← Chapters

လောကများအကြား လှည့်ပတ်သွားလာနေသော နယ်မြေကြီး

Vol. 26 Ch. 329

လောကများအကြား လှည့်ပတ်သွားလာနေသော နယ်မြေကြီး

Vol. 26 Ch. 329

ငရဲကိုးထပ်၏ အလယ်တွင် ရှိနေသော နားခိုရာဂိုဏ်း၏ အဆောက်အအုံကြီးသည် ကျောချမ်းဖွယ်ကောင်းသော အငွေ့အသက်မျိုး ထွက်ပေါ်နေသဖြင့် တော်တန်ရုံ အသည်းငယ်သူများပင် အနားမကပ်ဝံ့လောက်ချေ။ ကြီးမားလွန်းသော အရွယ်အစားကြောင့် ရတနာတစ်ခု မဖြစ်နိုင်ဟု ယူဆဖွယ်ရှိသော်လည်း ဆယ့်ရှစ်ထပ် ပါဝင်သော မျှော်စင်သဏ္ဍာန်တစ်ခု ဖြစ်နိုင်သည်ဟု ကြယ်ပြာက ရှင်းပြခဲ့သည်။ အထပ်တိုင်းတွင် အစွမ်းထက် ဖြစ်တည်မှုများကို တစ်ယောက်ချင်းစီ သို့မဟုတ် အုပ်စုလိုက် အကျဥ်းချထားခြင်း ဖြစ်နိုင်ရာ ယွမ်ရှောင်အနေဖြင့် ရတနာကို ရယူနိုင်စွမ်း ရှိမရှိက မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။

နားခိုရာဂိုဏ်း၏ သရုပ်မှန်သည် ဓားအစောင့်အရှောက်အတွက်ပင် ဆန်းကျယ်နေခဲ့ပြီး ဓားအပျက်အစီးနယ်မြေ အာရုံစိုက်ထားသည်မှာ ငရဲကိုးထပ်တိုက်ပွဲနှင့် ယွမ်ရှောင်ကို ကာကွယ်ရန်သာ ဖြစ်၏။

"ငရဲကိုးထပ်တိုက်ပွဲကို အနိုင်ရရင် ကျုပ်တို့အတွက် ဘာရလဒ်ရှိလဲ"

နီအန်သားရဲက ဆက်တိုက် ဟိန်းဟောက်နေပြီး နားခိုရာဂိုဏ်းတစ်ခုလုံး တုန်ခါနေစဥ် ယွမ်ရှောင်သည် လက်ရှိ အရေးကိစ္စထံ အာရုံပြောင်းလိုက်သည်။

"သခင်​လေးယွမ်က ငရဲကိုးထပ်တိုက်ပွဲကိုတောင် ရောက်နေပြီ။ ဒီအကြောင်း ဘာမှ မသိထားဘူးလား"

"ခင်ဗျားတို့လည်း မပြောခဲ့ဘူးလေ"

သူ၏ မေးခွန်းကြောင့် မုတလုံမှာ ငိုရအခက် ရယ်ရအခက် ဖြစ်သွားပြီး အောက်ပါအတိုင်း ရှင်းပြပေးခဲ့၏။ ငရဲကိုးထပ်တိုက်ပွဲကို နားခိုရာဂိုဏ်းသည် ဆယ်နှစ်တစ်ကြိမ် ကျင်းပပြီး ဆယ်နှစ်သက်တမ်း အုပ်ချုပ်သူတစ်ယောက်ကို ရွေးချယ်လေ့ရှိသည်။ အကျိုးကျေးဇူးအနေဖြင့် တစ်ဖက်ပိတ်လောကကြီးဖြစ်သော ငရဲကိုးထပ်အပြင်ရှိ အခြားကမ္ဘာများနှင့် ပုံမှန်အချိန်တွင် ဆက်ဆံခွင့်မရှိဘဲ အုပ်ချုပ်သူ ငရဲသည်သာ အရင်းအမြစ်များ ရောင်းဝယ်ဖောက်ကားနိုင်သည်ဖြစ်ရာ အကျဥ်းထောင်တစ်ခုဖြစ်ကြောင်း ပိုမို သိသာထင်ရှားလာ၏။ အကျဥ်းထောင်အတွင်း နေထိုင်သူများအတွက် အပြင်လောကရှိ အရင်းအမြစ်များကို ရယူနိုင်ရေးက အရေးကြီးပြီး သို့မဟုတ်လျှင် ကျင့်ကြံရေးလမ်းကြောင်း ရပ်တန့်သွားနိုင်သည်။

ထို့အပြင် အုပ်ချုပ်ခွင့်ရထားသော ငရဲသည် ငရဲကိုးထပ်ရှိ မည်သူမှ မပိုင်ဆိုင်သော ဒေသများတွင် ဆေးပင်များ ရှာဖွေခွင့်ရပြီး ဆယ်နှစ်ဆိုသော သက်တမ်းမှာ အင်အားမြင့်တက်လာရန် လုံလောက်၏။ ပို၍ အရေးကြီးသည်မှာ အုပ်ချုပ်သူသည် အခြားငရဲများထံမှ အခွန်ကောက်ခွင့်ရှိပြီး ထာဝရဓားအကျဥ်းထောင်ကဲ့သို့ လူဦးရေ နည်းပါးလျှင်ပင် ပမာဏ များပြားလှသည်။ ဤအကျိုးကျေးဇူးများကို ဆုံးဖြတ်သည်မှာ နားခိုရာဂိုဏ်းဖြစ်ပြီး ငရဲကိုးထပ်တိုက်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိဘဲ ဒိုင်သဘောဖြင့်သာ ကြီးကြပ်ပေး၏။ နားခိုရာဂိုဏ်းသည် ငရဲရှစ်ထပ်အကြား အကျိုးကျေးဇူးဖြင့် မက်လုံးပေးကာ အချင်းချင်း ယှဥ်ပြိုင်နေစေရန် အကွက်ချထားခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် စစ်ပွဲများ အကြီးအကျယ် ဖြစ်ပွားလာနိုင်ပြီး ငရဲကိုးထပ်မှာ ခဏအတွင်း ပျက်စီးသွားနိုင်၏။

"အရင်အုပ်ချုပ်သူက ဘယ်သူလဲ"

ယွမ်ရှောင်က စပ်စုသည်။

"အဆောင်ဧကရာဇ်"

မုကျန်းတန်းက အဖြေပေးလိုက်ပြီး ဤနှစ်များအတွင်း ကပ်ဘေးတံဆိပ်ငရဲ သန်မာလာသော အကြောင်းပြချက်ပင်။ ထာဝရဓားအကျဥ်းထောင်သည် အုပ်ချုပ်သူ မဖြစ်သည်ခဲ့မှာ ကြာမြင့်နေကာ ရုန်းကျင့်ကြံသူများ၊ ယန်မိစ္ဆာများနှင့် ရေနတ်ဆိုးများက အကြိမ်ရေအများဆုံး အနိုင်ရဖူးကြသည်။

"အဆောင်ဧကရာဇ်ကို ဘယ်သူမှ ကြောက်လန့်မနေကြပါလား"

ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။

"ငရဲကိုးထပ်အကြားမှာ ခွန်အားချင်း မကွာခြားဘူး။ အဆောင်ဧကရာဇ်က ဆယ်နှစ်လောက် အရင်းအမြစ်တွေ သိမ်းပိုက်နိုင်ခဲ့ပေမယ့် အစစ်အမှန် ဘုရင်မဟုတ်ဘူးလေ။ နားခိုရာဂိုဏ်းသာ ဟန်ချက်ညီအောင် မထိန်းပေးခဲ့ရင် ကပ်ဘေးတံဆိပ်ငရဲလည်း စစ်ပွဲကို မကျော်လွှားနိုင်ဘူး"

မုကျန်းတန်းက နားလည်လွယ်စေရန် ရှင်းရှင်းလင်းလင်း ထောက်ပြလိုက်၏။ ငရဲကိုးထပ်တိုက်ပွဲကို အနိုင်ရခြင်းသည် ငရဲကိုးထပ်၏ အစစ်အမှန် အုပ်ချုပ်သူ ဖြစ်လာမည် မဟုတ်ဘဲ အောင်မြင်သူအတွက် အနာဂတ်ကောင်းတစ်ခုသည် ဆယ်နှစ်အထိသာ သက်တမ်းရှည်ပေလိမ့်မည်။ သို့ရာတွင် ယွမ်ရှောင်အတွက် အခြားငရဲများ၏ အခွန်ပမာဏသည် မက်လောက်စရာဖြစ်နေသောကြောင့် အနိုင်ယူရန် ဆုံးဖြတ်လိုက်ပြီး ဆယ်နှစ်အကြာတွင် ကပ်ဘေးတံဆိပ်ငရဲမှာ အလွန်ကြွယ်ဝချမ်းသာလာခဲ့သည် မဟုတ်ပါလော။ အကယ်၍ ကပ်ဘေးတံဆိပ်ငရဲသာ နောက်တစ်ကြိမ် အနိုင်ရသွားလျှင် ကုချင်ကန်သည် အခြေအနေကို အခွင့်ကောင်းယူကာ ထာဝရဓားအကျဥ်းထောင်အား လက်အောက်သို့ သွတ်သွင်းပေလိမ့်မည်။

"တိုက်ပွဲရဲ့ စည်းမျဥ်းက ဘာတွေလဲ"

"တိုက်ပွဲတိုင်းကို နားခိုရာဂိုဏ်းက ဆုံးဖြတ်တယ်။ အတိအကျ မရှိဘူး။ တစ်ခုတော့ သေချာတယ်။ နားခိုရာဂိုဏ်းဟာ ဘယ်တော့မှ ဘက်မလိုက်ခဲ့ဘူး"

နားခိုရာဂိုဏ်း၏ ဖြောင့်မတ်မှန်ကန်မှုသည် ငရဲရှစ်ထပ်ကို ရလဒ်အား ကျေနပ်စေခဲ့ပြီး စိတ်တိုင်းမကျလျှင် နတ်ဆိုးများ၊ မိစ္ဆာများနှင့် လူသားများက ပုန်ကန်ခဲ့ပေလိမ့်မည်။ ဤသို့ဖြင့် ဓားကျင့်ကြံသူအုပ်စုသည် ကြီးမားလှသော အနက်ရောင်အဆောက်အအုံ၏ တံတိုင်းများထံ ရောက်လာခဲ့ပြီး ဓားအပျက်အစီးနယ်မြေ၏ တောင်ထိပ်များထက် ပို၍ မြင့်မားနေခဲ့သည်။

"ဒါက နားခိုရာဂိုဏ်းရဲ့ ဓားကျင့်ကြံသူ မိုကျန်းကျီပဲ။ သူ့ခွန်အားကို ဘယ်သူမှ အတိအကျ မသိဘူး။ သေချာတာတစ်ခုကတော့ ဘယ်အချိန်တွေ့တွေ့ ဒီလူက အသက်ကြီးရင့်လာပုံ မရဘူး"

မုကျန်းတန်းသည် သူတို့ကို စောင့်ကြိုရန် ရောက်ရှိနေသော ပုံရိပ်တစ်ခုကို ညွှန်ပြ၍ ယွမ်ရှောင်အား မိတ်ဆက်လိုက်သည်။

"ငါ မိုကျန်းကျီက ထာဝရဓားအကျဥ်းထောင်ရဲ့ တာအိုရောင်းရင်းတွေကို ကြိုဆိုပါတယ်"

တစ်ကိုယ်လုံး ထူးထူးခြားခြား ဖြူဖျော့၍ အသက်မဲ့သော မျက်ဝန်းများ ပိုင်ဆိုင်ထားသောကြောင့် အလောင်းတစ်ယောက်နှင့် တူညီသည့် ဓားကျင့်ကြံသူက စကားဆိုလာခဲ့၏။

"အစ်ကိုမို လာရောက်ကြိုဆိုပေးတာ ကျေးဇူးတင်ပါတယ်"

"ဒီတစ်ခေါက် ဓားကျင့်ကြံသူတွေက အလင်းဝင်ပေါက်က ဝင်ရောက်ရလိမ့်မယ်"

မုကျန်းတန်းက ရိုရိုသေသေဖြင့် ပြန်လည်နှုတ်ဆက်လိုက်သောအခါ မိုကျန်းကျီသည် သိုလှောင်အိတ်တစ်ခု ကမ်းပေးလာခဲ့သည်။ ငရဲကိုးထပ်တိုက်ပွဲသည် ရှစ်ထောင့်သဏ္ဍာန် နယ်မြေတစ်ခုတွင် ကျင်းပပြီး ဝင်ပေါက်ရှစ်ခု တည်ရှိကာ ငရဲတစ်ထပ်ချင်းစီသည် ခြားနားသော ဝင်ပေါက်တစ်ခုစီမှ ဝင်ရောက်ကြရသည်။ ထို့နောက် သူက အလင်းဟု ရေးထွင်းထားသော တံဆိပ်ပြားများကို သိုလှောင်အိတ်အတွင်းမှ ထုတ်ယူကာ ဓားကျင့်ကြံသူများထံ ခွဲဝေပေးလိုက်၏။ ယွမ်ရှောင်က ထိုတံဆိပ်ပြားကို လက်ဖြင့် ချိန်ဆကြည့်ပြီးနောက် တိုက်ပွဲ၌ အရေးပါသောကြောင့် ခါးတွင် ချိတ်ဆွဲထားလိုက်သည်။

"ဒါက သခင်လေးယွမ်လား"

မိုကျန်းကျီက အသက်မဲ့သော မျက်လုံးများဖြင့် တစ်ချက်စိုက်ကြည့်လာသောအခါ ယွမ်ရှောင်သည် အပြုံးဖြင့်သာ တုံ့ပြန်လိုက်၏။ ထို့နောက် သူက ဓားကျင့်ကြံသူများကို အလင်းဝင်ပေါက်ထံ ခေါ်ဆောင်သွားသောအခါ ၎င်းဝင်ပေါက်သည် မီးလျှံများ တဟုန်းဟုန်းတောက်လောင်၍ အစစ်အမှန် ငရဲပြည်နှင့် မခြားပေ။

"အစ်ကိုမို ငရဲကိုးထပ်တိုက်ပွဲက ဘာကြောင့် အချိန်စောပြီး ကျင်းပလိုက်ရတာလဲ"

"ရှေးဟောင်းနယ်​မြေက စောစောရောက်လာလို့ပဲ"

မိုကျန်းကျီ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားကာ တစ်လုံးချင်း ဖြေလိုက်သဖြင့် မုကျန်းတန်းမှာ အံ့သြတကြီး ဖြစ်သွားဟန်ဖြင့် ရေရွတ်လိုက်မိ၏။

"မရေမတွက်နိုင်တဲ့ လောကတွေကြားမှာ လှေတစ်စင်းလို လှည့်ပတ်သွားလာနေတဲ့ အပျက်အစီး နယ်မြေကြီးလား"

"မှန်တယ်"

မိုကျန်းကျီက အတည်ပြုပေးလိုက်သောအခါ ငရဲကိုးထပ်တိုက်ပွဲ အနိုင်ရသူမှာ ထိုနယ်မြေထံ သွားရောက်နိုင်သော အခွင့်အရေး ရှိကြောင်း သိနိုင်သည်။

"ရှေးဟောင်းနယ်မြေ"

ထိုစကားလုံးများကို ကြားနေရသော ယွမ်ရှောင်အတွက် နားခိုရာဂိုဏ်း၏ အခြားနာမည်တစ်ခုဖြစ်သော အင်မော်တယ်အပျက်အစီးနယ်မြေနှင့် ဆက်စပ်စဥ်းစားလိုက်သောအခါ ဆက်နွယ်မှု ရှိနေပုံပေါ်သည်။ ပို၍ အရေးကြီးသည်မှာ ရှေးဟောင်းနယ်မြေသည် ဘိုးဘေးနတ်ဘုရားများနှင့် ဆက်နွယ်နေဟန် ရသောကြောင့် သူက လက်ထဲရှိ ဝိညာဥ်ကျောက်လေးကို ပွတ်သပ်နေခဲ့မိလေသည်။

"ငါ ချန်ရီကို သတိရတယ်"

All Chapters