ကောင်းကင်ကြီးထက် ချိုမြိန်သော
Vol. 39 Ch. 572
ဆန်နီ အတော်ကြာအောင် ခံစားချက်မဲ့စွာ နေပြီးကာမှ..သူ့ရဲ့ ဝိဉာဉ်ပင်လယ်ထဲကို ကြည့်လိုက်တယ်..။ဒါက ထပ်ပြီးတော့..အသက်မဲ့ပြီး ခမ်းခြောက်နေတာမျိုး မဟုတ်တော့ပါဘူး..။သူ့ရဲ့ အမြူတေတွေဖြစ်ကြတဲ့ အနက်ရောင် နေလုံးသုံးလုံးက တြိဂံပုံစံ ပြီးပြည့်စုံစွာ ရှိနေကြကာ..အနက်ရောင် မီးတောက်တွေအဖြစ် ဒေါသတကြီး လောင်ကျွမ်းနေခဲ့ကြပါတယ်..။ပြီးတော့..တိတ်ဆိတ်နေတဲ့ ပင်လယ်ကြီးက..ရုန်းကြွနေတဲ့ ခွန်အားတွေနဲ့ အတူပဲ နိုးထလာနေခဲ့တယ်..။
ဆန်နီက သူ့ရဲ့ အရိပ်အပေါင်းအပါတွေထဲမှာ ပါဝင်လာတဲ့ ..ကင်းစောင့်ဖြစ်သူရဲ့ အရိပ်ကို ကြည့်လို်ပြီး..မျက်နှာရှုံ့မဲ့သွားကာ..မျက်လုံးတွေကို မှိတ်ထားလိုက်တယ်..။
သူ့ရဲ့ ခန္တာကိုယ်ကတော့..အားနည်းပြီး..ပြိုလဲကျလုနီးပါး ဖြစ်နေတုန်းပါပဲ..။သို့ပေမယ့် အခုချိန်မှာ အဆီအနှစ်တွေ ပြန်လည် ရရှိလာခဲ့ပြီဖြစ်တာကြောင့်..နောက်ထပ် အသုံးမဝင်တဲ့ ခန္တာကိုယ်ကြီး မဟုတ်တော့ပေ..။သူက ဝိဉာဉ်မြွေကို အာရုံစိုက်ကာ ထုတ်ဖော်လိုက်ပြီး..သူ့ရဲ့ ရစ်ပတ်မူနဲ့အတူပဲ အဆီအနှစ်တွေကို လှည့်ပတ်လိုက်တယ်..။သူ့ရဲ့ ခွန်အားတွေက ကြွက်သားတွေထဲကို ပြန်လည်စီးဆင်းလာနေတာကို ခံစားနေခဲ့ရပါတယ်..။သူ့ရဲ့ အားနည်းမူတွေကလည်း အနည်းငယ် လျော့ကျသွားခဲ့ပါပြီ..။
နောက်ဆုံးမှာတော့..ဆန်နီ သူ့ရဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး..ကတ်စီ ဖက်ကို လှည့်ကြည့်လိုက်တယ်..။မျက်မမြင်မိန်းကလေးက..ရူးစ်တွေရဲ့ အပြင်ဘက်ဖြစ်တဲ့ သူ့ရဲ့ ဘေးနားမှာ အားအင်ကုန်ခမ်းစွာ လဲလျောင်းနေခဲ့ပါတယ်..။သူမက ကင်းစောင့်ရဲ့ အလောင်းဆီကနေ သော့ကို ယူပြီး..တံခါးကို ဖွင့်ကာ..သူ့ကို လှောင်အိမ်အပြင်ဘက်ဆီကို ဆွဲခေါ်လာခဲ့တဲ့ ပုံပါပဲ..။သူမရဲ့ အခြေအနက ဒီလောက်ထိ ဆိုးဝါးနေတဲ့ အခြေအနေမှာတောင် သူ့ကို ဘယ်လိုသယ်ထုတ်လာခဲ့တာလဲ ဆိုတာကို ဆန်နီ မသိပေ..။သို့ပေမယ့် သူမ လုပ်နိုင်ခဲ့ပါတယ်..။
အခုတော့..ကတ်စီက အသက်ရူတယ်ဆိုရုံမျှသာ ရှိနေခဲ့တယ်..။သို့ပေမယ့်..သူမ မျက်နှာရဲ့ အရောင်ကတော့ ဖြည်းညှင်းစွာ ပြောင်းလဲနေခဲ့ပါပြီ..။သူမရဲ့ ဝိဉာဉ်ပင်လယ်ထဲမှာလည်း အဆီအနှစ်တွေ ပြန်လည် ရောက်ရှိလာခဲ့တဲ့ ပုံပါပဲ..။
သူ့ခေါင်းကို လှည့်ပြီး ကြည့်လိုက်မိတာကြောင့် ဆန်နီဟာ ခေါင်းမူသလို ခံစားလိုက်ရတယ်..။သူခနလောက် နားပြီးကာမှ အသက်ကို ဝအောင် ရူသွင်းကာ…သူတော်စင်ကို ထုတ်လိုက်ပါတယ်..။
တိတ်ဆိတ်တဲ့ စစ်သည်တော်ဟာ..သူ့ရဲ့ အရိပ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်..။သူမရဲ့ ပတ္တမြားရောက်မျက်လုံးနှစ်လုံးကတော့ အမှောင်ထဲမှာ တောက်ပနေခဲ့ပါတယ်..။သူက သူမကို အောက်ဘက်ကနေ တစ်စက္ကန့်လောက် ကြည့်နေပြီးကာမှ..တိတ်တဆိတ် အမိန့်ပေးလိုက်တယ်..။
‘တံခါးကို ပိတ်လိုက်ပါ..။ငါတို့ကို စောင့်ရှောက်ပေးပါဦး.’
နတ်မိစ္ဆာ လမ်းလျောက်သွားတဲ့ အချိန်မှာတော့ တိတ်ဆိတ်နေတဲ့ အကျဉ်းခန်းထဲမှာ ပဲ့တင်ထပ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်..။ဆန်နီ အနည်းငယ် ထပ်မံအနားယူလိုက်ပြီး..အံကိုကြိတ်ကာ ထထိုင်ဖို့အတွက် ကြိုးစားလိုက်တယ်..။တတိယမြောက် ကြိုးစားမူ အရောက်မှာတော့ သူ အောင်မြင်ခဲ့ပါတယ်..။
ရေ…ရေ…သူ ရေလိုအပ်တယ်..။သူ အခု အလိုအရှိဆုံးအရာက အဖိုးတန်တဲ့ ရေလေးတစ်စက်ပဲဖြစ်ဖြစ် သူ့ရဲ့ ပါးစပ်ထဲကို ရောက်ဖို့ပါ..။
အလင်းစက်တွေက သူ့ရဲ့ လက်ဝန်းကျင်မှာ ကခုန်လာခဲ့ပြီး..သူ မြင်ဖူးသမျှထဲမှာ..အခမ်းနားဆုံးအရာတစ်ခုက ပေါ်လာခဲ့တယ်..။
ဒါက အရမ်းကို လှပပြီး..အပြာရောင် ဖန်သားနဲ့ ပြုလုပ်ထားတဲ့ ရေ ပုလင်းတ စ်ခုပါ..။
ဆန်နီ ခနလောက်တွေဝေလိုက်ပြီးကာမှ ကတ်စီ အနားကို ကပ်သွားလိုက်ကာ..သူမရဲ့ ခေါင်းကို မတင်ပေးလိုက်တယ်..။ပြီးတာနဲ့ အဆုံးမရှိတဲ့ စမ်းချောင်းကို မကာ..သူမရဲ့ နှုတ်ခမ်းမှာ တေ့ပေးလိုက်ပါတယ.်..။ပထမဆုံးရေစက် က သူမရဲ့ ပါးစပ်ထဲကို ကျသွားပြီဆိုတာနဲ့ မျက်မမြင် မိန်းကလေး ရဲ့ မျက်လုံးတွေဟာ ပွင့်လာခဲ့တယ်..။ယင်းနောက် အားပါးတရ သောက်ပါတော့တယ်..။တစ်ချိန်တည်းမှာပဲ..သူမက လက်တစ်ဖက် မြှောက်လာခဲ့ပြီး..သူ့ရဲ့ လက်ကို ဆုပ်ကိုင်ထားခဲ့တာပါ..။သူမ ကြည့်ရတာ..သူက ရေပုလင်းကို ပြန်ယူသွားမှာ ကြောက်နေတဲ့ အတိုင်းပါပဲ..။
ဆန်နီ သူမကို လေ့လာကြည့်လိုက်တယ်..။သူ့ရဲ့ လည်ခေါင်းတွေကတော့..နာကျင်မူတွေ ပြည့်နှက်နေခဲ့ပါပြီ..။နောက်ဆုံးမှာတော့..သူ့ရဲ့ လက်က ပြန်လည်လွတ်မြောက်သွားခဲ့ပြီး..သူ ကိုယ်တိုင်လည်း ရေသောက်ခွင့်ရလိုက်တယ်..။
….သံသယလုံးဝ မရှိစွာပဲ..အေးစက်တဲ့ရေတွေက..သူအရသာခံဖူးတဲ့ အထဲမှာ အချိုမြိန်ဆုံးနဲ့ အရသာအရှိဆုံး အရာပါပဲ..။ဒီအရာကို သောက်လိုက်ရတာက..နိုးထမူအဆင့်မှာ ပြန်မွေးဖွားလာပြီး ဆုလာဒ်တွေ ရရှိတာထက်ပို အများကြီး ပိုကောင်းမွန်ပါတယ်..။သူ တစ်ငုံချင်းစီ သောက်နေတုန်းမှာပဲ သူ့ရဲ့ နာကျင်ပင်ပန်းနေတဲ့ ခန္တာကိုယ်ဆီကို အသက်ဓာတ်တွေ ပြန်လည် ဝင်ရောက်လာနေတာကို ခံစားနေခဲ့ရတယ်..။ဒါက သူ့အနေနဲ့ သေရာကနေ ပြန်ရှင်သန်လာခဲ့သလိုပါပဲ..။
ဒီအခိုက်အတန့်အတွင်းမှာတော့ သူက ကမ္ဘာပေါ်မှာ အပျော်ဆုံး လူသားတစ်ယောက်တောင် ဖြစ်နေနိုင်ပါတယ်..။
သူတို့နှစ်ယောက်စလုံး ရေကို ဝအောင် သောက်ပြီးတဲ့ နောက်မှာတော့..ပင်ပန်းစွာပဲ ကြမ်ပြင်ပေါ်ကို ပြန်လည် လဲကျသွားခဲ့ကြတယ်..။ဆန်နီ နဲ့ ကတ်စီ တို့က ရေကြောင့် ပြန်လည် အားပြည့်လာတယ်ဆိုပေမယ့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကတော့..မောပန်းပြီး..လုံးဝ အားအင်ကုန်ခမ်းနေကြပါပြီ..။
မကြာခင်မှာပဲ..သူတို့နှစ်ယောက်စလုံးက အိပ်ပျော်သွားခဲ့ကြတယ်..။
….
ဆန်နီ နိုးလာတဲ့ အချိန်မှာတော့..သူက အတော်လေးကို ခံစားလို့ကောင်းနေခဲ့တယ်..။သို့ပေမယ့် သူ့ အခြေအနေကတော့ သိပ်မကောင်းသေးပါဘူး..။သူ့ရဲ့ အစာအိမ်က ဆာလောင်မူကြောင့် နာကျင်နေခဲ့ပေမယ့်.. သေအံ့ဆဲဆဲ အခြေအနေတော့ မဟုတ်တော့ပါဘူး..။
သူ ထထိုင်လိုက်ပြီး ရေထပ်သောက်ကာ..အကျဉ်းခန်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။
ကတ်စီကတော့ အေးစက်တဲ့ ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး အိပ်ပျော်နေတုန်းပါ..။သူမရဲ့ အခြေအနေက သူ့ထက် ဆိုးဝါးနေပုံပေါက်ပေမယ့်..သူမရဲ့ မျက်နှာပေါ်မှာ အရောင်ရှိနေခဲ့ပါတယ်..။ပြီးတော့ သူမရဲ့ အသက်ရူသံတွေကလည်း တည်ငြိမ်ပြီး..မြဲမြံနေခဲ့တယ်..။မျက်မမြင် မိန်းကလေးက ဆန်းကျယ်တဲ့ ဝီဗာသွေးကို မပိုင်ဆိုင်ထားပေမယ့် သူမကလည်း အားကောင်းတဲ့ နိုးထသူ တစ်ယောက်ပါ..။သူမရဲ့ ခန္တာကိုယ်က သာမန်လူတွေထက် ပိုသန်မာပြီး ၊ ပိုခံနိုင်ရည်ရှိပါတယ်..။
နောက် ရက်အနည်းငယ်လောက်ဆိုရင်တော့..သူတို့နှစ်ယောက် စလုံးက ပုံမှန်အခြေအနေကို ပြန်ရောက်နိုင်မယ်လို့ ဆန်နီ ခန့်မှန်းမိပါတယ်..။
…တကယ်လို့ ဘာမှ မဖြစ်ခဲ့ဘူးဆိုရင်ပေါ့…
အဲဒီအတွက် ဖြစ်နိုင်ချေက ဘယ်လောက်ရှိမလဲ…
သူက လေးလံတဲ့ တံခါးဝမှာ ကင်းစောင့်နေတဲ့ သူတော်စင်ကို ကြည့်လိုက်တယ်..။ပြီးတဲ့နောက်မှာတော့..အကျဉ်းထောင်ထဲမှာ လဲလျောင်းနေတဲ့ ကင်းစောင့်ရဲ့ အလောင်းကို ကြည့်လိုက်ပါတယ်..။သူ့မျက်နှာကတော့ စက်ဆုပ်ဖွယ်အခြေအနေနဲ့ ပုံပျက်နေခဲ့ပါပြီ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..သူ့ရဲ့မျက်လုံးတွေကို မှိတ်ကာ အရိပ်တစ်ခုကို အခန်းတံခါးရဲ့ အပြင်ဖက်ဆီ လွှတ်လိုက်တယ်..။ရှည်လျားတဲ့ကော်ရစ်ဒါ ကြီးတစ်ခုလုံးက ဘာမှ မရှိပဲ အမှောင်ထုသာ ကြီးစိုးနေခဲ့ပါတယ်..။အဲဒီမှာ ဘာမှလှုပ်ရှားနေခြင်း မရှိသလို.၊ ဘယ်အရာကမှလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိပုံမရပေ..။သူ မြင်ရတဲ့ တစ်ခုတည်းသော အရာဆိုလို့ နောက်ထပ် အလောင်းတစ်ခုပါပဲ..။ဒီတစ်ခုကတော့..သေဆုံးနေတဲ့ ကင်းစောင့်ရဲ့ အပေါင်းအပါ တစ်ယောက်ပါ..။သူ့ အပေါင်းအပါဖြစ်သူက ဆိုးဆိုးဝါးဝါးသေဆုံးထားခဲ့ပြီး ပုပ်သိုးမူရဲ့ အစောပိုင်းအဆင့်ကို ရောက်နေခဲ့ပါတယ်..။
ဆန်နီ အတော်ကြာအောင် ကြည့်နေပြီးကာမှ အရိပ်ကို ပြန်လာခဲ့ဖို့အတွက် အမိန့်ပေးလိုက်တယ်..။
အပြင်ဘက်က တိတ်ဆိတ်မူကတော့ တကယ်ကို ကျောချမ်းစရာပါပဲ..။
အဲ့အချိန်မှာပဲ ကတ်စီ လှုပ်လာခဲ့ပြီး သူမရဲ့ မျက်လုံးတွေ ပွင့်လာခဲ့တယ်..။သူမက ထိုင်လိုက်ပြီး..တိတ်ဆိတ်စွာ ညဉ်းညူကာ..သူရှိတဲ့ ဘက်ဆီလှည့်လာခဲ့တယ်..။
သူမရဲ့ ဒုတိယ စွမ်းရည်ကတော့ ပြန်လည်ရရှိထားလောက်ပါပြီ..။ဒါမှမဟုတ်..သူမက သူရှိတဲ့ နေရာဆီကို အနံ့ရပြီး သိရှိသွားတာလည်း ဖြစ်နိုင်တာပါပဲ..။လှောင်အိမ်ထဲမှာ ရက်သတ္တပတ်ပေါင်းများစွာ ရှိနေပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် ကိုယ်ပေါ်က အနံ့အသက်ဆိုးတွေက ဝံပုလွေတစ်အုပ်ကို ထွက်ပြေးစေနိုင်ဖို့အတွက်တောင် လုံလောက်နေခဲ့ပါပြီ..။
ဆန်နီ သူမကို အဆုံးမရှိတဲ့ စမ်းချောင်း ကမ်းပေးလိုက်ပြီး..မျက်မမြင် မိန်းကလေးရဲ့ နူးညံ့တဲ့ လက်တွေထဲက ပုလင်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်ကာ..တစ်ဖက်ကို လှည့်သွားခဲ့တယ်..။
ကတ်စီ ရေကို သေ◌ာက်ပြီး ချောင်းဆိုးလိုက်ပါတယ်..။ပြီးမှ..မှတ်သားမူကို ပြန်ပေးပြီး..သူမရဲ့ အက်ကွဲနေတဲ့ အသံနဲ့..
“ငါတို့ အခုဘာဆက်လုပ်ကြမလဲ..”
ဆန်နီ ခနလောက်တွေဝေသွားခဲ့ပြီး ပုခုံးတွန့်လိုက်တယ်..။
“ပထမဆုံးတော့ ငါတို့ အစားအသောက် ရှာဖွေဖို့ လိုအပ်တယ်..။ငါတို့ တိုက်ခိုက်ဖို့အတွက် သန်မာလာတဲ့ အချိန်ရောက်ရင်တော့….စောင့်ကြည့်ကြတာပေါ့..။အချက်အလက်စုဆောင်းမယ် ၊ အခြေအနေကို နားလည်အောင်လုပ်မယ်..ပြီးတော့ လုပ်စရာရှိတာကို လုပ်မယ်..”
သူမ ခေါင်းညိမ့်လိုက်ပြီး..ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်တယ်..။တိတ်တဆိတ်ကခုန်သူက အလင်းစက်ကလေး တွေနဲ့ အတူပဲ သူမရဲ့ လက်ထဲမှာပေါ်လာခဲ့ပါတယ်..။
ဆန်နီ လည်း မတ်တတ်ထရပ်လိုက်ပြီး..တံခါးပေါက်ဆီကို ဦးတည်သွားလိုက်တယ်..။
သူတော်စင်က ဘေးကိုဖယ်ပေးလိုက်ပြီး သူသွားဖို့အတွက် လမ်းဖွင့်ပေးလာခဲ့ပါတယ်..။
သူက တံခါးပေါက်မှာ ရပ်နေရင်း ခနလောက်တွေဝေနေပြီးကာမှ..ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်..။သူ့မျက်နှာပေါ်မှာတော့ နက်မှောင်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။
…သူ ဂရုစိုက်ဖို့လိုအပ်တယ််ဆိုတာကို ဆန်နီ သိထားခဲ့ပေမယ့်..တစ်ချိန်တည်းမှာပဲ သူ့အတွက် ပြန်လက်စားချေဖို့အတွက် အခွင့်အရေး ရလာခဲ့ပြီလို့လည်း ခံစားနေခဲ့ရပါတယ်..။
အပိုင်း ( ၅၇၂ ) ပြီး၏။