← Chapters

(ဧကရီဖန်တီးတဲ့ ထရန်းအသစ်)

Vol. 11 Ch. 149

(ဧကရီဖန်တီးတဲ့ ထရန်းအသစ်)

Vol. 11 Ch. 149

‘ ဒါ့အပြင်’

‘ အကယ်လို့ ဒီကိစ္စမှာသာ မကောင်းတဲ့ ရည်ရွယ်ချက်တွေပါလာရင်…ဆိုင်ရှင်ကို ဒေါသထွက်အောင် လုပ်မိသွားနိုင်တယ်’

ရုတ်တရက် လေထုက အနည်းငယ် အေးစိမ့်သွားသည်။

ဘယ်သူမှ စကားမပြောကြပေမဲ့ အချင်းချင်း ခေါင်းညိတ်ပြလိုက်သည်။

အကိုကြီးဟောင်…။

ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ အစားအသောက်တွေ ရောင်းချပေးပေမဲ့ ဘာကြောင့်ရယ်မသိ သာမာန် ကျင့်ကြံသူတစ်ယောက် အသွင်ယူထားတဲ့ အဲ့ဒီဆန်းကြယ်တဲ့ဆိုင်ရှင်..။

ထိုသူက သူ့ရဲ့ကျင့်ကြံရေးကိုတောင် အစက ပြန်စဖို့ဆုံးဖြတ်ခဲ့သည်။

သူက ကြင်နာတတ်တယ်။ ပုံမှန်လိုနေထိုင်တယ်။ ဒါပေမဲ့ သေချာပေါက် သူများအသုံးချတာ ခံမဲ့သူ မဟုတ်ဘူး။

အကယ်လို့ သူတို့ကသာ အသုံးချပြီးတော့… ဒီဆိုင်ကို အမြတ်ထုတ်မယ်ဆိုရင်.. တစ်ခြားနယ်မြေကြီးနဲ့ လျှို့ဝှက်ကုန်သွယ်ပြီး လိမ်ညာဖို့ကြိုးစားမယ်ဆိုရင်..

သူတို့ဘယ်လို အကျိုးဆက်တွေ ရင်ဆိုင်ရမယ်ဆိုတာ ဘယ်သူ သိမှာလဲ?

သူတို့ကို ဆိုင်လာခွင့် ထာဝရ ပိတ်လိုက်ရင်ကော?

အဲ့ဒီဆန်းကြယ်တဲ့ ပစ္စည်းတွေ မရောင်းပေးတော့ရင်ကော?

အဆိုးဆုံးအနေနဲ့ သူတို့တွေ တစ်ရက်မှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး ခန္ဓာကော ဝိညာဥ်ပါအစရှာမရတော့ဘဲ ကမ္ဘာကြီးကလဲ သူတို့ကို မေ့သွားခဲ့ရင်.ဘယ်လိုလုပ်မလဲ?

ဒီတော့ မဖြစ်သေးဘူး။ ဒီကိစ္စကို ဂရုတစိုက် ကိုင်တွယ်မှဖြစ်မည်။

မျှမျှတတနဲ့သင့်တော်စွာ ကိုင်တွယ်ဖို့လိုသည်။

အရေးကြီးဆုံးက… အကိုကြီးဟောင်ကို လေးလေးစားစား ဆက်ဆံမှရမည်။

သူတို့က အရူးတွေမဟုတ်ဘူး။

ဒီအခွင့်အရေးကို ကြာရှည်ခံစေချင်ရင် ကောင်းကောင်းမွန်မွန် လုပ်ကိုင်ရမှာသိတယ်။

ကျားအိုကြီးကျောင်းက လက်ရှိမှာ ဘယ်ဂိုဏ်းနဲ့မှ ဆက်နွယ်ခြင်းမရှိသလို ကောင်းမွန်တဲ့ဝတ်စားဆင်ယင်မှုလဲ မရှိတဲ့ သူတစ်ယောက်ဆိုပေမဲ့ သူက ပျော်ရည်ပြာနယ်မြေကြီးရဲ့ ဝိညာဥ်မီးတောက်မြို့တော်ကို ဆက်သွယ်ပေးနိုင်မဲ့ တစ်ခုတည်းသော ပေါင်းကူးတံတားပဲ။

သူ့ကို အပြစ်ပြုမိရင် ရူးနှမ်းရာကျလိမ့်မည်။ ဒါပေမဲ့ သူ့တစ်ယောက်ထဲကို အားကိုးနေရင်လဲ တုံးအရာကျမည်။

သူတို့တွေ ဒိုရှင်းရှီကို ကြည့်လိုက်ကြသည်။.

ဒီကလေးမှာလဲ လုပ်နိုင်ရည်ရှိသည်။

နည်းနည်းလေး စိတ်လှုပ်ရှားလွယ်တာက လွဲရင်ပေါ့။ နည်းနည်းလေး ဒရာမာခင်းတတ်တာက လွဲရင်ပေါ့။ ကောင်းကောင်းမွန်မွန် ထိန်းချုပ်တတ်ပြီး… လုံလောက်တဲ့ အကျိုးအမြတ်ကို ပေးနိုင်မယ် ဆိုရင် ဒီကုန်သွယ်ရေးမှာ သူလဲပဲ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်သည်။

သူတို့အနေနဲ့ ဒီကောင်လေးကိုတော့ စောင့်ကြည့်ဖို့ လိုသေးသည်။

ဆက်လက်ဆွေးနွေးနေပေမဲ့ လေထုက အနည်းငယ်ပြောင်းလဲကာ ပေါ့ပါးလာခဲ့ပြီ။

အကုန်လုံးရဲ့ လက်ထဲမှာ ပစ္စည်းတစ်ခုစီ ရှိသည်။

အစောပိုင်းက အတည်အတံ့ ဆွေးနွေးနေတဲ့ အဖိုးကြီးတွေလဲ လက်ထဲမှာ အာလူးကြော်နဲ့ ​ဖျော်ရည်ကိုယ်စီဖြင့် သာယာနေကြလေရဲ့။

အခန်းတွင်းက စွမ်းအင်က ပေါ့ပါးလာသည်။

စကားတွေလဲ ပိုချောမွေ့လာသည်။ ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့တောင် လက်ထဲမှာ ကိုလာတစ်ဗူးနဲ့ ပိုပြီးလူသားဆန်နေသည်။

တစ်ဖက်က ဒိုရှင်းရှီကတော့ ပြန်လည်မွေးဖွားခြင်း ဖြစ်စဥ်ကို ကြုံတွေ့နေလေရဲ့။

နှစ်ငါးရာလောက် ငတ်ပြတ်ခြင်းသံသရာထဲ ပိတ်ဆို့ခံထားရသလိုမျိုး အာလူးကြော်ကို အငမ်းမရ တိုက်ဖျက်နေတော့သည်။

ပြင်းထန်းစွာ အင်အားသုံးသည်မို့ အာလူးကြော်တွေထဲမှ ဆူညံသံ ပြန်ပေးနေလေ၏!

တစ်ကိုက်ကိုက်ပြီးတာ သူ ခဏရပ်လိမ့်မည်။ အသက်ရှုဖို့တော့ မဟုတ်ဘူး။ အရသာခံဖို့ပင်။ သံပုရာဆိုဒါ တစ်ဗူးကိုလဲ ဒူးကြားထဲညှပ်ထားပြီး အဖုံးမဖွင့်ရသေးချေ။

အခုချိန်မှာ အာလူးကြော်ရဲ့ အရသာလေးကို မပျောက်ကွယ်သွားစေချင်ဘူး။

ဆိုင်ရဲ့ ပိုဝေးလံတဲ့ တစ်နေရာမှာလဲ လေထုက ပိုပြီးအသက်ဝင်နေသည်။

စားပွဲဝိုင်းမှာ ဧကရီရှန်ချန်ရို့သည် သူမရဲ့ ဒုတိယမြှောက် ရေခဲမုန့်နဲ့အတူ နတ်ပြည်ကြွနေလေရဲ့။ ဒီတစ်ခေါက် အရသာက နို့ရေခဲမုန့်ပင်။

သူမ အစောပိုင်းက ချောကလတ်ကို စားခဲ့ပြီးပြီ။ နှစ်မျိုးလုံးက နတ်ပြည်က အစားအသောက်သဖွယ် ကောင်းမွန်ထူးခြားသော်ငြား နို့ရေခဲမုန့်က သူမရဲ့နှလုံးသားကို အနိုင်ရသွားသည်။

ဒါက.. လုံးဝ အကောင်းဆုံးပဲ!

ဧကရီက အာလူးကြော်ထုပ်ကိုလဲ ဖောက်ပြီးသွားပြီ။ သူမက ချက်ချင်းပဲ အာလူးကြော်တစ်ပြားကို ရေခဲမုန့်ထဲ နှစ်လိုက်သည်။

ကျွတ်!

ချိုပြီး…

နူးညံ့မှုနဲ့ ကျွတ်ဆတ်မှုကို ပေါင်းစပ်ထားသည်။

ကျွတ်ဆတ်တဲ့ အာလူးကြော်ရဲ့ အငန်အရသာကို နို့နံ့လေး သင်းနေတဲ့ ချိုချိုအေးအေးဓာတ်က ဝန်းရံထားသည်။ အရင်ဦးဆုံး အထိအတွေ့နဲ့တင် သူမ ယိမ်းယိုင်သွားရသည်.. အစပိုင်းက ချောမွေ့ပြီး ထို့နောက်မှာ ပြီးပြည့်စုံတဲ့ ကျွတ်ဆတ်မှုကို ကြုံတွေ့ရလိမ့်မည်။

ထို့နောက်မှာ ပေါင်းစပ်ထားတဲ့အရသာကို ခံစားနိုင်သည်။

အငန်ဓာတ်ပြည့်တဲ့ အနားစွန်းလေးတွေက အေးမြမှုကြားမှာ ကခုန်နေသည်။ တစ်ခါ ဝါးလိုက်တိုင်း ဆန်းကြယ်တဲ့ ပေါင်းစပ်မှုအသစ် တစ်ခုကို ခံစားနိုင်သည်။ မကောင်းလောက်ဘူးထင်ခဲ့ပေမဲ့ အလုပ်ဖြစ်သွားတာပင်။

နို့အရသာက အငန်ဓာတ်ကို အားဖြည့်ပေးချိန်မှာ အာလူးကြော်က ရေခဲမုန့်ကို ပိုထင်ပေါ်စေသည်။ စွဲလန်းစရာ ပေါင်းစပ်မှုတစ်ခုပင်။

မင်းသမီး ယူလန်ချင်းယီလဲ လိုက်လုပ်ကြည့်လိုက်သည်။

တစ်ခုကိုပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက်မှာ သူမ မျက်တောင်ခတ်လိုက်သည်။ ချက်ချင်းပဲ အာလူးကြော် ငါးပြားလောက် ပါးစပ်ထဲ ရောက်သွားလေ၏။

‘ထူးဆန်းတယ်’

သူမ တွေးမိသည်။

‘ ဒါပေမဲ့ အရမ်းကောင်းတာပဲ!’

တစ်ဖက်စားပွဲဝိုင်းမှာတော့ လင်ယွီကျွင်းသည် တွန့်ဆုတ်နေခဲ့သည်။

သူတို့လေးယောက်သည် အချင်းချင်း စိုက်ကြည့်လိုက်ကြသည်။ သူတို့ရဲ့ ကြားမှာ ဖိအားမရှိပါချေ။ ဒါပေမဲ့ မင်းသမီးနဲ့ ဧကရီကို ကြည့်နေရင်း.. သူတို့ရဲ့ မျက်နှာတွေကို ကြည့်နေရင်းနဲ့…။

သောက်ကျိုးနည်း! ငါလဲ မြည်းကြည့်ချင်တယ်!

ယွဲ့ရှုယန်က မျက်တောင် တစ်ချက်မခတ်ပေ။ သူမလဲ အာလူးကြော်ကို ရေခဲမုန့်ထဲ နှစ်လိုက်သည်။

ကျွတ်!

“..ဟမ်”

ဟွာဖေးရှုလဲ လိုက်လုပ်သည်။ ထို့နောက်မှာ ရှောင်လျန်းဖန်.. နောက်ဆုံးအနေနဲ့ လင်ယွီကျွင်းပင်။

ချောကလတ် အရသာက ကောင်းကောင်း အလုပ်ဖြစ်လေသည်။

အချို၊ အခါး၊ အငန် အကုန်လုံး တစ်ပြိုင်ထဲ ပေါင်းစပ်ချိန်မှာ… မယုံနိုင်လောက်အောင် အရသာရှိတဲ့တစ်စုံတစ်ခု ထွက်ပေါ်လာသည်။

သူတို့နားမလည်ခဲ့ပါချေ။

ဒါပေမဲ့ သူတို့ ဂရုမစိုက်ဘူး။

ဒီလိုနဲ့ ဆိုင်ထဲမှာ ထူးဆန်းတဲ့ကြိုးစားမှု အသစ်တစ်ခုဖြစ်ပေါ်လာသည်။ ပေါင်းစပ်ခြင်း အသစ်တစ်ခု.. အရသာအသစ်တစ်ခုကို.. မြည်းစမ်းဖို့ရန် ဘယ်သူကမှ နောက်မကျန်နေချင်ဘူး။

ဒီအရသာအသစ်ရဲ့ အဓိကပုဂ္ဂိုလ်ကတော့.. ဧကရီမှလွဲလို့ တစ်ခြားမဖြစ်နိုင်ပါချေ။

ဧကရီ ရှန်ချန်ရို့သည် မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ ဆရာဖြစ်ပြီး လက်ဝါးတစ်ချက်နဲ့တင် စီရင်စုတစ်ခုလုံး၊ မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်သည်။

ဘယ်သူမှ မသိလိုက်ပါပဲ သူမသည် အပြိုင်ကမ္ဘာ ကုန်စုံဆိုင်မှာ သမိုင်းသစ် တစ်ခုကို တီထွင်နိုင်ခဲ့သည်!

ထူးဆန်းတဲ့ ပေါင်းစပ်မှုအသစ်တစ်ခု…

ဒါပေမဲ့ ထိုပေါင်းစပ်မှုက နှစ်များစွာကြာသည်အထိ ရေပန်းစားနေအုံးမှာပင်။

ထိုပေါင်းစပ်မှုကနေ ဘယ် ရေခဲမုန့်မှ လုံခြုံမှုရမှာ မဟုတ်တော့ပေ။

နောက်တစ်အပတ်ကျရင်လဲ စားသုံးသူရှိအုံးမှာပဲ။ နောက်လမှာရော.. နောက်နှစ်များအထိပါ ဒီပေါင်းစပ်မှုက ချန်ရို့ရဲ့ ကျွတ်ဆတ်မှုအဖြစ် နယ်မြေတစ်ခွင်ကြား ရွေးချယ်ခံနေရမှာပဲ။

ဒါပေမဲ့ အခုချိန်မှာတော့ ဧကရီက အချိန်ကောင်းလေး.ကုန်ဆုံးနေလေ၏။

ဟောင် ကောင်တာကို မှီနေရင်း ပျော်ရွှင်မှု ပြည့်နေတဲ့ မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ အာလူးကြော်အိပ်ရဲ့ တစ်ကြွတ်ကြွတ်အသံနဲ့ စကားဝိုင်းတွေမှ ပျံ့လာတဲ့စကားသံတွေကြားမှာ အာလူးကြော်နဲ့ရေခဲမုန့်ကို ပျော်ရွှင်စွာစားသုံးနေတဲ့ မြင်ကွင်းက.. ထူးထူးဆန်းဆန်းကို အောက်မေ့ဖွယ်ဖြစ်နေ သလိုပဲ။

ပြန်အမှတ်ရဖို့ သူ မျက်လုံးမှိတ်ပြီး စဥ်းစားဖို့ပင် မလိုပါချေ။

ကမ္ဘာပေါ်မှာ သူထိုမြင်ကွင်းကို မြင်ဖူးသည်။ စားသောက်ဆိုင်တွေမှာမဟုတ်ဘူး။ အင်တာနက်ပေါ်က အစားအသောက် ဗီဒီယိုတွေမှာပဲ။

အကြော်တွေကို အချိုပွဲထဲ နှစ်စားကြသည်။

ရွှေရောင်အာလူးချောင်းပေါ်မှာ အဖြူရောင် နို့ရေခဲမုန့်ပေနေတဲ့ အချောင်းကို.ကိုင်ထားရင်း လူတစ်ယောက်က ပြောခဲ့သေးသည်။

“ မစားကြည့်ဘဲ မဘလိန်းကြနဲ့”

ကောမန့်ထဲမှာလား? လုံးဝကို တိုက်ပွဲ ကွင်းပြင်ပင်။

တစ်ဖက်ခြမ်းကတော့ မီးတောက်အီမိုဂျီတွေနဲ့ ပေါင်းစပ်မှုက ဘယ်လို ရိုက်ချနိုင်ကြောင်း ပြောနေချိန်မှာ ကျန်တစ်ဖက်က အော့အန်နေပုံ အီမိုဂျီများဖြင့် ပြစ်မှုဆိုင်ရာ မီမီများဖြင့် မန့်ထားကြသည်။

လူတစ်ယောက်ရဲ့ ကောမန့်ဆိုရင်..

“ ဒါကို နိုင်ငံ 37 နိုင်ငံလောက်က တရားမဝင်တဲ့ အပြုအမူအဖြစ် သတ်မှတ်ပေးသင့်တယ်!”

အချိုနဲ့အငန်? အအေးနဲ့အပူ? နူးညံ့မှုနဲ့ ကျွတ်ဆတ်မှုတဲ့လား?

တစ်ချို့အတွက်တော့ အဲ့ဒီပေါင်းစပ်မှုက ရာဇဝတ်မှုတစ်ခုပဲ။

ဒါပေမဲ့ စမ်းကြည့်ရဲတဲ့ သူတွေအတွက်တော့.. ရိုက်ချခံလိုက်ရမှာပင်။

ပါးစပ်ထဲဝင်တာနဲ့ ပျော်ဝင်သွားတဲ့ ရေခဲမုန့်ကြားမှာ အာလူးကြော်ကျွတ်ကျွတ်လေး ကျန်နေသေးတာက… ရူးလောက်တဲ့ ပေါင်းစပ်မှုလေ။

အခုတော့ ဟောင်သည် လုံးဝကို မတူညီတဲ့ ကမ္ဘာတစ်ခုမှာ ဆင်တူတဲ့ပေါင်းစပ်မှုကို ကြည့်ရှုနေရသည်။

ဒီနေရာမှာ အင်တာနက်မရှိဘူး။ ဘယ်လိုစားရမယ်ဆိုပြီး လမ်းညွှန်မဲ့သူလဲ မရှိဘူး။

ချက်ချင်းပဲ..

သိချင်လာသည်။

ဒီနေရာမှာ ထူးဆန်းတဲ့ပေါင်းစပ်မှုကို အကုန်မျှဝေနေကြသည်။

မုန်းတီးသူ မရှိသေးဘူး။ ‘အစားအသောက် ဖျက်ဆီးခြင်း’ ဆိုပြီး အော်ဟစ်ဆန္ဒပြသူ မရှိသေးဘူး။

ဒါပေမဲ့ မကြာခင် လာတော့မယ်ဆိုတဲ့ ခံစားချက်တော့ရနေသည်။

သနားစရာသက်ရှိတစ်ကောင်ကောင် ဆိုင်ထဲဝင်လာပြီး ရင်မှာနာကျည်းခံစားရင်း ငိုကြွေးနိုင်လောက်သည်။

အခုတော့လား? လေထုတစ်ခုလုံးမှာ အချိုအငန်ရဲ့ မျှတတဲ့ ပေါင်းစပ်မှု ဟာမိုနီပဲ ရှိသည်။

………………

All Chapters