← Chapters

( ကြောင်အလုပ်သမားရဲ့ တလွဲချီးကျူးခြင်း)

Vol. 11 Ch. 152

( ကြောင်အလုပ်သမားရဲ့ တလွဲချီးကျူးခြင်း)

Vol. 11 Ch. 152

ဟောင် အသက်တစ်ချက် ရှုသွင်းကာ ခန္ဓာကိုယ်ကို အောက်အနည်းငယ် ရို့လိုက်သည်။

ထို့နောက်မှာ အပီအပြင်ထုတ်သုံးတော့မဲ့ ဟန်ပန်ကို ဖန်တီးလိုက်၏။

ဒန်ထျန်အတွင်းထဲထိ ချီစွမ်းအင်တွေ ပို့လွှတ်လိုက်တဲ့အခါမှာ ထိုချီစွမ်းအင်တွေက တောက်ပနေတဲ့ အလင်းလုံးသဖွယ် စုစည်းသွားပြီး ဒေါသကြီးတဲ့နေလုံး အသေးစားလေးက သူ့ရဲ့နံရိုးတွေကြားမှာ စတင်လာသည်။

ဒီတစ်ခေါက် သူ မထိန်းချုပ်ခဲ့ပေ။

တိုင်းတာတာ မရှိသလို ထိန်းချုပ်မှု မထားခဲ့ပေ။

ထိုအချိန် ဒန်ထျန်းအတွင်းမှာ ပြင်းအားတစ်ခု စတင်လာသည်။ အသေးစား ပြင်းအားမဟုတ်ပါချေ။ ဘာလို့ဆို သူ့ရဲ့သန်မာမှုကို တစ်ဝက်လောက်ပဲ သုံးခဲ့တာ မဟုတ်လို့ပဲ။

သူ့မှာရှိတဲ့ ချီစွမ်းအင်တွေရဲ့ ကိုးဆယ်ဒါမှမဟုတ် ကိုးဆယ့်ငါးရာခိုင်နှုန်းလောက်ထိ ထုတ်သုံးထားတာပင်။ နောက်ပိုင်းလျင်မြန်လာတဲ့ ကြီးထွားမှုနှုန်းကြောင့် ချီစွမ်းအင်များကလဲ ခန္ဓာကိုယ်အတွင်း အများအပြားရှိနေခဲ့ပြီ။ ထို့ကြောင့် စဥ်းစားကြည့်ရင် အခုသုံးထားတဲ့ ပမာဏက အလွန်များသည် ပြောရမည်။

သူ့ရဲ့ရင်ဘတ်ထဲသို့ ဖိအားတစ်ခု အနည်ကျလာသည်။

အသားရောင်ဖြူဖွေးလာကာ ကြွက်သားတွေ တောင့်တင်းလာသည်နှင့် နဖူးမှာ ချွေးတွေလဲ ထွက်လာရ၏။

ချက်ချင်းပဲ ကန်းစေလောက်တဲ့ အလင်းတွေစတင်လာသည်။

ဝုန်းဆိုပြီး အပြင်ကို ပေါက်ကွဲထွက်တာမဟုတ်ဘဲ..

တစ်ဖြည်းဖြည်း နယ်ချဲ့ဖို့ ကြိုးစား၏။

တောက်လောင်နေတဲ့ နေလုံးကြီး စတင်လာသည်မို့ တစ်ကိုယ်လုံးမှ ရွှေရောင် အလင်းများဖြာထွက်နေသည်။

ဒါပေမဲ့ ထိုအချင်းအရာက စက္ကန့်တစ်ချို့သာ ကြာနိုင်ခဲ့သည်။

ရွှေရောင်အလင်းများ ထွက်လာသည်နှင့် အပြင်ဘက်ရှိ အသူရာချောက်နက် အမှောင်ထုတ် ဖိနှိပ်ပစ်သည်။ မီးတိုင်တစ်ချောင်းကို မှောင်မဲနေတဲ့ မှင်ဆေးရည်ပင်လယ်ထဲ ပစ်ချလိုက်သည့်အတိုင်း ချက်ချင်းပဲ ပျောက်ကွယ်သွားလေ၏။

ဖူးရှ်!

အလင်းက ပျောက်ကွယ်သွားလေပြီ။

အမှောင်ထုက ချက်ချင်းပဲ ဝါးမြိုလာ၏။

အမှောင်ထုက အနည်းငယ်ဒေါသကြီးစွာ ဝါးမြိုမှုပြုပြီးသည်နှင့် ပင်ကိုယ်အတိုင်း ပြန်တည်ငြိမ်သွားလေရဲ့။

ပတ်ဝန်းကျင်မှာ နည်းနည်းလေးတောင် တောက်ပမသွားခဲ့ဘူး။

အလင်းနည်းနည်းလေးတောင် မရခဲ့ပေ။

အလင်းတွေ အားလုံး.. အသုံးပြုခဲ့တဲ့ ချီစွမ်းအင်တွေ အားလုံးက… တစ်ခဏတာသော အလင်းကိုသာ ပေးစွမ်းခဲ့၏။

အမှောင်ထုပင်လယ်ကြီးကြားမှာ ဟောင် ကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်သည်။

သူ့ရဲ့ ခန္ဓာကိုယ်ကနေပဲ ဖျော့တော့တဲ့ အလင်းတွေ ထုတ်ပေးနေလေသည်။ ခန္ဓာကိုယ်မှ နွေးထွေးတဲ့ ရွှေရောင်အလင်းတွေ ဖြာထွက်နေပုံမှာ မှောင်မဲတဲ့ ညနက်ကြီးရဲ့ကြားထဲ အိမ်ပြန်လမ်းရှာနေတဲ့ ခရီးသွားတစ်ယောက်ရဲ့ မီးအိမ်တစ်ခုနဲ့ တူသည်။

ဒါပေမဲ့ ဒါက အရမ်းဆိုးတာ မဟုတ်ပေ။

…အနည်းဆုံးတော့ ငါ့ပုံစံက ခရစ်စမတ်သစ်ပင်နဲ့တူသေးတယ်လေ။

….ကောင်းပြီ။ နည်းနည်းသေးပြီး သနားစရာ ကောင်းတဲ့ ခရစ်စမတ်သစ်ပင်…

….ကောင်းပြီ။ နည်းနည်းသေးပြီး သနားစရာကောင်းတဲ့အပြင် မီးလဲမစုံတော့တဲ့ ခရစ်စမတ်သစ်ပင်အေ။

ဟောင် မနေနိုင်စွာ ရယ်မိသွားသည်။

ရလဒ်က နည်းနည်းလေး ဆိုးဝါးပေမဲ့ သူ စိတ်မပျက်ပါချေ။

ခူရိုမီရဲ့ အဆင့်က သူ့ရဲ့လက်ရှိ ကျင့်ကြံဆင့်ထက် အပုံကြီးသာသည်။

ဒါပေမဲ့ ဒီလောက်ကြီးထိ ကွာခြားမယ်လို့တော့ မမျှော်လင့်ခဲ့မိဘူးပေါ့?

ဒါပေမဲ့ ဟောင် ပြန်အားတင်းလိုက်ပါသည်။

ဒါလဲ တစ်ခုခု ရသွားတာပဲမလား?

သေချာပေါက် ကျရှုံးတာမဟုတ်ဘူး။

လုံးဝပဲ။

အနည်းဆုံးတော့ ငါ ဓာတ်မီးလို အလင်းထုတ်လိုက်နိုင်တယ်။

ဒါ့အပြင် အရေးပါတဲ့ တစ်စုံတစ်ခုကိုပါ သက်သေပြနိုင်ခဲ့သည်။

ခူရိုမီရဲ့ အသူရာချောက်နက် အမှောင်ထုက လုံးဝ မတိုက်ခိုက်နိုင်တာမဟုတ်ဘူး။ မလွှမ်းမိုးပစ်နိုင်တဲ့ အရာမဟုတ်ဘူး။

ပြန်တွန်းလှန်လို့ရသည်။ ပြန်ဖြိုခွင်းနိုင်သည်။ အကယ်လို့ သင့်တော်တဲ့ အချိန်ကိုက်၊ သန်မာမှုနဲ့ နည်းစနစ်သာရှိရင် အမှောင်ထုကို ဖောက်ထွက်နိုင်မှာပဲ။

ဒါပေမဲ့ အဆုံးမှာ အဲ့ဒါကလဲ အသုံးပြုသူပေါ်ပဲ မူတည်သည်။

အမှောင်ထုကပဲ အလင်းကို လုံးဝ ဝါးမြိုပစ်နိုင်မလား? အလင်းကပဲ အမှောင်ထုကို ဖောက်ထွက်ပစ်မလားဆိုတာ ကျင့်ကြံဆင့်ပေါ်မူတည်သည်။

အရည်အချင်း၊ အချိန်ကိုက်နဲ့ အသုံးချပုံက အရေးပါတာလဲ မှန်ပါသည်။ ဒါပေမဲ့ ဒါတွေအားလုံးက ကျင့်ကြံဆင့်မပါရင် အလကားပဲ။

ကျင့်ကြံဆင့်ကသာ မလုံလောက်နေရင် ဘယ်လောက်ပဲ အရည်အချင်း၊ အချိန်ကိုက်နဲ့ အသုံးပြုပုံက သာလွန်နေပါစေ အရေးမပါတော့ဘူး။

“ အမှောင်က အလင်းထက် သဘာဝအားဖြင့် သာလွန်တယ်”

“ အမှောင်က သန့်စင်ပြီးဆန်းကြယ်တဲ့အရာမို့ အလင်းကို လွှမ်းမိုးနိုင်တယ်”

စသဖြင့် ပြောကြသူများရှိသည်။

အမှန်အတိုင်းပြောရရင်တော့ အဲ့ဒါက တုံးအတဲ့ ဆင်ခြေပဲ။

အဓိကအကြောင်းအရင်းလား? အဓိက အကြောင်းအရင်းက ကိုယ်က အားနည်းနေလို့လေ။

ဒီကိစ္စနဲ့ပတ်သတ်ပြီး အချင်းများနေစရာကို မလိုဘူး။

ဒါက အလင်းနဲ့အမှောင်နဲ့အားပြိုင်နေတာ မဟုတ်ဘူး။

ဒါက ဘယ်သူ့မှာပိုပြီးတော့ လုပ်နိုင်စွမ်းများလဲဆိုတာနဲ့ပဲ သက်ဆိုင်သည်။ အကယ်လို့ ထုတ်လိုက်တဲ့အလင်းကို တစ်စက်တောင်မကျန်အောင် ဝါးမြိုခံလိုက်ရမယ်ဆိုရင်လဲ အဲ့ဒါက လုံလောက်တဲ့ ကျင့်ကြံဆင့်မရှိနေလို့ကြောင့်ပဲ။

ကျင့်ကြံဆင့်ပိုမြင့်တဲ့ ရန်သူနဲ့ရင်ဆိုင်ရပြီး အဲ့ဒီရန်သူက အခုလို လွှမ်းမိုးနိုင်စွမ်း ရှိနေမယ် ဆိုရင်လား?

သားကြီးရာ…. မင်းကို ကယ်တင်ပေးနိုင်မဲ့ နတ်ဘုရားတိုင်းကိုသာ တ လိုက်တော့။

ဒီလောက်ကွာခြားတဲ့ ကျင့်ကြံဆင့်ကြီး ရှိနေမှတော့ ဘယ်လိုလှည့်ကွက်မျိုးပဲ သုံးပါစေ နိုင်စရာ အကြောင်းကို မရှိတော့ဘူး။

သန်မာမှုက အရာရာပဲ။

ဒါအမှန်တရားပဲလေ။

“အမှောင်ကို အပြစ်မတင်ဘဲ ကိုယ့်ရဲ့ အားနည်းတဲ့ အလင်းကိုသာ အပြစ်တင်ပါ”

တစ်ချို့အတွက်တော့ ဒါက ပြင်းထန်နိုင်ပေမဲ့ သိတဲ့အတိုင်း အမှန်တရားက ခါးသည်လေ။

သေချာပေါက် တစ်ချို့အချိန်မှာ အခြေအနေကလဲ အရေးပါသည်။ ထောင်ချောက်မိနေပေမဲ့ ထွက်ပြေးဖို့ကော.. မဖြစ်နိုင်တဲ့ အခွင့်အရေးတွေဖန်တီးပစ်ဖို့အတွက် အခြေအနေလဲ မရနေဘူးဆိုရင်လား?

သားကြီးရာ… အသက်ကို ဖက်နဲ့ ထုတ်ပြီး အဝေးဆုံးသာလွှင့်ပစ်လိုက်တော့။

သေချာပေါက် ဉာဏ်နီဉာဏ်နက် သုံးတိုင်း ကျရှုံးလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ဘူး။ တစ်ခါတစ်လေမှာ အခုလို သန်မာမှုက ပိုအရေးပါတာမျိုး.ဖြစ်တတ်သည်လေ။

ဘာလို့ဆို နေ့ရက်တိုင်းရဲ့ အဆုံးသတ်ကျရင်..

“ မင်းရဲ့သန်မာမှုက မင်းအတွက်စကားမပြောပေးနိုင်ရင် စောက်ပါးစပ်ပိတ်ပြီး လေ့ကျင့်နေလိုက်”

ခူရိုမီက အရိပ်ထဲမှာ မလှုပ်မရှားရပ်နေသည်။ သူမရဲ့မျက်လုံးတွေက စူးရှနေကာ အရှေ့ငိုက်နေတဲ့ နားရွက်များနဲ့ ယမ်းနေတဲ့ အမြှီးပင် လေထဲ တန့်နေလေရဲ့။

သူမ အံ့သြခဲ့သည်..ထို့နောက်မှာ မအံ့သြတော့ဘူး။

သူမရဲ့သခင်က သေချာပေါက် လုပ်နိုင်စွမ်းရှိသူပဲ။ သူမအမြဲယုံကြည်ခဲ့ပါသည်။

ဒါပေမဲ့…

လက်ရှိကျင့်ကြံဆင့်အနေအထားနဲ့ ဒီလောက်ပြင်းတဲ့ ရလဒ်ကြီး ထုတိနိုင်ခဲ့တာလား?

ဒါ မဖြစ်နိုင်ဘူး။ မဖြစ်သင့်ဘူး။လက်ရှိကျင့်ကြံဆင့်နဲ့ ကိုက်ညီတဲ့အစွမ်းကိုသာ သုံးထားရင် အစောက အလင်းက နည်းနည်းတောင် တောက်ပခဲ့ရမှာ မဟုတ်ဘူး။ နည်းနည်းတောင် ထွက်လာရမှာ မဟုတ်ဘူးလေ။

သူမရဲ့ အသူရာချောက်နက် အမှောင်ထုက အလင်းကို အပြီးတိုင်ဝါးမြိုပြီး ဖိနှိပ်ဖို့ရန် ပုံစံထွင်ထားတာပဲ။ တစ်စက်လေးတောင် ညှာတာမှုမရှိ ဝါးမြိုလိမ့်မည်။

ဒါပေမဲ့ သခင့်ရဲ့ ခန္ဓာကိုယ်ကနေ အလင်းထွက်ခဲ့တယ်…!

ခူရိုမီအမြန်ပဲ စစ်ဆေးချက်လုပ်လိုက်သည်။

သူမရဲ့အစွမ်းမှာ ချို့ယွင်းချက်လဲမရှိဘူး။ အမှားအယွင်းဖြစ်သွားတာမျိုးလဲ မရှိဘူး။

ဒါဆို အဖြေတစ်ခုပဲ ရှိတော့သည်။

သူမရဲ့သခင်က တစ်ကယ်ကို… သောက်ရမ်းမိုက်တယ်!

သူမရဲ့မျက်နှာထားက နူးညံ့သွားသည်။

သူမရဲ့သခင်က သူမကို ပြောပြနေ၏။ အမှားကို ထောက်ပြနေတာပဲ။

သူ့ရဲ့အလင်းက စကားတစ်ခွန်းပြောနေသည်…

“မင်း တိုးတက်အောင်လုပ်လို့ရသေးတယ် ခူရိုမီ”

သူမ တိတ်တဆိတ် အသက်ရှုသွင်းလိုက်သည်။

ဒီလိုသိမ်မွေ့တဲ့ သင်ပြမှုပဲ။နူးညံ့ပြီး တိကျတယ်။

ပြောရရင် စကားတစ်ခွန်းမှ ထုတ်ပြောခဲ့တာ မဟုတ်ဘူး!

တစ်ကယ်တတ်ကျွမ်းတဲ့ဆရာသခင် တစ်ယောက်က အစွမ်းနဲ့ပဲ စကားပြောတယ်ဆိုတာ ဒါကိုး။

‘ မိုက်လိုက်တာ ခူရိုမီ’ မသိလျှင် ဟောင်က ချီးကျူးနေသလို ခူရိုမီ ကိုယ့်ဘာသာ တွေးလိုက်သည်။

‘ မင်းက အလှပဆုံး ကြောင်လေးပဲ။ မင်းရဲ့အမွှေးတွေက ပြီးပြည့်စုံတယ်။ အမှောင်ထုအပေါ် ထိန်းချုပ်တာလဲတိကျတယ်။ မင်းက အခုထက် ပိုမြင့်အောင်တက်လှမ်းနိုင်တယ် ဆိုတာ ငါယုံတယ်’

ခူရိုမီ တွေးလိုက်ပြန်သည်။

သူမရဲ့ သခင်က အေးစက်ပြီး ဆန်းကြယ်တဲ့ သူတစ်ယောက် မဟုတ်ခဲ့ရင် အခုလိုမျိုး ထုတ်ပြောမယ်ဆိုတာ သူမ သေချာသိသည်။

တစ်ကယ်ကို ကြင်နာတတ်တဲ့ ပုဂ္ဂိုလ်ပဲ။

တစ်ကယ်ကို တိတ်ဆိတ်တဲ့ ပညာရှိပဲ။

သူမ ဦးညွတ်အရိုအသေ ပေးလိုက်သည်။

‘ ကျေးဇူးပါသခင်’

ဘာအတွက် ကျေးဇူးတင်မှန်း ထပ်မံ မရှင်းပြပါချေ။

သူမရဲ့ သခင်က သေချာပေါက်သိမည်မှန်း ခူရိုမီ သိပြီးသားပင်။

ခူရိုမီ အလင်းပွင့်သွားသလို ခံစားလိုက်ရသည်။

ကြိုးစားလိုစိတ်က လှုံ့ဆော်ခံလိုက်ရသည်။

သူမပိုပြီး အလုပ်ကြိုးစားရမည်။ အသူရာချောက်နက် အမှောင်ထု ချဲ့ထွင်ခြင်း သိုင်းကျင့်စဥ်ကို ပိုပြီးသန်မာအောင်လုပ်မည်။

အခုချိန်မှာတောင် သခင်က အလင်းထုတ်ပေးနေနိုင်ရင် နောက်တစ်ခေါက်ကျ နေလုံးလိုက်ကြီး ဖန်တီးပစ်ရင် ဘယ်လိုလုပ်မလဲ?

သူမ ကြိုတင်ပြင်ဆင်ဖို့ လိုနေပြီ။

ထိုအချိန်မှာ အမှန်တရားကတော့လား?

ဟောင့်ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက စကားပြောသွားတာပဲ။

နေရောင်ခြည် ဆင်းသက်နိုင်တဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံရဲ့များပြားလှတဲ့ ချီစွမ်းအင် စုဆောင်းပေးမှုကြောင့်သာ အခုလို လုပ်နိုင်ခဲ့တာ။

ထိုတည်ဆောက်ပုံရဲ့ ပင်ကိုယ်အားဖြင့် တိုးမြှင့်ပေးမှုကြောင့် နေစွမ်းအင်နဲ့ဆိုင်တဲ့ သိုင်းကျင့်စဥ်များကို အပိုတိုးတက်မှုတွေ ရရှိစေသည်။

ဒီတော့ သေချာပေါက်… .

ဟောင်က အဓိပ္ပါယ် ရှိရှိ လုပ်ခဲ့တာ မဟုတ်ပေ။ သင်ပြပေးခဲ့တာလဲ မဟုတ်ဘူး။

အခုလိုမျိုး အလင်းထွက်လာရခြင်းကလဲ အမှောင်ထုကို မလေးမစားနဲ့ ဟာသလုပ်ချင်နေတဲ့ နေချစ်သူလေးတစ်ဖြစ်လဲ နေရောင်ခြည် ဆင်းသက်မည့်ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့်ပဲ။

ဒါတွေကို ခူရိုမီ မသိပေ။

သိဖို့ရန်လဲ မလိုအပ်ပါချေ။

‘သခင်’

ခူရိုမီ လေးစားမှုအပြည့်နဲ့ ပြောလိုက်သည်။

‘ သခင့်ရဲ့ထူးချွန်မှုက ငါ့ကိုပိုကျယ်ဝန်းတဲ့ လမ်းကြောင်းကို ပြပေးသွားတယ်။ သခင့်ရဲ့ မျှော်မှန်းမှုနဲ့ကိုက်အောင် ငါအလုပ်ကြိုးစားမယ်’

ဟောင် မျက်တောင်ခတ်လိုက်သည်။

အခု ဘာတွေဖြစ်နေလဲ ဟောင် မသိပါချေ။

ဒါပေနဲ့ သူက ပညာရှိဆန်ဆန် ခေါင်းညိတ်ပြလိုက်လေ၏။

သဘာဝကျကျပင်…။

…………………..

All Chapters