← Chapters

အသံမထွက်နဲ့

Vol. 39 Ch. 571

အသံမထွက်နဲ့

Vol. 39 Ch. 571

ဆန်နီ ခံစားချက်မဲ့စွာ မတ်တတ်ရပ်နေခဲ့ပြီး..သူ့မှာ ကျန်နေသေးတဲ့ ခွန်အားမှန်သမျှကို စုစည်းနေခဲ့တယ်..။ဒါက အရမ်းကို နည်းပါးလှပါတယ်..။ကတ်စီလည်း တိတ်ဆိတ်နေခဲ့တယ်..။သူမရဲ့ ဖြူဖျော့တဲ့ မျက်နှာပေါ်မှာတော့ စိုးရိမ်မူတွေ အပြည့်ပါပဲ..။

သူ့ရဲ့ အမြင်အာရုံတွေက ရှုတ်ထွေးနေပြီး..သူ့ရဲ့ အရိပ်အာရုံခံမူကလည်း..အဝိုင်းပုံစံ ရူးစ်တွေရဲ့ ကန့်သတ်ခြင်းကို ခံထားရတာကြောင့်..ဆန်နီ မြင်နိုင်တာဆိုလို့ ဝေဝါးနေတဲ့ အရိပ်တစ်ခုပါပဲ..။ဒါက လူသားတစ်ယောက် ဖြစ်တယ် ဆိုတာကိုတော့ သူသေချာပြောနိုင်ပါတယ်..။သိုပေမယ့်..ဒီ အနက်ရောင်ပုံရိပ်နဲ့ ပတ်သက်ပြီး တစ်ခုခုတော့ မှားယွင်းနေတာ အမှန်ပါပဲ..။

လုံးဝ..ဆိုးဆိုးဝါးဝါး မှားယွင်းနေတာ..။

..ပြင်းထန်တဲ့ သွေးနံ့က သူ့ရဲ့ နှာသီးဝကို ပြန်ဝင်လာခဲ့တယ်..။

အရိပ်က တုန်လှုပ်သွားပြီး..ရှေ့ကို ခြေတစ်လှမ်းတိုးသွားလာခဲ့ပါတယ်..။အဲ့ကနေတဆင့် နားစည်ကျိန်းလောက်တဲ့ အသံက ပြန်လည်ထွက်ပေါ်လာခဲ့တယ်..။ဆန်နီ မျက်လုံးတွေကို အားရုံစိုက်လိုက်တဲ့ အချိန်မှာတော့..ဒီလူရဲ့နောက်ဘက်မှာ ဓားတစ်ချောင်းကို ဒရွတ်တိုက်ဆွဲလာတာကို တွေ့နေရသလိုပါပဲ..။သူ့စိတ်ထဲမှာ မှတ်မိတဲ့ အရိပ်အယောင်တွေပေါ်လာခဲ့ပါတယ်..။သို့ပေမယ့် တစ်ခနအကြာမှာပဲ..ရုတ်တရက်ထွက်ပေါ်လာတဲ့..အက်ကွဲတဲ့ ရယ်မောသံကြီးကြောင့် သူ့ရဲ့ အတွေးတွေကို တစ်စစီ ဖြစ်သွားစေခဲ့တယ်..။

ဆန်နီ ကြက်သီးထသွားခဲ့ပါတယ်..။

အရိပ်က နောက်ထပ်တစ်လှမ်းလှမ်းလိုက်ပြီး..ပြန့်ပြူးတဲ့ ကြမ်းပြင်ကနေ..ဆင်ခြေလျောနေရာနား အထိကိုတောင် ရောက်လာခဲ့တယ်..။တိုက်ဆိုင်စွာပဲ အဲဒီနေရာက..မှိန်ဖျော့ဖျော့ တောက်ပနေတဲ့ ရူးစ် တွေ ရောက်နိုင်တဲ့ နေရာပါ..။

ဆန်နီ တုန်လှုပ်သွားခဲ့တယ်..။

‘ချီးပဲ..’

ရင်းနှီးတဲ့ မျက်နှာက အမှောင်ထဲမှာ မြင်နေခဲ့ရပါပြီ..။သူ့ရဲ့ အမြင်အာရုံတွေက မရှင်းလင်းသေးဘူးဆိုပေမယ့်..ဒီလူက သူတို့ကို လှောင်အိမ်ထဲမှာ အချိန်အတော်ကြာအောင် ပိတ်လှောင်ထားခဲ့တဲ့ မောက်မာတဲ့ ကင်းစောင့်ဖြစ်တယ် ဆိုတာကို ဆန်နီ မှတ်မိနိုင်ခဲ့တယ်..။

အခုချိန်မှာတော့..သူ့ရဲ့ အေးစက်ပြီး ခန့်ညားတဲ့ မျက်နှာကို မမြင်ရတော့ပါဘူး..။

အဲဒီအစား..သူ့ ပုံစံက ပုံပျက်ကာ..ပိန်ချုံးနေခဲ့တယ်..။သူ့ရဲ့ မျက်နှာပေါ်မှာတော့..ရူးသွပ်နေတဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါတယ်…

သို့ပေမယ့်..ပိုပြီး ဆိုးဝါးတာက..

ကင်းစောင့်ရဲ့ မျက်လုံးတွေ ရှိနေသင့်တဲ့ နေရာမှာတော့..သွေးထွက်နေတဲ့ မျက်လုံးနှစ်လုံးရှိနေပြီး..ပါးပြင်ပေါ်ကို သွေးတွေ စီးကျနေခဲ့ပါတယ်..။သူ့ရဲ့ လက်ချောင်းတွေမှာလည်း သွေးတွေနဲ့စိုရွဲနေခဲ့တယ်..။

ဆန်နီ နောက်ကို ဆုတ်လိုက်မိတဲ့အချိန်မှာတော့..ဆုံးရှုံးသူဟာ နောက်တစ်ကြိမ် ရယ်မောလိုက်တယ်..။ယင်းနောက်ရုတ်တရက် ဆိုသလိုပဲ..သူ့မျက်နှာသူ ကုတ်မဲ့လိုက်ပြီး..အော်ဟစ်နေမူကနေ တီးတိုးပြောဆိုမူတွေအဖြစ် ပြောင်းသွားခဲ့ပါတယ်..။

“..ငါ ထပ်ပြီး မရတော့ဘူး..မ….မ..မရတော့ဘူး..။ငါ သူ့ကို လှည့်စားခဲ့တာ…”

ယင်းနောက်..ရူးသွပ်နေသူက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်..။သူ့ရဲ့ ဦးခေါင်းက ဖြည့်းညှင်းစွာ လှည့်လာခဲ့ပြီး..သူ့ရဲ့ သွေးတွေ ထွက်နေတဲ့ မျက်လုံးတွေက..လှောင်အိမ်တည့်တည့်ကို စိုက်ကြည့်လာခဲ့ပါတယ်..။ခနအကြာမှာတော့..သူ့ရဲ့ မျက်နှာပေါ်မှာ အမုန်းတရားတွေ ပေါ်လာခဲ့ပါပြီ..။

“မင်း..မငး်..။မင်းတို့ အမှားတွေပဲ..။မင်းတို့ရဲ့..။မင်းတို့က သူ့ကို လွှတ်ပေးလိုက်တာ..”

ဆန်နီအားနည်းနေခဲ့ပြီး..မတ်တတ်တောင် မနည်းကြိုးစားရပ်နေခဲ့ရတာပါ..။သူက ကြောက်ရွံ့ဖို့အတွက်တောင် လုံလောက်တဲ့ ခွန်အားတွေ ရှိမနေတော့ပေ..။ဒီတော့..ကင်းစောင့်..သူတို့ဆီကို လက်စားချေဖို့ နဲ့ သတ်ဖို့အတွက် ပြန်လာခဲ့တယ်ဆိုတာ သိသာနေတာတောင်..သူက စိတ်မရှိခဲ့ပေ..။

အဲဒီအစား..သူကတော့ ဒီအရာကို ကြိုဆိုမိပါတယ်..။

‘ကောင်းတယ်…ကောင်းတယ်…။လာ…လာလိုက်လေ..။ဒီကို လာပြီး တံခါးကို ဖွင့်လိုက်..။ငါ့ကို သတ်ဖို့ မင်းကြိုက်သလောက် ကြိုးစားကြည့်လို့ရတယ်..။ဒီတိုင်း အဲဒိသောက်ကျိုးနဲ တံခါးကိုသာ ဖွင့်လိုက် ခွေးသား..’

တံခါးပွင့်သွားသ၍ သူတို့က လွတ်မြောက်ဖို့အတွက် အခွင့်အရေးရှိပါတယ်..။

ဆုံးရှုံးသူဟာ နောက်တစ်ကြိမ် လှုပ်လာခဲ့ပြီး..ရှေ့ကိုခြေတစ်လှမ်းတိုးကာ ရပ်တန့်လိုက်တယ်..။သူ့ရဲ့ ဓားက အသံတစ်ခုနဲ့ အတူပဲ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်..။

‘ချီးပဲ…မင်း..’

…အဲဒီအစား..သူ့ရဲ့ လက်တွေဝန်းကျင်မှာ အလင်းစက်ကလေးတွေ ပေါ်လာခဲ့ပြီး..လေးတစ်စင်းက ထွက်ပေါ်လာခဲ့တယ်..။

ဆန်နီရဲ့ နှလုံးသားက အေးစက်သွားခဲ့ပါပြီ..။

‘မဟုတ်ဘူး…မဟုတ်ဘူး.. မဟုတ်ဘူး..’

ကင်းစောင့်က တီးတိုးပြောလာခဲ့တယ်..။

‘သေလိုက်တော့..တိရစ္ဆာန်..’

ဒီလိုပြောပြီးတာနဲ့..သူ က လေးကြိုးကို ဆွဲတင်လိုက်တယ်..။သူ ဒီလိုလုပ်လိုက်တာနဲ့..မြားတစ်ချောင်းက သူ့ အလိုလို ပေါ်ထွက်လာခဲ့ပါတယ်..။မြားရဲ့ထိပ်ဖျားကတော့..ရှည်လျားပြီး ချွန်ထက်နေခဲ့တာပါ..။

ဆန်နီ အသက်ကို အောင့်ထားပြီး မြားရဲ့ ထိပ်ဖျားကို ကြည့်နေခဲ့တယ်..။ပြီးတာနဲ့..သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူ့ရဲ့ဘေးနားမှာ ခံစားချက်မဲ့စွာ ရပ်နေတဲ့ ကတ်စီကို ကြည့်လိုက်ပါတယ်..။သူ့ရဲ့ မျက်နှာက သုန်မုန်သွားခဲ့တယ်..။

‘အသံမထွက်လိုက်ပါနဲ့…ကျေးဇူးပြုပြီး..အသံမထွက်လိုက်နဲ့..’

ခနအကြာမှာတော့..သူက လေးကြိုးလွတ်လိုက်တဲ့ အသံကို ကြားလိုက်ပြီး..မြားတစ်စင်းက မျက်မမြင်မိန်းကလေးရဲ့ ပုခုံးပေါ်ကနေ ကျော်ဖြတ်သွားတာကို တွေ့မြင်လိုက်ရတယ်..။လေက သူမရဲ့ ဆံပင်ကို အနည်းငယ်လှုပ်ခတ်သွားစေပြီးမှ..မြားက နံရံကို သွားစိုက်နေခဲ့ပါတယ်..။

ကတ်စီ တုန်လှုပ်သွားခဲ့ပေမယ့်..လုံးဝကို တိတ်ဆိတ်နေတုန်းပါပဲ..။

ကင်းစောင့်က မျက်မှောင်ကျုတ်လိုက်ပြီး..

“အသက်ရှင်နေသေးတာလား..။မင်းတို့ အသက်ရှင်နေသေးမှန်း ငါသိတယ်…ဒါပေမယ့် အခုတော့ ထပ်ပြီး မရှင်နိုင်စေရဘူး..”

သူက လေးကြိုးကို နောက်တစ်ကြိမ် ထပ်ပြီး ဆွဲလိုက်တယ်..။နောက်ထပ် တစ္ဆေမြားတစ်ချောင်းက ပျံသန်းလာခဲ့ပါတယ်..။

ဒီတစ်ကြိမ်မှာတော့..ဒါက ဆန်နီ ရဲ့ ဦးခေါင်း စင်တီမီတာ အနည်းငယ်လောက်ကနေ ဖြတ်သန်းသွားခဲ့တာပါ..။သူ့ဘဝမှာ ပထမဆုံး အကြိမ်အနေနဲ့..သူက အရပ်ပုနေတာကို..ကျေးဇူးတင်လိုက်မိပါတယ်..။

သို့ပေမယ့် ရူးသွပ်နေတဲ့ ဆုံးရှုံးသူက မပြီးသေးပေ..။

ဆန်နီ ခေါင်းကို လှည့်ပြီး သူ့ကိုတည့်တည့်ကြည့်လိုက်တယ်..။ဆုံးရှုံးသူရဲ့ မျက်နှာပေါ်မှာ ရုတ်တရက် အပြုံးတစ်ခု ပေါ်လာခဲ့ပြီး..

“..မင်းကို အခု မိပြီ..”

သူက လေးကို နောက်တစ်ကြိမ် ဆွဲလိုက်ပြီး..အနည်းငယ်အောက်ကို နိမ့်လိုက်ကာ..ဆန်နီရဲ့ နှလုံးသား တည့်တည့်ကို ချိန်ရွယ်လိုက်တယ်..။

ဆန်နီကတော့ နည်းနည်းလေးတောင် မလှုပ်ခဲ့ပါဘူး..။

ဆုံးရှုံးသူ လေးကြိုးကို မလွှတ်ရသေးခင် အချိန်လေးမှာပဲ..တစ်ခုခု သေးငယ်တဲ့အရာလေးက သူ့နောက်ကနေ ရောက်လာခဲ့ပြီး..သူ့ရဲ့ ခြေထောက်ကို ပြင်းပြင်းထန်ထန် ကိုက်ပါတော့တယ်..။

အဲတာကတော့ တပ်မက်ခြင်း သေတ္တာပါ..။

အရာအားလုံး စဖြစ်ကတည်းက..ဆန်နီက ဒီအရာကို စစ်ဆေးတဲ့ အခန်းထဲမှာ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တာပါ..။သူက မှတ်သားမူ တွေ ,၊ ထပ်တူညီမူတွေကို မထိန်းချုပ်နိုင်ပေမယ့်..သေတ္တာလေးကတော့ ရိုးရှင်းတဲ့ ညွှန်ကြားမူတွေကို လိုက်နာနိုင်ပါတယ်..။သူက အဲ့အချိန်မှာ ပုန်းအောင်းနေပြီး..သူ့ကို ရှာဖွေဖို့ အမိန့်ပေးထားခဲ့တာပါ..။

ပြီးတာနဲ့ စောင့်ဆိုင်းနေခဲ့တယ်..။

သနားစရာ သေတ္တာလေးက အကျဉ်းခန်းရဲ့ ထောင့်မှာ ရက်သတ္တပတ်များစွာ ပုန်းအောင်း နေခဲ့ရတယ်..။လူတွေရောက်လာတဲ့ အချိန်မှာလည်း မမြင်အောင် နေရပါသေးတယ်..။ပြီးတာနဲ့ အခု နောက်ဆုံးအချိန်မှာတော့ အမိန့်ပေးမူ အသစ်ကို ရရှိခဲ့ပါပြီ..။

‘တိုက်ခိုက်..’

သေတ္တာလေးဟာ..ပုန်းအောင်းနေတဲ့ နေရာကနေ ပြေးထွက်လာခဲ့ပြီး..အခန်းထဲကို ဝင်ရောက်ကာ..သူ့ရဲ့ သံမဏိ လက်ရှစ်ချောင်းနဲ့ အမြန်ရောက်လာခဲ့တယ်..။ပြီးတာနဲ့ အချိန်မှီဆိုသလိုပဲ ကင်းစောင့်ရဲ့ ဖနောင့်ကို နစ်ဝင်သွားတဲ့ အထိ ကိုက်ပါတော့တယ်..။သွေးတွေ ထွက်လာတဲ့ အချိန်မှာတော့..အံ့ဩသင့်တဲ့ အော်သံတစ်ခုနဲ့ အတူပဲ လူကြီးက..ရှေ့ကို ဟန်ချက်ပျက်သွားခဲ့ပြီး..ဆင်ခြေလျောအတိုင်း လိမ့်ကျသွားကာ လှောင်အိမ်ရဲ့ သံတိုင်တွေနဲ့ ရိုက်ခတ်မိသွားခဲ့တယ်..။

သူ ပစ်လိုက်တဲ့ မြားကတော့ ကံကောင်းစွာပဲ ဆန်နီနဲ့ ဆံချည်တစ်မျှင်စာလောက် လွဲချော်သွားခဲ့ပါတယ်…။

သို့ပေမယ့်..ဆန်နီ ဒါကို ဂရုမစိုက်ခဲ့ပေ..။သူက ရှေ့ကို သွားနေခဲ့ပါပြီ..။

တိုက်ခိုက်မူ စတင်လိုက်တာနဲ့..ဆန်နီက တပ်မက်ခြင်းသေတ္တာကို ပြန်ပြီး ရုတ်သိမ်းလိုက်တယ်..။ပြီးတာနဲ့..သူ ပြန်လည်ရရှိလိုက်တဲ့ အရိပ်အဆီအနှစ် သေးသေးလေးကို..ရူးစ်တွေကို မစုပ်ယူသွားခင်မှာပဲ..သူ့ရဲ့ နာကျင်နေတဲ့ ကြွက်သားတွေ အားလုံးထဲကို ပို့လွှတ်လိုက်တယ်..။

ပြီးတော့..အခု သူက..ပြန်ပြီး မတ်တတ်ရပ်ဖို့ကြိုးစားနေတဲ့ ဆုံးရှုံးသူ ရှိတဲ့နေရာကို တက်သွားနေခဲ့ပါပြီ..။

ဆုံးရှုံးသူ ပြန်မထနိုင်သေးခင်မှာပဲ..ဆန်နီက သူ့ရဲ အနားကို ရောက်သွားနိုင်ခဲ့တယ်..။

သူက သူ့ရဲ့ လက်ကို သံတိုင်တွေကြားထဲကနေ ထုတ်လိုက်ပြီး..လက်တစ်ဖက်နဲ့ လူကြီးရဲ့ လည်ပင်းကို ရစ်ပတ်လိုက်ကာ..လှောင်အိမ်နဲ့ ဖိကပ်ထားလိုက်တယ်..။ပြီးတာနဲ့ ကျန်တဲ့လက်တစ်ဖက်နဲ့ ရုန်းထွက်မရနိုင်တဲ့ ချုပ်ကွက်တစ်ခုကို လည်ပင်းမှာ ဖန်တီးလိုက်ပါတယ်..။

ဆန်နီက ..ဆာလောင်မူ ၊ ရေဆာမူ နဲ့ ရူးစ် တွေကြောင့် အားနည်းနေခဲ့ပေမယ့်လည်း ..အမြုတေ သုံးခု နဲ့ အရိပ်သုံးခုကို ခန္တာကိုယ်မှာ ရစ်ပတ်ထားတဲ့ လူတစ်ယောက်ပါ..။သူ့ရဲ့ ခွန်အားတွေကို..ဒေါသ ၊ စိတ်ပျက်မူ ၊ အေးစက်မူ နဲ့ သတ်ဖြတ်လိုစိတ်တွေက အားဖြည့်ပေးထားခဲ့ပါတယ်..။

ဒီအရာတွေအားလုံးက..ရုန်းကန်နေတဲ့ ကင်းစောင့်ကို ဒီနေရာမှာ ထိန်းထားနိုင်စွမ်းရှိနေခဲ့တယ်..။

လူနှစ်ယောက်က ပြင်းပြင်းထန်ထန် ရုန်းကန်နေခဲ့ကြတယ်..။တစ်ယောက်က လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ကျန်တဲ့တစ်ယောက်ကတော့..ရန်သူရဲ့ အသက်ကို ယူဆောင်ဖို့ အားကုန်ညှစ်နေခဲ့ပါတယ်..။ဆန်နီ သူ့မှာ ရှိတဲ့ ခွန်အား အားလုံးအပြင် နောက်ထပ်ရှိသမျှ အင်အားတွေပါသုံးနေခဲ့တယ်..။သူ့ရဲ့ ဆာလောင်နေတဲ့ ခန္တာကိုယ်နဲ့..ရုန်းကန်နေတဲ့ ဆုံးရှုံးသူကို အဆုံးသတ်ပေးဖို့ ကြိုးစားနေခဲ့ပါတယ်..။သူ အသက်ရှင်ချင်တယ်ဆိုရင် ဒီလူကို မဖြစ်မနေသတ်မှ ရမှာပါ..။

…အဲဒီထက် ပိုပြီးအရေးကြီးတာကတော့ ရိုးရှင်းစွာပဲ သူ သတ်ချင်လို့ပါပဲ..။

ဒီတော့..သူက နှုတ်ခမ်းကို ကိုက်လိုက်တယ်..။ခြောက်ကပ်နေတဲ့ နှုတ်ခမ်းကနေ သွေးတွေ စီးကျလာတဲ့ အချိန်မှာတောင် ဆက်တိုက်..ဆက်တိုက် ဆွဲနေခဲ့ပါသေးတယ်..။

အဆုံးမရှိကြာပြီးသွားတဲ့နောက်မှာတော့..သူ့ရဲ့ အမြင်အာရုံတစ်ခုလုံး အမှေဦင်ထု လွှမ်းသွားပြီး..သူ့ကြွက်သားတွေ လဲပြိုကျခါနီးအချိန်လေးမှာ..သူ့ ညှစ်ထားတဲ့ အောက်ကနေ တစ်ခုခုကို ခံစားမိလိုက်တယ်..။ပြီးတာနဲ့ သူ့ရန်သူရဲ့ ခြေလက်တွေက ရုတ်တရက် လျောကျသွားခဲ့ပါတယ်..။

ကင်းစောင့်က သေဆုံးသွားခဲ့ပါပြီ..။

ဖြစ်နိုင်တာက…

ဆန်ီ တုန်ရီစွာ အသက်ရူလိုက်ပြီး..လူကြီးရဲ ့အလောင်းကို လွတ်ပေးလိုက်တယ်..။ပြီးတာနဲ့ နောက်ပြန်လန်ကျသွားခဲ့ပြီး..လှောင်အိမ်ရဲ့ အလယ်နေရာဆီကို လိမ့်ကျသွားခဲ့ပါတယ်..။

သူက ထပ်ပြီး မတ်တတ် မရပ်နိုင်တော့ပါဘူး..။

အမှန်ပြောရရင်..သူက မျက်လုံးတွေကိုတောင် မဖွင့်နိုင်တော့ပေ..။အခုတော့ သူ ဘယ်အရာကိုမှ မမြင်ရတော့ပေ..။ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲက သူ့ရဲ့ နောက်ဆုံးလက်ကျန် ခွန်အားတွေကိုယူဆောင်သွားခဲ့တာပါ..။

သူ့ ရင်ဘတ်က နိမ့်ချည် မြင့်ချည်ဖြစ်နေခဲ့ပြီး..အသက်ရူလိုက်တိုင်းမှာ ခန္တာကိုယ်တစ်ခုလုံး နာကျင်မူကို ခံစားနေခဲ့ရတယ်..။သူ လှုပ်ရှားနိုင်လိမ့်မယ်လို့ လုံးဝ မထင်မိပါဘူး..။

‘ငါတော့ အဆုံးသတ်ပြီ..’

မြူမှုန်တွေကြားထဲကနေ တဆင့်..ဆန်နီဟာ တစ်စုံတစ်ယောက်က သူ့ကို ဖြတ်ကျော်ပြီး လမ်းလျောက်သွားတာကို ကြားလိုက်ရတယ်..။အချိန်တစ်ချို့ ကြာပြီးတဲ့ နောက်မှာတော့ ဂျောက် ဆိုတဲ့ ကျယ်လောင်တဲ့ အသံတစ်ခုကို ကြားလိုက်ရပြန်ပါတယ်..။ယင်းနောက် သေးငယ်ပြီး အားနည်းတဲ လက်နှစ်ဖက်က သူ့ရဲ့ ပုခုံးကို ဆုပ်ကိုင်လာခဲ့တယ်..။ပြီးတာနဲ့ သူ့ကို အေးစက်တဲ့ ကျောက်တုံးတွေပေါ်မှာ တရွတ်တိုက်ဆွဲခေါ်သွားတာကို ဆန်နီ ခံစားလိုက်ရပါတယ်..။

ဘာတွေဖြစ်နေတာလဲ ဆိုတာကိုတော့ သူ နားမလည်ခဲ့ပေ..။

သို့ပေမယ့် မကြာခင်မှာပဲ..သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့တယ်..။နက်မှောင်တဲ့ အပြုံးတစ်ခုက သူ့ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်..။

ဒေါသထွက်နေတဲ့ အရိပ်အဆီအနှစ်တွေက သူ့ရဲ့ အမြုတေသုံးခုထဲကို အင်အားအပြည့်နဲ့ စီးဝင်လာနေခဲ့တာပါ..။

…သူက လွတ်မြောက်သွားခဲ့ပါပြီ..။

အပိုင်း ( ၅၇၁ ) ပြီး၏။

All Chapters