဒီလိုနဲ့မိန်းကလေး အုပ်စုကတော့ ပုတ်သင်ညိုလေးအနားမှာ အနေခက်တဲ့ သူစိမ်းတွေကနေ ရင်းနီးတဲ့သူငယ်ချင်းတွေ အဖြစ် ပြောင်းသွားလေပြီ။

ယို့ရှုယွဲ့အာပင် ဧကရီတို့နဲ့ တော်တော်လေး ရင်းနီးသွားသည်။ သူမ ဘယ်သူနဲ့ စကားပြောနေမိလဲဆိုတာကို သားရဲယဥ်ပါးသူ မိန်းကလေး မသိပါချေ။

သူမ သိတာက ဒီကျက်သရေရှိတဲ့ မိန်းကလေးက သူမသားရဲကို ကောင်းကောင်း ပွတ်ပေးတတ်ပြီး စကားပြောလို့ ကောင်းသည်ဆိုတာပဲ။

“ အဲ့ဒါနဲ့ ကျွန်မလဲ ကောင်လေးကို ပြောလိုက်တယ်။ နင့်ရဲ့သားရဲကို မြေကြီးပေါ် လှိမ့်ဖို့လောက်တောင် အမိန့်မပေးနိုင်ဘဲ ငါ့ပုတ်သင်ညိုလေးရဲ့ ဖျော်ဖြေမှုကို ဘယ်လိုတောင် ဝေဖန်ရဲတာလဲ ဆိုပြီး”

ယို့ရှုယွဲ့အာက ဒရာမာဆန်စွာ မျက်နှာကို ဆူပုတ်လိုက်သည်။

ဧကရီ က ပြုံးပြ ခေါင်းညိတ်ရင်း.အာလူးကြော် နောက်တစ်ပြား ထည့်လိုက်သည်။

“ ဘယ်လိုတောင် အရေထူတဲ့လူလဲ?”

“ အိုး ဟုတ်တယ်မလား? ကျွန်မလဲ အဲ့လိုထင်တယ်။ ဒီရက်တွေမှာ လူတွေက သားရဲတွေနဲ့လူသားကြားက ဆက်ဆံရေးကို နားမလည်ကြတော့ဘူး”

ဒီလိုနဲ့ပဲ မနက်ခင်းက ကုန်ဆုံးသွားခဲ့သည်။

နောက်တစ်ရက်က လျင်မြန်စွာ ရောက်လာလေ၏။

ဟောင် ကတော့ မနက်ခင်း သူ့ရဲ့ ‘အပြင်းအထန် လေ့ကျင့်ချိန်’ ကို ဂိုထောင်ထဲမှာ ပျင်းရိစွာ အကြောဆန့်လိုက်ရင်း ဒီနေ့ တရားထိုင်သင့်လား ကိုယ်လက်လှုပ်ရှားသင့်လား တွေးနေလိုက်သည်။

ဒါပေမဲ့ ထို့နောက်မှာ..

‘သခင်’

ကတ်ထူဗူးတွေကြားမှာ ရင်းနီးတဲ့ အမဲရောင်.အမွှေးလုံးလေး.ထွက်လာခဲ့သည်။

ခူရိုမီ။

‘ ငါ အသစ်တစ်ခု တတ်ထားတယ်’

သူမက ခေါင်းညွတ်အရိုအသေ ပေးရင်း ပြောလာသည်။

‘ ငါပြလို့ရမလား သခင်? သခင့်ရဲ့ အမြင်ကို ရချင်တယ်’

ဟောင် မျက်ခုံးတစ်ဖက် ပင့်သွားသည်။

ဒါကသူ့ရဲ့ အာရုံကို ဖမ်းစားနိုင်ပြီ။

နောက်ကျော ဖြောင့်လိုက်ပြီး အင်္ကျီလက်စကို ဖုန်ခါသလို လုပ်လိုက်ကာ

“ကောင်းပြီလေ ကြည့်တာပေါ့”

ခူရိုမီ ခေါင်းညိတ်ပြသည်။

‘ ကျေးဇူးပါသခင်’

ထို့နောက်မှာ သူမရဲ့လက်သည်းတစ်ချက်ကို နူးညံ့စွာ လှုပ်ရှားလိုက်သည်။ တိတ်ဆိတ်တဲ့ လှိုင်းလုံးများလို အမှောင်ထုက ထိုးထွက်လာသည်။

ဂိုထောင်တစ်ခုလုံး မှောင်မဲသွား၏။

ထို့နောက်မှာ..

ဂိုထောင်တစ်ခုလုံး ချက်ချင်းပဲ လေးလံတဲ့ အမဲရောင်မြူခိုးကြား ပိတ်မိသွားတော့သည်။

ဂိုထောင်တစ်ခုလုံး တွင်းနက်ကြီးလို မဲမှောင်နေသည်။

ဒါသာမာန် အမှောင်ထု မဟုတ်ဘူး။

အလင်းဆိုတာ တည်ရှိဖူးတဲ့အရာလားလို့ မေးခွန်းပြန်ထုတ်စေမဲ့ အမှောင်ထုမျိုးပဲ။

ဟောင် မျက်တောင်ခတ်လိုက်သည်။

ဒါပေမဲ့ အထောက်အကူ မဖြစ်ဘူး။

သူ မမြင်နိုင်တော့ဘူး။ သူ့ရဲ့စိတ်ဝိညာဥ် အာရုံခံမှုက မှုန်ဝါးနေသည်။ သူ့ရဲ့ အကြားအာရုံကိုပါ အဝတ်စနဲ့ ပိတ်ထားသလိုမျိုး ခံစားရသည်။

‘အသူရာချောက်ရဲ့ ဗလာနယ် ချဲ့ထွင်ခြင်း’

တည်ငြိမ်ကာ လေးစားမှု ပြည့်နေတဲ့ ခူရိုမီရဲ့ အသံထွက်လာသည်။

‘ အဲ့ဒါ သခင့်ရဲ့ နေလုံးသိုင်းကျင့်စဥ်ကနေ တုပဖန်တီးထားတာပါ’

“သေစမ်း”

ဟောင် အထင်ကြီးစွာ ရေရွတ်မိသွားသည်။ အနည်းငယ်လဲ သတိကပ်သွားသည်။

“ ခူရိုမီ မင်းကတစ်ကယ် ဉာဏ်ကြီးရှင်ပဲ”

“ သခင့်ရဲ့စကားတွေကြောင့် ဂုဏ်ယူမိပါတယ်”

“ ဒီတိုင်း သခင့်ရဲ့ သိုင်းပညာကို ငါနဲ့ ကိုက်ညီတဲ့နည်းလမ်းနဲ့ ပြောင်းလဲလိုက်ရုံပါ”

ပြောင်းလဲတယ်?

ဒါကြီးကို ပြောင်းလဲတယ်လို့ ခေါ်တာလား? ခူရိုမီ?

ဒါက သာမာန်တုပတာ မဟုတ်တော့ဘူး။

ကျင့်ကြံသူတစ်ယောက်ရဲ့ အမြင်အရ ပြောရရင် သိုင်းကျင့်စဥ်တစ်ခုကို သင်ယူတာနဲ့ တိုးတက်အောင် လုပ်တာမှာ ကွာခြားချက် အကြီးကြီးရှိသည်။

ဂိုဏ်းတွေက သင်ပေးတဲ့ ကျင့်စဥ်တွေကို မှတ်မိနိုင်ဖို့ ကျင့်ကြံသူအများစုဆို နှစ်တစ်ချို့ကြာသည်အထိ ကြိုးစားရသည်။ ပုံစံကွက်ကိုအလွတ်ကျက်ရတယ်.. ချီစွမ်းအင် လည်ပတ်မှုကို တုပဖန်တီးရင်း.. မူရင်းတီထွင်သူအတိုင်း.တူညီတဲ့ အစွမ်းကို ထုတ်ပေးနိုင်ဖို့ ကြိုးစားရသည်။

ခူရိုမီ လုပ်ခဲ့တဲ့ အရာကလား?

သူမက နေလုံးသိုင်းပညာကိုပဲ အတုယူလိုက်တာ မဟုတ်ဘူး။

သူမက ပြောင်းပြန် တီထွင်ခဲ့တာပဲ။

ဟောင်ရဲ့ မူရင်းပညာက အလင်းတွေ ပေါက်ကွဲထွက်ပြီး အလင်းတွေနဲ့ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းပစ်တာပင်။ မျက်စိကို ပြာဝေစေပြီး ရန်သူရဲ့စိတ်ကို ပျက်ပြားစေသည်။

သူ့ရဲ့အစွမ်းက လျင်မြန်တဲ့အရှိန်နဲ့ ရန်သူကို အချိန်ကိုက် လွှမ်းမိုးပစ်ပြီး သတိလွတ်စေသည်။

ဒါပေမဲ့ ခူရိုမီက… ဆန့်ကျင်ဘက် ချဥ်းကပ်မှုကို လုပ်ခဲ့သည်။

တောက်ပမှုနဲ့ ဖုံးလွှမ်းပစ်မဲ့အစား တိတ်ဆိတ်မှုနဲ့ပိတ်လှောင်ပစ်သည်။

အလင်းအစား အမှောင်ဝင်ရောက်လာပြီး နှောက်ယှက်မှုဖြစ်စေမဲ့အစား ရန်သူကို ဖိနှိပ်ပစ်သည်။

ဒါက ပါးနပ်မှုတစ်ခုပဲ မဟုတ်ဘူး။ ဒါက တိကျမှုပဲ!

ဒီလိုဖန်တီးနိုင်ဖို့ရန် သူမအနေနဲ့ ဟောင်ရဲ့ သိုင်းပညာနဲ့ပတ်သတ်ပြီး အခြေခံကျကျ နားလည်နိုင်မှ ဖြစ်မည်။ ချီပြောင်းလဲမှု စနစ် ဘယ်လိုလည်ပတ်သည်.. ဖိအားက ဘယ်လို တိကျမှုကို ဖြစ်ပေါ်စေသည်… တစ်ဖက်ရန်သူရဲ့ အန္တရာယ်ပေါ် ပင်ကိုယ်ဗီဇ မသက်ရောက်ခင်မှာ ဘယ်လောက်ကြာသည်အထိ အသုံးပြုသင့်သည် စသဖြင့်အကုန်နားလည်မှ ဖြစ်မည်။

ထို့နောက်မှာလား?

အကုန်လုံးကို ပြောင်းပြန် လုပ်ပစ်ရမည်။

သူမရဲ့ ပုံစံအတိုင်း ပြန်ဖန်တီးရမည်။ ပြည့်စုံသည်အထိ ပြန်သန့်စင်ရမည်။

ဒါက လိုက်လျောညီထွေ ဖြစ်အောင်လုပ်ရုံပဲ မဟုတ်ဘူး။

ဒါက ဖန်တီးမှုပဲ!

သေချာပေါက် သူမ အခြေခံကို တုပထားသည်။

ဒါပေမဲ့ ကျန်တာအားလုံးက.. ကိုယ်တွင်းကနေ စတင်ဖန်တီးသည်မှ အပြင်ကိုထုတ်လွှတ်သည်အထိ.. အကုန်လုံးကို သူမ ဖန်တီးထားတာ။

သူမရဲ့ စစ်မှန်မှု.. သူမရဲ့ပုံစံ.. သူမရဲ့ အင်အားနဲ့ ဖန်တီးခဲ့တာပင်။

ဟောင့်ကို ပိုပြီး ကြောက်လန့်စေတဲ့ မဖြစ်နိုင်စရာ အကြောင်းအရာက ခူရိုမီက သူ့ကိုသင်ပေးဖို့ရန် တစ်ကြိမ်မှ မတောင်းဆိုခဲ့ဖူးဘူး။

….သူမ ဘေးကနေပဲ ရပ်ကြည့်ခဲ့တာ။

ဘာမေးခွန်းမှမမေးဘူး။ ဘာမှတ်သားမှုမှ မလုပ်ဘူး။ နောက်တစ်ကြိမ် ထပ်လုပ်ပြဖို့တောင် တောင်းဆိုခဲ့တာ မဟုတ်ဘူး။

နှစ်ယောက် ယှဥ်ချချိန်မှာ ဟောင် အသုံးပြုတာကို အကြိမ်တစ်ချို့ တွေ့ခဲ့ဖူးရုံတင်။

ဒီလောက်ပဲ။

ဒါတောင်မှ…

ခူရိုမီက…

တစ်နည်းနည်းနဲ့ လုပ်နိုင်ခဲ့သည်။

ဟောင့် အတွက် ထိုသိုင်းပညာသည် ထွက်ပြေးဖို့ အချိန်ပေးနိုင်သည်။ ဒါပေမဲ့ ခူရိူမီ​က အဲ့ဒါကို သစ်ရွက်ခြောက်တစ်ခု ရှုံ့တွစွာဖိနှိပ်ခံရသလိုမျိုး အမှောင်ထုနဲ့ ဖိနှိပ်ပြီး မတူညီတဲ့ သူမရဲ့ဟန်ပန်ကို ဖန်တီးခဲ့သည်။

သူမ ကြည့်ခဲ့တဲ့ မှတ်ဉာဏ်ထဲကနေ တစ်ခုချင်းစီ ဖြတ်တောက်ပြီး အစက ပြန်ဖန်တီးခဲ့တာလား? မျက်လုံးနဲ့ လေ့လာရုံနဲ့ ချီစွမ်းအင် စီးဆင်းပုံ၊ အချိန်ကိုက်နဲ့ အင်အားသုံးပုံသုံးနည်းကို အဖြေရှာနိုင်တာပဲ။

“ မင်းရဲ့စွမ်းရည်က ကောင်းလိုက်တာ ခူရိုမီ”

ဟောင် ပြောလိုက်သည်။ အနည်းဆုံးတော့ သူ.ပြောခဲ့သည်ဟုထင်သည်။

သူ့ရဲ့အသံကိုပင် အခုချိန်မှာ မကြားနိုင်ခဲ့ဘူး။ အမှောင်ထုရဲ့အလေးချိန်က သူ့ဦးနှော​က်ထဲ ဝင်ရောက်မဲ့အသံကိုပင် တားဆီးနေဟန် ရှိသည်။

ဒါပေမဲ့ခူရိုမီက သေချာပေါက် ကြားပုံပင်။ သူမ အစောပိုင်းက စကားကို ပြန်ဖြေလေ၏။

“ မင်း အမှောင်ထုကို မဖယ်သေးနဲ့အုံးနော် ခူရိုမီ”

ဟောင် ပြောလိုက်သည်။

“ ငါ စမ်းသပ်ချင်လို့”

‘ သခင့်သဘောအတိုင်းပါ’

……………..

All Chapters