← Chapters

ပထမဆုံး စစ်သည်တော် ခုနစ်ယောက်

Vol. 26 Ch. 333

ပထမဆုံး စစ်သည်တော် ခုနစ်ယောက်

Vol. 26 Ch. 333

ယွမ်ရှောင်၏ စိန်ခေါ်ချက်သည် ဆူညံနေသော အုပ်စုများအတွင်း မိုးကြိုးပမာ ကျဆင်းသွားကာ ဓားကျင့်ကြံသူများ အားလုံး လက်လျှော့သွားသော်လည်း သူတို့ အသတ်ချင်ဆုံး အင်မော်တယ်လူဝင်စား ရှေ့ထွက်လာမည်ဟု ထင်မထားကြပေ။ ကျင့်ကြံသူတစ်သောင်းကျော်က အကြည့်ချင်းဖလှယ်၍ စကားများများ ပြောစရာမလိုဘဲ အချင်းချင်း သဘောတူလိုက်ကြပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေကြသည်။ လူသားတစ်ယောက်တည်းက ငရဲကိုးထပ်၏ အစွမ်းထက်ကျင့်ကြံသူများကို စိန်ခေါ်လိုက်သောအခါ အုပ်ချုပ်သူကိုယ်စီသည် မည်သူအား တိုက်ခိုက်ခိုင်းရမည်ကို ချက်ချင်း ဆွေးနွေးလိုက်ကြ၏။ သူတို့၏ ပစ်မှတ်ကို သတ်ဖြတ်ရန် အရေးကြီးသောကြောင့် အစွမ်းအထက်ဆုံး ကံပင်လယ်နယ်ပယ် ကျင့်ကြံသူများကို စေလွှတ်မည်ဖြစ်သည်။

အဆုံးမဲ့ငရဲပြည်တွင် ယင်မိစ္ဆာများက ချန်ရှီထံ လှည့်ကြည့်လာပြီး စစ်မင်းသမီး အမိန့်ပေးခဲ့သည်။

"ရှင်သွားလိုက်"

"သတ်ရမှာလား"

ချန်ရှီက ယွမ်ရှောင်ကို တစ်ချက်လှမ်းကြည့်၍ ယင်မိစ္ဆာဘုရင်ထံ တီးတိုးမေးလာခဲ့၏။

"နင့်မေကြီးတော်ကို သတ်လိုက်"

သို့ရာတွင် စစ်မင်းသမီးက ဝင်ရောက်ငေါက်ငမ်းလိုက်သောကြောင့် မိစ္ဆာဘုရင်အပါအဝင် ယင်မိစ္ဆာများ ဆွံ့အကုန်သည်။ အချိန်မရှိသောကြောင့် ကျန်ငရဲများသည်လည်း စစ်သည်တော်အသီးသီး ရွေးချယ်လိုက်ကြပြီး ရှေးဟောင်းနတ်ဆိုးငရဲမှ အသန်မာဆုံး ကံပင်လယ်နယ်ပယ် ကုန်းနတ်ဆိုးအဖြစ် ချင်ကဲ ထွက်လာခဲ့သည်။ ငယ်ရွယ်၍ အစွမ်းထက်ကာ ကျော်ကြားသော ကျင့်ကြံသူငါးယောက်လည်း အသီးသီး ရှေ့တက်လာကာ နံပတ်တစ် တံဆိပ်ပြားများ တိတ်တဆိတ် လဲလှယ်လိုက်ကြသည်။ ကပ်ဘေးတံဆိပ်ငရဲမှ ဖုရင်၊ နေမင်းငရဲမှ တောက်လောင်စစ်သည်၊ တမလွန်ပင်လယ်မှ အရိပ်နက် စသော တစ်ယောက်ချင်းစီသည် သက်ဆိုင်ရာငရဲများ၏ အနာဂတ်အုပ်စိုးသူ အလောင်းအလျာများ ဖြစ်ကာ ချင်ကဲနှင့် ချန်ရှီထက် ခြိမ်းခြောက်နိုင်စွမ်း မြင့်မားလှ၏။ အစွမ်းအထက်ဆုံးနှင့် အရက်စက်ဆုံး စစ်သည်များ ရှေ့ထွက်လာပြီဖြစ်ရာ ယွမ်ရှောင် မသေမချင်း ရပ်တန့်ကြမည့်သူများ မဟုတ်ချေ။

ဓားကျင့်ကြံသူများသည် ယွမ်ရှောင် တိုက်ခိုက်မည်ဟု မျှော်လင့်မထားသောကြောင့် တခြားငရဲများမှ အသန်မာဆုံး ကံပင်လယ် နယ်ပယ်များ ထွက်လာသောအခါ စိုးရိမ်စပြုလာသည်။

"သခင်လေးယွမ် ဒီခုနစ်ယောက်ရဲ့ ခွန်အားအကြောင်း ရှင်းပြပေးမယ်"

"မလိုအပ်ဘူး"

မုတလုံ၏ စိုးရိမ်မှုကို ယွမ်ရှောင်က လက်ကာပြလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် တိုက်ပွဲစင်မြင့်အပေါ် ပျံတက်သွားကာ အလင်းနေရာ၌ မားမားမတ်မတ် ရပ်နေခဲ့သည်။

"လာပြီး အသေခံစမ်း"

သူက လက်နှစ်ဖက် နောက်ပစ်၍ ထိုစစ်သည်ခုနစ်ယောက်ကို ဝေ့ကြည့်၍ စိန်ခေါ်လိုက်သောအခါ မောက်မာလွန်းသောကြောင့် ထိပ်တန်းကျင့်ကြံသူများ ဒေါသတကြီး ဖြစ်ကုန်သည်။

"သူ့ကို သတ်ပြီး ငြိမ်းချမ်းရေး ယူကြ"

လနတ်သား၏ အော်သံက ကျင့်ကြံသူများအကြား ဟိန်းထွက်သွားပြီး ထောက်ခံသူများကြောင့် ပိုမိုကျယ်လောင်လာခဲ့သည်။ စစ်မင်းသမီးသည် ခေါင်းယမ်းလိုက်မိပြီး ဆူညံပေါက်ကွဲနေသော ကျင့်ကြံသူများကို စိတ်ပျက်စွာ ကြည့်နေခဲ့သည်။ လနတ်သားသည် ယွမ်ရှောင်အပေါ် ရန်လိုစိတ်မြင့်တက်လာစေရန် မွှေနှောက်ပစ်ခဲ့ပြီး နားခိုရာဂိုဏ်းအတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်နေသည်။ ငရဲကိုးထပ်၏ ထိပ်တန်းကျင့်ကြံသူများသည် သူ၏ သေခြင်းတရားကို မျှော်လင့်နေကြပြီး စစ်သည်ခုနစ်ယောက်မှာလည်း တိုက်ပွဲစင်မြင့်အထက်ရှိ သက်ဆိုင်ရာ နေရာများသို့ တက်ရောက်လာကြ၏။

"ပထမတိုက်ပွဲ စတင်မယ်"

မိုကျန်းကျီသည် တိုက်ပွဲစင်မြင့်ကို ချိတ်ပိတ်၍ ကြေညာလိုက်ပြီး စစ်သည်တော်ခုနစ်ယောက်၏ သတ်ဖြတ်လိုစိတ်မှာ ကျောချမ်းဖွယ်ဖြစ်သည်။

ရုန်းကျင့်ကြံသူများ၏ ကိုယ်စားပြုဖြစ်သော ဖုရင်သည် မျက်ဝန်းများအတွင်း ရုန်းများ ရေးထွင်းထားကာ နဖူးအထက်တွင် ပုံရိပ်ယောင်အမှတ်အသားတစ်ခု ပိုင်ဆိုင်ထား၏။ သူမက အဆောင်ဧကရာဇ်၏ ညီမဖြစ်ကာ လှည့်စားမှုနှင့် သက်ဆိုင်သော အသက်တံဆိပ်ကို ပိုင်ဆိုင်ထားပြီး ကိုယ်ပျောက်နိုင်စွမ်းဖြင့် ငရဲကိုးထပ်၏ ထိပ်တန်းလုပ်ကြံသူလည်း ဖြစ်သည်။ ထိုအချိန်တွင် သူမသည် လေထုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသောကြောင့် ကျင့်ကြံသူပေါင်းများစွာ တအံ့တသြ ဖြစ်ကုန်သည်။

"သူမ ကိုယ်ပျောက်သွားပြီ"

"ဘယ်သူမှ တည်နေရာကို အာရုံမခံနိုင်ဘူး"

"ယွမ်ရှောင်ကတော့ အဆုံးသတ်ကို ရောက်ရတော့မယ်"

"တောက်လောင်စစ်သည်နဲ့ အရိပ်နက်က တိုက်ခိုက်ရေးမှာ ဖုရင်ထက်တောင် ပိုပြီး ကြမ်းတမ်းသေးတယ်။ ချန်ရှီ၊ ရီဖေးလန်၊ ချင်ကဲနဲ့ အောင်းကျစ်တို့ကလည်း လျှော့တွက်လို့ မရဘူး"

ဤလူစာရင်းဖြင့်ဆိုလျှင် ငရဲကိုးထပ်၏ ကံပင်လယ်နယ်ပယ်တိုင်းကို သတ်ဖြတ်နိုင်ပြီး တစ်ယောက်ချင်းစီသည် ကျော်ကြားသော ကျင့်ကြံသူများ ဖြစ်ကြ၏။ ဖုရင်ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် ကျန်စစ်သည် ခြောက်ယောက်က အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားကြစဥ် လက်ရှစ်ဖက် မိကျောင်းနဂါး အောင်းကျစ်သည် ချက်ချင်း လှုပ်ရှားလာခဲ့သည်။ သူက မိကျောင်းနှင့် နဂါး မျိုးစပ်သားရဲတစ်ကောင်အဖြစ် အသွင်​ပြောင်းကာ ကျောအထက်တွင် ချွန်ထက်သော ဆူးချွန်များနှင့် အကြေးခွံများ တည်ရှိ၍ ကြီးမားတုတ်ခိုင်သော အမြှီးတစ်ချောင်း ပိုင်ဆိုင်ထား၏။ ကြောက်စရာကောင်းသည်မှာ လက်သည်းကြီးများနှင့် ပြင်းထန်သော မိကျောင်းလက် ရှစ်ဖက်ဖြစ်ကာ တွားသွားလာရုံဖြင့် မီးပွားများ ဖြာထွက်နေသည်။ နတ်ဆိုးအရှိန်အဝါသည် မိကျောင်းကြီး၏ ကိုယ်တွင်းမှ ထွက်ပေါ်နေပြီး ယွမ်ရှောင်ထံ လှိုင်းလုံးကြီးပမာ တိုးဝင်လာနေသည်။

"အောင်းကျစ်က အရင် တိုက်ခိုက်ဖို့ ကြံနေပြီ"

"မှန်တယ်။ ရုပ်ခွန်အားသက်သက်ဆိုရင် သူက သန်မာလွန်းတယ်"

ကြမ်းကြုတ်သော အသွင်အပြင်ကြောင့် သူက ကျန်ခြောက်ယောက်အပေါ် အရိပ်မိုးသွားကာ မျိုးစပ်နဂါးတစ်ထောင်ကျော်သည် သွေးဆာစွာ အော်ဟစ်အားပေးနေကြ၏။

"ဒီကောင့်ကို စုတ်ဖြဲပစ်"

လျှပ်တပြက်အတွင်း အောင်းကျစ်သည် အနားရောက်လာကာ မိကျောင်းလက်ကြီးများဖြင့် ယွမ်ရှောင်၏ ဦးခေါင်းကို လှမ်းပုတ်လိုက်သည်။ လေထုပင် ဘုန်းခနဲ ပေါက်ကွဲသွားကာ မျိုးစပ်နဂါးတစ်ကောင်၏ ခွန်အားကို ကျင့်ကြံသူများ ရှေ့မှောက်တွင် ပြသလိုက်၏။

"ရေပုတ်သင်တစ်ကောင်က ကြီးကျယ်လှချည်လား"

ယွမ်ရှောင်သည် နဂါးမိကျောင်းကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ရန်သူများ သွေးဆာနေသောကြောင့် ဖြည့်ဆည်းပေးမည်ဖြစ်ရာ ကိုယ်ပိုင်သွေးတော့ မဟုတ်ပေ။ ကပ်ဘေးတံဆိပ်ငရဲမှ လွဲလျှင် အခြားငရဲများနှင့် ရန်ငြှိုးရန်စ နည်းပါးသော်လည်း တစ်ယောက်ချင်းစီသည် သူ့အပေါ် သတ်ဖြတ်လိုစိတ် မြင့်မားနေသည်ဖြစ်ရာ အလွန်ဒေါသထွက်နေပြီး အောင်းကျစ်ဖြင့် သင်ခန်းစာ ပြရပေလိမ့်မည်။

"ဒီကောင်နဲ့ စလိုက်ကြတာပေါ့"

ဓားအော်ရာတစ်သောင်းကျော်နှင့် ဓားစက်ကွင်းခုနစ်ခု တပ်ဆင်ထားသော ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်က သူ၏ လက်အတွင်း ထွက်ပေါ်လာကာ ဓားမြှောင်တစ်လက်အဖြစ် ပြောင်းလဲသွား၏။ ဓားစွမ်းအင်နှင့် နတ်ဆိုးစွမ်းအင်သည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ ဓားစက်ကွင်းပိုင်ရှင် နတ်ဆိုးပုံရိပ်များ အသက်ဝင်လာသကဲ့သို့ ထင်မှတ်ရပြီး တိတ်ဆိတ်သော်လည်း သေစေနိုင်သော ဓားမြှောင်တစ်လက် ပြေးထွက်လာခဲ့သည်။ သို့ရာတွင် ထိုလျင်မြန်သော ဓားမြှောင်အပေါ် ယွမ်ရှောင်သည် ဓားပညာရပ်များကို အနုပညာများအဖြစ် ပေါင်းစပ်ထားခဲ့၏။ မျက်တောင်တစ်ခတ်အတွင်း ဓားအလင်း ရှစ်ဆယ့်ကိုးခု ထွက်ပေါ်လာကာ ဓားအစီအရင်တစ်ခု အဖြစ် ပေါင်းစပ်သွား၏။ ၎င်းသည် ဘိုးဘေးသင်္ချိုင်းမှ အမွေဆက်ခံလာသော ခက်ခဲလွန်းသည့် သိုင်းကွက်တစ်ခု ဖြစ်သော်လည်း သူက ကျွမ်းကျင်စွာ အသုံးချနိုင်နေသည်။ ဓားအလင်းတစ်ခုစီသည် ကုမျိုးနွယ် ဝိညာဥ်ဓားသိုင်း၏ အမြစ်မဲ့မြက် ဓားချက်ကို ဖော်ထုတ်နေပြန်သည့်အပြင် ထိုက်ကျိကားချပ်ကိုယ်စီ သယ်ဆောင်လာသောကြောင့် ဓားမြှောင်သိုင်းကွက်သုံးခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်ခံလိုက်ရခြင်းပင်။

ဤမျှဖြင့် ပြီးဆုံးမသွားဘဲ လင်းချန်၏ လေဟာနယ်ဓားသိုင်းအတိုင်း ဓားမြှောင်သည် လေထုအတွင်း ထိုးဖောက်ဖြတ်သန်းသွားကာ အောင်းကျစ်၏ ရှေ့သို့ ခဏအတွင်း ရောက်ရှိလာခဲ့သည်။

"ဘာလဲဟ"

သူက အလန့်တကြားဖြင့် မျက်လုံးကဲ့သို့ သေကွင်းသေကွက်များကို ကာကွယ်ရန် ဝပ်ချလိုက်သော်လည်း ယွမ်ရှောင်ထံ ဆက်လက် တွားသွားနေဆဲ ဖြစ်သည်။

"ဝုန်း"

ထို့နောက် သူက ကျောအထက်ရှိ အကြေးခွံများကို ပစ်ခတ် ဖောက်ခွဲလိုက်ပြီး မျက်စိကျိန်းစပ်လောက်သော အလင်းတန်းများအကြား ယွမ်ရှောင် နစ်မြုပ်သွား၏။ ဓားပိုင်ရှင် သေဆုံးသွားလျှင် ဓားမြှောင်ကို ကြောက်စရာမလိုတော့သဖြင့် သူက အလောင်းကို ဝါးမျိုရန် ခေါင်းမော့လိုက်သည်။

"ဟင်"

ထိုအချိန်တွင် ဓားမြှောင်သည် ရုတ်တရက် ပျောက်ကွယ်သွားကာ ပါးစပ်အတွင်း ထိုးဖောက်ဝင်ရောက်၍ တရကြမ်း ဖျက်ဆီးနေသောကြောင့် သားရိုင်းကြီးပမာ ထင်မှတ်ရသည်။ အောင်းကျစ်သည် နေရာ၌ ရပ်တန့်သွားကာ လည်ချောင်းအတွင်း မွှေနှောက်နေသော ဓားမြှောင်ကြောင့် မျက်နှာထား ရှုံ့မဲ့သွား၏။ သူက နာကျင်စွာ ပါးစပ်ဟ၍ အော်လိုက်သောအခါ ခံတွင်းတစ်ခုလုံး မွစာကြဲနေအောင် ခုတ်ထစ်ခံထားရပြီး ယွမ်ရှောင်မှာမူ အကြေးခွံတိုက်ကွက်ကို သာသာယာယာ ရှောင်တိမ်းသွားခဲ့သည်။ မိကျောင်းခံတွင်းမှ သွေးများ ​တရစပ် စီးကျနေကာ တစ်ကိုယ်လုံး တွန့်လိမ်နေစဥ် ခန္ဓာကိုယ်အနှံ့မှ အလင်းရောင်များ ဖြာထွက်၍ ပေါက်ကွဲသံများနှင့်အတူ ဝမ်းဗိုက်မှာ ဟောင်းလောင်းပေါက်ဖြစ်သွားပြီး အတွင်းအင်္ဂါများ ထွက်ကျကုန်သည်။

"ဘာ...ဘာဖြစ်သွားတာလဲ"

အောင်းကျစ်သည် အဖြူရောင်ဝတ်လူငယ်ကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေရင်း တစ်ဖက်သို့ ဇက်ကျိုးကျ၍ အဆုံးသတ်သွားခဲ့၏။

"အောင်းကျစ် သေပြီ"

တိုက်ပွဲဝင်ခြောက်​ယောက်၏ မျက်နှာထားများ လေးနက်သွားကာ နားခိုရာဂိုဏ်းတစ်ခုလုံး တိတ်ကျသွား ကျင့်ကြံသူတစ်သောင်းကျော်မှာ အောင်းကျစ်၏ အဖြစ်ကြောင့် အချိန်ကြာမြင့်စွာ ဆွံ့အနေသည်။ ရေနဂါးပင်လယ်၏ မျိုးစပ်နဂါးများသည်လည်း ကိုယ့်မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ အရှက်ရသွားပြီး ဒေါသထွက်ချင်သော်လည်း ယွမ်ရှောင်၏ဓားမြှောင်နှင့် ကြုံတွေ့ရလျှင် အောင်းကျစ်နည်းတူ အဆုံးသတ်မည်ဖြစ်ရာ ကုပ်နေရ၏။ ငရဲရှစ်ထပ်၏ ကျင့်ကြံသူများသည် အမည်ခံဓားအင်မော်တယ်၏ အစစ်အမှန် စွမ်းအားကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်လိုက်ရပြီဖြစ်သည်။ တစ်ဖက်လူသည် အစွမ်းထက်စစ်သည်တော် တစ်ယောက်ကို ပုရွက်ဆိတ်တစ်ကောင်ပမာ သဘောထား၍ ပေါ့ပေါ့ပါးပါး သတ်ပြသွားသည့်အပြင် ဓားဝိညာဥ်ကို ဦးခေါင်းခွံအတွင်း ထိုးစိုက်၍ နတ်ဆိုးအရိုးအား ပေါ်တင် စုပ်ယူနေခဲ့သည်။

"သေချင်နေတာလား"

နတ်ဆိုးများက ဒေါသူပုန်ထသွားပြီး မျိုးစပ်နဂါးများမှာလည်း လက်မခံနိုင်ဖွယ် လုပ်ရပ်ကြောင့် ဗြောင်းဆန်နေကြသည်။ ယွမ်​ရှောင်သည် ခုနစ်ယောက် တစ်ယောက် တိုက်ခိုက်ရဲသည့်အပြင် လူပုံအလယ် အောင်းကျစ်၏ နတ်ဆိုးအရိုးကို ဝါးမျိုနေသည်အထိ အကန့်အသတ် မရှိပေ။ ဤသည်မှာ သူ့အပေါ် ရန်ငြှိုးရန်စမရှိဘဲ သတ်ဖြတ်ချင်လျှင် ပေးဆပ်ရမည့် တန်ဖိုးပင်။

"သူ့ကို သတ်ကြ"

ကျင့်ကြံသူတစ်သောင်းကျော်၏ ကြုံးဝါးသံများက ကျန်စစ်သည်ခြောက်ယောက်ထံ ဖိအားများပမာ လွင့်ပျံလာခဲ့လေသည်။.

All Chapters