အနက်ရောင် ယဇ်ပုလ္လင်
Vol. 39 Ch. 574
ဘုရားကျောင်းရဲ့ ဂိတ်ပေါက်တွေ မရောက်ခင်မှာတော့..ကြီးမားတဲ့ ခန်းမကြီးတစ်ခုက အမှောင်ထုထဲမှာ ရှိနေခဲ့တယ်..။လေထုက အပုတ်နံ့တွေ ထွက်နေခဲ့ပြီး..အေးစက်နေတဲ့ ကျောက်တုံးတွေပေါ်မှာ အနည်းဆုံး တစ်ဒါဇင်လောက်ရှိတဲ့ အလောင်းတွေ လဲလျောင်းနေကြကာ..သူတို့ရဲ့ ဘာမှမရှိတော့တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ကြပါတယ်..။
ဆန်နီက ဒီလိုအကြည့်မျိုးတွေနဲ့ အရင်ကတည်းက ကျင့်သားရနေခဲ့ပြီဖြစ်တာကြောင့် သိပ်ပြီး ဂရုမစိုက်တော့ပေ..။သို့ပေမယ့်..ဒီမြင်ကွင်းကတော့ သူ့ကို အနည်းငယ် အေးစက်သွားစေပါတယ်..။
‘ချီးတဲ့မှပဲ..’
သူ ခန်းမထဲကို ဝင်လိုက်တဲ့ အချိန်မှာတော့..သူတော်စင်နဲ့ ဝိဉာဉ်မြွေတို့ဟာ..သူ့ရဲ့ အရိပ်တွေ ထဲကနေ ဖြည်းညှင်းစွာ လိုက်ပါလာခဲ့ကြတယ်..။ကတ်စီကလည်း တိတ်တဆိတ်ကခုန်သူရဲ့ လက်ကိုင်တွေကို ဖြူဖျော့သွားတဲ့ အထိ ဆုပ်ကိုင်ပြီး နောက်ကနေ လိုက်လာနေခဲ့ပါတယ်..။
ဆန်နီ အနီးဆုံးအလာင်းဆီကို လျောက်သွားလိုက်ပြီး..ဘေးနားမှာ ဒူးတစ်ဖက်ထောက် ထိုင်လိုက်ကာ..သူ့ရဲ့ ဒဏ်ရာတွေကို စတင်လေ့လာလိုက်တယ်..။ယင်းနောက်..လေးနက်တဲ့ မျက်နှာအမူအရာနဲ့ပဲ နောက်ထပ် အလောင်းတွေကိုပါ လေ့လာလိုက်ပါတယ်..။
ဆုံးရှုံးသူတစ်ယောက်ချင်းစီ ရဲ့ အလောင်းကို စစ်ဆေးရတာက အချိန်တစ်ချို့ ကြာမြင့်သွားခဲ့ပြီး..နောက်ဆုံးမှာတော့..သူ့ရဲ့ မျက်လုံးတွေက နက်မှောင်မူတွေ ပြည့်နှက်နေခဲ့တယ်..။
မျက်မမြင် မိန်းကလေးက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ…စိုးရိမ်ပြီး တုန်ရီနေတဲ့ အသံနဲ့ မေးလာခဲ့ပါတယ်..။
“..သူတို့ ဘယ်လို သေသွားခဲ့ကြတာလဲ..”
သူ တစ်ခနလောက်ေ တွဝေနေပြီးကာမှ..ခေါင်းခါယမ်းလိုက်တယ်..။
“ဓားဒဏ်ရာတွေ..”
လဲကျနေကြတဲ့ ကင်းစောင့် တစ်ယောက်ချင်းစီတိုင်းက..တိကျပြီး ရက်စက်တဲ့ ဓားချက်တစ်ချက်တညး်နဲ့တင် သေဆုံးခဲ့ကြတာပါ..။သို့ပေမယ့်..အများစုကတော့ စိတ်ခြောက်ခြားဖွယ်ကောင်းလောက် အောင် ဒဏ်ရာဒဏ်ချက်တွေ များနေခဲ့ကြတယ်..။ဒီ ဒဏ်ရာတွေက တစ်ခုမှ သေစေနိုင်လောက်အောင် မဟုတ်ပေမယ့်..နာကျင်မူကို အဆုံးစွန်ခံစားရမယ့် နေရာတွေကိုပဲရွေးချယ်ထားခဲ့တာပါ..။
သတ်ဖြတ်သူက ဘယ်သူပဲဖြစ်ဖြစ်..သူ့ရဲ့ သားကောင်ကို မသေခင်မှာ ဆိုးဆိုးဝါးဝါး နာကျင်ခံစားသွားစေချင်တဲ့ ပုံပါပဲ..။
ကောင်းပြီလေ…သတ်ဖြတ်သူက ဘယ်သူလဲဆိုတာကို သူ သိနေတယ်ဆိုတာ ဆန်နီ သေချာပြောနိုင်ပါတယ်..။
မော်ဒရက် ။ အဲဒီလူ ဒါမှမဟုတ်..အရာတစ်ခု…။သူကိုယ်တိုင် လွတ်မြောက်အောင် ဖန်တီးပေးခဲ့မိတဲ့သူ..။
ကြည့်ရတာတော့..ဘာမှမရှိတဲ့ မင်းသားမှာလည်း ဝမ်းနည်းစရာ အကြောင်းအရာတွေ ရှိနေတဲ့ ပုံပါပဲ..။
…သို့ပေမယ့် ဒါက ပြသနာ မဟုတ်သေးပေ..။
ဆန်နီ အရင်က သိထားတာတွေ အရဆိုရင်တော့..မော်ဒရက်မှာက တစ်ခြားလူတွေရဲ့ စိတ်နဲ့ ဝိဉာဉ်ကို ထိခိုက်အောင် လုပ်နိုင်တဲ့ အားကောင်းတဲ့ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါတယ်..။ဒါက သူ့ကို အတော်လေးကို အန္တရာယ်များနေစေတာပါ..။
ဒီစွမ်းရည်ကို အသုံးပြုဖို့အတွက် လိုအပ်ချက်ကတော့..ညဘုရားကျောင်း အကျဉ်းသားရဲ့ မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံးသွားမိဖို့ပါပဲ..။ဆန်နီ နဲ့ ကတ်စီတို့က သဘာဝအားဖြင့် ဒီအရာကို ခုခံကာကွယ်နိုင်နေတဲ့ အတွက် ဒါကပဲ ကောင်းမွန်တယ်လို့ ပြောရမှာပါ..။ဆန်နီက မျက်လုံးမှိတ်ပြီး တိုက်ခိုက်နိုင်စွမ်းရှိကာ..ကတ်စီက တော့ ရိုးရှင်းစွာပဲ မျက်လုံး မမြင်ရပါဘူး..။
သို့ပေမယ့်..ဒီဆုံးရှုံးသူတွေကတော့ သိသာစွာပဲ..ရက်စက်ပြီး..သွေးစွန်းတဲ့ အနီးကပ်တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရပါတယ်..။ဆိုလိုတာကတော့..ဒါတွေအားလုံးအပြင် ..မော်ဒရက် က မယုံနိုင်လောက်အောင် ကျွမ်းကျင်မူရှိတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက် ဆိုတာပါပဲ..။အတွေ့အကြုံရှိတဲ့ နိုးထသူ ဆယ်ယောက်ကျော်လောက်ကို ဓားတစ်လက်နဲ့ သတ်နိုင်လောက်တဲ့ အထိ ကျွမ်းကျင်မူနဲ့ အားကောင်းမူတွေ ရှိနေခဲ့ပြီး..သူ့ရဲ့ သားကောင်တွေကို မသတ်ခင်မှာလည်း စိတ်ကြိုက် ကစားသွားခဲ့ပါသေးတယ်..။
ဒီလိုလူတစ်ယောက်ကို ဆန်နီက ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ..။
သူ သက်ပြင်းချလိုက်ပြီး..အလောင်းတွေကို ဖြတ်သန်းကာ ထွက်ပေါက်ဆီကို ချည်းကပ်သွားခဲ့တယ်..။
ဘုရားကျောင်းက ချိတ်ပိတ်သွားခဲ့ပြီဖြစ်ပြီး သူတော်စင် ကော်မတ်ကလွဲပြီး ဘယ်သူကမှ ဖွင့်နိုင်လိမ့်မှာ မဟုတ်ဘူး ဆိုပြီး..မာစတာ ဝယ်သီက သူ့ကို ပြောခဲ့ပါတယ်..။သို့ပေမယ့်..ဆန်နီကတော့ သူကိုယ်တိုင် စစ်ဆေးကြည့်ချင်နေမိခဲ့တယ်..။
သူက ခန္တာကိုယ်ပေါ်မှာ အရိပ်သုံးခုစလုံးကို ရစ်ပတ်လိုက်ပြီး..တံခါးကို တွန်းကြည့်လိုက်တယ်..။သို့ပေမယ့် ဘာမှ သက်ရောက်မူမရှိခဲ့ပါဘူး..။သူတော်စင်ကပါ သူနဲ့ အတူပူးပေါင်းခဲ့တာတောင် လေးလံတဲ့ တံခါးကြီးတွေက ရွေ့လျားမလာခဲ့ပေ..။အကျဉ်းထောင်စောင့် ရဲ့ သော့တွေအားလုံးကလည်း အသုံးမဝင်ခဲ့ပါဘူး..။ဒီနေရာမှာ သော့ထိုးစရာ အပေါက်တစ်ခုတောင် ရှိမနေခဲ့ပေ..။
အနက်ရောင်တာဝါရဲ့ တံခါးတုန်းကလို မှော်စွမ်းအင်လှိုင်းတွေ မြင်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆန်နီ ဟာ ထွက်ပေါက်တံခါးတွေရဲ့ မျက်နှာပြင်အောက်ကို သေချာလိုက်ကြည့်လိုက်တယ်..။သိုပေမယ့် ဘာမှ ရှိမနေခဲ့ပါဘူး..။
“ချီးတဲ့မှပဲ..”
သူ တံခါးကို ပိတ်ကန်လိုက်ပြီး..တစ်ဖက်ကို ပြန်လှည့်ကာ ကတ်စီဆီကို စိတ်ပျက်တဲ့ အမူအရာနဲ့ ပြန်လျောက်သွားခဲ့တယ်..။
“…သူတော်စင်တစ်ယောက် မရောက်လာမချင်း ငါတို့ ဒီနေရာကနေ ထွက်သွားလို့ မရတော့ဘူးထင်တယ်..”
အစောဆုံးအနေနဲ့ တစ်ပတ်အတွင်းမှာ ဘာတွေဖြစ်ပျက်လာနိုင်မလဲ..။
သူတို့က အဲ့လောက်ကြာအောင်တောင် ရှင်သန်နိုင်ကြပါ့မလား..။
မျက်မမြင်မိန်းကလေးဟာ မျက်မှောင်ကျုတ်လိုက်ပြီး မသေချာစွာမေးလိုက်တယ်..။
“ဒါဆို ဘယ်ကိုသွားမှာလဲ..”
ဆန်နီ စက္ကန့်အနည်းငယ်လောက် တွေးလိုက်ပါတယ်..။
သူတို့က ဒီသောက်ကျိုးနဲ နေရာမှာ သောင်တင်နေပြီဆိုမှတော့..အရင်ဆုံးအနေနဲ့ ဘာလို့သူတို့ ဒီကိုရောက်လာခဲ့တဲ့ ရည်ရွယ်ချက်ကို ပြီးမြောက်အောင် မလုပ်ပဲ နေရမှာလဲ..။
“ဂိတ်ပေါက်ကို သွားပြီး စစ်ဆေးကြည့်ရအောင်..”
ဆင်စွယ်ရောင် ဓားက တစ်နေရာရာမှာ ရှိနေသေးတာလည်း ဖြစ်နေနိုင်ပါတယ်..။
ရက်စက်တဲ့ မြင်ကွင်းတွေကို အနောက်မှာထားခဲ့ရင်း သူတို့နှစ်ယောက်က ညဘုရားကျောင်းရဲ့ နက်ရှိုင်းတဲ့ ကျောက်တုံးနံရံတွေကြားထဲကို ဦးတည်လာခဲ့ကြတယ်..။
…
အပြင်ဘက်စည်းကို ဖြတ်ကျော်ပြီး ဘုရားကျောင်းရဲ့ အတွင်းထဲကို ဝင်ရောက်ဖို့အတွက်..အတော်လေးကို ကြာသွားခဲ့ကြပါတယ်..။အကွာအဝေးက အရမ်းကြီးကွာဝေးတယ်လို့ မပြောနိုင်ပေမယ့် ဘုရားကျောင်းရဲ့ အတွင်းပိုင်းအပြင်အဆင်က အတော်ေလေးကို ရှုပ်ထွေးကျယ်ပြန့်ကာ..အနက်ရောင်ေကျာက်တုံးဝက်ပါ နဲ့တောင် ဆင်တူနေခဲ့ပါတယ်..။သူတို့က သိချင်စိတ်ကို ထိန်းချုပ်ထားရင်း ရန်သူရဲ့ ခြုံခိုတိုက်ခိုက်မူကို မခံရဖို့အတွက် ဖြည်းညှင်းစွာပဲ လျောက်နေကြရတယ်..။
ဘုရားကျောင်းရဲ့ အမှောင်ထု ၊ တိတ်ဆိတ်မူ နဲ့ ကျောချမ်းဖွယ် ဘာမှမရှိမူတွေက..သူတို့အတွက် ထိပ်လန့်ဖို့ လုံလောက်နေခဲ့ပါပြီ..။ဆန်နီ နဲ့ ကတ်စီတို့ဟာ..အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိကြသေးတာကြောင့်..ရပ်နားလိုက် ၊ ရေသောက်လိုက် ၊ ဆီသွပ်ဗူး အချို့ကို စားလိုက် လုပ်နေခဲ့ကြပါတယ်..။
အထဲကိုလျောက်သွားလေလေ…သူတို့ လှောင်အိမ်ထဲမှာ သေအံ့ဆဲဆဲဖြစ်နေချိန်..ဘုရားကျောင်းထဲမှာဖြစ်ပျက်ခဲ့တာတွေရဲ့ အကြွင်းအကျန်တွေကို ပိုမိုတွေ့ရှိရလာလေလေပါပဲ..။ဆုံးရှုံးသူတွေရဲ့ ပုပ်ပွနေတဲ့ အလောင်းတွေ ၊ သွေးထွက်သံယို လက္ခဏာတွေ နဲ့ ပျက်ဆီးမူတွေကိုလည်း တွေ့နေခဲ့ရပါတယ်..။အလားတူစွာပဲ ဆင်ခြင်တုံတရားနဲ့ ရှင်းပြလို့ မရတော့တဲ့ ထူးဆန်းတဲ့ အရာတွေတောင် ရှိနေခဲ့ကြတယ်..။
ဒါက သူတို့တွေဟာ..စိတ်လွတ်နေတဲ့ လူသတ်သမားတစ်ယောက်ရဲ့ လုပ်ငန်းခွင်ထဲကို ဖြတ်လျောက်သွားလာနေရသလိုပါပဲ..။
တစ်မိနစ် ကုန်လွန်သွားတိုင်း ဆန်နီရဲ့ မျက်နှာက ပိုပိုပြီး ပျက်ယွင်းလာနေခဲ့တယ်..။
ဒီကပ်ဆိုးကြီး ဖြစ်ပေါ်လာကတည်းကနေ ပထမဆုံးအကြိမ်အဖြစ် ..ဆန်နီဟာ သူ့ရဲ့ လုပ်ရပ်တွေကနေ ဦးတည်သွားခဲ့တဲ့ အကျိုးဆက်တွေကို ကိုယ်ကျင့်သိက္ခာရှိစွာ စဉ်းစားလိုက်မိပါတယ်..။သူက မလိုလားပဲနဲ့ ပူးပေါင်းပါဝင်သူ ဖြစ်ခဲ့တယ်ဆိုရင်တော့..မော်ဒရက်က သူ့ကြောင့်သာ လွတ်မြောက်ခဲ့ရတာပါ..။
ဆန်နီက စကားလုံးနဲ့တောင် ပြောပြလို့မရတဲ့ နတ်ဆိုးတစ်ကောင်ကို ကမ္ဘာကြီးပေါ်ကို မတော်တဆ လွှတ်ပေးလိုက်မိတာလား..။
ဒီအရာနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရမလဲ ဆိုတာကို သူ မသိတော့ပါဘူး..။တစ်ဖက်မှာတော့ ကမ္ဘာကြီးနဲ့ပတ်သက်ပြီး သူ လုံးဝဂရုမစိုက်ပေ..။သို့ပေမယ့် တစ်ဖက်မှာတော့..ဆန်နီက သူပြုလုပ်ထားတဲ့ အရှုပ်ထုပ်ကို မရှင်းလင်းပဲ ထွက်သွားရတာမျိုးကို သဘောမကျပါဘူး..။ဒါက ရိုးရှင်းတဲ့ အခြေခံ ယဉ်ကျေးမူတစ်ခုပါပဲ..။
အနည်းငယ်စိတ်ရှုပ်ထွေးစွာပဲ..သူက အရိပ်တစ်ခုကို ရှေ့ဘက်ဆီ ကြိုပို့လိုက်ပြီး အန္တရာယ်ကင်းတာ သေချာအောင် အတည်ပြုလိုက်ပါတယ်..။နောက်ဆုံးမှာတော့..သူက ကတ်စီကို ညဘုရားကျောင်းရဲ့ ခမ်းနားတဲ့ ခန်းမကြီးဆီကို ခေါ်သွားလိုက်တယ်..။
ဒီနေရာက အတော်လေးကို ခမ်းနားထည်ဝါပြီး ထူးခြားပါတယ်..။ဒီနေရာက ကျယ်ပြန့်ပြီး အမှောင်ထုနဲ့ ပြည့်နှက်နေခဲ့တာကြောင့်..အမှောင်မြို့တော်မှာရှိတဲ့ သူ့ရဲ့ အိမ်ကိုတောင် ပြန်ပြီး သတိရသွားခဲ့တယ်..။တစ်ခုတည်းသော မတူညီမူ ဆိုလို့ ဒီဘုရားကျောင်းက အထက်အောက် ပြောင်းပြန် တည်ဆောက်ထားတာ ပါပဲ..။
သူတို့ရဲ့ အထက်မှာတော့..မျက်နှာကျတ်က ပြားချပ်ပြီ အတော်ဝေးဝေးအထိကို တည်ဆောက်ထားခဲ့ပါတယ်..။ပြောင်းပြန်အနေနဲ့ ကြမ်းပြင်က..ကြီးမားတဲ့ ဟင်းချိုခွက်ကြီးတစ်ခွက်လို အောက်ဘက်ကို ချိုင့်ဝင်နေခဲ့တယ်..။အလေးချိန်ဒဏ်ကို ခံနိုင်တဲ့ ကျောက်တုံးကြီးတွေကတော့..ဒီချိုင့်ခွက်ကြီးရဲ့ လမ်းတွေ တံတားတွေ အဖြစ် ရှိနေခဲ့ပါတယ်..။ခန်းမကြိးက တိတ်ဆိတ်ပြီး..တည်ငြိမ်အေးဆေးကာ လုံးဝကို ဘာမှမရှိပဲဖြစ်နေခဲ့တယ်..။
သူ့ရဲ့အလယ်တည့်တည့်မှာတော့..ကျယ်ပြန့်တဲ့ ကျောက်တုံး ပလက်ဖောင်းကြီးတစ်ခု ရှိနေခဲ့ပါတယ်..။အဲဒီနေရာမှာတော့ အနက်ရောင် မီးတောင်ကျောက် အစိတ်အပိုင်းတွေ အပုံလိုက်ရှိနေခဲ့ပြီး..တစ်ချိန်က အနက်ရောင် ယဇ်ပုလ္လင် ရှိနေခဲ့တဲ့ ပုံပါပဲ..။
‘သူတို့တကယ်ပဲ ဖျက်ဆီးပစ်လိုက်ကြတာပဲ..’
ဆန်နီဟာ ပျက်ဆီးနေတဲ့ ယဇ်ပုလ္လင်ကို စိုက်ကြည့်နေခဲ့ပြီး..ဂိတ်ပေါက်ကို အမှန်တကယ် ဖျက်ဆီးလိုက်ကြတာကို အခုထိ မယုံကြည်နိုင်သေးပါဘူး..။
ဒါက ဘယ်လို ရူးသွပ်မူမျိုးလဲ..။
သူ တစ်ခနလောက် တွေဝေနေခဲ့ပြီးမှ ပလက်ဖောင်းရှိရာကို ဆင်းသက်လိုက်တယ်..။အဲဒီမှာတော့..ဆန်နီဟာ အပျက်အဆီးတွေကြားထဲမှာ မွှေနှောက်ရင်း..ဆင်စွယ်ရောင်ဓားကို တွေ့နိုင်မလား ဆိုတာ ရှာဖွေနေခဲ့ပါတယ်..။
သို့ပေမယ့် ဘယ်နေရာမှာမှ မတွေ့ခဲ့ရပေ..။သူတွေ့ရတာဆိုလို့..မုန်တိုင်းနတ်ဘုရား ရုပ်ထုရဲ့ အပျက်အဆီးတွေနဲ့ မီးတောင်ကျောက်တွေပါပဲ..။
ဒီဓားက အစကတည်းက ရှိမနေခဲ့တာလား..ဒါမှမဟုတ် မော်ဒရက်က သူ့ထက် အရင်ယူသွားခဲ့တာလား..။
‘ချီးတဲ့မှပဲ..’
ဆန်နီဟာ အောက်မှာရှိနေတဲ့ ရုပ်ထုရဲ့ ဦးခေါင်းကို လှည့်လိုက်တယ်..။ပြီးတာနဲ့ မတ်တတ်ရပ်ပြီး သေဆုံးနေတဲ့ နတ်သမီးရဲ့ ဘာမှမရှိတဲ့ မျက်လုံးတွေကို ဒေါသတကြီး ကြည့်လိုက်ပါတယ်..။
‘ချီးပဲ လူလိမ်ကောင်…။အလိမ်အညာ မင်းသား…အဲတာ သူပဲ..’
သူ့ရဲ့ ဒေါသတွေ ဆူပွက်နေတုန်းမှာပဲ..ကတ်စီက ရုတ်တရက် ရှေ့ကို တိုးလာခဲ့ပြီး သူ့ရဲ့ ပုခုံးကို ပုတ်လာခဲ့တယ်..။
ပြီးတာနဲ့ သူမက ခမ်းနားတဲ့ ခန်းမရဲ့ အဆုံးကို လက်ညိုးထိုးပြပြီး တီးတိုးပြောလိုက်ပါတယ်..။
“ငါ..ခြေသံတွေကို ကြားနေရတယ်..။တစ်ယောက်ယောက်…တစ်ယောက်ယောက်တော့ လာနေပြီ..”
ဆန်နီဟာ အမှောင်ထုထဲကို စိုက်ကြည့်နေပြီး..သူ့ရဲ့ လက်တွေကတော့..လက်နက်တစ်ခုကို ထုတ်ယူချင်စိတ်တွေ ဖြစ်နေခဲ့ပါပြီ..။သူ့ရဲ့ မျက်လုံးတွေကတော့ အန္တရာယ်ကြီးစွာ တောက်ပနေခဲ့တယ်..။
“..သူတို့ လာကြပါစေ...”
အပိုင်း ( ၅၇၄ ) ပြီး၏။