(ကျင့်ကြံမှုနှစ်ဆနဲ့ ထိုးတက်မယ်)
Vol. 11 Ch. 153
ဒီလိုနဲ့အပြိုင်ကမ္ဘာ ကုန်စုံဆိုင်အတွင်းမှာ နေ့ရက်တွေက တိတ်တဆိတ် ကုန်ဆုံးသွားသည်။
ဟောင် အခုချိန်ထိ ပျော်ရည်ပြာနယ်မြေကြီး အတွင်းသို့ ခြေမချရသေးချေ။
ဒါပေမဲ့ ပျော်ရည်ပြာနယ်မြေကြီးနဲ့ ပတ်သတ်ပြီး သတင်းအချက်မလက် မရှိတာတော့ မဟုတ်ပေ။
ခူရိုမီနဲ့ ထျန်းလုကို အပြင်ဘက်မှာ ဆိုင်စောင့်ရတဲ့ အတွေ့အကြုံနဲ့ ပတ်သတ်ပြီး ရှင်းလင်းစွာ မေးထားပြီးပြီ။
‘လိုအပ်ရင် ငါတိုက်ခိုက်လို့ရတယ် သခင်။ ဒါပေမဲ့ အဲ့နေရာကို မကြိုက်နေဘူး’
ပုံမှန်အားဖြင့် ကျက်သရေရှိပြီး စွမ်းအားကြီးတဲ့ ကြောင်မဲလေးရဲ့ လေသံတွင် အနည်းငယ် စိတ်ဆိုးမှုတွေ ပါဝင်နေသည်။ ဆိုလိုတာက သူမ အဲဲ့ဒီနေရာကို တော်တော်လေး မကြိုက်နေလို့ပဲ။
ပုံမှန်အားဖြင့် သူမက ညဘက်ပဲ တာဝန်ယူလေ့ရှိသည်။ နေ့ခင်းပိုင်းမှာ ဆိုင်စောင့်ရချိန်မှာ ဝိညာဥ်မီးတောက်မြို့တော်ရဲ့ နေလုံးကြီးပါ ပေါင်းလိုက်တော့ သူမရဲ့စွမ်းအားကို တော်တော်လေး ကုန်ဆုံးစေသည်။
သေချာပေါက် သူမရဲ့ အသူရာချောက်နက်အမှောင်ထုကို ဖန်တီးနိုင်ဆဲပဲ။
ဒါပေမဲ့ ကောင်းကင်ထက်က အင်အားပြည့်စွာ တောက်လောင်နေတဲ့ နေလုံးကြီးကြောင့် ဘယ်လောက်ပဲ ကြိုးစားပါစေ ရေပြင်ကျယ်ထဲ မှင်စက်တစ်စက် ချသည့်နှယ် လျင်မြန်စွာ ပျောက်ကွယ်သွားရသည်။
အလင်းက သူမရဲ့ထိန်းချုပ်မှုကိုပဲ လျော့ချပစ်တာ မဟုတ်ဘူး။ သူမ ဆင့်ခေါ်လိုက်တဲ့ အရိပ်တိုင်းကို အရေဖျော်ပစ်သလိုပဲ။
သူမ ဖန်တီးတဲ့အမှောင်ထုက ပိုပါးလွှားလာပြီး ပေါ့ပါးလာတာမို့…အရိပ်မရှိတော့ဘူး။
နေရာအနေအထားကို သင့်လျော်အောင် အဆောက်အဦးကြီးများရဲ့ အကာကိုယူပြီး အပေါ်ကနေလုံးရဲ့အလင်းကို ကာပြီးမှသာ အမှောင်ထုဖန်တီးမယ်ဆိုရင် အလုပ်ဖြစ်နိုင်ကြောင်းကို ခူရိုမီက ဆက်ရှင်းပြသေးသည်။
‘ဒါပေမဲ့ အရိပ်ဆိုတာလဲ သူ့အနေနဲ့ တိုက်ခိုက်ရမဲ့ရန်သူကို လိုအပ်တယ်’
ခူရိုမီ ဆက်ပြောသည်။.
‘ဒါပေမဲ့ သူတိုက်ခိုက်ရမဲ့ အလင်းက အရမ်းများနေရင်လဲ..’
ခူရိုမီက သူမရဲ့လက်သည်းများကို အသုံးပြုပြီး သရုပ်ပြလိုက်သည်။
‘အကုန် သွားမှာပဲ’
သေချာပေါက် အကြောင်းအရင်းတစ်ချို့ကြောင့် သန်မာတဲ့ အလင်းက အမှောင်ကို တွန်းအားပေးမှာ မဟုတ်ချေ။ အဲ့ဒီအလင်းက အမှောင်ထုကို မပြည့်ဝစေဘဲ သူကလွှမ်းမိုးပစ်လိုက်မှာ။
အရိပ်ဆိုတာ အရာဝတ္ထုတစ်ခုမဟုတ်ဘူး။
အရိပ်ဆိုတာမတည်ရှိမှုပဲ။
အဘက်ဘက်ကနေ အလင်းတွေ လာနေမှတော့ အမှောင်ထုအတွက် ဘယ်နေရာရှိမှာလဲ?
ရိုးရှင်းပါသည်။
ဝိညာဥ်မီးတောက်မြို့တော်က ညဘက်ဆိုရင်တောင် အလင်းရသည်။ ခူရိုမီ့အတွက်တော့ ထိုအချက်က တော်တော် အရေးကြီးသည်။
ညဘက်က သူမရဲ့အချိန်၊ သူမရဲ့အခိုက်အတန့် ဖြစ်သင့်တာလေ။
ဒါပေမဲ့ သူမရဲ့ အရိပ်ကဘယ်တော့မှ ထိုမြို့တော်မှာ ထိပ်ဆုံးကို မရောက်နိုင်နေဘူး။
ညဘက်ဆိုရင် ကောင်းကင်ထက်မှာ အဆုံးမရှိတဲ့ အမှောင်ထုက ဖုံးလွှမ်းနေရပြီး အရိပ်တွေက သူမရဲ့ခန္ဓာကိုယ်ကို ဒုတိယ အရေပြားလို လွှမ်းခြုံနေတဲ့မဟာမြို့တော်ကိုပဲ သူမပိုသဘောကျသည်။
ဒါပေမဲ့ သူမ ကိုယ့်ရဲ့တာဝန်ကို နားလည်ပါသည်။
ဝိညာဥ်မီးတောက်မြို့တော်မှာ တာဝန်ထမ်းဆောင်ရတာလဲ သူမကိုပိုပြီး တိုးတက်စေနိုင်သည်။
သူမရဲ့ထိန်းချုပ်မှုကို မြှင့်တင်ပေးနိုင်သည်။
သူမရဲ့ စိတ်ဓာတ်ကိုလေ့ကျင့်ပေးနိုင်သည်။
ဒါက မတူညီတဲ့ တိုက်ပွဲကွင်းပြင်ပဲ။
သေချာပေါက် သူမ ထွက်ပြေးမှာမဟုတ်ဘူး။
သူမရဲ့ ခန္ဓာကိုယ်ကလဲ အခုလိုမျိုး အဆုံးစွန်ရာသီဥတုမျိုးအတွက် အထောက်အကူဖြစ်သည်လေ။
သူမရဲ့ အနက်ရောင်အမွှေးတွေက အလှပြထားတာ မဟုတ်ဘူး။
အပြင်ဘက်က ရာသီဥတုက ပွက်ပွက်ဆူအောင် ပူပြင်းနေပါစေ၊ ခိုက်ခိုက်တုန်အောင် ချမ်းနေပါစေ၊ သူမရဲ့ အမွှေးတွေက အသိစိတ်ရှိနေသလိုမျိုး လိုက်ပြုပြင်ပေးလိမ့်မည်။
လိုအပ်တာကို စုပ်ယူပြီး.မလိုအပ်တာကို ထုတ်ပေးလိမ့်မည်။
ဒါကြောင့် သူမ ချွေးမထွက်သလို ချမ်းတယ်လို့လဲ မခံစားရပေ။
တစ်ဖက်က ထျန်းလုရဲ့ အဖြေကလဲ မထူးခြားနားပင်။
“ဒါက”
“နည်းနည်းတော့…” “ပူတယ်”
“သူဋ္ဌေး”
သူ့ရဲ့ခန္ဓာကိုယ်က ပြင်းထန်တဲ့ ရာသီဥတုကို အသားကျပြီးသားပင်။ ဒါပေမဲ့ ဝိညာဥ်မီးတောက်မြို့တော်ရဲ့ နေလုံးကတော့ သူ ဝန်ခံရလောက်အောင် သူမတူထူးခြားသည်။
အခုလိုမျိုး ထုတ်ပြောလိုက်ရခြင်းကလဲ သူဋ္ဌေးက သာမာန်သူများအတွက် မေးနေသည်ဟု ယူဆ၍သာ။.
ဒါပေမဲ့ သူ မသိလိုက်တာက သာမာန်သူတွေအတွက်တော့ သူ့ရဲ့နည်းနည်းက အမှန်စင်စစ်မှာ မီးတောင်တစ်ခု ထမ်းပိုးထားရသလို ခံစားရစေမယ်ဆိုတာပဲ။
အဲ့ဒါက နည်းနည်းလောက် အပူချိန် ဟုတ်မနေဘူး။
တံခါးဖွင့်ပြီးအပြင်ထွက်တာနဲ့ တစ်ခါထဲ ရေငွေ့ပျံသွားလောက်တဲ့ အပူမျိုးပေါ့။
ထိုနှစ်ယောက်ရဲ့စကားကို ဟောင် ပေါ့ပေါ့လေး မတွေးခဲ့ပါ။ ဟောင် ကောင်းကောင်းသိသည်။
ဒူပေဒဏ်ပေ ခံနိုင်တဲ့ ဒီနှစ်ယောက်ထံကနေတောင် ပူတယ်ဆိုတဲ့ စကားလုံးထွက်လာတယ်ဆိုမှတော့ သေချာပေါက် ထိုနေရာရှိ ပြင်းထန်တဲ့ အပူချိန်က သေစေနိုင်လောက်သည်ဆိုတာ သေချာပါ၏။
အသက်ရှုနေရရင်ကိုပွက်ပွက်ဆူနေတဲ့ အိုးထဲ ထည့်ထားသလို ခံစားနေရလောက်သည်။
အဲ့ဒီနယ်မြေက လူတွေ ဘယ်လိုရှင်သန်ကြတယ် မသိဘူး။
သူတို့ရဲ့ ခန္ဓာကိုယ်က ကျင့်သားရနေပြီးသား.ဖြစ်မည်။ မဟုတ်ရင်လဲ လေအေးပေးစက်ကို တောက်လျှောက်ရနေမဲ့ အဆောင်စာရွက်တွေ ကပ်ထားလို့ပဲ။
ဒီလိုမျိုး ရာသီဥတု ပြင်းထန်တဲ့နေရာမျိုးကို သတိပေးချက်မရှိဘဲ ကမ္ဘာပေါ်က လူတစ်ယောက်ယောက်သာ ရုတ်တရက် ရောက်သွားရင်လား?
ငါးမိနစ်လောက် အတွင်းမှာပဲ ငိုယိုပြီး လဲကျသွားနိုင်သည်။
အခန့်မသင့်ရင် ဦးနှောက်သွေးကြောပါ ပျက်သွားနိုင်၏။
ဒါကြောင့် ဟောင့် အနေနဲ့ ဆိုင်ထဲမှာပဲ ပိုနေချင်မိသည်။
အတွင်းထဲမှာ အရမ်းမိုက်သည်လေ.. အေးနေတာပဲ!
ပြီးတော့ အပြင်ထွက်ရမယ်ဆိုရင်လဲ မဟာမြို့တော်ကိုပဲ ထပ်သွားလို့ရတာပဲ။
ပြောရရင် သူမဟာမြို့တော်ကို တစ်ကြိမ်ပဲ သွားရသေးသည်။
အခုက ဝိညာဥ်မီးတောက်မြို့တော်ရဲ့ ပွက်ပွက်ဆူလောက်တဲ့အပူချိန်ကို ရှောင်ချင်နေတာလဲ မဟုတ်ဘူး။
အဲ့ဒါက တစ်စိတ်တစ်ပိုင်း ပါဝင်ပေမဲ့ပေါ့။
ဆိုင်ရဲ့ ရောင်းကုန်ဖြစ်တဲ့ ရေခဲမုန့်ကသာ ဝိညာဥ်မီးတောက်မြို့တော်ရဲ့ အပူချိန်ကို နည်းနည်းလောက် ထိန်းပေးနိုင်မယ်ဆိုရင်…
ဖြစ်နိုင်တာ.. တစ်ရက်ရက်တော့..
သူ အပြင်ထွက်လောက်ပါသည်။
ဟောင် အနာဂတ်အတွက်ပဲ စီစဥ်လိုက်သည်။
သူ့အနေနဲ့ ဆိုင်ကို ကြည့်ရှုရအုံးမည်။
သူက တာဝန်ယူမှုရှိတဲ့ဆိုင်ရှင် တစ်ယောက်ပဲ။
ကိစ္စတွေအားလုံးကို အစီအစဥ်တကျဖြစ်အောင် လုပ်ရမည်။ အလုပ်သမားတွေကို ညွှန်ပြပေးရမည်။ ကုန်သွားတဲ့ပစ္စည်းတွေကို ပြန်ဖြည့်ရမည်။
ဒါပေမဲ့ ဝိညာဥ်မီးတောက်မြို့တော်က အဆိုးဝါးကြီးလဲ မဟုတ်ပါချေ။
ဆိုင်ရဲ့ အဓိကနေရာကို ဝိညာဥ်မီးတောက်မြို့တော်မှာ ထားလိုက်တဲ့အတွက် အခုချိန်မှာ သူ့ရဲ့ ကျင့်ကြံမှုက ဒုံးကျည်တစ်ခုလို အရှိန်ပြင်းစွာ ထိုးတက်နေရသည်။
သေချာပေါက် နေရောင်ခြည် ချီစွမ်းအင်က တစ်ခုဝယ် နှစ်ခုလက်ဆောင်ရသလိုမျိုး ကိုယ်တွင်းကိုဝင်ရောက်နေတာပင်။
အစကတော့ သူ သတိမထားမိသေးဘူး။
နေရောင်က သူ့ရဲ့ဦးနှောက်ကို.ပို အလုပ်လုပ်စေတာပဲလို့သာ ထင်နေခဲ့မိသည်။
ဒါပေမဲ့ တိတ်ဆိတ်တဲ့ညနေခင်းတစ်ခုမှာ သိချင်စိတ်တစ်ခုက သူ့ကိုရိုက်ခတ်လာ တော့သည်။
‘စနစ် ငါဘာလို့ ဖြတ်လမ်းတစ်ခု ရလိုက်သလို ခံစားနေရတာလဲ?’
(စစ်မှန်တဲ့ လေ့လာမှုပဲ။ ပိုင်ရှင် မဆိုးဘူးတော်တယ်)
( အစက မဟာမြို့တော်က ဆိုင်ရဲ့အဓိက ဝင်ပေါက်ဖြစ်တဲ့အတွက် ဆိုင်ရဲ့ ချီစွမ်းအင်ဝင်ရောက်မှုက အဲ့ဒီနေရာနဲ့ ဆက်သွယ်ထားတယ်)
( ချီစွမ်းအင် ဝင်လာနိုင်တဲ့ အဓိက ပိုက်လိုင်းတစ်ခုလိုပေါ့။ ပိုင်ရှင်ကျင့်ကြံသမျှ ချီစွမ်းအင်တိုင်းက အဲ့ဒီနေရာကနေ ရောက်လာတာပဲ)
(ဒါကြောင့် ဆိုင်ထဲမှာ တစ်လျှောက်လုံးနေရင်တောင် မဟာမြို့တော်မှာ ထိုင်ပြီးကျင့်ကြံနေသလိုပဲ)
(ဒါပေမဲ့ ဆက်သွယ်ထားတဲ့နေရာက ကံဆိုးစွာနဲ့ မှောင်မဲတဲ့လမ်းကြားတစ်ခု ဖြစ်နေခဲ့တယ်။ ညီမျှပေမဲ့ နည်းပါးတယ်။ နေမွန်းတည့်ချိန်မှာရတဲ့ နေရောင်အနည်းငယ်ကတော့ ကူညီပေးနိုင်တာပေါ့)
(ဒါပေမဲ့အခု ပိုင်ရှင်က ဆိုင်ရဲ့အဓိက ဝင်ပေါက်ကို ဝိညာဥ်မီးတောက်မြို့တော်နဲ့ ဆက်သွယ်လိုက်တာမလား? ဂုဏ်ယူပါတယ် ပိုင်ရှင်။ ဆိုင်ရဲ့ချီစွမ်းအင် ဝင်ရောက်မှုကို တောက်လှောင်နေတဲ့ ဒယ်အိုးတစ်ခုလို အရှိန်မြှင့်တင်နိုင်သွားပြီ)
ဟောင် မျက်နှာကို စိုက်ကြည့်နေလိုက်သည်။
ဒီလိုဆို ရှင်းပြနိုင်သည်။
သူ စိတ်ထင်နေခဲ့တာ မဟုတ်ဘူး။ ဒီရက်ပိုင်း သူ့ရဲ့ကျင့်ကြံမှုက နှစ်ဆလောက်မြန်နေခဲ့သည်။ တစ်ခါတစ်လေဆို နှစ်ဆမကဘူး။
အလကားဆော့ရတဲ့ ဂိမ်းဗားရှင်းကနေ VIP တွေပဲရမဲ့ အလ်ထရာVIP ဗားရှင်းကို တစ်ပြားမှမပေးဘဲ ဆော့နေရတဲ့အတိုင်းပဲ။
ဒါတွေအားလုံးက ဆိုင်ရဲ့အဓိကဝင်ပေါက်ကို ငရဲနဲ့ဆက်သွယ်လိုက်တဲ့အတွက် ဖြစ်လာရတာပင်။ ပျော်ရည်ပြာနယ်မြေရဲ့ အပူချိန်က မဖြစ်နိုင်လောက်အောင် ပြင်းထန်သည်။
နေရောင်ခြည်စွမ်းအင်တွေ ပြည့်နေတဲ့ဟင်းရည်အိုးထဲမှာ ကိုယ့်ကိုယ်ကို မြုပ်နှံထားရသလို ခံစားရသည်။
အစားကောင်းကြိုက်တဲ့ သူ့ရဲ့ သိုင်းသွေးကြောတွေက အငမ်းမရ စားသောက်နေသည်။
တစ်စက်လေးတောင် အောက်ကိုဖိတ်မကျစေဘဲ…
နည်းနည်းမှ မဖြုန်းတီးပစ်ဘဲ…
စားပွဲတော်ကြီး တည်ခင်းနေလေ၏!
သွေးကြောတွေဆီကနေ အငမ်းမရ စားသုံးနေသံကိုပင် ကြားနေရသလိုပဲ။
‘ဒီတော့ ဆိုင်ရဲ့အဓိကဝင်ပေါက်ကို အဆုံးမရှိ ပူပြင်းတဲ့နေရာနဲ့ဆက်သွယ်လိုက်တဲ့အတွက် ငါကျင့်ကြံတာ ပိုပြီးကောင်းလာရတာပေါ့’
( အမှန်ပဲ ပိုင်ရှင်။ အဲ့ဒါကို ကြိုးတစ်ခုလို့ သတ်မှတ်လိုက်ပေါ့။ ဘယ်နေရာကိုပဲ ဝင်ပေါက်အဖြစ် သတ်မှတ်သတ်မှတ် အဲ့ဒီနေရာက သဘာဝချီစွမ်းအင်တွေက ဆိုင်ရဲ့စွမ်းအင်စုဆောင်းမှုထဲကို တိုက်ရိုက် ဝင်ရောက်လာမှာပဲ)
(ဒီအချိန်မှာ ပိုင်ရှင့်မှာ မဟာမြို့တော်နဲ့ ဝိညာဥ်မီးတောက်မြို့တော်ဆိုပြီး ရွေးစရာ နှစ်ခုရှိတယ်)
‘ဒါဆို ဒီချီးထုပ်တံခါးက ကျင့်ကြံမှုအတွက် ကံကောင်းစေတဲ့ အဆောင်လို့ ပြောရမှာပေါ့’
ဟောင် ကိုယ့်ဘာသာ ခေါင်းညိတ်လိုက်သည်။
ဒါဆို ဖြစ်နိုင်တာ ငါ ကျိန်စာသင့်တာ မဟုတ်ဘူးပေါ့။ ပထမအမြင် နည်းနည်းဆိုးဝါး သွားမိတယ်။ ဘီယားနဲ ဘီယားနဲ။
…………….