← Chapters

ဒီနေရာမှာ အကြီးအကဲရှိရင် အဲ့သွေးဆာနေတဲ့ နတ်ဆိုးအင်းဆက်တွေကို စိတ်ပူစရာ မလိုဘူး

Vol. 3 Ch. 28

ဒီနေရာမှာ အကြီးအကဲရှိရင် အဲ့သွေးဆာနေတဲ့ နတ်ဆိုးအင်းဆက်တွေကို စိတ်ပူစရာ မလိုဘူး

Vol. 3 Ch. 28

အချိန်တွေ ကုန်လာပြီးနောက် တစ်ပတ်လောက် ကြာသွားခဲ့သည်။

အမျိုးမျိုးသော သတင်းများ အွန်လိုင်းပေါ် ထွက်ပေါ်နေချိန်တွင် "ဓားတောင်ကြား" နှင့်ပတ်သက်သော သတင်းများက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

နတ်ဆိုးသတ္တဝါများ ပေါ်လာခြင်း သို့မဟုတ် ကြယ်သားရဲများ ကျူးကျော်ဝင်ရောက်လာကြောင်း သတင်းများ မရှိတော့ဘဲ နိုင်ငံသားများ၏ ဘဝသည်လည်း ယခင်ကအတိုင်း အေးချမ်းမှုထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ပြည်သူများသည် ထိုနေ့တွင် ခရမ်းရောင် မိုးကောင်းကင်ကို နိမိတ်ကောင်းသော လက္ခဏာအဖြစ် ရှုမြင်ကြပြီး အကြီးအကဲ၏ အကူအညီအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြကာ သူ့အတွက် လမ်းများကိုပင် တက်ကြွစွာရှာဖွေခဲ့ကြသည်။

….

ထူးထူးခြားခြား အငှားအိမ်လေး တစ်ခုထဲ၌ ချင်းယန်သည် ပန်းသီးတစ်ဝက်ကို စားပြီး အောက်ဖက်မှလူများကို ငေးကြည့်နေသည်။ သူသည် ထိုရှာဖွေရေး အဖွဲ့များကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သည်။

"ကျစ်! ငါ့မှာ ပရိသတ်တွေ ပိုများလာတယ်လို့ ဘာလို့ ခံစားနေရပါလိမ့်..."

ချင်းယန် မထိန်းနိုင်ဘဲ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့ကို ရှာဖွေနေသူတွေ ပေါ်လာမယ်လို့ မမျှော်လင့်ထားခဲ့။

ရုပ်တုသူရဲကောင်းတစ်ယောက် ဖြစ်လာဖို့က သူ့ရည်ရွယ်ချက် မဟုတ်ပေ။ သူလိုချင်တာမှန်သမျှ ယူမည်။ ယခုသူ သာမာန် စီမံခန့်ခွဲသူတစ်ယောက်ပဲ ဖြစ်ချင်သည်။ နေ့တိုင်း ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းချင်သည်။

"ပြန်အိပ်ပြီး နေလိုက်တာမှ ကောင်းသေးတယ်... ရန်မဖြစ်ဘူး မပြိုင်ဘူး"

ချင်းယန်သည် ပန်းသီးကို နောက်ဆုံးအကိုက် ပြီးသွားကာ သူ၏ ဉာဏ်အလင်းထဲသို့ ဆက်လက် နစ်မြုပ်သွားခဲ့သည်။ ဒီနေ့ဟာ ရှားရှားပါးပါး ပိတ်ရက်ဖြစ်ပြီး ကောင်းကင်ဖြတ်ဓားသိုင်းကျမ်း အသေးအမွှားကနေ အကြီးစားအထိ ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်ဖို့ အကောင်းဆုံး အချိန်ပဲ ဖြစ်သည်။

ချင်းယန် မျက်လုံးများကို မှိတ်ထားပြီး ဤဧကရာဇ်အဆင့် သိုင်းကျမ်း၏ အသေးစိတ် အချက်အလက်များကို စူးစိုက်တွေးတောနေပါသည်။ ကောင်းကင်ဖြတ်ဓားသိုင်းကျမ်းက အလွန်အဆင့်မြင့်၏။

အသံတိတ်သည်။ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုအတွက် အသင့်ဖြစ်နေသကဲ့သို့ ၎င်း၏အစွန်းကို လုံး၀ ဖုံးကွယ်ထားသည်။ သို့သော် ဝှက်ထားသော ဓားသည် လျှပ်တစ်ပြက်အတွင်း ကမ္ဘာကြီးကို ဟောက်သွားမည့် အရှိန်အဝါမျိုး ရှိလေသည်။

ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဓားလက်နက်ဖြင့် စွမ်းဆောင်ရည်များ ပြသလိုပါက အပြည့်အ၀ နားလည်ထားရန် အလွန်ခက်ခဲပါသည်။

ချိုင့်ထဲမှာတုန်းက အတွင်းစိတ်လောကထဲ၌ တွေးတောနေချိန်မှာတော့ အဖြူရောင် ၀တ်ထားတဲ့ ဓားသမားရဲ့ ပုံရိပ်ကို မြင်ယောင်မိပေမယ့် တကယ်တမ်း ဓားကို ကိုင်စွဲနိုင်ဖို့ လေ့ကျင့်မှုနဲ့ နားလည်မှုက ပိုလိုလေ၏။

မီလီမီတာမျှသာရှိသော သေးငယ်သော ခြားနားချက်သည်ပင် ဓားသမားအချို့ကို နားလည်ရန် ဆယ်စုနှစ်များစွာ ကြာ​စေနိုင်သည်။

"ဒါက ဓားသွားလမ်းရဲ့ ခက်ခဲမှုပဲ... ဓားဆရာတွေ ဒီလောက်နည်းတဲ့ အံ့ဩစရာတော့ မရှိပါဘူး... တချို့ ဧည့်သည်တော်တွေ သဘောထားကြီးပြီး သူတို့ရဲ့ မှန်ကန်တဲ့ နေရာအတွက် ပြိုင်နေကြတာ ဘာကြောင့်များလဲ..."

"အရမ်းခက်တယ် အရမ်းခက်တယ်!"

ချင်းယန် စဥ်းစားရင်း တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ သူ့မှာ ဉာဏ်အလင်းရနိုင်တဲ့ အတွင်းစိတ်လောက ရှိသေးသည်။

"လာပါ... အတွင်းစိတ်လောကမှာ ပေါင်းစည်းလိုက်ရအောင်!"

သူ့စိတ်ထဲတွင် ဓားရေးနည်းများကို အာရုံစူးစိုက်ကာ အလွတ်ကျက်လိုက်သည်။

ရွှင်း!

ကျစ်ဝေးနတ်ဓားဆီက တုံ့ပြန်သံ ထွက်ပေါ်လာပြီး အဖြူရောင် ၀တ်ထားသော ဓားသမား၏ ရုပ်သွင် ပြန်ပေါ်လာသည်။ ပထမတော့ သူ့စိတ်ထဲတွင် ပုံရိပ်က အနည်းငယ် မှုန်ဝါးနေပြီး သူ့ဓားကိုင်ထားသည့် အသေးစိတ်အချက်များပင် မသိသာပေ။

ဒါပေမယ့် သူ့ရဲ့ထူးထူးခြားခြား နားလည်မှုတွေ တိုးလာတာနဲ့အမျှ ခဏလေးအတွင်းမှာပဲ မှုန်ဝါးသော အသေးစိတ် အချက်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။

မကြာမီတွင် ဓားသမား၏ပုံစံသည် ဟိုလိုဂရပ်ဖစ်ပြကွက် တစ်ခုကဲ့သို့ ကြည်လင်ပြတ်သားလာပြီး အသေးစိတ်တိုင်းကိုလည်း မြင်လာရသည်။ သူ့ခန္ဓာကိုယ်ပေါ်က များပြားလှသော ကြွက်သားမှတ်ဉာဏ်များကို ဖြစ်ပေါ်စေပြီး အသေးစား အောင်မြင်မှုမှ ​ပြီးပြည့်စုံသည့် ကျွမ်းကျင်မှုအထိ၊ ကောင်းကင်ဓားသိုင်းက လွယ်ကူစွာ စီးဆင်းလာခဲ့သည်။

"အလုပ်ဖြစ်ပြီ!"

ချင်းယန် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ရွှင်လန်းမှုအပြည့်ဖြင့် ဓားစွမ်းအားကို စမ်းသပ်ရန် စိတ်အားထက်သန်နေသည်။ သို့သော် ကျစ်ဝေးနတ်ဓားနဲ့ စမ်းသပ်ကြည့်ရတာ အဆင်မပြေလောက်ချေ။ ဓားအိမ်ထဲက ဓားမထွက်လာခင် အဆောက်အဦးတစ်ခုလုံး ကွဲသွားမှာကို ကြောက်ရသည်။

ချင်းယန် ဘယ်ညာကြည့်ကာ နောက်ဆုံးတွင်တော့ သူအသုံးပြုခဲ့သော ပန်းသီးခွဲဓားကို ကောက်ကိုင်လိုက်သည်။

ပြတင်းပေါက် လှမ်းဖွင့်ကာ အပြင်ဘက်ကို အကဲခတ်လိုက်တော့ လေပြည်က တိုက်ခတ်လာပြီး တိမ်ဖြူဖြူတွေက ကောင်းကင်မှာ ဝေ့ဝဲနေ၏။

"မင်းနဲ့ လုပ်​ကြည့်မယ်..."

ချင်းယန်သည် ညာလက်တွင် ဓားလက်ကိုင်၊ ဘယ်ဘက်ရှိ ပလတ်စတစ်အစွပ်ကို ကိုင်ထားပြီး အဝေးကောင်းကင်ရှိ တိမ်ဖြူများဆီသို့ ညင်သာစွာ ဆွဲယူလိုက်သည်။

ချလွင်း!

နောက်အခိုက်တွင်

ကြီးမားကျယ်ပြန့်သော တိမ်ပင်လယ်ကြီးသည် ရုတ်တရက် နှစ်ပိုင်းကွဲသွားကာ အလယ်တွင် ကြည်လင်သော အပြာရောင်ကောင်းကင်ကြီးကို ထုတ်ဖော်ပြသလိုက်သလိုပဲ အရှေ့အာဖရိက မဟာအကွဲကြောင်း ချိုင့်ဝှမ်းနှင့် ဆင်တူသည့် အံ့မခန်းမြင်ကွင်းကို ဖန်တီးလိုက်​တော်သည်။ ​အောက်​က ​ပျော်​ရွှင်​​နေ​သော လူအုပ်​ကလည်း ​ကောင်းကင်​ကြီးကို ​မော့ကြည့်​လိုက်​သည်​...။

…………..

ကြယ်ပွင့်ရဲဌာန။

အစည်းအဝေးခန်းသည် တိတ်ဆိတ် ငြိမ်သက်မှုများဖြင့် ပြည့်နေသည်။

ယခုတင်ပြချက်ထဲတွင် သွေးဆာနေသော နတ်ဆိုးများနှင့် ပတ်သက်၍ လတ်တလော စုံစမ်းစစ်ဆေးမှုများ ပါရှိသည်။ ကျန်းဟိုင်မြို့မှ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူ သုံးဦးသည် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု ရလဒ်များကို ဆွေးနွေးရန် ထပ်မံတွေ့ဆုံခဲ့သည်။

"မကြာသေးခင်က ကျုပ်တို့ ရဲစုံစမ်းစစ်ဆေးမှုတွေက ဒီသွေးဆာနေတဲ့ နတ်ဆိုး​တွေက လုံးလုံးလျားလျား ချေမှုန်းပစ်ခံရသလို တိတ်ဆိတ်သွားတယ်လို့ ပြောကြတယ်"

တင်ပြချက်ကို ကြည့်ရင်း ဦးစီးချုပ်က ဆိုသည်။

"ဘယ်သူ့ကိုမှ မသတ်ဘူး.. အားလုံး ပုန်းအောင်းနေကြသလိုပဲ... ခင်ဗျားတို့​ရော ဘယ်လိုထင်လဲ"

"ငါ့အမြင်အရတော့ ဒီသွေးဆာနေတဲ့ နတ်ဆိုးပိုးမွှားတွေ ပုန်းအောင်းရတဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းနှစ်ခု ရှိတယ်။"

လောင်လီက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဖြစ်နိုင်ခြေ နှစ်ခုလား?"

ဒါကိုကြားတော့ ဦးစီးချုပ်ရဲ့အမူအရာက မည်းမှောင်သွားပြီး လေးနက်စွာပြောခဲ့သည်။

"အသေးစိတ် ကြားချင်ပါတယ် အကြီးအကဲလီ"

"အရမ်းယဉ်ကျေးမနေပါနဲ့... ဒါက ငါ့ရဲ့ နှိမ့်ချတဲ့အမြင်ပဲ ပထမအကြောင်းပြချက်က ရိုးရိုးရှင်းရှင်းပဲ... အရင်က ဓားဆရာနဲ့ ပတ်သက်​လောက်တယ်.. သွေးဆာနေတဲ့ နတ်ဆိုးပိုးကောင်တွေက အစွမ်းထက်တဲ့ သတ္တဝါတစ်ကောင် ရှိနေတာကို အာရုံခံပြီး ကမောက်ကမ မလုပ်ရဲတဲ့အတွက် သူတို့ရဲ့ လှုပ်ရှားမှုကို ခေတ္တရပ်လိုက်ကြတာ..."

သူပြောပြီးသည်နှင့် တစ်ပြိုင်နက် စာကြည့်တိုက်မှူးနှင့် ဦးစီးချုပ်တို့က သဘောတူကာ ခေါင်းညိတ်ကြသည်။

အဲဒီနေ့ကစပြီး ခရမ်းရောင်တိမ်တိုက်တွေ ကောင်းကင်ယံမှာ ပေါ်လာတာကြောင့် သွေးဆာနေတဲ့ နတ်ဆိုး အင်းဆက်တွေအကြောင်း ထည့်မပြောဖြစ်ခဲ့။

ကျန်းဟိုင်မြို့တော်ရဲ့ မိုင်တစ်ရာအတွင်းမှာရှိတဲ့ ကြယ်သတ္တဝါတွေတောင် ကြောက်စရာကောင်းတဲ့ ဓားရောင်ဝါကြောင့် လူသားတွေဆီကနေ ဆုတ်ခွာသွားခဲ့ပါပြီ။ အဖုအထစ်တွေတောင် မလှုပ်ရဲကြ။

ထိုတန်ခိုးကြီးသော လူသားကို အမျက်ထွက်​စေမိမည်ကို ကြောက်ရွံ့သွားတာကြောင့် ဖြစ်နိုင်၏။

"ဒုတိယအကြောင်းပြချက်က ဘာလဲ လောင်လီ "

စာကြည့်တိုက်မှူးက အသံနက်ကြီးဖြင့် မေးသည်။

"ဒုတိယအကြောင်းပြချက်က မကောင်းဘူး။"

လောင်လီက မျက်မှောင်ကြုတ်ကာ ဖြည်းညှင်းစွာပြောသည်

"ဒီသွေးဆာနေတဲ့ နတ်ဆိုးပိုးကောင်က ကြောက်လို့ ပုန်းမနေဘူးဆိုရင်... သွေးအလုံအလောက် စုပ်ပြီးနေပြီ.. အဲ့အကျိုးဆက်က ဆိုးရွားတယ်!"

လောင်လီ ပြောပြီးသည်နှင့် အစည်းအဝေးခန်းရှိ လူတိုင်းမျက်နှာက ညှိုးငယ်သွားကြသည်။ သူတို့သည် ဤအခြေအနေ၏ လေးနက်မှုကို လျင်မြန်စွာ သဘောပေါက်လာကြသည်။

အကျပ်အတည်း တစ်ခုထဲ ဤအချက်ကို လျှော့တွက်ထားလို့ မရချေ။ အကယ်၍ သားရဲအင်းဆက်များ ဒီထက်မက ပေါ်ပေါက်လာပါက အကျိုးဆက်များင စိတ်ကူးမယဉ်နိုင်ဘဲ သက်ရှိအားလုံးအတွက် ပျက်စီးစေလိမ့်မည် ဖြစ်သည်။

လောင်လီ: "အဲဒီဓားဆရာက မြို့ထဲမှာရှိသေးလား... ငါတို့ သူ့အကူအညီကို ရနိုင်မယ်ဆိုရင် ဒီသွေးဆာနေတဲ့ နတ်ဆိုးပိုးကောင်ကို နှိမ်နှင်းလိုက်တာက လျှပ်တပြက်က​လေးပဲ ဖြစ်လိမ့်မယ်"

"လောင်လီ ပြောတာ မှန်ပါတယ်... ဒါပေမယ့် ငါတို့ ကြယ်ပွင့်ရဲဌာနမှာ ထိုင်စောင့်နေရုံနဲ့ မရဘူး"

"အဆိုးဆုံးအခြေအနေအတွက် ငါပြင်ဆင်ပြီးပြီ... သွေးဆာနေတဲ့ နတ်ဆိုးအင်းဆက်ရဲ့ လှောင်အိမ်ကိုလည်း ငါတို့တွေ့ပြီးပြီ"

ခပ်တိုးတိုးပြောရင်း ဦးစီးချုပ်ရဲ့မျက်နှာက မည်းမှောင်သွားတော့သည်။ အဲဒီနောက် PowerPoint တင်ဆက်မှုရဲ့ နောက်စာမျက်နှာကို လှည့်သွား၏။ ဂြိုဟ်တုတည်နေရာက လီရွှေရေကန်ကို ပြသ​နေခဲ့သည်။

ဒါကိုမြင်တော့ စာကြည့်တိုက်ပိုင်ရှင်က ထိတ်လန့်သွားသည်။

"အဲဒီမှာလား?"

မြို့တော်၏ အကြီးဆုံး ရေချိုကန်ကို နိုင်ငံသားများနှင့် ခရီးသွားများ အများအပြား နေ့စဉ် လာရောက်ကြသည်။ အင်းဆက်ပလိပ်ရောဂါ အမှန်တကယ် ဖြစ်ပွားခဲ့ပါက မရေမတွက်နိုင်သော အသေအပျောက်များ ရှိလာမှာ သေချာပါသည်။

ဦးစီးချုပ်က ခေါင်းညိတ်ပြီး အေးစက်စွာပြောသည်။

"ဒါပေမယ့် လီရွှေရေကန်ဘေး ပတ်ပတ်လည်က ဧရိယာက ကျယ်တယ်... အခု ကျုပ်တို့ ​လုပ်နိုင်တာက ဧရိယာကို တံဆိပ်ခတ်ပြီး လူဝင်တာကို တားမြစ်ထားဖို့ပဲ... ပြီးတော့ အနီးနားမှာ နောက်ဖွားနယ်ပယ်က လူတွေကို တပ်စွဲထားရမယ်"

"ဒါပေမယ့် ထိုင်စောင့်နေတာက အဖြေတစ်ခုတော့ မဟုတ်ဘူး"

ဒါကိုကြားတော့ အဘိုးကြီးလီက တိုးတိုးလေး သက်ပြင်းချလိုက်ပြီး :"အဆိုးဆုံး အခြေအနေအတွက်လည်း ငါတို့ ပြင်ဆင်ထားရမယ်"

………….

လီရွှေ ရေကန်၏အောက်ခြေတွင်​တော့ ရေက အဆက်မပြတ် စီးဆင်းကာ ငါးအမြောက်အမြား သုတ်သင်ခံခဲ့ရသည်။

ကျောက်ဆောင် လှိုဏ်ဂူအတွင်းတွင် သွေးဆာနေသော မျှော့များ ဖြည်းဖြည်းချင်း ရွေ့လျားလာပြီး၊ ပုပ်ပွနေသော အသားစိုင်ကဲ့သို့ မည်းမှောင်ကာ အဆက်မပြတ် ကြီးထွားလာသည်။ ၎င်းတို့ အရေအတွက်က ဂူကြီးတစ်ခုလုံး ပြည့်လျှံသွားသလိုပင်။

ထူးဆန်းသော သွေးနီရောင်အလွှာတစ်ခုက ၎င်းကို ဖုံးလွှမ်းထားပြီး ရောင်ဝါကလည်း ကြောက်စရာ ကောင်းလှသည်။

All Chapters