← Chapters

မင်းတစ်ယောက် တည်းပဲ…

Vol. 39 Ch. 577

မင်းတစ်ယောက် တည်းပဲ…

Vol. 39 Ch. 577

အဲဒီစကားပြောပြီးတဲ့ နောက်မှာတော့ အခန်းက အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်..။ဆန်နီကတော့ မျက်မှောင်ကျုတ်သွားခဲ့ပြီး..သူကြားခဲ့တဲ့ အရာကို စဉ်းစားနေခဲ့ပါတယ်..။

မော်ဒရက်က ကြီးမြတ်တဲ့ ဗာလာကလန်ရဲ့ ဆက်ခံသူတစ်ယောက် ဖြစ်တယ်ဆိုတာကို သူ အမှန်တကယ် မအံ့ဩမိပါဘူး..။သူတို့ကြားထဲမှာ ထူးခြားတဲ့ ဆက်နွယ်မူရှိနေတယ် ဆိုတာကို သူ အစောကတည်းက သိထားပြီးသားပါ..။မော်ဒရက်က သူ့ကိုယ်သူ မင်းသားတစ်ယောက်လို့ ထူးဆန်းစွာ ခေါ်ဆိုနေခဲ့တာကလည်း သူ့အနေနဲ့ အုပ်စိုးသူ တစ်ပါး နဲ့ သွေးချင်းဆက်နွယ်မူ ရှိနေနိင်တယ်လို့ ယူဆနိုင်ပါတယ်..။

အခုတော့..ဗာလာကလန်ရဲ့ အန်ဗီဟာ..ဆန်းကျယ်တဲ့ မင်းသားရဲ့ အဖေဖြစ်တယ် ဆိုတာကို အနည်းနဲ့အများတော့ သေချာသွားခဲ့ပါပြီ…

သို့ပေမယ့် ဆန်နီကို မျက်မှောင်ကျတ်တဲ့ အထိ ဖြစ်စေတဲ့အချက်ကတော့..ဝယ်သီ က မော်ဒရက်ကို စစ်ပွဲမင်းသား လို့ ခေါ်လိုက်တာပါပဲ..။ဒါက.အင်မော်တယ်မီးတောက် ကလန်က နေနတ်ဘုရားရဲ့ မျိုးနွယ်ကို ဆက်ခံထားခဲ့သလိုပဲ… ဗာလာကလန် အနေနဲ့လည်း စစ်ပွဲနတ်ဘုရား ရဲ့ အမွေအနှစ်ကို ဆက်ခံထားခဲ့တယ်လို့ ဆိုလိုတာပါ..။

ဒီလိုဆိုရင်..ကျန်တဲ့ ကလန်ကြီးနှစ်ခုကရော..ဘယ် အမွေအနှစ်တွေကို ပိုင်ဆိုင်ထားကြသေးတာလဲ..။

…ပြီးတော့..အရိပ်နတ်ဘုရားရဲ့ အမွေအနှစ်တွေကို ဆက်ခံတဲ့ လူတစ်ယောက်ဖြစ်သင့်ပေမယ့်..လက်လှမ်းမမှီနိုင်တဲ့ ဒဲလ်မွန်တစ်ကောင် ရဲ့ အမွေအနှစ်နဲ့သာ အဆုံးသတ်ပြီး သောင်တင်သွားခဲ့တဲ့ သူ့ရဲ့ နေရာကရော ဘယ်မှာဖြစ်နိုင်မလဲ..။

အဲ့အချိန်မှာပဲ..ကတ်စီက အနည်းငယ် အံ့ဩနေတဲ့ အသံနဲ့ ပြောလာခဲ့ပါတယ်..။

“ဗာလာကလန် ကလား..”

မာစတာ ဝယ်သီ က နောက်တစ်ကြိမ် သက်ပြင်းချကာ..ခေါင်းညိမ့်လိုက်ပြီး..

“ဟုတ်တယ်..။မင်းသား မော်ဒရက်က..ငါတို့ကလန်ရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့..သူတော်စင် အန်ဗီရဲ့ အကြီးဆုံးသားတစ်ယောက်ပဲ..။ငယ်ရွယ်စဉ်အချိန်ကတည်းက..စွမ်းအားကြီးမားတဲ့ မဟာမိတ်တစ်ဦးဆီကို သူ့ကို ဓားစာခံအနေနဲ့ ပို့ထားခဲ့ရတယ်..။ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး..အားလုံး ချမ်းသာကြွယ်ဝစေဖို့ အတွက်ပေါ့..။သူ့ကို ဘယ်လိုထိခိုက်မူမျိုးမှ အမှန်တကယ် မခံယူစေချင်ခဲ့ဘူး..။ပြီးတော့ အမှန်တကယ်လည်း သူ့ကို ဘယ်အရာကမှ မထိခိုက်ခဲ့ဘူး..။ဒါမှမဟုတ် ငါတို့က မထိခိုက်ဘူးလို့ ထင်ခဲ့ကြတာလည်း ဖြစ်မှာပေါ့..။နှစ်တွေကြားပြီးတဲ့ နောက်မှာတော့..ငါတို့အတွက် စိတ်သက်သာရာရပြီး ပျော်ရွှင်စရာ အနေနဲ့ မင်းသားက ရဲရင့်တဲ့ နိုးထသူတစ်ယောက်အဖြစ် ငါတို့ဆီကို ပြန်လာနိုင်ခဲ့တယ်..”

ပီယာရဲ့ မျက်နှာဟာ နက်မှောင်သွားခဲ့ကာ..အဝေး တစ်နေရာကို ကြည့်နေလိုက်ပါတယ်..။ဝယ်သီက ခနလောက် တွေဝေလိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။

“ဒါပေမဲ့ ငါတို့ရဲ့ ဝမ်းသာမူက အကြာကြီး မခံခဲ့ဘူး..။မကြာခင်မှာပဲ..ကောင်လေးက..စိတ်တွေထွေပြားပြီး ကြီးပြင်းလာခဲ့ရတယ် ဆိုတာ သိသာလာခဲ့တယ်လေ..။သူက ရက်စက်တယ်..၊ ဂရုမစိုက်တတ်ဘူး..ပြီးတော့ ထိန်းချုပ်လို့မရနိုင်တဲ့ စိတ်လိုက်မာန်ပါ လုပ်ဆောင်မူတွေ ရှိနေခဲ့တယ်..။သူ ပိုပြီး စွမ်းအားကြီးမားလာလေလေ သူ့ပုံစံက လူသားဆန်မူ နည်းပါးလာလေလေပဲ..။ ပြီးတော့ သူက မယုံနိုင်လောက်အောင်ကို သန်မာပြီး အားကောင်းတယ်..။ဒါက ဘယ်နိုးထသူထက် မဆိုပိုပြီး သန်မာနေခဲ့တာပဲ..”

သူမ အောက်ကိုငုံ့ကာ မျက်နှာရှုတ်မဲ့သွားခဲ့ပြီး..

“အဆုံးမှာတော့..မင်းသား မော်ဒရက်က ကလန်ကနေ ထွက်သွားခဲ့ပြီး..အကြီးအကဲတွေရဲ့ အမိန့်တွေကို ချိုးဖောက်ရင်း..မာစတာတစ်ယောက် ဖြစ်လာနိုင်တဲ့ အိပ်မက်ဆိုးမျိုးစေ့ကို စတင်ပြီး ရှာဖွေတော့တယ်..။သူက တက်ရောက်သူ တစ်ယောက်ဖြစ်လာတဲ့ အချိန်ကျရင် ဒါမှမဟုတ် ကမ္ဘာကြီးထဲမှာ လျောက်သွားနေရင် အရမ်းကို အန္တရာယ်များနိုင်တာကို သိနေတာကြောင့်..စိတ်ထိခိုက်စွာပဲ သူ့ကို သတ်လိုက်ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ကြရတယ်..။မွန်းစတားပဲဖြစ်ဖြစ်..ဘာပဲဖြစ်ဖြစ်..သူက ငါတို့ တာဝန်ယူဖြေရှင်းရမယ့် အရာတစ်ခုပဲလေ..”

ဆန်နီ သူ့ရဲ့ နားထင်တွေကို ပြန်ပြီး ပွတ်သတ်လိုက်တယ်..။သူတို့ပြောသွားပုံအရဆိုရင်တော့ အချက်အလက်အသစ်တွေက အများကြီးပါပဲ..။ဒါပေါ့ ဒီအရာတွေသာ အမှန်ဆိုရင်ပါ..။သူကတော့ ဒီဟာတွေက မှန်ကန်မူရှိရဲ့လား ဆိုတာကို သိပ်ပြီး မသေချာပေ..။

မော်ဒရက် က အမှန်တကယ်ပဲ ဓားစာခံ အဖြစ်ပေးအပ်ခြင်း ခံခဲ့ရတာလား..။သူက အမှန်တကယ်ပဲ..အသိစိတ်ကင်းမဲ့ပြီး အန္တရာယ် များတဲ့ လူတစ်ယောက် ဖြစ်ခဲ့တာလား..။ဖြစ်ရင်လည်း ဖြစ်မယ် ၊ မဖြစ်ရင်လည်း မဖြစ်နိုင်ဘူး..။ဒါမှမဟုတ်..အနည်းဆုံးတော့..မဖြစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်..။ဘယ်လိုပဲဖြစ်ဖြစ်..သူ့ရဲ့ ပထမဆုံးသားကို စွန့်ပစ်လိုက်တာက..အန်ဗီရဲ့ ဆုံးဖြတ်ချက်အရ မဟုတ်ဘူးဆိုတာကိုတော့ သူ သံသယမဖြစ်မိပါဘူး..။ဝယ်သီရဲ့ အံ့ဩဖွယ်ရာ စကားလုံးတွေထဲက အဓိက အချက်တွေကတော့..”အရမ်းကို အားကောင်းတယ် “ နဲ့ “ထိန်းချုပ်လို့ မရနိုင်ဘူး “ ဆိုတာတွေ ပါပဲ..။

မော်ဒရက်က အဲဒီအကြောင်းပြချက်ကြောင့်ပဲ..ဒုတိယအိပ်မက်ဆိုးကို စိန်ခေါ်မှာနဲ့ ပတ်သက်ပြီးတားမြစ် ခံထားရပုံပေါ်ပါတယ်..။ဒါကြောင့်ပဲ သူက ချိန်းကျွန်းစု ဆီကို တစ်ယောက်တည်း လာခဲ့ပြီး..ဘယ်သူမှ မတွေ့ရသေးတဲ့ မျိုးစေ့ တစ်ခုကို လာရောက်ရှာဖွေခဲ့တာပါ..။အစောင့်အရှောက်တွေ မရှိတဲ့ ၊ အုပ်စိုးသူ အင်အားစုတွေ မတွေ့ရှိရသေးတဲ့ မျိုးစေ့ တစ်ခု..။

ဒါကပဲ သူ့ရဲ့ကျရှုံးမူကို ဦးတည်သွားစေခဲ့ပါတယ်..။

သိုပေမယ့် တစ်ခုသော အကြောင်းအရာကတော့ လုံးဝကို အဓိပ္ပာယ်မရှိပေ..။

ဆန်နီ မာစတာ တွေကို ကြည့်လိုက်ပြီး သံသယဖြစ်စွာ မေးလိုက်တယ်..။

“တကယ်လို့ မော်ဒရက်က အရမ်း အန္တရာယ်များနေတယ် ဆိုရင်လည်း..ဘာလို့ ဒီတိုင်း သူ့ကို မသတ်ပစ်လိုက်တာလဲ..။အဲဒီအစား ဘာလို့..သူ့ကို ပြသနာတွေအဖြစ်ခံပြီး အကျဉ်းချထားသေးတာလဲ..”

ခနလောက် ရပ်တန့်သွားခဲ့ပြီးနောက်မှာမှ..ပီယာက နက်မှောင်နေတဲ့ အသံနဲ့ ပြန်ဖြေလာခဲ့တယ်..။

“ငါတို့က မကြိုးစားခဲ့ကြဘူးလို့ မင်းက ထင်နေတာလား..။သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္တာကိုယ်ကို ဖျက်ဆီးပြီးသလို ၊ စိတ်ဝိဉာဉ် ခန္တာကိုယ်ကိုလည်း ဖျက်ဆီးပြီးသွားပြီ..။ဒါပေမဲ့ ငါတို့က သူ့ကို အခုထိ မသတ်နိုင်ကြသေးဘူး..။ငါတို့ ဘယ်လောက်ပဲ ကြိုးစားကြပါစေ..အဲဒီအရာက သေဆုံးဖို့ ငြင်းဆန်နေခဲ့တယ်လေ..။ဒီဖြစ်စဉ်တစ်လျောက်လုံးမှာ ငါ့ရဲ့ ရဲဘော်ရဲဘက်တွေ အများကြီး ကျရှုံးခဲ့ကြရတယ်..။အဆုံးမှာတော့..ငါတို့က သူ့ကို ပိတ်လှောင်ထားရုံပဲ တတ်နိုင်ခဲ့တယ်လေ..။အဲတာကလည်း..သူတော်စင်တွေရဲ့ အကူအညီကြောင့်သာ ဖြစ်နိုင်ခဲ့တာ..”

ဆန်နီဟာ အကြောက်အလန့်ကင်းတဲ့ မာစတာ ကို ကြည့်ပြီး အံ့ဩနေခဲ့တယ်..။

‘သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ဝိဉာဉ် ခန္တာကိုယ်တွေ ပျက်ဆီးသွားခဲ့တာတောင် တည်ရှိနေနိုင်သေးတာလား..။ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..’

သူက တစ်ခုခု ပြောချင်ပေမယ့် ပါးစပ်ကို ပြန်ပိတ်လိုက်တယ်..။ယင်းနောက် ပါးစပ်ကို ပြန်ဖွင့်ပြီး ပြောလိုက်ပါတယ်..။

“..သူ့ရဲ့ ဂဏ္ဍစွမ်းရည်က ဘာများလဲ..။အတိအကျ ဆိုရင်ပေါ့..”

ပီယာ နဲ့ ဝယ်သီ တို့ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။အဆုံးမှာတော့..အမျိုးသမီးက ပြောလာခဲ့ပါတယ်..။

“အဲတာက..မှန်တွေ ၊ အလင်းပြန်မူတွေ ၊ စိတ်ဝိဉာဉ်တွေနဲ့ သက်ဆိုင်မူရှိတယ်..။မင်းသား မော်ဒရက်က မှန်တွေထဲကနေ ဖြတ်သန်းသွားလာနိုင်ပြီး..အလင်းပြန်မူတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်လေ..။သူ့ရဲ့ ဒုတိယ စွမ်းရည်.. သူ့ရဲ့ ဒုတိယစွမ်းရည်က ပိုပြီးတောင် ကြောက်စရာ ကောင်းသေးတယ်..။တစ်စုံတစ်ယောက်က ဘယ်လို မှန်ပုံစံမျိုးကနေမဆို သူ့ကို ကြည့်လိုက်ပြီဆိုရင်..သူတို့ရဲ့ ဝိဉာဉ်က ဝါးမြိုခြင်း ခံကြရပြီး..သူ့တို့ရဲ့ ခန္တာကိုယ်ကလည်း သူ့အပိုင် ဖြစ်သွားလိမ့်မယ်..။ခန္တာကိုယ်တစ်ခု ရရှိသွားပြီဆိုရင်..မင်းသားက သူတို့ရဲ့ မှတ်သားမူတွေ ၊ ထပ်တူညီမူ တွေ နဲ့..သူတို့ရဲ့စွမ်းရည်ကိုတောင် တစ်ခါတည်း ရရှိသွားခဲ့တာလေ..။ဒါပေမဲ့ သူတို့ရဲ့ အားနည်းချက်တွေကို ရောပေါ့..။အဲတာက သူ့ရဲ့ ဖန်းတီးမူတွေထဲကတစ်ခုဖြစ်တဲ့ ..မျှော်လင့်ခြင်း ကျွန်းမှာ‌ မင်း တွေ့ခဲ့ရတဲ့ အရာနဲ့ ဆင်တူတယ်…”

သူမက တစ်ခနလောက် တိတ်ဆိတ်သွားခဲ့ပြီး..လည်ပင်းမှာဆွဲထားတဲ့..မီးပူပုံစံ အဆောင်လေးကို မသိစိတ်အလျောက် ကိုင်ကြည့်မိလိုက်ပါတယ်..။

“ .. ပီယာနဲ့ ငါကတော့ သူ့ရဲ့ စွမ်းရည်တွေကို ခုခံနိုင်စွမ်း ရှိကြတယ်..။ကျန်တဲ့ ငါတို့ရဲ့စစ်သားတွေကတော့ သိပ်ပြီဲး ကံမကောင်းခဲ့ကြဘူးလေ..။သူက ငါတို့လူတွေရဲ့ ခန္တာကိုယ်တွေကို တစ်ခုပြီးတစ်ခု ယူရင်း..ကျန်တဲ့လူတွေကို သတ်ဖြတ်ဖို့ အသုံးချနေခဲ့တာ..။အထူးသဖြင့် သူနောက်ဆုံးရထားတဲ့ ခန္တာကိုယ်က အရမ်းကို အန္တရာယ်များတယ်..။ဘာလို့လဲဆို‌ေတာ့ အဲဒီလူရဲ့ ခန္တာကိုယ်က..သေဆုံးသွားတဲ့ ငါတို့ ညီအစ်ကို မောင်နှမတွေရဲ့ အလောင်းတွေကို ရုပ်သေးအဖြစ်ပြုလုပ်ပြီး..တိုက်ခိုက်နိုင်တဲ့ စွမ်းရည်တွေ ရှိနေလို့ပဲ..။ငါတို့က အဲဒီ ခန္တာကိုယ်ကို ဖျက်ဆီးပစ်နိုင်လိုက်ပေမယ့်..မင်းသားကတော့ ခါတိုင်းလိုပဲထွက်ပြေး လွတ်မြောက်သွားခဲ့တယ်..။ငါတို့က သူ့ကို နောက်တစ်ကြိမ် ထပ်မံချုပ်နှောင်ပြီး အကျဉ်းချထားဖို့အတွက် မစွမ်းသာ ခဲ့ဘူးလေ..”

ဆန်နီ အနည်းငယ် စိတ်ဝင်စားသွားခဲ့တယ်...။

…အခုတော့ ..နောက်ဆုံးမှာ အတော်များများက ရှင်းလင်းသွားခဲ့ပါပြီ..။ဘာလို့ မော်ဒရက်ကို အကျဉ်းချထားတာလဲ ၊ ဘာလို့ ညဘုရားကျောင်းထဲကို အပြင်လူတွေ အဝင်မခံတာလဲ နဲ့ ဘာလို့ ဆုံးရှုံးသူ‌တွေနဲ့ ထပ်တူညီမူတွေကပဲ အကျဉ်းသားကို စောင့်ကြပ်နေကြတာလဲ ဆိုတာပါ..။ပထမတစ်ခုက ထပ်တူညီမူတွေက ဝိဉာဉ်မရှိကြတာကြောင့်..သူတို့ရဲ့ ခန္တာကိုယ်ကို ယူလို့ မရပါဘူး..။ဒုတိယတစ်ခုကတော့..မင်းသားဟာ..ဆုံးရှုံးသူတွေရဲ့ ခန္တာကိုယ်ကို ယူပြီး တစ်နည်းနည်းနဲ့ လွတ်မြောက်သွားခဲ့မယ် ဆိုရင်တောင်..နိုးထခြင်း ကမ္ဘာဆီကို ပြန်သွားနိုင်မှာ မဟုတ်ပါဘူး..။

နိုးထခြင်း ကမ္ဘာဆီကိုသာ ရောက်သွားခဲ့မယ် ဆိုရင်တော့ သူ့ကို ဖမ်းဆီးဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ..။

ရုတ်တရက် ဆန်နီ ကျောချမ်းသွားခဲ့တယ်..။

သူ့ရဲ့ အမူအရာကို သတိထားမိသွားတာကြောင့် ပီယာက နက်မှောင်စွာ ပြုံးလိုက်ပြီး..

“မင်းနောက်ဆုံးတော့ နားလည်သွားပြီ ထင်တာပဲ..။ဟုတ်တယ်..မင်းက ဒီသတ္တဝါကို အကြောင်းအကျိုးတွေ ပြောပြပြီး..ဗာလာကလန်အပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ အမုန်းတရားကို အသုံးချရင်း မင်းကို ရန်မပြုအောင် လုပ်လို့ ရနိုင်တယ်လို့တော့ မတွေးလိုက်နဲ့..။လတ်တလောမှာဆိုရင်..ဘုရားကျောင်းထဲက လူလေးယောက်ရဲ့ ခန္တာကိုယ်တွေကပဲ..သူ့ကို နိုးထခြင်း ကမ္ဘာဆီကို ပြန်လည်ပို့ဆောင်ပေးနိုင်လိမ့်မယ်..။ဝယ်သီ နဲ့ ငါ့ကိုတော့ သူက ယူဆောင်လို့ ရမှာမဟုတ်ဘူး..။ပြီးတော့..လေဒီ ကတ်စီယာကလည်း..အမြင်အာရုံ မရှိတာကြောင့်..ယူဆောင်ခြင်း ခံရမှာ မဟုတ်ဘူး..။ကျန်တာ ဆိုလို့…”

မာစတာ ပီယာ ကတော့.သူ့ကို အေးစက်ပြီး အန္တရာယ်များတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ပါတယ်..။

ဆန်နီ စိတ်ထဲက ကျိန်ဆဲလိုက်တယ်..။

“မင်းတစ်ယောက်တည်းပဲ..ကျန်တော့တယ်..”

အပိုင်း ( ၅၇၇ ) ပြီး၏။

All Chapters