← Chapters

ပိုကောင်းဖို့အတွက်..

Vol. 39 Ch. 582

ပိုကောင်းဖို့အတွက်..

Vol. 39 Ch. 582

ဆန်နီ အေးခဲသွားခဲ့ပြီး..နည်းနည်းလေးတောင် မလှုပ်မိဖို့အတွက် ကြိုးစားနေခဲ့တယ်..။သူ့ရဲ့ မျက်နှာကတော့ ဖြူဖျော့ပြီး သုန်မုန်နေခဲ့ပါတယ်..။

“ဘာ..ဘာတွေဖြစ်နေတာလဲ..။မာစတာ ဝယ်သီ…”

အမျိုးသမီးဟာ..သူ့ရဲ့နောက်ကျောကို စိုက်ကြည့်နေခဲ့တယ်..။သူမရဲ့လက်ထဲမှာ ရှိနေတဲ့ ဓားမြောင်ကတော့ ကတ်စီရဲ့ လည်ပင်းကို ထောက်ထားခဲ့ပါတယ်..။သူမက ပြန်မဖြေချင်သလိုမျိုး တိတ်ဆိတ်ပြီးသာ နေနေခဲ့လိုက်တယ်..။သို့ပေမယ့်..ပီယာက နက်မှောင်တဲ့ အပြုံးတစ်ခုနဲ့ အတူပဲ သူမ အစားပြောလာခဲ့တယ်..။

“စိတ်မပူပါနဲ့..ငါတို့ မင်းကို အတိုချုပ်ပြီး ပြောပြမှာပါ..”

ဒီလိုပြောပြီးတာနဲ့ သူက ထပ်တူညီမူနှစ်ခုကို ရှေ့ကို တက်လာဖို့အတွက် ညွန်ကြားလိုက်တယ်..။တစ်ယောက်က ကြီးမားတဲ့ သစ်သား သေတ္တာကြီးကို ကိုင်ထားခဲ့ပြီး သူ့ရဲ့ အဖုံးပေါ်မှာတော့..ရှုပ်ထွေး လှပတဲ့ ရက်လုပ်မူတွေ အများကြီးကို ဖန်တီးထားခဲ့ပါတယ်..။နောက်ထပ်တစ်ယောက်ကတော့ ခေါက်ထားတဲ့ အနက်ရောက် အဝတ်စတစ်ခုကို ကိုင်ထားခဲ့တယ်..။

ပီယာက သေတ္တာကို ဂရုတစိုက် ယူလိုက်ပြီး..သူ့ရှေ့မှာ ရှိနေတဲ့ ကြမ်းပြင်ပေါ်မှာ ချထားလိုက်ကာ..ခနလောက် မျက်လုံးတွေကို မှိတ်လိုက်တယ်..။အထဲကနေ ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သေတ္တာရဲ့ အဖုံးက စင်တီမီတာ အနည်းငယ် မြင့်တက်လာခဲ့ပါတယ်..။ သို့ပေမယ့် သူ ဒီဟာကို မထိတွေ့ခဲ့ပေ..။

အဲဒီအစား..အကြောက်အလန့်ကင်းတဲ့ မာစတာ ဟာ သက်ပြင်းချလိုက်တယ်..။ပြီးတာနဲ့ ခေါက်ထားတဲ့ အဝတ်စကို ယူလိုက်ပါတယ်..။

ဆန်နီဟာ သစ်သား သေတ္တာကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး..

“ဒီဟာ ဘာကြီးလဲ..”

နောက်ဆုံးမှာတော့ ဝယ်သီက အေးစက်ပြီး တည်ငြိမ်တဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။

“အဲတာက မှန်ထောင်ချောက်ပဲ..။ငါတို့ကလန်ရဲ့ အကြီးအကဲတွေ ဖန်တီးထားတဲ့ အထူး လက်နက်တစ်ခု..။သူ့ရဲ့ အကူအညီနဲ့ ဆိုရင် ငါတို့က မင်းသားကို ဖမ်းဆီးပြီး ပိတ်လှောင်ထားလို့ ရပြီ..”

သူ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး ကြိုုးစားအားတင်းကာ ပြုံးလိုက်ပါတယ်..။

“ကောင်းပြီလေ..အဲတာက တကယ်ကောင်းတာပေါ့..။ဟုတ်တယ်မလား..”

ပီယာ နှာခေါင်းရှုတ်လိုက်ပြီး..

“အမှန်ပဲ..ပြသနာက..ဒီအရာကို အသက်သွင်းဖို့အတွက် ဆိုတာက အချိန်တစ်ချို့ လိုအပ်တယ်..။ပြီးတော့..ဒီအရာကို အလုပ်လုပ်လာဖို့ အချိန်ထိန်းထားဖို့အတွက် ဆိုရင်..အဲဒီ မွန်းစတားက အရမ်းကို ဉာဏ်များနေခဲ့တယ်လေ..။ငါတို့ သူ့ကို ဖမ်းဆီးဖို့လုပ်တိုင်းမှာ..သူက ရိုးရှင်စွာပဲ..လက်ခံကောင်ကို ဖျက်ဆီးပြီး..ထွက်ပြေးသွားတတ်တယ်..။အဲတာကြောင့်ပဲ ငါတို့က အမြဲတမ်းခြေတစ်လှမ်း နောက်ကျနေပြီး..သူကပဲ တိုက်ပွဲကွင်းပြင်ကို ထိန်းချုပ်ထားနိုင်နေခဲ့တာလေ..”

မာစတာက ပြုံးလိုက်ပြီး..

“ကောင်းပြီလေ..ဒါက အခုတော့ ပြောင်းလဲတော့မယ်..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

သူ့နောက်ဘက်မှာတော့..ကတ်စီ က ရုတ်တရက် ပြောလာခဲ့ပါတယ်..။

“ရှင်..ရှင်က သူ့ကို ထောင်ခြောက်ဆီကို မျှားခေါ်ချင်နေတာလား..။ငါတို့ကို ငါးစာ အဖြစ်အသုံးချပြီး..”

ဝယ်သီ ခေါင်းခါယမ်းလိုက်တယ်..။

“မင်း မဟုတ်ဘူး..ကျရှုံးမူ သံစဉ်..။ဒီတိုင်း မင်းရဲ့ အဖော်တစ်ယောက်တည်းပဲ..။ဘာပဲဖြစ်ဖြစ် သူက မင်းသား မော်ဒရက် လိုချင်နေတဲ့ အရာပဲလေ..”

နောက်ထပ် စစ်သည်တော်ဟာ ရယ်မောလိုက်ပြီး..

“သူက ဒီအရာတွေ အားလုံးရဲ့ တရားခံပဲလေ…သူက ဒီအရာကို အဆုံးသတ်ပေးမှ ဒါက မျှတသွားမှာ မဟုတ်ဘူးလား..”

ပီယာက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး..ဆန်နီကို ကြည့်လိုက်တယ်..။

“အဲ့ခွေးသားက မင်းကို ဘာလို့နောက်ဆုံး လက်ခံကောင် အဖြစ် ရွေးထားတာလဲ ဆိုတာတော့ ငါ မသိဘူး..။ဒါပေမဲ့ သူ့ရဲ့ လုပ်ရပ်တွေ အရဆိုရင်တော့..သူက တစ်ခြားလူတွေထက် မင်းရဲ့ ခန္တာကိုယ်ကိုပဲ ပိုပြီး လိုချင်နေခဲ့တာ. ရှင်းနေတာပဲ.။မဟုတ်ရင် သူက ဘာလို့ ဒီလောက်အထိ ကြိုးစားပြီး မင်းကို တစ်ခြားလူတွေနဲ့ ခွဲထုတ်အောင် လုပ်နေမှာလဲ..။ငါတို့စခန်းထဲအထိတောင် စွန့်စားပြီး ဝင်ရောက်လာတာတဲ့ ဒီရူးသွပ်နေတဲ့ မင်းသားက တကယ်ကို စိတ်ရှုပ်စရာပဲ..။တကယ်လို့ ငါတို့သာ မင်းကို ပိုင်ဆိုင်ရဖို့ အခွင့်အရေးကို သူ့ကို ပေးလိုက်ရင်..သူက ငြင်းဆန်နိုင်မှာ မဟုတ်ဘူး..”

မာစတာ က ဒေါသတကြီးပဲ ထပ်ပြောလိုက်တယ်..။

“ပြီးတော့..ဒီတစ်ကြိမ်မှာ ထိန်းချုပ်တဲ့လူက ငါတို့ပဲဖြစ်ရမယ်..။သူက ငါတို့လက်ကနေ ထပ်ပြီး မလွတ်မြောက်စေရဘူး..။ဒီတော့..ပိုပြီးကောင်းမွန်တာတွေ ဖြစ်လာဖို့အတွက် ကိုယ့်ကိုကို စတေးပေးရတာကို စိတ်မရှိဘူမလား..နိုးထသူ ဆန်းလပ်စ်..”

ဆန်နီ ကြက်သီးထသွားခဲ့ပြီး မသိစိတ်အလျောက် နောက်ကို တစ်လှမ်းဆုတ်လိုက်တယ်..။သို့ပေမယ့် သူမှာ သွားစရာ နေရာမရှိပါဘူး..။ဝယ်သီနဲ့ ထပ်တူညီမူ ငါးယောက်က သူ့အနောက်ဘက်မှာ ရှိနေပြီးသူသွားမယ့် လမ်းကို ပိတ်ထားခဲ့ကြပါတယ်..။

“ကျွန်…ကျွန်တော် မလုပ်ချင်ရင်ရော..”

ပီယာ ပြုံးလိုက်ပြီး..

“ဒါဆိုရင်တော့..လေဒီ ကတ်စီယာက..ကြီးမြတ်တဲ့ ဗာလာကလန် နဲ့တစ်ခြားလူတွေရဲ့ အသက်ကို ကယ်တင်ရင်း လွတ်မြောက်သွားတဲ့ မွန်းစတားရဲ့ လက်ထဲမှာ ရက်စက်စွာ သေဆုံးရတော့မှာပေါ့..။ပြီးတော့..နောက်ထပ် အချက်တစ်ချို့ကို ထပ်ပေါင်းလိုက်လို့ရှိရင် မင်းက ငါခိုင်းတာကို လုပ်ရဦးမှာပဲ..။ပြီးတော့..အရမ်း ..အရမ်းကို ပျော်ဖို့မကောင်းတဲ့ အရာတွေပေါ့..”

ကတ်စီ အံ့ကို ကြိတ်ထားပြီး အော်လိုက်တယ်..။

“ဆန်နီ …မလုပ်နဲ့..”

ခနအကြာမှာတော့..ဝယ်သီက သူမရဲ့ ဓားကို လှုပ်လိုက်ပြီး မျက်မမြင် မိန်းကလေးကို တိတ်ဆိတ်အောင် လုပ်လိုက်ပါတယ်..။သူမရဲ့ လည်ပင်းထဲကနေ သွေးတစ်စက်က ကျဆင်းလာခဲ့တယ်..။

“တိတ်တိတ်နေ..”

ဆန်နီ အေးခဲသွားခဲ့ပြီး ဘာလုပ်ရမလဲ ဆိုတာကို မသိတော့ပေ..။သူ့ရဲ့ မျက်လုံးတွေကတော့..သူ့ကို ကယ်တင်နိုင်မယ့် အရာတစ်ခုခု ရှိနေမလား ဆိုပြီး အခန်းထဲကို ဝေ့ပတ်ကြည့်လိုက်တယ်..။သို့ပေမယ့် သူ့ အသုံးပြုနိုင်တာ ဘာမှ ရှိမနေခဲ့ပဲ..မာစတာ နှစ်ယောက် နဲ့ ထပ်တူညီမူ ဆယ်ယောက်သာ ရှိနေခဲ့ပါတယ်..။တကယ်လို့ သူသာ မဟုတ်တာ တစ်ခုခု လုပ်ရဲမယ် ဆိုရင်..သူတို့အားလုံးက သူ့ကို ထိုးနှက်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ကြပါပြီ..။

“ကျွန်..ကျွန်တော်..”

သူ တုန်ရီပြီး တွေဝေနေခဲ့တယ်..။ယင်နောက် အရှုံးပေးလိုက်တဲ့ အလား သူ့ရဲ့ ဦးခေါင်းက အောက်ကို စိုက်ကျသွားခဲ့ပါတယ်..။

“…ကျွန်တော် လုပ်မယ်..။ဒီတိုင်း..သူမကိုသာ နာကျင်အောင် မလုပ်ပါနဲ့..ကျေးဇူးပြုပြီး..”

‘ဒါက အရမ်းတော့ အိုဗာ အဖြစ်သွားဘူးမလား…’

ကတ်စီ ကတော့..ဝယ်သီရဲ့ ချုပ်နှောင်ထားမူကနေ ရုန်းကန်လိုက်တယ်..။

“ဆန်နီ…မလုပ်နဲ့…”

သူက သုန်မုန်နေတဲ့ အမူအရာနဲ့..နောက်ကို ပြန်လှည့်ကြည့်လိုက်ပါတယ်..။သူ စကားပြောတဲ့အချိန်မှာတော့..သူ့ရဲ့ အသံက တုန်ရီပြီး ကြောက်ရွံ့နေခဲ့တယ်..။သိုပေမယ့်..သေချာမူ နဲ့ စိတ်ဓာတ်ခိုင်မာမူတွေလည်း ပြည့်နှက်နေပါသေးတယ်..။

…သူရဲကောင်း တစ်ယောက်လိုပဲ…

“ဒါက..ဒါက အဆင်ပြေပါတယ်..။စိတ်မကောင်း မဖြစ်နဲ့..ကတ်စီ..။အနည်းဆုံးတော့..ဒီနည်းလမ်းနဲ့..ဒီနည်းလမ်းနဲ့..ငါတို့ထဲက တစ်ယောက်တော့ ရှင်သန်နိုင်မှာပါ..”

ဒီလိုပြောပြီးတာနဲ့ ဆန်နီ ဟာ..ပီယာ ကို မျက်နှာမူလိုက်တယ်..။

“ကျွန်တော်…ကျွန်တော် ဘာလုပ်ဖို့ လိုအပ်တာလဲ..”

မာစတာ ဖြစ်သူဟာ ပြုံးလိုက်ပြီး..ခေါက်ထားတဲ့ အဝတ်စကို သူ့ဆီကို ပေးလိုက်ပါတယ်..။

“တကယ်ကောင်းတဲ့ ရွေးချယ်မူပဲ..။အရင်ဆုံး ဒူးထောက် ထိုင်ချလိုက်..”

ဆန်နီ အဝတ်စကို ယူလိုက်ပြီး..သစ်သား သေတ္တာရဲ့ ရှေ့မှာ ဒူးထောက် ထိုင်ချလိုက်တယ်..။ဖြည့်ညှင်းစွာပဲ..ဝယ်သီက ပီယာရဲ့ ဘေးနားကို သွားကာ ရပ်လိုက်ပါတယ်..။ထပ်တူညီမူ ဆယ်ခုကလည်း သူ့ကို ဝန်းရံထားတဲ့ အလား နံရံတွေ အနားမှာ ရှိနေခဲ့ကြတယ်..။

သူ မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး..

“အခု ဘာဆက်လုပ်ရမှာလဲ..”

ဝယ်သီ ဟာ ကတ်စီကို တင်းကြပ်စွာ ကိုင်ထားရင်း ပြောလာခဲ့တယ်..။အဲ့အချိန်မှာတော့..ပီယာက အောက်ကို ငုံ့ပြီး..လက်တစ်ဖက်နဲ့ သေတ္တာရဲ့ အဖုံးကို မတင်လိုက်ပါတယ်..။

“မင်းရဲ့ မျက်လုံးတွေကို ဖွင့်လိုက်..။ပြီးရင် အဝတ်စကို ဖြည်ပြီး အထဲမှာ ရှိနေတဲ့ ပစ္စည်းကို ကြည့်လိုက်ပါ..။တစ်ခုခု လှည့်စားဖို့တော့ စိတ်တောင် မကူးနဲ့..”

သူမက ဓားမြောက်ကို လှုပ်ပြီး ကတ်စီကို အသံအနည်းငယ် ထွက်အောင် လုပ်လိုက်တယ်..။

ဆန်နီ တုန်လှုပ်နေခဲ့ပြီး..ဒူးထောက်လျက်ပဲ ရှိနေခဲ့ပါတယ်..။သူ အံ့ကို ကြိတ်ထားပြီး မျက်မမြင် မိန်းကလေးကို လှမ်းကြည့်လိုက်တယ်..။ပြီးတာနဲ့ သူ့ခေါင်းကို ငုံ့ပြီး အဝတ်စကို ဖြည်းညှင်းစွာပဲ ဖြေလိုက်ပါတယ်..။

အထဲမှာတော့..အနက်ရောင် အဝတ်စ တစ်ခုပေါ်မှာ ကျိုးပဲ့နေတဲ မှန်အပိုင်းအစ တစ်ခု ရှိနေခဲ့တယ်..။

ဆန်နီ ဒီအရာကို စိုက်ကြည့်လိုက်တဲ့ အချိန်မှာတော့..သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာပြင်က အလင်းပြန်နေတာကို တွေ့လိုက်ရပါတယ်..။

မာစတာတွေဟာ စိုးရိမ်သွားခဲ့ကြတယ်..။

…ပြီးတဲ့နောက်မှာတော့..ဘာမှဖြစ်မလာခဲ့ပေ။

ကောင်းပြီလေ..ဒါပေါ့..အဲတာက မလုပ်မဖြစ်ခဲ့ပါဘူး..။

တကယ်လို့ ဆန်နီသာ တစ်ခြားနည်းလမ်းတစ်ခုကို မတွေးမိခဲ့ဘူးဆိုရင် ကိုယ့်ကိုကို ဒီအခြေအနေနဲ့ အဆုံးသတ်ခံလိုက်မှာ မဟုတ်ပေ..။

အမှန်တကယ်တော့..မော်ဒရက်က ဘာကိုကြံစည်နေတာလဲ ၊ ဘာကြောင့်လဲ ဆိုတာကို ဆန်နီ ကောင်းကောင်းသိထားခဲ့ပါတယ်..။အဲဒီအကြောင်းပြချက်ကြောင့်ပဲ..အနည်းဆုံးတော့ အခုချိန်မှာ..မှန်အပိုင်းအစကို ကြည့်တာက သူ့အတွက် လုံခြုံမူရှိတယ်လို့ ယုံကြည်ထားခဲ့တယ်..။

ဒါကြောင့်ပဲ သူ နဲ့ ကတ်စီ က ဒီလို့ သေးငယ်တဲ့ ဖျော်ဖြေပွဲလေးတစ်ခုကို ကြောက်ရွံ့တုန်လှုပ်နေတဲ့ ပုံစံဟန်ဆောင်ပြီး ဖန်တီးခဲ့ကြတာပါ..။ဒါမှမဟုတ် အနည်းဆုံးတော့ သူတို့ပုံစံက ကံတရားကို လက်လျော့လိုက်သလိုမျိုး ဖြစ်နေခဲ့ပါတယ်..။ဆန်နီဟာ အမှန်တကယ်ပဲ ကိုယ့်ကိုကို ဂုဏ်ယူနေခဲ့တယ်..။ကြည့်ရတာတော့ သူ့ရဲ့ သရုပ်ဆောင် စွမ်းရည်တွေက အမှန်တကယ် တိုးတက်လာခဲ့တဲ့ ပုံပါပဲ..။အထူးသဖြင့်..နောက်ဆုံး အပြန်အလှန်ပြောကြတဲ့ နေရာကတော့ တကယ်ကို..စိတ်လှုပ်ရှားစရာပါပဲ..။

ကတ်စီကလည်း အကောင်းဆုံး ပြန်လည်တုန့်ပြန်ပေးနိုင်ခဲ့ပါတယ်..။

ပီယာ နဲ့ ဝယ်သီတို့ကတော့ သူ့ကို စိုက်ကြည့်ပြီး..မော်ဒရက်က ငါးစာကို ဟတ်လာမယ့် အချိန်ကို စောင့်နေခဲ့တယ်။သို့ပေမယ့် စက္ကန့်အနည်းငယ် ကြာသွားတဲ့ အထိ ဘာမှဖြစ်မလာခဲ့ပါဘူး..။သူတို့ရဲ့ မျက်လုံးထဲမှာ အနည်းငယ် စိတ်ရှုပ်ထွေးမူတွေ ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ..သံသယစိတ်တွေ ဖြစ်ပေါ်လာခဲ့ကြပါတယ်..။

..ပြီးတဲ့နောက်မှာတော့ အကြောက်တရားတွေ ဝင်လာခဲ့ကြတယ်..။

ဝယ်သီကတော့ အခြေအနေကို ပထမဆုံး နားလည်သဘောပေါက်သွားခဲ့ပါတယ်..။

သူမရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး..ရုတ်တရက် ကျောက်တုံးအတားအဆီးတွေကို တောင် ထိုးဖောက်သွားနိုင်တဲ့ အကြည့်တွေနဲ့ အပေါ်ကို မော့ကြည့်လိုက်တယ်..။

ပြီးတာနဲ့..သူတို့ ထားရစ်ခဲ့တဲ့ စခန်းနေရာကို လှမ်းကြည့်နေခဲ့မိပါတယ်..။

သူမရဲ့ နှုတ်ခမ်းတွေကတော့ တုန်ရီနေခဲ့ပါပြီ..။

“မဟုတ်ဘူး…”

အပိုင်း ( ၅၈၂ ) ပြီး၏။

All Chapters