← Chapters

ခေါင်းလောင်း တာဝါ..

Vol. 39 Ch. 581

ခေါင်းလောင်း တာဝါ..

Vol. 39 Ch. 581

ရက်အနည်းငယ် ကြာသွားခဲ့ပြီဖြစ်ပေမယ့် စိတ်အနှောက်ယှက် ဖြစ်စရာ ဘာမှဖြစ်မလာခဲ့ပေ..။ဆန်နီ နဲ့ကတ်စီ တို့ဟာ အခန်းကျဉ်းလေးထဲမှာပဲ ဝယ်သီ ဒါမှမဟုတ် ထပ်တူညီမူ တစ်ယောက် ယူလာပေးတဲ့ အစားအသောက်တွေကို စားလိုက် သောက်လိုက်နဲ့ ခွန်အားပြန်ဖြည့်နေခဲ့ကြပါတယ်...။သူတို့က ဆက်တိုက်ဆိုသလို စောင့်ကြည့်ခံထားရပေမယ့် သူတို့နှစ်ယောက်စလုံးက..တည်ငြိမ်ပြီး..၊ တစ်နည်းအားဖြင့် သက်သောင့်သက်သာ ရှိနေခဲ့ကြပါတယ်..။

အပြင်ဘက်မှာတော့..အခြေအနေတွေက ငြိမ်းချမ်းမနေခဲ့ပေ..။

ဒါပေါ့ မော်ဒရက်ကတော့ လူထပ်မသတ်တော့ပါဘူး..။ဒီလိုလုပ်မှသာ..ဆန်နီ အပေါ်ကို လူသတ်သမားအဖြစ် အထင်မှားစေဖို့ သူ့ရဲ့ ကြိုးစားအားထုတ်မူတွေက အောင်မြင်မှာပါ..။သို့ပေမယ့်..လေထုကတော့..ဓားတစ်ချောင်းနဲ့ ခုတ်ဖြတ်လို့ ရလောက်အောင်ကို တင်းမာနေခဲ့တယ်..။နေ့ရက်တိုင်းက ဘာမှမဖြစ်ပဲ ရှိနေခဲ့တာကြောင့်..ဆုံးရှုံးသူတွေကြားထဲမှာ ရှိနေပြီးသား အကြောက်တရားက ပိုပိုပြီး ပြင်းထန်လာခဲ့ပါတယ်..။

အကြောက်တရား ၊ မသက်မသာ ဖြစ်မူ ၊ စိုးရိမ်စိတ် နဲ့ မျှော်လင့်ချက်တွေက ပိုမို များများလာခဲ့ပြီး..မသေချာတဲ့ အမှောင်ထု ဖိအားအောက်မှာ ရောထွေးလာခဲ့ကြပါပြီ..။

တစ်ခါတစ်ရံမှာတော့ ဘာမှမလုပ်ပဲ နေလိုက်တာက ပိုကောင်းမွန်တဲ့ ရလာဒ်ကို ဆောင်ကျဉ်းပေးနိုင်ပါတယ်..။

မော်ဒရက်က ဘယ်အချိန်မှာ..တွန်းအားပေးရမလဲ ၊ ဘယ်အချိန်မှာ နောက်ကို တစ်လှမ်းဆုတ်ထားရမလဲ ဆိုတာကို ကောင်းကောင်း သိနေခဲ့တယ်..။

ဘာမှလုပ်စရာ မရှိပဲ မလွဲမသွေကျရောက်လာမယ့် တိုက်ခိုက်မူကို စောင့်ဆိုင်းနေယုံသာတတ်နိုင်ပြီး..စိတ်တွေဖြေလျော့ဖို့အတွက် ထွက်ပေါက် ရှိမနေတဲ့ ဆုံးရှုံးသူတွေဟာ..ဆန်နီနဲ့ ကတ်စီတို့ကို ချုပ်နှောင်ထားတဲ့ အခန်းဆီကို ဦးတည်ထားတဲ့ တံခါးတွေ ဆီကိုသာ စောင့်ကြည့်နေခဲ့ကြပါတယ်..။နေ့ရက်တိုင်းမှာလည်း သူတို့ရဲ့ မျက်နှာတွေက နက်မှောင်လာနေခဲ့တယ်..။

အခုအချိန်မှာတော့ တစ်ခုခုတော့ လုပ်ရပါတော့မယ့်..။ပီယာ နဲ့ ဝယ်သီတို့တောင်မှ ဒီစစ်သည်တွေကို ထိန်းချုပ်မူအောက်မှာထားထားပြီး..တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေစေဖို့အတွက် ယုံကြည်မူ မရှိကြတော့ပေ..။မာစတာ နှစ်ယောက်ဟာ သူတို့ရဲ့ အစီအစဉ်တွေကို အတူတကွ ချမှတ်ရင်းသာ အချိန်ကုန်ဆုံးနေခဲ့ကြပါတယ်..။သူ့ရဲ့ အရိပ်တွေကို ဗာလာကလန်ရဲ့ စစ်သည်တွေ အနားကို မပို့လွှတ်ရဲတာကြောင့် ဒီအစီအစဉ်တွေက ဘာလဲဆိုတာကို ဆန်နီ မသိထားပါဘူး..။

..သို့ပေမယ့်..သူက ခန့်မှန်း ကြည့်လို့တော့ ရပါတယ်..။

တစ်ရက်အရောက်မှာတော့ ဆုံးရှုံးသူတွေက ပုံမှန်ထက်ပိုပြီး..ဂနာမငြိမ်ဖြစ်နေကြတာကို သူ သတိထားမိလိုက်တယ်..။ပီယာ နဲ့ ဝယ်သီ တို့ကလည်း ထူးထူးခြားခြားတွေ ပြုမူနေခဲ့ကြပါတယ်..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး တံခါးနားကို လျောက်သွားပြီး..လွန်ခဲ့တဲ့ နာရီအချို့က ထပ်တူညီမူတစ်ယောက် လာရောက်ပို့ဆောင်သွားခဲ့တဲ့ အစားအသောက် ဗန်းကို ကြည့်လိုက်တယ်..။ပြီးတာနဲ့ အဲတာကို ယူဆောင်ပြီး..ပန်းကန်တစ်ခုကို ကတ်စီဆီ ပေးလိုက်ပါတယ်..။

“ဒီနေ့ ကောင်းကောင်း စားထားတော့..”

မျက်မမြင် မိန်းကလေးဟာ..ခေါင်းညိမ့်ပြလိုက်တယ်..။အပြင်လူတစ်ယောက် အတွက်ကတော့..ဒီပြောဆိုမူတစ်ချို့က ဘာမှဟုတ်ပုံ မရပါဘူး..။သို့ပေမယ့်..သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ..သူတို့က တစ်ယောက် အကြောင်းတစ်ယောက် ကောငး်ကောင်းကြီး သိကြပါတယ်..။

ကတ်စီ သိသင့်တဲ့အရာမှန်သမျှကို ဆန်နီက ပြန်မျှဝေပေးခဲ့ပြီး..သူမကလည်း သူပြောချင်တာကို နားလည်ကြောင်း ပြန်အချက်ပြလိုက်တယ်..။

အဲဒီနောက်မှာတော့ သူတို့က ဘာမှထပ်မပြောတော့ပဲ..အစားအသောက် အပေါ်မှာသာ အာရုံစိုက်လိုက်ပါတယ်..။

ညဘုရားကျောင်းက ပိတ်ချထားပြီး..အပြင်ကမ္ဘာနဲ့ဆက်သွယ်မူကို ပိုင်းခြားထားခဲ့ပေမယ့်..ကြည့်ရတာတော့..ဒီရက်ပိုင်းအတွင်းမှာ အထဲက အပူချိန်က အတော်လေးကိုကျဆင်းသွားခဲ့သလိုပါပဲ..။ဘုရားကျောင်းက အရင်က အေးစက်နေခဲ့ပေမယ့် အခုဆိုရင်..ဒီအေးစက်မူက စိတ်အနှောက်အယှက် ဖြစ်စေပြီး..နေရာတိုင်းမှာ ရှိနေသလို ခံစားနေခဲ့ရပါတယ်..။

ဘုရားကျောင်းရဲ့ အနက်ရောင် နံရံကြီးတွေရဲ့ အပြင်မှာတော့..နိုင်ဝင်ဘာလက အပြည့်အဝ ရောက်ရှိနေခဲ့ပါပြီ..။ဆန်နီနဲ့ ကတ်စီ တို့ဟာ သဘော်ပျက်ကျွန်းက ကျန်တဲ့ အဖွဲ့သားတွေနဲ့ ပြန်လည်ဆုံဆည်းဖို့ ချိန်းဆိုထားတဲ့ အချိန်နဲ့ အနည်းဆုံးတော့..တစ်ပတ်လောက် နောက်ကျနေခဲ့တယ်..။တကယ်လို့ ဗာလာကလန်က..ထွက်ပေါ်ကို အသုံးပြုဖို့အတွက် ငြင်းဆန်ခဲ့တယ် ဆိုရင်..ဒီကြာချိန်ဆိုတာက ပုံမှန်ပါပဲ..။

အခုချိန်ကို အယ်ဖီနဲ့ ကိုင်တို့ ဘာလုပ်နေကြမလဲ ဆိုတာကို ဆ်နီ သိချင်သွားခဲ့တယ်..။သူတို့က စိုးရိမ်နေကြမလား ဒါမှမဟုတ် အရာအားလုံးက ဆိုးဆိုးဝါးဝါး မှားယွင်းသွားပြီဆိုတာ မသိပဲ စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းနေကြမလား..။

ဒါကို သိနိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး..။

သူ သက်ပြင်းချလိုက်ပြီး ကတ်စီကို ကြည့်လိုက်တယ်..။မျက်မမြင် မိန်းကလေးက တိတ်ဆိတ်စွာ ထိုင်ရင်း အမှောင်ထုကို ကြည့်နေခဲ့ပါတယ်..။သူတို့က သူမရဲ့ လှပတဲ့ အပြာရောင် မျက်လုံးတွေထဲမှာ သူ့ရဲ့ ပုံရိပ်ကို ပြန်မြင်နေရလောက်အောင်ကို နီးကပ်နေခဲ့ကြတယ်..။

ဆန်နီ ပြုံးလိုက်မိတယ်..။

‘ဟမ့်…မဆိုးပါဘူး..’

သံလှောင်အိမ်ကနေ ထွက်လာတုန်းက သူ့ရဲ့ အသွင်အပြင်က အတော်လေးကို ဆိုးဝါးနေခဲ့ပေမယ့်..အခုတော့ အနည်းနဲ့အများ..ပုံမှန်ပြန်ဖြစ်နေခဲ့ပါပြီ..။သူက ခံစားချက်လည်း ပိုကောင်းမွန်လာနေခဲ့တယ်..။

ကံတရားက..သူ့ကို ဘယ်လို အရာတွေပဲ ဖန်တီးထားပါစေ..သူက အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

နာရီအနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ အခန်းငယ်လေးရဲ့ တံခါးက ပွင့်သွားခဲ့ပြီး..ဝယ်သီကို တွေ့လိုက်ရတယ်..။မာစတာက သူတို့ကို သုန်မုန်စွာ ကြည့်လိုက်ပြီး..ပုံမှန်အသံနဲ့ ပြန်ပြောလိုက်ပါတယ်..။

“လေဒီ ကတ်စီယာ…နိုးထသူ ဆန်းလပ်စ်..။အခြေအနေက နည်းနည်းတော့ ပြောင်းလဲသွားပြီ..။မင်းတို့နှစ်ယောက် ဒီမှာဆက်ပြီး ရှိနေတာက ထပ်ပြီ လုံခြုံမူ မရှိတော့ဘူး..။လာ..ငါတို့က မင်းတို့ကို တစ်ခြားနေရာကို ပို့ဆောင်ပေးမယ်..”

ဆန်နီ သူမကို တစ်ခနလောက် စိုက်ကြည့်နေပြီး မှ ယဉ်ကျေးစွာ မေးလိုက်တယ်..။

“အာ..အရာအားလုံး အဆင်ပြေရဲ့လား..”

သူမ တွေဝေနေခဲ့ပြီးမှ..အတိုချုပ်ပြီး ပြန်ဖြေလိုက်ပါတယ်..။

“အဆင်ပြေသွားမှာပါ..”

‘ဝိုး..နိမိတ်မကောင်းတာတော့ လုံးဝမဟုတ်ဘူးပေါ့..’

ရွေးချယ်စရာ သိပ်မရှိတာကြောင့် ဆန်နီ နဲ့ ကတ်စီ တို့ဟာ မတ်တတ်ထရပ်လိုက်ကြပြီး အနီရောင် ဆံပင်နဲ့ မာစတာ နောက်ကို လိုက်သွားခဲ့ကြပါတယ်..။သူတို့က စခန်းချထားတဲ့ ခန်းမကြီးကို ဉီးတည်သွားကြပြီး..ကြောက်ရွံ့ထိပ်လန့်နေကြတဲ့ ဆုံးရှုံးသူတွေရဲ့ နက်မှောင်တဲ့ အကြည့်အောက်မှာပဲ ဖြတ်လျောက်သွားလိုက်ကြပါတယ်..။

တစ်နေရာအရောက်မှာတော့ သူတို့တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်ပြီး ကာကွယ်ပေးနေတဲ့ အလား..သူတို့ရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ လူသား ထပ်တူညီမူတွေ ပေါ်လာခဲ့ပါတယ်..။

..ဒါမှမဟုတ်ရင်လည်း သူတို့ထွက်ပြေးသွားမှာ ဆိုးလို့ တားဆီးထားသလိုပါပဲ..။ဒါကတော့ တစ်စုံတစ်ယောက်က ဘယ်လိုအမြင်နဲ့ ကြည့်မလဲဆိုတဲ့ အပေါ်မှာသာ မူတည်ပါတယ်..။

ဗာလာအင်အားစုရဲ့ သေးငယ်တဲ့ အဖွဲ့လေးဟာ..အတွင်းပိုင်းမြင့်မြတ်နယ်မြေရဲ့ ကော်ရစ်ဒါတွေပေါ်ကို လျောက်သွားလိုက်ကြတယ်..။သူတို့က ဝက်ပါတွေ ကြားထဲကို ဖြတ်သန်းပြီး..ခရုပတ်လှေကားထဲကို ဝင်ရောက်သွားခဲ့ကြပါတယ်..။

ဆန်နီ ပတ်ဝန်းကျင်ကို သတိအနေအထားနဲ့ ကြည့်ကာ. မေးလိုက်တယ်..။

“ကျွန်တော်တို့ ဘယ်သွားနေတာလဲ..”

ဝယ်သီက အောက်ဘက်ကို ညွှန်ပြလိုက်ပြီး..

“အောက်ဘက် ခေါင်းလောင်းကို ..”

သူမရဲ့ အဖြေက အရာအားလုံးကို ရှင်းပြဖို့အတွက် လုံလောက်နေခဲ့သလိုပဲ..သူမက ဘာကိုမှ ထပ်မပြောတော့ပါဘူး..။ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့ပေမယ့်..ဒီအရာကို ထပ်ပြီး မမေးတော့ပေ..။

မေးနေလို့ရော ဘာအကျိုးရှိမှာလဲ..။

လှေးကားတွေက အတော်ရှည်ပြီး ကျယ်ပြောပါတယ်..။ဒီအရာက တာဝါတစ်ခုလုံးကို အကြိမ်များစွာ ရစ်ပတ်ထားခဲ့တယ်..။တစ်ပတ်ပြည့်ပြီးတာနဲ့ လှေကားတွေက ပိုမိုကျဉ်းမြောင်းလာနေခဲ့ပါတယ်..။မကြာခနဆိုသလိုပဲ..သူတို့ရဲ့ ဘယ်ဘက်မှာ ပိတ်ထားတဲ့ တံခါးတွေကို တွေ့နေခဲ့ရပါတယ်..။သို့ပေမယ့် သူတို့ရဲ့ ညာဘက်ခြမ်းမှာတော့ ဘယ်အရာကိုမှ မတွေ့ရပါဘူး..။

နောက်ဆုံးမှာတော့ အတော်ကြာပြီးတဲ့နောက်မှာ..သူတို့က လှေကားတွေရဲ့ အဆုံးကို ရောက်လာခဲ့ကြတယ်..။ပြီးတာနဲ့ အရှေ့က လမ်းကြောင်းကို ပိတ်ဆို့ထားတဲ့ လေးလံတဲ့ ဂိတ်ပေါက်ကြီးကို ဝယ်သီ ဖွင့်တာကို စောင့်ဆိုင်းနေခဲ့ပါတယ်..။

ဆန်နီ နဲ့ ကတ်စီ တို့ဟာ..သူတို့ကို သူတို့ ညဘုရားကျောငင်းမှာရှိတဲ့ အဓိက ခေါင်းလောင်းကြီးရဲ့ အောက်ဆုံးမှာ ရောက်နေတာကို တွေ့လိုက်ရတယ်..။သူတို့ရဲ့ အောက်ဘက်မှာတော့ ရှေးဟောင်းခေါင်းလောင်းကြီးတစ်လုံးက သံကြိုးတွေနဲ့ ချိတ်ဆွဲပြီး လှုပ်ယမ်းနေခဲ့ပါတယ်..။ခုနှစ်ခုမြောက်ခေါင်းလောင်းရဲ့ ထိပ်ဖျားက အတော်လေး ကျဉ်းမြောင်းပြီး..အဝိုင်းပုံစံ ကော်ရစ်ဒါနဲ့ အခန်းတစ်ခန်းရှိနေခဲ့တယ်..။လတ်တလောမှ သူတို့က အဲဒီအခန်းရဲ့ တံခါးကို ကြည့်နေကြတာပါ..။

တံခါးက အနည်းငယ် ပွင့်သွားခဲ့ပါပြီ..။

ဝယ်သီ ရပ်တန့်လိုက်ပြီး..ဆန်နီကို ကြည့်ကာ အထဲကို ဆက်သွားဖို့ အချက်ပေးလိုက်တယ်..။

“အထဲကို ဝင်..”

ဆန်နီ သူမကို ကြည့်လိုက်ပြီး..သူ့ရဲ့ ဘေးနားမှာ ဝန်းရံနေကြတဲ့ ထပ်တူညီမူတွေကို ပြန်ကြည့်လိုက်ပါတယ်..။သူ ခနလောက်တွေဝေနေပြီးကာမှ သက်ပြင်းချလိုက်တယ်..။ပြီးတာနဲ့ တံခါးကို ဖွင့်ပြီး အခန်းထဲကို ဝင်သွားလိုက်ပါတယ်..။

သူက အေးစက်တဲ့ ကျောက်တုံးနဲ့ ပြုလုပ်ထားတဲ့ အခန်းတစ်ခုထဲကို ရောက်နေတာ တွေ့လိုက်ရါပတယ်..။ဒီနေရာက မှောင်မိုက်ပြီး…ကြက်သီးထလောက်ဖွယ်ကောင်းတဲ့ တိတ်ဆိတ်မူနဲ့ ပြည့်နှက်နေခဲ့တယ်..။သူ့ရဲ့ ပုံစံကို ခုနှစ်မြှောင့်ပုံစံတည်ဆောက် ထားခဲ့တယ်..။ထောင့်တစ်ခုချင်းစီ က အရိပ်တွေ ကြားထဲမှာ နစ်မြုပ်နေခဲ့ပြီး…သူ့ရဲ့ နံရံတစ်ခုချင်းစီမှာလည်း ကြီးမားတဲ့ မှန်ဘောင်ကြီးတွေ ရှိနေခဲ့တယ်..။

သို့ပေမယ့် အဲဒီ မှန်ဘောင််တွေ ကြားထဲမှာ ဘာမှမရှိပါဘူး..။အထဲမှာ ရှိနေခဲ့တဲ့ မှန်တွေကတော့ အစောကတည်းက ကျိုးပဲ့ပြီး ပျက်စီးကုန်ကြပါပြီ..။

ဆန်နီ အဲတာတွေကို ခနလောက် ကြည့်နေလိုက်တယ်..။

‘ကောင်းပြီလေ..အနည်းဆုံးတော့ အဲဒီ ထောင်နဲ့ချီတဲ့ မှန်အပိုင်းအစတွေ ဘယ်က ရောက်ဘာတာလဲ ဆုိတာကို သိရတာပေါ့.’

ဘယ်မှန်တွေကိုမှ ယူဆောင်ခွင့် မပြုထားတဲ့ အကျဉ်းထောင်ထဲမှာ မော်ဒရက်က ဒီအပိုင်းအစတွေ အားလုံးကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ..။ကတ်စီရဲ့ အမြင်အာရုံမှာ ပေါ်လာခဲ့တဲ့ မှန်အပိုင်းအစတွေကရော ဘယ်ကနေ ရောက်လာကြတာလဲ..။အခုတော့ သူ့ဆီမှာ အဖြေတစ်ခု ရှိနေခဲ့ပါပြီ..။

ဆန်နီ ကျေနပ်စွာပဲ အကြည့်ကို အောက်ပြန်ချလိုက်ပြီး..သူ အခန်းထဲဝင်တာကို စောင့်နေကြတဲ့ ပုံရိပ်တွေကို ကြည့်လိုက်တယ်..။

ပီယာကတော့..ထပ်တူညီမူတွေနဲ့ ဝန်းရံရင်း အခန်းရဲ့ အလယ်မှာ စောင့်ဆိုင်းနေခဲ့ပါတယ်..။သူ့ရဲ့ မျက်လုံးတွေကတော့ အေးစက်ပြီး လေးလံနေခဲ့တယ်..။

အကြောက်အလန့်ကင်းတဲ့ မာစတာက. မျက်နှာပျက်သွားပြီး..ချိန်းခြောက်တဲ့ လေသံနဲ့ အသံကို နိမ့်ကာ ပြောလာခဲ့ပါတယ်..။

“မင်း ဘာပဲလုပ်ဖို့ စဉ်းစားနေပါစေ..အဲတာကို မလုပ်ဖို့ ငါ အကြံပေးချင်တယ်..”

တစ်ချိန်တည်းမှာပဲ အခန်းရဲ့ တံခါးက နားကျိန်းလုမတတ် အသံနဲ့အတူပဲ ပြန်ပိတ်သွားခဲ့ပါတယ်..။သူတို့ကို ဒီကို ပို့ဆောင်ပေးတဲ့ ထပ်တူညီမူတွေကလည်း ဆန်နီရဲ့ အနောက်ဘက်ဖြစ်တဲ့ အခန်းထဲကို ရောက်နေကြပါပြီ..။ဝယ်သီလည်း အခန်းထဲမှာ ရှိနေခဲ့တယ်..။

သူမက ဓားတစ်ချောင်းနဲ့ ကတ်စီရဲ့ လည်ပင်းကို ချိန်ရွယ်ထားခဲ့ပါတယ်..။

သူမရဲ့ အမူအရာက နက်မှောင်ပြီး တည်ငြိမ်နေခဲ့တယ်..။

ဆန်နီ ခနလောက်တွေဝေနေပြီးကာမှ..လက်နှစ်ဖက်ကို ဖြန့်ကာ..အပေါ်ကို ဖြည်းညှင်းစွာ မြှောက်ပြလိုက်တယ်..။

‘သောက်ကျိုးနဲ..ဒါကြီးကတော့ မထင်ထားခဲ့ဘူး..။တကယ်ကို စပရိုက် ပဲ..’

အပိုင်း ( ၅၈၁ ) ပြီး၏။

All Chapters