လနှင့်ဖိနှိပ်ခြင်း
Vol. 16 Ch. 232
“သေစမ်း..”
ကျန်းရွှမ်ထုံနှင့် ကျီအိမ်တော်၏ အကြီးအကဲများသည် သွေးမျိုးနွယ်၏ အဆင့်ငါးကျင့်ကြံသူများကို ပြန်လည်တိုက်ခိုက်နေကြပြီဖြစ်သည်။ သွမ့်မုယီနှင့် သွမ့်မုလီတို့သည်လည်း ဝင်ရောက်တိုက်ခိုက်နေကြပြီဖြစ်၏။ ဟွမ်းရှန့်နန်းတော်၏ အကူအညီသည် သူတို့အတွက် များစွာ အသက်ရှုချောင်စေခဲ့သည်။
လုရှင်းယန်တို့သည် အဆင့်သုံးကျင့်ကြံသူများကို တိုက်ခိုက်နေပြီး သူတို့၏ သာလွန်သည့် စွမ်းရည်များသည် သတ်ဖြတ်မှုများပင် ပြုလုပ်နေနိုင်၏။
လုရှင်းယန်သည် သူ၏ စွမ်းအားကို အကုန်စင်ထုတ်ဖော်ထားခြင်း မရှ်သော်လည်း သွေးမျိုးနွယ်၏ အဆင့်နိမ့်ကျင့်ကြံသူများသည် သူ၏ လှံချက်များကို မတားဆီးနိုင်ချေ။
ပိုင်ကျန့်ယွီသည် တိမ်လွှာဓားနှင့်အတူ သွေးမျိုးနွယ်များအား မြက်ရိတ်သကဲ့သို့ ပိုင်းဖြတ်နေသည်။
လျှိုမင်ယွမ်သည် ရှုပ်ထွေးလှသည့် တိုက်ပွဲများကြားမှ သူ၏ ဆရာတူ အစ်ကို နှစ်ဦး ထိခိုက်မှုမရှိစေရန် သူ၏ စိတ်စွမ်းအင်များနှင့် စောင်ကြပ်ပေးနေသည်။
“ဒီနေ့မှာ မင်းကို ရအောင်သတ်မယ်..”
ရွှယ်ဝူယသည် ဒေါသတကြီး ကြိမ်းဝါးလိုက်၏။ ယွဲ့ဝူယောင်ကို ဖိအားပေးကာ တိုက်ခိုက်နေသော်လည်း သူမသည် မည်သည့်ဖိအားမျှ မခံစားရသည့်အလား ပေါ့ပေါ့ပါးပါး တိုက်ခိုက်နေသည်။
ရွှယ်ဝူယသည် သည်းမခံနိုင်တော့ပဲ သူ၏ သွေးစွမ်းအင်များကို တဟုန်ထိုး မြင့်တင်လိုက်တော့၏။
“သေစမ်း..”
ကြီးမားသည့် သွေးစွမ်းအင်ဓားကြီးနှင့် ယွဲ့ဝူယောင်ကို ခုတ်ပိုင်းလိုက်သည်။
“ချေဖြတ်စမ်း..”
ယွဲ့ဝူယောင်သည် ထိုသို့ရေရွတ်ရင်း လက်သင်္ကေတတစ်ခုကို အလျှင်အမြန်ပြုလုပ်ကာ ခရမ်းရောင် ရေခဲဆူးချွန်များကို ပစ်လွှတ်လိုက်၏။
“ဝုန်း..ဝုန်း..”
သူမ၏ များပြားလှသည့် ဆူးချွန်များသည့် သွေးစွမ်းအင်ဓားကြီးကို ချိုးဖြတ်ရန် ကြိုးစားနေသည်။
“အဲ့လောက်မလွယ်ဘူးကွ..”
ရွှယ်ဝူယသည် မာန်ဟုန်အပြည့်နှင့် ဟစ်ကျွေးရင်း လက်သင်္ကေတစ်ခု ပြုလုပ်လိုက်ပြန်သည်။ ထိုအချိန်တွင် ယွဲ့ဝူယောင်၏ အောက်ခြေမှ သွေးစွမ်းအင် ချိန်းကြိုးများသည် သူမကို ချုပ်နှောင်ရန် ပေါ်ထွက်လာ၏။
ယွဲ့ဝူယောင်သည် ရုတ်ချည်းဆိုသလို သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် လစွမ်းအင်များ ပေါ်ထွက်လာသည်။
“အေးခဲစမ်း..”
လစွမ်းအင်များကြောင့် ပတ်ဝန်းကျင်၏ အပူချိန်သည် လုံးဝပင် ကျဆင်းသွားပြီး လေထုသည်လည်း အေးခဲလာ၏။
ထို့နောက်တွင် သူမထံ ရောက်ရှိလာသည့် သွေးစွမ်းအင် ချိန်းကြိုးများသည် တဖြည်းဖြည်း အေးခဲသွားတော့သည်။
“ဖျတ်စီးစမ်း..”
“ခွမ်း..”
၎င်းတို့သည် ရေခဲများအသွင်သို့ပြောင်းလဲသွားကာ ချက်ချင်းပင် ကျိုးပြတ်သွား၏။ ထို့နောက် သူမထံ ရောက်ရှိလာသည် သွေးစွမ်းအင်ဓားကြီးသည်လည်း ပျက်ပြယ်သွားတော့သည်။
‘ဒီမိန်းကလေး..’
ရွှယ်ဝူယသည် အနည်းငယ် ထိတ်လန့်သွား၏။ သူသည် မည်သို့ပင် ယွဲ့ဝူယောင်ကို လျှော့မတွက်ခဲ့သော်လည်း သူမ၏ အစွမ်းအစသည် သူထင်ထားသည်ထင် ကျော်လွန်နေသည်။
“ဝုန်း..”
ရွှယ်ဝူယသည် တွေးတောချိန်မရတော့ချေ။ ယွဲ့ဝူယောင်၏ စွမ်းအင်ဓားရောက်ရှိလာသောကြောင့်ပင်။ သူမသည် အဆက်မပြတ် တိုက်ခိုက်လိုက်၏။ ထိုတိုက်ခိုက်မှုများသည် အပေါ်ယံတင် မဟုတ်ပဲ ရွှယ်ဝူယအား သတ်ဖြတ်ရန်အထိပင် လုံလောက်သည့်စွမ်းအင်များပါဝင်နေသည်။
“ငါ့ကို သတ်ချင်တာလား..၊ မလုံလောက်သေးဘူးကွ..”
ရွှယ်ဝူယသည် သူ၏ သွေးဓားကို ထုတ်ယူကာ တရကြမ်း ပြန်လည်တိုက်ခိုက်လိုက်သည်။
ယွဲ့ဝူယောင်၏ စွမ်းအင်ဓားသည် ရွှယ်ဝူယ၏ သွေးဓားကဲ့သို့ အစစ်အမှန်မဟုတ်ချေ။ ထို့ကြောင့် ရွှယ်ဝူယ၏ တရစပ်တိုက်ခိုက်မှုကို ကွယ်နေရင်း သူမ၏ စွမ်းအင်ဓားသည် အက်ကွဲလာတော့၏။
ရွယ်ဝူယ၏ အားမာန်အပြည့် တိုက်ခိုက်မှုအောက်တွင် သူမ၏ စွမ်းအင်ဓားသည် ပျက်စီးသွားတော့သည်။
“ခွမ်း..”
ယွဲ့ဝူယောင်တွင် လက်နက်မရှိတော့သည့်ကို ရွှယ်ဝူယသည် အခွင့်ကောင်းယူလိုက်၏။
သူ၏ သွေးစွမ်းအင်အချို့ကို လောင်ကျွမ်းစေကာ သွေးဓားတွင် စွမ်းအင်များကို စုစည်းလိုက်သည်။
ထို့နောက် ကြမ်းတမ်းသည် ဓားချက်တစ်ချက်ကို ထုတ်ဖော်ကာ ယွဲ့ဝူယောင်ထံ ဦးတည်စေ၏။
“သွေးနဲ့ သုတ်သင်ခြင်း..”
“အစ်မကြီးသတိထား..”
လုရှင်းယန်တို့သည့် အဆင့်သုံးကျင့်ကြံသူများနှင့် တိုက်ခိုက်နေရင်း ယွဲ့ဝူယောင်ကို သတိပေးလိုက်၏။
ရွှယ်ဝူယ၏ ဓားချက်သည် ပြင်းထန်လွန်းသောကြောင့်ပင်။ ထို့အပြင် ရွှယ်ဝူယ၏ ဓားချက်သည် မြန်ဆန်လွန်းနေသည်။
ယွဲ့ဝူယောင်၏ အကြည့်များသည် ပို၍ အေးစက်လာ၏။ သူမသည် ချက်ချင်းဆိုသလို လက်သင်္ကေတတစ်ခုကို အလျှင်အမြန်ပြုလုပ်လိုက်ရသည်။
“တားဆီးခြင်း..”
ယွဲ့ဝူယောင်၏ ရှေ့ရှိလေဟာနယ်သည် ချက်ချင်းဆိုသလို အေးခဲသွားပြီး ထိုဓားချက်၏ လာရာလမ်းကို ပိတ်ဆို့လိုက်၏။
“ဝုန်း..”
“ခွမ်း..”
သို့သော် ရွှယ်ဝူယသည် သွေးစွမ်းအင်အချို့ လောင်ကျွမ်းစေခဲ့သောကြောင့် ယွဲ့ဝူယောင်သည် အပြည့်အဝ မတားဆီးနိုင်ခဲ့ချေ။
သူမ၏ ရေခဲအလွှာသည် ပြိုကွဲသွားပြီး ရွှယ်ဝူယ၏ ဓားချက်သည် သူမ၏ လက်မောင်းကို ထိမှန်သွားခဲ့သည်။ ထိုအရာသည် သူမ အလျှင်မြန် ရှောင်တိမ်းနိုင်ခဲ့ခြင်းကြောင့်သာ။ မဟုတ်လျှင် သူမကိုယ်တိုင်ပင် ဒဏ်ရာအပြင်း အထန် ရရှိပေတော့မည်။
“ကောင်းပြီ..၊ မင်းဘယ်နှစ်ခါ ရှောင်တိမ်းနိုင်မလဲ ကြည့်မယ်..”
ရွှယ်ဝူယသည် ဓားချက်များကို ဆက်လက်ထုတ်ဖော်ရန် ပြင်ဆင်လိုက်သည်။
သို့သော် သာမန်ထက် လွန်ကဲသည် အေးခဲလာမှုကြောင့် သူ၏ ဓားချက်သည် အနည်းငယ်တုန့်ဆိုင်းသွားရ၏။
‘ဘာလဲ..’
ထိုအချိန်တွင် ယွဲ့ဝူယောင်၏ လက်ထဲတွင် ဝိုင်းစက်နေသည့် ခရမ်းရောင်စက်လုံးလေးတစ်လုံးကို မြင်တွေ့လိုက်ရသည်။
“လနဲ့ ဖိနှိပ်ခြင်း..”
ယွဲ့ဝူယောင်သည် ရေရွတ်လိုက်ရင်း သူမ၏ လက်ထဲရှိ ခရမ်းရောင် စက်လုံးလေးကို ပစ်လွှတ်လိုက်တော့၏။
ထိုစက်လုံးကို ရွှယ်ဝူယ၏ ဓားချက်တားဆီးနေစဉ်ကတည်းက စွမ်းအင်များစုစည်းထားခဲ့ခြင်းဖြစ်သည်။ ထိုစက်လုံးတွင် များပြားလွန်းသည့် အအေးစွမ်းအင်များ ပါဝင်နေပြီး ရွှယ်ဝူယထံသွားရာ လမ်းကြောင်းတွင် တဖြည်းဖြည်း ကြီးမားလာ၏။
“ဒါက..”
ရွှယ်ဝူယသည် ထိုစက်လုံးထံမှ ကြောက်စရာကောင်းလွန်းသည့် အအေးဓာတ် ခံစားလိုက်ရပြီး သူ၏ ဓားချက်များအစား ကာကွယ်ရန်ကြိုးစားလိုက်ရသည်။
သို့သော် ထိုစက်လုံး၏ ကြီးမားလာမှုသည် ထိုမျှနှင့် မရပ်တန့်ချေ။ တဖြည်းဖြည်းနှင့် ခရမ်းရောင်လတစ်စင်းအသွင်ဖြစ်ပေါ်လာကာ ရွှယ်ဝူယကို ဖိနှိပ်လိုက်တော့၏။
“သေစမ်း..”
ရွှယ်ဝူယသည် အံကြိတ်ကာ ခုခံလိုက်ရ၏။ ထိုအရာသည် သူ့ကို အေးခဲနေသည့် လတစ်စင်းနှင့် ပစ်ပေါက်ခြင်းပင်။
“သွေးစွမ်းအင် အကာအကွယ်..”
ရွှယ်ဝူယ၏ ခန္ဓာကိုယ်တွင် အနီရောင်အလွှာ ဖုံးအုပ်လာပြီး သူ၏ ကိုယ်တွင်း သွေးစွမ်းအင်များကိုလည်း အရှိန်ဟုန်မြင့် လှည်ပတ်လိုက်ရသည်။
ခဏ အကြာတွင် ရွှယ်ဝူယကို ကြီးမားလှသည့် လသဏ္ဌာန် စက်လုံးကြီးက ဖိချေသွားတော့၏။
“ဝုန်း..”
ရွှယ်ဝူယသည် အေးစက်ကာ လေးလံလွန်းသည့် ခရမ်းရောင်စက်လုံးကြီးကို အံကြိတ်ကာ တွန်းလှန်နေရသည်။
သူ၏ ခန္ဓာကိုယ်အတွင်း ရှိသည့် စွမ်းအင်များကို အရူးအမူးလည်ပတ်နေရ၏။ သို့သော် သူ၏ သွေးစွမ်းအင်အကာကွယ်အလွှာသည် တဖြည်းဖြည်း အက်ကွဲလာတော့သည်။
“ဖိနှိပ်စမ်း..”
ယွဲ့ဝူယောင်၏ အေးစက်သည့် အသံနှင့်အတူ သူမ၏ စွမ်းအင်စက်လုံးကျဆင်းရာတည်နေရာတစ်ခုလုံး အေးခဲသွား၏။ သူမ၏ တိုက်ပွဲတည်နေရာတစ်ခုလုံး ခရမ်းရောင်ရေခဲများနှင့် ပြည့်နှက်သွားပြီး ရွှယ်ဝူယသည်လည်း ထိုရေခဲများအောက်တွင် နစ်မြုပ်သွားတော့သည်။
“မဟုတ်ဘူး..”
ရွှယ်ဝူယွမ်သည် ရွှယ်ဝူယ၏ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရပြီးနောက် ယွဲ့ဝူယောင်ကို သတ်ဖြတ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။ ချုးယွီဟွာနှင့် မော့ရွှယ်အာကို ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဖယ်စမ်း..”
“ဒါလူငယ်တွေရဲ့ တိုက်ပွဲပဲ..၊ အားနည်းတဲ့ ရှင့်ရဲ့သားကို အပြစ်တင်သင့်တယ်..”
မော့ရွှယ်အာသည် ရွှယ်ဝူယွမ်ကို အထင်သေးသည့်အကြည့်နှင့်ကြည့်ကာ မထူးဆန်းသလိုပြောလိုက်၏။ ထိုစကားသည် ထိုလူကိုယ်တိုင်ပင်ပြောခဲ့သည့်စကားဖြစ်သည်။ ထို့အပြင် သူမသည် ယခုအခြေအနေနှင့် ကိုက်ညီမှုရှိသောကြောင့် ထုတ်ပြောရန်သင့်လျော်သည်ဟု တွေးမိခဲ့၏။
“သေချင်နေတာလား..”
ရွှယ်ဝူယွမ်သည် သူ၏ ဓားကို ကြမ်းကြမ်းတမ်းတမ်း ဝှေ့ယမ်းလိုက်သည်။ ထို့နောက် မော့ရွှယ်အာကို တိုက်ခိုက်ကာ ရွှယ်ဝူယထံသွားလိုနေသောကြောင့် ဖောက်ထွက်ရန်ကြိုးစားလိုက်သည်။
“ရှင့်မှာ အဲ့ဒီလို အရည်အချင်း မရှိသေးဘူး..”
ချုးယွီဟွာသည် အသာယာပြောဆိုလိုက်ပြီးနောက် ဟွာ့လင်စုတ်တံနှင့် စာလုံးများရေးဆွဲလိုက်သည်။
“မီး..”
“အကျဉ်းထောင်..”
ထိုစာလုံးနှစ်ခုသည် ပေါင်းစပ်သွားပြီးနောက် သူမတို့ သုံးဦးပတ်လည်တွင် မီးတံတိုင်းကြီးများ ထွက်ပေါ်လာကာ ကုဗတုံးစဏ္ဌာန် ဖုံးအုပ်သွား၏။
မီးသည် သွေးများကို လောင်ကျွမ်းစေနိုင်သည်။ ထို့ကြောင့် ရွှယ်ဝူယွမ်ကိုကန့်သတ်ရန် မီးတံတိုင်းများကို ထုတ်ဖော်ခဲ့၏။ သို့သော် အဆင့်ခြောက်တစ်ဦး အတွက် ဖြစ်သည်မို့ သူမ၏ စွမ်းအင်များစွာ သုံးစွဲထားခဲ့ရသည်။
“ဒီလောက်နဲ့ ငါ့ကို တားဆီးနိုင်မယ်ထင်လား..”
ရွှယ်ဝူယွမ်သည် ပြင်းထန်သည့် တိုက်ကွက်များကို ထုတ်ဖော်လိုက်၏။