← Chapters

လိမ်လည်မူ ကွန်ရက်များ..

Vol. 39 Ch. 583

လိမ်လည်မူ ကွန်ရက်များ..

Vol. 39 Ch. 583

မော်ဒရက် ဘာလုပ်နေတာလဲ၊ ဘာကြောင့်လဲ ဆိုတာကို နားလည်ဖို့အတွက် ဆန်နီ အချိန်အတော်ကြာအောင် ယူခဲ့ရတယ်..။သို့ပေမယ့် အဆုံးမှာတော့ သူက အောင်မြင်သွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မင်းသားက ဘာလုပ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်..။ဒါမှမဟုတ် လည်း အနည်းဆုံးတော့..ဒီအန္တရာယ်များတဲ့ အခြေအနေထဲမှာ သူ့ရဲ့ အသက်ကို လောင်းကြေးထပ်ရဲလောက်တဲ့အထိ ခန့်မှန်းနိုင်ခဲ့ပါတယ်..။

တစ်ခြားလူတွေလိုပဲ..ဆန်နီ လည်း အစတုန်းက အရူးလုပ်ခံနေခဲ့ရတာပါ..။သူရဲ့ ပထမဆုံးနားလည်း သဘောပေါက်မူက အစောင့်နှစ်ယောက် ရက်ရက်စက်စက် အသတ်ခံရတာနဲ့ ပတ်သက်နေခဲ့တယ်..။အဲဒီနောက်မှာတော့..မော်ဒရက်က လူတိုင်းထင်ထားးသလို အရူးတစ်ယောက် မဟုတ်ဘူး ဆိုတာကို သူ နားလည်သဘောပေါက်ခဲ့ပါတယ်..။

မော်ဒရက်ရဲ့ ရက်စက်ကြမ်းကြုပ်မူတွေက...ဝမ်းနည်းမူ ၊ စိတ်ရှုပ်ထွေးမူ ကို မထိန်းချုပ်နိုင်လို့ ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပါဘူး..။အဲဒီအစား..အဲတာက ရန်သူတွေကို အဆုံးသတ်ဖို့အတွက် မင်းသားက ဖန်တီးထားခဲ့တဲ့ ..သွေးအေးအေးနဲ့ တွက်ချက်ထားခဲ့တဲ့..နည်းဗျူဟာတွေပါ..။သူ့ရဲ့ ရက်စက်တဲ့ တိုက်ခိုက်မူတွေက ရန်သူတွေရဲ့ စိတ်ဓာတ် နဲ့ သူတို့ရဲ့ ဝိဉာဉ်ကို တစ်စစီ ပျက်စီးစေဖို့အတွက် ရည်ရွယ်ထားခဲ့ပါတယ်..။သူက အကြောက်တရားကို လက်နက်တစ်ခုအဖြစ် အသုံးပြုပြီး..ကောင်းကောင်း အသုံးချသွားခဲ့တယ်..။

ဘာပဲဖြစ်ဖြစ် လူတွေ ဆိုတာက ဘာမှန်းမသိတဲ့ အရာကို အကြောက်ကြဆုံးပါပဲ..။ပြီးတော့..စိတ္တစလူသတ်သမား ရဲ့ စိတ်ထက်ပိုပြီး မသိနိုင်တဲ့ အရာဆိုတာက ထပ်ပြီး မရှိနိုင်တော့ပေ..။

ဒီလို ဖြစ်နိုင်ချေတွေကို နားလည်သွားတဲ့ အချိန်မှာတော့..ဆန်နီရဲ့..နောက်ထပ်ခြေလှမ်းတစ်ခုဟာ ရိုးရှင်းပြီး ကိုင်တွယ်ရခက်ခဲလာခဲ့တယ်..။သူက ကိုယ့်ကိုကို ပြန်သုံးသပ်ဖို့လိုအပ်ပြီး..သူကိုယ်တိုင် ဒီနည်းဗျူဟာရဲ့ သားကောင်ဖြစ်နေခဲ့တယ် ဆိုတာကို ဝန်ခံဖို့ လိုအပ်ခဲ့ပါတယ်..။

မော်ဒရက်က သူ့ရဲ့ စိတ်ထဲကို လုံးဝကို ဝင်ရောက်နိုင်ခဲ့တာပါ..။ဆန်နီက လှည့်ဖျားမူတွေကို တစ်ခြားလူတွေထက် ခံနိုင်ရည်ရှိတယ် ဆိုပေမယ့်လည်း..ဒီ ဘာမှမရှိတဲ့ မင်းသားရဲ့ ထွက်ချက်မူတွေကို ချက်ချင်း မြင်နိုင်ဖို့အတွက်တော့..ပျော့ညံ့နေပါသေးတယ်..။သူတို့နှစ်ယောက်ရဲ့ ကြားထဲက အမုန်းတရားက ပုဂ္ဂိုလ်ရေး ဆန်မူတွေ ပါဝင်နေတဲ့ အပြင်..အားကောင်းတဲ့ စိတ်ခံစားချက်တွေလည်း ပါဝင်နေခဲ့ပါပြီ..။အရှက်ခွဲခံရမူ ၊ နောင်တရမူ ၊ သစ္စာဖောက်ခံရမူတွေ..။ဒီလို ခံစာချက်တျွေဆိုတာက ကြည်လင်ပြတ်သားမူ ရဲ့ ရန်သူတွေပါပဲ..။

ဆန်နီက သူ့ရဲ့ စိတ်ထဲကို ဒီခံစားချက်တွေ ဝင်ရောက်လာခွင့်ပြုခဲ့ပြီး အဲဒီကနေတဆင့် အကြောက်တရားကို ခံစားနေခဲ့ရတာပါ..။

ဒီတော့..သူက အခြေအနေအမှန်ကို မြင်နိုင်ဖို့အတွက် ဒီခံစားချက်တွေကို ဖယ်ရှားပစ်ဖို့ လိုအပ်ခဲ့ပါတယ်..။ဒီခံစားချက်တွေထဲက တစ်ချို့ကို အတားအဆီးကြီးတစ်ခုဖြစ်နေပြီး..တစ်ချို့ကတော့..အမှန်တရားကို ဖုံးကွယ်ဖို့အတွက် မော်ဒရက် ကိုယ်တိုင် လှည့်စားထားခဲ့တာပါ..။

သူ ဒီလိုလုပ်နိုင်ခဲ့တာနဲ့…သူ့ရဲ့ မျက်လုံးရှေ့မှာ ရှိနေတဲ့ အတားအဆီးက ကွယ်ပျောက်ဿွားခဲ့သလိုပါပဲ..။အဲဒါမရှိတဲ့ အချိန်မှာတော့..အရာရာတိုင်းက ပိုမိုပြီး ရှင်းလင်းလာခဲ့ပါတယ်..။

ပထမဆုံးတစ်ချက်က..မော်ဒရက် ဆိုတာက တစ်ခြားလူတွေ သူ့ကို ထင်စေချင်နေသလိုမျိုး အရမ်းကြီး ကြောက်စရာ ကောင်းမနေခဲ့ပေ..။သေချာတာကတော့..သူက အဆင့်တူတဲ့ နိုးထသူတွေကြားထဲမှာတော့ အံ့ဩစရာကောင်းလောက်အောင်..အားကောင်းပြီး. သေစေနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပါ..။ဒီတော့..ဆန်နီ အနေနဲ့ ဒီမင်းသားမှာ နတ်ဘုရားအဆင့် ဂဏ္ဍစွမ်းရည်တစ်ခု ရှိနေတယ်လို့ သံသယဖြစ်မိပါတယ်..။

တကယ်လို့ သူနဲ့ နစ်ဖီတို့မှာတောင် ရှိနေနိုင်တယ်ဆိုရင်..ဘာလို့ မော်ဒရက် မှာ‌ေရာ မရှိနိုင်ရမှာလဲ…။

မော်ဒရက်မှာ အမြုတေတွေ ဘယ်လောက်တောင် ပိုင်ဆိုင်ထားလဲဆိုတာကိုတော့ သူမသိပါဘူး..။သို့ပေမယ့် သူ့ရဲ့စွမ်းရည်ကတော့ သူတို့ရဲ့ စွမ်းရည်နဲ့ အတော်လေးကို ဆငိတူပါတယ်..။ဗာလာကလန်ရဲ့ မင်းသား ဟောင်းတစ်ယောက်အနေနဲ့ သူ့မှာ ဝိဉာဉ်အမြုတေတွေ အတော်ရှိခဲ့ပြီး ဒီအရာတွေကို စုပ်ယူဖို့အတွက် အချိန်ပိုပြီး ရှိမှာ အသေအချာပါပဲ..။ဒီအချက်ကလည်း..သူ့ရဲ့ စွမ်းအားတွေက ဘာလို့မြင့်မားနေတာလဲ ဆိုတာကို ပေါ်လွင်နေစေပါတယ်..။

ဘာပဲဖြစ်ဖြစ် ဒါက ကိစ္စမရှိပေ..။မော်ဒရက်က ဘယ်လောက်ပဲ အားကောင်းနေပါစေ..သိသာစွပဲ သူက သူ့ကို အကျဉ်းချထားတဲ့ လူတွေကို အကုန်ရှင်းပစ်နိုင်စွမ်းမရှိပါဘူး..။မဟုတ်ရင် သူတို့အကုန်လုံး အစောကတည်းက သေဆုံးနေကြပြီးလောက်ပါပြီ..။အမှန်တော့..ဘာမှမရှိတဲ့ မင်းသား အနေနဲ့ လည်း သူ့လိုအခြေအနေမျိုးနဲ့ အတိအကျ ရင်ဆိုင်နေရတယ်လို့ ဆန်နီ သံသယရှိနေခဲ့တယ်..။

ဆန်နီက မာစတာ နှစ်ယောက်ထဲက တစ်ယောက်ကို ရင်ဆိုင်စွမ်းရှိပြီး..ကတ်စီရဲ့ အကူအညီ ၊ ကံတရားရဲ့ အကူအညီနဲ့ ဆိုရင် နှစ်ယောက်စလုံးကိုတောင် ရင်ဆိုင်နိုင်စွမ်းရှိကောင်း ရှိနိုင်ပါလိမ့်မယ်..။ရှင်ကျန်နေတဲ့ ဆုံးရှုံးသူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်လည်း သူ့မှာ အခွင့်အရေး ကောင်းကောင်းရှိပါတယ်..။

သို့ပေမယ့်..သူက အကုန်လုံးကို တစ်ကြိမ်တည်းမှာ မတိုက်ခိုက်နိုင်သလို..မော်ဒရက် အနေနဲ့လည်း မတိုက်ခိုက်နိုင်ပေ..။

အစောင့်တွေက ခါတိုင်းလို ရက်စက်ပြီး ကြောက်မက်ဖွယ်နည်းလမ်းနဲ့ သတ်ဖြတ်ချင်းမခံရတော့တာက တိုက်ဆိုင်မူ တစ်ခုတော့ မဟုတ်ပါဘူး..။ကင်းစောင့်တွေ ဆိုရင်လည်း သူတို့ရဲ့ လည်ချောင်းကို လှီးဖြတ်ခံရပြီးသာ သေဆုံးသွားခဲ့ကြပါတယ်..။ဒါက သတ်ဖြတ်တဲ့ မင်းသားဟာ..သူ့ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ နည်းလမ်းတွေကို စွန့်လွတ်ခဲ့တာမဟုတ်ပဲ..ရိုးရှင်းစွာပဲ သူက ဒီလိုအရာမျိုးကို ဘယ်သူမှ သတိမထားမိပဲ ထပ်မံ မလုပ်နိုင်တော့တာပါ..။မော်ဒရက်က အရမ်းကြီး အားကောင်းနေတာမျိုး မဟုတ်ပါဘူး..။

သူက ဒီတိုင်းပဲ..အတော််..အတော်လေးကို ကောင်းမွန်နေခဲ့တာပါ..။

ပထမတစ်ချက်ရဲ့ ကျေးဇူးကြောင့်ပဲ ဒုတိယအချက်ကို နားလည်သဘောပေါက်လိုက်တယ်..။ဒဏ်ရာရနေတဲ့ ကင်းစောင့်တွေ အသတ်ခံရပြီးတဲ့နောက်မှာ..သူ့ရဲ့ အပေါင်းအပါ လူအုပ်ကြီးက ဆန်နီကို သတ်ဖြတ်ချင်နေခဲ့ကြပါတယ်..။ပီယာ နဲ့ ကတ်စီတို့က သူ့ကို ကျိန်းသေလိုက်ဖမ်းနိုင်တယ်ဆိုပေမယ့် ..သူက တစ်ခနလောက် ရပ်တန့်ထားဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်..။

ပြီးတော့..အဲတာပါပဲ..။အဲ့အချိန်မှာပဲ သူက မော်ဒရက်ရဲ့ အဓီက ပန်းတိုင်ကို သိမြင်နိုင်သွားခဲ့တယ်..။အဲတာကတော့ သူ့အနေနဲ့ ဆန်နီရဲ့ ခန္တာကိုယ်ကို ယူဆောင်ဖို့ မဟုတ်သလို..ဆန်နီကို တစ်ခြားလူတွေနဲ့ ကွဲထွက်သွားအောင် လုပ်ဖို့လည်း မဟုတ်ပါဘူး..။မင်းသား လိုချင်တဲ့ အချက်ကတော့..ဆန်နီရဲ့ မလိုလားတဲ့ အကူအညီနဲ့ ဆုံးရှုံးသူတွေ တစ်ယောက်နဲ့တစ်ယောက် နေရာကွဲသွားတာမျိုးကို လိုချင်နေခဲ့တာပါ..။ဒီတော့..သူက အားလုံးကို တစ်ယောက်ချင်းစီ လိုက်သတ်လို့ ရသွားခဲ့ပါပြီ။

အဲတာက သူ့မှာ ဆန်နီ ရဲ့ ခန္တာကိုယ်ကို ယူဖို့ စိတ်ဆန္ဒမရှိဘူးလို့ ဆိုလိုတာ မဟုတ်ပေ..။သူက အခုချိန်မှာ ဒီအတွက် ချိန်ရွယ်ခြင်းပဲ မရှိသေးတာပါ..။

မော်ဒရက်ရဲ့ လတ်တလော ရည်ရွယ်ချက်ကို နားလွယ်သွားတဲ့ နောက်မှာတော့..ဆန်နီ အတွက် နောက်ဆုံးတစ်ချက်က ရှင်းလင်းသွားခဲ့တယ်..။

…အဲတာကတော့..လူသတ်သမားက သူတို့ကြားထဲမှာ ရှိနေခဲ့ပြီ ဆိုတာပါပဲ..။

ဆုံးရှုံးသူတွေ သံသယဝင်နေသလိုမျိုး..သူက ဆန်နီရဲ့ ကိုယ်ထဲမှာ ပုန်းအောင်းနေတာမျိုး မဟုတ်တာပဲ ရှိတာပါ..။အမှန်တကယ်ပဲ..သူက တစ်ခြားတစ်ယောက်ယောက်ရဲ့ ခန္တာကိုယ်ထဲမှာ ဝင်ရောက်နေခဲ့ပါတယ်..။

ဒီဆန်းကျယ်မူက ဆန်နီကို အတော်လေး စိတ်သောက ရောက်စေခဲ့တယ်..။ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..။ဘာပဲဖြစ်ဖြစ် ပီယာနဲ့ ဝယ်သီတို့က အရူးတွေ မဟုတ်ကြပါဘူး..။သူ့တို့ရဲ့ စစ်သည်တွေကို ယုံကြည်မူရှိနေတယ်ဆိုတာကလည်း အကြောင်းပြချက်တွေရှိပါတယ်..။အဲတာကတော့..မော်ဒရက်ရဲ့ နောက်ဆုံး လက်ခံကောင်ကို သတ်ဖြတ်ပြီးတဲ့နောက်မှာ သူတို့က ဘယ်လို မှန်အပိုင်းအစမျိုး ၊ ဘယ်လို အလင်းပြန်မူမျိုးကိုမှ မဖြစ်စေတော့ပါဘူး..။လူတိုင်းက ဂရုစိုက်ကြပြီး..သူတို့ရဲ့ လုံခြုံမူအတွက် တစ်ခြားးလူတွေကိုလည်း ဂရုစိုက် စောင့်ကြည့်ထားခဲ့ကြပါတယ်..။

ဒါဆိုရင် သူက ဒီလူတွေထဲက တစ်ယောက်ကို ဘယ်လိုလုပ်..ပိုင်ဆိုင်နိုင်သွားခဲ့တာလဲ..။

အ‌ဖြေကတော့ ရိုးရှင်းပြီး ကြောက်ဖို့ကောင်းနေခဲ့တယ်..။အဲအချက်ကတော့..ဆန်နီဟာ သူတို့ရဲ့ လှောင်အိမ်ထဲကို အစားအသောက်တွေ ယူဆောင်လာပေးခဲ့တဲ့..ကင်းစောင့် ဟာ အသိစိတ်လွတ်သွားပြီး..သူ့ရဲ့ မျက်လုံးတွေထဲကနေ သွေးတွေစီးကျနေခဲတာကို ပြန်တွေးပြီး နားလည်သွားခဲ့ပါတယ်..။

မျက်လုံးတွေ…

ဘာပဲဖြစ်ဖြစ် မျက်လုံးတွေ ဆိုတာက ဝိဉာဉ်တွေရဲ့ မှန်တွေပါပဲ..။

အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ထားစဉ်အချိန်တုန်းက ဆန်နီ က အကူအညီကင်းမဲ့စွာပဲ..သူမရဲ့ လှပတဲ့ မျက်လုံးတွေထဲမှာ သူ့ရဲ့ ပုံရိပ်ကို ပြန်ပြီး မြင်တွေ့ခဲ့ရပါတယ်..။သူ့ရဲ့ ကိုယ်ပိုင်မျက်နှာက ..သူ့ကို ပြန်ပြီးစိုက်ကြည့်နေတာ မြင်တဲ့ အချိန်မှာတော့ တုန်လှုပ်သွားခဲ့တယ်..။

မော်ဒရက်က တစ်စုံတစ်ယောက်ရဲ့ ဝိဉာဉ်ထဲကို ဝင်ရောက်ဖို့အတွက်..မှန်တစ်ချပ် ဆိုတာမျိုးတွေကို မလိုအပ်ပါဘူး..။ညဘုရားကျောင်းထဲမှာ ရှိနေတဲ့ လူတိုင်းက လမ်းလျောက်နိုင်တဲ့ မှန်တွေ ဖြစ်နေကြပြီး သူတို့ကိုယ်တိုင် ဒါကို မသိတာပဲ ရှိတာပါ..။စွန့်ပစ်ခံထားရတဲ့ မင်းသားက..သူ့ရဲ့စွမ်းအား လျို့ဝှက်ချက် အစစ်အမှန်ကို လျို့ဝှက်ထားခဲ့တယ်..။သူက မှန်တွေ ၊ သာမန် အလင်းပြန်မူတွေကနေသာ..ခန္တာကိုယ်ကို သိမ်းပိုက်ယူခဲ့ပြီး..ဒီအရာက သူသိမ်းပိုက်ယူနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းအဖြစ် တစ်ခြားလူတွေကို အထင်မှားစေခဲ့ပါတယ်..။

သူက အမှန်တကယ်ပဲ..လှည့်စားနိုင်လွန်းတဲ့ မွန်းစတား တစ်ကောင်ပါ..။

ဆန်နီက ဒီခန့်မှန်းချက်ကို သူ့စိတ်ထဲမှာတင် ထားထားပြီး..ဆုံးရှုံးသူတွေကြားထဲမှာ..ဘယ်သူက စစ်မှန်တဲ့ လူသတ်သမားလည်း ဆိုတာကို ခန့်မှန်းဖို့ ကြိုးစားနေခဲ့တယ်..။သူက ပီယာ ၊ ဝယ်သီနဲ့ အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ကင်းစောင့်ကိုတောင် ထည့်သွင်းစဉ်းစားလိုက်ပါသေးတယ်..။သူတို့ကို လက်ခံကောင်အဖြစ် အသုံးချရတာက..မော်ဒရက်လို သားရဲအတွက် တကယ်ကို သဘောကျစရာကောင်းမှာပါ..။

အဲဒီအချိန်မှာပဲ..မော်ဒရက်က သူ့ရဲ့ ပစ်မှတ်တွေကို ကျပမ်းရွေးချယ်နေတာမျိုး မဟုတ်ဘူး ဆိုတာကို သဘောပေါက်ခဲ့ပါတယ်..။သူက ခံတပ်ထဲကလူတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ သက်ရောက်မူနဲ့ သတ်ဖြတ်နိုင်နေတဲ့ အချိန်မှာ ဘာလို့ အစောင့်တွေကို အရင်ဆုံး ပစ်မှတ်ထားခဲ့တာလဲ..။

သတ်ဖြတ်ခံရတဲ့ အစောင့်တွေထဲကတစ်ယောက်ကတော့ သူနဲ့ အတော်လေးကို ရင်းနှီးပါတယ်..။အဲတာကတော့..သူ့ရဲ့ အရိပ်တွေ အမှောင်ထဲမှာ ပုန်းအောင်းနေသလိုပဲ..သူမရဲ့စွမ်းရည်နဲ့ မမြင်ရအောင် ပြောင်းလဲနိုင်တဲ့ ကင်းစောင့်အမျိုးသမီးပါ..။

ဒါမှမဟုတ်ရင်လည်း..သူက ဆန်နီရဲ့ လည်ပင်းကို ဓားနဲ့ထောက်ခဲ့တဲ့ အမျိုးသမီးရဲ့ ခန္တာကိုယ်ထဲမှာ ဝင်ရောက်နေတာ ဖြစ်နေနိုင်ပါတယ်..။သူမက ဝယ်သီနဲ့ ပီယာတို့ ဆန်နီကို တွေ့ချင်တဲ့ အချိန်မှာ ခေါ်လာပေးခဲ့တာဖြစ်ပြီး.ကတ်စီ အိမ်သာသွားချင်တဲ့ အချိန်မှာတောင် အဖော်ခေါ်လာခဲ့သေးတာပါ..။

ဟုတ်တယ်..မော်ဒရက်က သူမရဲ့ ခန္တာကိုယ်ထဲမှာ ပုန်းအောင်းနေတယ် ဆိုတာ ဆန်နီ သေချာသလောက် ပါပဲ..။ဒါကြောင့်လည်း သူက အစောင့်နှစ်ယောက်ကို ဘယ်သူမှ မမြင် မကြားရပဲ သတ်ဖြတ်နိုင်သွားခဲ့တာ ဖြစ်နိုင်ပါတယ်..။အဖြေက အရမ်းကို သိသာနေတာကြောင့်..တစ်ခါတစ်လေမှာ ရိုးရှင်းတဲ့ အဖြေက အဖြေမှန် ဖြစ်နေတတ်တာပါပဲ..။

ပြီးတဲ့နောက်မှာတော့..ဆန်နီက ဘာတွေဖြစ်လာမှာလဲ ဆိုတာကို ခန့်မှန်းခဲ့တယ်..။

မော်ဒရက်က ပီယာနဲ့ ဝယ်သီကိုတစ်ခုခု လုပ်ဖို့အတွက် တွန်းအားပေးခဲ့ပါတယ်..။သူတို့ရဲ့ အင်အားတွေက တစ်နေ့ထက်တစ်နေ့ လျော့ကျလာနေပြီး သူတော်စင်ကော်မတ်ကလည်း ဘယ်ချိန်ရောက်လို့ ရောက်လာမလဲဆိုတာကို မသိပါဘူး..။မော်ဒရက်က ဆန်နီကို ခံတပ်ထဲကနေ အဝေးကို ခေါ်ထုတ်ပြီး..သူ့ကို ထောင်ခြောက်ဆင်ဖို့ အတွက် ဒီနှစ်ယောက်ကို ဆွဲဆောင်ထားခဲ့ပါတယ်..။

ပြီးတော့ သူတို့ထွက်သွားတဲ့ အချိန်မှာတော့

ကျန်ရှိနေတဲ့ ဆုံရှုံးသူတွေ ဟာ..သူတို့ရဲ့ အသိုက်ထဲမှာ ပုန်းအောင်းနေတဲ့ မွန်းစတားရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်တဲသူ ဘယ်သူမှ ရှိမနေတော့ပါဘူး..။

ဝယ်သီဟာ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ရုတ်တရက် အဝေးကို ကြည့်လိုက်တယ်..။သူမရဲ့ နှုတ်ခမ်းကတော့ တုန်ရီနေခဲ့ပါပြီ..။

“မဟုတ်ဘူး..”

ဆန်နီ ခေါင်းကို ငုံ့ထားရင်း..ကျိတ်ရယ်နေခဲ့တယ်..။

အဲ့အချိန်မှာပဲ..မာစတာတွေက သူ တစ်ချိန်လုံးသိနေခဲ့တဲ့ အရာကို နားလည်သွားနိုင်ခဲ့ကြပါတယ်..။

သို့ပေမယ့် အဲတာက နောက်ကျသွားခဲ့ပါပြီ..။

ဒါက နောက်ကို လုံးဝ ပြန်လှည့်လို့ မရနိုင်တော့တဲ့ အထိကို နောက်ကျသွားခဲ့တာပါ..။

အပိုင်း ( ၅၈၃ ) ပြီး၏။

All Chapters