ဆာလောင်မူ
Vol. 39 Ch. 573
ဆန်နီ နဲ့ ကတ်စီတို့ဟာ အကျဉ်းထောင်ရဲ့ တံခါးဝမှာ လဲလျောင်းနေတဲ့ အလောင်းကို ကျော်ရင်း.မှောင်မိုက်ပြီး ဘာမှမရှိတဲ့ ကော်ရစ်ဒါ ဆီကို ဝင်သွားခဲ့ကြပါတယ်..။ပြီးတာနဲ့ တစ်ခနလောက် ရပ်တန့်လိုက်ကြတယ်..။သူတို့က ပဲ့တင်ထပ်နေတဲ့ တိတ်ဆိတ်မူတွေကို စိတ်တင်းကြပ်စွာ နားစိုက်ထောင်နေခဲ့ပြီးမှ..သိချင်စွာ ရှေ့ကို ဆက်လာခဲ့လိုက်ကြပါတယ်..။
ဒီလိုမျိုး မထိုးဖောက်နိုင်လောက်တဲ့ အမှောင်ထုထဲမှာဆိုရင် လူသားအများစုက လမ်းပျောက်ကြမှာ ဖြစ်ပေမယ့်..သူတို့နှစ်ယောက်စလုံးကတော့..မသက်မသာဖြစ်တာမျိုး လုံးဝ မခံစားကြရပါဘူး..။သူတို့က ဖြည်းညှင်းစွာ လှမ်းရင်း အနီးဆုံး လူသွားလမ်း ဝင်ပေါက်ဆီကို ဦးတည်နေခဲ့ကြတယ်..။အရိပ်တွေကတော့..ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေ အတွက် သူတို့ရှေ့ကနေ ကင်းထောက် နေခဲ့ကြပါတယ်..။
သို့ပေမယ့် ဆန်နီက အရိပ်တွေကို အဝေးကြီးမှာ လွှတ်မထားခဲ့ပေ..။သူက သူတို့ရဲ့ အကူအညီကို ဘယ်အချိန်မှာ လိုအပ်လာမလဲ ဆိုတာကို အတိအကျ မပြောနိုင်ပါဘူး..။
လွန်ခဲ့တဲ့ရက်သတ္တပတ်တွေ အတွင်းမှာ..သူက ညဘုရားကျောင်း အကြောင်းကို ကတ်စီထံကနေ သိသမျှ သင်ယူခဲ့ရတယ်..။ဒီတော့..ဘုရားကျောင်းရဲ့ အတွင်းပိုင်းအပြင်အဆင်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဦးခေါင်းထဲမှာ ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေ ရှိနေခဲ့ပါတယ်..။အနည်းဆုံးတော့..ကြီးမြတ်တဲ့ ဘုရားကျောင်းနဲ့ ပတ်သက်ပြီး..မျက်မမြင် မိန်းကလေး သိထားခဲ့တဲ့ အပိုင်းတွေကိုပါ..။
လတ်တလောမှာတော့..သူတို့က ခေါင်းလောင်း ခုနှစ်လုံးထဲက အနိမ့်ဆုံး အဆင့်မှာရောက်နေခဲ့ကြတာပါ..။ဒီအရာက အဓီက အဆောက်အဦးရဲ့ အပြင်ဘက် နက်ရှိုင်းတဲ့နေရာမှာ ရှိနေခဲ့ပါတယ်..။ပြီးတော့..အပြင်ဘက်မှာလည်း နောက်ထပ် စည်းထဲမှာပဲ နောက်ထပ် ခေါင်းလောင်း နှစ်ခုရှိနေခဲ့သေးတယ်..။အပြင်ဘက်စည်းကိုယ်တိုင်နဲ့ ခေါင်းလောင်းသုံးလုံး စလုံးမှာက…လူနေထိုင်မူတွေ မရှိကြပါဘူး..။သူတို့က ဘာမှရှိမနေခဲ့ပဲ..သိုလှောင်ခန်းတွေ ၊ အလုပ်နေရာတွေ နဲ့ ဘုရားကျောင်းကို ထိန်းသိမ်းဖို့အတွက် ဆုံးရှုံးသူတွေ အသုံးပြုကြတဲ့ တစ်ခြားပစ္စည်းတွေကိုသာ သိမ်းဆည်းထားကြပါတယ်..။
…ဒီလိုဆိုရင်တောင်မှ..သူတို့ အကျဉ်းကျနေတဲ့ အတော်အတွင်း..ဘုရားကျောင်းထဲမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာကို သိရဖို့ မဖြစ်နိုင်သေးပါဘူး..။ပြီးတော့ အမှောင်ထုထဲမှာ ဘယ်လို အန္တရာယ်က စောင့်ကြိုနေတာလဲ ဆိုတာကို မသိနိင်ပေ..။
သူတို့က တစ်ထပ်ပြီး တစ်ထပ် အပေါ်ကို တက်နေကြပေမယ့်..ဘယ်လို သက်ရှိကိုမှ မတွေ့ကြရသေးပေ..။ဟိုနားဒီနားမှာတော့..တိုက်ပွဲဖြစ်ထားတဲ့ လက္ခဏာတွေ ၊ ပရိဘောဂတွေ တစ်စစီ ဖြစ်နေတာတွေ ၊ နံရံကို ချွန်ထက်တဲ့လက်နက်တွေနဲ့ ထိုးနှက်ထားတာတွေ ၊ တစ်ချို့အရာတွေ ပျက်စီးနေကြတာတွေကို တွေ့နေရပါတယ်..။ကြမ်းပြင်တစ်ခုလုံးကလည်း သွေးတွေစွန်းပေနေခဲ့ပေမယ့် အလောင်းတွေကိုတော့ ထပ်ပြီး မတွေ့ရတော့ပါဘူး..။
သူတို့တွေ့ရတာဆိုလို့..တွန့်ကြေပြီး သွေးတွေစွန်းပေနေတဲ့ အဝတ်တွေနဲ့..ပြောင်းပြန်လန်နေတဲ့ စားးပွဲတွေကိုသာ တွေ့ရပါတော့တယ်..။ဒါက တစ်စုံတစ်ယောက်အနေနဲ့..ရည်ရွယ်ချက်ရှိရှိ အတားအဆီး ပြုလုပ်ထားတဲ့ အတိုင်းပါပဲ..။ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကြည့်ရတာ အောင်မြင်ခဲ့ကြပုံ မတူပေ..။လက်လုပ်အတားအဆီးတွေက ပျက်ဆီးနေကြပြီး..၊ ကြမ်းပြင်၊ နံရံတွေနဲ့ မျက်နှာကျတ်တွေရဲ့ နောက်ဘက်မှာတောင် သွေးတွေ အများကြီး ရှိနေခဲ့ပါတယ်..။
ဆန်နီနဲ့ ကတ်စီတို့ဟာ ဒါတွေကို ဖြတ်ကျော်သွားခဲ့ကြတယ်..။သူတို့ရဲ့ အမူအရာတွေကတော့ သုန်မုန်နေခဲ့ပါတယ်..။
အတော်ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီဟာ နောက်ဆုံးမှာ ပိတ်ထားတဲ့ တံခါးတစ်ချပ်ရဲ့ နောက်ဘက်မှာ..သစ်သား သေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ သိုလှောင်ခန်းတစ်ခုကို တွေ့လိုက်ရတယ်..။တစ်ခုချင်းစီတိုင်းကလည်း..အသင့်စား ဆီသွပ်အစားအာတွေ အခုတစ်ရာလောက် ပါဝင်နေခဲ့ပါတယ်..။သူ့ ပါးစပ်တွေက ချက်ချင်းဆိုသလိုပဲ စိုစွတ်လာခဲ့ပါပြီ..။
‘အစားအသောက်တွေ..’
သူက ဒီလို ရွံ့ပုံစံအစားအသောက်တွေကို ဘယ်လောက်ပဲ မုန်းတီးနေပါစေ..အခုချိန်မှာတော့..ဒီအရာတွေကို ပါးစပ်နဲ့ အပြည့်စားသောက်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
ဆန်နီ နဲ့ ကတ်စီ တို့ဟာ ကင်းစောင့်ရဲ့ ကိုယ်ပေါ်က ရရှိခဲ့တဲ့ သော့တွဲထဲက သော့တစ်ချောင်းနဲ့ သိုလှောင်ခန်းရဲ့ တံခါးကို ဖွင့်ပြီး ဝင်ရောက်လိုက်ကြတယ်..။ပြီးတာနဲ့ တံခါးကို ပြန်ပိတ်ထားလိုက်ကြပါတယ်..။
သူတို့နှစ်ယောက်စလုံးက လုံးဝကို ဆာလောင်နေခဲ့ကြပါပြီ..။သို့ပေမယ့်..ကတ်စီက..ဆီသွပ်ဗူးတစ်ခုကို ယူတော့မယ့် အချိန်မှာပဲ ဆန်နီက သူမကို တားဆီးထားလိုက်တယ်..။
‘တစ်ခုထက်ပိုပြီး မစားနဲ့..။ပြီးတော့ ဖြည်းဖြည်းချင်းစား..’
သူမက တွေဝေသွားခဲ့ပြီး…သူ့ကို မျက်မှောင်ကျုတ်ကာ မေးလာခဲ့တယ်..။
“ဘာဖြစ်လို့လဲ..။ငါ အရမ်းဗိုက်ဆာနေပြီ..”
သူ ခေါင်းခါယမ်းလိုက်ပြီး သေတ္တာတစ်လုံးပေါ်မှာ ဝင်ထိုင်လိုက်တယ်..။
“နင် အချိန်အတော်ကြာအောင် ဘာမှမစားထားပဲ..တစ်ခါတည်း အများကြီးစားလိုက်ရင် သေသွားလိမ့်မယ်..”
မျက်မမြင် မိန်းကလေးဟာ စိတ်ဝင်စားသွားခဲ့တယ်..။
“ဘယ်လို..။ဘာလို့လဲ..။နင် ဘယ်လို သိတာလဲ..”
ဆန်နီ ဆီသွပ်ဗူးတစ်ခုကို ဖွင့်လိုက်ပြီး ပုခုံးတွန့်လိုက်တယ်..။
“…အဲလိုသေသွားတာကို မြင်ခဲ့ရတာပဲ..”
ဒါက မြို့ပြင်မှာရှိကြတဲ့ ကလေးတိုင်း သိထားကြတဲ့ အထွေထွေ ဗဟုသုတ တစ်ခုပါ..။သို့ပေမယ့် ကတ်စီက အမှန်ကတယ် ဆာလောင်နေရတဲ့ အခိုက်အတန့်တွေကို ကိုယ်တိုင်ကြုံခဲ့ဖူးမှာမဟုတ်ပါဘူး..။အရမ်းကို ဆိုးဝါးပါတယ် ဆိုတဲ့ အမှောင်မြို့တော်ထဲမှာတောင် ပြောင်းလဲနေတဲ့ ကြယ်ပွင့်နဲ့ သူမရဲ့ မုဆိုးအဖွဲ့တွေက အမဲလိုက်ပြီး လူတွေကို ကျွေးမွေးထားကြတာပါ..။
အမှန်တကယ်တော့ ဆန်နီလည်း အံ့ဩသင့်နေခဲ့မိတယ်..။သာမန်ကလေးတွေက ဒီလိုအရာမျိုးတွေကို ကျောင်းတွေမှာ သင်ကြားရခြင်း မရှိကြရပါဘူး..။
မျက်မမြင် မိန်းကလေးဟာ ခနလောက်တွေဝေသွားခဲ့ပေမယ့်..အဆုံးမှာတော့ သူ့ရဲ့ အကြံဉာဏ်ကို နားထောက်လိုက်ပါတယ်..။
သူတို့နှစ်ယောက်စလုံးက..ဆီသွပ်ဗူး တစ်ဗူးကို ဖြည်းညှင်းစွာ စားလိုက်ပြီး..အတော်ကြအောင် အနားယူလိုက်ကြတယ်..။ပြီးတဲ့နောက်မှာတော့ ဆန်နီဟာ တပ်မက်ခြင်း သေတ္တာကို ထုတ်ယူလိုက်ပြီး..အဖုံးကို ဖွင့်ကာ..သေတ္တာအချို့ကို အထဲကို ထည့်လိုက်ပါတယ်..။
“ဘယ်လောက်တောင် ကောင်းမွန်တဲ့ အရာလေးလဲ..။တကယ်တော်တယ် ဘဏ္ဍာတိုက်လေး..”
ပြီးတဲ့ နောက်မှာတော့..လန်းဆန်းပြီး စွမ်းအင်တွေကို ခံစားမိကာ…သူတို့ရဲ့ ဆာလောင်နေတဲ့ ခန္တာကိုယ်ထဲကိုလည်း..ခွန်အားတွေ ဖြည်းဖြည်းချင်းစီးဝင်လာခဲ့ပါတယ်..။သူတို့က သေတ္တာတွေကို ရွေ့ပြောင်းပြီး..အဆုံးမရှိ စမ်းချောင်းရဲ့ အကူအညီနဲ့ အလှည့်ကျ ခန္တာကိုယ် သန့်စင်လိုက်ကြတယ်..။
ဆန်နီက ပထမဆုံးလုပ်ဆောင်ခဲ့တာပါ..။သူ့ရဲ့ အဝတ်တွေအားလုံးကို ချွတ်ပြီး..အရည်ပြားကို အေးစက်တဲ့ ရေနဲ့ ဆေးကြောလိုက်ရတာကို တကယ်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲ..။သူပြီးတဲ့ နောက်မှာတော့..ထာဝရချိန်း ကို ထုတ်ဖော်လိုက်တယ်..။နောက်ဆုံးမှာတော့..သူက ကိုယ့်ကိုကို ပြန်တွေ့ရှိသလို ခံစားလိုက်ရပါတယ်..။
ပြီးတဲ့ နောက်မှာတော့..သူက တံခါးနားမှာ တိတ်ဆိတ်စွာထိုက်ပြီး အရိပ်တစ်ခုကို အသုံးပြုကာ အပြင်ဘက်က ကော်ရစ်ဒါကို စောင့်ကြည့်နေခဲ့တယ်..။
ကျောက်တုန်းခေါင်းလောင်းရဲ့ သေလောက်အောင် တိတ်ဆိတ်မူအောက်မှာတော့..ဆန်နီဟာ အကူအညီမဲ့ စွာပဲ..အသံတစ်ခုကိုသာ ကြားနေခဲ့ရတယ်..။အဲတာကတော့..နူးညံ့တဲ့ ပိုးချည်အက်ျီက ကတ်စီရဲ့ ကိုယ်ပေါ်ကနေ လျောကျကာ ကြမ်းပြင်ပေါ်ကျသွားတဲ့ အသံနဲ့ ရေစက်တွေက..သူမရဲ့ သိမ်မွေ့တဲ့ ခန္တာကိုယ်ပေါ်ကို စီးကျနေတဲ့ အသံတွေပါ..။ယင်းနောက်..ရက်သတ္တပတ်ပေါင်းများစွာ အကျဉ်းကျနေမူကနေ လွတ်မြောက်သွားမူကြောင့် ထွက်ပေါ်လာတဲ့ သက်ပြင်းချသံတစ်ချို့ကလည်း..ဒီအသံတွေနဲ့သာ ဖုံးလွှမ်းသွားခဲ့တယ်..။
အတော်ကြာပြီးတဲ့နောက်မှာတော့ သူမက သူ့ဆီကို ပြန်ရောက်လာခဲ့ပါတယ်..။နောက်တစ်ကြိမ်ထပ်ပြီး သူမက အပြာရောက် ကုတ်အက်ျီနဲ့ တောက်ပြောင်နေတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားခဲ့ပြန်ပါပြီ..။
ဆန်နီ ခနလောက်တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
“အနားကို လာပါဦး.”
ကတ်စီ အနည်းငယ်စိတ်ဝင်စားသွားခဲ့ပြီးမှ သူ ပြောတဲ့ အတိုင်းလုပ်လိုက်ပါတယ်..။ဆန်နီ ဟာ သေဆုံးကာနီး ဆီမီးအိမ်တစ်ခုစီကို လက်လှမ်းလိုက်ပြီး..သူမရဲ့ ချပ်ဝတ်အကာအကွယ်နဲ့တစ်ခြား သံမဏိ အသုံးအဆောင်တွေကို ရေနံ့ဆီနဲ့ သုတ်ပေးလိုက်တယ်..။
မျက်မမြင် မိန်းကလေးဟာ..မျက်မှောင်ကျုတ်လိုက်ပေမယ့်..သူ့ကိုမတားဆီး ခဲ့ပါဘူး..။
“နင်က ဒါကို အလင်း မပြန်အောင် လုပ်နေတာလား..”
သူေ ခါင်းညိမ့်လိုက်တယ်..။
“ဟုတ်တယ်..ဒီတိုင်း..လိုရမယ်ရပေါ့..”
မော်ဒရက် က ဘယ်လို စွမ်းအားမျိုးတွေကို ပိုင်ဆိုင်ထားလဲဆိုတာကို သူတို့မသိသေးပေမယ့်..အဲတာက ဘာပဲဖြစ်ဖြစ်..သိသာစွာပဲ မှန်တွေ ၊ အလင်းပြန်နိုင်တာတွေ နဲ့တစ်ခုခု သက်ဆိုင်မူ ရှိနေမှာပါ..။ထာဝရချိန်းက အနက်ရောင် သံမဏိကနေ ထုလုပ်ထားပေမယ့် ကတ်စီရဲ့ အကာအကွယ်ကတော့ သူ သက်သောင့်သက်သာ ဖြစ်နေဖို့အတွက် အရမ်းကို တောက်ပလွန်းနေခဲ့ပါတယ်..။
…သူ က ရက်စက်သော မြင်ကွင်းကို အခုချိန်ထိ ထုတ်ပြီး အသုံးမပြုသေးတာကလည်း ဒီအကြောင်းပြချက် ကြောင့်ပါပဲ..။ငွေရောင်လှံက သူ့ရဲ့ အသွားကို ရှင်းလင်းတဲ့ မှန်တစ်ချပ်အသွင် ဖြစ်နေစေတာကြောင့် သူသာ ထုတ်ပြီး အသုံးပြုမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာကို မပြောနိုင်ပေ..။
ဆန်နီဟာ ကတ်စီရဲ့ အရောင်တောက်နေတဲ့ အကာအကွယ်ကို ပြင်ဆင်လို့ ပြီးသွားတဲ့ အချိန်မှာတော့..သူတို့နှစ်ယောက်က ခနလောက် ထပ်အနားယူလိုက်ကာ ၊ အနည်းငယ် ထပ်မံစားသောက်လိုက်ကြတယ်..။ပြီးတာနဲ့ သိုလှောင်ခန်းကနေ ထွက်ခွာလာခဲ့ကြပါတယ်..။အခုကတော့ အထက်က ခေါင်းလောင်းတွေဆီကို တက်ပြီး..ဘုရားကျောင်းရဲ့ အပြင်ဘက်စည်းဆီကို ပြန်ဆို အချိန်ပါပဲ..။
…
သူတို့ လူသွားလမ်းကနေ ထွက်လာတဲ့ နဲ့တစ်ပြိုင်တည်း ည ဘုရားကျောင်းရဲ့ အဓီက အဆောက်အဦး နံရံတွေကြားထဲကို ပြန်ရောက်သွားကြတာကို တွေ့လိုက်ရပါတယ်..။ဆိုးဝါးတဲ့ အနံ့အသက်တစ်ခုက သူ့ရဲ့ နှာခေါင်းဆီကို တိုးဝင်လာခဲ့တယ်..။
ဒါကတော့ သေခြင်းတရားနဲ့ နီးစပ်နေတဲ့ ရွံစရာကောင်းတဲ့ အနံ့ပါ..။
ခေါင်းလောင်းတွေလိုပဲ..အပြင်ဘက်စည်းကလည်း အမှောင်ထုထဲမှာ နစ်မြုပ်နေခဲ့တယ်..။ဆီမီးအိမ်တွေကို ရေနံဆီ လဲလှယ်ပေးဖို့ ဘယ်သူမှ ဂရုမစိုက်ကြသလို ၊ အလင်းရောင်ကို ဝင်လာစေနိုင်မယ့် ပြတင်းပေါက်တွေ ဆိုတာလည်း ရှိမနေခဲ့ပါဘူး..။ဒီမှာ ရှိနေခဲ့ ကော်ရစ်ဒါတွေက အတော်လေးကို ကျယ်ပြီး သူတို့ရဲ့ အလှဆင်မူတွေကလည်း ပိုမို ခမ်းနားနေခဲ့တယ်..။သို့ပေမယ့် အရင်တုန်းကလိုပဲ..အရာရာတိုင်းက တိတ်ဆိတ်နေခဲ့ပြီး ပတ်ဝန်းကျင်မှာလည်း ဘယ်သူမှ ရှိမနေခဲ့ပါဘူး..။
ဆန်နီ ကြက်သီးထသွားခဲ့တယ်..။
‘..အကုန်လုံး ဘယ်ရောက်သွားကြတာလဲ…’
ညဘုရားကျောင်းက လုံးဝကို ခြောက်ကပ်နေခဲ့သလိုပါပဲ..။အစတုန်းကတော့..သူတို့က ဆာလောင်ပြီး အားနည်းနေခဲ့တာကြောင့် ဒီအရာကို ပျော်ရွှင်ခဲ့မိပါတယ်..။သို့ပေမယ့်..အခုချိန်မှာတော့ ဘယ်သူမှရှိမနေတဲ့ အချက်က သူ့ကို စတင် ကြောက်ရွံ့လာစေခဲ့တယ်..။
အားလုံး ဒီမှာ ပိတ်မိနေတဲ့ အချိန်မှာ ဘယ်လိုငရဲတွေ ဖြစ်ပျက်သွားခဲ့တာလဲ..။
သူတို့နှစ်ယောက်က ဖြည်းညှင်းစွာပဲ အပြင်ဘက်ဆီကို ဦးတည်နေတဲ့ ထွက်ပေါက်ဆီကို လျောက်လာခဲ့ကြပါတယ်..။
..သိပ်မကြာခင်မှာပဲ ဆန်နီက သူ့ရဲ့ ခြေထောက်အောက်မှာ ရှိနေတဲ့ သွေးစီးကြောင်းတွေကို သတိထားမိလိုက်တယ်..။ဒါက သေနေတဲ့ ဒါမှမဟုတ် သေအံ့ဆဲဆဲဖြစ်နေတဲ့ တစ်စုံတစ်ယောက်ကို ဆွဲခေါ်သွားခဲ့သလိုပါပဲ..။တိုက်ဆိုင်စွာပဲ..ဒီ သွေးစီးကြောင်းတွေကလည်း သူတို့နဲ့တူညီတဲ့ ဦးတည်ချက်တွေကို ရွေ့လျားနေခဲ့ကြတာပါ..။မကြာခင်မှာပဲ..သေဆုံးခြင်း အနံ့အသက်တွေက ပိုမိုပြင်းထန်လာခဲ့ပြီး..အသက်ရူဖို့အတွက်တောင် ခက်ခဲလာခဲ့ပါတယ်..။
ဆန်နီနဲ့ ကတ်စစီ တို့ဟာ ဂိတ်ပေါက်တွေနဲ့ ပိုင်းခြားထားတဲ့ ဟောခန်းမကြီးထဲကိုဝင်ရောက်သွားလိုက်တဲ့ အချိန်မှာပဲ..အေးခဲသွားခဲ့ကြတယ်..။
သူ့ရဲ့ မျက်နှာကတော့ နက်မှောင်သွားခဲ့ပါတယ်..။
‘ဒါက…ဒါက မကောင်းတော့ဘူး..’
အပိုင်း ( ၅၇၃ ) ပြီး၏။