← Chapters

ပထမဆုံး သားကောင်

Vol. 39 Ch. 579

ပထမဆုံး သားကောင်

Vol. 39 Ch. 579

ဝင်ပေါက်နားမှာ ရှိနေကြတဲ့ ဆုံးရှုံးသူ အုပ်လိုက်ကြီးဟာ..သွေးသံတရဲရဲ မြင်ကွင်းကို..သုန်မုန်နေတဲ့ အမူအရာတွေနဲ့ ကြည့်နေခဲ့ကြပါတယ်..။ဝယ်သီကတော့ ကော်ရစ်ဒါမှာ ရှိနေခဲ့တယ်..။သူမက သွေးအိုင်ရဲ့ အလယ်ခေါင်မှာ ရပ်နေတာဖြစ်ပြီး သူမရဲ့ လက်သီးတွေကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားခဲ့ပါတယ်..။

လူတိုင်းက တံခါးဝကို ပြေးလွှားသွားနေကြတဲ့ ဆူညံသံတွေ ၊ လက်နက်တွေကို ထုတ်ယူလိုက်ကြတဲ့ အလင်းရောင်တွေကြောင့်သာ နိုးထလာခဲ့တဲ့ ဆန်နီကတော့..အလောင်းကို ဘယ်သူက အရင်ဆုံးတွေ့ရှိခဲ့တာလဲဆိုတာကို အခုထိရှင်းရှင်းလင်းလင်း မသိထားသေးပါဘူး..။သူက လူအုပ်ရဲ့ နောက်ဆုံးမှာသာ ရှိနေခဲ့ပြီး သူ့ရဲ့ အရိပ်ကို အသုံးပြုကာ အလောင်းကို သေချာလေ့လာနေခဲ့တယ်..။ပြီးတာနဲ့..နောက်ထပ်အရိပ်တစ်ခုနဲ့..အသက်ရှင်ကျန်နေသေးတဲ့ ကင်းစောင့်တွေကို လေ့လာလိုက်ပါတယ်..။

သူ့ရဲ့ မျက်နှာပေါ်မှာတော့ အတွေးနက်နေတဲ့ အမူအရာတစ်ခု ရှိနေခဲ့တယ်.။

‘ငါ သိချင်မိတယ်..’

သူ ဒီအတွေးကို အဆုံးမသတ်နိုင်ခင်မှာပဲ..ပီယာ ဟာ ကော်ရစ်ဒါ နောက်ဘက်ကနေ ပေါ်ထွက်လာခဲ့ပြီး..ဝယ်သီကို ကြည့်ကာ တစ်ခနလောက် ခေါင်းခါယမ်းလိုက်တယ်..။ပြီးတာနဲ့ ဆုံးရှုံးတွေကို ကြိမ်းမောင်းလိုက်ပါတယ်..။

“မင်းတို့က ဘာတွေ ရပ်ကြည့်နေကြတာလဲ..။အမြန် ဒီအရှုပ်ထုတ်တွေကို ရှင်းလင်းပြီး..ပတ်ဝန်းကျင်ကို လုံခြုံမူရှိအောင် လုပ်ကြ..။တစ်ယောက် ၊ နှစ်ယောက်တည်းနဲ့ ဘယ်သူမှ လျောက်မသွားကြနဲ့..။အနည်းဆုံး လူ သုံးယောက် နေနေကြရမယ်..။အဆင်သင့်ပြင်ထားကြ..အဲ့ ခွေးသားက ဒီကို အချိန်မရွေးပြန်ရောက်လာနိုင်တယ်..”

စစ်သည်တွေဟာ ..တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။အကြောက်တရားဆိုတဲ့ မျိုးစေ့ကတော့ သူတို့ရဲ့ မျက်လုံးတွေရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာ ကိန်းအောင်းနေကြပါပြီ..။ပြီးတဲ့နောက်မှာတော့ သူတို့က မာစတာရဲ့ ညွှန်ကြားချက်အတိုင်း တိတ်တဆိတ်ပဲ လုပ်ဆောင်လိုက်ကြပါတယ်..။

ဆန်နီ ခနလောက် တွေဝေလိုက်ပြီးကာမှ..ကတ်စီ ဆီကို ပြန်သွားကာ..ကောက်ရိုးဖျာပေါ်မှာ ထိုင်ချလိုက်တယ်..။

မျက်မမြင်မိန်းကလေးဟာ တိတ်ဆိတ်စွာ မေးလာခဲ့ပါတယ်..။

“ဘယ်သူ သေသွားတာလဲ..။ပြီးတော့ ဘယ်လိုမျိုးလဲ..”

သူက ပင်ပန်းစွာနဲ့ မျက်နှာကို ပွတ်သပ်လိုက်တယ်..။

“အစောင့်တွေ..။တစ်ယောက်ကတော့..ခန်းမထဲမှာတုန်းက ငါ့ရဲ့ အရိပ်ကို ပထမဆုံး သတိထားမိခဲ့တဲ့ တစ်ယောက်ပဲ..။နောက်ထပ်တစ်ယောက်ကိုတော့ ငါမသိဘူး..။ဘယ်လို ပုံစံသေတာလဲဆိုတာကတော့..တစ်ခြားလူတွေ သေဆုံးတာနဲ့ အတူတူပဲ..။သားသတ်သမား တစ်ယောက်လိုပဲ..အစိတ်စိတ်အပိုင်းပိုင်း ဖြတ်တောက်သွားခဲ့တာ..”

သူမ ခနလောက် စဉ်းစားလိုက်ပြီးမှ မျက်မှောင်ကျုတ်လိုက်တယ်..။

“ပြီးတော့ ဒါကို ဘယ်သူမှ မကြားခဲ့ဘူးလား..”

ဆန်နီ သက်ပြင်းချလိုက်တယ်..။

“သူက ဒါကို အမြန်ဆုံး လုပ်ဆောင််သွားတာပဲ ဖြစ်ရမယ်..။ဒါမှမဟုတ်..သူ့ရဲ့ လက်ခံကောင် အသစ်က..အသံတွေကို ဖုံးကွယ်ပေးနိုင်တဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားခဲ့တဲ့ ပုံပဲ..”

သူက အတော်ကြာ‌ေအာင် တိတ်ဆိတ်နေပြီးကာမှ..သုန်မုန်စွာ ထပ်ပြောလိုက်ပါတယ်..။

“ဘာပဲဖြစ်ဖြစ်..နင် ပြင်ဆင်ထားသင့်တယ်..”

ကတ်စီ စိတ်ဝင်စားသွားခဲ့ပြီး..

“ဘာအတွက် ပြင်ဆင်ထားရမှာလဲ..။နောက်ထပ်တိုက်ခိုက်မူ တစ်ခု အတွက်လား..”

ဆန်နီ ချက်ချင်းပြန်မဖြေပဲ..ဆုံးရှုံးသူတွေကို ကြည့်နေခဲ့တယ်..။လူတိုင်းက..အာရုံစိုက်ကာ အလုပ်ရှုပ်နေကြပြီး..လေ့ကျင့်ထားတဲ့ အတိုင်း တိကျစွာ လှုပ်ရှားနေခဲ့ကြပါတယ်..။သို့ပေမယ့်..သူတို့ရဲ့ ဖြူဖျော့တဲ့ မျက်နှာတွေပေါ်မှာ မသေချာမူတွေ ရှိနေခဲ့ပါပြီ..။ကင်းစောင့်တွေက ဒီအရာကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြပေမယ့်..အရာမထင်ခဲ့ပါဘူး..။

သူ အောက်ကို ငုံ့ကြည့်လိုက်တယ်..။

“မဟုတ်ဘူး..။အခုချိန်မှာက..မော်ဒရက်က စည်းတွေကို တစ်နည်းနည်းနဲ့ ချိုးဖောက်ပြီး..အတွင်းပိုင်း မြင့်မြတ်နယ်မြေထဲကို ဝင်လာနိုင်ခဲ့ပြီလို့ လူတိုင်းက ထင်နေကြတာလေ..။ဒါပေမဲ့..သူတို့သာ သေချာစဉ်းစားဖို့ အချိန်ရသွားမယ်ဆိုရင် နောက်ထပ် ဖြစ်နိုင်ချေတစ်ခု ရှိနေသေးတယ် ဆိုတာကို သိသွားကြလိမ့်မယ်..”

မျက်မမြင်မိန်းကလေး ရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့တယ်..။ဆန်နီ က နက်မှောင်စွာ ပြုံးလိုက်ပြီး..

“..အဲတာကတော့..အကျဉ်းထောင်ထဲက‌နေ ဆန်းကျယ်စွာ လွတ်မြောက်လာတဲ့ သူစိမ်းနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ခန္တာကိုယ်ထဲမှာ မော်ဒရက်က ရှိနေပြီး သူတို့နဲ့အတူ တစ်ချိန်လုံးရှိနေခဲ့တယ် ဆိုတဲ့ အချက်ပဲ..။နင် ဒါမှမဟုတ်ရင်..ငါ ပေါ့..”

ကတ်စီ အံ့ကိုကြိတ်ထားခဲ့တယ်..။

“ဒီလူသတ်မူတွေကို ငါတို့အပေါ်ပုံချဖို့အတွက် လုံလောက်တဲ့ အကျိုးကြောင်းဆီလျော်မူတွေ ရှိမနေခဲ့ဘူးမလား..”

သူ ရယ်မောလိုက်တယ်..။

“အကျိုးအကြောင်း ဆီလျော်မူတွေဆိုတာက ဒီနေရာမှာ ဘာများအရေးပါနေသေးလို့လဲ..။အကြောက်တရား ရောက်လာတဲ့ အချိန်ဆိုရင် အကျိုးကြောင်း ဆီလျော်မူဆိုတာက ပထမဆုံးသားကောင်ပဲ..”

ဒီလိုပြောပြီးတာနဲ့ သူက တိတ်ဆိတ်သွားခဲ့တယ်..။စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့..သူက မတ်တတ်ထရပ်လိုက်ပြီး..သူတို့အတွက် မနက်စာတစ်ချို့ သွားယူဖို့လုပ်လိုက်ပါတယ်..။

လက်လုပ် မီးဖိုချောင်အဖြစ် ပြုလုပ်ထားတဲ့ ခန်းမကြီးရဲ့ ထောင့်တစ်နေရာကို လျောက်သွားစဉ်မှာတော့..လူတွေအများကြီးရဲ့ အကြည့်က သူ့အပေါ်ကို ကျရောက်နေခဲ့ပါတယ်..။သူ ထင်ထားခဲ့သလိုပဲ..ဒီလူတွေက ဖြည်းညှင်းစွာပဲ..အန္တရာယ််များလာကြပြီး..အကြောက်တရားတွေ ၊ သံသယတွေနဲ့ ပြည့်နှက်နေခဲ့ကြပါပြီ..။

သူလည်း ကြောက်လန့်နေတဲ့ ပုံစံမျိုး ဟန်ဆောင်လိုက်ပြီး..ပန်းကန်လုံးတွေထဲကို ဆန်ပြုတ်အချို့ ထည့်လိုက်တယ်..။

‘စိတ်ဝင်စားစရာပဲ..’

မော်ဒရက် က ဆန်နီ အရင်က ထင်ထားခဲ့သလိုမျိုး အရူးတစ်ယောက် မဟုတ်ပါဘူး..။

ဒီအရာတွေစတင်ခဲ့တဲ့ အချိန်ကတည်းက ဘာမှမရှိတဲ့ မင်းသားရဲ့ အပြုအမူတွေဟာ ဆန်နီ တစ်ယောက်တည်းကိုပဲ ရည်ရွယ်ထားခဲ့တာ မဟုတ်ပါဘူး..။မော်ဒရက်က လှည့်စားတဲ့နေရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ ဆန်နီလို လူမျိုးကိုတောင် ကျွမ်းကျင်ပိုင်နိုင်စွာ ထောင်ခြောက်ဆင်ပြီး..သူ့ရဲ့ ထက်မြက်လွန်းတဲ့ တွက်ချက်မူ နဲ့ လှည့်စားတတ်မူ တွေကို ပြသထားခဲ့ပါတယ်..။ဆန်နီကတော့ အနည်းငယ်တောင် သံသယမဝင်မိပဲ..ထောင်ချောက်ထဲကို ကျရောက်သွားခဲ့တယ်..။

သို့ပေမယ့်..ဒါဇင်နဲ့ချီတဲ့ ဆုံးရှုံးသူတွေ ဆိုးဆိုးဝါးဝါး သေဆုံးရတာ ၊ သားသတ်သမားတစ်ယောက်လို အစိတ်စိတ် ပိုင်းဖြတ်ထားတာတွေကို ချန်ထားခဲ့တာတွေက..လုံးဝကို လက်တွေ့မကျပါဘူး..။ပြီးတော့ အေးစက်ပြီး ..တွက်ချက်တတ်တဲ့ နည်းဗျူဟာနဲ့လည်း ကိုက်ညီမူ ရှိမနေခဲ့ပေ..။

အခုတော့ မော်ဒရက်က..အတွင်းပိုင်း မြင့်မြတ်နယ်မြေထဲက သူ့ရဲ့ တည်ရှိမူကို ဖော်ထုတ်ပြလိုက်ပါပြီ..။သူက ဆုံးရှုံးသူ နှစ်ယောက်ရဲ့ အသက်နဲ့ သူ့ရဲ့ အဖိုးတန်တဲ့ အားသာချက်ကို လဲလှယ်ပစ်လိုက်တာပါ..။ဒီရူးသွပ်မူရဲ့ နောက်ကွယ်မှာ..ပုံသေနည်း တစ်ခုတော့ ရှိနေပြီဆိုတာကို ဆန်နီ လက်ခံလာမိခဲ့တယ်..။

ပြီးတော့..အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ဆုံးရှုံးသူတွေက..သူ့ကို လေးလံတဲ့ အကြည့်တွေ ၊ နက်မှောင်တဲ့ အမူအရာတွေနဲ့ ကြည့်နေတဲ့ အချိန်မှာ..ဒီ နည်းဗျူဟာရဲ့ ရည်ရွယ်ချက်ကို သူ နားလည်လာခဲ့ပါတယ်..။

မော်ဒရက်က သူတို့ကို တစ်ယောက်နဲ့တစ်ယောက် သံသယ ဝင်စေချင်ခဲ့တာပါ..။သူက ..ဒီလူတွေအားလုံးကို စိုးရိမ်ပြီး ကြောက်လန့်နေစေချင်ခဲ့တယ်..။သူက ဒီလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ဖျက်ဆီးပစ်ချင်ခဲ့တာပါ..။

ဘာလို့လဲ..။ဒါပေါ့..ဒီကနေတဆင့် သူတို့ရဲ့ ဝိဉာဉ်တွေ အားနည်းပြီး..သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေကို တုန်လှုပ်သွားစေဖို့အတွက်ပါ..။ဆိုလိုတာကတော့..သူ့ရဲ့ ဝါးမြိုနိုင်တဲ့ စွမ်းအားက အကြွင်းမဲ့စွမ်းရည်တစ်ခုမဟုတ်ပဲ..သားကောင်ကိုယ်တိုင်ကလည်း တစ်ခုခု ဖြစ်နေဖို့ လိုအပ်ပါတယ်..။ဘာဖြစ်ဖို့လဲ…ဆုံးနေပြီလို့ ခံစားနေရဖို့လား..။အညံ့ခံချင်စိတ် ဖြစ်နေဖို့လား..။ဒါမှမဟုတ်ပဲ ရိုးရှင်းစွာပဲ..သူ့ထက် အားနည်းနေဖို့ လိုအပ်တာလား..။

‘ ဘယ်လို့ ခွေးသားမျိုးလဲ..’

ဆန်နီ ကတ်စီဆီကို ပြန်သွားလိုက်ပြီး ဆန်ပြုတ်တစ်ပန်းကန်ကို ပေးကာ..မျက်မှောင်ကျုတ်လိုက်တယ်..။

အရိုးသားဆုံးပြောရရင် ဘယ်သူက ပိုပြီး ကြောက်ဖို့ကောင်းလဲဆိုတာကို မသိတော့ပါဘူး..။သူ့ရဲ့သားကောင်တွေကို ရက်ရက်စက်စက်မသတ်ဖြတ် ခင်မှာ ဆိုးဆိုးဝါးဝါး ညှင်းပန်းနိုပ်စက်တတ်တဲ့အရူး တစ်ယောက်ကိုလား ဒါမှမဟုတ်..သူ့ရဲ့ ပန်းတိုင်တွေအတွက် ဒီလိုအရာတွေကို သွေးအေးအေးနဲ့ လုပ်ဆောင်နေခဲ့တဲ့ လူတစ်ယော်ကိုလား..။

ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ် ရလာဒ်ကတော့ အတူတူပါပဲ..။ဆုံးရှုံးသူတွေဟာ တုန်လှုပ်နေခဲ့ကြပြီး..လဲကျခါနီးတော့ မဟုတ်ကြပေ..။ဆိုလိုတာကတော့..မော်ဒရက်က ရပ်တန့်ဦးမှာ မဟုတ်သေးပါဘူး..။မဟုတ်ဘူး..သူက လူတွေရဲ့ ဝိဉာဉ်တွေထဲကို အကြောက်တရားတွေ ထည့်ပေးနေရုံပဲ ရှိနေပါသေးတယ်..။

မေးခွန်းကတော့..ဆန်နီက သူ့ကို ဘယ်လို ရပ်တန့်မလဲ ဆိုတာပါပဲ..။

သူ ဆန်ပြုတ်ကို သောက်လိုက်ပြီး..တံခါးနားမှာ စကားပြောနေခဲ့ကြတဲ့ ပီယာနဲ့ ဝယ်သီကို လှမ်းကြည့်လိုက်တယ်..။

..ပြီးတော့..သူ လုပ်သင့်သလား…။

…

မကြာခင်မှာပဲ..မာစတာ ပီယာက ထပ်တူညီမူ ဆယ်ခုကို ထုတ်ဖော်လိုက်ပါတယ်..။သူတို့အားလုံးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ရတာက..အဆီအနှစ်တွေ..ပမာဏတစ်ခုအထိ ကုန်ဆုံးနိုင်ပေမယ့်..အဲဒီ စိတ်အနှောက်အယှက် ဖြစ်စရာ အရာက..အခုချိန်ကစပြီး..ဆုံးရှုံးသူတွေကြားထဲမှာ ရောက်နေပြီလို့ ဆုံးဖြတ်လိုက်တာပါပဲ..။

တစ်ချို့ကိူ..အတွင်းပိုင်း မြင့်မြတ်နယ်မြေကို ရှာဖွေပြီး တိုက်ခိုက်သူရဲ့ လက္ခဏာတွေကို ရှာဖွေဖို့ ပို့လွှတ်လိုက်တယ်..။အနည်းဆုံးတော့ သူ အထဲကို ဘယ်လို ဝင်ရောက်လာခဲ့တာလဲ ဆိုတာကို သိရအောင်ပါ..။ကျန်တဲ့ ထပ်တူညီမူတွေကိုတော့ ခန်းမရဲ့ အပြင်ဘက်မှာကင်းစောင့်ခိုင်းထားပြီး..ကျန်ရစ်ခဲ့တဲ့ ကင်းစောင့်တွေကို စိတ်သက်သာရ ရသွားစေပါတယ်..။

လူသားထပ်တူညီမူတွေရဲ့ ရှေ့မှာတော့..အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမားတွေတောင် သက်သောင့်သက်သာ မခံစားကြရပေ..။

လုံခြုံရေး အစီအမံတွေကိုလည်း တိုးမြှင့်လိုက်ကြတယ်..။ဘယ်သူ့ကိုမှ တစ်ယောက်တည်းသွားလာခွင့်မပေးထားပဲ..မဖြစ်မနေ အပြင်ကိုထွက်ရမယ်ဆိုရင်..အနည်းဆုံး သုံးယောက်ပဲ သွားလာခွင့်ရှိပါတယ်..။ဆန်နီ နဲ့ ကတ်စီတို့ဟာ သန့်စင်ခန်းကို သွားဖို့အတွက်ဆိုရင်..မမြင်ရတဲ့ ပုံသဏ္ဍာအဖြစ် ပြောင်းလဲနိုင်တဲ့ ကင်းစောင့်ကို အဖော်ခေါ်သွားနေခဲ့ရပါတယ်..။

ဒါတောင်မှ..ဒီလုံခြုံရေး အစီအမံတွေက ခံတပ်ကို လုံခြုံအောင် မကာကွယ်ပေးနိုင်ခဲ့ပေ..။

နောက်တစ်နေ့ မနက်ရောက်လာတဲ့ အချိန်မှာတော့..နောက်ထပ်ဆုံးရှုံသူ နှစ်ယောက်က သေဆုံးနေခဲ့ပြန်ပါပြီ..။ဒီတစ်ကြိမ်မှာတော့..သူတို့တွေက အပြင်ဘက် ကော်ရစ်ဒါမှာ သေဆုံးတောတောင် မဟုတ်ပဲ..ခန်းမထဲမှာတင် သေဆုံးနေခဲ့ကြတာပါ..။

အဲတာပြီးတဲ့နောက်မှာတော့..ဆန်နီအတွက် အခြေအနေတွေက အမှန်တကယ်ကို ဆိုးဝါးလာပါတော့တယ်..။

အပိုင်း ( ၅၇၉ ) ပြီး၏။

All Chapters