အတွင်းပိုင်း မြင့်မြတ်နယ်မြေ
Vol. 39 Ch. 576
ဆုံးရှုံးသူတွေဟာ ဘုရားကျောင်းရဲ့အတွင်းဘက် နှလုံးသားထဲကို ဝင်ရောက်သွားခဲ့ကြတယ်..။ပြီးတဲ့နောက်မှာတော့ လေးလံတဲ့ တံခါးကြီးတွေကို ပြန်ပိတ်ထားလိုက်ကြပါတယ်..။သူတို့ဒီလိုလုပ်လိုက်ပြီ ဆိုတာနဲ့အနက်ရောင် သစ်သားတွေရဲ့ မျက်နှာပြင်ပေါ်မှာ ရှေးဟောင်း သကေ်တတစ်ချို့ ပေါ်လာခဲ့ပြီး..မကြာခင်မှာပဲ..ပြန်လှည်ပျောက်ကွယ်သွားခဲ့တယ်..။
ဆန်နီ တံခါးတွေကို မျက်မှောင်ကျုတ်ပြီး ကြည့်လိုက်ပေမယ့် ဘာမှတော့ မပြောခဲ့ပါဘူး..။
ကတ်စီ က ဘုရားကျောင်းရဲ့ ဒီအစိတ်အပိုင်းတွေကို မမြင်ဖူးထားခဲ့တာကြောင့်..သူတို့နှစ်ယောက်စလုံးက အတွင်းပိုင်း အပြင်အဆင်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိကြပါဘူး..။နေရာ အကျယ်အဝန်းကို သိပ်ပြီး မကြီးမားပေမယ့်..သူတို့ရဲ့ အောက်ဘက်တည့်တည့်မှာတော့.ဘုရားကျောင်းရဲ့ အဓိက ခေါင်းလောင်းပုံ တာဝါကြီး ရှိနေခဲ့ပါတယ်..။ဒီအရာက တစ်ခြား ခေါင်းလောင်း ခြောက်ခုထက် ပိုကြီးမားပြီး..ပိုကျယ်ပြန့်နေခဲ့တယ်..။
မာစတာ နှစ်လျောက်ဟာ သူ့ရဲ့ လူတွေကို ကော်ရစ်ဒါတွေကနေတဆင့် ကျယ်ပြန့်တဲ့ ဟောခန်းမကြီး တစ်ခုတည်းကို ဦးတည်ခေါ်ဆောင်သွားခဲ့တယ်..။ဒါက တော့ သူတို့ရဲ့ လတ်တလော ခံတပ်ဖြစ်တဲ့ ပုံပါပဲ..။ဝင်ပေါက်ရဲ့ ရှေ့မှာတော့..အစောင့်အကြပ်တွေ ရှိနေခဲ့ပြီး..၊ အစားအသောက်ထည့်ထားတဲ့ သေတ္တာတွေ ၊ အအေးဒဏ်ကို ထိန်းထားနိုင်တဲ့ မီးဖိုခန်း နဲ့ အိပ်စက်ဖို့အတွက် လက်လုပ် အိပ်ယာတွေ ရှိနေခဲ့ပါတယ်.။
သူတို့ရဲ့ အိပ်ယာအရေအတွက်ကို ကြည့်လိုက်တဲ့အချိန်မှာတော့..သူတို့ရဲ့ နောက်ဆုံးအမဲလိုက် ခရီးစဉ် ဒါမှမဟုတ်..ကင်းစောင့်တွေ လုပ်ဖို့ကြိုးစားနေတဲ့ အရာကနေပြီးတော့ လူတိုင်း ပြန်မလာနိုင်ကြဘူးဆိုတာကို နားလည်သွားခဲ့တယ်..။
အားလုံးပေါင်းလိုက်ရင် ဆုံးရှုံးသူ နှစ်ဆယ့်သုံးယောက် ကျန်နေသေးပြီး..သူတို့ထဲက တစ်ချို့ကလည်း ပြင်းထန်စွာ ဒဏ်ရာရထားခဲ့ပါတယ်..။ပီယာ ၊ ဝယ်သီ နဲ့ သူတို့နှစ်ယောက်ကိုပါ ပေါင်းလိုက်မယ်ဆိုရင်တောင် ရူးသွပ်တဲ့ မင်းသားကို ရင်ဆိုင်ဖို့အတွက် အရေအတွက်က သုံးဆယ်အောက်ပဲ ရှိနေခဲ့တာပါ..။ဆိုလိုတာကတော့ ဒီရက်သတ္တပတ်တွေ အတွင်းမှာ..မော်ဒရက်က ဘုရားကျောင်းအစောင့်တွေရဲ့ နှစ်ပုံတစ်ပုံ ကျော်လောက်ကို သတ်ဖြတ်ပြီးသွားပြီ လို့ ဆိုလိုတာပါပဲ..။
ဒီအခြေအနေတွေ စတင်ခဲ့တုန်းက မာစတာ ဝယ်သီဟာ အကျဉ်းသာကို ပြန်ထိန်းသိမ်းဖို့အတွက် ဘယ်လောက်တောင် ယုံကြည်မူရှိနေခဲ့လဲ ဆိုတာကို ပြန်တွေးမိပြီး ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။
…သူ့ကို အကျဉ်းချထားတဲ့ လူတွေ ထင်မှတ်ထားတာထက်တောင် မော်ဒရက်က ပိုကြောက်မက်ဖွယ်ကောင်းပြီး သေစေနိုင်နေခဲ့တာပါ..။
ဒဏ်ရာရတဲ့ လူတွေကို အမြန်ဆုံးကုသပေးပြီးတဲ့နောက်မှာတော့ ဆုံးရှုံးသူတွေဟာ..ပင်ပန်းစွာပဲ လဲကျသွားခဲ့ကြတယ်..။တစ်ချို့ကတော့..စခန်းကို ထိန်းသိမ်းတဲ့ ကိစ္စတစ်ချို့ကို လုပ်ကိုင်နေခဲ့ကြပါတယ်..။ဒါတွေကတော့ အစားအသောက် ချက်ပြုတ်တာ ၊ ရေဝေပေးတာ ၊ နဲ့ တစ်ခြား အသေးအမွှားအလုပ်တွေပါ..။လူတိုင်းက လေ့ကျင့်ထားတဲ့အတိုင်း လျင်လျင်မြန်မြန်နဲ့ တိတိကျကျ လုပ်ဆောင်နေခဲ့ကြတယ်..။ဒါကပဲ..သူတို့အနေနဲ့ ဘယ်လောက်တောင် အတွေ့အကြုံရှိပြီး..ကျွမ်းကျင်ကြလည်း ဆိုတာကို သက်သေပြနေခဲ့ပါတယ်..။
သိသာစွာပဲ သူတို့က ရုပ်ပိုင်းဆိုင်ရာရော..စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေကြတယ်..။သို့ပေမယ့် ဆန်နီ ထင်ထားသလောက်တော့ ရိုက်နှက်ခံရပြီး မတည်မငြိမ်ဖြစ်နေတာမျိုး တွေ မရှိကြပါဘူး..။သူတို့ရဲ့ စိတ်ဓာတ်တွေက မကျိုးပဲ့ကြသေးပေ..။ဒါကလည်း..အသန်မာဆုံး သူကသာ ရှင်သန်နိုင်လို့ ဖြစ်နိုင်ပါတယ်..။
အတွင်းပိုင်း မြင့်မြတ်နယ်မြေတစ်ခုလုံးမှာ အလင်းပြန်စေနိုင်တဲ့ အရာ ဘာတစ်ခုမှ ရှိမနေခဲ့တာကိုလည်း..သူ သတိထားမိလိုက်တယ်..။ဆုံးရှုံးသူ တွေက..လည်သာ ဒါမှမဟုတ် အရောင်မရှိတဲ့ သံမဏိ နဲ့ ပြုလုပ်ထားတဲ့ အကာအကွယ်တွေကိုသာ ဝတ်ဆင်ထားကြပြီး..လုံးဝ အလင်းမပြန်စေခဲ့ပေ..။ပြီးတော့..ရေကို အလင်းရောင် မမြင်ရတဲ့ ခွက်တွေနဲ့ သောက်ကာ..ကြမ်းပြင်ပေါ်ကို တစ်စက်မှ မဖိတ်အောင်လည်း ဂရုစိုက်ကြပါသေးတယ်..။
အတော်ကြာပြီးတဲ့နောက်မှာတော့..ရင်းနှီးတဲ့ အမျိုးသမီး ကင်းစောင့်ဟာ..သူတို့အနားကို ကပ်လာပြီး ပြောလိုက်တယ်..။
“ဆျာ နဲ့ လေဒီတို့က မင်းတို့ကို တွေ့ချင်နေကြတယ်..”
ဆန်နီ နဲ့ ကတ်စီတို့ဟာ သီးသန့်ခန်း တစ်ခုတည်းကို ဦးဆောင်ပြီး ခေါ်သွားခြင်း ခံလိုက်ရတယ်..။ပီယာနဲ့ ဝယ်သီ တို့က..အဝိုင်းပုံစံ စားပွဲတစ်ခုရဲ့ နောက်ဘက်မှာ သူတို့ကို စောင့်နေခဲ့ကြပါတယ်..။သူတို့နှစ်ယောက်စလုံးရဲ့ အမူအရာကတော့ သိပ်ပြီး မကောင်းလှပါဘူး..။
ဝယ်သီဟာ လွတ်နေတဲ့ ထိုင်ခုံနှစ်လုံးကို အချက်ပြလိုက်ပြီး..ခနလောက် စောင့်နေပြီဂကာမှ ပြောလာခဲ့တယ်..။
“မင်းတို နှစ်ယောက်စလုံ ရိုးရှင်းတဲ့ စည်းမျဉ်းတွေကို လိုက်နာရလိမ့်မယ်..။အခုကစပြီး..မင်းတို့က ငါတို့ရဲ့ ညွန်ကြားမူအောက်ကို ရောက်သွားပြီပဲ..။မင်းတို့က ဆျာ ပီယာ ဒါမှမဟုတ် ငါ ပေးတဲ့ ညွှန်ကြားချက်အောက်ကို လိုက်နာရလိမ့်မယ်..။အတွင်းပိုင်းမြင့်မြတ်နယ်မြေမှာ အလင်းပြန်စေနိုင်တဲ့ မှတ်သားမူ ဒါမှမဟုတ် ပစ္စည်းတွေကို အသုံးပြုလို့မရဘူး..။တကယ်လို့ မင်းတို့ အသက်ရှင်ချင်တယ်ဆိုရင်တော့ အပြင်ဘက်မှာလည်း အသုံးမပြုတာ အကောင်းဆုံးပဲ..။ဒီ ညဘုရားကျောင်းမှာ တွေ့မြင်ခဲ့ရတာတွေကို မင်းတို့ရဲ့ အပေါင်းအပါ ဒါမှမဟုတ် ဘယ်လို သက်ရှိမျိုးကိုမှ ပြန်ပြောပြလို့ မရဘူး..။တကယ်လို့ မင်းတို့ သဘောမတူနိုင်ဘူးဆိုရင် အခုပဲ ထွက်သွားပေးကြပါ..”
ဆန်နီ နဲ့ ကတ်စီတို့ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပေမယ့် ဆက်လက် ထိုင်နေတုန်းပါပဲ..။
ဝယ်သီ ခေါင်းညိမ့်လိုက်ပြီး ဆန်နီကို ကြည့်လိုက်တယ်..။
“နိုးထသူ ဆန်းလပ်စ်…ကျေးဇူးပြုပြီး..မင်းက အဲဒီ မှန်အပိုင်းအစကို ဘယ်လို ရရှိခဲ့တာလဲ ဆိုတာကို ပြောပြပေးနိုင်မလား..။ဒီတစ်ကြိမ်တော့ အသေးစိတ်ပေါ့..”
ပီယာဟာ ရုတ်တရက် ရှေ့ကို တက်လာပြီး ခြိမ်းခြောက်လိုက်တယ်..။
“ပြီးတော့ ငါတို့ကို လိမ်ဖို့တော့ စိတ်တောင်မကူးနဲ့ ကောင်လေး..။ရလာဒ်ကို မင်းသဘောကျမှာ မဟုတ်ဘူး..”
ဆန်နီ သူ့ကိုကြည့်ပြီး အနည်းငယ် ကြောက်လန့်ချင်ယောင် ဟန်ဆောင်လိုက်တယ်..။
‘ငါ လိမ်ချင်ရင်တောင် လိမ်လို့မရဘူး …အရူး..’
သူက မျှော်လင့်ခြင်းကျွန်းမှာ မှန်သားရဲကို ဘယ်လို စတင်တွေ့ရှိခဲ့တာလဲ ဆိုတာ နဲ့..ဒီထူးဆန်းတဲ့ သတ္တဝါလက်အောက်မှာ သူ့ရဲ့ အသက်က သေမလို ဖြစ်ခဲ့တဲ့ ဇာတ်လမ်းကို သူ ပြန်ပြောပြလိုက်တယ်..။
သူက တန်ဖိုးရှိတဲ့ အချက်အလက်တစ်ချို့ နဲ့ ဒီအန္တရာယ်များတဲ့ သားရဲကို ဘယ်လို အနိုင်ယူခဲ့တာလဲ ဆိုတာကို ပြောပြရတော့ မယ်ဆိုတာကို သိနေတာကြောင့် သူက အလင်းပြန်နေတဲ့ သတ္တဝါအပေါ်မှာ သူ့ရဲ့ ဂဏ္ဍစွမ်းရည် အားနည်းချက်ကို အသုံးပြုပြီး အနိုင်ယူခဲ့ကြောင်း ရှင်းပြလိုက်တယ်။ဒါပေါ့ သူ့ရဲ့ အားနည်းချက်က ဘာဖြစ်သလဲ ဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး..။
ပြီးတဲ့နောက်မှာတော့ မာစတာ နှစ်ယောက်စလုံးက အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ကြတယ်..။နောက်ဆုံးမှာတော့..ဝယ်သီက သုန်မုန်နေတဲ့ အသံနဲ့ ပြောလာခဲ့ပါတယ်..။
“ဒီတော့ သူ့ရဲ့ အလင်းပြန်မူတွေထဲက တစ်ခုက လွတ်မြောက်သွားခဲ့တာပေါ့..။တွေးကြည့်လိုက်ရင် အဲတာက တစ်ချိန်လုံး အနီးဆုံး မှာ ရှိနေခဲ့တာပဲ..”
ဆန်နီ တွေဝေနေပြီးကာမှ သိချင်စွာ မေးလိုက်တယ်..။
“ကျွန်တော် တောင်းပန်ပါတယ်..ဒါပေမဲ့ အဲဒီမှန်အပိုင်းအစ က အမှန်တကယ်ပဲ ဘယ်လို အရာမျိုးလဲ..။တကယ်လို့ အဲတာက အန္တရာယ်များတယ် ဆိုရင်..ဘာလို့…ဘာလို့ ..ကျွန်တော်ကို ဒီထဲကို ယူလာခွင့် ပေးနေသေးတာလဲ..”
ပီယာ ဟာ လက်သီးကို ဆုပ်ထားရင်း သူ့ကို ဒေါသတကြီး ကြည့်နေခဲ့တယ်..။ယင်းနောက် သူက အံကို ကြိတ်လိုက်ပြီး..
“..စစ်ဆေးမူတွေ ဆိုတာက သာမန်မှန်တွေကို အထဲယူလာလို့ မရအောင် တားဆီးထားခဲ့တာပဲ..။အပြင်ဘက်တစ်နေရာမှာ အပိုင်းအစ တစ်ခုခု ရှိနေလိမ့်ဦးမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ..။တကယ်လို့ ငါတို့သာ သိမယ်ဆိုရင်..မင်း ချိန်းကျွန်းစုပေါ်ကို ခြေချတဲ့ အချိန်ကတည်းက ငါတို့က သတ်ပြီးနေလောက်ပြီ..။အဲဒီ အပိုင်းအစက ဘာလဲဆိုတာကတော့ မင်းသိရမယ့် အရာမဟုတ်ဘူး..”
ဘာမှန်းမသိတဲ့ မှန်လေးကို ကောက်ယူလာလိုက်တာက ကြီးမားတဲ့ ပစ်မှတ်ကြီးတစ်ခုဖြစ်သွားခဲ့တာကို နားလည်လိုက်တဲ့ အချိန်မှာတော့..ဆန်နီ အနည်းငယ် ကြက်သီးမွှေးညှင်း ထသွားခဲ့တယ်..။သူတော်စင် တိုင်းရစ် ကတော့..မျှော်လင့်ခြင်းကျွန်း အကြောင်းကို ဘယ်တော့မှ ထုတ်မပြောနဲ့ ဆိုပြီး သတိပေးထားခဲ့ပါတယ်..။
သူ စဉ်းစားနေတုန်းမှာပဲ ကတ်စီက နောက်ဆုံးမှာ စကားပြောလာခဲ့တယ်..။
“လေးစားမူအပြည့်နဲ့ပြောပါရစေ..ဆျာ ပီယာ…ကျွန်မတို့မှာလည်း ဘာဖြစ်နေတယ်ဆိုတာကို သိခွင့်ရှိပါတယ်..။ဒါမှမဟုတ် ရင်လည်း ကျွန်မတို့ သိဖို့လိုအပ်ပါတယ်..။တကယ်လို့ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ အရာက ဘာမှန်းမသိဘူးဆိုရင် ကျွန်မတို့က ဘယ်လိုလုပ် တိုက်ခိုက်နိုင်တော့မှာလဲ..။ကျွန်မတို့က ဘယ်လိုအရာကို လွတ်မြောက်စေခဲ့တာလဲ..။ဘယ်လို သတ္တဝါကများ..သေဆုံးမူတွေ ..ဖျက်ဆီးမူတွေ ဖြစ်စေရတာလဲ..”
မာစတာ ဟာ..အေးစက်တဲ့အသံနဲ့ တုန့်ပြန်ဖို့လုပ်လိုက်ပေမယ့်..ဝယ်သီ က သူမရဲ့ တည်ငြိမ်တဲ့ အသံနဲ့ အရင်ဆုံးပြောလာခဲ့ပါတယ်..။
“သူမ ပြောတာ မှန်တယ် ပီယာ..။သူတို့က အသုံးဝင်တဲ့ လူတွေဖြစ်လာဖို့အတွက် ဆိုရင်..သူတို့လည်း သိထားဖို့လိုအပ်တယ်..”
သူမက သက်ပြင်းချလိုက်ပြီး..အဝေးကို ကြည့်ကာ..အတော်ကြအောင် တိတ်ဆိတ်နေခဲ့တယ်..။ယင်းနောက် ဝယ်သီ ဟာ သူမရဲ့ မျက်နှာကို ပွတ်လိုက်ပြီး..လေးလံတဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်..။
“မင်းတို့ လွတ်မြောက်သွားစေခဲ့တဲ့ …အဲဒီမွန်းစတားက…ဗာလာ ရဲ့ မော်ဒရက်ပဲ..။စစ်ပွဲ မင်းသား…”
အပိုင်း ( ၅၇၆ ) ပြီး၏။