အဲဒီအကြီးအကဲ လှုပ်ရှားလာပြီ!
Vol. 3 Ch. 32
လီရွှေ ရေကန်တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားသည့် မြင်ကွင်းက အင်တာနက်ပေါ်တွင် ချက်ချင်း ပျံ့နှံ့သွားသည်။
သွေးဆာနေသော မျှော့များသည် တဖြည်းဖြည်း အသာစီးရလာချိန်တွင် ၎င်းတို့၏ မွေးရာပါနယ်ပယ်က သခင်များသည် မြေပြင်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ၎င်းတို့၏ အရှုံးက ပို၍ထင်ရှားလာသည်။ စာကြည့်တိုက်ပိုင်ရှင်တောင် သွေးအဆိပ်သင့်ခဲ့သည်။
မွေးရာပါနယ်ပယ်က စစ်သည် အများအပြား ကောင်းကင်မှ ပြုတ်ကျသွားသည်။
ကြေကွဲဖွယ်ရာ ရှုံးနိမ့်မှုပင်။ အနှီ စိတ်ပျက်အားငယ်မှုက လူအုပ်တစ်ခုလုံးကို ရုတ်ချည်း ပျံ့နှံ့သွားသည်။
နောက်ဆုံးတွင် ဤတိုက်ပွဲအတွက် တပ်စွဲထားသော ကြယ်စစ်သည်များဟာ ကျန်းဟိုင်မြို့၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများ ဖြစ်ပြီး မြို့တစ်ခုလုံး၏ ကာကွယ်ရေးအင်အားကို ကိုယ်စားပြုသည်။
ရှုံးနိမ့်သွားခဲ့ရင် ကျန်းဟိုင်မြို့ကို တခြားဘယ်သူက ကယ်တင်နိုင်ပါ့မလဲ။
ဒါကိုမြင်တော့ လူတိုင်း စိတ်ပျက်အားငယ်သွားသလို မရေမတွက်နိုင်တဲ့ အဆိုးမြင်မှတ်ချက်တွေက တိုက်ရိုက် ထုတ်လွှင့်မှုအခန်းကို ပြည့်လျှံသွားစေပါ၏။
"ဆရာလီ... ဆက်တိုက်လေ!"
"နောက်ကျသွားပြီ... ဆရာလီရဲ့ ဖြူဖျော့နေတဲ့မျက်နှာကို ကြည့်လိုက်... သူ့ဓားဆွဲထားတဲ့ လက်က တုန်တုန်ယင်ယင်နဲ့ ဖြစ်နေပြီ း ငါတို့ကို ဘယ်သူက ကယ်နိုင်မှာလဲ"
"ကျန်းဟိုင်မြို့ ကျဆုံးသွားပြီလား?
ထိုအချိန်တွင် ရေကန်အပြင်ဘက်တွင် ချင်းယန်တစ်ယောက် နောက်ဆုံးတွင်တော့ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သည်။
ကြယ်ခုနစ်ပွင့် နဂါးအဆင့်သို့ လျှောက်လှမ်းရင်း သူသည် ဆောက်လုပ်ရေး အဆောက်အအုံ တစ်ခုပေါ်၌ ရပ်ကာ အကောင်းဆုံး မြင်ကွင်းကို ခံစားရင်း ရေကန်တစ်လျှောက်က တိုက်ပွဲကို ငေးကြည့်နေမိသည်။
"ဒီသွေးနတ်ဆိုးက တကယ့်ကို ကြောက်စရာကောင်းတာပဲ!"
သွေးနတ်ဆိုး၏ ကြီးမားသော ခန္ဓာကိုယ်သည် ရေကန်၏ အလယ်ဗဟို၌ တောင်ကုန်းတစ်ခုကဲ့သို့ မြင့်မား ကောင်းကင်ယံကို ဖုံးကွယ်ထားသည်။ ၎င်း၏ပါးစပ်များသည် မှင်တိမ်တိုက်ကဲ့သို့ သွေးစွန်းနေသော အမှုန်အမွှားများကို ပြသနေ၏။
သွေးစွန်းနေသော အခိုးအငွေ့များနှင့် ထိတွေ့မိသူတိုင်းသည် ကောင်းကင်က ကြွေကျလာနေသော ကြယ်များကအလား ကြယ်စစ်သည် တစ်ဦးပြီးတစ်ဦး ကောင်းကင်မှ ပြုတ်ကျလာကြသည်။
"သွေးနတ်ဆိုးရဲ့ ပထမဆုံး အသွင်အပြင်က မယုံနိုင်လောက်အောင် အစွမ်းထက်နေပြီ... နောက်နှစ်ငါးရာလောက်သာ ကြာသွားရင် ဧကရာဇ်အဆင့် သားရဲ ဖြစ်နိုင်ပါဦးမလား?"
"သူ ဒီကာလမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တာ ဖြစ်နိုင်တယ် ငါတို့ထဲမှာ အစွမ်းထက်တဲ့ လူသားတွေ အများကြီး ရှိပါသေးတယ်"
ချင်းယန် သက်ပြင်းချလိုက်ပြီး ခေါင်းကို ခါယမ်းကာ သူ့နောက်ထပ် လှုပ်ရှားမှုကို တွေးနေသည်။
ဒီအတိုင်း ဆက်သွားရင် သွေးနတ်ဆိုးက လုံး၀ အသာစီးရလိုက်သည်နှင့် အခြား တန်ခိုးကြီးသူ နှစ်ဦးသည် အဆုံးစီရင်ခြင်း ခံရတော့မည်ဖြစ်သည်။ ကျန်းဟိုင်သည် ဤကျွမ်းကျင်သူများကို ဆုံးရှုံးသွားခဲ့ပါက ၎င်းသည် ကြယ်သားရဲ၏ သားသတ်ရုံ ဖြစ်လာလိမ့်မည်။
"ငါ အလုပ်လုပ်တဲ့ စာကြည့်တိုက်လည်း ဒုက္ခရောက်လိမ့်မယ်"
ဤအတွေးဖြင့် ချင်းယန်သည် အခြေအနေကို စောင့်ကြည့်ကာ သွေးနတ်ဆိုး၏ အားနည်းချက်များကို ရှာဖွေနေခဲ့သည်။ သူ့ဘက်ကလည်း သတိကြီးကြီးထားပြီး ဖြစ်ပျက်မှုတိုင်းအတွက် ကြိုတင် ပြင်ဆင်ထားရပါမည်။
အကယ်၍ သူ အမှန်တကယ် တိုက်ခိုက်လိုပါက သွေးနတ်ဆိုး၏ အားနည်းချက်များကို ဖော်ထုတ်ပြီး တစ်ချက်တည်းနှင့် ပြတ်ပြတ်သားသား ထိုးနှက်ရန် သေချာစေရမည်။
ဒီလိုမှမဟုတ်ရင် မဆင်မခြင် တိုက်ခိုက်မှုတွေက ထိရောက်မှုမရှိသလို ကျေးဇူးမဲ့တဲ့ ကြိုးစားအားထုတ်မှုက စွမ်းအင်ကို ဖြုန်းတီးရာ ရောက်မှာဖြစ်ပြီး နောက်ဆုံးမှာတော့ အဲဒီကြယ်စစ်သည်တွေရဲ့ ကံကြမ္မာကို အဆုံးစွန်ထိ ဦးတည်စေမိမှာ ဖြစ်သည်။
မအောင်မြင်တဲ့ ကြိုးစားမှုတစ်ခု မဖြစ်စေရ။
"ကျစ်! ဒီသွေးနတ်ဆိုးက အရမ်းအစွမ်းထက်တယ်... ဘယ်လောက်ကြီးတဲ့ ဆုလာဘ်တွေ ရနိုင်မလဲ မသိဘူး..."
ချင်းယန်သည် ဆုလာဘ်အတွက် ကြိုတွေးထားပြီး သူ့လက်တွေပင် လှုပ်နေပြီ။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ရုတ်တရက် စက်သံတစ်ခု ထွက်ပေါ်လာသည်။
"တင်း! သွေးနတ်ဆိုးကို ရှာတွေ့ပါပြီ အရမ်းအန္တရာယ်ကြီးပါတယ်!"
"သတိပေးချက်! host ကျေးဇူးပြုပြီး ဒီနေရာကို ချက်ချင်းထွက်ပြေးပြီး သွေးနတ်ဆိုးကို သတ်ဖို့ ဧကရီတပည့်ကို လွှတ်လိုက်ပါ!"
စနစ်၏ သတိပေးချက်များသည် ထပ်ခါတလဲလဲ အသံထွက်လာရာ စိတ်တိုစရာပင် ဖြစ်လာသည်။
"ကျစ်! ဒီစနစ်တော့ ထပ်ဟောင်နေပြန်ပြီ!"
ချင်းယန်သည် စနစ်၏ သတိပေးချက်များကို လျစ်လျူရှုကာ ရေကန်ဘေးက ပြင်းထန်သောတိုက်ပွဲကို စိုက်ကြည့်ကာ သွေးဆာနေသော မျှော့တစ်ကောင်၏ ကြီးမားသောပုံစံကို သတိပြုမိလာသည်။
ရုတ်တရက် အကျွမ်းတဝင်ရှိသော ရောင်ဝါတစ်ခုသည် အရှေ့တောင်ဘက်မှ စစ်မြေပြင်သို့ အပြေးအလွှား ရောက်လာခဲ့သည်။
"ဟမ်? ဒါ..."
ချင်းယန် မျက်လုံးများကို အနည်းငယ်မှိတ်ထားကာ ထိုလူကို စူးစူးစိုက်စိုက် အကဲခတ်လိုက်တဲ့အခါ အံ့အားသင့်သွားသည်။
စာကြည့်တိုက်ထဲ စာဝင်ဖတ်ဖူးသူ လီကျစ်ရွှမ်းမှလွဲ၍ အခြားသူမဟုတ်။ ဒီမိုက်မဲတဲ့ မိန်းကလေးဟာ သူမရဲ့ ပေါ့ပေါ့ပါးပါး အ၀တ်အစားတွေကိုတောင် မပြောင်းဘဲ ဂျင်းဘောင်းဘီနဲ့ တီရှပ်အင်္ကျီကိုသာ ဝတ်ထားကာ ပုံမှန်အတိုင်း အားကစား လာလုပ်နေသလိုပင်။
သူမသည် စစ်မြေပြင်သို့ တိုက်ရိုက်မသွင်းမီ သူမဆံပင်ကို ခပ်မြင့်မြင့် ချည်နှောင်ထားပြီး ဓားကို လက်တစ်ဖက်ထဲတွင် ကိုင်ထားသည်။
"ဆရာ! တပည့် လာကူပြီ!"
လီကျစ်ရွှမ်းသည် လီရွှေရေကန်၏ မျက်နှာပြင်ပေါ်တွင် လွင့်မျောနေပြီး သူမ၏ခြေချောင်းများသည် လှိုင်းပုတ်တွေကြား သွယ်လျသောပုံသဏ္ဌာန်နှင့် ဆံပင်များက မြင်းမြီးသဖွယ် ညင်သာစွာ ယိမ်းနွဲ့နေသည်။
သူမ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြယ်စစ်သည် အားလုံး၏ အာရုံကို ချက်ချင်းဖမ်းစားသွားခဲ့သည်။
"ရွှမ်းရွှမ်း... မင်းကဘာလို့ဒီကို ရောက်နေတာလဲ! မနောက်စမ်းနဲ့!"
ဆရာကြီးလီသည် ရုတ်တရတ် ပေါ်လာသော လီကျစ်ရွှမ်း၏ အသွင်အပြင်ကို စိုက်ကြည့်ကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်လာကာ ပြင်းထန်စွာ အော်လိုက်သည်။
အခြေအနေက စိုးရိမ်နေရပြီ။ နောက်ဖွားနယ်ပယ် နှောင်းပိုင်းအဆင့်က သခင်များစွာပင် ဆုံးပါးသွားခဲ့ပြီး သူ့ကိုယ်သူ ထိန်းကျောင်းရန် ရုန်းကန်နေရသည့် မွေးရာပါနယ်ပယ်က သခင်တစ်ဦးသာ ကျန်ရစ်ခဲ့သည်။ သင့်လျော်သော တိုက်ပွဲတွင်ပင် မပါဝင်ခဲ့ဖူးသော နောက်ဖွားနယ်ပယ် အဆင့်၈ လီကျစ်ရွှမ်းက ဘယ်လိုလုပ် ပါဝင်နိုင်ပါ့မလဲ။
ဒါက သေခြင်းတရားကို ရှာနေတာနဲ့ ဘယ်လိုလုပ် ကွာခြားတော့မှာလဲ။
ထိုအချိန်မှာပဲ တစ်ခုခု ဖြစ်သွားပြီ။
ဗုန်း!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လှိုင်းလုံးကြီးများ တိုးလာသည်။ သွေးဆာနေသော မျှော့သည် လေးနက်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသကဲ့သို့ ရုတ်တရက် လှုပ်ရှားသွားကာ လီကျစ်ရွှမ်းဆီသို့ လှည့်ကြည့်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ?!"
"မျှော့ခန္ဓာကိုယ်က လှုပ်နေတာလား?!"
"ဟင့်အင်း! ဆရာကြီးလီရဲ့ တပည့်ဟောင်းဆီ ဦးတည်နေတာကွ!"
ကြယ်စစ်သည်များ မယုံနိုင်စွာ ကြည့်နေကြသည်။
မျှော့က ဘာလို့ ၎င်းရဲ့အာရုံကို ပြောင်းပစ်လိုက်တာလဲ?
ဒီတပည့်က သူ့ဆရာသခင်ထက်တောင် ခြိမ်းခြောက်မှု ကြီးနေတာလား။
"ရွှမ်းရွှမ်း... ပြန်ဆုတ်!"
ဒါကိုမြင်တော့ လောင်လီမှာ စဉ်းစားချိန်မရတော့ဘဲ လီကျစ်ရွှမ်းကို အော်လိုက်သည်။ နောက်ဖွားနယ်ပယ် အဋ္ဌမအဆင့်ရရှိထားသော ကြယ်စစ်သည်သာ သွေးဆာနေသောမျှော့အတွက် များစွာ မယှဉ်နိုင်ပါ။
ဒါကိုမြင်တော့ ပံ့ပိုးကူညီနေတဲ့ ကြယ်စစ်သည် တချို့မှာ လီကျစ်ရွှမ်း ကွယ်လွန်တာကို ကြိုမြင်ထားပြီးသား ဖြစ်ကာ ဝမ်းနည်းသွားကြသည်။
ပါရမီရှင်တွေ ရှားပါးပေမယ့် သူတို့ကျဆုံးတဲ့သတင်း ဘယ်တော့မှလည်း ပြတ်တောက်မှု မရှိခဲ့ပါ။ ထိုအချိန်တွင် လေက ငြိမ်နေပုံရသည်။
သွေးဆာနေသော မျှော့များသည် သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဒီရေလှိုင်းကဲ့သို့ ပြင်းထန်စွာ ပြေးလာသည်။
လီကျစ်ရွှမ်းသည် သူမဆီသို့ မျှော့အားသွင်းနေတာကို ကြည့်ရင်း ပျို့အန်ချင်သည့်လှိုင်းကို ခံစားလိုက်ရသော်လည်း သူမလက်များက တုံ့ဆိုင်းမနေပေ။ သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ကျွမ်းကျင်ခဲ့သော ဓားလှုပ်ရှားမှုကို ချက်ချင်း ထုတ်ဖော်လိုက်၏။
ဓားတစ်ချောင်းနဲ့ ကောင်းကင်တံခါးကို ဖွင့်မယ်!
ချွင်း!
ဓားသည် ဓားအိမ်ထဲက မထွက်ခွာခင် နေရောင်ခြည်သည် ဓားပေါ်တွင် ထွန်းလင်းတောက်ပနေပြီ။ ၎င်းက လူတိုင်း၏မျက်လုံးများကို ဖြတ်၍ မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည့်ကြားက အေးခဲနေသော အလင်းရောင်တစ်ခု ပြေးထွက်သွားသည်။
ချွန်ထက်သော ဓားဖျားသည် မျှော့၏ ပါးစပ်ကို ထိမှန်ကာ ဝင်လာသော သွေးအမှုန်အမွှားများကို ကွဲအက်သွားစေသည်။ ပြင်းထန်သော ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သွေးဆာနေသော မျှော့နှင့် ခေါင်းချင်းဆိုင် တိုက်မိကာ ကြောက်စရာကောင်းသော ဟောက်သံကြီး ချက်ချင်း ထွက်ပေါ်လာသည်။
လီရွှေရေကန်အထက် မြူခိုးများ ပေါက်ကွဲပြီး သွေးဆာနေသော မျှော့နှင့် လီကျစ်ရွှမ်းကို ဖုံးကွယ်ထားသော်လည်း မကြာမီ ပျောက်ကွယ်သွားခဲ့သည်။ ကြယ်စစ်သည်များသည် အသံ၏ ဦးတည်ရာကို ကြည့်နေကြစဥ် သူတို့ မျက်လုံးများက မယုံနိုင်စွာ ပြူးကျယ်သွားကြသည်။
သူမကသာ သွေးဆာနေတဲ့ မျှော့ကောင်ကြီးကို သူ့လမ်းကြောင်းမှာ ရပ်တန့်ပြီး မြေကြီးပေါ် ခဏလေး ချိတ်ထားနိုင်ခဲ့သည်။ သူမပေးသော လှုပ်ရှားမှုက ဓားစွမ်းအင်ဖြင့် ဖြိုခွဲခြင်းသာ ဖြစ်သည်။
"ဒါက မွေးရာပါနယ်ပယ်ရဲ့ စွမ်းအားလား?"
လောင်လီသည် သူ့နေရာတွင် အေးခဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
ဒါက ဘယ်လိုဓားသိုင်းလဲ။
ဒီကောင်မလေးကို ဒီလိုအစွမ်းထက်တဲ့ နည်းကို ဘယ်တုန်းက သင်ပေးဖူးလို့လဲ။
လောင်လီ၏ စိတ်ထဲတွင် မေးခွန်းများနှင့် ပဟေဋ္ဌိများစွာ ပေါ်လာသည်။
သို့သော် ယခုအချိန်က ၎င်းတို့ကို စူးစမ်းလေ့လာရန် အချိန်မဟုတ်ပေ။ သူ တွေးနေတုန်း သနားစရာ ဟောက်သံတစ်ခု ပဲ့တင်ထပ်သွားသည်။ ယင်းသည် သွေးဆာနေသောမျှော့တစ်၏ ဒေါသအမျက်ထွက်သံသာ ဖြစ်သည်။
"မကောင်းတော့ဘူး!"
လီကျစ်ရွှမ်း၏ လှပသော မျက်နှာလည်း အေးခဲသွားသည်။ သူမလက်ထဲတွင် ကျိုးနေသောဓားကို ဆုပ်ကိုင်ကာ နောက်ပြန်ဆုတ်ရန် ကြိုးစားသည်။ ဒီတိုက်ခိုက်မှုက သူမရဲ့ ခွန်အားတွေ အားလုံးကို ယူဆောင်သွားခဲ့တာကြောင့် သူ့လက်ထဲက သာမာန်လက်နက်တွေက အင်အားကို မခံနိုင်ဘဲ ကွဲအက်သွား၏။
ယခုအခါ လက်နက်မဲ့သွားပြီမို့ သူမသည် သွေးဆာနေသော မျှော့အား မယှဉ်နိုင်တော့ပေ။
"သေ..."
သွေးဆာနေသော မျှော့သည် လူ့ဘာသာစကားဖြင့် ပြောဆိုကာ လီကျစ်ရွှမ်းကို လှမ်းဆုပ်ကိုင်လိုက်သည်။ ကြယ်စစ်သည်များအားလုံး သူမလွတ်မြောက်ရန် ကူညီပေးလိုသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
"ရွှမ်းရွှမ်း!"
လောင်လီသည် ခွန်အားအကြွင်းမဲ့ဖြင့် သူ့ရင်ခွင်ထဲ ကြီးပြင်းလာသေယ ပိန်ပိန်ပါးပါး သူမကို အမှီလိုက်ရန် ရုန်းကန်မေခဲ့သည်။ မွေးရာပါနယ်ပယ် သခင်သုံးယောက်က သူမအတွက် တားဆီးဖို့ ကြိုးစားရင်း သူတို့ရဲ့ ဝှက်ဖဲတွေကို ကစားခဲ့ပေမယ့် နောက်ဆုံးတော့ အရမ်းနောက်ကျသွားဆဲ။
သွေးဆာနေသော မျှော့သည် သွေးများဖြင့် ဖုံးအုပ်ထားသော ၎င်း၏အရေပြားကို ဆွဲယူကာ လီကျစ်ရွှမ်း အနီးသို့ လျင်မြန်စွာ ရောက်ရှိလာပြီး သွေးထွက်နေသော ပါးစပ်ကို ဖွင့်ဟလိုက်သည်။
သို့သော် အကြီးအကဲလီနှင့် အခြားသူများသည် မျှော်လင့်ချက်များ ဆုံးရှုံးနေခိုက် ရုတ်တရက် ကောင်းကင်မှ စူးရှသော ခရမ်းရောင်အလင်းတန်းတစ်ခုသည် တိမ်များထဲမှ လွင့်ပျံလာခဲ့သည်။
အနှီအလင်းတန်းသည် လူသတ်ချင်နေသော ကြယ်သားရဲအား အသက်နှင့်သေခြင်း စာအုပ်ထဲက စုတ်တံတစ်ခု၏ ရိုက်ခတ်မှုကဲ့သို့ ၎င်းခန္ဓာကိုယ်ပေါ်သို့ ချိတ်ပိတ်ထားလိုက်တော့သည်။
ဤကြောက်စရာကောင်းသော ဓား၏ရည်ရွယ်ချက်ကို သတိပြုမိလိုက်သော အကြီးအကဲလီနှင့် အခြားသူများသည် လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး သူတို့မျက်နှာများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
"အဲဒါ အကြီးအကဲပဲ!"
"သူ လှုပ်ရှားလာပြီ!"