← Chapters

ထိပ်တိုက်ရင်ဆိုင်မူ

Vol. 39 Ch. 575

ထိပ်တိုက်ရင်ဆိုင်မူ

Vol. 39 Ch. 575

ဆန်နီဟာ တိတ်ဆိတ်မူ ၊ ဘာမှမရှိမူ နဲ့ တိတ်ဆိတ်စွာ စိုးရိမ်နေရမူတွေကို စိတ်ကုန်နေခဲ့ပါပြီ..။ဘာမှန်းမသိတဲ့ ထိပ်လန့်မူကြီးက သူ့ရဲ့ စိတ်ထဲမှာ လေးလံစွာ နေရာယူထားခဲ့တယ်..။ဒီထိပ်တိုက်တွေ့ဆုံမူကြီးက ဘယ်လောက်ပဲ ကြမ်းတမ်းပြီး ၊ အန္တရာယ်များနေပါစေ..သူက တစ်ခနလောက်ပဲ ဖြစ်ဖြစ် ဒီလေးလံမူကြီးကို အဆုံးသတ်ပစ်ချင်နေခဲ့တာပါ..။

သို့ပေမယ့် ဒီလိုဆိုရင်တောင်မှ..သူက အံကိုကြိတ်ထားခဲ့ပြီး ..ဒေါသနဲ့ စိတ်ပျက်မူတွေနောက်ကို လိုက်တာဟာ သေဆုံးခြင်းကို ဦးတည်စေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်တယ်ဆိုတာကို ကိုယ့်ကိုကို သတိပေးနေခဲ့တယ်..။အန္တရာယ်ရဲ့ အတိုင်းအတာ ပမာဏကို မသိရသေးမခြင်း..သူက တည်ငြိမ်ပြီး ခေါင်းအေးအေး ထားထားဖို့ လိုအပ်ပါတယ်..။

လက်နက်တစ်ခုကို ထုတ်ယူဖို့ လေထဲမှာ ဆန့်တန်းထားခဲ့တဲ့ သူ့ရဲ့လက်ဟာ..တစ်ခနလောက်ကြာအောင် ရှိနေပြီးကာမှ..ပြေလျော့သွားခဲ့တယ်..။

ဆန်နီ သူ့ရဲ့ အရိပ်တွေထဲက တစ်ယောက်ကို အရှေ့ကို ပို့လွှတ်ကြည့်လိုက်တဲ့အချိန်မှာတော့..မကြာခင်မှာပဲ..လမ်းကြောင်းတစ်ခုကနေ ထွက်လာခဲ့တဲ့ ပုံရိပ်တွေကို တွေ့လိုက်ရတယ်..။သူတို့ထဲက တစ်ချို့က ထော့နဲ့ ထော့နဲ့ ဖြစ်နေခဲ့ပြီး..တစ်ခြားသူတွေကတော့..လမ်းလျောက်ဖို့ မဖြစ်နိုင်လောက်အောင် ဒဏ်ရာပြင်းထန်နေတဲ့ အဖွဲ့သားတွေကို ကူတွဲလာခဲ့ပါတယ်..။

ဆုံးရှုံးသူတွေ…သူတို့က ညဘုရားကျောင်း မှာ ကျန်ရစ်နေခဲ့ကြတဲ့ ..အစောင့်အကြပ်တွေပါ..။သူတို့ရဲ့ ရှေ့မှာတော့..အနက်ရောင်အက်ျီကို ဝတ်ဆင်ထားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့ပြီး..သူမရဲ့ အနီရောင် ဆံပင်တွေက ညစ်ပေကာ ချွေးတွေနဲ့စေးကပ်နေခဲ့ပါတယ်..။သူ့မရဲ့ မျက်နှာပေါ်မှာတော့..နက်မှောင်တဲ့ အမူအရာတစ်ခုလည်း ရှိနေပါသေးတယ်..။

‘ဒီတော့ ..သူတို့က ရှင်ကျန်သူတွေပေါ့..’

သူတို့ရဲ့ အခြေအနေက သိပ်ပြီးကောင်းမနေဘူး ဆိုပေမယ့် သူတို့ထဲမှာ တိုက်ခိုက်နိုင်တဲ့ စစ်သည်တော်က တစ်ဒါဇင်ခန့်လောက်တော့ ရှိနေခဲ့ပါသေးတယ်..။တစ်ချို့က မီးအိမ်တွေနဲ့ လက်နိပ်ဓာတ်မီးတွေကို ကိုင်ဆောင်ထားကြရင်း..ကြီးမားတဲ့ ခန်းမကြီးထဲမှာ ရှိနေတဲ့ အမှောင်ထုကြီးကို နောက်ကိုပြန်တွန်းဖယ်နေခဲ့ပါတယ်..။သူတို့က ဆန်နီ နဲ့ ကတ်စီတို့ကို သတိထားမိဖို့အတွက် အတော်လေး ဝေးနေကြသေးပေမယ့် သံသယဖြစ်စရာမလိုအောင်ပဲ မကြာခင်မှာ သတိထားမိကြလိမ့်မယ် ဆိုတာ သေချာပါတယ်..။

‘ဘာလုပ်ရမလဲ…ဘာလုပ်ရမလဲ….စောင့်ရမှာလား..ဒါမှမဟုတ် ပုန်းနေရမှာလား..’

ခနအကြာမှာတော့..သူ့အတွက် ဆုံးဖြတ်ချက်ကို ကူချပေးသွားခဲ့ပါတယ်..။

ဆန်နီ စောင့်ကြည့်နေတုန်းမှာပဲ..ဆုံးရှုံးသူတွေထဲက တစ်ယောက်က မာစတာ ဝယ်သီ အနားကို ရုတ်တရက် ကပ်လာခဲ့ပြီး..သူမကို တီးတိုးပြောလိုက်ကာ..အမှောင်ထုထဲကနေ လေ့လာနေတဲ့ အရိပ်ရှိရာကို တိုက်ရိုက် လက်ညိုးထိုးပြလာခဲ့တယ်..။

‘ချီးပဲ..’

ဆန်နီဟာ သူရဲ့ဘက်မှာ သူတော်စင်နဲ့ ဝိဉာဉ်မြွေတို့ ရှိနေကြတာကြောင့်..တက်ရောက်မူအဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်ကို ထိန်းထားနိုင်ဖို့အတွက် တော့ အနည်းနဲ့အများတော့ ယုံကြည်မူရှိပါတယ်..။သို့ပေမယ့် ဆုံးရှုံးသူတွေ တစ်ဒါဇင်လောက်က သူ့ကို ဝိုင်းပြီး ကူညီပေးထားကြမယ်ဆိုရင်တော့…ဒီတိုက်ပွဲက ရှောင်ရှားလိုက်တာပဲ ပိုပြီး ကောင်းမွန်ပါလိမ့်မယ်..။

အထူးသဖြင့် အခုသူအလိုအပ်ဆုံး အရာက..ရှင်ကျန်သူတွေပိုင်ဆိုင်ထားကြတဲ့ အချက်အလက်တွေ ဖြစ်နေကြတဲ့ အချိန်မျိုးမှာပါ..။

မကြာခင်မှာပဲ..ပုံရိပ်တစ်ခုက ကင်းစောင့်တွေရဲ့ အဖွဲ့ကနေ ခွဲထွက်သွားခဲ့ပြီး..တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့အတူပဲ သူ့ဆီကို ဦးတည်လာနေခဲ့ပါတယ်..။ဒီလူက ဘယ်သူလဲဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် ဆန်နီရဲ့ မျက်နှာက နက်မှောင်သွားခဲ့တယ်..။

မာစတာ ပီယာ..။ဒီလူက သူတို့ပထဆုံး စတင်တွေ့ခဲ့ကြတဲ့ အချိန်တုန်းက အတိုင်းပဲ ..ကြမ်းတမ်းပြီး ခက်ထန်နေခဲ့တယ်..။သူ့ရဲ့ မာကျောတဲ့ မျက်လုံးတွေကတော့ အေးစက်ပြီး ကြမ်းတမ်းနေခဲ့ပါတယ်..။သူ့ရဲ့ မေးရိုးပေါ်မှာ ပေါက်နေတဲ့ မွှေးညှင်းလေးတွေက အခုဆိုရင် တိုတောင်းတဲ့ မုတ်ဆိတ်မွှေးတွေဖြစ်လာခဲ့ပြီး..သူ့ရဲ့ အရောင်ကင်းမဲ့ တဲ့ အက်ျီမှာတော့..ထိခိုက်မူတစ်ချို့ ရှိနေခဲ့တယ်..။သို့ပေမယ့် ..အဲတာတွေကလွဲလို့ သူက နဂိုအတိုင်း ရှိနေဆဲပါပဲ..။ဒါက ရက်သတ္တပတ်တွေကြာအောင် ဖြစ်ပျက်ခဲ့တဲ့ သွေးစွန်းတဲ့ ထိပ်လန့်မူတွေက သူ့အပေါ်ကို လုံးဝ သက်ရောက်ခြင်း မရှိခဲ့တဲ့ ပုံပါပဲ..။

အခုတော့..အခွင့်အလမ်းတွေက ဆန်နီရဲ့ ဘက်ကို မျက်နှာသာ ပေးမနေခဲ့ပေ..။

သူ့ရဲ့ စွမ်းရည်နဲ့ဆိုရင်..အနည်းဆုံးတော့ ထွက်ပြေးသွားနိုင်တယ်ဆိုတာကိုတော့ သူ သေချာနေပါသေးတယ်..။တကယ်လို့ လိုအပ်လာခဲ့မယ် ဆိုရင်ပေါ့….

မာစတာ ပီယာဟာ အလယ်ပလက်ဖောင်းနေရာအထိ ရောက်လာပြီးနောက်မှာတော့..ရပ်တန့်လိုက်တယ်..။ပြီးတာနဲ့ ဆန်နီ နဲ့ ကတ်စီ တို့ကို လေးလံတဲ့ အကြည့်တွေနဲ့ လေ့လာနေခဲ့ပါတယ်..။ဆန်နီ လည်ချောင်းကို ရှင်းလိုက်ပြီး..တုန်လှုပ်နေတဲ့ အပြုံးတုတစ်ခုကို ဖန်တီးလိုက်ကာ…

“ဆျာ…ဆျာ ပီယာ…။ဘုရား သခင်တွေကို ကျေးဇူးတင်ပါတယ်..။ကျွန်တော်တို့က တစ်ယောက်ယောက် အသက်ရှင်ကျန်ရစ်နေလိမ့်မယ်လို့တောင် မသေချာခဲ့ဘူးလေ..”

သူ့ရဲ့ ဘယ်ဘက်မှာတော့..ကတ်စီက ရုတ်တရက် တောင့်တင်းသွားခဲ့တယ်..။နောက်ထပ်တစ်စက္ကန့်မှာ ဘာဖြစ်လာမလဲဆိုတာကို သူမ မြင်ထားခဲ့ပြီးပြီဆိုတာကို သိနေတာကြောင့် ဆန်နီ အဆိုးဆုံးတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်ပါတယ်..။သို့ပေမယ့်..မျက်မမြင် မိန်းကလေးက မလှုပ်ရှားပဲ ရှိနေခဲ့သေးတာကြောင့်..သူလည်း အလျင်စလို ဘာမှ မလုပ်သေးပေ..။

မာစတာ ပီယာဟာ..နက်မှောင်ပြီး လေးလံတဲ့ အသံနဲ့ ပြောလာခဲ့တယ်..။

“ကောင်းပြီ..ကောင်းပြီလေ..။ငါတို့မှာ ဘာများရှိနေမလဲ…”

နောက်ထပ်တစ်ခနအတွင်းမှာတော့..ကျယ်ပြန့်တဲ့ အလင်းစက်တွေက ပလက်ဖောင်းကို ဝန်းရံပြီး ပေါ်ထွက်လာခဲ့တယ်..။ဆန်နီ စိတ်ထဲကနေ ကျိန်ဆဲလိုက်ပြီး အလင်းစက်တွေထဲကနေ လူဆယ်ယောက်လောက် ပေါ်ထွက်လာကာ..သူတို့ကို ဝန်းရံထားခဲ့တာကို ကြည့်နေခဲ့ပါတယ်..။ချက်ချင်းဆိုသလိုပဲ..သူ ရင်ဆိုင်ရဖို့ရှိနေတဲ့ ရင်သူ အရေအတွက်က နှစ်ဆနီးပါးအထိကို ရှိသွားခဲ့တယ်..။

သို့ပေမယ့် ဒီလူသားတွေက…။သူက ကြက်သီးထနေမူကို‌ ကျော်ဖြတ်ဖို့ လိုအပ်ပါတယ်..။သူတို့ရဲ့ ဘာမှမရှိတဲ့ မျက်လုံးတွေ..၊ အရိပ်တွေက…မဟုတ်ဘူး…သူတို့က လုံးဝ လူသားတွေမဟုတ်ဘူး..။အဲဒီအစား..ထပ်တူညီမူ ဆယ်ယောက်က သူ့ကို ဝန်းရံထားပြီး..အသက်မဲ့တဲ့ အမူအရာတွေနဲ့ စိုက်ကြည့်နေခဲ့ကြတာပါ..။တစ်ယောက်ချင်းစီတိုင်းကလည်း စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလောက်အောင် ခြိမ်းခြောက်တဲ့ အမူအရာတွေနဲ့ ရှိနေခဲ့ကြတယ်..။

ပီယာက သူတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး..

“မင်းတို့ နှစ်ယောက်က အခုထိ အသက်ရှင်နေကြသေးတာပဲ..”

ဆန်နီ လှည့်ပတ်ကြည့်လိုက်ပြီး အခြေအနေကို ဘယ်လို ပြောင်းလဲရမလဲ ဆိုတာကို စဉ်စားနေခဲ့တယ်..။

“အိုး..အဲတာလား..”

သူ တစ်ခုခုမပြောနိုင်ခင်မှာပဲ..ကတ်စီက သူမရဲ့ ဦးခေါင်းကို ဖြည်းညှင်းစွာလှည့်လိုက်ပြီး..သူ့နောက်က တစ်နေရာရာကို ကြည့်လိုက်တာကို သတိထားမိလိုက်တယ်..။သူမရဲ့ မျက်နှာပေါ်မှာတော့ မျက်မှောင်ကျုတ်မူ တစ်ချို့ ရှိနေခဲ့ပါတယ်..။ဒီလိုနဲ့ပဲ..အဲဒီမှာ တစ်စုံတစ်ယောက် ရှိနေခဲ့တယ် ဆိုတာကို သူက သိသွားခဲ့ပါပြီ..။

အရိပ်တွေရဲ့ ကျေးဇူးကြောင့် ဆန်နီက သူ့ရဲ့နောက်ကျောဘက်ကို အမြဲတမ်း သတိထားမိနေတတ်ပေမယ့်..အခုအရာကိုတော့ မမြင်နိုင် ..မခံစားနိုင်ဘူးဆိုတဲ့ အချက်ကတော့ ထူးဆန်းပါပဲ..။

သို့ပေမယ့် မျက်မမြင် မိန်းကလေးရဲ့ အချက်ပေးမူက မှန်ကန်နေခဲ့တယ်..။နောက်ထပ်တစ်စက္ကန့်အတွင်းမှာပဲ အေးစက်တဲ့အရာတစ်ခုက သူ့ရဲ့လည်ပင်းကို ထိတွေ့လာခဲ့ပြီး..ရင်းနှီးတဲ့ အသံတစ်ခုက သူ့ရဲ့ နားကို ကပ်ပြီး ဝင်ရောက်လာခဲ့တယ်..။

“မလှုပ်နဲ့..”

ဆန်နီ အေးခဲသွားခဲ့ပါတယ်..။

‘ဒီအသံ…ငါတို့ရောက်လာတဲ့နေ့က ဂိတ်ပေါက်ကို စောင့်ကြပ်နေခဲ့တဲ့ မိန်းကလေး ကင်းစောင့် ရဲ့ အသံ..။ငါက ဘာလို့ သူမကို မမြင်ရသလို …သူမရဲ့ အရိပ်ကိုလည်း အာရုံမခံမိတာလဲ..’

အဖြေကတော့ အတော်လေးကို သိသာပါတယ်..။အမျိုးသမီးက..သူမရဲ့ ဂဏ္ဍစွမ်းရည်ကြောင့်..မမြင်ရတဲ့ ပုံသဏ္ဍာန်တစ်ခုကို ဖန်တီးထားနိုင်တဲ့ ပုံပါပဲ..။

ဒါက အတော်လေးကို အန္တရာယ်များတဲ့ စွမ်းရည်တစ်ခုပါ..။

သူက တုန်လှုပ်ချင်ယောင် ဆောင်လိုက်တယ်..။

“ဟုတ်…ဟုတ်ကဲ့..။ကျွန်တော် မလှုပ်ပါဘူး..”

နောက်ထပ်တစ်ခနလောက်အထိ ဘယ်သူကမှ စကားပြောခဲ့ပေ..။ယင်းနောက် ကတ်စီက ကြောက်လန့်ဖွယ်ကောင်းတဲ့ မာစတာ ဘက်ကို လှည့်ပြီး..ပြောလာခဲ့တယ်..။

“ဆျာ ပီယာ…တကယ်လို့ ကျွန်မတို့ကို အကာအကွယ်ပေးပြီး..ဘာတွေဖြစ်နေတာလဲ ဆိုတာကို ရှင်းပြပေးရင် ကျွန်မတို့တကယ်ပဲ ကျေးဇူးတင်မိပါလိမ့်မယ်..။ကျွန်မတို့က အရှင်တို့ အကျဉ်းချထားတဲ့ လှောင်အိမ်ထဲကနေတောင် လွတ်ရုံလေးပဲ လွတ်လာခဲ့တာပါ..။ပြီးတော့..ဒီလိုအပြုမျိုးနဲ့ ကြိုဆိုခံရတယ် ဆိုတာက လူသားတွေကို ရှာတွေ့တဲ့ အချိန်မှာ ကျွန်မတို့ မျှော်လင့်ထားခဲ့တဲ့ အရာ မဟုတ်ပါဘူး..”

သူက သူမကို တစ်ခနလောက် စိုက်ကြည့်လိုက်ပြီးမှ ပြုံးလိုက်တယ်..။

“မင်းတို့ကို အကာအကွယ်ပေးရမယ် တဲ့လား..။ဒါက တကယ်ကို ကောင်းတဲ့ ဟာသတစ်ခုပဲ..။အဲဒီအစား မင်းတို့နှစ်ယောက်စလုံးကို အခုချက်ချင်း မသတ်ဖို့ အတွက် အကြောင်းပြချက် တစ်ခုလောက်ပေးပါလား..”

ကတ်စီ မျက်မှောင်ကျုတ်လိုက်ပေမယ့် ကြောက်ရွံ့မူကိုတော့ မပြသခဲ့ပါဘူး..။အဲဒီအစား သူမက စက္ကန့်အချို့လောက် တိတ်ဆိတ်နေခဲ့တယ်..။ပြီးတဲ့ နောက်မှ တည်ငြိမ်ပြီး ပုံမှန်အသံနဲ့ ပြောလိုက်ပါတယ်..။

“..ကြိုးစားကြည့်လို့ရပါတယ်..။ရှင်တို့ ကျိန်းသေ အောင်မြင်မှာပါ..။ဒါပေမယ့် ပေးဆပ်မူ မရှိပဲနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူးလေ..။နိုးထသူ ဆန်းလပ်စ် နဲ့ ကျွန်မက တက်ရောက်သူတွေတော့ မဟုတ်ကြဘူး..။ဒါပေမဲ့ ကျွန်မတို့ရဲ့ ဂုဏ်သတင်းတွေကို အလကား ရထားကြတာမျိုး မဟုတ်ဘူး..။ရှင့်ရဲ့ လူတွေနဲ့ ထပ်တူညီမူ ဘယ်လောက် ပမာဏလောက်ကို ကျွန်မတို့နဲ့ အတူ ငရဲကို ခေါ်သွားပေးရမလဲ..”

သူမ ခနလောက် ရပ်တန့်ပြီဲးကာမှ ထပ်ပြောလိုက်တယ်..။

“…ရှင် ဘယ်လောက်ပမာဏလောက် ဆုံးရှုံးခံနိုင်မလဲ..”

မာစတာ ပီယာဟာ ပါးစပ်ကိုဖွင့်ပြီး တစ်ခုခုပြောဖို့ လုပ်လိုက်ပေမယ့် အနောက်ကနေ ရောက်လာတဲ့ ဝယ်သီ က သူ့ကို ဖြတ်ပြောလိုက်ပါတယ်..။ဒုတိယမြောက် တက်ရောက်သူ က ပင်ပန်းနေတဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။

“တော်လောက်ပြီ..။ငါတို့က ထပ်ပြီး အဆုံးရှုံးခံလို့ မဖြစ်တော့ဘူး..။ဘယ်အရာကိုမှပဲ..။ဒါကို ငါသိထားသလို ၊ နင်လည်း သိထားတယ် ပီယာ…။သူတို့နှစ်ယောက်စလုံးက သန်မာတော့ ငါတို့အတွက် အသုံးဝင်လာလိမ့်မယ်..။သူတို့ကို ငါတို့နဲ့ အတူ ခေါ်သွားကြမယ်..”

သူက မျက်နှာ သုန်မုန်သွားပြီး ပြန်ပြောလိုက်တယ်..။

“အဲဒီအရာက သူတို့ နှစ်ယောက်ထဲက တစ်ယောက်ဆီမှာ ရှိနေရင် ဘယ်လိုလုပ်မှာလဲ..”

လေဒီ ဝယ်သီဟာ..ဆန်နီ နဲ့ ကတ်စီကို ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

“သူတို့က အကျဉ်းခန်းထဲမှာ ရက်သတ္တပတ်တွေ ကြာအောင် ရှိနေခဲ့ကြတာ..။ငါတို့အားလုံးထဲမှာဆိုရင် သူတို့နှစ်ယောက်က ယူဆောင်ခံရဖို့အတွက် အခွင့်အရေး အနည်းဆုံးပဲ..။ပြီးတော့..ငါတို့က အခုပဲ သူ့ရဲ့ အရင် ကိုယ်ထည်ကို ဖျက်ဆီးပစ်ခဲ့ကြတာလေ..။ဒီ ခန်းမထဲမှာ ဘာမှန်မှ ရှိတာလည်း မဟုတ်ဘူး..။ဒီတော့..”

သူမက လေးလံစွာ သက်ပြင်းချလိုက်ပြီး ကတ်စီကို ခေါ်လိုက်တယ်..။

“လာ…ဒီနေရာမှာက မလုံခြုံဘူး..။ငါတို့က အတွင်းဘက် မြင့်မြတ်နယ်မြေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကြရမယ်..”

ပီယာဟာ အံ့ကိုကြိတ်ပြီး..နှာခေါင်းရှုတ်လိုက်ကာ ထပ်တူညီမူတွေကို ပြန်ရုတ်သိမ်းလိုက်တယ်..။

တစ်ချိန်တည်းမှာပဲ ဆန်နီက သူ့ရဲ့ လည်ပင်းမှာရှိနေတဲ့ အေးစက်တဲ့ ဓားက ပျောက်ကွယ်သွားခဲ့တာကို ခံစားလိုက်ရပါတယ်..။တစ်ခနအကြာမှာတော့..သူ့ဘေးနားက လေထဲမှာ ရင်းနှီးတဲ့ ကင်းစောင့်ရဲ့ ပုံရိပ်က ပေါ်လာခဲ့တယ်..။သူမရဲ့ လက်ထဲမှာတော့ ထက်ရှတဲ့ ဓားမြောင်တစ်ချောင်းကို ကိုင်ထားခဲ့ပါတယ်..။

သူမက ပြုံးကာ..သူ့ကို မျက်လုံးမှိတ်ပြလိုက်ပြီး..

“..မင်း ကံကောင်းသွားတယ်..။ကောင်းပြီလေ..နောက်တစ်ခေါက်ပေါ့..”

ဒီလိုပြောပြီးတာနဲ့ အမျိုးသမီးက ဆုံးရှုံးသူ အဖွဲ့ဆီကို ဦးတည်သွားလိုက်ပြီး..သူမရဲ့ အဖော်တွေ အနောက်ကနေ လိုက်သွားလိုက်ပါတယ်..။

ဆန်နီဟာ ကတ်စီဘက်ကို တစ်ခနလောက် ကြည့်လိုက်ပြီး သက်ပြင်းချကာ စတင်လမ်းလျောက်လိုက်ပါတော့တယ်..။

ဖြစ်ပျက်လာတဲ့ အခြေအနေတွေကို သူ သိပ်ပြီး မပျော်ရွှင်မိပေ..။ပြီးတော့ ဗာလာကလန် နဲ့ သူတို့ရဲ့ ပဋိပက္ခ ကလည်း အခုထိ အဆုံးမသတ်သေးဘူး ဆိုတာကို သူ သိထားပါသေးတယ်..။သို့ပေမယ့် အနည်းဆုံးတော့ အခုချိန် သူတို့တွေရဲ့ ကြားထဲမှာ မတည်ငြိမ်တဲ့ ယာယီ စစ်ပြေငြိမ်းမူလေးတော့ ရှိနေခဲ့ပါပြီ..။

ဒါကပဲ..သူ့ကို အဖြေတစ်ချို့ရရှိဖို့အတွက် အခွင့်အရေး ပေးလာခဲ့ပါတယ်….။

အပိုင်း ( ၅၇၅ ) ပြီး၏။

All Chapters