← Chapters

အနက်ရောင် သမုဒ္ဒရာ..

Vol. 39 Ch. 584

အနက်ရောင် သမုဒ္ဒရာ..

Vol. 39 Ch. 584

ဝယ်သီ ..အေးခဲသွားခဲ့ပေမယ့်..ဒါက ခနတာပါပဲ..။ယင်းနောက် သူ ကတ်စီကို ဘေးကို တွန်းလွှတ်လိုက်ပြီး..တံခါးဆီကို ပြေးထွက်သွားကာ..ဝေဝါးပြီ ပျောက်ကွယ်သွားခဲ့ပါတယ်..။ဆန်နီလည်း ဘေးကို တွန်းဖယ်ခြင်းခံလိုက်ရတာကြောင့်..ဘာမှမရှိတော့တဲ့ မှန်ဘောင််တစ်ခုနဲ့ တိုက်မိမလိုတောင်ဖြစ်သွားခဲ့တယ်..။သူ အသိစိတ်ပြန်ဝင်လာခဲ့တဲ့ အချိန်မှာတော့..သူမက ဒီမှာမ ရှိတော့ပါဘူး..။

ပီယာ..ညဉ်းတွားလိုက်ပြီး..သူ့ကို သတ်ဖြတ်လိုတဲ့ အကြည့်တွေနဲ့ ကြည့်ကာ အော်ပြောလိုက်တယ်..။

“ သူတို့ကို သတ်လိုက်..”

ဒီလိုပြောပြီးတာနဲ့ သူလည်း..အခန်းထဲကနေ ထွက်သွားခဲ့လိုက်ပါတယ်..။ပြီးတာနဲ့..ထပ်တူညီမူအများစုကို ပြန်ရုတ်သိမ်းလိုက်ပြီး သူနဲ့အတူ ယူဆောင်သွားခဲ့တယ်..။

…ဒီအရူးတွေက သူတို့ရဲ့ လူတွေကို ကယ်တင်နိုင်လိမ့်ဦးမယ်လို့ မျှော်လင့်နေသေးတဲ့ ပုံပါပဲ..။

ဒါမှမဟုတ်..အနည်းဆုံးတော့ သူတို့အတွက် လက်စားချေပေးဖို့ မျှော်လင့်နေခဲ့ကြတာပါ..။

ပီယာက သူတို့ကို သတ်ဖို့အတွက် အမိန့်ပေးသွားခဲ့တဲ့ အပေါ်မှာ ဆန်နီ လုံးဝ ဒေါသမထွက်ခဲ့ပေ..။သူသာ ဆိုရင်လည်း ဒီလိုမျိုးသာ လုပ်မှာပါပဲ..။အခုတော့..မော်ဒရက် ကို ပိတ်လှောင်မယ့် သူတို့ရဲ့ အစီစဉ်က ကျရှုံးသွားခဲ့ပါပြီ..။နောက်ထပ်အကောင်းဆုံး ရွေးချယ်မူကတော့..သူပိုင်ဆိုင်နိုင်မယ့်..လက်ခံကောင်တွေ ထပ်ပြီး ရှိမနေတော့အောင် လုပ်ဖို့ပါပဲ..။ကင်းစောင့်တွေက..သေနေလောက်ပြီး ဖြစ်တာကြောင့် အခုဆိုရင် ဆန်နီ တစ်ယောက်ထဲသာ ကျန်ရှိနေပါတော့တယ်..။

သို့ပေမယ့်..ဆန်နီက ရန်ငြိုးကို ဖြေလျော့ပေးတတ်တဲ့ လူတစ်ယောက် မဟုတ်ပေ..။

‘ချီးပဲ..ခွေးသားလေး..’

မှန်ဘောင် ရှိနေခဲ့တဲ့ အခန်းမှာတော့..ထပိတူညီမူ နှစ်ခုတည်းသာ ကျန်ရစ်နေပါတော့တယ်..။တစ်ကောင်က ကတ်စီ ဆီကို သွားနေခဲ့ပြီး..သူ့ရဲ့ ဓားနဲ့ ထိုးနှင့်ပြီးခဲ့ပါပြီ..။နောက်ထပ်တစ်ကောင်ကတော့..ဆန်နီရဲ့ အပေါ်ကနေ အုပ်မိုးရင်း..လေးလံတဲ့ ပုဆိန်ကြီးနဲ့ လွဲခုတ်လိုက်တယ်..။

ဆန်နီ ဟာ ထပ်တူညီမူကို သဘောမကျစွာ စိုက်ကြည့်လိုက်ပါတယ်..။

ခနအကြာမှာတော့..သတ္တဝါရဲ့ နောက်ဘက်က အရိပ်ထဲကနေ..မြွေတစ်ကောင် ပေါ်ထွက်လာခဲ့ပြီး..သူ့ရဲ့ ရှည်လျားပြီး အားကောင်းတဲ့ ခန္တာကိုယ်နဲ့..ရစ်ပတ်ထားလိုက်ပါတယ်..။ယင်းနောက် သူ့ရဲ့ ခေါင်းက ရှေ့ကို တိုးထွက်လာခဲ့ပြီး..ပါးစပ်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖွင့်ဟ လာခဲ့တယ်..။ထက်ရှတဲ့ အစွယ်တွေက ထပ်တူညီမူရဲ့ မျက်နှာနှစ်ဖက်စလုံးမှာရှိနေပြီး..လွယ်ကူစွာပဲ သူ့ရဲ့ဦးခေါင်းခွံကို ထိုးဖောက်သွားခဲ့ပါတယ်..။

တစ်ချိန်တည်းမှာပဲ..ကတ်စီက ဒူးတစ်ဖက်ထောက်ထားရင်..ရန်သူရဲ့ ဓားကို ရှည်လျားတဲ့ ဓားတစ်ချောင်းနဲ့ တားဆီးထားခဲ့တယ်..။ဓားပျံတစ်ချောင်းက သူမရဲ့ နောက်ဘက်ကနေ ပေါ်ထွက်လာခဲ့ပြီး..ရန်သူရဲ့ လည်ပင်းကို ထိုးဖောက်သွားခဲ့ကာ..တစ်ခြားတစ်ဖက်ကနေ သွေးတွေနဲ့အတူ ပြန်ထွက်လာခဲ့ပါတယ်..။

ထပ်တူညီမူ နှစ်ခုစလုံးက ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့ပြီး..အလင်းစက်တွေ အဖြစ် ပျောက်ဆုံးသွားခဲ့ကြပါတယ်..။အစကနေ အဆုံးအထိ သူတို့က အသံတစ်ခုတောင် ထွက်မသွားခဲ့ပါဘူး..။

ဆန်နီ ကတ်စီဆီကို အလျင်အမြန်ပြေးသွားလိုက်ပြီး..သူမရဲ့ ဒဏ်ရာတစ်ချို့ကို စစ်ဆေးကြည့်ပေးလိုက်ပါတယ်..။သူ့ရဲ့ အသံကတော့..စိုးရိမ်ပြီး..စိတ်ပူသံတွေပါဝင်နေခဲ့တယ်..။

“နင် အဆင်ပြေရဲ့လား..”

သူမရဲ့ လည်ပင်းကနေ သွေးတစ်ချို့ စီးဆင်းနေခဲ့ပေမယ့်..ပြတ်ရှရာက အတော်လေးကို တိမ်ပြီး..အန္တရာယ် လုံးဝ မရှိပါဘူး..။သူ့ရင်ထဲမှာ စိတ်သက်သာရာ ရမူတွေက လွှမ်းခြုံသွားခဲ့တယ်..။

မျက်မမြင် မိန်းကလေးက ခေါင်းညိမ့်လိုက်ပြီး..

“ငါ အဆင်ပြေပါတယ်..။သွား..။နောက်ထပ် အခွင်းအရေးဆိုတာ ရှိတော့မှာမဟုတ်ဘူး..”

သူ ခနလောက်တွေဝေနေပြီးကာမှ..စကားတစ်ခွန်းမှ မပြောပဲ မတ်တတ်ထရပ်လိုက်ကာ..အရိပ်တွေထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်..။

ကတ်စီ ပြောတာက မှန်ပါတယ်..။နောက်ထပ်ဒါမျိုး အခွင့်အရေး ဆိုတာက ရှိတော့မှာ မဟုတ်ပါဘူး..။သူတို့ရဲ့ တူညီတဲ့ ခြိမ်းခြောက်မူ နှစ်ခုက ထိပ်တိုက်တွေ့နေကြတာပါ..။တစ်ဖက်ကတော့..တက်ရောက်မူအဆင့် စစ်သည်တော် နှစ်ယောက်ဖြစ်ပြီး..နောက်ထပ်တစ်ဖက်ကတော့..ကျိန်စာသင့်ငရဲ မော်ဒရက် ကိုယ်တိုင်ပါပဲ..။

ဒီနေ့ သူတို့သုံးယောက်စလုံး သေဆုံးသွားတာ သေချာအောင်..ဆန်နီက စီမံပေးရပါလိမ့်မယ်..။

ကောင်းပြီလေ..သူတို့နှစ်ယောက်ပေါ့..။မှန် သားရဲကောင်ကို ဘယ်လို ဖျက်ဆီးရမလဲဆိုတာတော့ သူ မသိပါဘူး..။ဒါကြောင့်..မော်ဒရက်ကို လက်ခံကောင် မရှိပဲ ထားထားလိုက်တာကတင် လုံလောက်နိုင်မှာပါ..။

ပထမဆုံးအနေနဲ့..ဆန်နီက သူ့ရဲ့ အရိပ်တစ်ခုကို လူသွားလမ်းမှာ ပို့လွှတ်လိုက်ပြီး ပုန်းအောင်းနေဖို့ အမိန့်ပေးလိုက်တယ်..။ပြီးတာနဲ့ သူက အဲဒီအရိပ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး..အရိပ်တစ်ခု အဖြစ် ပုံးအောင်းနေလိုက်ပါတယ်..။အဲ့အချိန်မှာပဲ..ဝယ်သီနဲ့ ပီယာတို့က သူ့ကို ဖြတ်ကျော်ပြီး ပြေးထွက်သွားခဲ့ကြပါတယ်..။

‘မြန်လိုက်တာ..’

မီးအိမ်‌တွေကို ထွန်းညှိဖို့အတွက် ဘယ်သူမှ အသက်ရှင်လျက် ရှိမနေတော့တာကြောင့် ဘုရားကျောင်းရဲ့ နေရာအများစုမှာ အမှောင်ထုတွေသာ ဖုံးလွှမ်းနေခဲ့တယ်..။အလျင်အမြန်ဆိုသလိုပဲ..သူ မာစတာတွေ နောက်ကနေ လိုက်သွားခဲ့ပါတယ်..။ပြီးတဲ့နောက်မှာတော့..သူတို့နဲ့ တစ်ချိန်တည်းနီးပါးပဲ..ဗာလာကလန်ရဲ့ အင်အားစုတွေ စခန်းချထားတဲ့ နေရာရဲ့ တံခါးပေါက်ရှိရာကို ရောက်လာခဲ့တယ်..။

ဝယ်သီဟာ..တံခါးကို ရိုးရှင်းစွာပဲ ချိုးဖျက်လိုက်ပြီး..သစ်သား အပိုင်းအစတွေ ဖြစ်သွားစေခဲ့ပါတယ်..။

အထဲမှာ မြင်တွေ့လိုက်ရတာတော့…

သွေးချောင်းစီးနေတဲ့ သတ်ဖြတ်မူ တစ်ခုပါပဲ..

…

ဆုံးရှုံးသူတွေရဲ့ စခန်းနေရာက မမှတ်မိလော်ကအောင် တောင် ဖြစ်နေခဲ့တယ်..။အစတုန်းက အဲတာက သန့်ရှင်းပြီး အစီစဉ်တကျ ဖြစ်တဲ့ နေရာတစ်ခုပါ..။ဒီမှာက အနည်းငယ်စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမယ့် နေထိုင်လို့ ရတဲ့ နေရာတစ်ခုပါပဲ..။

အခုတော့..ဆန်နီ မြင်ရတာဆိုလို့..သွေးအိုင် တွေပါပဲ..။

ကြမ်းပြင်တစ်ခုလုံးလည်း သွေးတွေနဲ့စွန်းပေ နေခဲ့ပြီး..နံရံတွေကလည်း..သွေးတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။မျက်နှာကျတ်ကိုယ်တိုင် တောင်မှာ..အနီရောင် အဖြစ် ပြောင်းနေခဲ့ပါပြီ..။ခန်းမ တစ်ခုလုံးကလည်း..ကျယ်ပြန့်တဲ့ ကြက်သွေးရောင် သွေး ရည်တွေ၊ လဲကျနေတဲ့ ခန္တာကိုယ်တွေရဲ့ ခြေပြတ် လက်ပြတ်တွေ နဲ့ ပြည့်နှက်နေပြီး..တစ်ချို့ အစိတ်အပိုင်းတွေဆိုရင် အရမ်းကို ဆိုးဝါးလွန်းတာကြောင့် မူလအခြေအနေက လူသားတစ်ယောက်ဖြစ်တယ် ဆိုတာကိုတောင် မှတ်မိဖို့ မလိုအပ်တော့ပါဘူး..။

မြင်ကွင်းက အတော်လေးကို ရွံရှာဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ရာ အတိဖြစ်နေခဲ့တယ်..။

..ပြီးတော့ ..ဒီသားသတ်ရုံကြီးရဲ့ အလယ်မှာ ရှိနေတာက..အထီးကျန်နေတဲ့ ပုံရိပ်တစ်ခုဟာ..ခြေထောက်ချင်း ချိတ်ပြီး ထိုင်နေခဲ့ပါတယ်..။သူ့ရဲ့ နှုတ်ခမ်းတွေပေါ်မှာတော့ လွတ်လပ်တဲ့ အပြုံးတစ်ခုက ရှိနေခဲ့တယ်..။

လှပတဲ့ အမျိုးသမီးကင်းစောင့် က အတော်လေးကို ကွာခြားနေခဲ့တာပါ..။

သူမရဲ့ ရုပ်ရည်သွင်ပြင်က အတူတူပဲ ရှိနေသေးတယ် ဆိုပေမယ့်..သူမရဲ့ အပြုအမူတွေ ၊ သူမရဲ့ အကြည့်တွေ ၊ သူမရဲ့ တည်ရှိမူတွေ..အားလုံးက ပြောင်းလဲသွားခဲ့ပါပြီ..။ဒါက သက်သောင့်သက်သာ နဲ့ ရင်းနှီးပြီး..ယဉ်ကျေးသိမ်မွေ့လု နီးပါးပါပဲ..။သူမရဲ့ အသံကလည်း..ဆန်နီ နဲ့ မော်ဒရက်တို့ အောက်ဘက် ကောင်းကင်ရဲ့ ချောက်နက်ထဲမှာ ပြောကြားခဲ့တဲ့ အသံနဲ့ တစ်ထပ်တည်းကို တူညီနေခဲ့တာပါ..။

သူမရဲ့ ပျော်ရွှင်နေတဲ့ အမူအရာနဲ့..ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ သွေးသံတရဲရဲ မြင်ကွင်းတွေဟာ..အတော်လေးကို ကွာခြားမူရှိနေပြီး..ကြောက်မက်ဖွယ်ကောင်းလောက်အောင် စိတ်အနှောက်ယှက်ဖြစ်စရာ ဖြစ်နေခဲ့ပါတယ်..။

မာစတာ နှစ်ယောက် ခန်းမထဲမှာ ထွက်ပေါ်လာခဲ့တဲ့ အချိန်မှာတော့..ထိပ်တူညီမူ ရှစ်ကောင်က..အလင်းစက်တွေအဖြစ် ပေါ်ထွက်လာခဲ့ပြီး သူတို့ကို ဝန်းရံထားခဲ့တယ်..။မော်ဒရက် ရဲ့ အပြုံးကတော့ ပိုပြီးတောင် ကြီးမားလာခဲ့ပါတယ်..။

သူက ကြည်လင်တဲ့ အဖြူရောင် ကျောက်တုံးကနေ ပြုလုပ်ထားခဲ့တဲ့ ဓားတစ်ချောင်းကို လေထဲကို မြှောက်လိုက် ပြန်ဖမ်းလိုက် လုပ်နေခဲ့တယ်.။ပြီးတာနဲ့ ဓားက တစ်နည်းနည်းနဲ့ အရိပ်အယောင်တောင် မမြင်ရပဲ ပျောက်ကွယ်သွားခဲ့ပါတယ်..။

“အာ…ဆရာ ပီယာ..။လေဒီ ဝယ်သီ..။နောက်ဆုံးတော့ ရောက်လာကြပြီပေါ့..”

ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ အကြည့်က တံခါးနားက အရိပ်တွေထဲမှာ ပုန်းအောင်းနေတဲ့ ဆန်နီ ဆီကို တည့်တည့်မတ်မတ် ရောက်သွားခဲ့တယ်..။

“ပြီးတော့..မင်း..။ဆန်းလပ်စ်..နောက်ဆုံးတော့..မင်းကို မျက်နှာချင်းဆိုင် တွေ့ခွင့်ရတာ တကယ်ကို ဝမ်းသာ စရာပါပဲ..။ကောင်းပြီလေ..ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကတော့ ငါတို့ တွေ့ပြီးကြပြီထင်တာပဲ..။ဒါတောင်မှ တကယ်ပျော်စရာကောင်း တုန်းပဲ..။ငါက ဒီအချိန်ကို အချိန်အတော်..အတော် ကြာအောင် စောင့်နေခဲ့ရတာ..”

သူက ဝယ်သီနဲ့ ပီယာ တို့ဘက်ကို ပြန်လှည့်လိုက်တယ်.။သူ့ရဲ့ အပြုံးက ပုံမှန်အတိုင်း ရှိနေဆဲ ဖြစ်ပေမယ့်..သူ့ရဲ့ မျက်လုံးတွေကတော့..နက်ရှိုင်းတဲ့ အနက်ရောင်သမုဒ္ဒရာကြီးတစ်စင်း လို ဖြစ်နေပြီး..ကြောက်မက်ဖွယ် ထိပ်လန့်မူတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။

“..ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်ကို တွေ့ဖို့ ကျုပ်စောင့်နေရတာ လောက်တော့ မကြာခဲ့ဘူး..”

ပီယာ ရှေ့ကို ခြေတစ်လှမ်းတိုးပြီး ရေရွတ်လိုက်တယ်..။

“မင်း..ခွေးသား..”

မော်ဒရက်က ခေါင်းကို မော့ပြီး ရယ်မောလိုက်ပါတယ်..။

“ဘာလဲ..။ကျုပ်က ခင်ဗျားတို့ကို အလုပ်ပေးထားတာကို သဘောမကျဘူးလား..။ကျုပ်က ခင်ဗျား လေးစားလာဖို့ အတွက် အတော်လေးကို ကြိုးစား ထားရတာ..”

သူ ပြုံးလိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ထရပ်လာခဲ့တယ်..။သူ့ရဲ့ မျက်နှာပေါ်က အပြုံးကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ..။အဲဒီအစား..နက်မှောင်ပြီး အေးစက်တဲ့ အမူအရာတစ်ခု ပေါ်ထွက်လာခဲ့တယ်..။သတ်ဖြတ်လိုစိတ်တွေက သူ့ကို လွှမ်းခြုံထားခဲ့ပါတယ်..။

အမျိုးသမီး ကင်းစောင့်ဟာ လက်ကို ဆန့်တန်းလိုက်ပြီး လေထဲကနေပဲ..ဓားတစ်ချောင်းကို ထုတ်ဖော်လိုက်ပါတယ်..။

“ခင်ဗျားက ကျုပ်ရဲ့ ခန္တာကိုယ်ကို ဖျက်ဆီးတယ်..ကျုပ်ရဲ့ မွေးဖွားမူ အခွင့်အရေးတွေကို ခိုးယူတယ်..။ကျုပ်ရဲ့ ပုံရိပ်ယောင်တွေကို တောင် ဖျက်ဆီးကြတယ်..။အာ..ဒါပေမဲ့ ကိစ္စမရှိဘူး.။ကျုပ်မှာ ခင်ဗျားတို့ရဲ့ အပြစ်တွေကို ပြန်ပေးဆပ်ဖို့ အချိန်တွေ အများကြီး ရှိနေခဲ့တယ်လေ..။ကျုပ်ဆီက ခင်ဗျားတို့ ခိုးယူသွားတဲ့ အရာတွေ..အိုး…မိုင်…ကျုပ် ဗာလာကလန်နဲ့ ကိစ္စရှင်းပြီးတဲ့ အချိန််ကြရင်..ဒီစကားလုံးတွေကိုယ်တိုင်က အဓိပ္ပာယ်အသစ်တစ်ခုနဲ့ ဖွင့်ဆိုနိုင်လာလိမ့်မယ်..။နတ်ဘုရားတွေတောင်မှ..သူတို့ရဲ့ အုတ်ဂူတွေကနေ ပြန်ထကြည့်ရင်း တုန်လှုပ်သွားစေရမယ်..”

မော်ဒရက်ဟာ ပြုံးလိုက်တယ်။ပြီးတာနဲ့..ပီယာ နဲ့ ဝယ်သီ ဆီကနေ အကြည့်ကို မလွှဲပဲ..ထပ်ပြောလိုက်ပါတယ်..။

“မင်းရော ဘယ်လိုထင်လဲ ဆန်းလပ်စ်..။မင်းနဲ့ ငါက ရန်ငြိုးမရှိကြဘူး..။ကောင်းပြီလေ..မင်းကိုငါ နည်းနည်းလှည့်ဖျား ခဲ့တာကို စိတ်မဆိုးတော့ဘူး ဆိုရင်ပေါ့..။ငါ မင်းကို အပြစ်မတင်ပါဘူး..ဒါပေမဲ့ ဒီနှစ်ယောက် ကတော့ မင်းကို ဘယ်တော့မှ အသက်ရှင်လျက် ထွက်သွားခိုင်းမှာ မဟုတ်ဘူး..။ငါတို့ သူတို့ကို အရင် ပူးပေါင်း တိုက်ခိုက်ပြီး..အတူတူ ထွက်သွားကြမလား..။အိုး..ဒါပေါ့..ငါ လိမ်ပြောနေတာလဲ ဖြစ်နိုင်တယ်လေ..။ငါက မင်းကို ထပ်အသုံးချပြီး..မင်းရဲ့ မျက်မမြင်လေးကို သတ်..မင်းရဲ့ ခန္တာကိုယ်ကို ယူလိုက်တာလည်း ဖြစ်နိုင်တာပဲ..။ဘယ်သူ သိနိင်မှာလဲ..”

ဆန်နီ ခနလောက်တွေဝေနေခဲ့ပြီးကာမှ အရိပ်ထဲကနေ ထွက်လိုက်တယ်..။ချက်ချင်းဆိုသလိုပဲ သူက မော်ဒရက်နဲ့ မာစတာတွေရဲ့ ကြားထဲမှာ ပေါ်ထွက်လာခဲ့ပါတယ်..။

ဝယ်သီက..သူ့ကို စိုးရိမ်စိတ် တစ်ချို့နဲ့ ကြည့်လိုက်တယ်..။ပီယာက မျက်နှာရှုံ့မဲ့သွားခဲ့ပြီး..အံကိုကြိတ်ကာ ပြောလိုက်ပါတယ်…

“တုံးအတဲ့ အလုပ်မျိုးတွေကို မလုပ်နဲ့ ကောင်လေး..။ဒီအရာက လူသားတစ်ယောက်တောင် မဟုတ်ဘူး..။ဘယ်အရာက သူ့ကို ဒီလို ဖြစ်စေခဲ့တာလဲ ဆိုတာ မသိပေမယ့်..သူက အချိန်အတော်ကြာကတည်းက လူသားတစ်ယောက် မဟုတ်တော့တာပဲ..။သူက မင်းရဲ့ ဝိဉာဉ်ကို ဖျက်ဆီးပြီး မင်းရဲ့ ခန္တာကိုယ်ကို အက်ျီတစ်ထည်လို ဝတ်သွားလိမ့်မယ်..။ပြီးရင်တော့ ဒါက ဘာမှ အသုံးမဝင်တော့ဘူး..။အရှင်ကော်မတ် ပြန်လာတဲ့ အချိန်ကြရင်..မင်းရဲ့ ကျန်ရစ်ခဲ့တဲ့ အရာတွေတောင် ပျောက်ကွယ်သွားလိမ့်မယ်..။အခုက အရမ်းနောက်မကျသေးဘူး..။ငါတို့နဲ့အတူပူးပေါင်းလိုက်..ငါတို့ အတူသာ ဆိုရင်..ဒီ နတ်ဆိုးကို ရပ်တန့်နိုင်လိမ့်မယ်..”

ဆန်နီ သူတို့ကို ခနလောက် ကြည့်လိုက်ပြီး မော်ဒရက်ကို ကြည့်လိုက်တယ်..။

နောက်ဆုံးမှာတော့..သူ သက်ပြင်းချပြီး..ရှေ့ကို လှမ်းသွားလိုက်ပါတယ်..။ပြီးတာနဲ့ သူက အမျိုးသမီး ကင်းစောင့်ရဲ့ ဘေးနားမှာ ရပ်လိုက်တယ်..။သူတော်စင်နဲ့ ဝိဥာဉ်မြွေကတော့..သူ့ရဲ့ ဘယ်ဘက်နဲ့ ညာဘက် အရိပ်တွေ ထဲကနေ ပေါ်ထွက်လာခဲ့ပါတယ်..။

ဆန်နီ ၊ မော်ဒရက် နဲ့ နောက်ထပ် အရိပ်နှစ်ခုဟာ အတူတကွ ဆိုသလိုပဲ..ဗာလာကလန်ရဲ့စစ်သည်တော် နှစ်ယောက်နဲ့ လူသား ထပ်တူညီမူ နှစ်ယောက်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ထားခဲ့ကြပါပြီ..။

ဆန်နီ ပြုံးလိုက်ပြီး..

“ခင်ဗျား သိရဲ့လား ..တကယ်တော့..ကျုပ်ကိုယ်တိုင်ကလည်း..နတ်ဆိုးတစ်ကောင်ပဲ..”

အပိုင်း ( ၅၈၄ ) ပြီး၏။

All Chapters