← Chapters

ဓားပေါင်းတစ်ထောင် ပျံတက်လာပြီ

Vol. 26 Ch. 326

ဓားပေါင်းတစ်ထောင် ပျံတက်လာပြီ

Vol. 26 Ch. 326

လူပုံအလယ်တွင် သားဖြစ်သူ သုတ်သင်ခံလိုက်ရသော်လည်း မိစ္ဆာစစ်သူကြီး ကလန်ကဆန် မလုပ်ရဲသော မြင်ကွင်းသည် အကြီးအကဲများကို စစ်မင်းသမီး၏ အာဏာ မြင့်တက်လာမှု ရပ်တန့်မရနိုင်ကြောင်း နားလည်သွားစေသည်။ တစ်ချိန်က အထင်သေးခဲ့ကြသော မင်းသမီးရှေ့မှောက်တွင် မည်သူမဆို ပြုံးပြနေကြရပြီး ချွင်းချက် မရှိပေ။ မိစ္ဆာဘုရင်သည် သမီးဖြစ်သူကို အမှန်တကယ် နန်းပေးမည် မဟုတ်သော်လည်း မောက်မာနေသည့် စစ်သူကြီးကို ပညာပေးရန် စီစဥ်ထားသော အကြောင်းပြချက်ပင်။

"သမီးလေး။ ဒီမီးအဆင့် ငရဲသွေးကြာပွတ်က မင်းအပိုင် ဖြစ်သွားပြီ။ အဆုံးမဲ့ငရဲပြည်ရဲ့ ထိပ်တန်းလက်နက်တစ်ခုကို ကောင်းကောင်း အသုံးချပါ"

စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် မိစ္ဆာဘုရင်သည် အနီရင့်ရောင် ကျာပွတ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး နဂါးဆူးချွန်များ တပ်ဆင်ထားကာ ထိပ်ဖျား၌ လှံတစ်ချောင်း တပ်ဆင်သည်။ ၎င်းကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် လေထုမှာ ရွှီးခနဲ ထိုးဖောက်ခံလိုက်ရသောကြောင့် ဖျက်ဆီးရေး စွမ်းအား ကြီးမားကြောင်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်၏။ စစ်မင်းသမီးက ဖခင်ဖြစ်သူ၏ လက်ထဲမှာ ကျာပွတ်ကို ချက်ချင်း ရယူလိုက်ပြီး ကပ်ဘေးဓားဖြင့်ပင် ယှဥ်နိုင်သော ရတနာမျိုးဖြစ်ကာ တော်ဝင်မျိုးနွယ်၏ ဘဏ္ဍာတိုက်အတွင်း တင်းကြပ်စွာ သိမ်းဆည်းထားခဲ့သော်လည်း သူမအပိုင် ဖြစ်လာခဲ့သည်။

"ဘာတွေ စောင့်နေတာလဲ။ သွေးဗိမာန်ကို ဖွင့်ပေးလေ"

သူမက ဖခင်ကို မျက်စောင်းတစ်ချက်ထိုး၍ ပူဆာလိုက်ပြီး ငရဲသွေးကျာပွတ်အား သိမ်းဆည်းလိုက်၏။

"ကောင်းပြီ"

မိစ္ဆာဘုရင်မှာ ခါးသက်သက် ပြုံး၍ သူမကို နန်းတော်အတွင်းသို့ ခေါ်သွားကာ မိစ္ဆာအကြီးအကဲများအား ညီလာခံ၌ ထားရစ်ခဲ့သည်။

"တစ်ညအတွင်းမှာ အရှင်မင်းသမီးက အဆင့်တက်နိုင်ပါ့မလား"

"လုပ်နိုင်လောက်ပါတယ်"

"ငရဲကိုးထပ်တိုက်ပွဲက ကြမ်းတမ်းရက်စက်တယ်။ အမည်ခံ ဓားအင်မော်တယ်တွေရဲ့ အဖြစ်ကို တွေ့ကြတယ်မလား။ တူမလေးကို ငါတို့ ကောင်းကောင်း ကာကွယ်ရမယ်"

ဦးရီးတော်များက ဖရိုဖရဲဖြစ်လာသော ငရဲကိုးထပ်၏ အခြေအနေကြောင့် ခေါင်းကိုက်နေရသည်။

"ခြောက်နာရီကြာရင် နားခိုရာဂိုဏ်းကို သွားကြမယ်။ ငရဲကိုးထပ်တိုက်ပွဲစည်းမျဥ်းအရ တိုက်ခိုက်ဖို့ အဆင့်မီရင် အဆင်သင့်ပြင်ထားကြ"

မိစ္ဆာဘုရင်၏ အမိန့်သံက အဝေးမှ ထွက်ပေါ်လာသောအခါ ယင်မိစ္ဆာအားလုံး ခေါင်းညိတ်လိုက်ကြသည်။

သွေးဗိမာန်သို့ ရောက်သောအခါ စစ်မင်းသမီးသည် ဆယ်ပေအမြင့်ရှိသော မိစ္ဆာရုပ်တုတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းတွင် ဂျိုများနှင့် အမြှီးတစ်ချောင်း ရှိသော်လည်း လူသားတစ်ယောက်နှင့် ဆင်တူပြီး ယင်နှင့် ယန် မိစ္ဆာများ၏ ရုပ်သွင် ပေါင်းစပ်ထားသကဲ့သို့ ဖြစ်၏။ အနက်ရောင်ရုပ်တု ခန္ဓာအထက်တွင် သွေးရောင်ဖျော့ဖျော့ လင်းလက်နေပြီး အမှောင်ထုအတွင်း ထင်ရှားနေသည်။

"သွေးမိစ္ဆာရုပ်တုက ဘာကြောင့် ဒီလိုရုပ်ထွက်နေရတာလဲ"

သူမက ဘေးတွင် ပါလာသော ဖခင်ဖြစ်သူထံ စပ်စုလိုက်၏။

"ဒါက မိစ္ဆာမျိုးနွယ်ရဲ့ အစစ်အမှန် ပုံသဏ္ဍာန်ပဲ"

မိစ္ဆာဘုရင်က တစ်လုံးချင်း ပြောလိုက်သည်။

"ယန်မိစ္ဆာတွေက သမီးတို့ကို ဝါးမျိုချင်နေတာ ဒီလိုပုံစံမျိုး ဖန်တီးဖို့လား"

"မဟုတ်ဘူး။ ယန်မိစ္ဆာမတွေက ယင်မိစ္ဆာမတွေလောက် မျိုးပွားနှုန်း မကောင်းလို့ပါ"

"ရွံစရာအကောင်တွေ"

"ယန်မိစ္ဆာတွေကို တိုက်ခိုက်နေရတာ ငါတို့မျိုးနွယ်ကို ကာကွယ်ဖို့ပဲ။ ဒါတောင်မှ ကလေးမတွေ အတော်များများ သူတို့လက်ထဲ ရောက်သွားသေးတယ်"

မိစ္ဆာဘုရင်က သက်ပြင်းချနေပြီး စစ်မင်းသမီးမှာ ဒေါသူပုန်ထနေခဲ့သည်။ ယင်မိစ္ဆာမများသည် ချောမောလှပသောကြောင့် ကျော်ကြားသော်လည်း ယန်မိစ္ဆာများ၏ အလိုဆန္ဒအရ ဆိုးရွားသော ကံကြမ္မာနှင့် တွေ့ဆုံခဲ့ရ၏။ အဆုံးမဲ့ငရဲပြည်အတွင်း၌ပင် အချို့အကြီးအကဲများသည် အာဏာအလွဲသုံးစားလုပ်၍ ယင်မိစ္ဆာမလေးများကို အကျိုးအမြတ်အတွက် အခြားငရဲများထံ ရောင်းစားလေ့ရှိသည်။

"ဒါတွေကို အရင်က မဆန့်ကျင်နိုင်ခဲ့ပေမယ့် အခု သမီးက ယင်မိစ္ဆာမိန်းကလေးတွေအတွက် ရပ်တည်မယ်။ သူတို့က ရောင်းစရာ ကုန်ပစ္စည်းတွေ မဟုတ်ဘူး"

သူမက မျက်လုံးများ မီးဝင်းဝင်းတောက်၍ ကြုံးဝါးလိုက်၏။

"မင်း လုပ်နိုင်မှာပါ"

မိစ္ဆာဘုရင်က သူမ၏ ပခုံးကို ပုတ်၍ ထောက်ခံအားပေးကြောင်း ဖော်ပြလိုက်သည်။

"အဖေ နောက်ဆုံးတော့ သမီးကြောင့် ဂုဏ်တက်ရပြီ မဟုတ်လား"

သူမက သွေးမိစ္ဆာရုပ်တုထံ ချဥ်းကပ်သွားရင်း တီးတိုးရေရွတ်နေသည်။

"အဖေက သမီးအတွက် အမြဲတမ်း ဂုဏ်ယူစရာပါပဲ"

မိစ္ဆာဘုရင်က ကျေနပ်စွာပြုံး၍ ညှင်သာစွာ အားပေးလိုက်၏။ စစ်မင်းသမီးက မျက်ရည်ဝဲနေပြီး ဖခင်ဖြစ်သူကို အထက်ပါအတိုင်း မေးမြန်းရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရ၍ နောက်ဆုံးတွင် အောင်မြင်ခဲ့သည်။ သူမက သွေးမိစ္ဆာရုပ်တုအနီး ရောက်သွားသောအခါ ပျောက်ကွယ်သွားပြီး မိစ္ဆာဘုရင်မှာ အတွေးနက်ရင်း ကျန်ရစ်၏။

"ပါရမီက ထွက်ပေါ်လာနိုင်ပေမယ့် နည်းဗျူဟာတွေကတော့ မဖြစ်နိုင်ဘူး။ ငါ့သမီးရဲ့ နောက်ကွယ်မှာ ဘယ်သူက လမ်းညွှန်ပေးနေတာလဲ။ အနည်းဆုံးတော့ သူမအနေနဲ့ လှောင်ပြောင်မခံရတော့ဘူးပေါ့"

စစ်မင်းသမီး ပြန်ရောက်လာချိန်မှ စတင်၍ တစ်စုံတစ်ယောက်၏ ညွှန်ကြားချက်အတိုင်း အကွက်ကျကျလှုပ်ရှားနေသည်ကို ဖခင်အရင်းဖြစ်သော မိစ္ဆာဘုရင်အနေဖြင့် ရိပ်မိခဲ့သော်လည်း ကျိန်စာလား ကောင်းချီးလား ဝေခွဲမရသောကြောင့် ထုတ်မပြောခဲ့ပေ။ စစ်မင်းသမီးမှာ လက်ရှိတွင် သွေးရောင်လောကတစ်ခုထံ ရောက်ရှိနေပြီး အနီရောင်မြူခိုးများအကြား သွေးကန်ကြီးများကို မြင်နေရသည်။ ၎င်းကန်များသည် မိစ္ဆာဘိုးဘေးများ၏ အသန့်စင်ဆုံး သွေးကို စုဆောင်းထားပြီး အနားတွင် အစွမ်းထက် သွေးကျင့်စဥ်များကို မှတ်တမ်းတင်ထားသည့် ကျောက်စာချပ်များ အစီအရီ ရှိနေကာ မိစ္ဆာဘုရင်ပင် အနည်းငယ်ကိုသာ တတ်ကျွမ်းပေ၏။

"နေရာကောင်းလေးပဲ"

သူမ၏ စိတ်အတွင်း စကားသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီနေ့ ငါ့လုပ်ဆောင်ချက်တွေကို ကျေနပ်ရဲ့လား"

သူမက သိမ်မွေ့ညှင်သာစွာ မေးလိုက်ခြင်းပင်။

"ကောင်းတယ်။ အခုတော့ မိစ္ဆာသွေးတွေကို စုဆောင်းလိုက်ရအောင်"

အမိန့်အတိုင်း သူမသည် အဝတ်ဗလာခန္ဓာကိုယ်ဖြင့် သွေးကန်တစ်ခုအတွင်း ဆင်းသက်သွားသောအခါ ကပ်ဘေးသွေး လှုပ်ရှားလာ၍ ရှေးဟောင်းမိစ္ဆာသွေးများကို စတင်စုပ်ယူခဲ့၏။

ဓားအပျက်အစီးနယ်မြေအထက်သို့ နံနက်ခင်းနေရောင် ဖြာကျလာပြီး ငရဲကိုးထပ်၏ ထူးခြားသော နေ့တစ်နေ့ အချိန်ကျလာ၏။ ယွမ်ရှောင်မှာ ရွှေရောင် ဆေးရေကန်အတွင်းမှ ထွက်လာပြီး ပြည့်စုံခြင်းအဆင့် တာအိုနှလုံးသားနယ်ပယ်သို့ အဆင့်တက်နိုင်ခဲ့သည်။ လောကတာအိုနှလုံးသည် ကိုယ်ပွားနှင့် သွေးကျွန် ကျင့်ကြံထားသော ပျက်စီးနတ်ဘုရားအလိုတော်နှင့် ကပ်ဘေးသွေးထက် ပို၍ ထူးခြားပြီး ဖန်ဆင်းရှင်အင်မော်တယ် ကြိုတင်စီစဥ်ထားသော လမ်းကြောင်း မဟုတ်ပေ။ ကုဂူနှင့် ကြီးကြပ်သူငါးယောက်၏ ဓားဝိညာဥ်များကို ဝါးမျိုခဲ့သဖြင့် ကောင်းကင်သင်္ချိုင်းဓားတွင် ဓားအော်ရာ တစ်သောင်းတစ်ထောင်အထိ ပိုင်ဆိုင်လာခဲ့၏။ လက်ရှိ ထာဝရဓားအကျဥ်းထောင်တွင် သူ၏ ဓားအော်ရာအရေအတွက်သည် အများဆုံးဖြစ်သော်လည်း နားခိုရာဂိုဏ်း၌ ဓားသမားများရှိနိုင်ကြောင်း မုကျန်းတန်းက သတိပေးထားသည်။ ထိုဂိုဏ်းသည် လျှို့ဝှက်နေရာတစ်ခု ဖြစ်ကာ ဂိုဏ်းသားများမှာ သီးသန့်နေထိုင်ကြပြီး ငရဲကိုးထပ်တိုက်ပွဲ၌သာ ထွက်ပေါ်လာတတ်ကြသဖြင့် ဆန်းကျယ်မှု တစ်ခုပင်။

ယွမ်ရှောင်၊ လနတ်သားနှင့် စစ်မင်းသမီး အားလုံးသည် နားခိုရာဂိုဏ်းသို့ ဦးတည်နေကြပြီး ကိုယ်ပွားနှင့် သွေးကျွန်က မူလကိုယ်ထက် ပိုမို အစွမ်းထက်နေကြပြီဖြစ်၏။ သို့ရာတွင် ထိုနှစ်ယောက် အစွမ်းထက်လာလေလေ သူ့အတွက် အသက်ရှူချောင်လေလေဖြစ်ကာ ငရဲကိုးထပ်ကို ချေမှုန်းရန် အခွင့်အရေး များလာပေလိမ့်မည်။

နံနက်စောစောတွင် ယွမ်ရှောင်သည် ကံပင်လယ်နယ်ပယ်နှင့်အထက် ကျင့်ကြံသူတစ်ထောင်ကျော်ကို ဦးဆောင်ကာ ကောင်းကင်သို့ ဓားပျံကိုယ်စီနှင့် ပျံတက်လာခဲ့ကြလေသည်။

"နားခိုရာဂိုဏ်းကို ချီတက်ကြ"

All Chapters