← Chapters

ဖီးနစ်ရဲ့ ငိုကြွေးသံ

Vol. 16 Ch. 235

ဖီးနစ်ရဲ့ ငိုကြွေးသံ

Vol. 16 Ch. 235

“ဝုန်း..”

“ဝုန်း..”

ကျီထျန်းရှစ်၏ တိုက်ခိုက်မှုများအောက်တွင် ရွှယ်လုယွင်နှင့် ရွှယ်နင်းလီတို့သည့် ရုန်းကန်နေရ၏။ သူတို့သည် သုံးဦးပေါင်း တိုက်ခိုက်မှုတွင် ကျီထျန်းရှစ်ကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း သူတို့နှစ်ဦးတည်းနှင့် ကျီထျန်းရှစ်ကို ဆန့်ကျင်ရန်မလွယ်ကူတော့ချေ။

သို့သော် သူတို့သည် ခေါင်းမာသည့် အဆင့်ခြောက်ကျင့်ကြံသူများဖြစ်သည်မို့ ကျီထျန်းရှစ်အနေနှင့် အဆုံးသတ်ရန် ခက်ခဲနေသည်။

ကျီထျန်းရှစ်၏ တရစပ်တိုက်ခိုက်မှုများ အောက်တွင် ရှောင်တိမ်းမှုများပြုကာ ပြန်လည်တိုက်ခိုက်နေကြ၏။

“သေစမ်း..”

ကျီထျန်းရှစ်သည် ဆက်တိုက်ဆိုသလို လက်ဝါးချက်များထုတ်ဖော်နေသည်။

“ဝူယွမ်..အဲ့ဒီမိန်းကလေးနှစ်ယောက်ကို အမြန်ရှင်းတော့..”

ရွှယ်နင်းလီသည် ရွှယ်ဝူယွမ်ကို အော်ဟစ်ကာ သတိပေးလိုက်၏။ ကျီထျန်းရှစ်၏ တိုက်ခိုက်မှုများကို အချိန်ကြာကြာ မထိန်းနိုင်တော့ပေ။

“သေစမ်း..”

ရွှယ်ဝူယွမ်သည် သူ၏ ဓားနှင့် မိန်းကလေးနှစ်ဦးအား ဖိအားပေးထားခဲ့သည်။

“ရွှယ်အာ..၊ ခဏထိန်းနိုင်သေးလား..”

ချုးယွီဟွာသည် တိုက်ခိုက်နေရင်း မေးလိုက်၏။ မော့ရွှယ်အာသည် ချုးယွီဟွာ၏ ဆိုလိုရင်းကို သဘောပေါက်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကျွန်မထိန်းထားလိုက်မယ်..၊ အချိန်ကြာကြာတော့ မရတော့ဘူး..”

မော့ရွှယ်အာ၏ စွမ်းအင်များသည် ကုန်ဆုံးလုနီးပါးဖြစ်နေ၏။ ထို့နောက် လက်ကျန်စွမ်းအင်များကို တဟုန်ထိုးဖော်ထုတ်ကာ ရွှယ်ဝူယွမ်၏ တိုက်ခိုက်မှုများကို ခံယူလိုက်သည်။

သူ၏ တိုက်ခိုက်မှုများကို ချုးယွီဟွာထံ မရောက်ရှိစေရန်ပင်။

“ဝုန်း..”

“ဝုန်း..”

မော့ရွှယ်အာ၏ တိုက်ခိုက်မှုများသည် ပို၍ ပြင်းထန်လာသည်။ ထိုအချင်းအရာကြောင့် ရွှယ်ဝူယွမ်သည် သဘောပေါက်သွား၏။

‘လက်ကျန်မီးစာ၏ လောင်မြိုက်မှုပင်..’

“အဆင့်ငါးကျင့်ကြံသူက အံတုဖို့ ကြိုးစားနေတာလား..၊ ငါ့သား သေဆုံးမှုအတွက် မင်းတို့ကို အရင်သတ်ဖြတ်မယ်..”

ရွှယ်ဝူယွမ်သည် ချက်ချင်းဆိုသလို သူ၏ ဓားကို ကြမ်းကြမ်းတမ်းတမ်း ပိုင်းချလိုက်၏။

“သွေးနဲ့သုတ်သင်ခြင်း..”

ထိုနည်းစနစ်သည် ရွှယ်ဝူယ အသုံးပြုခဲ့သည့် နည်းစနစ်ပင်။ သို့သော် ရွှယ်ဝူယထုတ်ဖော်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်၍ မရပေ။

အဆင့်ခြောက်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုဖြစ်သည်။

“နတ်ဆိုးနတ်ဘုရားရဲ့ဒေါသနဲ့ခုတ်ပိုင်းခြင်း”

မော့ရွှယ်အာသည် သူမ၏ အကန့်အသတ်ကို ရောက်ရှိသွားခဲ့ပြီဖြစ်၏။ ထိုအရာသည် သူမ ပြုလုပ်နိုင်ခဲ့သည့် နောက်ဆုံးတိုက်ခိုက်မှုပင်။

“ဝုန်း...”

စွမ်းအင်လှိုင်းနှစ်ခု၏ ထိတွေ့မှုကြောင့် လေဟာနယ်ပင် ယိုယွင်းသွားခဲ့သည်။

သို့သော် သူမသည် ရွှယ်ဝူယွင်၏ တိုက်ခိုက်မှုကို အပြည့်အဝ မတားဆီးနိုင်ခဲ့ချေ။ ကျန်ရှိနေသည့် စွမ်းအင် အချို့သည် သူမကို ထိမှန်သွားကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားတော့၏။

“သေစမ်း..”

ရွှယ်ဝူယွင်သည် မော့ရွှယ်အာကို အဆုံးသတ်စေလိုက်သည်။ သို့သော် သူ၏ နောက်မှ ထွက်ပေါ်လာသည့် အသံနှင့် အရှိန်အဝါကြောင့် သူ၏ အရှိန်သည် ရပ်တန့်သွား၏။

“ဖီးနစ်ရဲ့ ငိုကြွေးသံ..”

ထိုအသံနှင့်အတူ ချုးယွီဟာ၏ နောက်တွင် ရွှေရောင်အစင်းရှိသည့် ဖီးနစ်ငှက်သဏ္ဌာန်ပုံရိပ်ထွက်ပေါ်လာသည်။

ထိုဖီးနစ်ပုံရိပ်ထွက်ပေါ်လာသည်နှင့် ကျီအိမ်တော်တွင်းရှိနေသည့် အဆင့်နိမ့်ကျင့်ကြံသူများအပေါ် ပြင်းထန်သည့် ဖိအားသက်ရောက်သွားခဲ့သည်။

“သွား..”

ချုးယွီဟွာသည် ထိုဖီးနစ်ပုံရိပ်ကို စေလွှတ်လိုက်၏။ ဤအရာသည် သူမ၏ ဝိညာဉ်စုတ်တံနှင့် အသုံးပြုသည့် နည်းစနစ်မဟုတ်ပေ။ သူမ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည့် အမည်မသိ နည်းစနစ်တစ်ခုဖြစ်နေသည်။

ဖီးနစ်ပုံရိပ်သည် တဟုန်ထိုး သက်ဆင်းလာပြီး ရွှယ်ဝူယွမ်ထံ ဦးတည်သွား၏။

“အဆင့်ခြောက်လား ဘယ်လိုဖြစ်နိုင်မှာလဲ..”

ရွှယ်ဝူယသည် သူ၏ အမြင်မှားယွင်းသွားသည်လားဟု တွေးမိသွား၏။ သို့သော်မမှားပေ။ ချုးယွီဟွာထံမှ ပေါ်ထွက်နေသည့် အရှိန်အဝါသည် အဆင့်ခြောက်သို့ရောက်ရှိနေသည့် အရှိန်အဝါပင် ဖြစ်နေတော့၏။

သူမသည် လျှို့ဝှက်ဆန်းကြယ်အချိန်တံခါးအတွင်း ဝင်ရောက်ပြီးနောက်တွင် သူမ၏ စွမ်းအင်များသည် ဆန်းကြယ်စွာနှင့် ပြောင်းလဲသွားခဲ့သည်။ ထို့အပြင် စွမ်းအင်များ စုပ်ယူနှုန်းသည်လည်း မြန်ဆန်လာခဲ့၏။ ထို့အပြင် လင်းရှန်နယ်မြေတွင် အချိန်ကြာမြင့်စွာ ကျင့်ကြံနေခဲ့ပြီးဖြစ်သည်။

သူ့မသည် ထိုစဉ်ကတည်းက အဆင့်ခြောက်သို့ တက်ရောက်နိုင်သော်လည်း စွမ်းအင်များကို ချိုးဖြတ်ခြင်း မရှိခဲ့ချေ။ သို့သော် ယခုအကြပ်အတည်းတွင် အဆင့်ငါးစွမ်းအင်များနှင့် မလုံလောက်တော့ပေ။

ထို့ကြောင့် သူမသည် မော့ရွှယ်အာကို အချိန်ဆွဲခိုင်းကာ အဆင့်ခြောက်၏အလွှာ ချိုးဖြတ်ပြီး အဆင့်တက်ခဲ့သည်။ သို့သော် ထူးဆန်းစွာနှင့် သူမ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ရွှေရောင်ဖီးနစ်ငှက်ငယ်လေးသည် ထွက်ပေါ်လာခဲ့၏။

သို့သော် သူမသည် စေ့စေ့စပ်စပ်စူးစမ်းချိန်မရသေးချေ။ မော့ရွှယ်အာသည် အန္တရာယ်တွင်း ကျရောက်နေသောကြောင့် သူမ၏ စိတ်အတွင်းပေါ်ထွက်ခဲ့သည့် နည်းစနစ်ကို ထုတ်သုံးလိုက်ရသည်။

ရွှယ်ဝူယွမ်သည် ချက်ချင်းဆိုသလို ခုခံရန်ပြင်ဆင်လိုက်သည်။

“မဟုတ်သေးဘူး..”

သို့သော် သူသည် မည်သည့်အရာမျှ ပြင်ဆင်ခွင့် မရလိုက်ချေ။

“ဝုန်း..”

ဖီးနစ်ပုံရိပ်သည် သူ၏ ခန္ဓာကိုယ်အား ထိမှန်ပြီး ဖြတ်သန်းသွားတော့သည်။

“ဘာလဲ..”

ရွှယ်ဝူယွမ်သည် မှင်သက်သွားတော့၏။ စက္ကန့်အနည်းငယ်ကြာသည် အထိပင် သတိမဝင်ခဲ့ချေ။

သတိဝင်လာချိန်တွင် သူ၏ သွေးကြောများအားလုံး ပြတ်တောက်နေခဲ့ပြီဖြစ်သည်။

“ဘုန်း..”

မြေပြင်ပေါ်သို့ ပြင်းထန်သည့် အရှိန်နှင့်ကျဆင်းကာ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။

သူသည် စွမ်းအင်များစုစည်းရန်ကြိုးစားနေသော်လည်း သွေးကြောများ ပြတ်တောက်သွားခြင်းကြောင့် မထုတ်ဖော်နိုင်တော့ပေ။

ထို့အပြင် သူ၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များသည် ယိုစိမ့်ကာ ထွက်လာတော့သည်။ သူသည် မသေဆုံးသော်လည်း ဒုက္ခိတဖြစ်သွားလေပြီ။

ချုးယွီဟွာသည် မော့ရွှယ်အာ၏ ခန္ဓာကိုယ်လေးကို ထိန်းသိမ်းကာ မြေပြင်ပေါ်သို့ သက်ဆင်းလာသည်။ ထို့နောက် ယွဲ့ဝူယောင် အနားယူနေသည့် နေရာသို့ ချထားပေးလိုက်၏။

အချိန်ကြာလာသည်နှင့်အမျှ သွေးမျိုးနွယ်ဝင်အတော်များများ သေဆုံးကုန်ပြီဖြစ်သည်။

လုရှင်းယန်တို့သည် ယွဲ့ဝူယောင်အနီးတွင် အကာအကွယ်ပေးနေကြ၏။ သူမ၏ အားနည်းနေမှုကို အခွင့်ကောင်းယူကာ တိုက်ခိုက်ကြမည်ကို စိုးရိမ်သောကြောင့်ပင်။

‘ဟွမ်းရှန့်နန်းတော်က အစွမ်းအစတော့ရှိသားပဲ..’

ကျီထျန်းရှစ်ပင် ထိုမမျှော်လင့်ထားသည့် အခြေအနေကြောင့် မှင်သက်သွား၏။ ထိုမိန်းကလေးတွင် ဤမျှ လုပ်နိုင်စွမ်းရှိမည်ဟုမထင်ထားခဲ့ပေ။

“ဝူယွမ်..”

ရွှယ်နင်းလီတို့သည် စိုးရိမ်တကြီး အော်ဟစ်လိုက်၏။ ရွှယ်ဝူယွမ်သည် အသာစီးရယူထားနိုင်သော်လည်း ရုတ်တရက် အပြောင်းအလဲကြောင့် အချိန်တိုအတွင်း ဒုက္ခတဖြစ်သွားချေပြီ။ ထို့အပြင် သွေးမျိုးနွယ်၏ မျိုးဆက်သစ် ရွယ်ဝူယလည်း သေဆုံးခဲ့ရလေသည်။

ထိုအရာသည် သူတို့အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုပင်။ သို့သော် ထူးဆန်းစွာနှင့် သူတို့သည် ထွက်ပြေးရန် မကြိုးစားချေ။

“ကျီယွမ်ကုန်းမြေကကျင့်ကြံသူတွေအားလုံးကို သွေးပင်လယ်ဖြစ်အောင် လုပ်ပစ်မယ်..”

ရွှယ်နင်းလီသည် ဒေါသတကြီး ကြုံးဝါးလိုက်၏။

“မင်းမှာ အဲ့လိုအရည်အချင်းမရှိဘူး..”

ကျီထျန်းရှစ်သည် ရွှယ်နင်းလီကို ရိုက်ချလိုက်သည်။

“ဘုန်း..”

“သေစမ်း..”

ရွှယ်လုယွင်လည်း ဒေါသတကြီး တိုက်ခိုက်လိုက်၏။ သို့သော် ကျီထျန်းရှစ်ကို မယှဉ်နိုင်တော့ချေ။ သူတို့၏ စွမ်းအင်များ ကုန်ဆုံးလုနီးပါးဖြစ်နေပြီ။

ကျီထျန်းရှစ်ကို အံတုရန်မစွမ်းသာတော့ပေ။

“ဘုန်း..”

ကျီထျန်းရှစ်၏ ရိုက်ချက်ကြောင့် အကြီးအကဲနှစ်ဦးသည် အရုပ်ကြိုးပြတ် ကျဆင်းသွားတော့၏။

“ကျီမျိုးနွယ်ကို ဖျတ်စီးဖို့ကြံတဲ့ ကောင်တွေ သေလိုက်တော့..”

ကျီထျန်းရှစ်သည် ဒေါသတကြီး အဆုံးသတ်ပေးလိုက်၏။ သူ၏ အိမ်တော်အထိ လာရောက်စော်ကားသူများဖြစ်သည်။ ထို့အတွက် သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီဖြစ်၏။

“ဝုန်း..”

သို့သော် အလင်းတန်းတစ်ခုသည် သူ၏ ရင်ဘက်သို့ ရုတ်ချည်း ဝင်ရောက်သွားပြီး သူ၏ ဟန်ချက်သည် တိမ်းညွတ်သွားရသည်။

“ဘယ်သူလဲ..”

ကျီထျန်းရှစ်သည် ထိတ်လန့်သွားရ၏။ ထိုအလင်းတန်းတစ်ခုတည်းနှင့်ပင် သူ၏ ခန္ဓာကိုယ်သွေးစီးဆင်းမှုသည် ကပြောင်းကပြန်ဖြစ်ကုန်သည်။

“ဘုန်း..”

ပုံရိပ်တစ်ခု၏ ကန်ချက်နှင့်အတူ ကျီထျန်းရှစ်သည်လည်း ကောင်းကင်ထက်မှ ပြုတ်ကျသွားတော့၏။

“ဘိုးဘေး..”

ရွှယ်နင်းလီတို့သည် အားနည်းနေသည့်လေသံနှင့် ရေရွတ်လိုက်၏။ သူတို့၏ စိတ်တွင်း ကြိတ်၍ ပျော်ရွှင်သွားတော့သည်။ သွေးဘိုးဘေးရောက်ရှိလာမှုကြောင့် သူတို့၏ အခြေအနေသည် ပြောင်းလဲသွားတော့မည်ဖြစ်၏။

သို့သော် သူတို့၏ ပျော်ရွှင်မှုများသည် အံ့ဩထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ဘိုးဘေး..ဒါဘာလုပ်တာလဲ..”

All Chapters