တိုက်ခိုက်မူ
Vol. 39 Ch. 585
ရက်စက်သော မြင်ကွင်းဟာ..အမှောင်ထုတွေ ကြားထဲမှာပဲ..ပေါ်ထွက်လာတဲ့ အချိန်မှာတော့..ထာဝရချိန်းရဲ့ ခေါင်းစွပ်ကလည်း တစ်ပြိုင်နက်တည်း လိုလို ပေါ်ထွက်လာခဲ့ပါတယ်..။ဆန်နီဟာ..သူ့တို့ရဲ့ အနိုင်ရနိုင်ခြေနဲ့ ပတ်သက်ပြီး တွက်ချက်ကြည့်လိုက်တယ်..။
ရလာဒ်ကတော့ သိပ်ပြီး မကောင်းလှပါဘူး..။မော်ဒရက်က ဘယ်လောက်အထိ သန်မာသလဲ ဆိုတာကို သူ မတိအကျ မသိပေ..။သိုပေမယ့် သူက ရန်သူတွေထက် သိသိသာသာ ပိုပြီး သန်မာနိုင်တယ် ဆိုတဲ့ အချက်ကတော့ မရှိသလောက်ကို နည်းပါးပါတယ်..။မဟုတ်ရင် စွန့်ပစ်ခံရတဲ့ မင်းသားက..သူ့ရဲ့ တွက်ချက်မူတွေအပေါ်မှာ အရမ်းကြီး မှီခိုနေခဲ့မှာ မဟုတ်ပါဘူး..။
သူတို့တွေရဲ့ နေရာ ယူပုံနဲ့..လူတိုင်းရဲ့ အကြည့်တွေအရတော့..ဝယ်သီက..မော်ဒရက် ကို ပစ်မှတ်ထားနေသလို..မော်ဒရက်ကလည်း ဝယ်သီကိုပဲ ပစ်မှတ်ထားနေခဲ့တာပါ..။ဆိုလိုတာကတော့..သူက ပီယာ ကို ရင်ဆိုင်ရပါတော့မယ်..။သူတော်စင်နဲ့ ဝိဉာဉ်မြွေတို့ကတော့..ထိပ်တူညီမူ ရှစ်ကောင်ကို ထိန်းထားရမှာ သူတို့ရဲ့ တာဝန်ပါပဲ..။
သူတော်စင် အတွက်ကိုတော့ သူ သိပ်ပြီး မစိုးရိမ်မိပေ..။တက်ရောက်မူ အဆင့်တစ်ယောက် အနေနဲ့ သူမရဿဲ့ ခုခံမူ နဲ့ ခံနိုင်ရည် ရှိမူကထိပ်တန်း အဆင့်မှာ ရှိပါတယ်.။သိုပေမယ့် ဝိဉာဉ်မြွေကတော့ အနည်းငယ် ဂရုစိုက်ရတော့မှာပါ..။
သို့ပေမယ့် ဆန်နီကတော့ ကိုယ်ကိုကို စိတ်အပူဆုံး ပါပဲ..။သူက ပီယာကို လုံးဝ အထင်သေးနေမှာ မဟုတ်ပေ..။ဒီလူက မာစတာ တစ်ယောက်ဖြစ်ယုံတင်မဟုတ်ပဲ..တကယ်ကို ထူးချွန်တဲ့ စစ်သည်တော်တစ်ယောက်ဖြစ်ပြီး..ဗာလာကလန်ရဲ့သူရဲကောင်း တစ်ဦးပါ..။သူက သေလောက်အောင် ကြောက်ဖို့ကောင်းမှာ အသေအချာပါပဲ..။
သူ့ရဲ့ ဂဏ္ဍစွမ်းရည်ကလည်း ပီယာကို ဘယ်လိုတိုက်ခိုက်မူမျိုးမဆို ခံနိုင်ရည်ရှိအောင် လုပ်ပေးထားခဲ့ပါတယ်…။
ဆန်နီဟာ စိတ်ထဲကနေတဆင့် အရိပ်နှစ်ခုကို သူ့ရဲ့ ခန္တာကိုယ်မှာ ရစ်ပတ်ထားဖို့ အမိန့်ပေးလိုက်တယ်..။ပြီးတာနဲ့ မလိုလားစွာပဲ..သူတော်စင်ဆီကို အရိပ်တစ်ခု ပို့ပေးလိုက်ပါတယ်..။တက်ရောက်မူ အဆင့်ပဲဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် ထပ်တူညီမူ ရှစ်ကောင်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရတာက သူမရဲ့ အကန့်အသတ်ကို စမ်းသပ်သလို ဖြစ်နေပါလိမ့်မယ်..။
သူ့မှာ ပြင်ဆင်ဖို့ အချိန်ဒီလောက်သာ ရရှိခဲ့ပါတယ်..။
ရက်စက်သော မြင်ကွင်းက..အလင်းစက်တွေကနေ အပြည့်အဝ ဖြစ်တည်မလာသေးခင်မှာပဲ..မှောင်မိုက်ပြီး သွေးတွေနဲ့ စွန်းပေနေတဲ့ ဘုရားကျောင်းရဲ့ ခန်းမကြီးဟာ..ကြမ်းတမ်းမူတွေနဲ့ ပေါက်ကွဲထွက်သွားပါတော့တယ်..။
ဝယ်သီရဲ့ မျက်လုံးတွေဟာ..ရုတ်တရက် ဆိုသလိုပဲ..ဆွဲငင်တဲ့ အလင်းရောင်တွေနဲ့ တောက်ပလာတဲ့ အချိန်မှာတော့..မော်ဒရက်ဟာ တုန်လှုပ်သွားပြီး.ရှေ့ကိုပြေးတက်သွားခဲ့ပါတယ်..။နာကျင်တဲ့ ညဉ်းညူမူက သူ့ပါးစပ်ကနေ ထွက်ပေါ်လာခဲ့ပြီး..သူ့ရဲ့ လှုပ်ရှားမူတွေကလည်း နှေးကွေးသွားခဲ့တယ်..။ခနအကြာမှာတော့..အမျိုးသမီး ကင်းစောင့်ရဲ့ ခန္တာကိုယ်က..တောက်ပပြီး ပျောက်ကွယ်သွားခဲ့ပါပြီ..။
အရမ်းကို လျင်မြန်လွန်းလှတဲ့ အရှိန်နဲ့ပဲ..ဝယ်သီက ရှေ့ကို တက်ပြီး ခန္တာကိုယိကို တစ်ပတ်လှည့်လိုက်တယ်..။သူမရဲ့ ဓားကတော့ လေထဲမှာ ရစ်ပတ်နေခဲ့ပါတယ်..။အနက်ရောင် ကျောက်တုံးတွေရဲ့ ကြားထဲမှာ သံမဏိချင်းထိတဲ့ အသံတွေက ဆက်တိုက်ဆိုသလို မြည်လာခဲ့ပါတယ်..။သွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကြမ်းပြင်ပေါ်မှာလည်း..အက်ကြောင်းနှစ်ခု ပေါ်ထွက်လာခဲ့တယ်.။။ဒါက တစ်စုံတစ်ယောက်အနေနဲ့ သက်ရောက်လာတဲ့ အားတစ်ခုကြောင့် နောက်ကို ပြန်ဆုတ်နေရတဲ့ အတိုင်းပါပဲ..။
တစ်ချိန်တည်းမှာပဲ..ထပ်တူညီမူ ရှစ်ကောင်က တိုက်ခိုက်လာခဲ့တယ်..။ဒီသတ္တဝါတွေဟာ ဝိဉာဉ်မရှိတဲ့ စက်တွေလိုပဲ..ကြောက်မက်ဖွယ်ကောင်းလောက်တဲ့ တိကျမူတွေနဲ့အတူ ရွေ့လျားလာခဲ့ကြတယ်..။သူတို့အားလုံး ပူးပေါင်းပြီး တိုက်ခိုက်လိုက်တဲ့ အားက..သူတို့ကို ခြိမ်းခြောက်မူတစ်ခု ဖြစ်စေဖို့အတွက် လုံလောက်တာထက်တောင် ပိုနေခဲ့ပါပြီ..။သူတို့ရဲ့ ဉာဏ်ရည်တွေက လူသားတစ်ယောက်နဲ့ နှိုင်းယှဉ်လို့ မရနိုင်ဘူး ဆိုပေမယ့်လည်း..ဒီစစ်သည်တွေက လူသားတစ်ယောက်နဲ့ တူညီလုနီးပါး တိုက်ခိုက်နိုင်ဖို့အတွက် ..မူလ လူသားတွေရဲ့ ကျွမ်းကျင်မူတွေကို လုံလောက်အောင် ထိန်းသိမ်းထားခဲ့ကြပါတယ်..။
သူတို့တစ်ယောက်ချင်းစီတိုင်းကလည်း ဂဏ္ဍစွမ်းရည်တွေကို ပိုင်ဆိုင်ထားကြသေးတယ်..။
သူတော်စင်ကတော့ အမှောင်ထုကနေ မွေးဖွားလာခဲ့တဲ့ နတ်ဆိုးတစ်ကောင်လိုပဲ..သူတို့ရဲ့ တိုက်ခိုက်မူတွေကို ရင််ဆိုင်လိုက်တယ်..။သူမရဲ့ စွန်ပုံစံ ဒိုင်းကာ က တိုက်ခိုက်မူတွေ အများကြီးကို ခံယူထားတဲ့ အချိန်မှာ သန်းခေါင်းယံ အမြုတေကတော့..ရှေ့ကိုတိုးဝင်သွားခဲ့ပါတယ်..။ဝိဉာဉ်မြွေဟာ အရိပ်တွေထဲကနေ ထွက်ပေါ်လာခဲ့ပြီး..သူတို့နောက်ကို ရောက်သွားခဲ့ကာ..အဝေးကနေ တိုက်ခိုက်နိုင်တဲ့ ထပ်တူညီမူ နှစ်ကောင်ဆီကို တိုးဝင်သွားခဲတ့ယ်..။
ပြီးတော့ နောက်ဆုံးတစ်ယောက်က ဆန်နီပါ..။
ပီယာက ..ပြင်းထန်တဲ့ အင်အားနဲ့ တိုက်ခိုက်တော့မယ့်အလား..သူ့အပေါ်ကနေ ဆင်းသက်လာခဲ့တယ်..။သူ့ရဲ့ ရှည်လျားတဲ့ ဓားကြီးက ကျဆင်းလာခဲ့တဲ့ အချိန်မှာ ခန်းမကြီးတစ်ခုလုံးတောင် တုန်ရီသွားခဲ့ပါတယ်..။အရိပ်နှစ်ခုနဲ့ အားဖြည့်ထားခဲ့တာတောင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ ဆန်နီက မာစတာ နဲ့ ယှဉ်ပြိုင်နိုင်ချင်း မရှိသေးပါဘူး..။သို့ပေမယ့် သူက လွှမ်းမိုးမူအောက်ကို ချက်ချင်း ရောက်သွားလောက်တဲ့ အထိတော့ ကွာဟချက်က မကြီးမားသေးပေ..။
သူက ဘေးဘက်ကို ရှောင်တိမ်းလိုက်ပြီး..ရန်သူရဲ့ ဓားအစွန်းကို ထာဝရချိန်း ရဲ့ ချပ်ဝတ်အကာအကွယ်နဲ့ ခံယူထားလိုက်ပါတယ်..။သူက သက်ရောက်လာတဲ့ အင်အားတွေကို ခံယူရမယ့် အစား..ပြန်လည် တန်ပြန်စေမယ့်..အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးထားလိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ နောက်ထပ် လက်တစ်ဖက်က ..ရှေ့ကို တိုးဝင်သွားခဲ့ပါတယ်..။လအမြုတေရဲ့ တစ္ဆေဓားက ဘယ်ကမှန်းမသိ ပေါ်ထွက်လာခဲ့ပြီး..ပီယာရဲ့ လည်ပင်းဆီကို ဦးတည်သွားခဲ့ပါပြီ..။
မာစတာက ရိုးရှင်းစွာပဲ..သူ့ရဲ့ ဦးခေါင်းကိုငုံ့လိုက်တယ်..။ဓားရဲ့ အစွန်းကို သူ့ရဲ့ ဦးခေါင်းအကာအကွယ်နဲ့ ထိမှန်ကာ ချော်ထွက်သွားစေပြီး..သူ့ဓားရဲ့ လက်ကိုင်ကို ရှေ့ကို တွန်းပို့လိုက်ကာ..ဆန်နီရဲ့ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးနှက်ဖို့လုပ်လိုက်တယ်..။
ဆန်နီ နောက်ကို ခုန်ဆုတ်လိုက်ပေမယ့်..သူ့ရဲ့ တိုက်ခိုက်မူ ကျရှုံးသွားခဲ့တဲ့ အပေါ်မှာ စိတ်မပျက်ခဲ့ပါဘူး.။ဘာပဲဖြစ်ဖြစ် ဒီကနေတဆင့်ထိခိုက်မူ တစ်စုံတစ်ရာ ပြုလုပ်နိုင်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ..။အဲတာက ရက်စက်သော မြင်ကွင်းကို ရုပ်ပိုင်းဆိုင်ရာ အသွင်အဖြစ် ပေါ်ပေါက်လာဖို့ အတွက်ပဲ အချိန်ယူထားလိုက်တာပါ.။
ပြီးတော့ အခုချိန်မှာ ဒီဓားက သူ့လက်ထဲကို ရောက်လာခဲ့ပါပြီ..။
ဆန်နီဟာ လှံရှည်နဲ့ ရှည့်ကာ ထိုးနှက်လိုက်ပြီး..ရန်သူကို ရှောင်တိမ်းသွားစေဖို့ ဖိအားပေးလိုက်ကာ..အသက်ရူခွင့် ခနလောက် ရအောင် လုပ်လိုက်တယ်..။
‘သန်မာတယ်…ဒီခွေးသားက သန်မာလွန်းတယ်..’
အရိပ်ကခုန်မူရဲ့မြင်ကွင်းကနေတဆင့်..တက်ရောက်သူ အသုံးပြုတဲ့ တိုက်ပွဲနည်းစနစ်ကို မြင်နိုင်ပြီး နားလည်နိုင်စွမ်းရှိနေခဲ့ပါတယ်..။ပီယာရဲ့ ပေါက်ကွဲထွက်လာတဲ့ ခွန်အားတွေနဲ့ တိုက်ခိုက်မူတွေက တစ်ဖက်လူအတွက် လွတ်မြောက်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ..။ကိုယ်ခံပညာအပေါ် သူ့ရဲ့ နားလည်နိုင်စွမ်းက အတော်လေးကို နက်ရှိုင်းပြီး..နှစ်ပေါင်းများစွာ လေ့ကျင့်မူတွေ ၊ တိုက်ပွဲတွေ နဲ့ ကိုယ်ရည်သွေးထားခဲ့တာပါ..။
ဒီလို ကျွမ်းကျင်မူတွေနဲ့ စစ်သည်တော် တစ်ယောက်က လွယ်ကူတဲ့ ထောင်ခြောက်ထဲကိုတော့ ကျရောက်သွားမှာ မဟုတ်ပါဘူး..။
သူ့ရဲ့ အဆီအနှစ်တွေကို ထိန်းချုပ်မူ အဆင့်ကလည်း နောက်ထပ် အဆင့်တစ်ခုမှာ ရှိနေခဲ့တယ်..။ဆန်နီရဲ့ အမြင်အရတော့..ဒီမာစတာက.. ကြောက်မက်ဖွယ် ထိန်းချုပ်မူတွေနဲ့ သက်ရောက်မူရှိစွာ အသုံးပြုနေခဲ့တာပါပဲ။အထူးသဖြင့် ဝိဉာဉ်မြွေသာ မရှိရင် သူကိုယ်တိုင်တောင် ဒီအဆင့်ကို ရောက်ဖို့အတွက် အိပ်မက်မက်နိုင်မှာ မဟုတ်ပါဘူး..။
ဒါက သူတို့ကြားထဲက အရေးပါတဲ့ ကွာဟချက်တစ်ခုဖြစ်ပြီး..သူ့ရဲ့ အဓိက အားနည်းချက်လို့လည်း ပြောလို့ရပါတယ်..။
သူ့မှာ အမှန်တကယ်ရှိနေတဲ့ အားသာချက်ဆိုလို့.ထာဝရချိန်းတစ်ခုတည်းပါပဲ..။အထွတ်အထိပ်အဆင့် အကာအကွယ်က..ပီယာ ဆီကနေ ထွက်ပေါ်လာတဲ့ တိုက်ခိုက်မူတွေကို ခံနိုင်ရည်ရှိနေခဲ့တယ်..။ပြီးတော့..သူ့ရဲ့ မြင့်မားတဲ့ နတ်ဘုရားစွမ်းရည်ကလည်း ဒီအရာကို ပိုသန်မာအောင် ဖန်တီးပေးထားခဲ့ပါတယ်..။သူက သေစေနိုင်လောက်တဲ့ တိုက်ခိုက်မူတွေကို တိုက်ရိုက်မခံယူမိစေအောင် သတိထားနေဖို့ ပဲ လိုအပ်တာပါ..။
အနက်ရောင် သံမဏီရဲ့ အောက်ဘက်က သူ့ရဲ့ ခန္တာကိုယ်ကတော့ ဒီတိုက်ခိုက်မူတွေကို လုံးဝ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ..။
သူ ရော ၊ ပီယာရောက တိုက်ခိုက်မူတွေကို တိုက်ရိုက် ခုခံနိုင်လောက်တဲ့ စွမ်းရည်မျိုးတွေကို မပိုင်ဆိုင်ထားကြပါဘူး..။ဒီတော့ ဒီတိုက်ပွဲကို ကျွမ်းကျင်မူ ၊ တွက်ချက်မူနဲ့ မှန်ကန်တဲ့ အချိန်မှာ ထုတ်သုံးနိုင်မယ့် ဝှက်ဖဲတွေကပဲ အဆုံးအဖြစ်ပေးသွားပါလိမ့်မယ်..။
ပြသနာက ဆန်နီ ဆီမှာ ဘာဝှက်ဖဲမှ ကျန်မနေတော့တာပါပဲ..။အနည်းဆုံးတော့ သူ့ရဲ့ ဝှက်ဖဲတွေက မာစတာ ရဲ့ အပေါ်မှာ သက်ရောက်ခြင်း မရှိခဲ့ပေ..။သူက အရာအားလုံးကို သုံးပြီးသွားပါပြီ..။
ပီယာ နဲ့ သူသေ ကိုယ်သေ မတိုက်ခိုက်သေးခင် အချိန်အပိုင်းအခြားလေးမှာပဲ..ဆန်နီက တစ်ခြားလူတွေ အခြေအနေဘယ်လို ရှိကြလဲ ဆိုတာကို အလျင်အမြန်စစ်ဆေးကြည့်လိုက်တယ်..။သူ ဘေးဘက်ကို အမြန်ကြည့်လိုက်တဲ့ အချိန်မှာတော့..ဝီဉာဉ်မြွေက ထပ်တူညီမူနှစ်ခုနဲ့ တိုက်ခိုက်နေခဲ့ပြီး..သူတို့ကို ရစ်ပတ်ဖို့ ကြိုးစားရင်း တိုက်ခိုက်မူတွေကို ရှောင်တိမ်းနေခဲ့ပါတယ်..။
သူတော်စင်ကတော့ ခုခံတဲ့ ပုံစံနဲ့ ဖိအားပေးခံထားရပြီး..စိတ်ရှည်သော လက်စားချေသူ ၊ သန်းခေါင်းယံအမြုတေ တွေနဲ့ တိုက်ခိုက်မူ မှန်သမျှကို ဖယ်ရှားပစ်နေခဲ့တယ်..။
မော်ဒရက်နဲ့ ဝယ်သီတို့ကတော့..လတ်တလော မှာ..မျှခြေအခြေအနေ နဲ့ ရှိနေကြတဲ့ ပုံပါပဲ..။သူတို့က မတိုးသာ မဆုတ်သာ အခြေအနေနဲ့ ကြုံတွေ့နေခဲ့ရတယ်..။ဒါမှမဟုတ် အနည်းဆုံးတော့ သူတို့ပုံစံက အဲလို ဖြစ်နေခဲ့ပါတယ်..။ဒုတိယမြောက် မာစတာက အလျင်အမြန် ရွေ့လျားနေခဲ့ပြီး..သူတို့ရဲ့ တိုက်ပွဲက အခြေအနေမှန်ကို ပြောပြဖို့အတွက် အတော်လေးကို ထူးဆန်းနေခဲ့တာပါ..။
ဆန်နီ အံကို ကြိတ်ထားလိုက်တယ်..။
‘ချီးပဲ..’
သူက တစ်ခြားနေရာကို ထပ်ပြီး အာရုံစိုက်လို့မရတော့ပါဘူး..။တကယ်လို့ သူ ပီယာကို အနိုင်ယူချင်တယ် ဆိုရင်..အာရုံစူးစိုက်မူ အားလုံးကို သူ့အပေါ်မှာပဲထားထား ရပါလိမ့်မယ်..။
ပြီးတော့..ဒီခွေးသားလည်း တစ်ခြားဘယ်သူ့အပေါ်ကို မှ အာရုံစိုက်လို့ မရနိုင်တာ သေချာအောင် လုပ်ထားရမှာပါ..။
အပိုင်း ( ၅၈၅ ) ပြီး၏။