သွေးနတ်ဆိုးကို ဓားတစ်ချောင်းနဲ့ သတ်လိုက်တဲ့ hostကို ဒီစနစ်က ဦးညွှတ်နေပါပြီ
Vol. 3 Ch. 33
မိုးကုပ်စက်ဝိုင်းမှ ခရမ်းရောင် အလင်းများ တောက်လောင်နေသည်။ နေ့လယ်ခင်း နေရောင်က လကဖုံးကွယ်လိုက်လို့ နေကြတ်ပြီး နေဝင်ရီတရောအချိန် ရောက်သွားသကဲ့သို့ ကမ္ဘာတစ်ခုလုံး မှိန်သွားသည်။
သေမင်းတမန်က တိတ်တိတ်ဆိတ်ဆိတ် ရောက်လာ၏။
သွေးဆာနေသော မျှော့ကောင်သည် တုန်တုန်ယင်ယင်ဖြစ်ကာ ၎င်းခန္ဓာကိုယ်က ပိန်လှီပြီး မည်းမှောင်သော ကိုယ်ခန္ဓာအဖြစ် တဖြည်းဖြည်း ဆုတ်ယုတ်လာသည်။
၎င်း၏တောင်တန်းပုံစံက ပြင်းထန်စွာ တုန်လှုပ်သွားသည်။
သေတော့မယ်!
တကယ်သေတော့မယ်!
၎င်း၏ အခြေတည်သော ဉာဏ်ရည်ဖြင့် အန္တရာယ်အားလုံးကို ပိုင်းခြားသိမြင်နိုင်ပြီး ဤရောင်ဝါ၏ ကြောက်မက်ဖွယ် သဘာဝကို ချက်ချင်း သိရှိနိုင်နေပြီ ဖြစ်သည်။ ဒါကြောင့် ချက်ချင်း လီရွှေရေကန်မှ လွတ်မြောက်ဖို့ ကြိုးစားတော့၏။
သို့သော် အကန့်အသတ်မရှိ လူသတ်ချင်နေတဲ့ အငွေ့အသက်က ၎င်းရဲ့ လွတ်မြောက်ရေး လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ မီးရှူးတန်ဆောင် တစ်မျိုးမျိုး စိုက်ထားသလိုပင်။
ဗုန်း!
ပြီးနောက် မရေမတွက်နိုင်သော မိုးခြိမ်းသံများက တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားသကဲ့သို့ အနောက်တောင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခု ပဲ့တင်ထပ်လာသည်။
အားကောင်းသော ဓားစွမ်းအားတစ်ခုသည် လေထဲမှ ဖြတ်လာကာ ပြင်းထန်သော လေဆင်နှာမောင်းကို နှိုးဆော်ပြီး ဖန်တီးပစ်ခဲ့သည်။ မြို့တွင်း လမ်းမများပေါ်တွင် ရပ်ထားသည့်ကားများဆီက အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသည်။
"ဟိုမှာကြည့်စမ်း! တစ်ခုခုဖြစ်နေပြီ!"
လီရွှေရေကန်က ကြယ်စစ်သည် မြောက်မြားစွာသည် ၎င်းတို့၏ ဦးခေါင်းကို လှည့်ကာ အနောက်တောင်ဘက်သို့ ကြည့်လိုက်သည်။ ထိုအသံကို ကြားသောအခါ အကြီးအကဲ လီ၊ ဦးစီးချုပ်နှင့် အခြားလူများလည်း ချက်ချင်း ခေါင်းလှည့်လိုက်ကြသည်။
မကြာပါ
လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်နေရပြီ။
ခမ်းနားထည်ဝါသော ဓားရှည်တစ်လက်သည် မြို့အထက် ကောင်းကင်ယံ၌ ပျံ့လွင့်နေသည်။ နဂါးများနှင့် ဖီးနစ်များနှင့် ရစ်ပတ်ထားသော ၎င်း၏ ဓားထိပ်သည် ကျယ်ပြောလှသော ကောင်းကင်ကြီးကို ဆွဲငင်လိုက်သကဲ့သို့ တောက်ပသော အလင်းရောင်များဖြင့် ရစ်ဝဲနေ၏။
ချက်ချင်းပင် သစ်ပင်များ ခုတ်ထစ် ရှင်းလင်းခံလိုက်ရတာကြောင့် ဖြတ်သွားလေရာ နေရာတိုင်းတွင် ရှင်းသွားသည်။
၎င်းသည် လီရွှေ ရေကန်ကို ဖြတ်ကျော်ကာ များပြားလှသော ရေစီးကြောင်းများကို နောက်ပြန် တက်လာစေပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများကို နှစ်ဖက်စလုံးသို့ လွှင့်တင်ပစ်လိုက်သည်။ ရေကန်အောက်က မြစ်ကြမ်းပြင်ကိုတောင် မြင်နေရ၏။
ကြယ်စစ်သည်တိုင်းကို စူးစူးရှရှ နာကျင်စေသော၊ ကြောက်မက်ဖွယ်ကောင်းသော ဓားရည်ရွယ်ချက်ပင်။
သွေးဆာနေတဲ့ မျှော့တွေကို ရည်ရွယ်မှန်း သူတို့သိပေမယ့်၊ အဲဒါကို သူတို့ကိုယ်တိုင် သိသလို ဒါဟာ ထိုနေ့က ဓားချိုင့်ထဲ၌ ပြသခဲ့သော ဓားရည်ရွယ်ချက်ပင် ဖြစ်ကြောင်းပါ သဘောပေါက်ကြသည်။
ဒါပေမယ့် ဒီကြယ်စစ်သည်တွေဟာ ထိတ်လန့်သွားသလို မခံစားရချေ။ ထိုအစား ဤတန်ခိုးကြီးသူကို ရိုသေလေးစားမိလေ၏။
"အံ့ဖွယ်ပဲ...."
လောင်လီသည် သူ့ရှေ့က မြင်ကွင်းကြောင့် အလွန်တုန်လှုပ်သွားပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ မှိန်ဖျော့နေသော မျက်လုံးများက ရိုသေလေးစားမှုဖြင့်သာ တောက်ပနေသည်။
သို့သော် နောက်ဆုံးတွင် သူသည် သူ့စိတ်လှုပ်ရှားမှုကို ထိန်းထားပြီး ဓား၏ ရည်ရွယ်ချက်ကို ရှောင်ရှားကာ ကမ်းပေါ်သို့ ဆင်းသက်ရင်း သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။
အဲဒီအချိန်မှာပဲ ဓားစွမ်းအင်နှင့် ပေါင်းစပ်ထားသော လူသတ်ချင်သည့် အငွေ့အသက်မှာ သွေးဆာနေသော မျှော့၏ တိုက်ခိုက်ခြင်းထက် အဆများစွာ ပိုပြင်းထန်လာသည်။ လမ်းတွင် ရပ်တည်နေသူ မည်သူမဆို ပါဝင် ထိခိုက်သွားနိုင်သည်။
ဒါကိုမြင်တော့ အခြား ကြယ်စစ်သည်တွေဟာ လောင်လီရဲ့နောက်ကို လိုက်ကာ ကျစ်ဝေးနတ်ဓားနဲ့ သွေးနတ်ဆိုးကြားက ကွာဟမှုကို ရှောင်ရှားကာ ဓားစွမ်းအင်ကို ခံနိုင်ရည်ရှိဖို့ ကမ်းပေါ်ကို ဆင်းသက်ခဲ့ကြ၏။
အန္တရာယ်မှ လွတ်မြောက်ပြီးနောက် လီကျစ်ရွှမ်းလည်း ရေကန်ဘေးတွင်ရပ်ကာ ကျစ်ဝေးနတ်ဓားကို လှမ်းမျှော်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ မြတ်နိုးခြင်းများဖြင့် ပြည့်နှက်နေပါသည်။
"နောက်ဆုံးတော့ ဆရာ့ကို တွေ့ရပြီ!"
ပြင်းပြင်းထန်ထန် ဓားဟောက်သံသည် သူမထင်ထားသည်ထက် အဆပေါင်းရာနှင့်ချီ၍ ထက်မြက်သည်။ ဓားတစ်ချောင်းက ကောင်းကင်ကို မီးလောင်စေပြီး ပိုးကောင်တစ်ကောင်ကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ လေကို ထိုးဖောက်ဝင်လာ၏။
ဒီလို ပြင်းထန်တဲ့ လူသတ် ရည်ရွယ်ချက်အောက်မှာ သွေးဆာနေသော မျှော့တစ်ကောင်သည် ၎င်း၏ ညစ်ပတ်သော ခန္ဓာကိုယ်ကို ဆွဲငင်ကာ ရေကန်၏ အောက်ခြေသို့ ပြန်ငုပ်ရန် ရုန်းကန်နေလေသည်။
လူတစ်ယောက်လိုမျိုး ကြောက်ရွံ့မှု အရိပ်အယောင်များက ၎င်းမျက်လုံးများတွင် တောက်ပလာသည်။ 'အစ်ကိုကြီးရယ် ငါက အကောင်သေးသေးလေးပါ...ဒီလို ထိုးနှက်ချက်နဲ့ ထိုက်တန်အောင် ငါ ဘယ်လို ကုသိုလ်တွေ တန်ခိုးတွေ ရခဲ့လို့လဲ' လို့ ပြောနေသယောင်။
ရွှင်း!
ကျစ်ဝေးနတ်ဓားသည် ချက်ချင်း ရောက်လာပြီး သွေးနတ်ဆိုး၏ခေါင်းထဲသို့ တိုက်ရိုက် ထိုးဆင်းသွားသည်။ နောက်ဆက်တွဲကတော့ သွေးစွန်းနေသော အရေပြားများမှတဆင့် လှိုင်းလုံးများ ထွက်ပေါ်လာ၏။
စက္ကန့်ပိုင်းအတွင်းမှာပဲ ဓားစွမ်းအင်က သွေးနတ်ဆိုးရဲ့ သွေးကြောတွေနဲ့ အရွတ်တွေကို ဖြတ်ထုတ်လိုက်ပြီး သူ့ရဲ့သေးငယ်တဲ့ မျှော့ကိုယ်ပွားတွေ အားလုံးကိုပါ ဆွဲချကာ ကွဲအက်သွားစေခဲ့သည်။
မျှော့၏ မူလအသားသည်လည်း တခဏချင်း ကွဲအက်သွားသည်။ ဒါတောင် ၎င်းရဲ့ အစွမ်းထက် တက်ကြွမှုက ၎င်းအား အသက်ရှုနိုင်အောင် ထောက်ပံ့ပေးထားဆဲ ဖြစ်သည်။
"မသေသေးဘူးလား?"
အဝေးက အဆောက်အဦထဲမှာတော့ ချင်းယန်သည် ခေါင်မိုးပေါ်မှာ ရပ်နေပြီး သွေးနတ်ဆိုးရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အာရုံခံမိသည်။ သူသည် အချိန်ကို တွက်ချက်ကာ တိတ်တဆိတ်ဖြင့် သူ့တိုက်ခိုက်မှုကို အပြီးတိုင် စတင်ခဲ့သည်။
"မြှင့်!"
နတ်ဓားက အသက်ရှင်နေသလိုပင်။ သူစကားပြောပြီးသည်နှင့် ကျစ်ဝေးနတ်ဓားမှ ခရမ်းရောင် အလင်းတန်းများ ပြင်းထန်လာသည်။
ဗုန်း!
သွေးဆာနေသော မျှော့၏ အသားထဲတွင် မြှုပ်ထားသော ခရမ်းရောင်ကြယ်ပွင့်သည် ကောင်းကင်၏ နှင်းဆီရောင်စုံနှင့် ဆန့်ကျင်ဘက် တေးသံနှင့်အတူ ပဲ့တင်ထပ်သွားသည်။
နောက်အခိုက်တွင်တော့ ကောင်းကင်ကြီးက သန်းခေါင်ယံအချိန် ရောက်သွားသလို မှိန်ဖျော့သွားပြီး မရေမတွက်နိုင်သော ကြယ်ပွင့်များ ဆင်းသက်လာကာ သွေးနတ်ဆိုး၏ ခန္ဓာကိုယ်ကို လှည့်ပတ်သွားခဲ့သည်။ ကြယ်ပွင့်များသည် ထက်ရှသော ဓားရှည်များအဖြစ် ဖန်တီးကာ လမ်းကြောင်းလေးခုကို ပိတ်ဆို့ထားသည်။
လောင်လီသည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို ကြည့်ပြီး ရေရွတ်နေ၏။
"ဓားအစီအရင်! အကြီးအကဲက သွေးဆာနေတဲ့ နတ်ဆိုးကို သတ်ဖို့ အစီအရင်တစ်ခု ဖန်တီးနေတာ!"
လွန်ခဲ့သည့် နှစ်များစွာက သူသည် ဓားအစီအရင် ဖွဲ့စည်းမှုတစ်ခု ပြုလုပ်သည့် ဂိုဏ်းဆရာနယ်ပယ် ဓားသမားတစ်ဦးအား တွေ့ဆုံနိုင်သည်အထိ ကံကောင်းခဲ့ဖူးသည်။ ဒါပေမယ့် အဲဒါက ဓားတိုလက်တစ်ဆုပ်စာပင်။ သူတို့ရှေ့မှာ ကျစ်ဝေးနတ်ဓား အစီအရင်ရဲ့ စွမ်းအားနဲ့ အလှမ်းဝေးနေပါသေးသည်။
ဒါကို ကြားလိုက်တဲ့ တခြား ကြယ်စစ်သည်တွေကလည်း ကျစ်ဝေးနတ်ဓား၏ ခရမ်းရောင်ကြယ်ဓား ဖွဲ့စည်းပုံကို စူးစူးစိုက်စိုက် ကြည့်ကာ အားလုံး အံ့အားသင့်သွားကြသည်။
ဒီလို ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို သူတို့ တစ်ခါမှ မမြင်ဖူးတာကြောင့် အားလုံးက အံ့ဩဆွံ့အသွားကြသည်။
ရွှင်း! ရွှင်း!
ဓားဖွဲ့စည်းမှု အစီအရင်အတွင်း သွေးနတ်ဆိုးသည် လွတ်မြောက်ရန်နေရာ မရှိခဲ့ဘဲ နှိပ်စက်ညှဉ်းပန်းမှုပေါင်း တစ်ထောင်ဖြင့် ဖြတ်တောက်ခံခဲ့ရသည်။ တန်ခိုးကြီးသော ဓားစွမ်းအင်က သူ့ခန္ဓာကိုယ်ကို ဖြိုခွဲလိုက်ပြီး သူ့အသားကို သေးငယ်သော အပိုင်းအစများအဖြစ်ပါ ခွဲထုတ်ပစ်လိုက်သည်။
ကျစ်ဝေးနတ်ဓားဆီက ပြင်းထန်သော အပူရှိန် ပေါက်ကွဲထွက်လာရာ ၎င်း၏သွေးများ အိုင်ရေနှင့်ရောသွားစဥ် မီးခိုးဖြူများအဖြစ် အငွေ့ပျံသွားသည်။ ယခင်က မယုံကြည်နိုင်အောင် အားကောင်းသော သွေးနတ်ဆိုးသည် ယခုအခါတွင် သစ်သားပြားပေါ်ရှိ ငါးကဲ့သို့ ဓားအစီအရင်အတွင်း ညှဉ်းပန်းနှိပ်စက် ခံနေရသည်။
ဒီမြင်ကွင်းကို မြင်ရတော့ အခင်းဖြစ်ပွားရာနေရာရှိ လူအုပ်ကြီးသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြက်သေသေသွားကြ၏။ တိုက်ခိုက်စရာ မရှိတော့ဘဲ သွေးတွေကပါ လောင်ကျွမ်းသွားခဲ့သည်။
"တာအိုဓားဆရာကတော့ မျှော်လင့်ထားသလိုပဲ!"
"ဓားတစ်ချောင်း.... ဓားတစ်ချောင်းတည်းပဲ... တကယ့်ကို နတ်ဘုရားပဲ!"
"ဒါက အဲဒီနေ့ ချိုင့်ထဲက ထွက်လာတဲ့ နတ်ဓားဖြစ်ရမယ်... အရမ်းလှတာပဲ!"
လီကျစ်ရွှမ်း တိတ်ဆိတ်စွာ နားထောင်ရင်း ဂုဏ်ယူစွာဖြင့် ခေါင်းကို မော့လိုက်သည်။
အဟမ်း အထင်ကြီးစရာ ကောင်းတယ်မလား? အဲဒါ ငါ့ဆရာပဲ။
ချင်းယန်ရှေ့မှာ သူမ ကျိန်ဆိုခဲ့တဲ့ ကျိန်ဆိုချက်ကြောင့် မဟုတ်ရင် လီကျစ်ရွှမ်းဟာ အခုအချိန်မှာ သူမရဲ့ အထောက်အထားကို ထုတ်ဖော်ပြသမိတော့မည်။
ဤမြင်ကွင်းကို ကြည့်ရင်း ကြယ်ပွင့်ရဲဌာန ဦးစီးချုပ်လည်း စိတ်ခံစားမှုများနှင့် ပြည့်နှက်နေသည်-
"ဒီအကြီးအကဲရဲ့ အင်အားကတော့ အံ့ဩစရာပဲ...ဓားတစ်ချက်က တပ်တစ်ခုကို တားနိုင်တယ်"
"ဦးစီးချုပ်...မင်းက လျှော့တွက်နေတာလား"
လီအိုကြီးက ခေါင်းယမ်းကာ ဓားပုံစံကို လေးလေးစားစား ကြည့်ကာ :"ဒီဓားတစ်ချောင်းက တပ်သားတစ်သိန်းကို ထိန်းထားနိုင်နေပြီ"
ကြီးကျယ်ခမ်းနားသော အံ့ဖွယ်အမှုပင်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် ထောင်ပေါင်းများစွာသော အင်တာနက် အသုံးပြုသူများသည်လည်း ဤမြင်ကွင်းကို မြင်တွေ့ခဲ့ပြီး မရေမတွက်နိုင်သော အံ့အားသင့်ဖွယ် မှတ်ချက်များကို ချန်ထားခဲ့ကြပါသည်။
"အံ့ဩစရာကြီး... ဓားစွမ်းအင်က မိုင်သုံးသောင်းအထိ ရှည်လျားတယ်... တစ်ချက်တည်းနဲ့ တိုက်ခတ်မှုက ပြည်နယ်၁၉ခုကို အေးချမ်းစေတယ်တဲ့..."
"စိတ်မကောင်းစရာပဲ... ဒီလိုပဲ ပြီးသွားတာလား?! အမတနတ်ဘုရား ဘယ်မှာလဲ? ဓားပဲထွက်လာတယ် လူမတွေ့ရဘူး!"
"သွေးနတ်ဆိုးက အရမ်းအစွမ်းထက်တဲ့ မွေးရာပါနယ်ပယ် သခင်သုံးယောက်ကို တိုက်ခိုက်နေတာ... ဒါတောင် အဲဒီသခင်ကို ရှေ့ထွက်လာအောင် မဆွဲဆောင်နိုင်ခဲ့ဘူးလား?"
ချင်းယန်သည် ခေါင်မိုးပေါ်တွင် ရပ်ကာ လီရွှေ ရေကန်အတွင်းရှိ ရောင်ဝါကို အာရုံခံနေသည်။ သွေးဆာနေသော မျှော့များ မကျန်ရှိတော့ကြောင်း အတည်ပြုပြီးနောက်မှ သက်ပြင်းချမိသည်။
ပြီးပြီ၊ ပြီးပြီ။
"ဒီသွေးနတ်ဆိုးကို နောက်ဆုံးတော့ ပျက်ဆီးပြီသွားပြီ..."
အမြစ်ကိုပါ ဖြတ်၍ အနာဂတ်ဒုက္ခများကို ထာဝရအဆုံးသတ်ပေးလိုက်ပြီ။ သူသည် ဤကဲ့သို့ အင်အားကြီးသော ရန်သူကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်။ ၎င်းကို လုံးလုံးလျားလျား ချေမှုန်းပစ်ဖို့ တစ်ချက်ပဲ လုပ်ကြံလိုက်ရသည်။
"အချိန်နီးပြီ..."
ချင်းယန်သည် ခေါင်မိုးပေါ်၌ ဆန့်ဆန့်ထိုင်ချလိုက်သည်။
"စနစ် စကားပြောစမ်း!"
အကြာကြီး ခေတ္တရပ်ပြီးနောက် စနစ်၏ ထိတ်လန့်ဖွယ်အသံသည် မျှော်လင့်ထားသည့်အတိုင်း ရောက်လာသည်။
"အို ဘုရားရေ... host က တစ်ချက်တည်းနဲ့ ပစ်သတ်လိုက်တာ!"
"ဒီစနစ်က hostရှေ့မှာ ဒူးထောက်နေပါပြီ..."
"အပိုစကားတွေ ရပ်လိုက်!" ချင်းယန် သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး။
"မြန်မြန် ငါ့ဆုလာဘ်ကို ပေး!"