တိတ်စမ်း
Vol. 16 Ch. 237
ပိုင်ကျန့်ယွီတို့သည် စွံ့အစွာ ကြည့်နေမိ၏။ ကျို့ယင်ပြောသည့် စကားများကို တစ်ခုမှ နားမလည်ပေ။
ကျို့ယင်သည် အနည်းငယ်ရှက်သွား၏။ သူသည် အားရပါးရကြုံးဝါးနေသော်လည်း ထိုသူများသည် သူပြောဆိုနေသည့် အရာများကို သိရှိမနေချေ။ ထို့နောက် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီး ဖြစ်နိုင်ချေကို စဉ်းစားကာ ထုတ်ဖော်ပြောဆိုလိုက်၏။
“မဟုတ်သေးဘူး..၊ မင်းတို့က သူတို့ရဲ့ အမွေခံပဲ..”
“မင်းတို့က ဘယ်သူပဲ ဖြစ်ဖြစ် အသက်ရှင်ခွင့် မပေးနိုင်ဘူး..”
ကျို့ယင်၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားကာ သူ၏ စွမ်းအင် အရှိန်ဝါနှင့် ဖိနှိပ်လိုက်သည်။
“မိုးစက်..”
“ကာကွယ်ခြင်း..”
ချုးယွီဟွာသည် သင်္ကေတများကို အမြန်ရေးဆွဲကာ ကျို့ယင်၏ ဖိအားများကို ခုခံလိုက်၏။ မိုးစက်များသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး သူမတို့၏ ပတ်ပတ်လည်ကို ကာကွယ်ပေးလိုက်သည်။
ထိုသားရဲကောင်သည် အခုပင် ရယ်လိုက်..၊ အခုပင် ဒေါသထွက်လိုက်နှင့် စိတ်မနှံ့သည့် အရူးတစ်ကောင်လိုပင်။
“နိမ့်ကျတဲ့စွမ်းအားနဲ့ ခုခံချင်တာလား..”
ကျို့ယင်သည် ချက်ချင်းဆိုသလို သူ၏ ဖိအားများကို တိုးမြင့်လိုက်၏။
ချုးယွီဟွာသည် သူမ၏ စွမ်းအင်များကို အကုန်စင်ထုတ်သုံးကာ ခုခံပေးနေ၏။
“အစ်မယွီဟွာ..”
ယွဲ့ဝူယောင်တို့သည့်သည် တီးတိုးရေရွတ်လိုက်ကြ၏။ သူမတို့သည် လက်ရှိတွင် ချုးယွီဟွာ၏ ကာကွယ်မှုကို ခံနေရပြီး အကူအညီပေးနိုင်စွမ်းမဲ့နေသည်။
ချုးယွီဟွာသည် သူမတို့အား မတုန့်ပြန်ပေ။ အကာအကွယ်တွင်သာ အာရုံစိုက်ထား၏။
“နိမ့်ကျတဲ့ အဆင့်နဲ့ ငါ့ရဲ့ စွမ်းအင်အနည်းငယ်ကို ခုခံနိုင်တာပဲ..၊ ငါ့ရဲ့ တတိယဝိညာဉ်ဘယ်မှာလဲပြောရင်.. ဟိုနှစ်ယောက်ကလွဲပြီး မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်..”
ကျို့ယင်သည် သူ၏ တတိယဝိညာဉ်ကို သိရှိလိုသောကြောင့် ညှိနှိုင်းလိုက်သည်။ သို့သော် ပိုင်ကျန့်ယွီနှင့် မော့ရွှယ်အာကိုတော့ အလွတ်မပေးနိုင်ချေ။
“နိမ့်ကျတဲ့ တိရိစ္ဆာန်..”
ချုးယွီဟွာသည် အံကြိတ်ကာ တားဆီးနေရသော်လည်း ကျို့ယင်ကို ဂရုမစိုက်သည့်အလားပြောဆိုလိုက်၏။
“ဘာပြောတယ်..”
ကျို့ယင်သည် ထိုစကားကြောင့် ဒေါသပုန်ထသွားကာ သူ၏ အရှိန်အဝါကို များစွာမြှင့်တင်လိုက်တော့သည်။
“ဝုန်း..”
အရှိန်အဝါနှင့်ပင် ချုးယွီဟွာ၏ အကာအကွယ်သည် ပျက်စီးသွားတော့၏။ သူမတွင် ခွန်အားမဲ့ သည့်အလား ဖြစ်သွားတော့၏။ သူမသည် သွေးအန်လိုက်ရကာ လဲကျလုဆဲဆဲဖြစ်နေသည်။ သို့သော် အားလုံး၏ ရှေ့တွင် ကာဆီးကာ ရပ်တည်နေဆဲပင်။
“ငါ့ကို စော်ကားမှု့အတွက် သေလိုက်စမ်း..”
ကျို့ယင်သည် စွမ်းအင်အလင်းတန်းနှင့် ချုးယွီဟွာကို ဦးတည်ကာ ပစ်လွှတ်လိုက်တော့၏။ သူ၏ ပုံစံသည် ပုရွတ်ဆိတ်တစ်ကောင်ကို ချေမွလိုက်သကဲ့သို့ ခွန်အားမစိုက်ထုတ်ရပေ။
သို့သော် အဆင့်ခြောက်ကျင့်ကြံသူအတွက် ခန္ဓာကိုယ်တစ်ခုလုံး ကြေမွသွားစေရန် လုံလောက်နေ၏။
“အစ်မယွီဟွာရှောင်လိုက်..”
ယွဲ့ဝူယောင်တို့သည် ပြိုင်တူဟစ်အော်လိုက်ကြသည်။ သူမတို့သည် ကျို့ယင်၏ ဖိအားအောက်တွင် လှုပ်ရှားနိုင်စွမ်း မရှိနေချေ။
သို့သော် ချုးယွီဟွာသည် မကြားသည့်အလား နောက်သို့ပင် လှည့်မကြည့်ချေ။
သူမတွင် မည်သည့်စွမ်းအင်မျှ မကျန်တော့သောကြောင့် ခန္ဓာကိုယ်နှင့် ခုခံရန်သာ ရွှေးချယ်လိုက်တော့၏။ သူမသည် ယွဲ့ဝူယောင်တို့ကို မထိခိုက်စေလိုပေ။
ကျို့ယင်၏ ဓားအလင်းတန်းသည် မြန်ဆန်သောကြောင့် သူမ၏ ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာသည်။ ထိုအလင်းတန်းကြောင့်ပင် သူမ၏ ခန္ဓာကိုယ်သည် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့သွားတော့၏။ ထိုအလင်းတန်း ထိမှန်တော့မည့် အချိန်တွင် သူမ၏ နားတွင် နွေးထွေးသည့် အသံကို ကြားလိုက်ရသည်။
“ဒီလောက်ဆို လုံလောက်ပါပြီ..”
“ဝုန်း..”
ကျို့ယင်၏ စွမ်းအင်အလင်းတန်းသည် ချက်ချင်းဆိုသလို ချေမွခံလိုက်ရ၏။
“မင်းဘယ်သူလဲ..”
ချုးယွီဟွာ၏ ခန္ဓာကိုယ်လေးတွင် မည်သည့်အားအင်မျှ မကျန်တော့သော်လည်း သူမ၏ စကားသံလေးကို ဖော်ထုတ်လိုက်သည်။
“အစ်ကို..”
“ဆရာ..”
လုရှင်းယန်တို့သည် ယခုမှပင် အသက်ရှုချောင်သွားတော့၏။
ထို့နောက် ချုးယွီဟွာသည် ချက်ချင်းပင် မေ့မြောသွားတော့၏။ သူမသည် ဟွမ်းရောက်ရှိလာပြီဖြစ်သောကြောင့် စိတ်လျော့လိုက်ခြင်းဖြစ်သည်။
ဟွမ်းသည် ချုးယွီဟွာလဲကျ မသွားစေရန် သူမ၏ သွယ်လျသည် ခန္ဓာကိုယ်လေးကို အသာယာ ထိန်းပေးထားလိုက်၏။ ထို့နောက် သူမ၏ မျက်နှာထက်တွင် ရှုပ်ထွေးနေသည့် ဆံနွယ်များကို သပ်ပေးလိုက်သည်။
သူမ၏ သိမ့်မွေ့သည့် မျက်နှာလေးသည် ဖြူဖျော့နေ၏။ ဟွမ်းသည် သူမကို ညင်သာစွာပွေ့ ချီလိုက်ပြီးနောက် မော့ရွှယ်အာကို ထိန်းထားစေလိုက်သည်။
ထို့နောက် ဟွမ်း၏ မျက်လုံးများသည် အေးစက်လာပြီး ကျို့ယင်ကို သတ်ဖြတ်ချင်သည့် အကြည့်နှင့် ကြည့်ရှုလိုက်၏။
“မင်း..”
ထိုအကြည့်ကြောင့် ကျို့ယင်၏ နှလုံးခုန်နှုန်းကို ထိန်းချုပ်မရဖြစ်သွား၏။
‘ဘယ်လိုဖြစ်တာလဲ..၊ ငါ့ရဲ့ မူလစွမ်းအား ပြန်မရသေးဘူးဆိုရင်တောင်..၊ ဒီလိုအဆင့်နိမ့်ကျင့်ကြံသူတွေရင်ဆိုင်နိုင်တဲ့ တည်ရှိမှုမျိုး မဟုတ်ပါဘူး..ဟမ်..မဟုတ်သေးပါဘူး..’
ကျို့ယင်သည် သူ၏ စိတ်ကို ထိန်းချုပ်နေစဉ် ဟွမ်း၏ လက်သီးသည် သူ၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။
‘ဘာလဲဟ..’
သူသည် ချက်ချင်းဆိုသလို စွမ်းအင်များကို ထုတ်ဖော်ကာ ပြန်လည်တိုက်လိုသော်လည်း သူ၏ စွမ်းအင်များသည် ပြတ်တောက်နေ၏။
“ဘုန်း..”
သည်လိုနှင့် အရှိန်ဟုန်ပြင်းပြင်း လွင့်စင်သွားတော့သည်။ ထိုပြင်းအားသည် မည်မျှအထိ ရှိမည်ကို သေချာမသိသော်လည်း ကျီထျန်းရှစ်ပင် ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းဆုပ်ခဲ့သည့်သူသည် လက်သီးချက်ကြောင့် မိုင်တစ်ရာကျော်အထိပင် မြန်ဆန်သည့်အရှိန်နှင့် လွင့်စင်သွားရသည်။ (ရန်ကုန်နဲ့ ပဲခူးလောက် အကွာအဝေး)
‘ဘယ်လိုဖြစ်နိုင်မှာလဲ..’
ကျို့ယင်၏ မျက်နှာထက်တွင် မယုံနိုင်မှုများ ပြည့်နှက်နေသည်။ သူသည် စွမ်းအင်များ လျော့ကျနေသူဖြစ်သော်လည်း ထိုမျှအထိ နိမ့်ကျခြင်းမရှိသေးချေ။
သို့သော် သူ၏ ပါးစပ်မှ အန်ထွက်လာသည့် သွေးများသည် အိမ်မက်မှ လှုပ်နှိုးလိုက်သည့်အလားပင်။
“ဝုန်း..”
ကျို့ယင်သည် ကျီအိမ်တော်နှင့် ဝေးကွာလှသည့် နေရာသို့ ရောက်ရှိသွား၏။ သူ ကျဆင်းသွားရာ တည်နေရာတွင် ပေတစ်ရာခန့်ရှိသည့်ရှိသည့် ချိုင့်ဝှမ်းကြီးပင် ဖြစ်ပေါ်သွား၏။
သို့သော် ဟွမ်းသည် မရပ်တန့်ပေ။ ဆက်တိုက်ဆိုသလိုပင် ကျို့ယွင်ကို မနားတမ်းရိုက်နှက်နေသည်။ သူသည် ကောင်းကင်တံခါးဂိုဏ်းသို့ အလျှင်အမြန်ရောက်ရှိလာသော်လည်း ထိုနေရာမှ ကျီယွမ်ကုန်းမြေသို့ ပြန်ရန် အချိန်ယူခဲ့ရ၏။
ချုံးမင်သည် သူ၏ စွမ်းအင်လှေနှင့် လိုက်လံပို့ဆောင်ပေးမည်ဟု ဆိုခဲ့သော်လည်း ဟွမ်းသည် သူ၏ အရှိန်က ပိုမြန်ဆန်သည်ဟု ဆိုကာ ငြင်းပယ်ခဲ့သည်။
ထို့နောက် လေဟာနယ်ကို ဆက်တိုက်ပင် ခွဲခြမ်းကာ အရှိန်ဟုန်မြင့်တင်ခဲ့သည်။ သို့သော် ထိုမျှနှင့် မပြီးသေးချေ။ သူ၏ စိတ်အာရံကိုလည်း ကျီယွမ်ကုန်းမြေအထိ ဖြန့်ကျတ်ကာ လေဟာနယ်လမ်းကြောင်းများကိုလည်း စစ်ဆေးခဲ့၏။
ချုးယွီဟွာနှင့် သူ၏ တပည့်များကို ထိပါးခဲ့ခြင်းက သူ၏ ဒေါသကို အဆုံးစွန်ထိ ရောက်ရှိစေခဲ့သည်။
“ဘုန်း..”
“ငါ့ကိုစကားပြောခွင့်..”
“ဘုန်း..”
ကျို့ယင်သည် အနားပေးရန် တောင်းဆိုချင်သော်လည်း ဟွမ်းသည် ဂရုမစိုက်ပဲ ဆက်လက် ထိုးနှက်နေသည်။ သူသည် တုန့်ပြန်နိုင်စွမ်းကင်းမဲ့သည့် မိန်းမငယ်လေးကဲ့သို့ ဖြစ်ပျက်သမျှကို လည်စင်းခံနေရတော့၏။
သုံးနာရီခန့်ကြာပြီးနောက်တွင် ဟွမ်းသည် ခဏတာ ရပ်နားလိုက်သည်။ သွေးဘိုးဘေး၏ ခန္ဓာကိုယ်သည် ပုံပျက်ပန်းပျက်ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ် သိမ်းပိုက်ထားသည့် ကျို့ယင်၏ ဝိညာဉ်သည်လည်း လှုပ်ရှားနိုင်စွမ်းကင်းမဲ့နေ၏။
သူ၏ ဘဝတွင် ထိုသို့ ဆိုးဆိုးဝါးဝါးမကြုံဖူးခဲ့ချေ။ သူ၏ ဝိညာဉ်ကိုပိုင်းဖြတ်ကာ ချိတ်ပိတ်ခဲ့သူများပင် ထိုသို့ ဆိုးဝါးသည့် အခြေအနေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ကြပေ။
ငိုစရာပင် မျက်ရည်မထွက်နိုင်ဖြစ်နေလေသည်။
သို့သော် ဟွမ်းသည် ထိုမျှနှင့် မပြီးသေးချေ။ ကျို့ယင်၏ ခန္ဓာကိုယ်ကို သွေးဘိုးဘေး၏ ခန္ဓာကိုယ်တွင်းမှ ဆွဲနှုတ်ပစ်လိုက်သည်။
ကျို့ယင်သည် ထိုလုပ်ရပ်အတွက် ပြောဆိုနိုင်စွမ်းပင် မရှိသေးချေ။ သူ၏ ဝိညာဉ်သည် နာကျင်မှုများပြည့်နှက်နေ၏။
ဟွမ်းသည် ထိုအကောင်ကို လွယ်လွယ်နှင့် သေခွင့်မပေးသေးချေ။ သူ၏ စွမ်းအင်များနှင့် ချုပ်နှောင်လိုက်ပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ကျို့ယွင်သည် ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။
“အား...”
အပြီးတိုင် ပျောက်ကွယ်သွားခြင်း မရှိသေးသည့် သွေးဘိုးဘေးသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်သွားသည်။ သို့သော် ခန္ဓာကိုယ်မှ ဒဏ်ရာများကြောင့် အသံနက်ကြီးနှင့် ဟစ်အော်လိုက်ရ၏။
“ဘုန်း..”
“တိတ်စမ်း..”
ဟွမ်းသည် သွေးဘိုးဘေး၏ ရင်ဘက်ကို စောင့်ကန်လိုက်ကာ အသံတိတ်စေလိုက်သည်။
သွေးဘိုးဘေး “...”
‘ငါ့ခန္ဓာကိုယ် နာနေလို့အော်တာလေကွာ..’
“မင်း..မင်း..လင်းကျွင်းနဲ့ လင်းဟန် တို့ကို သတ်ခဲ့တဲ့သူ..”