← Chapters

ပြီးပြည့်စုံတဲ့ ခန္တာကိုယ်..

Vol. 39 Ch. 578

ပြီးပြည့်စုံတဲ့ ခန္တာကိုယ်..

Vol. 39 Ch. 578

‘ကောင်းပြီလေ..ဒါက သောက်ကျိုးနဲ လောက်အောင် ကောင်းမွန်တာပဲ..’

ဆန်နီ ရဲ့နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားခဲ့တယ်..။အဆိုးဆုံးအချက်က သူ့တို့ရဲ့ တွက်ချက်မူတွေက တူညီနေခဲ့တာကြောင့်..ပီယာ ရဲ့ အကြောင်းအကျိုးဆီလျော်မူတွေကို သူ မငြင်းပယ်နိုင်ခဲ့ပါဘူး..။

ဒါပေါ့ မော်ဒရက် က ဆုံးရှုံးသူတစ်ယောက်ရဲ့ ခန္တာကိုယ်ကို ယူဆောင်ပြီး..ခံတပ်တွေကြားထဲမှာ သွားလာတာ ဒါမှမဟုတ် ပိုပြီးဝေးတဲ့ ခံတပ်တစ်ခုကို သွားလာနိုင်စွမ်း အပြည့်အဝရှိပါတယ်..။လိုအပ်ရင် သူက အဲဒီကနေတဆင့် ခန္တာကိုယ် အသစ်တစ်ခုကိုပါ ယူဆောင်နိုင်စွမ်း ရှိနေခဲ့တယ်..။သို့ပေမယ့်..အသင့်တော်ဆုံး ရွေးချယ်စရာက သူ့ရဲ့ မျက်စိရှေ့မှာ ရှိနေတဲ့ အချိန်မှာ ဘာလို့ တစ်ခြားနေရာကို သွားပြီး ရှာဖွေနေဦးမှာလဲ..။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ သူက ဆန်နီကို ရှာဖွေဖို့ မကြိုးစားခဲ့တာဖြစ်နိုင်ပါတယ်..။မော်ဒရက်က သူ့ကို နောက်ဆုံးအနေနဲ့ ချန်ထားရစ် ချင်နေတဲ့ ပုံပါပဲ..။

..ကတ်စီရဲ့ ကျေးဇူးကြောင့် သူက ဝယ်သီ နဲ့ ပီယာ နှစ်ယောက်စလုံးရဲ့ စွမ်းရည်တွေကို အနည်းနဲ့အများတော့ ခန့်မှန်းမိနေခဲ့တယ်..။အကြောက်အလန့်ကင်းတဲ့ မာစတာက ခုခံစွမ်းအားမြင့်မားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပြီး..များပြားလှတဲ့ တိုက်ခိုက်မူတွေကို ခုခံနိုင်စွမ်းတွေ ရှိနေတဲ့ ပုံပါပဲ..။သူ့ရဲ့ မိတ်ဆွေကတော့..သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြင့်တင်ပြီး ရန်သူကို အားနည်းသွားစေနိုင်တဲ့ အထူးပြုစွမ်းရည်တေွကို ပိုင်ဆိုင်ထားတဲ့ ပုံပါပဲ..။

ဝယ်သီ ဝတ်ထားတဲ့ သံမီးပူအဆောင် လေးကလည်း..မော်ဒရက်ရဲ့ စွမ်းရည်ကနေ ကာကွယ်ဖို့အတွက် ဝတ်ဆင်ထားခဲ့တဲ့ ပုံပါပဲ..။ပီယာကတော့..ရိုးရှင်းစွာပဲ..သူ့ရဲ့ စွမ်းရည်ကနေတဆင့်..မော်ဒရက်ရဲ့ စွမ်းရည်ကို ခုခံထားခဲ့ပါတယ်..။

ကတ်စီကလည်း သူမရဲ့ အမြင်အာရုံမရှိမူကြောင့်..ဝိဉာဉ်ကို ထိန်းချုပ်ခံရမှာ မဟုတ်ပေ..။ခန္တာကိုယ်သိမ်းပိုက်ခံရဖို့ အတွက် ဆိုရင် တစ်စုံတစ်ယောက်က အလင်းပြန်မူကို ကြည့်ဖို့လိုအပ်တာကြောင့်..သူမက ဒီအရာကို မစွမ်းဆောင်နိုင်ပါဘူး..။

ဒီတော့ ဆန်နီ တစ်ယောက်တည်းသာ ကျန်ပါတော့တယ်..။

သို့ပေမယ့် ထပ်ပြောရရင် မော်ဒရက်က သူ့ကို လပေါင်းများစွာ စောင့်ကြည့်နေခဲ့ပြီး..ဆန်နီ ဘယ်လောက်အထိ အားကောင်းတယ်..၊ ဘယ်လိုစကားပြောတယ် ၊ ဘယ်လိုပြုမူတယ် ၊ ဘယ်လို အမူအကျင့်ရှိတယ် ဆိုတာတွေကို ကောင်းကောင်းကြီး သိထားခဲ့ပါတယ်..။ဘယ်သူက သူ့ရဲ့ မိတ်ဆွေတွေလဲ..ဘယ်သူက သူ့ရဲ့ ရန်သူတွေလည်း ဆိုတာကိုပါ သိထားခဲ့တယ်..။မော်ဒရက်က သူ့ရဲ့ ခန္တာကိုယ်နဲ့ သရုပ်ဆောင်နေဖို့အတွက် ..သိဖို့လိုအပ်တာတွေ အကုန်လုံးကို သိထားနေခဲ့ပြီးပါပြီ..။အလားတူစွာပဲ..သူ့ရဲ့ စွမ်းရည် ၊ အရိပ်တွေ နဲ့ မှတ်သားမူတွေကိုသာ ရရှီသွားရင် ဘယ်လောက်တောင် အကျိုးရှိမလဲဆိုတာကိုပါ သိထားခဲ့ပါသေးတယ်..။

အမှန်တကယ်ပဲ…ဆန်နီက အကောင်းမွန်ဆုံး ရယူချင်စရာ ခန္တာကိုယ် တစ်ခုပါ..။

သူ့ရဲ့ ဒီအခန်းဂဏ္ဍက အစကတည်းက ကြိုတင်သတ်မှတ်ထားသလိုတောင် ဖြစ်နေခဲ့ပါသေးတယ်..။

‘ချီးတဲ့မှပဲ..’

သူ အနည်းငယ်တွေဝေနေပြီးကာမှ..ပီယာ နဲ့ ဝယ်သီတို့ကို ကြည့်လိုက်တယ်…။ဒီတစ်ကြိမ်တော့ ဟန်ဆောင်ပြီး စိုးရိမ်ပြနေတာတွေတောင် မရှိတော့ပါဘူး..။

“ဒီတော့…အင်း..ဒါဆို အခုက ဘယ်လိုစီစဉ်ထားလဲ..”

မာစတာတွေဟာ တစ်ခနလောက် တွေဝေသွားခဲ့ကြတယ်..။ယင်းနောက် ဝယ်သီက နက်မှောင်ပြီဲး ခါးသက်တဲ့ အသံနဲ့ ပြောလာခဲ့ပါတယ်..။

“ငါတို့က အပြင်ကို ထွက်ပြီး အဲဒီမွန်းစတားကို ဖမ်းဆီးဖို့ကြိုးးစားတာမျိုးတွေ လုပ်တော့မှာ မဟုတ်ဘူး..။အခုချိန်မှာ…အခုချိန်မှာတော့..ငါတို့က သူ့ကို ပိတ်ဆို့ထားဖို့ လုံလောက်တဲ့ အရေအတွက် လည်း မရှိတော့ဘူးလေ..။ဒါပေမဲ့..သူက အတွင်းပိုင်း မြင့်မြတ်နယ်မြေဆီကို ဝင်လာနိုင်စရာ အကြောင်း မရှိဘူး..။ပြီးတော့..သူ ယူဆောင်ထားတဲ့ အကောင်းဆုံး ခန္တာကိုယ်ကလည်း ဖျက်ဆီးခံလိုက်ရပြီ..။ဒီတော့ ငါတို့က ဒီတိုင်း စောင့်နေကြမယ်..။တစ်ပတ်လောက်..ဒါမှမဟုတ် အဲဒီထက် လျော့နည်းတဲ့ အချိန်လောက် ဆိုရင်တော့..သူတော်စင် ကော်မတ်က ပြန်လာလောက်မှာပါ..။ပြီးရင်တော့..မင်းသား မော်ဒရက်က အထွတ်အထိပ်အဆင့် တစ်ယောက်ရဲ့ အမျက်ဒေါသတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်..”

သိသာစွာပဲ သူမက ဒီလိုနည်းလမ်းကိုသိပ်ပြီး သဘောကျပုံ မရပါဘူး..။ဘာလို့လဲဆိုတော့ ဒီလိုနည်းလမ်းက သူတို့ ရှုံးနိမ့်သွားပြီ ဆိုတာကို ဝန်ခံလိုက်တာနဲ့ အတူတူပါပဲ..။သိုပေမယ့်..ဒီအစီအစဉ်က လက်ရှိအခြေအနေမှာ အကောင်းဆုံးမှာ ရှိနေခဲ့ပါတယ်..။အနည်းဆုံးတော့..အပေါ်ယံပိုင်းမှာတော့..အကောင်းဆုံးပါပဲ..။

သူတို့ လုပ်ဖို့လိုအပ်တာဆိုလို့..မထိုးဖောက်နိုင်တဲ့ အတွင်းပိုင်း မြင့်မြတ်နယ်မြေထဲမှာ..ကြံ့ကြံ့ခံ ခုခံကာကွယ်နေရင်း..ကယ်ဆယ်ရေးတွေ ရောက်လာဖို့ကို စောင့်ဆိုင်းနေဖို့ပါပဲ..။သေချာတာကတော့..ဒီအရာက သူတို့ လက်ရှိလုပ်ဆောင်နိုင်တဲ့ အတိုင်းအတာ အတွင်းထဲမှာပါ..။

ဆန်နီ အားတင်းပြီး ပြုံးလိုက်တယ်..။

“ဒါက..တကယ်ကို အစီစဉ်ကောင်းပဲ..”

မာစတာ ဝယ်သီဟာ ခေါင်းညိမ့်လိုက်ပြီး..ကတ်စီဘက်ကို လှည့်လိုက်တယ်..။

“လေဒီ ကတ်စီယာ…တကယ်လို့ မင်းရဲ့စွမ်းရည်က အသုံးဝင်တဲ့ အမြင်အာရုံတွေကို ပြသပေးခဲ့မယ် ဆိုရင်..ငါတို့ကိုချက်ချင်း လာအကြောင်းကြားဖို့အတွက် တွေဝေမနေပါနဲ့..။အခုတော့ မင်းတို့ နှစ်ယောက်စလုံး သွားအနားယူကြပါ..။ဝဝလင်လင်လည်း စားကြပါ…ငါတို့အားလုံးက ခွန်အားတွေ ပြည့်ဝနေဖို့ လိုအပ်တယ်လေ..”

ဒီလို နဲ့ပဲ သူတို့ရဲ့ စကားပြောဆိုမူက ပြီးးဆုံးသွားခဲ့တယ်..။

ဆန်နီ နဲ့ ကတ်စီတို့ဟာ မတ်တတ်ထရပ်လိုက်ပြီး..မာစတာတွေကို အရိုအသေ ပေးလိုက်ပါတယ်..။ယင်‌းနောက် အဓိက ခန်းမကြီးထဲဆီကုိ ပြန်လာခဲ့လိုက်တယ်..။အဲဒီမှာတော့..သူတို့က ဆုံးရှုံးသူတွေရဲ့ မရင်းနှီးတဲ့ အကြည့်တွေကိုတောင့်ခံပြီး..အရသာရှိပုံရတဲ့ ဆန်ပြုတ်နှစ်ခွက်ကို ခပ်ထည့်လိုက်ကာ..၊ ရေအိတ်နှစ်ခုကို ယူဆောင်ပြီး အားလုံးနဲ့ ဝေးကွာတဲ့ ထောင့်နားမှာရှိနေတဲ့ ကောက်ရိုးဖျာနှစ်ချပ်ဆီကို လျောက်သွားလိုက်ပါတယ်..။

သူတို့နှစ်ယောက်ဟာ အောက်မှာ ထိုင်ချလိုက်ပြီး…အစားအသောက်အပေါ်မှာသာ အာရုံစိုက်လိုက်ကြပါတယ်..။နောက်ဆုံးမှာ ဆီသွပ်ဗူး မဟုတ်တဲ့ တစ်စုံတစ်ခုကို စားလိုက်ရတာကြောင့် ပျော်ရွှင်နေခဲ့ကြပါတယ်..။ဆန်ပြုတ်ထဲမှာ ပါတဲ့ အသားက သိပ်မများပေမယ့်..သူတို့အတွက်တော့ ဒီအရသာက..မိုးကောင်းကင်ကြီး တစ်ခုလိုပါပဲ..။

…အတော်ကြာပြီးတဲ့ နောက်မှာတော့..ကတ်စီက တစ်ခုခုကို ဝါးဟန်ဆောင်ပြီး သူ့ကို တီးတိုး ပြောလာခဲ့တယ်..။

“နင် ဘယ်လိုထင်လဲ..”

ဆန်နီ ဆန်ပြုတ်တစ်ဇွန်းကို မြိုချလိုက်ပြီး..ရေတစ်ငုံ သောက်လိုက်ပါတယ်..။ယင်းနောက် ကြမ်းပြင်ကို စိုက်ကြည့်နေရင်းနဲ့ပဲ ပြန်ဖြေလိုက်တယ်..။

“ဒါပေါ့ သူတို့က လိမ်ပြောနေကြတာပဲ..။မော်ဒရက်က အတွင်းပိုင်း မြင့်မြတ်နယ်မြေထဲကို တစ်နည်းနည်းနဲ့ မဝင်လာနိုင်စရာ ဘာအကြောင်းမှ မရှိဘူး..။အဲ့ကောင်က သောက်ကျိုးနဲ ဉာဏ်များတဲ့ ကောင်ပဲ..။ငါ အဲတာကို သိတယ်..။သူတို့လည်း အဲတာကို သိကြမှာပဲ..”

အဲ့အချိန်မှာတော့..သူ့ရဲ့ အရိပ်တစ်ခုက မမြင်နိုင်တဲ့ ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့ ကင်းစောင့်ကို စောင့်ကြည့်ကာ..သူတို့ရဲ့ စကားပြောဆိုမူတွေကို ခိုးပြီး နားမထောင်တာ သေချာအောင် လုပ်နေခဲ့ပါတယ်.။

သူက ပုံမှန်အမူအရာနဲ့ပဲ အစားနည်းနည်း ထပ်စားလိုက်ကာ..မျက်မမြင် မိန်းကလေးကို မကြည့်ပဲ ထပ်ပြောလိုက်တယ်..။

“ဖြစ်နိုင်ချေ အရှိဆုံးအရာကတော့..အခြေအနေတွေက မကြာခင်မှာ ပိုပြီး ဆိုးဝါးလာလိမ့်မယ်..။ပီယာ နဲ့ ဝယ်သီ တို့ကတော့ အခြေအနေကို ခနလောက်စောင့်ကြည့်ပြီးတာနဲ့ ..မော်ဒရက်ကို ဖမ်းဖို့အတွက် ငါတို့ကို ငါးစာအဖြစ် အသုံးချမယ်ဆိုတာ အသိသာကြီးပဲ..”

ကတ်စီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ မေးလိုက်တယ်..။

“..နင် ဘယ်လိုသိတာလဲ..”

သူ ပြုံးလိုက်ပြီး..

“…ဘာလို့လဲဆိုတော့ ငါသာဆိုရင် အဲလိုလုပ်မှာ မို့လို့ပဲ..”

ပြီးတဲ့နောက်မှာတော့..သူတို့နှစ်ယောက်ဟာ ကိုယ့်အတွေးနဲ့ကိုယ် နစ်မြောရင်း..ဆက်လက်စားသောက် နေကြပါတော့တယ်..။အချိန်တစ်ချို့ ကုန်ဆုံးပြီးသွားတဲ့ နောက်မှာမှ ကတ်စီဟာ အနည်းငယ် မသေချာတဲ့ အသံနဲ့ ပြောလာခဲ့ပါတယ်..။

“ဒီတော့..ငါတို့ ဘာလုပ်ကြမလဲ..”

ဆန်နီ ဆန်ပြုတ်ကို အရသာခံပြီး ဖြည်းညှင်းစွာ ဝါးစားနေခဲ့တယ်..။ပြီးတဲ့နောက်မှ တည်ငြိမ်စွာ ပြန်ဖြေလိုက်ပါတယ်..။

“အခုလား..။ဘာမှလုပ်စရာ မရှိဘူးလေ..။စောင့်ကြည့်ပြီး လေ့လာကြတာပေါ့..။ငါတို့ပြောထားတဲ့အတိုင်း..အနားယူမယ် ၊ စားသောက်မယ်..။ငါတို့ရဲ့ ခွန်အားတွေကို ပြန်လည်ဖြည့်တင်းမယ်..။ပြီးရင်တော့..ပြီးရင်တော့..ငါတို့ စောင့်ကြည့်ကြတာပေါ့..”

ပြီးတဲ့နောက်မှာတော့ သူတို့ကစကား ပြောဆိုခြင်း မရှိကြတော့ပါဘူး..။အစားအသောက်ကို အဆုံးသတ်ပြီးတဲ့နောက်မှာတော့..သူတို့ဆီမှာ ရှိနေတဲ့ မောပန်းနွမ်းနယ်မူတွေကို လွှတ်ချလိုက်ပါတော့တယ်..။ဖျာပေါ်မှာ ဘေးချင်းယှဉ် လှဲလျောင်းရင်း..ကတ်စီနဲ့ ဆန်နီ တို့ဟာ အိပ်ပျော်သွားခဲ့ကြတယ်..။သူ့ရဲ့ ကင်းစောင့်အရိပ်တွေကသာ..နိုးနိုးကြားကြား ရှိနေကြရင်း သူတို့ရဲ့ သခင်ကို တစ်ညလုံး စောင့်ကြပ်ပေးနေခဲ့ကြပါတယ်..။

…သူတို့နှစ်ယောက် နိုးထလာတဲ့ အချိန်မှာတော့..လေထုတစ်ခုလုံးမှာ သွေးနံ့တွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်..။

ဆုံးရှုံးသူ နှစ်ဆယ့်သုံးယောက်မှာ နှစ်ဆယ့်တစ်ယောက်ပဲ အသက်ရှင်နေပါတော့တယ်..။

ခန်းမရဲ့ အပြင်ဘက်မှာ စောင့်ကြပ်နေကြတဲ့ ကင်းစောင့်နှစ်ယောက်ကတော့ ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရပါပြီ..။သူတို့ ဘယ်အချိန်မှာ ဘယ်လိုမျိုး သေဆုံးခဲ့ကြတာလဲ ဆိုတာကို ဘယ်သူမှ မသိခဲ့ပေ..။သူတို့ရဲ့ ခန္တာကိုယ်တွေက နွေးထွေးနေတုန်းဖြစ်ပြီး..သူတို့ရဲ့ သွေးတွေကြောင့် ကြမ်းပြင်က အနီရောင် ပြောင်းနေခဲ့တယ်..။ပြီးတော့..မျက်နှာကျတ်တွေတောင်မှ အရောင်ပြောင်းလဲသွားစေကာ..လူသူကင်းမဲ့နေတဲ့ ကော်ရစ်ဒါကို ကြောက်မက်ဖွယ် ပန်ချီကား တစ်ချပ်အသွင် ဖန်တီးထားခဲ့ပါတယ်..။

သွေးအိုင်ရဲ့ အလယ်တည့်တည့်မှာတော့..မှန်အပိုင်းအစလေး တစ်ချပ်ရှိနေခဲ့ပြီး..ကြီးမြတ်တဲ့ ဗာလာကလန်ရဲ့ ကျန်ရစ်သူ စစ်သည်တော်တွေကို လှောင်ပြောင်နေသလို ဖြစ်နေခဲ့တယ်..။ဝယ်သီ အော်ဟစ်လိုက်ပြီး..ဘယ်သူမှ အနားကို ကပ်မသွားခင်မှာပဲ အဲဒီမှန်အပိုင်းအစကို ဖျက်ဆီးပစ်လိုက်တယ်..။

….ကြည့်ရတာတော့ မော်ဒရက်က သူ အတွင်းပိုင်း နယ်မြေထဲကို ဝင်ရောက်ခဲ့တယ် ဆိုတဲ့ အချက်ကို ဖုံးကွယ်ထားဖို့ စိတ်မဝင်စားတဲ့ ပုံပါပဲ..။

အဲဒီအစား သူက လူတိုင်းကို သိစေချင်နေခဲ့တာပါ..။

သူ ဘာလုပ်ခဲ့လဲဆိုတာကို အားလုံးကို မြင်တွေ့စေဖို့ အတွက်….။

ပြီးတော့..သိချင်စိတ် အပြည့်နဲ့ စောင့်ဆိုင်းနေကြရလိမ့်မယ်..။

နောက်တစ်ယောက်က ဘယ်သူ ဖြစ်လာမလဲ ဆိုတာက်ို..

အပိုင်း ( ၅၇၈ ) ပြီး၏။

All Chapters